ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၅
အပြင်မှ လူများသည် ကုန်းချင်းယောင် တံခါးမဖွင့်မှာ စိုး၍ ထင်သည် သူတို့မှ စတင်၍အော်လာ၏။
“ရဲတွေပါ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ”
ကုန်းချင်းယောင် အဝတ်အစားလဲ၍ တံခါးဖွင့်လိုက်သော်အခါ တံခါးခေါ်ကနေသူမှာ ရဲသက်သေခံကတ်အား ကိုင်ထားသည့် ချန်လဲ့မှန်း မြင်လိုက်ရ၏။ ချန်လဲ့သည် တံခါးဖွင့်သည့်သူမှာ သူမမှန်းမမျှော်မှန်းထား၍”မင်းလား”
ကုန်းချင်းယောင် ခေါင်းညိတ်လိုက်သည်။
ချန်လဲ့”ဘေးအခန်းက ဘာသံများကြားမိသေးလဲ”
သူမ စိတ်ထဲ၌ အချိန်အား သေချာတွက်ချက်လိုက်ပြီးနောက်”နာရီဝက်မတိုင်ခင်ကတော့ ဘာသံမှမကြားရပါဘူး”
ဘေးအခန်းမှ လှုပ်ရှားသံများသည် လွန်ခဲ့သည့် နာရီဝက်မျှကမှ စတင်ခဲ့တာဖြစ်သည်။ ထိုအချိန်၌ စားပွဲထိုးလေးမှာ နစ်နာသူအား ရှာတွေ့ခဲ့သည့် အချိန်ဖြစ်ပေသည်။ ချန်လဲ့ နေရာ၌ ခဏမျှရပ်နေပြီး သူမအား ဘာဖြစ်သည်ကို မမေးတော့ဘဲ ခေါင်းကိုသာ ကုတ်ခြစ်နေလေသည်။ ပုံမှန်လူများသည် ထိုသို့လှုပ်ရှားသံများ ကြားရလျှင် ဘာဖြစ်သလဲ သိရဖို့ အပြင်သို့ ထွက်ကြည့်ကြမှာဖြစ်ပြီး တကယ်လည်း တထပ်လုံးရှိ ဧည့်သည်များမှာ ထွက်လာကြလေ၏။ သို့သော် ကုန်းချင်ယောင်မှာ အပြင်သို့ ထွက်မလာ၍ ထိုသို့အရာများကို စိတ်မဝင်စားသကဲ့သို့ပင်။
ချန်လဲ့ နောက်ထပ်မေးခွန်းများ မေးမလာ၍ ကုန်းချင်းယောင်မှ”ဘာထပ်မေးစရာရှိသေးလို့လဲ”
ချန်လဲ့မှ လျှင်မြန်စွာနှင့်”မရှိတော့ပါဘူး”
သူမ အခန်းထဲသို့ ပြန်ဝင်၍ တံခါးပိတ်တော့မည့် ဆဲဆဲတွင် ချန်လဲ့မှ ထပ်၍”ကိုယ့်ရဲ့လုံခြုံရေးကို သတိထားနော်”ဟု ပြောလာ၏။
နောက်တနေ့တွင် ဟိုတယ်သည် ပုံမှန်အတိုင်း လည်ပတ်နေ၏။ မနေ့ညက ဘာမှမဖြစ်ပျက်ခဲ့ သလိုပင်။ ကုန်းချင်းယောင် တောင်ပေါ်မှ တရားထိုင်ပြီး ပြန်လာသောအခါ တစ်ခုခုထူးခြားနေမှန်း တွေ့လိုက်ရသည်။ ယနေ့ မနက်စာသည် ပုံမှန်ထက် ၃ပုံ ၂ပုံမျှ နည်းနေ၏။ သူမ ဆန်ပြုတ်၁ပန်းကန် ခပ်ကာ အရွက်နှင့် သစ်သီးများကို ပန်းကန်၁လုံးထဲထည့်၍ နေရာရှာကာ ထိုင်လိုက်ပြီးနောက် ချန်လဲ့ထံမှ ဖုန်းခေါ်လာလေသည်။
ချန်လဲ့ ဖုန်းမှတဆင့်”သတင်းကောင်း ပြောစရာရှိတယ်၊ ကျိုးဟဲနဲ့ လွီမြဲ့တို့ တသက်တကျွန်း ထောင်ဒဏ်ချမှန်ခံလိုက်ရပြီ”
ဒါက တသက်တကျွန်းထဲဖြစ်နေတာပဲ။ ကုန်းချင်းယောင်မှ ပြန်ဖြေသည့် ညီးတွားသံ သဲ့သဲ့သာထွက်လာ၏။
ကုန်းချင်းယောင် သူမျှော်လင့်သည့်အတိုင်း မပျော်သွားသည်ကို သိသောအခါ ချန်လဲ့မှ”တကယ်တော့ တရားသူကြီးက အကန့်အသတ်မရှိသူတို့ကို အပြစ်ဒဏ်ချလိုက်တာ၊ အာ့တာကလဲ ကောင်းတာပါပဲ”
ကုန်းချင်းယောင် သူ့အား ဘာမှပြန်မပြောမိဘဲ ဆန်ပြုတ်သာသောက်နေလိုက်သည်။ ဖုန်းထဲမှ ချန်လဲ့သည် ကျိုးဟဲနှင့် လွီမြဲ့တို့အကြောင်း ပြောပြီးသည့်နောက် ထပ်၍”စကားမစပ် မနေ့က ကိစ္စကတော့ အရမ်းကိုကောက်ကျစ်တဲ့အမှုပဲ၊ မင်းရဲ့ အခန်းဘေးမှာနေတဲ့ စိတ်ထားကောင်းတဲ့ သူတစ်ယောက် သေသွားတာ၊ အခန်းထဲမှာ တစ်ယောက်ယောက် ကျူးလွန်တဲ့လက်ရာကို ရှာမတွေ့သလို၊ သတ်သေတယ်ဆိုတဲ့ ပုံစံလည်းမဟုတ်ပြန်ဘူး၊ နစ်နာသူက ရုတ်တရပ်သေသွားပြီး မှုခင်းဆေးပညာဌာနကတောင် ဘာထူးဆန်းမှ ရှာမတွေ့ခဲ့ဘူး”
ကုန်းချင်းယောင် မျက်မှောင်ကြုတ်လိုက်ပေမယ့် ဘာမှမပြောမိပေ။ တဖက်မှ ချန်လဲ့သည် စကားများနေရင်းမှ ရုတ်တရပ် ရပ်လိုက်ပြီးနောက်”ကြည့်ပါဦး ဘာတွေပြောနေမိတာပါလိမ့်၊ ကျွန်တော့်မှာ အလုပ်ရှိသေးလို့ ဖုန်းအရင်ချလိုက်ပါ့မယ်”
“ကောင်းပါပြီ”ကုန်းချင်းယောင် နောက်ဆုံး ဆန်ပြုတ်အား ပါးစပ်အပြည့်မျိုချလိုက်ပြီး စားသောက်ဆိုင်မှ ထွက်သွားလိုက်သည်။
ကုန်ချင်းယောင်သည် ၅လွှာတွင်ဖြစ်ကာ စားသောက်ဆိုင်သည် ၂လွှာတွင်ဖြစ်ပြီး အတက်အဆင်းပြုလုပ်ရန် စက္ကန့်ပိုင်းမျှသာ ကြာတတ်သော်လည်း ယနေ့တွင် ဓာတ်လှေကားထဲ ဝင်ပြီး ၁မိနစ်အပြည့်တောင်မျှ ၄လွှာ၌ကြာနေလေ၏။ သူမ ခေါင်းမော့ကြည့်လိုက်သည့် ခဏတွင် ဓာတ်လှေကားထဲမှ မီးများမှာ တဖျက်ဖျက်လက်လာပြီး ၄လွှာမှ ရုတ်တရပ် အလွှာ၁၀၀သို့ ခုန်တက်သွားတော့သည်။ သို့ပေမယ့် ဟိုတယ်တွင် ၁၂လွှာသာရှိ၏။
ကုန်းချင်းယောင် ဓာတ်လှေကား အလယ်၌ တည်ငြိမ်စွာ ရပ်နေလေသည်။ အလွှာ ၁၀၀သို့ မြင့်တက်ပြီးနောက် ဓာတ်လှေကားသည် -၁၈လွှာသို့ ရုတ်တရပ် ပြန်ကျလာလေသည်။
“တော်သင့်ပြီ”
သူမ စကားပြောပြီးသည်နှင့် ‘ဒင်း’ ဟူသော အသံသည် ထွက်ပေါ်လာပြီး ဓာတ်လှေကားတံခါးမှာ ပွင့်လာ၏။ ပုံမှန်အတိုင်း ထွန်းလင်းတောက်ပနေသော ဟိုတယ်စင်္ကြံသည် ယခုတွင်တော့ မဲမှောင်နေလျက်ရှိသည်။ ထို့ပြင် မိန်းကလေးတစ်ယောက် ငိုသံအား မနီးမဝေး၌ ကြားနေရေလေသည်။
ကုန်းချင်းယောင် အဝါရောင်အဆောင်အား ထုတ်လိုက်သည့် ခဏတွင် မိန်းကလေးသည် ရုတ်တရပ် အော်လိုက်လေ၏။
“အား…အား… ဆရာသခင် အသက်ကို ချမ်းသာပေးပါ”
ကုန်းချင်းယောင်”နင့်မှာ အသက်ရှိသေးလို့လား”
မိန်းကလေးသရဲသည် ရှိုက်နေလျက် ခဏမျှကြာပြီးနောက် သူမ မျက်လုံးထဲ၌ အလင်းရောင်တောက်လာကာ”ရှင် ကျွန်မကို မြင်ရတယ်၊ ရှင် ကျွန်မကို မြင်ရတယ်”
ကုန်ချင်းယောင်”ငါ မင်းဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူးဆိုတာလဲ မြင်ရတယ်၊ အခုသွားပြီး လူဝင်စားလိုက်တော့”
5 02
မိန်းကလေးသရဲသည် သူမအနားသို့ ပျံလာပြီး ဒူးထောက်လိုက်ကာ”ဆရာသခင် ကယ်တင်ပေးပါ၊ ကျွန်မပြန်ပြီး လူမဝင်စားချင်သေးဘူး”
ကုန်းချင်းယောင် မိန်းကလေးသရဲထံမှ ပြင်းထန်သော နာကျည်းမှုအား ခံစားလိုက်မိသည်။ သူမ အခုမှ အသစ်စက်စက်သရဲဖြစ်ပေမယ့် ဓာတ်လှေကားကို ထိန်းချုပ်နိုင်တာ မထူးဆန်းတော့ပါဘူး။ သာမန်လူများသာ ကြုံတွေ့လိုက်ရလျှင် ကြောက်လန့်သွားမှာဖြစ်ပြီး သူမသည်လည်း ကံကြမ္မာဆိုးအမှတ်အသားတစ်ခု ရရှိသွားလိမ့်မည်။
ကုန်းချင်းယောင် ဘာမှပြန်မပြောသည်အား မြင်သည့်အခါ မိန်းကလေးသရဲသည် အလျင်အမြန်”မနေ့က ကျွန်မရဲ့ fan တွေနဲ့ live လွှင့်ဖို့ ကတိပေးထားခဲ့ပါတယ်၊ ကျွန်မ ပစ္စည်းတွေထုတ်ပိုးပြီး ရေချိုးပြီးတဲ့နောက် live လွှင့်မည့်အချိန်အထိ အားလုံးက အဆင်ပြေပြေပါပဲ၊ အာ့နောက် အိပ်ပျော်သွားပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ ကိုယ့်ကိုကိုယ် လေပေါ်မှာ ပျံနေတာကို မြင်လိုက်ရတယ်၊ ခန္ဓာကိုယ်ကတော့ မြေပြင်ပေါ်မှာပဲ ရှိနေပြီး ပြန်ဝင်မလို့ ကြိုးစားတာလဲ မအောင်မြင်ခဲ့ပါဘူး၊ ပြီးတော့ ကျွန်မကို တခြားလူတွေက သေပြီလို့ ပြောတာကို ကြားခဲ့ရတယ်၊ ကျွန်မက ကျန်းမာရေးလဲကောင်းပြီး ညည့်နက်တဲ့အထိလဲ မနေခဲ့ပါဘူး၊ ဒါလုံးဝ သာမန် သေဆုံးရတာမဖြစ်နိုင်ဘူး”
မိန်းကလေးသရဲသည် မနေ့က ကုန်းချင်းယောင် အခန်းနံဘေး၌ နေသွားသောသူဖြစ်၏။ သူမ မိန်းကလေးသရဲအား စိုက်ကြည့်လိုက်ပြီး ချန်လဲ့ပြောခဲ့သည့် ကျူးလွန်သည့် လက္ခဏာဖြစ်ဖြစ် သတ်သေသည့် လက္ခဏာဖြစ်ဖြစ် မတွေ့ရဘူးဆိုသည်ကို ပြန်မှတ်မိသွားသည်။ ထို့နောက် မှုခင်းဆေးမှတ်တမ်း၌လဲ ထူးဆန်းတာမရှိပေ။ ကြည့်ရသည်မှ တယောက်ယောက သူမဝိညာဉ်အား တိုက်ရိုက်ထုတ်လိုက်တာဖြစ်မည်။
ကုန်းချင်းယောင်”ငါနဲ့ လိုက်ခဲ့”
မိန်းကလေးသရဲသည် သူမနောက်မှ ချက်ချင်းဝဲပျံ၍ လိုက်လာပြီး သရဲထွက်သွားသည်နှင့် မဲမှောင်နေသော စင်္ကြံသည် ပြန်၍ မီးလင်းလာတော့သည်။
ကုန်းချင်းယောင် အခန်းထဲသို့ ဝင်လိုက်ပြီးနောက် မိန်းကလေးသရဲသည် အံ့ဩသွားရ၏။”အာ့တာဆို ရှင်က ကျွန်မ အခန်းနံဘေးမှာ နေတာပေါ့၊ မနေ့က အာ့လိုဖြစ်ပျက်သွားတာကို ရှင်မကြောက်ဖူးလား”
ကုန်းချင်းယောင် မိန်းကလေးသရဲအား စိုက်ကြည့်လိုက်ပြီးနောက် မိန်းကလေးသရဲသည် တည်ငြိမ်သွားလေသည်။ သူမ ရှေ့မှ မိန်းကလေးသည် တခြားသူများနှင့် ကွာခြား၏။ သရဲတစ်ကောင်လုံး သူမ ရှေ့ရပ်နေလျှင်တောင် သူမသည် မျက်တောင်တချက် ခတ်မနေပေ။
ကုန်းချင်းယောင်”အခြေအနေကို ပြောပြပေးပါဦး”
မိန်းကလေးသရဲသည် ခဏမျှ ကြောင်အသွားပြီး သူမကိုယ်သူမ ချက်ချင်း မိတ်ဆက်လာလေ၏။”ကျွန်မနာမည် လုချမ်ချမ်ပါ၊ ပြည်တွင်း ဆယ်လီတစ်ယောက်ပါ”ဟု အစချီ၍ တနာရီမျှခန့် မရပ်မနား စကားပြောပြီးနောက်”ဒီနေ့ စနောက်မိတာက တကယ်ပဲ ကျွန်မသေရတာ မတရားဘူးလို့ ခံစားရလို့ပါ၊ ဒီဟိုတယ်နဲ့ ပက်သတ်ပြီး ပြဿနာရှိတယ်ထင်လို့ နေတဲ့သူတွေကို ခြောက်လန့်ပြီး နေရာပြောင်ခိုင်းမလို့ပါ”
ကုန်းချင်းယောင်သည် သူမ ပြောသမျှ အရည်မရအဖက်မရမျာအား အကုန်နားမထောင်မိသော်လည်း မိန်းကလေးသရဲ ပြောပြသည်ထဲမှ အမှန်တရားများကို ခွဲခြားသိမြင်နိုင်သေးသည်။ လုချမ်ချမ် အစောကမှ ပြောခဲ့သည့်အထဲတွင် ရုပ်လွန်ပညာများနှင့် တခါမှ မပက်သတ်ဖူးဟု ပြောခဲ့သော်လည်း သူမ သေရတာသေချာပေါက် ရုပ်လွန်ပညာရပ်ကြောင့်ဖြစ်ပေသည်။ ကုန်းချင်းယောင် စားပွဲအား လက်ညိုးဖြင့် အကြိမ်အနည်းငယ် ခေါက်နေပြီးနောက်”နင် ငါ့နောက်ကို အရင်လိုက်ခဲ့”
“တကယ်လား၊ အာ့လိုလုပ်လို့ အဆင်ပြေလား၊ ဆရာသခင်”ကုန်းချင်းယောင် ပြောသည်အား ကြားပြီးသည်နှင့် လုချမ်ချမ် ပျော်ရွှင်လာလေသည်။ အဆုံး၌ သူမသည် ငယ်ရွယ်သောမိန်းကလေးမျှသာ ဖြစ်ပေသည်။
ကုန်းချင်းယောင်”နင်ဘာ တောင်းဆိုချင်တာရှိလဲ”
လုချမ်ချမ်”ကျွန်မ မိဘတွေက ကျွန်မတခုခုဖြစ်တာ မသိသေးဘူး၊ ကျွန်မရဲ့မိဘတွေကို ပြောပြပေးလို့ရမလား၊ တကယ်လို့များ လူပြန်ဝင်စားရရင် သေချာပေါက် ဒီအကြွေးကို ပြန်ဆပ်ပါ့မယ်”
လုချမ်ချမ်သည် အစက S မြို့သို့ အလည်အပတ်သာ လာရောက်ခြင်းဖြစ်ပေမယ့် မထင်မှတ်ထားပဲ သေဆုံးခဲ့ရသည်။
ကုန်ချင်းယောင်”ကောင်းပြီလေ”
ထို့နောက် သူမ ချန်လဲ့အား ဖုန်းခေါ်လိုက်ပြီး လုချမ်ချမ်၏မိဘများကို Sမြို့သို့ ခေါ်လိုက်ရန် တောင်းဆိုလိုက်၏။
5 03
ချန်လဲ့”ကျွန်တော်မနေ့က သူတို့ကို မနေ့ညက အကြောင်းကြားပြီးပါပြီ၊ သူမရဲ့မိဘတွေ အခုရဲစခန်းမှာ ရောက်နေကြပြီ”
ထို့နောက် သူ တခုခုကို သတိရသွားကာ”မင်း သူမကို လုချမ်ချမ်လို့ ခေါ်မှန်းဘယ်လိုသိတာလဲ”
ကုန်းချင်းယောင် သူ၏အမေးအား ပြန်မဖြေဘဲ”သူတို့ကို ဟိုတယ်ကို ခေါ်လာခဲ့”
သူမ၏မိဘများ Sမြို့သို့ ရောက်နေပြီဟု ကြားသောအခါ လုချမ်ချမ် ဝမ်းနည်းလာ၏။ သူမသာ အသက်ရှင်နေသေးလျှင် ယခုအချိန် မိုးရွာသလိုမျိုး ငိုကြွေးမိလောက်ပေသည်။ ကုန်းချင်းယောင် လုချမ်ချမ်အား တစ်ယောက်ထဲ ခဏပေးနေချင်၍ ရေချိုးခန်ထဲသို့ ဝင်သွားလိုက်သည်။
အချိန်တခုကြာပြီးနောက် တံခါးခေါက်သံ ကြားလိုက်ရ၏။ ချန်လဲ့သည် လူကြီးစုံတွဲအား ခေါ်ဆောင်လာခဲ့လေသည်။ အဖေလုနှင့် အမေလုသည် ကုန်းချင်းယောင်အား တခါမျှ မမြင်ဖူးဘူးပေ။ သူမအား မြင်သည်နှင့် အဖေလုသည် အရင်ကြောင်အသွားကာ စဉ်းစားမရဖြစ်သွားလေသည်။
ချန်လဲ့ ကုန်းချင်းယောင်အား ကြည့်လိုက်၏။ အကယ်၍ သူမသာ သင့်တော်သော အကြောင်းပြချက်ကို ယနေ့မပေးလျှင် သူ ထိုစုံတွဲထံမှ အရေခွံအနွာခံရလောက်ပေသည်။
ကုန်းချင်းယောင် ချန်လဲ့အား တံခါးပိတ်ခိုင်းလိုက်ပြီးနောက် အဆာင်၂ခုအား ထုတ်ယူ၍”ရှင်တို့မှာ အချိန်၁မိနစ်ရတယ်”ဟုပြောပြီးသည်နှင့် အဖေလုနှင့် အမေလုတို့၏ နဖူးပေါ်သို့ အဆောင်များကို ကပ်ပေးလိုက်တော့၏။
ချန်လဲ့မှ”ကျွန်တော်ရောမလိုဘူးလား”
သူ မနေ့က အဆောင်များ၏ မျက်လှည့်ဆန်သည်ကို တွေ့မြင်ခဲ့ရပြီးနောက် စမ်းကြည့်ချင်နေလေသည်။
ကုန်းချင်းယောင် ချန်လဲ့အား အကြည့်တစ်ခုပေးလိုက်ပြီး ချန်လဲ့သည် ရပ်နေလျက်”ကျေးဇူးပြုပြီး”
ကုန်းချင်းယောင် သူမ လက်အားမြှောက်ကာ ချန်လဲ့အား အဆောင်တစ်ခု ကပ်ပေးလိုက်တော့၏။
အဖေလုနှင့် အမေလုသည် ကုန်းချင်းယောင်ကြောင့် အံ့ဩနေစဉ် သူတို့သမီးသည် သူတို့ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ အမေလုသည် ထိန်မထားနိုင်တော့ဘဲ”ချမ်ချမ်…”
လုချမ်ချမ်သည် ဒူးထောက်လိုက်ပြီး”အဖေ၊ အမေ ဒီသမီး တာဝန်မကျေပွန်နိုင်တော့တာကို ခွင့်လွှတ်ပေးပါ၊ နောင်ဘဝမှာလဲ အဖေ အမေတို့ရဲ့ သမီးပဲဖြစ်နေဦးမှာပါ”
အဖေလုသည် အံ့ဩထိတ်လန့်ရာမှ တည်ငြိမ်လာပြီး”ချမ်ချမ် အဖေ့ကိုပြော ဘယ်သူက သမီးကို နာကျင်အောင်လုပ်တာလဲ”
လုချမ်ချမ် ခေါင်းရမ်းလိုက်ကာ”သမီး မသိဘူး၊ အာ့တာ အရမ်းရုတ်တရပ်ဆန်လွန်းတယ်၊ မူးဝေသွားတာကိုပဲ သတိရတယ်၊ ပြန်နိုးလာတော့ ကိုယ့်ကိုကိုယ် သေနေတာကို တွေ့ရတာပဲ”
အဖေလုနှင့် အမေလုသည် တခုခုထပ်ပြောချင်သော်လည်း အချိန်၁မိနစ်ပြည့်သွားလေသည်။ မိဘများသည် သူတို့သမီး၏ပုံရိပ်သည် မှေးမှိန်လာသည်ကို တွေ့သောအခါ အမေလုသည် ထပ်၍ နှလုံးသားများ နာကျင်လာလေသည်။။
ချန်လဲ့ သူမြင်သမျှအား ထိန်လန့်တကြား ကြည့်နေမိသည်။ သူ အခုပဲ သရဲမြင်လိုက်တာလား။ ‘ဟင့်အင်း … ဟင့်အင်း … မဖြစ်နိုင်ဘူး’
နှစ်ပေါင်းများစွာ ပညာသင်ကြားလာမှုကြောင့် သူသည် သူ့ရှေ့ရှိ အရာအားလုံးအား မယုံကြည်ပေ။ ချန်လဲ့ စိတ်ထဲမှ ‘ ဒါ အတုပဲဖြစ်ရမယ်၊ အတုပဲဖြစ်ရမယ် ‘
ကုန်းချင်းယောင်”သွားကြစို့”
အဖေလုသည် ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး သူမသညိ သာမန်လူမဟုတ်သည်ကို သိသည်နှင့်” မင်းက…”
ချန်လဲ့သည် အဖေလုနှင့် အမေလုတို့ သံသယဝင်နေသည်ကို မြင်၍”ကုန်းချင်းယောင်ပါ”
အမေလုမှ”ကုန်းမမလေး ချမ်ချမ်ကို ထပ်တွေ့လို့ရဦးမလား”
ထိုသို့သောအရာသည် အကြာကြီး မလုပ်နိုင်၍ ကုန်းချင်းယောင် ငြင်းဆိုလိုက်သည်။ အစောက ၁မိနစ်ကတောင်မှ အသက်ကြီးသော လူကြီးစုံတွဲ၏ခန္ဓာကိုယ်အား အနည်းငယ် သက်ရောက်မှုရှိလေသည်။
5 04
အဖေလုမှ ဆက်၍”ကုန်းဆရာသခင် ကျွန်တော်တို့ ဒီကြင်နာမှုကို အမှတ်ရနေမှာပါ၊ အနာဂတ်မှာ ကျေးဇူးတင်ဖို့ ထပ်လာပါဦးမယ်”
အဖေလုသည် အမေလုအား တွဲ၍ အဝေးသို့ ထွက်သွားတော့သည်။ ယခုအချိန်၌ သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာသည် သူတို့သမီး၏ မတရားသေဆုံးမှုအား ရှာဖွေဖော်ထုတ်ရန်ဖြစ်၏။
ချန်လဲ့သည် အစက မေးချင်သည်များ ရှိသော်လည်း ဘာမျှ မပြောနိုင်တော့ကာ”အာ့တာဆို ကျွန်တော်လဲ သွားလိုက်ပါဦးမယ်”
သူ ကုန်းချင်းယောင်အား တွေ့ကတည်းက သူ မစဉ်းစားနိုင်သောအရာများကို များစွာမြင်တွေ့ရလေသည်။ သူ ပြန်စဉ်းစားဪလျှင် ပထမက ကျိုးဟဲနှင့် လွီမြဲ့တို့ဖြစ်ပြီး ဒုတိယအကြိမ်သည် ကုန်းချင်းယောင် လက်ဖက်ရည်ဆိုင်၌ အဆောင်ဆွဲခြင်းဖြစ်ပြီး တတိယသည် ယခု သရဲအား နေ့ခင်းကြောင်တောင်၌ မြင်လိုက်ရခြင်းပင်။
ဘယ်သူမှ ထိုသို့သော ကိစ္စများကို ယုံကြည်မည်မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ သူ သရဲအား မြင်လိုက်ရလျှင်တောင် အမှုအား ဖြေရှင်းရန် အသုံးမဝင်ပေ။
လူတိုင်းထွက်သွားပြီးနောက် ကုန်းချင်းယောင်သည် စတင်၍ အထုပ်အပိုး ထုပ်ပိုးတော့သည်။
လုချမ်ချမ်သည် ဘေးမှ ကြည့်နေပြီး”ဆရာသခင် ထွက်သွားမလို့လား”
“ဟုတ်တယ်”
မနက်ဖြန် Rမြို့၌ reality show ရိုက်ရမည်ဖြစ်၍ သူမ အမြန်သွားရန် လိုနေပေပြီ။
လူချမ်ချမ်သည် ပျာယာခတ်သွားပြီး”ဆရာသခင် ကျွန်မကိုရော အတူတူခေါ်သွားပါ့လား”သူမ စိတ်ထဲမှ သူမအရှေ့၌ရှိသောသူသည် သူမ၏ထူးဆန်းသော သေဆုံးမှုအား ဖြေရှင်းပေးနိုင်မည်ဟု ခံစားနေရလေသည်။
“ကောင်းပြီလေ”လုချမ်ချမ် ဘာမှမပြောလျှင်တောင် ကုန်းချင်းယောင်မှ သူမ ထွက်သွားသည်နှင့် ခေါ်သွားရန် စီစဉ်ထားပြီးသားပင်။ သူမလည်း ရုပ်လွန်ပညာကို လူတွေအား ထိခို
က်ရန် မည်သူက အသုံးချနေမှန်း သိချင်ပေသည်။
စာရေးဆရာမှာ ပြောစရာရှိပါတယ်။
ကုန်ချင်းယောင် : ကြက်ပေါင်က ဘယ်မှာလဲ။
အားချီ : စောင့်ပါဦး၊ နောက်ကျလာပါလိမ့်မယ်။