MMMQ

အပိုင်း (၃)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၃

အော်ဟစ်နေကြသော ကျိုးဟဲနှင့် လွီမြဲ့တို့သည် လိမ်လိမ်မာမာနှင့် ထိုင်ခုံပေါ်သို့ ပြန်ထိုင် လိုက်ကြသည်။

ကုန်းချင်းယောင်သည် မျက်နှာချင်းဆိုင် ထိုင်ခုံ၌ ထိုင်လိုက်ပြီး တည်ငြိမ်အေးစက်သော လေသံဖြင့် “ဒီကလေးကို ဘယ်လိုပြန်ပေးဆွဲလာတာလဲ”
ထိုသို့ပြောပြီးသည်နှင့် သူမ ကျိုးဟဲအား လက်ညိုးထိုးလိုက်၏။

ပုံမှန်ဆိုလျှင် ကျိုးဟဲသည် လှောင်ရယ်ကာ ရဲများရှေ့၌ပင် အမှန်တရားအား မပြောပြဘဲ ရေငုံနှုတ်ပိတ်နေလိမ့်မည်။ မိန်းကလေးတစ်ယောက်က သူ့ကို မေးနိုင်ပါ့မလား။ သို့ပေမယ့် မျက်နှာချင်းဆိုင်မှ ထိုင်နေသော မိန်းကလေးသည် သူ့အား လက်ညိုးထိုးလာသည်နှင့် ရုတ်တရပ် သူ့ပါးစပ်အား သူ မထိန်းချုပ်နိုင်တော့ကာ “ဒီနေ့ တောင်အောက်မှာ အမျိုးသမီးတစ်ယောက်က ‌ကလေးကို ပွေ့ချီလာပြီး ဘေးနားမှာလဲ လူတွေရှိနေကြတယ်”

ဘေးနားရှိ လွီမြဲ့သည် ကျိုးဟဲအား တားဆီးရန် ပြုလုပ်ချင်ပါသော်လည် သူမကိုယ်မှာ လှုပ်မရတော့ပေ။

“လွီမြဲ့နဲ့ငါက အာ့ကလေးတွေရဲ့ အဖိုးနဲ့ အဘွား ယောင်ဆောင်ခဲ့တာ၊ အမျိုးသမီးကို ပါးရိုက်လိုက်ပြီး ရာသီဥတုက ပူနေတာကို ဖျားနေပြီးသား ကလေးကို အပြင်ခေါ်လာရလားပေါ့၊ အမျိုးသမီးက ငါတို့ကို မသိဘူး ငြင်းတော့ ဘေးနားက လူတွေကလဲ ဝင်ပြီးဖြန်ဖြေပေးဖို့ လုပ်ကြတယ်၊ ငါတို့က အမျိုးသမီးက ငါတို့ကို စိတ်ဆိုးနေလို့လို့ ရှင်းပြလိုက်ကြတယ်၊ ကြားမှာ ရှုပ်‌ထွေးတာလေးရှိနေလို့ သူမ ငါတို့ကို မမှတ်မိတာပါပေါ့၊ ခဏကြာတော့ ဘယ်သူမှ ဖြန်ဖြေဖို့ မကြိုးစားတော့တဲ့အခါ ကလေးကိုယူပြီး ထွက်ပြေးလာလိုက်တာ”

ကျိုးဟဲ အသက်တစ်ချက်မျှသာ ရူပြီး မရပ်မနားပြောလာလေသည်။

မိန်းမငယ်လေး၏ အားသည် သက်လတ်ပိုင်း အမျိုးသမီးကြီး၏ အားထက် ပိုမသန်နိုင်သလို သက်လတ်ပိုင်းလူကြီး၏အားပါ ပူပေါင်းလိုက်သောအခါ သူမ ကလေးမှာ လုယူခံလိုက်ရလေသည်။

တဖက်မှ နားထောင်နေသော ချန်လဲ့သည် ထိုစကားတို့အား ကြား၍ ဒေါသထွက်လာလေသည်။ ထိုအခြေအနေ၌ ကလေးအမေသည် ဘယ်လောက်များ ကူကယ်ရာမဲ့ နေမည်လဲဟု သူ တွေးပင် မတွေးကြည့်နိုင်ပေ။

သက်လတ်ပိုင်းစုံတွဲထံမှ ဖြေသံကြားလိုက်ရသောအခါ ကျန်သည့် ရဲသားများ အားလုံး ကြောင်အ ကုန်ကြသည်။ ဒီလူ၂ယောက်သည် သူတို့အား ပုံမှန်အားဖြင့် အမှန်ကို ပြောပြရန် ကလန်ကဆန် လုပ်နေပြီး ထိုမိန်းကလေးမှ မေးမြန်းသောအခါ ချက်ချင်းထုတ်ပြောလလေသည်။ ဒီမိန်းကလေးရဲ့ စုံစမ်းစစ်ဆေးတဲ့နည်းလမ်းက ရဲတွေထက် ပိုကောင်းနေတာလား။ ဒီမိန်းကလေးရဲ့အသံက တကယ့်ကို အေးစက်နေပြီး ရဲများရဲ့ အသံက ကြမ်းတမ်းနေခဲ့လို့လား။

သေချာတာပေါ့ ရဲများမှာ ကုန်းချင်းယောင်သည် ဝင်ဝင်လာခြင်း ရာဇဝတ်သား၂ယောက်ထံမှ ဝမ်းနည်းဖွယ်လေထုကို ဆုပ်ယူလိုက်ကြောင်း မသိလိုက်ကြပေ။ ရဲစခန်းသည် ဖြောင့်မတ်မှန်ကန်သော လေထုများနှင့် ပြည့်နှက်နေသော်လည်း သေချာလေ့လာကြည့်မည်ဆိုလျှင် ယင်စွမ်းအင်များစွာလည်း ရှိနေကြောင်း တွေ့ရလေသည်။ ထိုစွမ်းအင်တို့မှာ ဖြောင့်မတ်မှန်ကန်သော လေထုအား များသောအားဖြင့် ဖိနှိပ်အားလေသည်။
(တရုတ် အယူအဆအရ ယင်နဲ့ ယန်မှာ ယင်က မကောင်းတဲ့စွမ်းအင်ကို ကိုယ်စားပြုတာပါ)

ကျိုးဟဲနှင့် လွီမြဲ့တို့၏အဖြေအား ကြားပြီးနောက် ကုန်းချင်းယောင်သည် တည်ငြိမ်ဆဲဖြစ်ပြီး သူမ ထင်ထားသည့်အတိုင်း “ကလေးဘယ်နှစ်ယောက်ကို လူကုန်ကူးခဲ့တာလဲ”

လွီမြဲ့မှ အသိစိတ်များ ဝေဝါးနေလျက်”၆ယောက်”

သူမ ပြောပြီးသည်နှင့် ချက်ချင်း ပါးစပ်အား ကာလိုက်ပေမယ့် နောက်ကျသွားခဲ့လေပြီ။

ထိုအရေအတွက်အား ကြားပြီးနောက် ရဲများအားလုံး အံ့အားသင့်သွားကြပေသည်။

“၆ယောက်??”

ထိုလူ၂ယောက်သည် အရင်ထဲက ကျူးလွန်နေကြသူများဖြစ်ကြောင်း စဉ်းစားလိုက်လျှင် သူတို့ ရှက်ရွှံ့လာကြသည်။

ချန်လဲ့သည် ဒေါတအရမ်းထွက်လာကာ စားပွဲအား အားပြင်ထန်စွာ ရိုက်ချလိုက်ပြီး”တခြားကလေးတွေကရော ဘယ်မှာလဲ”
3 02
“တချို့ကိုတော့ တခြားလူတွေ မွေးစားဖို့ ပြန်စားဖို့ ရောင်းလိုက်ပြီး တချို့ကိုတော့ အဖွဲ့တွေကို ပို့ပေးလိုက်တယ်၊ ကလေး၁ယောက်က‌တော့ ဘယ်ရောက်သွားလဲတော့ မသိဘူး”ကျိုးဟဲ စကားပြောပြီးသည်နှင့် ကိုယ့်ကိုကိုယ် အံ့ဩနေလေသည်။ ဒီနေ့ဘာဖြစ်နေတာလဲ။ သူ ဒီနေ့ ဘာဖြစ်နေတာလဲ။

‌မွေးစားဖို့ အရောင်းခံလိုက်ရသော ကလေးများသည် လူကုန်ကူးခံရပြီးနောက် အကောင်းဆုံးအခြေအနေဖြစ်လေသည်။ အဖွဲ့များထံသို့သာ ရောင်းလိုက်လျှင် လမ်းပေါ်၌ တောင်းရမ်းရန် တွန်းအားပေးခံရမည်ပင်။ တရားခံများ မသိသော ကလေးတစ်ယောက်ကတော့………

ရဲများ အချင်းချင်း ကြည့်လိုက်ကြပြီး ခဏမျှ ဘာမှမတွေးနိုင်တော့ပေ။

ချန်လဲ့:”ကြံရာပါရော ရှိသေးလား”

တရားခံ၂ယောက် ခေါင်းများ ခါရမ်းလိုက်ကြပြီး ကျိုးဟဲမှ”ငါတို့က အနိမ့်ဆုံးပဲ၊ တခြားသူတွေညဘာလုပ်နေကြမှန်း ငါတို့မသိဘူး၊ မျိုးရိုးကျန်း ရှိတဲ့ လူကိုပဲ ဆက်သွယ်လို့ရတာ”

ကျိုးဟဲနှင့် လွီမြဲ့သည် ပါးစပ်များကို ပြိင်တူ ‌ထိတ်လန့်တကြား ပိတ်လိုက်ကြပြီး တုန်လှုပ်ခြောက်ခြားဟန်ပြလာကြသည်။

သေစမ်း၊ သူတို့ မေးတာပြီးနေပြီကို ဘာလို့ဒီလိုသွားပြောမိတာပါလိမ့်။

ကျိုးဟဲနှင့် လွီမြဲ့တို့၏ အမူအရာအား မည်သူမှာဂရုမစိုက်နေပေ။ ရဲများသည် သဲလွန်စရလျှင် ချက်ချင်းသက်ဆိုင်ရာဌာနများသို့ ချက်ချင်းဆက်သွယ်ပြီး စတင်စုံစမ်းကြတော့သည်။

ကျိုးဟဲနှင့် လွီမြဲ့သည် အမှန်များကိုသာ ပြောလာကြခြင်းဖြစ်၏။ ကုန်းချင်းယောင် ချန်လဲ့အား ကြည့်လိုက်ပြီး”သူတို့ကို အပြစ်ဒဏ်ချမှတ်လို့ရပြီလား”

ချန်လဲ့သည် ခေါင်းညိတ်လိုက်ပြီး”သေချာတာပေါ့”

ကလေးခြောက်ယောက်ကို လူကုန်ကူးသည့် ပြစ်မှုမှာ သာမန်မဟုတ်ချေ။

ကုန်းချင်းယောင်”အာ့တာဆို သူတို့ကို ခေါ်သွားပြီး ခေါင်းဖြတ်လိုက်တော့လေ”

ချန်လဲ့နှင့် ရှိနေသောတခြားရဲများ…

သူတို့ ထင်ယောင်ထင်မှားဖြစ်ပြီး နားကြားမှားလိုက်တာလား။ ဒီမိန်းကလေးက ခေါင်းဖြတ်ဖို့အကြောင်း တကယ်ပြောလိုက်တာလား။ အာ့တာက ခေါင်းကို ဓားနဲ့ ခုတ်ပစ်တာမျိုးလေ။

ချန်လဲ့ သူမအား ထို၂ယောက်ကို ချက်ချင်း သတ်ပစ်လို့ မရသေးကြောင်း ရှင်းပြလိုက်ရသည်။

ကုန်းချင်းယောင် သံသယအကြည့်ဖြင့်ကြည့်လာကာ ဒီနှစ်ယောက် အပြစ်ရှိကြောင်း သက်သေပြပြီးပြီ မဟုတ်ဘူးလား။

ဘေးနားရှိ ရဲသားများမှာ တညလုံး အံ့သားနေရင်း သင့်နေရပြီး ပါးစပ်များပင် မပိတ်ကြရတော့ပေ။ သူတို့ ဒီမိန်းကလေးမှာ ဒီလောက်ပြင်းထန်မည်မှန်း မမျှော်မှန်းခဲ့ကြပေ။

ချန်လဲ့သည် ကုန်းချင်းယောင်အား အပြင်သို့ ခေါ်ထုတ်လာပြီး ကျူးလွန်တဲ့၂ယောက် ကိစ္စဟာ ခဏလောက် စောင့်ရမည်ဖြစ်ကြောင်း မလိုအပ်ရင် သေဒဏ်ပေးလို့ မရကြောင်း စိတ်ရှည်ရှည်ရှင်းပြလာ‌ပေးလာ၏။

ကုန်းချင်းယောင် စဉ်းစားမရဖြစ်သွားပြီး ယခုလက်ရှိ ဥပဒေများအား သေချာလေ့လာရမည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကုန်းချင်းယောင် စကားပြန်မပြောသည်ကို တွေ့သောအခါ ချန်လဲ့သည် ဒီမိန်းကလေးမှာ လူကုန်ကူးခံရ၍ အနည်းငယ် စိတ်ရှုပ်ထွေးနေတာ ဖြစ်ရမည်ဟု တွေးလိုက်လေသည်။ ထို့ကြောင့် သူမသည် လူကုန်ကူးသူ၂ယောက်အား ထိုက်သင့်သော အပြစ်ဒဏ်ကို ပေးချင်နေသည်ဖြစ်ရမည်။ ထိုသို့စဉ်းစားလိုက်ပြီးနောက် ချန်လဲ့မှ”ကောင်းပြီ၊ ကျွန်တော့်ကို မင်းရဲ့ ဖုန်းနံပါတ် ပေးခဲ့ပါ့လား”

ကုန်းချင်းယောင် အိတ်ထဲမှ ဖုန်းအား ချန်လဲ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး”အာ့တာက အခုမှ ရေကန်ထဲ ပြုတ်ကျလာတာ”

ချန်လဲ့ ဖုန်းခလုတ်အား နှိပ်ကြည့်လိုက်ပြီးနောက် လုံးဝ မတုံ့ပြန်လာပေ။

“ခဏစောင့်ဦး”

သူ ပြောပြီးသည်နှင့် ဖုန်းကိုယူကာ နည်းပညာဌာနသို့ ယူသွားလေသည်။

ခဏမျှကြာပြီးနောက် သူတို့ ဖုန်းအား ပြန်ပို့ပေးလာသည်။ ချန်လဲ့ ဖုန်းအားယူ၍ ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်၏။ ထို့နောက် ဖုန်းခေါ်လိုက်ပြီး ချက်ချင်း ဖုန်းချလိုက်ပြီး သူ၏နာမည်အား ဖုန်းထဲ၌ မှတ်ပေးထားလိုက်သည်။

“အာ့၂ယောက် အပြစ်ဒဏ်ခံရတဲ့အခါ သေချာပေါက် ပြောပြပေးပါ့မယ်”
3 03
ကုန်းချင်းယောင် သူတို့အား ဂရုမစိုက်ပေ။ ‌ဆိုးရွားသူတို့တွင် ကံကြမ္မာကောင်းပေ။ ဤသည်မှာ ကောင်းကင်၏စည်းမျဉ်းဖြစ်ပေသည်။ ကျိုးဟဲနှင့် လွီမြဲ့၏အဆုံးသတ်မှာ ကောင်းမွန်မည် မဟုတ်ပေ။

ချန်လဲ့ အချိန်အား ကြည့်လိုက်ပြီးနောက် နောက်ကျနေမှန်း တွေ့သောအခါ”ဘယ်မှာနေတာလဲ၊ ကျွန်တော့် လိုက်ပို့ပေးမယ်”

ကုန်းချင်းယောင်သည် ဟိုတယ်ကတ်ပြားအား ထုတ်ပြလိုက်ပြီး သူမ ခန့်မှန်းသော စာလုံးများမှာ မှန်မမှန် အတည်ပြုလိုက်၏။

ချန်လဲ့ တချက်ကြည့်လိုက်ပြီး”ဒါက Holiday Hotel ပဲ၊ ဒီနားမှာတင် ရှိတာပဲ၊ လမ်းပြပေးမယ်လေ”

တိုက်ဆိုင်စွာ ကုန်းချင်းယောင်သည်လည်း ဟိုတယ်သို့ သွားရာလမ်းအား မသိပေ။ ထို့ကြောင့် သဘောတူလိုက်ပြီး”ကျေးဇူးတင်ပါတယ်”

ဆယ်မိနစ်မျှကြာပြီးနောက် ဟိုတယ်သို့ရောက်လာကာ ကုန်းချင်းယောင် ဧည့်ကြိုကောင်တာမှ လူများထံသို့ အခန်းဘယ်မှာရှိမှန်း မေးမြန်းလိုက်ပြီးနောက် အားလပ်နေသော ဝိတ်တာလေးသည် သူမအား အခန်းသို့ ခေါ်လာပေးလေသည်။ သူမ အခန်းသို့ရောက်သည်နှင့် တံခါးအားဖွင့်ပေးပြီး”မင်္ဂလာညချမ်းပါ”

တံခါးသော့၌ ကတ်ထည့်လိုက်သည်နှင့် အခန်းထဲမှ မီးများ ပွင့်လာသည်။ ကုန်းချင်ယောင် ဒီနေ့ သူမ သတင်းအချက်အလတ် တော်တော်များများ ရလိုက်ကြောင်း ခံစားရလေသည်။

တံခါး၏ညာဘက်၌ ကိုယ်လုံးပေါ်မှန်ရှိပြီး ရှေးကြေးမုံမှန်များထက် ပို၍ ကြည့်ရသည်မှာ ရှင်းလင်းနေပေသည်။ ကုန်းချင်းယောင်သည် ပိုပိန်သွားကာ မှန်ထဲသို့ ကြည့်လိုက်သောအခါ မူလကိုယ်၏ မိဘနေရာသည် မှန်ထဲ၌ တောက်ပနေပြီး မိဘနေရာသည် ရှည်လျား၍ လုံးဝန်းနေသည်။ ဤသည်မှာ မိဘများသည် အသက်ရှင်လျက်ရှိနေပြီး သူမ ဘဝသည် ကြွယ်ဝပြီး ကောင်းမွန်သည်ကို ပြသနေပေသည်။ ဤကောင်းမွန်သော မျက်နှာ၏ ကံကြမ္မာမှာတော့ ဆိုးဝါးနေကာ ကုန်းချင်းယောင် မျက်လုံးများ အနည်းငယ် အေးစက်လာလေသည်။ ဤသည်မှာ တစ်ယောက်ယောက်မှ သူမ၏ကံကြမ္မာအား ပြောင်းလဲခဲ့မှန်း သေချာနေလေသည်။

ဂီတသံတသံသည် ကုန်းချင်းယောင်၏အတွေးတို့အား ပြတ်တောက်သွားစေသည်။ ခဏမျှကြာပြီးနောက် အသံသည် သူမအိတ်ထဲမှ လာမှန်း ရှာ‌တွေ့သွားလေတော့သည်။ အိတ်ထဲမှ ဖုန်းအား ထုတ်ယူပြီးနောက် ဖုန်းပေါ်၌ အိုက်ရှောင်းယွင် ဟု ရေးထားမှန်း တွေ့လိုက်ရ၏။ ဤသည်မှာ သူမ၏အေးဂျင့်မှန်း မူလကိုယ်မှ ပြောပြပေးခဲ့သည်။ အနုပညာလောကထဲ လျှောက်လှမ်းရန် စိတ်ချရသော အေးဂျင့်လိုကြောင်းလည်း ပြောပြခဲ့ပေသည်။

ကုန်းချင်းယောင် ဖုန်းမျက်နှာပြင်အား ထိလိုက်၍ ဖုန်းပြန်ဖြေလိုက်သောအခါ တဖက်မှ အော်ဟစ်လာလေသည်။

“ကုန်းချင်းယောင် ဘာတွေလုပ်နေတာလဲ၊ ငါ့ဖုန်းကို ဘာလို့အခုမှ ပြန်ဖြေတာလဲ”

သူမ စကားပြန်မပြောမိပေ။ သူမသည်လည်း ဖုန်းကဲ့သို့ အသံကို ပို့လွှတ်နိုင်ပါသော်လည်း ထိုနည်းလမ်းသည် သတ်မှတ်ထားသော အကွာအဝေး၌သာ အလုပ်ဖြစ်ပေသည်။

အိုက်ရှောင်းယွင်သည် ကုန်းချင်းယောင်ဘက်မှ ပြန်မဖြေသည်ကို ဂရုမစိုက်ဘဲ”R မြို့မှာ Reality Show အတွက် ဆွေးနွေးဖို့ ၂ရက်အ‌တွင်းရှိတယ်၊ ကျေးဇူးပြုပြီး ကောင်းကောင်းပြင်ဆင်ထားလိုက်”

“Reality Show”ကုန်းချင်းယောင် စကားပြန်ပြောလိုက်ပြီဖြစ်သော်လည်း ‘ reality show ‘ မှာ ဘာမှန်း သူမ မသိပေ။

အိုက်ရှောင်းယွင်မှ မေးလိုက်၏။”ကောင်းပြီ ရိုက်ကူးရေးကလဲ ၁ပတ်အတွင်း စလိမ့်မယ်၊ အခုဘယ်မှာလဲ ဇာတ်ညွှန်းပို့ပေးလိုက်မယ်”

ကုန်းချင်းယောင် ရဲစခန်းနှင့် ဟိုတယ်သည် S မြို့တွင် ရှိသည်ကို သတိရသွားပြီး “S မြို့မှာ”

“Sမြို့!!! နင် Sမြို့ကို ဘယ်လိုရောက်သွားတာလဲ” အိုက်ရှောင်းယွင် တတွတ်တွတ်‌ ပြောဆိုလာပြီး “ကောင်းပြီ နင် S မြို့မှာ စောင့်နေလိုက်၊ ငါလဲ S မြို့ကို အလုပ်ကိစ္စနဲ့လာရမှာ၊ မနက်ဖြန်မှာ ဇာတ်ညွှန်းလားပေးလိုက်မယ်”

“ကောင်းပြီလေ” ကုန်းချင်းယောင် ဖုန်းချလိုက်ပြီး အခန်းအား လှည့်ပတ် ကြည့်ရှုလိုက်သည်။ ဒီနေရာမှ ရှိသမျှအရာတိုင်းသည် သူမအတွက် သစ်ဆန်းနေသော်လည်း သူမသည် ပုံမှန်စိတ်ခံစားချက်များကို ထုတ်မပြတတ်ပေ။ အကယ်၍ လူတစ်ယောက်သာ ဘေးနားရှိလျှင် မျက်နှာသေနှင့် မိန်းကလေးတစ်ယောက်သည် အခန်းအား လှည့်ပတ်ကြည့်နေမည်ကိုသာ မြင်ရပေလိမ့်မည်။
3 04
သူမ အခန်းထောင့်၌ သေတ္တာတစ်ခုရှိသည်ကို ‌တွေ့သွား၏။ ကုန်းချင်းယောင် သေတ္တာနားသို့သွား၍ ဖွင့်လိုက်၏။ သေတ္တာ၏ အပေါ်တွင် လေးထောင့်အရာဝတ္တု ရှိလေသည်။ ကုန်းချင်းယောင် ထိုအရာအား စိမ်းသက်မနေပေ။ ဤအရာအား လက်ဆွဲကွန်ပျုတာဟု ခေါ်ကြောင်း ရဲစခန်းမှာသိခဲ့ရပြီ ဖြစ်၏။

ကုန်းချင်းယောင် ထိုသည်အားယူ၍ စားပွဲပေါ်သို့ တင်လိုက်၏။ အောက်တွင် အင်္ကျီများနှင့် ကတ်၂ကတ်အားတွေ့လိုက်ရ၏။ တစ်ကတ်မှာ ဘဏ်ကတ်ဖြစ်၏။ ကုန်းချင်းယောင် ပိုက်ဆံသုံးရန် မလိုသေး၍ ဘတ်ကတ်အား ဘေးသို့ချလိုက်၏။ တခြားကတ်မှာ ID card ဖြစ်ပြီး သူ့ကိုလည်း ဘေးသို့ချလိုက်သည်။

ဖုန်းသည် သေးလွန်း၍ လက်ဆွဲကွန်ပျူတာမှာ ပိုအဆင်ပြေလေသည်။ ထို့ကြောင့် ကုန်းချင်းယောင် လက်ဆွဲကွန်ပျူတာအား အရင်လေ့လာရန်ပြုလုပ်လိုက်၏။ ငါးမိနစ်ကြာပြီးနောက် ကွန်ပျူတာပွင့်လာပြီး နာရီဝက်ကျော်ကြာမှ သူမ ဖွင့်လို့ရသွားလေသည်။ တနာရီမျှကြာပြီးနောက် သူမ Browser ထဲဝင်၍ အကြောင်းအရာများကို ရှာဖွေတတ်နေပြီဖြစ်သည်။ သူမ ထို‌ည၌ ညည့်နက်တဲ့အထိ မအိပ်ခဲ့ရပေ။

နောက်တ‌နေ့ မနက်မိုးလင်းပြီးနောက် သူမ တရားထိုင်ကာ ချီစွမ်းအင်တို့အား စုစည်းရန် လေ့ကျင့်နေ၏။ သို့ပေမယ့် ဝမ်းနည်စရာကောင်းသည်မှာ တောင်ပေါ်မှ ချီစွမ်းအင်သည် နည်းပါးသည်ဆိုလျှင် ဟိုတယ်ထဲတွင်တော့ လုံးဝမရှိသလောက်ပင်။ နာရီဝက်မျှ တရားထိုင်ပြီးနောက် သူမ လက်လျော့လိုက်တော့၏။ ဤနေရာ၌ ဝိညာဉ်စွမအင်များ ရှိမနေပေ။

သူမ ဟိုတယ်မှ ဝန်ဆောင်မှုအနေနှင့်ကျွေးသော မနက်စာအား စားပြီးနောက် ပိုက်ဆံအနည်းငယ်ယူ၍ အပြင်ထွက်လာလေသည်။ သူမ ‌မနေ့က ကွန်ပျူတာကို သုံးကြည့်ပြီးနောက် ဖုန်းထဲတွင် မြေပုံကြည့်လို့ရမှန်း သိလာခဲ့လေသည်။

လမ်းညွှန်ချက်အတိုင်း သူမ စတိုးဆိုင် တစ်ဆိုင်သို့ ဝင်သွားလေသည်။ ထိုဆိုင်မှ အဝါရောင်စက္ကူနှင့် ပြဒါးရိုင်းတို့မှာ အရည်အသွေးညံ့၍ သူမ နောက်ထပ် ၂ဆိုင်သို့ ထပ်လည်ပတ်ကြည့်ရှုသော်လည်း ပထမဆိုင်လောက်ပင် သူတို့မှာ အရည်အသွေးကောင်းမနေပေ။ ဆိုင်ရှင်သည် သူတို့‌ဆိုင်မှ ပစ္စည်းများကို သူမ စိတ်တိုင်းမကျဘူးဆိုသည်ကို မြင်၍”ကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ အဝါရောင် စက္ကူနဲ့ ပြဒါးရိုင်းတွေ ရှိပါတယ်၊ လိုချင်ပါသလားခင်ဗျာ”

ကုန်းချင်းယောင် ခေါင်းအသာအယာ ညိတ်ပြလိုက်သည်။ ဆိုင်ရှင်သည် ဗီရို အပေါ်ဆုံးထပ်ရှိ သေတ္တာတလုံးထဲမှ စက္ကူတရွက်အား ယူလာပြီး”ဒီပစ္စည်းက မဆိုးပါဘူး၊ ကြည့်ကြည့်ပါဦး”

ကုန်းချင်းယောင် ကြည့်လိုက်သောအခါ စက္ကူ၏အရည်အသွေးမှာ မဆိုးသလို အကောင်းဆုံးလဲ ဟုတ်မနေပေ။”ဘယ်လောက်လဲ”

စတိုင်းဆိုင် ပိုင်ရှင်မှ”အားလုံး ယွမ်၅၀၀ပါ”

ကုန်းချင်းယောင် ငွေသား ၃၀၀သာ ပါခဲ့၍ ကျန်ငွေအား ဘဏ်ကတ်ဖြင့် ရှင်းလိုက်ရ၏။

စတိုင်းဆိုင်ပိုင်ရှင် ငွေလက်ခံယူလိုက်ပြီး”ဒါတွေကို အိမ်ကို ပို့ပေးဖို့လိုလား”

“မလိုပါဘူး”ကုန်းချင်းယောင် သေတ္တာအား မယူလိုက်ပြီး ဆိုင်မှ ထွက်လာတော့၏။

စတိုးဆိုင်ပိုင်ရှင်”ဒါကျွန်တော့်ရဲ့ လိပ်စာကတ်ပါ၊ ဒါက ထောင်ပေါင်အကောင့် ( Taobao Account)ပါ၊ နောက်တစ်ခါ ဝယ်ချင်ရင် လိုင်းပေါ်ကနေဝယ်လို့ရပါတယ်၊ လျော့ဈေးပေးပါ့မယ်”

ကုန်းချင်းယောင် လိပ်စာကတ်အားယူ၍ ဆိုင်မှ ထွက်လာခဲ့လိုက်၏။ သူမ ဘာမှမစီးဘဲ လမ်းလျှောက်၍သာ ပြန်လာခဲ့လိုက်သည်။ မြို့မှာ သိပ်မကြီးသော်လည်း သူမ ဟိုတယ်ကို ပြန်ရောက်သောအခါ ညနေပင် စောင်းနေပေပြီ။ သူမ ရောက်လာတာမြင်သည်နှင့် ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမိန်းက‌လေးသည်”ကုန်းမမလေး အခန်းကို ဒီနေ့အတွက် သတ်တမ်းတိုးချင်ပါသလား”

“တိုးမယ်”ဖြေပြီးသည်နှင့် သေတ္တာအား သယ်ကာ သူမ လှေကားမှ တက်သွားဟန်ပြင်လေသည်။

ထိုအခါ ဧည့်ကြိုမိန်းကလေးမှ”အာ့တာဆိုရင် ငွေလေးရှင်းပေးပါဦးရှင့်”

“ကောင်းပြီလေ”

သူမ သေတ္တာအား ကောင်တာပေါ်၌ ချလိုက်ပြီး ဘဏ်ကတ်အား ထုတ်ပေးလိုက်သည်။

ဧည့်ကြိုမိန်းကလေးမှ ယူလိုက်ပြီးနောက် ခေါင်းခါလျက်”စိတ်မကောင်းပါဘူး၊ ကုန်းမမလေး ကတ်ထဲက ပိုက်ဆံက အခန်းခပေးဖို့ မလုံလောက်ပါဘူး”

စာရေးသူမှ ပြောစရာရှိပါတယ်။

ကုန်းချင်းယောင် : ဒါ ဘာအဓိပ္ပါယ်လဲ ပြောတော့ ကြက်ခြေထောက်ထည့်ပေးမယ်ဆို အခုတော့ ဟိုတယ်အခန်းထဲမှာတောင် မနေရဘူးလား။

အားချီ : ဒါက စီစဉ်ထားတဲ့ ဇာတ်ကွက်မလို့ပါ။

တရုတ်တွေရဲ့ လူ့မျက်နှာကိုကြည့်ပြီး ဗေဒင်ဖတ်ပုံ ၊ မျက်နှာဖတ်ခြင်းပုံ

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset