MMMQ

အပိုင်း (၄)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၄

ကုန်းချင်းယောင် အခုမှ သူမရှေ့တွင် ချိတ်ဆွဲပြထားသော ဟိုတယ်မှအခန်းခများအား ကြည့်လိုက်မိသည်။ အနိမ့်ဆုံး အခန်းခပင် တညကို ၅၈၈ယွမ်ရှိပေသည်။

တကယ်တော့ ကုန်းချင်းယောင်တွင် ငွေနှင့်ပက်သတ်၍ ဘာမှသိမနေပေ။ အတိတ်ကာလတုန်းက တစ်ယောက်ယောက်သည် သူမအား ငွေများအမြဲတမ်းပေးနေကာ ထိုသည်တို့ကို အစားအသောက်နှင့် အဝတ်အထည်တို့၌သာ သုံးခဲ့ပြီး တခြားအရာတို့၌ မသုံးစွဲခဲ့ပေ။ ယခုတော့ ငွေအစား ငွေစက္ကူများကိုသာ အသုံးပြုကြပြီး တန်ဖိုးများကို သူမ မတွက်ချက်တော့ပေ။ သို့ပေမယ့် တစ်ခုသေချာသည်မှာတော့ မူလကိုယ်သည် တကယ်မွဲတေနေသူပင်။ မူလကိုယ်မှာ သူမ ပိုင်သမျှသည် ဘဏ်ကတ်ထဲတွင် ရှိသည်ဟုပြောပြီး အခန်းခပေးရန်ပင် မလုံလောက်နေပေ။

သူမ ဆက်နေဖို့ အတတ်နိုင်တော့၍ အခန်းပြန်အပ်ရန် လုပ်ရတော့မည်။ ကုန်းချင်းယောင် ကတ်ကိုယူ၍ အခန်းပြန်အပ်မည်တွင် နောက်မှအသံထွက်ပေါ်လာသည်။

“ကုန်းမမလေးရဲ့ အခန်းအတွက် ငါရှင်းပေးမယ်”

ကုန်းချင်းယောင် သူမဘေးနားသို့ လာရပ်သော လူငယ်လေးအား မြင်လိုက်ရ၏။ သူမ လူငယ်လေးအား မြင်သည်နှင့် မကြာခင်တွင် ဘာလို့ဒီလိုပြောမှန်းသဘောပေါက်သွားသည်။ လူငယ်လေး၏ဘေးတွင် ချန်လဲ့ရှိနေပြီး ကလေးအား ချီထားသည့် မိန်းကလေးတစ်ယောက်လည်း ရပ်နေလေသည်။ ထိုကလေး‌သည် မနေ့က ကျိုးဟဲတို့ ပြန်ပေးဆွဲခဲ့သော ကလေးလေးဖြစ်ပေသည်။

ကုန်းချင်းယောင် လူငယ်လေးအား ကြည့်၍”အာ့တာဆို နောက်ကျရင် ပြန်ပေးပါ့မယ်”

“ကုန်းမမလေးက ကျွန်တော်တို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ၊ အခန်းခရှင်းပေးရတာက ဘာမှမဟုတ်ပါဘူး”လူငယ်လေးသည် သန်းရှို့မင် ဟုခေါ်ပြီး Sမြို့တော်၌ ငယ်ရွယ်ပြီး ကတိတည်တတ်သည့်သူဟူ၍ ကျော်ကြားလေသည်။ သူသည် မြိုတော်ဝင်အဖြစ် လျာထား ခံရသူလည်းဖြစ်သည်။

“တကယ်လို့ ကုန်းမမလေးသာ အားရင် ဟိုနားက လက်ဖက်ရည်ဆိုင်ကို စကားပြောဖို့ သွားကြမလား”

ကုန်းချင်းယောင်”ကောင်းပြီလေ”

သူမ စကားပြောပြီးသည်နှင့် သေတ္တာအားသယ်ကာ သူတို့နှင့်အတူ လိုက်သွားလေသည်။

ချန်လဲ့သည် ထိုကလေးမှာ သန်းရှို့မင်၏ကလေးဖြစ်မှန်း မမျှော်မှန်းထားပေ။ မနေ့က ကုန်းချင်းယောင်အား ဟိုတယ်သို့ ပြန်ပို့ပေးပြီးနောက် သန်းရှို့မင် သည် ရဲစခန်းသို့ ရောက်လာလေ၏။ အစက နောက်ကျနေပေမယ့် စုံစမ်းစရာအတွက် လာသည်ဟုပင် ထင်ခဲ့၏။ စကားပြောပြီးသည့် နောက်မှ လူကုန်ကူးခံရသော ကလေးလေးသည် သန်းရှို့မင်၏ကလေးမှန်း သိလိုက်ရတော့သည်။ သန်းရှို့မင် မိသားစုသည် သူမစီသို့ မနေ့ညကတည်းက လာချင်ပါသော်လည်း ကုန်းချင်းယောင် အနားယူနေသည်အား နှောင့်ယှက်မိမည်စိုး၍ ယနေ့မှသာ လာရောက်ကြခြင်းပင်။

အားလုံး ဆိုင်ထဲ၌ ထိုင်လိုက်ကြပြီးနောက် သန်းရှို့မင်မှ”ကျွန်တော်တို့ ကုန်းမမလေးကို ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးသိတတ်မှု အသေးအဖွားလေးပါ၊ ကုန်းမမလေး မငြင်းဖို့ မျှော်လင့်ပါတယ်”

သူ ဘဏ်ကတ်တခုအား ထုတ်ယူလိုက်ပြီး စားပွဲပေါ်၌ တင်ပေးလာသည်။

သူ့ဘေးမှ မိန်းကလေးမှလည်း”ကျေးဇူးတင်ပါတယ်”

သူမ နာမည်သည် ကျီရှားယွင် ဖြစ်ပြီး သူမနှင့် သန်းရှို့မင်သည် ကျောင်းကတည်းက ချစ်ကြိုက်ခဲ့ကြတာဖြစ်သည်။ ကောင်းမွန်သောအချိန်အား ဖြတ်သန်းခဲ့ကြပြီး နှစ်အနည်းငယ်အကြာ၌ လက်ထပ်ခဲ့ကြသည်။ သူတို့၏ကလေးအား ယခုနှစ်မှ မွေးခဲ့တာဖြစ်ပြီး ယောက္ခမသည်ပင် ကလေးကူထိန်းပေးရန် သူတို့နှင့် အတူတူလာရောက်နေထိုင်ပေး၏။

သန်းရှို့မင်သည် ရုံးအလုပ်များဖြင့်သာ အလုပ်ရှုပ်နေတတ်ပြီး ဇနီးသည်၏ခံစားချက်များကို မကြာခဏ လျစ်လျူရှုထားမိသည်။ သို့ပေမယ့် ကလေးမွေးခါစ ဟော်မုန်းအပြောင်းအလဲကြောင့် ကျီရှားယွင်သည် မကြာခဏ စိတ်ဓာတ်ကျတတ်လာ၏။ ဤသည်မှာ အချိန်ကြာလာပြီး စိတ်ကျရောဂါဖြစ်လာတော့သည်။
4 02
မနေ့က ကျီရှားယွင်သည် ကလေးအား ခေါ်ယူ၍ သတ်သေရန် ကြိုးစားခဲ့တာဖြစ်ပြီး ကလေးအား အခြားလူမှ လုယူခံလိုက်ရမည်မှန်း မထင်မှတ်ထားခဲ့ပေ။ ကလေးအား ခိုးယူသွားသော ကားသည် အဝေးသို့ ရောက်သွားသည်အား မြင်သည်နှင့် အလွန်အမင်း စိုးရိမ်လာပြီး ရဲအားအကူအညီပေးရန် ဖုန်းခေါ်ခဲ့ပေသည်။ ကံကောင်း၍ ရဲသည် တနာရီအတွင်း ကလေးအား ရှာတွေ့ပြီဖြစ်ကြောင်း သတင်းပေးလာခဲ့၏။

ပြောရမည်ဆိုလျှင် ကလေးအား လူကုန်ကူးခံရပြီးနောက် ပြန်ရရန် အခွင့်အရေးမှာ အလွန်နည်းပါးပေသည်။ ကျီရှားယွင်သည် သူမကလေးအား တဘဝလုံး ပြန်ရှာတွေ့ရန်လည်း မမျှော်မှန်းရဲပေ။ သူမ၏ကလေးအား အမြန်ပြန်ရှာတွေ့လိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။ ကလေးအား ပြန်တွေ့၍ ပျော်ရွှင်မှုသည် ကျီရှားယွင်အား ကိုယ့်ကိုကိုယ် သတ်သေချင်သည့် စိတ်အား လွှင့်ပျယ်သွားစေသည်။

ကုန်းချင်းယောင် သူတို့ ပြောသည်ကို နားထောင်နေပြီး ခေါင်းညိတ်လျက်”ကောင်းကောင်းနေရင် အနာဂတ်က ပိုကောင်းလာမှာပါ”

သူမ ပြောသည်ကို ကြားပြီးနောက် ကျီရှားယွင် မျက်လုံးများ နီရဲလာလေသည်။

သန်းရှို့မင်သည် သူ့ဇနီးအား ကြည့်လိုက်လျက် အမြဲတမ်း တခုခုမရှင်းလင်းနေဟု ခံစားရပြီး ကလေးသာ မပျောက်ခဲ့ဘူးဆိုလျှင် သူ ထိုသို့ ခံစားမိမည် မဟုတ်ပေ။ သူ့‌အမေသည် ဇနီးသည်အား အလွန်အမင်းဆူပူလိုက်၍ သူမပုခုံးအားဖက်၍ တီးတိုး”အဆင်ပြေသွားမှာပါ”ဟု နှစ်သိမ့်ပေးခဲ့သည်။

ကုန်းချင်းယောင် သူမဝယ်လာသော သေတ္တာအား ဖွင့်လိုက်ပြီး စက္ကူအဝါရောင်အား ထုတ်ယူလိုက်သည်။

ရေသောက်နေသော ချန်လဲ့သည် လည်ဆန့်၍ လှည့်ကြည့်လိုက်သောအခါ ရေသီးမတတ်ဖြစ်သွားပြီး”ဘာလို့ အဝါရောင်စက္ကူ အာ့လောက်အများကြီး ဝယ်လာတာလဲ”

ကုန်းချင်းယောင်”အဆောင်ဆွဲမလို့လေ”

ချန်လဲ့:”……”

ချန်လဲ့ စိတ်ရှုပ်ထွေးကာ အမူအရာဖြင့် ‘ အာ့တာတော့ သိတာပေါ့ ‘ ဟု ပြောလာလေသည်။

ကုန်းချင်းယောင်သည် သန်းရှို့မင်ထံမှ ဘဏ်ကတ်အား လက်ခံရန် ရည်ရွယ်ထားသည်။ ဤနေရာ၌ မည်သူ့ကလေးဖြစ်ပါစေ သူမ တပုံစံတည်း ကူညီမည်ဆိုပေမယ့် ယခု သူမတွင် ပိုက်ဆံမရှိပေ။ ထို့အတွက် အပြန်အလှန် အဆောင်လက်ဖွဲ့အား တဖက်လူထံသို့ ဆွဲပေးမည်ဟု စဉ်းစားလိုက်သည်။ အဆောင်လက်ဖွဲ့များသည် အတိတ်ကာလတွင်တောင် ရှာဖွေရခက်ပြီး ရှားပါးကာ အဖိုးတန်လေသည်။

သေတ္တာအား ဖွင့်လိုက်ပြီး အဆောင်စက္ကူနှင့် ပြဒါးရိုင်းအား ထုတ်ယူလိုက်ပြီး အဆောင်တစ်ခု အမြန်ဆွဲလိုက်သည်။

ချန်လဲ့၏နှုတ်ခမ်းများ တွန့်သွားတော့၏။ တကယ်ပဲ ကုန်းချင်းယောင်က အဆောင်တစ်ခုဆွဲနေတာပဲ။

“အောင်မြင်ပြီ”

ကုန်းချင်းယောင် ကြွေးကြော်ပြီးသည်နှင့် ချန်လဲ့၏လေထုမှ ပြောင်းလဲသွားတော့သည်။ အဝါရောင်စက္ကူသည် အဝါရောင်အလင်းအနည်းငယ် ဖြာထွက်နေသည်အား ကြည့်လိုက်ပြီး သူ အဆောင်အား လက်ညိုးထိုးလျက်”ဒါ…ဒါ…ဒါ”

သန်းရှို့မင်သည် ချန်လဲ့ထက်ပို၍ အသိပညာကြွယ်ဝပုံပေါ်သည်။ သူ၏တုံ့ပြန်မှုမှာ ချန်လဲ့လောက် မပြင်းထန်သော်လည်း ထိတ်လန့်အံ့သွားနေဆဲဖြစ်သည်။ ဘေးနားရှိ ကျီရှားယွင်သည် အော်ဟစ်ဖို့ပင်မေ့ကာ ကြောင်ကြည့်နေမိလေသည်။

ကုန်းချင်းယောင် အဆောင်အား သန်းရှို့မင်လက်ထဲသို့ ထည့်ပေးလိုက်ပြီး”သိမ်းထားလိုက်”

သန်းရှို့မင်သည် အဆောင်အား ကျီရှားယွင်လက်ထဲ ထည့်ပေးလိုက်ပြီး ကျီရှားယွင်မှ အဆောင်အား ကလေးအင်္ကျီထဲသို့ ထည့်မည့်ဆဲဆဲတွင် ကုန်းချင်းယောင်မှ နောက်တစ်ခု ထပ်ဆွဲလိုက်ပြီး”ဒါကို ကလေးကို ပေးလိုက်ပါ”

ကလေးသည် မနေ့ကမှ လူကုန်ကူးခံထားရ၍ ကြောက်လန့်နေမည်ဖြစ်ကာ ‘ ဝိညာဉ်ငြိမ်းသက်အဆောင် ‘ သည် သူ့အတွက် ပို၍ကိုက်ညီပေမည်။

“ကျေးဇူးတင်ပါတယ်”ကျီရှားယွင် အဆောင်အား ယူကာ ကလေးအနွေးထည်ထဲသို့ ထိုအဆောင်နှင့်အတူ ‘ အန္တရာယ်ကင်းအဆောင် ‘ကိုပါ အတူတူ ထည့်ပေးလိုက်သည်။

ဘေးနား၌ထိုင်နေသော ချန်လဲ့သည်လည်း တစ်ခုလောက် လိုချင်လာလေသည်။
4 03
အဆောင်ဆွဲပေးပြီးနောက် ကုန်းချင်းယောင် ထိုင်ခုံမှ ထရပ်ကာ ထွက်သွားတော့မည့် ဆဲဆဲတွင် ဖုန်းမြည်လာ၏။ အိုက်ရှောင်းယွင်မှ”ကုန်းချင်းယောင် နင်ဘယ်မှာ နေနေတာလဲ၊ ငါအခု Sမြို့ကို ရောက်နေပြီ”

ကုန်းချင်းယောင်”Holiday Hotel မှာ”

“ဘာ နင်တကယ် Holiday Hotelမှာ နေနေတာလား၊ ဒီလူဘောကြော့မကတော့ four-star hotel မှာနေဖို့ နင်တတ်နိုင်လို့လား”အိုက်ရှောင်းယွင်မှ စကားများစွာ တရစပ်ပြောနေ၍ ကုန်းချင်းယောင် နားညီးလာလေသည်။ သို့ပေမယ့် မူလကိုယ်ပြောခဲ့သည့် အနုပညာလောကထဲတွင် အေဂျင်စီမှာ အရေးကြီးသည်ဟု ပြောခဲ့၍ ဖုန်းမချကာ ဖုန်းအား နားနှင့် ဝေးရာသို့ ပို့ထားလိုက်၏။

အားလုံးသည် ကုန်းချင်းယောင်အား ကြည့်လိုက်ကာ သူမ စိတ်ပျက်နေတယ်လို့ ဘာလို့အမြဲတမ်းခံစားနေရတာပါလိမ့်ဟု တွေးမိကြလေသည်။

၃မိနစ်မျှစကားပြောပြီးနောက် အိုက်ရှောင်းယွင် ဖုန်းချလိုက်ပြီး ကုန်းချင်‌ယောင်လည်း ဖုန်းအား အဝေးသို့ ထားလိုက်ပြီး သန်းရှို့မင်အား ခေါင်းညိတ်ပြလာသည်။

သူမ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် နာရီဝက်အကြာတွင် အိုက်ရှောင်းယွင်ရောက်လာတော့၏။

ကုန်းချင်းယောင်အား မြင်ပြီးနောက် အိုက်ရှောင်းယွင် အနည်းငယ် ပြောင်းလဲနေသည်ဟု ခံစားလိုက်ရ၏။ သူမသည် ယခင်ကကဲ့သို့ မိတ်ကပ်အထူကြီးများ မလိမ်းသလို စိတ်နေသဘောထားသည်လည်း အနည်းငယ် ပြောင်းလဲနေ၏။ ခန္ဓာကိုယ်မှာ တူညီနေဆဲဖြစ်သော်လည်း စိတ်နေသဘောထားသာ အနည်းငယ်ပြောင်းလဲ နေလေသည်။ အိုက်ရှောင်းယွင် ကုန်းချင်းယောင်အား ကြည့်နေစဉ် သူမသည်လည်း အိုက်ရှောင်းယွင်မျက်နှာအား ကြည့်နေသည်။

အိုက်ရှင်းယွင် ကုန်းချင်းယောင်အား ကြည့်နေလျက် စာရွက်စာတမ်းများ ထုတ်လိုက်ပြီးနောက်”ဒီတခေါက် reality show ရဲ့ အဓိကက…”

အိုက်ရှောင်းယွင်သည် တတွတ်တွတ်ပြောနေသည်အား ကုန်းချင်းယောင် မှတ်မိသလောက် အကျဉ်းချုပ်ရလျှင် အိုက်ရှောင်းယွင်၏အခြား သရုပ်ဆောင် ယုချူးရွှယ်သည် သကြားဖေဖေအား ရှာတွေ့သွားပြီဖြစ်ပြီး ထိုသူက သူမကို ထောက်ပံရန် ရှိုးပွဲတစ်ခုလုပ်ခိုင်းခဲ့ပြီး နာမည်ကြီးသရုပ်ဆောင် ယိုရှင်းယွီအား ဖိတ်ကြားခဲ့၏။ ကုန်းချင်းယောင်သည် သူတို့အတွက်တော့ ‌နောက်ခံမျှသာဖြစ်သည်။

ကုန်းချင်းယောင် တိတ်ဆိတ်နေသည်ကိုတွေ့၍ အိုက်ရှောင်းယွင်သည်”ယုချူးရွှယ် နဲ့ နင်က ငါ့လက်အောက်က သရုပ်ဆောင်တွေပဲမလို့ ဒီအခွင့်အရေးကို ရခဲ့တာ၊ အာ့မှာ နင်ကောင်းကောင်း ပြုမူရမယ်နော်”

ကုန်းချင်းယောင်”ကျေးဇူးပါ ကျွန်မ ကောင်းကောင်းနေပါ့မယ်”

အိုက်ရှောင်းယွင်သည် ဒီမိန်းကလေး ထိုမျှ လေးလေးနက်နက် ဖြေလာမည်မထင်သဖြင့် သူမ ပြောင်းလဲ သွားပြီဟုပင် ထင်လိုက်သည်။

ကုန်းချင်းယောင် သူမအား ရှင်းပြနေသော အိုက်ရှောင်းယွင်၏ ဘေးမျက်နှာအား ကြည့်လိုက်ပြီး”ရှင့်ရဲ့ ငွေကြေးက အချိန်တိုအတွင်း အခက်အခဲကြုံရနိုင်တယ်၊ ငွေကို ပေးတဲ့အခါ သတိထားသင့်တယ်”

အိုက်ရှောင်းယွင်”…..…”

သူမသည် ကုန်းချင်းယောင် ပြောင်းလဲလာပြီဟု ထင်သော်လည်း သူမသည် လုံးဝမပြောင်းလဲသေးပေ။ အိုက်ရှောင်းယွင် ဒေါသထွက်လာပြီး”ကုန်းချင်းယောင် နင် ကောင်းကောင်း သရုပ်ဆောင်ဖို့ပဲလိုတယ်၊ ငါ့ကို ပြဿနာတွေ မပေးစမ်းနဲ့”

သူမ သံသည် စတီးမဖြစ်သွား၍ မုန်တီးနေမိသည်။
( တယောက်ယောက်က မျှော်လင့်တဲ့အတိုင်းတိုးတက်လာတာ လုပ်ဆောင်လာနိုင်တာလို့ ပြောချင်တဲ့ ဗန်းစကားပါ)

ကုန်းချင်းယောင် ဘာကိုမှ ဂရုမစိုက်ဘဲ သူမပေးသည့် ဇာတ်ညွှန်းအားယူ၍ ဖတ်နေလိုက်သည်။ တနာရီအတွင်း ဇာတ်ညွှန်းအယး ဖတ်ပြီးသွားချေပြီ။ ရှိုးပွဲတွင် မိန်းကလေး၃ယောက်၊ ယောက်ျားလေး၃ယောက် ပါမည်ဖြစ်ပြီး စာကြောင်းအများစုမှာ ယုချူးရွှယ် နှင့် ယိုရှင်းယွီ တို့အတွက်သာဖြစ်သည်။ သူမ ကုန်းချင်းယောင်အတွက် စာသားများအား စာသုံးကြောင်းဖြင့် အကျဉ်းချုပ်ရလျှင်

“ဝိုး ယုချူးရွှယ် ကတော်လိုက်တာ”

“ဝိုး ယုချူးရွှယ် က ဉာဏ်ကောင်းလိုက်တာ”

“ဝိုး နင်ဒါကိုတောင် သိတယ်ပေါ့ ယုချူးရွှယ်”

စာသုံးကြောင်းမှာ ပြောရမခက်သော်လည်း ကုန်းချင်းယောင်အတွက်တော့ သရုပ်ဆောင်ရတာ ခက်ခဲပေသည်။ ထို့ကြောင့် နောက်မှ လေ့ကျင့်မည်ဟု စဉ်းစားထားလိုက်သည်။
4 04
ရှိုးပွဲမှာ မရိုက်ကူးခင် ရက်အနည်းငယ် ကျန်သေးသည့် အချိန်အား အခွင့်ကောင်းယူ၍ ကြားထဲမှအချိန်အား သူမ ကောင်းစွာအသုံးချဖို့ ဆုံးဖြတ်လိုက်၏။

သူမ မနက်၌ အစောထကာ ဟိုတယ်ဘေးရှိ တောင်သို့သွား၍ ချီစွမ်းအင်အား လေ့ကျင့်လိုက်သည်။ သူမ ဝိညာဉ်စွမ်းအင်စုစည်းအဆောင်အား ဆွဲလိုက်သည်။ ထိုမှသာ အနည်းငယ်ကျင့်ကြံရုံမျှနှင့် အကျိုးသက်ရောက်မှုများပေမည်။ ထိုမှဟိုတယ်သို့ ပြန်ရောက်သောအခါ ကွန်ပျူတာအားသုံး၍ ဗဟုသုတ်တို့အား လေ့လာနေလိုက်သည်။

ဒီလောက၏ဥပဒေအား အရင်လေ့လာလိုက်ပြီး အချိန်ပြောင်းလဲသည်နှင့်အမျှ အရာအားလုံးမှာလည်း ပြောင်းလဲလာကြပြီဖြစ်သည်။ သူမအား အံ့ဩစေသည်မှာ အတိတ်မှစာအုပ်အများအပြားကို အက်တာနက်ပေါ်၌ ရှာတွေခြင်းပင်။ သို့ပေမယ့် အပိုင်းအစများသာ ကျန်ခဲ့တော့၏။ သေချာတာပေါ့ တချို့စာများမှာ စိတ်ရှုပ်စရာကောင်းလှပေသည်။ ဒီနေ့ခေတ်ကလူတွေက ရုပ်လွန်ပညာသည်တွေအား လုံးဝ လေးစားမှုမရှိကြပေ။ ပိုပြီးစိတ်ရှုပ်စရာကောင်းသည်မှာ လူများသည် ထိုသည်တို့ကို မျက်လှည့်ပညာနှင့်ရောယောင်၍ အလိမ်အညာများဟု ခေါ်နေကြခြင်းပင်။

ကုန်းချင်းယောင် သူမနာမည်အား ရှာကြည့်လိုက်သောအခါ သက်ဆိုင်သည့်အရာများ မတွေ့ရပေ။ သူမ၏ရန်သူအကြောင်းတောင် ရှာမ‌ရပေ။ ကြည့်ရသည်မှာ သူမတို့သည် ဘယ်တုန်းကမျှ မတည်ရှိဘူးသလိုပင်။ ထိုအရာတို့သည် အတိတ်မျှသာဖြစ်ပြီး ပြန်ပြောရန် မထိုက်တန်ပေ။

ဗဟုသုတများအား ရှာနေလျက် သူမ အနုပညာ‌လောက အကြောင်းလည်း လေ့လာလိုက်သည်။ သူမ ရှိူးပွဲများစွာကြည့်ပြီး reality show မည်သို့ အလုပ်လုပ်မှန်း သိသွားပေပြီ။ သူမ မူလကိုယ်အကြောင်း ရှာကြည့်လိုက်သောအခါ ကြော်ငြာများ၊ ဓာတ်ပုံများနှင့် သတင်းများအပြင် ဝေ့ပေါ်အကောင့်(Weibo account) ပါ တွေ့လိုက်ရလေသည်။

မူလကိုယ်၏ကွန်ပျူတာသည် ဝေ့ပေါ်အကောင့် ရှိနေပြီးဖြစ်ပြီး သူမ ထိုအကောင့် အား အသုံးပြရန် ရည်ကွယ်ချက်မရှိပေ။ မူလကိုယ်အသုံးပြုခဲ့သည့် ဝေ့ပေါ်အကောင့် ကိုတော့ သူမ မဖျက်ပစ်ပေ။ သူမ ဝေ့ပေါ်သည် ကောင်းမွန်သော နေရာဖြစ်ကာ ဗဟုသုတများစွာ ရှာဖွေလို့ရကြောင်း သူမ သိရှိသွား၏။

ကုန်းချင်းယောင် သူမ နာမည်အရင်းကိုသုံး၍ ဝေ့ပေါ်အကောင့် အသစ်ပြုလုပ်လိုက်ပြီး ‘ ရုပ်လွန်ပညာသည် ‘ ဟု personal profile တွင်ရေးထားလိုက်သည်။ အတန်ကြာစဉ်းစားပြီးနောက် သူမ ပို့စ့်တစ်ခု တင်လိုက်၏။

[ ကုန်းချင်းယောင် : ပထမ ကွန်မန့်ပေးသူကို ကံကြမ္မာအလကား ဖတ်ပေးမယ် ]

သူမ ပိုစ့်တင်ပြီးနောက် မည်သူမှ အချိန်ကြာသည်အထိ မတုံ့ပြန်ပေ။ ကုန်းချင်းယောင် သူမတွင် ဖော်လိုဝါ မရှိသဖြင့် ထိုပိုစ့်အား လူအနည်းသာ မြင်ရမှန်းသိသည်။ အရာအားလုံးသည် ကံကြမ္မာ၌သာ မူတည်နေပြီး သူမအတင်းအကြပ်မလုပ်ချင်ပေ။ ထို့ကြောင့် ဝေ့ပေါ်မှ ထွက်လိုက်ပြီး browser ထဲမှ အခြားအရာများကို သင်ယူနေလိုက်သည်။

ကုန်းချင်းယောင် ည ၁၀ နာရီအထိ လုံးဝအနားမယူခဲ့ပေ။ သူမ ညသန်းခေါင်၌ အိပ်ပါသော်လည်း ပတ်ဝန်းကျင်သည် ဆူညံ့နေကာ ဘားမှာသီချင်းသံနှင့် အောက်ထပ်က စားသောက်ဆိုင်မှာအသံများသည် ပို၍ပို၍ ကျယ်လောက်လာသည်။ သူမ ထလိုက်ပြီး အဆောင်ဆွဲကာ တံခါး၌ ကပ်လိုက်ပြီးနောက် သူမကမ္ဘာလေးသည် တိတ်ဆိတ်သွားပြီး အောက်ထပ်မှ ဆူညံသံများ သူမထံသို့ မရောက်နိုင်တော့ပေ။

သို့ပေမယ့် နရီဝက်မျှကြာသော်အခါ တံခါးခေါက်သံကြားလိုက်ရ၏။

စက္ကူဝါပေါ်၌ ပြဒါးရိုင်းနှင့် ဆွဲထားသည့် အဆောင်

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset