MMMQ

အပိုင်း (၁)

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁

တည်ငြိမ်နေသော ရေကန်သည် ရေပူပေါင်းများ ထလာပြီး ရေပွက်အဖြစ်ပြောင်းလာကာ ပို၍ကြီးမားလာသည်မှာ တစုံတခု ရေကန်ထဲမှ ထွက်ပေါ်လာမယောင်ပင်။ သေချာကြည့်လိုက်လျှင် ဝတ်စုံအဖြူဝတ်ထားသော မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်ပင်။

ကုန်းချင်းယောင်သည် မောပန်းနေပြီး သူမ၏နောက်ဆုံးခွန်အားကိုသုံး၍ ကမ်းစပ်သို့ ကုတ်တွယ် တက်လာ၏။ ထို့နောက်တင်ပျဉ်ခွေကာ တရားထိုင်လိုက်၏။

ဒီခန္ဓာကိုယ်က အားနည်းလိုက်တာ။

ဟုတ်ပါသည်။ ဤခန္ဓာကိုယ်သည် သူမ၏ခန္ဓာကိုယ် မဟုတ်ပေ။ ထိုအချိန်၌ သူမ၏ရန်သူအား တောင်ကုန်းပေါ်၌ တိုက်ခိုက်နေစဉ် ရန်သူအား အနိုင်ယူနိုင်ခဲ့သည်။ သို့ပေမယ့် သူမသည်လည်း အရိုက်ခံလိုက်ရကာ ပင်လယ်၏အောက်ခြေအထိ ပြုတ်ကျ နစ်မြှုပ်သွားခဲ့ရသည်။ ကျောက်စိမ်းလက်ကောက်နှင့် သူမ ဝတ်ဆင်ထားသော မှောင်အစွမ်းထက် အရာဝတ္တုများနှင့် သူမ၏မူလအခြေခံသည် ထိုအချိန်၌ ကျိုးကြေသွားခဲ့၏။ သူမ၏ဝိဉာဉ်အနည်းငယ်သည် ထိုကျောက်စိမ်းလက်ကောက်ထဲ၌ ချိတ်ပိတ်ခံထားရပြီး ပင်လယ်ကြမ်းပြင်သို့ နစ်မြှုပ်သွားခဲ့၏။

အချိန်အတန်ကြာပြီးနောက် ကုန်းချင်းယောင် နိုးထလာသောအခါ သူမ၏ဝိဉာဉ်မှာ ကွယ်ပျောက်လုနီးပါးပင်။ သူမသာ ချိတ်အား မချိုးဖြတ်နိုင်လျှင် သင့်တော်သော ခန္ဓာကိုယ်အား ရှာမတွေ့လျှင် သူမဝိဉာဉ်အား ဆုံးရှုံးရပြီး ၃လောကမှ ပျောက်ကွယ်သွားရ‌တော့မည်ဖြစ်၏။

မမျှော်လင့်ဘဲနှင့် တစ်ယောက်ယောက်သည် ကျောက်စိမ်းလက်ကောက်အား အပိုင်းပိုင်းချိုးဖြတ်မိပြီးနောက် ကုန်း‌ချင်းယောင်၏ဝိဉာဉ်အား လွတ်လပ်သွားစေ၏။ ထိုမိန်းကလေးသည်လည်း ကုန်းချင်းယောင်(မူလကိုယ်) ဟုပဲ နာမည်ရှိကာ နောက်ဆုံး နာမည်တစ်လုံးသည် အသံထွက်တူ၏။ ထိုမိန်းကလေး ကုန်းချင်းယောင်( မူလကိုယ်) သည် တောင်ပေါ်၌ ကစားနေလျက်မှ ရေကန်ထဲသို့ မတော်တဆ ပြုတ်ကျလာပြီး ရေနစ်သွားခဲ့၍ ကုန်းချင်းယောင်(ဇာတ်လိုက်)၏ ချိပ်အား ချိုးဖြတ်လိုက်မိသည်။

(ဇာတ်လိုက် ကုန်းချင်းယောင်နဲ့ မူလကိုယ် ကုန်းချင်းယောင်က နောက်ဆုံးနာမည်က အသံထွက်တူပြီး အဓိပ္ပါယ်မတူတာပါ၊ ဇာတ်လိုက်မရဲ့နာမည် ယောင်ဆိုတာက မြေကြီးနဲ့ ၈ထောင့်အင်းထဲမှ ချိုးဖြတ်ထားသော မျဉ်းကြောင်းလို့ အဓိပ္ပါယ်ရပြီး မူလကိုယ်ရဲ့နာမည် ယောင်က အဖိုးတန်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။)

ထိုမိန်းမငယ်လေးသည် ကျောက်စိမ်းလက်ကောက်ထဲ၌ ရှိသော ဝိညာဉ်သည် သူမ၏ကိုယ်အား အသုံးပြုချင်သောအခါ ရက်ရက်ရောရော သဘောတူလာသည်။ ထိုမိန်းကလေး နောက်ဘဝသို့ ပြန်လည်မဝင်စားခင် သူမဘာလိုချင်မှန်း ကုန်း‌ချင်းယောင် မေးလိုက်၏။

ထိုမိန်းကလေးသည် သူမဘဝ၌ ရုပ်ရှင်ဘုရင်မဟူသော ‌ကျော်ကြားမှုအား မရရှိခဲ့ပေ။ ကုန်းချင်းယောင်မှ သူမအား ထိုကျော်ကြားမှုကို ရယူပေးမည်ဟု ကတိပြုလိုက်၏။

ထိုအခါ ပျော်ရွှင်သွားသော မိန်းကလေးသည် သူမ၏အခြေအနေနှင့် ရုပ်ရှင်လောက အကြောင်းအား ကုန်းချင်းယောင်သို့ ရှင်းပြလာသည်။ သို့ပေမယ့် သူမပြန်လည်ဝင်စားမည့်အချိန်သည် သူမစကားပြောမပြီးခင် ရောက်လာ၍ ကုန်းချင်းယောင်သည်လည်း သူမကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလိုက်ရတော့သည်။

ကမ်းစပ်သို့ တွယ်တက်ပြီးနောက် ကုန်းချင်းယောင်(ဇာတ်လိုက်)သည် အားအနည်းငယ် ပြန်ပြည့်လာ၏။ သူမ ဝိညာဉ်ကူးပြောင်းလိုက်သော မူလကိုယ်၏ ဘဝဇာတ်ကြောင်းအား ကြည့်ရှုလိုက်ပြီး မူလကိုယ်အား ကောင်းမွန်သောဘဝ၌ ပြန်လည်မွေးဖွားရန် ဆုတောင်းပေးလိုက်သည်။ မူလ၌ သူမ ရုပ်ရှင်ဘုရင်မအကြောင်း မသိသော်လည်း မူလကိုယ်သည် သူမအား ရှင်းလင်းပြပေးသွား၍ ရုပ်ရှင်ဘုရင်မသည် ပြဇာတ်သရုပ်ဆောင်နှင့် ဆင်တူသည်ဟု သူမသိရ၏။

သူမသည် ရုပ်လွန်ပညာသည်သာဖြစ်ပြီး သရုပ်ဆောင်နိုင်ရန်မှာ အလွန်ခဲယဉ်းလှပေသည်။ ကုန်းချင်းယောင် တဖြည်းဖြည်းချင်း အချိန်ယူရန် ဆုံးဖြတ်ထား၏။ ရုပ်ရှင်ဘုရင်မ၏ဂုဏ်ပုဒ်အား သူမရယူနိုင်ရမည်။

သူမ ရှိခဲ့သောအချိန်မှစ၍ ယခုအချိန်အထိ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပြီးဖြစ်၏။ သူမ နစ်မြှုပ်ခဲ့သော ပင်လယ်ပင် ရေကန် ဖြစ်လာလေပြီ။ ကုန်းချင်းယောင်အား ဝမ်းနည်းစေသည်မှာ သူမ၏ ကောင်းကင်နှင့် မြေပြင်ကြားမှ ချီးမြင့်ပေးခြင်း ခံရသော စိတ်စွမ်းအင်သည် တဖြည်းဖြည်း လျော့နည်းလာခြင်းပင်။ ဤသည်မှာ ရုပ်လွန်ပညာသည်များအတွက် ကောင်းသောအရာမဟုတ်ပေ။

ကုန်းချင်းယောင် သက်ပြင်းချ၍ တရားထိုင်မည်အပြုတွင် ငိုသံအား ကြားလိုက်ရ၏။ သူမ ငိုသံအား လျစ်လျူရှုရန် ကြံစည်ထားသော်လည်း ငိုသံသည် သူမနှင့် ပို၍ ပို၍နီးကပ်လာ၏။ ကုန်းချင်းယောင် ထိုလူများအား ကြည့်လိုက်မိသည်။

မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်၊ ယောက်ျားလေးသည် အသက်၂၀ကျော်သာရှိသေးပြီး အမျိုးသမီးသည် လူလတ်ပိုင်းလောက်ရှိပြီ ဖြစ်၏။ မျက်နှာပေါ်မူတည်၍ ဆုံးဖြတ်ရလျှင် သူတို့၂ယောက်သည် အချင်းချင်း ဆက်နွယ်မှု မရှိကြပေ။

ကုန်းချင်းယောင် သူမကိုမြင်၍ အော်ဟစ်လိုက်သော အမျိုးသမီးထံသို့ ကြည့်လိုက်၏။ ထိုအမျိုးသမီးသည် ဤနေရာ၌ တစ်ယောက်ယောက်အား တွေ့ရရန် မျှော်မှန်းမထားချေ။ အမျိုးသမီးသည် သူမအား “ဖြတ်ပြေးသွားတဲ့ ကလေးတစ်ယောက်ကိုများ တွေ့မိသေးလား”
1 02
ထိုအမျိုးသမီးသည် သူမအား လက်ဟန်ခြေဟန်ပြ၍ မေးမြန်းလာ၏။

အမျိုးသမီး:”အရပ်က ဒီလောက်ရှည်ပြီး အပြာရောင်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီ ဝတ်ထားပါတယ်”

“မ‌တွေ့မိပါဘူး”ကုန်းချင်းယောင်သည် မူလကိုယ်ကိုသာ မြင်ခဲ့ရသေးသည်။

အမျိုးသမီးသည် မျက်ရည်များကျလာကာ ထပ်မံငိုကြွေးလာပြီး”ငါ့ရဲ့သနားစရာ အားယီလေး၊ မင်းဘယ်မှာလဲ”

ကုန်းချင်းယောင် အသာအယာ မျက်မှောင်ကြုတ်လိုက်၏။ သူမ အမျိုးသမီးမျက်နှာအား ကြည့်လိုက်သောအခါ သူမ၏ကလေးနေရာသည် ကြွယ်ဝနေပြီး သူမ၏ကလေးများသည် ယခု အဆင်ပြေပြေ ရှိနေသည်ဟူသော အနေအထားပင်။ သို့ပေမယ့် အငယ်ဆုံးကလေးသည် ဆယ်ကျော်သက်ပင် ဖြစ်နေပြီး သူမ ယခုလိုက်ရှာနေသော ကလေးပုံစံနှင့် ကိုက်ညီမှုမရှိပေ။ ကုန်းချင်းယောင် ခေါင်းမော့လာပြီး”ကလေးနဲ့က ဘယ်လို ပက်သတ်တာလဲ”

အမျိုးသမီးသည် သူမဘာကြောင့် မေးမှန်းမသိ၍ ခေတ္တမျှ တန့်သွားပြီးနောက်”ကျွန်မ ထိန်းပေးနေရတဲ့ ကလေးပါ”

ကလေးထိန်း??? ကုန်းချင်းယောင် ထိုအဓိပ္ပါယ်အား မသိ၍ အနည်းငယ် ကြောင်အသွား၏။

ယောက်ျားလေးမှ”ရှောင်းယီက ငါ့ရဲ့ညီလေးပါ၊ ပုံမှန်မဟုတ်တဲ့ အသံများ ဒီနားမှာ ကြားမိသေးလား”ဤအမျိုးသမီးသည် ဤနေရာ၌ ရှိနေသည်မှာ အချိန်အနည်းငယ် ကြာလောက်ပြီဖြစ်ပြီး အသံတစ်ခုခုတော့ ကြားလောက်ရမည်။

ကုန်းချင်းယောင် ခေါင်းရမ်းပြလိုက်၏။

ယောက်ျားလေး၏မျက်လုံးများမှာ ထုံထိုင်းသွားပြီး စကားထပ်ပြောမည်မပြုတွင် ကုန်းချင်းယောင်မှ”ရှင့်မှာ ညီလေးမရှိပါဘူး၊ အစ်ကိုတစ်၁ယောက်ပဲ ရှိတာပါ”

ယောက်ျားလေးသည် ထိုသို့ကြားသောအခါ မျက်လုံးများထဲမှ ထေ့ငေါ့ဟန်ပြလာသည်။

အမျိုးသမီးသည် အံဩသွားပြီး”ရှင်က ဆရာသခင်လား၊ အရမ်းမှန်တာပဲ”

ကုန်းချင်းယောင် အသာအယာ ခေါင်းညိတ်ပြလိုက်၏။ သူမရှေ့မှ လူ၂ယောက်သည် ဘာထပ်ပြောရမှန်းမသိတော့၍ လေထုမှ ကို့ရိုကားယားနိုင်လာ၏။

ယောက်ျားလေးသည် လက်ထောင်ပြလာပြီး”ဆရာသခင် ကလေးဘယ်နားမှာ ရှိလောက်မလဲဆိုတာ ကူပြီး တွက်ချက်ပေးလို့ရမလား”

သူမသည် ဆရာသခင်ဖြစ်ပြီး ထိုယောက်ျားလေးထံမှ တလေးတစားပြောဆိုသည်ကို မကြားရပေမယ့် ကလေးပျောက်ဆုံးနေ၍ ကြောက်ရွှံ့သောကြောင့် ဖြစ်မှာပါဟု တွေးလိုက်ပြီး ဘာမှမပြောတော့ဘဲနှင့်”အက္ခရာ၈ခု”

(မွေးဖွားစဉ်မှ အက္ခရာ၈ခုသည် ဗေဒင်ဟောရာ၌သုံးကြပါသည်)

အမျိုးသမီးမှ ပြောတော့မည်အပြုတွင် အမျိုးသားထံမှ နံပါတ်အစဉ်လိုက်တစ်ခု ဦးအောင်ပြောလာ၏။

ကုန်းချင်းယောက်သည် ဘယ်ဘက်လက်အား ဆန့်ထုတ်လိုက်၏။ သူမနေခဲ့သော အချိန်နှင့် မတူညီဘူးဆိုလျှင်တောင် ခုနှစ်သက္ကရာဇ်တို့အား အလျင်အမြန်တွက်နိုင်သေးပေသည်။ ခဏမျှ ကြာပြီးနောက် သူမ ယောက်ျားလေးအား ပြန်ကြည့်လိုက်ပြီး”အက္ခရာက လွဲနေတယ်”

ယောက်ျားလေးမှာ အံ့ဩမှင်တက်သွား၏။ သို့ပေမယ့် အမျိုးသမီးမှ”ရှင်က တကယ့်ဆရာသခင်ပဲ”ဟု မှတ်ချက်ပြု၍ နံပါတ်အမှန်အား‌ ပြောပြလေသည်။

အတိတ်တုန်းကဆိုလျှင် ထိုနှစ်ယောက်ကို သူမလုံးဝ ဂရုစိုက်မည် မဟုတ်သော်လည်း ယခုအခါ သူတို့သည် စိုးရိမ်ပူပန်နေကြသည်ကို ကြည့်၍ သူမ လက်ဆန့်ထုတ်ကာ လက်မနှင့် လက်ချောင်းများကို တို့လိုက်၏။ ယခုလက်ရှိကလေး၏ အခြေအနေသည် ကောင်းမနေပေ။ ထို့ကြောင့် သူမ အလျင်အမြန်”မြန်မြန် အရှေ့တောင်ဘက်ကိုသွား”

“ကျေးဇူးတင်ပါတယ်” အမျိုးသမီးမှ လျင်မြန်စွာ ပြောလာပြီးနောက် ဘေးနားရှိ ယောက်ျားလေးအား ကြည့်လိုက်သည်။

သူသည် ကုန်းချင်းယောင် မည်သို့တွက်လိုက်သည်မသိဘဲနှင့် တခဏချင်း နေရာအတိအကျအား သိရသည်က အနီးအနား၌ လှည့်ပတ်နေရသည်ထက် ပိုကောင်းမှန်းသိပေသည်။ ကုန်းချင်းယောင်၏ ယခုမှ ပြောဆိုခဲ့သော လေသံအားကြည့်၍ ယောက်ျားလေးသည် ခေါင်းညိတ်လာပြီး”ကျေးဇူးတင်ပါတယ်” ဟုပြောလာသည်။

သူသည် ကျေးဇူးတင်ပြီးသည်နှင့် အရှေ့တောင်ဘက်သို့ ထွက်သွားတော့၏။ သူ့နောက်မှ အမျိုးသမီးသည်လည်း လိုက်ပါသွားသည်။

ကုန်းချင်းယောင် သူမ၏ကိုယ်နေဟန်ထားအား ပြင်လိုက်ပြီး ဆက်လက်၍ တရားထိုင်နေလိုက်သည်။ ဤနေရာမှ စိတ်စွမ်းအင်သည် နည်းပါနေပေမယ့် မူလကိုယ်မှ ထိုစွမ်းအင်တို့အား လျှင်မြန်စွာ စုပ်ယူနိုင်သောကြောင့် သူမ အံ့ဩသွားရ၏။ ပြီးနောက် အသက်ရူသွင်း ရူထုတ်လျက် ဘေးနားရှိ စိတ်စွမ်းအင်များအား သန့်ရှင်းအောင် စုပ်ယူလိုက်၏။
1 03
မှောင်လာပြီးနောက် ကုန်း‌ချင်းယောင် မျက်လုံးများ ပြန်ပွင့်လာသည်။ သူမသည် ခံစားရလွယ်သူ မဟုတ်သော်လည်း သူမမျက်လုံးတွင် အံ့ဩနေမှုများ ပြသလာဆဲပင်။ သူမ ချီစွမ်းအင်ရရန် ဘယ်လို လေ့ကျင့်ရမှန်းသိပေမယ့် ဒီလောက် မြန်မြန်ရလာမည်ဟု မထင်ထားပေ။ ဤနေရာသည် အတိတ်ကနေရာဖြစ်နေလျှင်တောင် စိတ်စွမ်းအင်များ ပေါများဆဲနေရာ ဖြစ်နေလျှင်တောင်မှ ပါရမီထူးသော ပုဂ္ဂိုလ်များပင် နေ့တဝက်မျှလောက်ဖြင့် ဤမျှလောက် မြန်မြန်ဆန်ဆန် ထိုးဖောက်နိုင်မည် မဟုတ်ပေ။

မှန်ပေသည်။ ဒီနေ့အ‌တွင်း ကုန်းချင်းယောင်သည် များသောအားဖြင့် တရားထိုင်နေလျက် ချီ‌ကျင့်ကြံခြင်းအလွှာအား ချိုးဖောက်ပြီးဖြစ်သလို ခန္ဓာကိုယ်မှ ကြွက်သားများနှင့် အရိုးများကို အားဖြည့်တင်းပြီး‌နောက် မူလကိုယ်၏နောက်ကျိနေသော ချီများအား ဖယ်ရှားလိုက်နိုင်သည်။ သူမ ထရပ်၍ ရေကန်ဘေးသို့ လမ်းလျှောက်လာပြီး ရေကန်၌ ပုံရိပ်ထင်နေသော သူမကိုယ်သူမ စိုက်ကြည့်လိုက်၏။ ကုန်းချင်းယောင် အသက်ပြင်းပြင်းရူလျက် ဘာလို့အမျိုးသမီးကြီး အော်ဟစ်မိမှန်း အခုမှသိလေသည်။

မူလကိုယ်သည် ဒီနေ့ မိတ်ကပ်အထူကြိး ဝတ်ထားတာဖြစ်၏။ ရေကန်ထဲသို့ကျ၍ ‌ရေများဖြင့်ထိ‌တွေ့ပြီးနောက် မိတ်ကပ်သည် မျက်နှာပြင်အနှံ့ပျံ့ကုန်ပြီး eye-shadow သည် မျက်လုံးအနှံ့ လက်ဖဝါးမျှ အနက်ရောင်ကွင်းနေပြီး နှုတ်ခမ်းနီသည်လည်း နှုတ်ခမ်းတဝိုက် အနီရဲရဲပျံ့နှံ့နေ၍ အနည်းငယ်ကြောက်စရာကောင်းနေပေသည်။ သူမက ဆရာသခင်ပါဟု ပြောသည်ကို ထို၂ယောက် ဘာလို့မယုံမှန်း ယခုမှသိရတော့သည်။

ကုန်းချင်းယောင် ရေကန်ဘေး၌ထိုင်ပြီး မိတ်ကပ်များကို တဖြည်းဖြည်းဆေးကြောလိုက်၏။ သူမရှေ့ရှိ ရေကန်မှရေများသည် အနက်ရောက်သို့ ပြောင်းသွားကာ ပြန်ကြည်လာဖို့ပင် အချိန်အနည်းငယ်ကြာသွားလေသည်။ ကုန်းချင်းယောင် သူမ၏မျက်နှာအား မြင်လိုက်ရသောအခါ အနည်းငယ် သံသယဝင်လာ၏။ သူမ၏အရင်မျက်နှာသည် မူလကိုယ်နှင့် အနည်းငယ်သာကွာခြားသည်။ သို့ပေမယ့် အဘယ်ကြောင့်ဆိုသည်အား စဉ်းစားရမည့် အချိန်မဟုတ်ပေ။

ကုန်းချင်းယောင်၏ အစာအိမ်မှာ အသံမြည်လာ၏။ အရင်က ရက်အတန်ကြာ ဘာမှမစားလျှင်တောင်ရသည့် အချိန်အား ပြန်၍လွမ်းလာသည်။ သူမ အင်္ကျီစအနည်းငယ်ကို ဆွဲဆုတ်လိုက်ပြီး လက်ချောင်းကို ကိုက်ကာ အဝတ်ပေါ်၌ မန္တန်များကို ရေးဆွဲလိုက်သည်။ ပြဒါးသည် မန္တန်များ ရေးဆွဲရန် အကောင်းဆုံးဖြစ်သော်လည်း ယခုအချိန်၌ သူမတွင် ရှိမနေသောကြောင့် သူမ၏ကိုယ်ပိုင်သွေးသည်သာ အကောင်းဆုံးဖြစ်သည်။

ဤကိုယ်သည် ချီကျင့်ကြံရာ၌ ပထမအဆင့်သာ ထိုးဖောက်နိုင်သေးသော်လည်း အနှစ်သာရပြည့်ဝနေပြီး အဆောင်လက်ဖွဲ့ ဆွဲပြီးသွားသော် အာနိသင်မှာ မဆိုးလှပေ။

“အောင်မြင်ပြီ” ကုန်းချင်းယောင် ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ အဝတ်စပေါ်မှ သွေးသည် ချက်ချင်းခြောက်သွေ့သွားကာ အဝါရောင်ဖျော့ဖျော့ လင်းလက်လာ၏။ ဤအသက်ကယ်အဆောင်အား ရေးဆွဲပြီးနောက် ကုန်းချင်းယောင်၏ ခွန်အားများ အတော်ကုန်ဆုံးသွားရ၏။ သူမ ယခုမှ ပို၍ပင် ‌ဗိုက်ဆာလာသည်။ သူမ အဆောင်လက်ဖွဲ့များကို စုစည်းလိုက်ပြီး သစ်တောထဲသို့ လမ်းလျှောက်သွား၏။

ရေကန်သည် သစ်တောများ ဝန်းရံထား၏။ သူမ မူလကိုယ် ပြောပြထား၍ ဤသည်မှာ တောင်ဖြစ်နေမှန်းသိ၏။ သူမ ထွက်လာပြီးနောက် အနံတစ်ခုရ၍ ထိုနေရာသို့ လမ်းလျှောက်သွား၏။ အဝေးမှ ငယ်ရွယ်၍ လှပသော မိန်းကလေးတစ်ယောက်သည် ပြဿနာတစ်ခုကို စဉ်းစားနေသလို မျက်မှောင်ကြုတ်နေပြီး မုန့်တစ်ခုကိုကိုင်ကာ ရပ်နေသည်ကို တွေ့လိုက်ရ၏။ အနံမှာလည်း ထိုမုန့်ထံမှဖြစ်၏။

မိန်းကလေးသည် ရုတ်တရပ်ရောက်လာသော ကုန်းချင်းယောင်ကြောင့် ထိတ်လန့်သွားသည်။ ကုန်းချင်းယောင် သူမလက်ထဲမှ မုန့်ကိုကြည့်၍ ဗိုက်ပိုဆာလာလေသည်။

ခဏမျှကြာပြီးနောက် မိန်းကလေးမှ “မင်းက အစ်ကိုကြီးရှန်ရဲ့ သူငယ်ချင်းလား”

ကုန်းချင်းယောင် အစ်ကိုကြီးရှန်အား မည်သူမှန်း မသိ၍ သံသယအနည်းငယ် ဝင်လာသော်လည်း ထိုမိန်းကလေး လက်ထဲမှ မုန့်အား စိုက်ကြည့်နေဆဲဖြစ်သည်။

မိန်းကလေးသည် သူမအကြည့်အား နားလည်သွားပြီး မုန့်အား ချက်ချင်းသူမလက်ထဲသို့ ထည့်ပေးလိုက်၏။

ကုန်းချင်းယောင် ထိုအမျိုးသမီးအား ကြည့်လိုက်သောအခါ မြင်ကွင်းအနည်းအား မြင်လိုက်ရ၏။ သူမရှေ့မှ မိန်းကလေးသည် နေရာတစ်ခု၌ရှိနေပြီး ယောက်ျားလေးတစ်ယောက်သည် သူမအား ဖက်လိုက်ပြီး လှေကားမှ အတူတူ ပြုတ်ကျသွားသည်ကို မြင်လိုက်ရ၏။ ကုန်းချင်းယောင် ထိုမြင့်မားသော အဆောက်အဦးအား ကြည့်လိုက်ပြီး အံ့ဩသွားရ၏။ သူမ ကမ္ဘာကြီးအား နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် ဤမျှအထိ စိမ်းသက်သွားမည်မှန်း မမျှော်လင့်ထားပေ။
1 04
ကုန်းချင်းယောင် ဘာမှမတုန့်ပြန်သည်အား မြင်၍ ထိုမိန်းကလေးမှ “ငါ မစားရသေးဘူး”

ကုန်းချင်းယောင် ထိတ်လန့်နေဆဲဖြစ်ပြီး အမျိုးသမီးအား အရေးမလုပ်မိပေ။ အခြားတဖက်၌ သူမသည် မြင့်မားသော အဆောက်အဦးများ မြင်ရခြင်းမှာ သူမ ကောင်းကင်မျက်လုံးအား ဖွင့်လိုက်မိ၍ ဖြစ်၏။ မမျှော်လင့်ဘဲ ဤခန္ဓာကိုယ်သည် ချီကျင့်ကြံခြင်း ပထမအဆင့်မှာပင် ကောင်းကင်မျက်လုံးအား ဖွင့်လှစ်နိုင်သွား၏။ ပထမဆုံး စိတ်စွမ်းအင်အား အလျင်အမြန် ဖြည့်နိုင်ပြီး ယခုတော့ ကောင်းကင်မျက်လုံးပါ ပွင့်လာလေပြီ။ လူအများစုသည် တဘဝလုံး ကျင့်ကြံလျှင်တောင် ကောင်းကင်မျက်လုံးအား မဖွင့်နိုင်သွားကြပေ။ ဤသည်မှာ လွယ်ကူသောအရာ မဟုတ်ပေ။

ကုန်းချင်းယောင် မုန့်အား မယူသေး၍ မိန်းက‌လေးသည် တွေးတောလိုက်ပြီး”ငါ ဗိုက်မဆာသေးပါဘူး၊ ပြီးတော့ ဒီသိုးသားက ပူနေသေးတယ်”

တောင်ထဲတွင် အသားကင်ဆိုင်ရှိပြီး အမျိုးသမီး ဤနေရာသို့ တခုခုကို စိတ်ပူ၍ ရောက်လာခြင်း ဖြစ်သည်။

ကုန်းချင်းယောင် အသိစိတ်ပြန်ဝင်လာပြီး သိုးသားအား ယူလိုက်ပြီး စ၍စားတော့သည်။ သူမရှေ့မှ မိန်းကလေးသည် ဘာမှမပြောဘဲ သူမစားသည်ကို ကြည့်နေလေသည်။

သိုးသားသည် အရသာအရမ်းကောင်းပြီး အသားမှာ အလွန်နူးညံ့လွန်းသည်။ ကုန်းချင်းယောင် တစ်ကိုက်ထဲနှင့် ပြောင်ရှင်းအောင် စားလိုက်ပြီး ခေါင်းမော့လာကာ “ကျေးဇူးတင်ပါတယ်”

“ရပါတယ်” မိန်းကလေးမှ “ထပ်လိုချင်သေးလား သွားယူပေးမယ်လေ”

သိုးသားတစ်ကင်စားပြီးနောက် ကုန်းချင်းယောင်သည် ဗိုက်ပြည့်သွား၍ ကွေ့ဝိုက်မနေတော့ဘဲ”နင်က ပြန်မွေးဖွားလာတာပဲ”သိုးသားစားနေစဉ် သူမသည် ထိုအမျိုးသမီး၏မျက်နှာ အစစ်အား မြင်ပြီးသွားပြီ ဖြစ်၏။ သူမသည် မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို ယူထားခြင်းပင်။ ထို့ကြောင့် သူမ ရှေ့မှ အမျိုးသမီးသည် ပြန်လည်မွေးဖွားလာတာ ဖြစ်ရမည်။

မိန်းကလေးသည် အချိန်အနည်းငယ် သူမအား မျက်လုံးတွင် သတိထားသော အကြည့်ဖြင့် ကြည့်နေ၏။ သို့ပေမယ့် ကုန်းချင်းယောင်သည် သူမအား ဂရုမစိုက်တော့ဘဲ “ရှင်က ချမ်းသာပါတယ်၊ ဒါပေမယ့် အရင်ဘဝကနဲ့တော့ ကွဲပြားနေလိမ့်မယ်”

ကုန်းချင်းယောင် အဆောင်လက်ဖွဲ့ အသစ်အား သူမလက်ထဲသို့ ထည့်ပေးလိုက်ပြီး”ဒါကို လုံခြုံအောင်လို့ ယူထားလိုက်”ကုန်းချင်းယောင် ထုတ်မပြောသည်မှာ ဤအဆောင်သည် အမျိုးသမီးအား အဆောက်အဦးပေါ်မှ ပြုတ်မကျရန် ကာကွယ်ပေးနိုင်သည် ဟုပင်။

မိန်းကလေးသည် အဆောင်အားယူ၍ ကိုယ်ပေါ်၌ သိမ်းလိုက်ပြီး “ကျေးဇူးတင်ပါတယ်”

“သိုးသားအတွက်လဲ ကျေးဇူးတင်ပါတယ်”

ကုန်းချင်းယောင် ထရပ်၍ နေရာမှ ထွက်သွား၏။

သူမ အနောက်မှ မိန်းကလေးသည် ပြောစရာစကားများ ရှိနေသော်လည်း မပြောဖြစ်ဘဲနှင့် နောက်ဆုံး၌ “ရှင့်ရဲ့နာမည်လေးတော့ မေးလို့ရမလား”

“ကုန်းချင်ယောင်”သူမ နောက်လှည့်မကြည့်ဘဲနှင့် ပြန်ဖြေပြီးနောက် “အရှေ့တောင်ဘက်ကိုသွား ရှင့်ကို တစ်‌ယောက်ယောက်ကရှာနေပြီ”

နောက်ဆုံးစကားပြောပြီသည်နှင့် ဝတ်စုံအဖြူနှင့် မိန်းကလေးအား မမြင်ရတော့ပေ။

စာရေးသူမှာ ပြောစရာရှိပါတယ်။

အားချီ : ဇာတ်လိုက်အနေနဲ့ ဘာများပြောချင်ပါသေးလဲ။

ကုန်းချင်းယောင် : ………

အားချီ : တကယ်လို့ ကောင်းတာ ကူပြောပေးရင် ကြက်ခြေထောက်၊ ဘဲခြေထောက်၊ သိုးသားကင်၊ အသားကင်…တို့ ထည့်ပေးမယ်။

ကုန်းချင်းယောင် : ဒီဝတ္တုကိုဖတ်နေတဲ့ သူတွေအကုန်လုံး နေ့တိုင်း ပျော်ရွှင်ရပြီး ဘဝကြီးက ပိုပြီးကောင်းမွန်လာပါလိမ့်မယ်။

MMMQ
Author: MMMQ
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

玄学大师是影后
Score 8
Status: Ongoing Type: Author: , Artist: , Released: 2020 Native Language: Chinese
ဇာတ်အညွှန်း ရုပ်သည်ပညာရှင်လေး ရုပ်ရှင်ဧကရီ ရုပ်လွန်ပညာသည် ကုန်းချင်းယောင်သည် ဘယ်တုန်းကမျှ နှစ်နှစ်ထောင်အကြာအား ဝိဉာဉ်ကူးပြောင်းလာမည်ဟု အိမ်မက်မမက်ဖူးချေ။ ဝိဉာဉ်ကူးပြောင်းပြီးနောက်… ကုန်းချင်းယောင်ဘဝ၌ ပန်းတိုင်၂ခုရှိလာ၏။ ၁. သူမ၏ရုပ်လွန်ပညာအား ကောင်းမွန်သောနည်းလမ်းဖြင့် အသုံးချရန်။ ၂. ကောင်းမွန်စွာ သရုပ်ဆောင်ရန်။ သို‌ပေမယ့် သူမနောက်မှ တကောက်ကောက်လိုက်နေသော သူက ဘာလိုချင်တာများပါလိမ့်။ ချင်Ze : “ ငါက မင်းရဲ့ ၃ခုမြောက် ပန်းတိုင်ပဲ” သတင်းစာ ရှင်းလင်းပွဲ၌… သတင်းထောက် A : “ ကျွန်မကြားတာတော့ ရှင် ဒီ reality show မှာ ပါနိုင်တာ မပြောပြနိုင်တဲ့ စည်းမျဉ်းတွေကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ သူမ၏ခင်ပွန်းနှင့် ဇနီးသည်တို့ နေရာသည် ကျိုးကြေပျက်စီးနေသည်။ သူမ၏မျက်ခုံးများမှာ နစ်မြှုပ်နေပြီး အမဲရောင် အငွေ့အသက်အချိုလည်း ကပ်ညှိနေလေသည်။ “မင်းရဲ့ယောင်္ကျားက ဖောက်ပြန်နေတယ်၊ အခုအိမ်ပြန်မယ်ဆိုရင် ဖမ်းမိနိုင်သေးတယ်နော်” သတင်းထောက် B : အတွင်းသတင်းအရ‌ဆိုရင် ဒီရှိးပွဲမှာ မင်းရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းအခန်းတွေ ပိုမြင့်လာတာက ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဆို” ကုန်းချင်းယောင် ထိုသတင်းထောက်အား စိုက်ကြည့်လိုက်၏။ ထိုလူ၏ မိဘအိမ်သည် အရှေ့သို့ရောက်နေ၏။ ထိုသတင်းထောက်၏ မိဘအိမ်သို့ ကြည့်လိုက်သောအခါ သူ၏ဘယ်ဘက်နဖူးသည် ကျဉ်းမြောင်း၍ ယိုယွင်းနေ၏။ ဤသည်မှာ ဖခင်ဆုံးပါးသွားသည့် လက္ခဏာဖြစ်၏။ ထိုအပြင်သူ၏ ညာဘက်သည်လည်း နစ်မြှုပ်နေကာ အမဲရောင်အခိုးအငွေ့များ သန်းနေ၍.. “ရှင့်ရဲ့အမေဖျားနေပြီ အသက်တောင်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ၊ ရှင့်ကို အိမ်မြန်မြန်ပြန်ဖို အကြံပေးချင်ပါတယ်” သတင်းထောက် နောက်သို့ ခြေတလှမ်း ဆုတ်မိသွားသည်။ ကုန်းချင်းယောင် “မေးခွန်းထပ်မေးစရာ ရှိသေးလား” သတင်းထောက်များ : “………” မရှိတော့ဘူး၊ မရှိတော့ပါဘူး။ “နင်သိလား၊ ကုန်းချင်းယောင် ကြေငြာသမျှ ကြော်ညာတွေ မဟုတ်ရင် ထောက်ခံပေးတဲ့ ပစ္စည်းတွေဟာ ချက်ချင်း ရောင်းကုန်ကုန်တယ်” “အာ့တာက ဘာမလိုလဲ၊ ကုန်းချင်းယောင်နဲ့ လက်တွဲသမျှသူတိုင်းက သူမကို ' အမယောင် ' လိုခေါ်ရတာ၊ အကောင်းဆုံးသရုပ်ဆောင်တောင် ချွင်းချက်မဟုတ်ဘူး” “ဟုတ်တယ်၊ ကုန်းချင်းယောင်မှာ anti-fan မရှိဘူးတဲ့၊ တကယ်လိုရှိရင်တောင် တစ်လအတွင်း fan ဖြစ်သွားတယ်တဲ့”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset