အခန်း ၅၅။ ညှိုးရော်နေသော အပင်၏ ရည်ရွယ်ချက်
“ဆရာ သူ့တည်ရှိမှုက အလွန်အရေးကြီးတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား “ ယိချင်းက လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ မေးလိုက်တယ်။
ရှန်းရင်က မပြောခင် တွေဝေနေတယ်။ “အမ် အတိအကျတော့ မဟုတ်ဘူး “ ငါက နည်းနည်း အခဲမကြေ ဖြစ်နေရုံပဲ။
“စိတ်ချလိုက်ဆရာ “ သူက မတ်တတ်ထရပ်လိုက်တယ်။
“နားလည်မှုလွဲနေတာတွေကို ကျွန်တော် သွားရှင်းလိုက်မယ်၊ ရွှမ်းယွမ်မိသားစုက လူတွေကို တိုက်ခိုက်ခဲ့တဲ့သူတွေက တကယ်တော့ ဆရာပဲ၊ ကျွန်တော်တို့က သူတို့ခန်းမထဲကို ခန်းမရဲ့နောက်ကိုတောင် ဝင်ခဲ့တာ မဟုတ်ဘူး “ ပြီးတော့ သူက လှည့်ထွက်သွားပြီး ဆွေးနွေးမှုအလယ်မှာ ရောက်နေတဲ့လူတွေကို ရှင်းပြဖို့ အောက်ထပ်ကို ဆင်းသွားဖို့ ပြင်လိုက်တယ်။
“ပြန်လာခဲ့ “ ကူယွဲ့က သူ့ကို အမြန်ဆွဲပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တော့တယ်။
“မင်း ဦးနှောက်ပျက်နေတဲ့ ပရိသတ်၊ မင်း စိတ်အေးအေးထားလို့ ရမလား၊ ငါတို့တွေက ဆင်းသွားပြီး ဒီတိုင်း ပြောမယ်ဆိုရင် လူတွေက မင်းကို ယုံမှာတဲ့လား၊ ဒါ့အပြင် ရှန်းရင်ရဲ့ ကူပျောက်နေတဲ့ သဘာဝနဲ့ဆို အခု ယုံမယ်ဆိုရင်တောင် နောက်ခဏနေကျ မေ့သွားမှာပဲ “
“ဒါဆိုရင် ရွှမ်းယွမ်မိသားစုဆီသွားပြီး သူတို့ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောခိုင်းလိုက်ရင်ရော “
ဒါဆို လူတွေ ယုံလောက်တယ်မလား။
“ထွီ မေ့လိုက်တော့ “ ကူယွဲက စိတ်လေနေတဲ့ ပုံနဲ့ ပြောလိုက်တယ်။
“ရွှမ်းယွမ်မိသားစုက ရှန်းရင်ရဲ့တည်ရှိမှုကို တစ်ခါမှ ထုတ်မပြောခဲ့ဘူး၊ ပြီးတော့ အဲ့ဒီနေ့တုန်းက ငါတို့ပဲ ရှိနေခဲ့တယ်လို့ ပြောခဲ့တာ၊ သူတို့ခရီးသွား မသေမျိုးတွေ ပြန်မလာနိုင်ခဲ့ဘူးလို့ ပြောတယ်၊ မင်း နားမလည်ဘူးလား “ သူတို့တွေက အရှက်ကွဲမခံချင်တာ မဟုတ်ဘူးလား။ မျိုးနွယ်စုတစ်ခုလုံးရဲ့ အစွမ်းထက်ဆုံး ခရီးသွား မသေမျိုး ငါးယောက်က ဆိုးဆိုးဝါးဝါး အရိုက်ခံလိုက်ရတာလေ။ အထက်ထျန်းလန်လောကတစ်ခုလုံးက အဲ့ဒီအကြောင်း ရှာတွေ့သွားခဲ့မယ်ဆိုရင် သူတို့တွေက ဂုဏ်သတင်းကြောင့် ရှင်သန်နိုင်မှာတောင် မဟုတ်ဘူး။
“အထက်ထျန်းလန်လာကရဲ့ မင်းဆွေမင်းမျိုး မိသားစု လေးစုက အပေါ်ယံမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းချမ်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျ သူတို့ကြားထဲ ယှဉ်ပြိုင်မှုတွေအများကြီး ရှိနေတာ၊ အမှန်တရားတစ်ခုလုံးကို မပြောတာက သူတို့ကိုယ်သူတို့ ကာကွယ်တာပဲ၊ သူတို့ရဲ့ ပညာရှင်တွေအားလုံး ရှုံးနိမ့်သွားပါတယ်ဆိုတဲ့ အကြောင်းကို အရူးပဲ အားလုံးကို လိုက်ပြောမှာ “
ယိချင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။ “မရဘူး၊ လူတွေကို ငါ့ရဲ့ဆရာကို နားလည်မှုလွဲတာ ခွင့်မပြုနိုင်ဘူး “
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းရဲ့ ပရိသတ် လော့ဂျစ်လေးကို ထိန်းသိမ်းထားလိုက်ဦး၊ မင်းရဲ့ဆရာရဲ့ သဘာဝကို ဖြေရှင်းလို့မရဘူး “ သူက လှည့်ကြည့်ပြီး ရှန်းရင်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တယ်။
“မင်းရဲ့ ဦးနှောက်ပျက်နေတဲ့ ပရိသတ်ကို ဖြေရှင်းနိုင်မလား “
ရှန်းရင်က နောက်ဆုံးတော့ လှည့်ကြည့်လာပြီး ပြောလိုက်တယ် “စားဖိုမှူး စားသောက်ပြီးမှ စကားပြောကြရအောင် “
“ဟုတ်ပြီ ဆရာ “ ယိချင်းက ပြန်ထိုင်ချလိုက်တယ်။
ကူယွဲက ရှုံ့မဲ့သွားတော့တယ်။ သူ ဘယ်လိုပဲပြောပြော တစ်စုံတစ်ယောက်ဆီက စကားတစ်ခွန်းလောက်တောင် သူ့စကားက အရေးမပါဘူးလေ။
သူ တစ်ရာ့တစ်ကြိမ်မြောက်ထိ နောင်တရတာကတော့ သူဘာကြောင့်များ အထက်ထျန်းလန်လောကဆီကို ဒီအသုံးမဝင်တဲ့ သတ္တဝါနှစ်ယောက်နောက်က လိုက်ခဲ့မိရတာလဲ။ မင်းဆွေမင်းမျိုး မိသားစုတစ်စုကိုတောင် အဆင်ခြင်မဲ့ပြီး ရန်စခဲ့မိတာလေ။ အနာဂတ်က ဝေဝါးမနေဘူးလား။ သူ သက်ပြင်းချပြီးတော့ သူမရဲ့တည်ရှိမှု ချို့ယွင်းတဲ့အကြောင်း စိတ်ဓာတ်ကျနေတဲ့သူနဲ့ ဘာကိုမှ သက်ရောက်မခံရဘဲ စားသောက်နေတဲ့သူကို လှည့်ကြည့်လိုက်တယ်။ သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရပြီး ပြောလိုက်တယ်။
“အား ဟုတ်သား ရှန်းရင်၊ အဲ့ဒီမိသားစုက ခေါင်းဆောင်ကို မင်း သွားကြည့်တဲ့အချိန်တုန်းက ရတနာတွေ လုသွားတာအတွက် သူတို့ကို စာရင်းရှင်းတာအပြင် ဘာမှမဖြစ်ခဲ့ဘူးမလား “ သူ ဘာပြဿနာမှ မတက်ချင်ဘူးလေ။
“ဟင့်အင်း “ ရှန်းရင်က ခေါင်းလေး စောင်းလိုက်တယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီး သူခေါင်းမော့ပြီးတော့ သူ့ခြေထောက်က ပစ္စည်းကို ဆွဲထုတ်ပြလိုက်တယ်။ “မုန်လာဥက ဆားရေစိမ်တစ်ခုတော့ သယ်လာခဲ့တာပဲ၊ နင်အဲ့ဒါကိုရော ထည့်တွက်လား “
“ဆားရေစိမ် ဟိုလီရှစ် “ ကူယွဲ့က ထရပ်လိုက်တယ်။ “ဒါ ဒါက “ သူက မယုံနိုင်တော့ဘဲ လက်ဆန့်ထုတ်ပြီး မုန်လာဥရဲ့ သစ်ရွက်တွေကြားက ဆားရေစိမ်ကို တစ်ချက် အနီးကပ်ကြည့်လိုက်တော့ မုန်လာဥရဲ့ သစ်ရွက်တွေကြားက လက်သည်းတွေ ထွက်လာတယ်။
“ကြည့် “
“အား မင်း မဟုတ်ဘူး “ ကူယွဲ့က ရှန်းရင်ဆီလှည့်ကြည့်ပြီးတော့ အနီးအနား ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်တော့တာပေ့ါ။ “ဒါ ကြင်နာရာမှ မရောက်တာ၊ သူတို့ကို ဆုံးဖြတ်တတ်အောင် ရိုက်နေတာကတင် တော်လောက်ပြီကို၊ ဘာ့ကြောင့်များ ရွှမ်းယွမ်မိသားစုရဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို လုယူသွားရတာလဲ၊ ဒါက သူတို့တန်ဖိုးအထားရဆုံးပိုင်ဆိုင်မှုလေ “ ရွှမ်းယွမ်မိသားစုရဲ့ သခင်တွေကို မင်း ဘာများလုပ်ခဲ့တာတုံး။
“ယူလာတာ ငါမှမဟုတ်တာ၊ မုန်လာဥက လိုချင်တာလေ “ သူက လက်နှစ်ဖက် ဖြန့်ကားလိုက်တယ်။ မုန်လာဥရဲ့ ပိုင်ဆိုင်မှုဆိုပေမဲ့ သူက အေးအေးလူလူပဲ၊ ပစ္စည်းကို ကူယွဲ့ဆီပစ်ပေးလိုက်တယ်။
“မင်း သွားပြီး စစ်ဆေးကြည့်လိုက်လေ “
“ဒါလား “ ကူယွဲ့က သူ့လက်ထဲက မုန်လာဥကို ငုံ့ကြည့်လိုက်တယ်။
“ဒီတော့ မင်းက ဒါကို ယူသွားရုံပဲ ယူသွားပြီး ရွှမ်းယွမ်မိသားစုသခင်က မတိုက်ခိုက်ခဲ့ဘူးလား “
ရှန်းရင်က ခန်းမထဲမှာ အလောင်းတွေလို တောင့်တင်းနေတဲ့လူတစ်စုကို ပြန်တွေးမိသွားတယ်။ ခက်ခက်ခဲခဲ တိုက်ခိုက်ကြဖို့ဆိုတာက သူတို့အတွက် ခက်ခဲမဲ့ပုံပဲ။
“ဒီဆားရည်စိမ်က ငါ့ရဲ့ ဒုတလီနဲ့ လဲလှယ်ခဲ့တာလေ၊ သူတို့က ပျော်ရွှင်သွားပုံပဲ၊ ဖြစ်နိုင်တာက “
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ဟမ် “ သူက မုန်လာဥ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ အပင်ဝိညာဉ်ကို အနီးကပ် ကြည့်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တော့ အပင်ဝိညာဉ်မှာ ဝိညာဉ်အသိစိတ်မရှိတော့တာကို ပြနေတယ်။ ဒီအပင်ဝိညာဉ်က ညှိုးရော်နေပြီပဲ။ ဆက်နွယ်ကြည့်လိုက်တော့ ရွှမ်းယွမ်မိသားစုက မုန်လာဥကို ဘာ့ကြောင့် ဆိုးဆိုးဝါးဝါးလိုချင်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။
“ငါ သိပြီ “ သူက မလိုလားတဲ့ မုန်လာဥကို တစ်ချက်ကြည့်လိုက်တယ်။ “မင်း ဒီကောင်လေး မင်းရဲ့ အရှိန်အဝါကို အာရုံခံမိတာ ဖြစ်လောက်တယ်၊ ဒါကြောင့် ညှိုးရော်နေတဲ့အပင်ကို မင်းနဲ့အတူ သယ်လာတာပဲ “
“ကျိ ကျိ ကျိ“ မုန်လာဥက သူ့လက်လေးကို ဆန့်ထုတ်ပြီး ယူလိုက်တယ်။ ပြီးတော့ ရှန်းရင်ရဲ့ခြေထောက်ကို ပြန်ပြီး တွယ်ကပ်ဖို့ ကြိုးစားပေမဲ့ တစ်ဖက်လူက စိမ်းစိမ်းဝါးဝါး ကြည့်တာပဲ ခံလိုက်ရတယ်။ သစ်ရွက်လေးတွေ ကျုံ့သွားပြီးတော့ မကျေမချမ်းနဲ့ နောက်ပြန်ဆုတ်သွားရောပဲ။
“ဒါပေမဲ့ ညှိုးရော်နေတဲ့အပင်ကို ဘာလုပ်ချင်လို့လဲ “ မြေမြှုပ်ဖို့လား။
ကူယွဲက သူ့ရဲ့ကောင်းကင်စိတ်အာရုံကို သုံးပြီး ညှိုးရော်နေတဲ့ အပင်ဝိညာဉ်ကို ထပ်စစ်ဆေးကြည့်လိုက်တယ်။ ဝိညာဉ်ချီအကြွင်းအကျန်အပြင် ညှိုးရော်နေတဲ့ အပင်ရဲ့ စျေးတန်ဖိုးက ဒုတလီနဲ့ မယှဉ်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
”ဒီအပင်ဝိညာဉ်ကို အသက်ပြန်သွင်းနိုင်တယ်လား “ သူ မျက်လုံးလက်သွားတယ်။ အဲ့ဒီအကြောင်းတွေးလေလေ ဖြစ်နိုင်ပုံပေါ်လေပဲ။ သူတို့နှစ်ကောင်လုံးက အပင်ဝိညာဉ်တွေဖြစ်ပြီး ဝိညာဉ်ချီကနေ ပြောင်းလဲလာတာ။ တူညီတဲ့ တည်ရှိမှုဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက် သက်ရောက်နိုင်တာ ပုံမှန်ပဲလေ။
သူက ပြောလိုက်တဲ့အချိန်မှာ ရှန်းရင်နဲ့ ယိချင်းက စားပွဲပေါ်က မုန်လာဥကို လှမ်းကြည့်မိလိုက်တယ်။
“ကျိ “ မုန်လာဥက ဇဝေဇဝါဖြစ်နေတဲ့အမူအရာနဲ့ ခန္ဓာကိုယ်လေးကို စောင်းလိုက်ရောပဲ။
“အပင်ဝိညာဉ်ရဲ့ အသက်ဓာတ်က အမြဲတမ်း ရှိနေတာ၊ သူ့ကို အသက်သွင်းလို့ရလောက်တယ် “
“တကယ်လား “ ရှန်းရင်က သိချင်စိတ်တိုးလာပြီး အနားကပ်သွားတယ်။ “သွား အသက်သွင်းလိုက် “
“ကျိ “ မုန်လာဥက ပြန်ပြောလိုက်တယ်။ သူ့ခေါင်းပေါ်က ညှိုးရော်နေတဲ့ အရွက်လေးတွေက ထောင်လာပြီး သူမစကားကို နားလည်တဲ့ပုံနဲ့ ထပ်ကြည့်လာတယ်။ ပြီးတော့ ချက်ချင်းပဲ အရွက်ကလေးတွေက ကျုံ့သွားရော။ “ကျိ ကျိ ကျိ “
မုန်လာဥက အကြိမ်ရေအနည်းငယ်လောက် စိတ်လှုပ်ရှားစွာ အော်နေပြီးတော့ မုန်လာဥတစ်ခုလုံးက အစိမ်းရောင်အလင်းတစ်ခု စတင်ဖြာထွက်လာတော့တယ်။
“သစ်သားဝိညာဉ်အရှိန်အဝါ တကယ် ဖြစ်နိုင်တဲ့ပုံပဲ “ ကူယွဲ့က စားပွဲပေါ်က မုန်လာဥကို စိုက်ကြည့်နေတုန်း ပျော်ရွှင်သွားရောပဲ။ အသက်ပြန်သွင်းတဲ့နည်းကို မျက်မြင်တွေ့တာ ပထမဆုံးအကြိမ်ပဲလေ။
မုန်လာဥရဲ့ ခန္ဓာကိုယ်က တောက်ပပြီးရင်း တောက်ပလာတယ်။ တောက်ပမှုက မုန်လာဥကို အပြည့်အဝ လွှမ်းခြုံသွားရောပဲ။ သူ့ရဲ့ ဆူဖြိုးတဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အက်ကွဲလာပြီးတော့ ခေါင်းပေါ်က သစ်ရွက်လေးတွေကလည်း ရုတ်တရက် ခန္ဓာကိုယ်ထက် ပိုရှည်လာတယ်။ ပြီးတော့ ညှိုးရော်နေတဲ့အပင်ဆီ တလိမ့်လိမ့်သွားပြီးတော့ သူ့ကို ဆွဲချလိုက်တယ်။ အနည်းငယ် ထိပြီးတော့ သစ်ရွက်လေးက ညှိုးရော်နေတဲ့အပင်ဝိညာဉ်ကို လေးထောင့်လေးဖြစ်အောင် သေသေသပ်သပ် ပုံလိုက်တယ်။ ပြီးတော့ အဲဒါကို ဆွဲယူလိုက်တယ်။
တစ်ချက်ထဲနဲ့ သူ့ကို စားလိုက်ရောပဲ။ ခဏအကြာမှာ ရင်းနှီးနေတဲ့အသံတစ်သံကို ကြားလိုက်ရရော။
ဘွား။
ကူယွဲ့ “… ”
ယိချင်း “ … “
ရှန်းရင် “… “
(╯‵□′)╯(┻━┻
“ဒီတော့ သူလုပ်ချင်တာက စားဖို့ပဲလား၊ မင်းက အပင်ဝိညာဉ် မဟုတ်ဘူးလား၊ ဝိညာဉ်ချီထဲမှာ အသက်ရှူနေတာ လုံလောက်သင့်ပြီလေ၊ ဘာ့ကြောင့် ညှိုးရော်နေတဲ့အပင်တစ်ခုလုံးကို စားရတာလဲ၊ အပင်ကြီးက အပင်လေးကို စားတယ်၊ မင်းက တကယ် ရှန်းရင် ကောက်လာတဲ့ အစားရူးလေးပဲ “
ကူယွဲ့က ရုတ်တရက်ကြီး ဆားရည်စိမ်ဖြစ်သွားသလို ခံစားလိုက်ရတယ်။
“ချီး မေ့လိုက်တော့ ငါ ဗိုက်ပြည့်နေပြီ “ ရှန်းရင်က ထရပ်လိုက်ပြီး သက်ပြင်းချပြီး ထရပ်ဖို့ ပြင်လိုက်တယ်။ တကယ်အသုံးမဝင်တဲ့အပင်ပဲလေ။
“ဆရာ “ ယိချင်းက ရုတ်တရက် ခေါ်လိုက်တယ်။
“မုန်လာဥက “
“ဟမ် “
သူက အနီရောင်အလင်းဖြာထွက်လာတဲ့ မုန်လာဥကို လှည့်ကြည့်လိုက်တယ်။ မုန်လာဥအဖြူက မုန်လာဥအနီဖြစ်နေပြီး “သူ့ကို ချက်လိုက်တာလား “
“မဟုတ်ဘူး အသွင်ပြောင်းနေတာ “ ကူယွဲ့က ထိတ်လန့်သွားပြီး သူ့နားတစ်ဝိုက်ကို ကြည့်လိုက်တယ်။
“ဒီနေရာက ဝိညာဉ်ချီက ရှုပ်ထွေးလွန်းနေတာ၊ သစ်သားဝိညာဉ်အရှိန်အဝါက ဖျော့တော့လွန်းတယ်၊ သူ့ရဲ့ အသွင်ပြောင်းမှုကို သက်ရောက်လိမ့်မယ် “
“မြို့ရဲ့ အရှေ့ခြမ်းမှာ တောအုပ်တစ်ခုရှိတယ် “ ယိချင်းက သတိပေးလိုက်တယ်။
“မြန်မြန်သွားကြမယ် “ ကူယွဲ့က စားပွဲပေါ်က အနီရောင်မုန်လာဥကို ဆွဲကိုင်ပြီးတော့ သူတို့ရဲ့ဝိညာဉ်ဓားတွေကို ဆင့်ခေါ်ပြီး ပျံသန်းသွားရောပဲ။
တံခါးနားက ဆိုင်ပိုင်ရှင်က ပြုံးပြီးလျှောက်လာတယ်။ “ငါတို့ သုံးယောက် “ ပြောတာမပြီးသေးခင်မှာပဲ သူတို့သုံးယောက်လုံးက မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားတယ်။
“ … “ ဟေးလူတွေ ဝိညာဉ်ကျောက်တုံး မပေးသွားဘူးလား။
…