ERSY အခန်း ၅၄

အခန်း ၅၄ ။ ရုတ်တရက် သဘောပေါက်နားလည်ခြင်း

“တကယ်တော့ ကိစ္စတွေက တကယ်ကို ရိုးရိုးလေး၊ နင့်မိသားစုက စိတ်တိုင်းကျ သွားလာပြီး ခိုးယူနေတာ၊ အဲလိုအပြုအမူက ငါ့ကို တကယ်စိတ်မပျော်ဖြစ်စေတယ်၊ နင်က ဟင်းသီးဟင်းရွက်မိသားစုရဲ့ မိဘလို့ကြားတယ်၊ နင့်မိသားစုဝင်တွေက တကယ်ကို ဆိုးဆိုးရွားရွား ကိစ္စတွေ လုပ်ခဲ့တယ်ဆိုတာ သတိပေးပါရစေ၊ နင် သူတို့ကို ဆုံးမသွန်သင်သင့်တယ်နော်”

“…”

ဘာဟင်းသီးဟင်းရွက်မိသားစုတုံး။ သူက မိသားစုရဲ့ ခေါင်းဆောင်လေ၊ မိဘမှမဟုတ်တာ။ ပြီးတော့ ခရီးသွားမသေမျိုးတစ်ယောက်ကို စကားပြောတာက ဘယ်လိုလုပ်မြေးတစ်ယောက်ကို ပြောနေသလိုမျိုးပြောနေရတာလဲ။

“ငါ နင်တို့ကို ဒါပြောဖို့ ပြန်လာတာ” ရှန်းရင် သူမပေါင်ကနေ မုန်လာဥကို ဆွဲယူပြီး ဆက်ပြောလိုက်တယ်။

“ဒါက မုန်လာဥတစ်ခုဆိုပေမဲ့ တခြားတစ်ယောက် ပိုင်တဲ့ဟာနော်၊ နင့်မိသားစုက ဟင်းသီးဟင်းရွက်တွေ ကြိုက်နိုင်တယ်ဆိုပေမဲ့ ငါ နင်တို့ကို ပေးဖို့ ငြင်းရင် ငါ့ဆီကနေ လုယူလို့မရဘူးလေ”

ရွက်တစ်ထောင်အပင်ဝိညာဉ်ပဲ။

ဂိုဏ်းချုပ်ရဲ့ မျက်ဝန်းတွေက ပြူးကျယ်ပြီး တောက်ပသွားတော့တယ်။ ရုတ်တရက်ပဲ သူ့ဦးလေးငါးယောက်က ပြန်လာဖို့ ဘာလို့ဒီလောက်တောင် ကြာနေရလဲ နားလည်သွားခဲ့တယ်။ ရွက်တစ်ထောင်အပင်ဝိညာဉ်က သူမ ပိုင်တာကိုး။ အဲဒါက ကြောက်စရာပဲ။

“နင်တို့ကိုဖြေရှင်းဖို့ ဂရုမစိုက်နိုင်သေးဘူး၊ ဒါကြောင့် နင်တို့ကို အခု ပြင်းပြင်းထန်ထန် သတိပေးလိုက်မယ်နော်၊ တကယ်လို့ ရွှမ်းယွမ်မိသားစုက တစ်ယောက်ယောက်များ ငါစားသောက်နေတုန်း ထပ်ပေါ်လာလို့ကတော့… နင်တို့ကို ရိုက်ပစ်မယ်”

“…” မင်း ငါ့ကို ရိုက်ပြီးပြီလေ

┭┮_┭┮

“နင်တို့နားလည်လား” ရှန်းရင် အသံမြှင့်လိုက်တယ်။

မြေကြီးပေါ်ကလူတွေ ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး ခေါင်းညိတ်ပြကြတော့တယ်။

ခရီးသွားမသေမျိုး တစ် ။ ။ “ဟုတ်ကဲ့၊ ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျွန်တော်တို့နားလည်ပါတယ် ကြီးမြတ်တဲ့ နတ်ဒေဝါ”

ခရီးသွားမသေမျိုး နှစ် ။ ။ “ကျွန်တော့်အပြုအမူတွေအပေါ် သုံးသပ်ပြီး လိုအပ်သလို ပြုပြင်ပါ့မယ် ကြီးမြတ်တဲ့နတ်ဒေဝါ”

ခရီးသွားမသေမျိုး သုံး ။ ။ “ကျွန်တော် ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ အမြော်အမြင်ကြီးတဲ့စကားတွေကို အမြဲသတိရနေပါ့မယ်”

ခရီးသွားမသေမျိုး လေး ။ ။ “ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ စကားတစ်ခွန်းက စာအုပ် ဆယ်… တစ်ထောင်ထက် ပိုပြီးအဖိုးတန်ပါတယ်”

ခရီးသွားမသေမျိုး ငါး ။ ။ “ကျွန်တော်တို့မိသားစုထဲက ဘယ်သူမှ ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ လေ့ကျင့်မှုကို နောက်တစ်ကြိမ် နှောင့်ယှက်တော့မှာမဟုတ်ပါဘူး၊ လုပ်ရဲတဲ့သူကိုလည်း ကျွန်တော်ကိုယ်တိုင် ပညာပေး‌ဖြေရှင်းလိုက်ပါ့မယ်”

ရွှမ်းယွမ်မိသားစုခေါင်းဆောင် ။ ။ “…” သူ့မိသားစုက မသေမျိုးခရီး‌သွားတွေ ဦးနှောက်မှာ ဒဏ်ရာရကုန်ကြတာလား။

“ပြီးတော့ နင်ရော” ရှန်းရင်က ရုတ်တရက် သူ့ဘက်လှည့်ကြည့်လာပြီး သတ်ချင်ဖြတ်ချင်တဲ့ အငွေ့အသက်အပြည့်နဲ့။

သူ့တစ်ကိုယ်လုံးတောင့်တင်းသွားပြီး သေရမဲ့အတွေးတွေ သူ့စိတ်ထဲပြည့်သွားခဲ့တော့တာပေါ့။ သူ ချွေးစေးတွေ ပြန်ပြီး စကားစပြောလိုက်တယ်။

ရှိသမျှဆန္ဒစွမ်းအား အားလုံးနဲ့ သူ အထစ်ထစ်‌အငေါ့ငေါ့ ပြောလိုက်တယ်။

“ဟု- ဟုခဲ့ ကျတ်ညက်တဲ့ နတ်တေဝ”

သူ သူမကို ကောင်းကောင်းမ‌ဖြေချင်တာ မဟုတ်ပါဘူး — တကယ်ကို စကားမပြောနိုင်တာပါ။ သူ တော်တော်လေး နာနေတုန်းပဲ။

“အင်း” ရှန်းရင် ထောက်ခံဟန် ခေါင်းညိတ်ပြလိုက်တယ်။ နောက်ဆုံးတော့ မတ်တတ်ထရပ်ပြီး သူတို့ဆီ လျှောက်လာခဲ့တယ်။

“နင်တို့အတွက် တခြားဘာမှပြောစရာမရှိတော့ဘူး၊ တန်းဖြုတ်လို့ရပြီ”

သူမပါးစပ်ကနေ ဒီစကားလုံးတွေ ထွက်ပြီးပြီးချင်း ထွက်ပေါက်ဆီ ဦးတည်သွားတော့တယ်။

“ကျီကျီကျီကျီ” မုန်လာဥက ရုတ်တရက် ခန်းမထဲ ပြန်ခုန်ဆွခုန်ဆွ ဝင်လာပါလေရော။

“နင်ဘာလုပ်နေတာလဲ” ရှန်းရင် သဘောမပေါက်လို့ မေးလိုက်တယ်။

“နင် ဟင်းသီးဟင်းရွက်မိသားစုရဲ့ မုန်လာဥလုပ်ချင်တာလား”

“ကျီကျီကျီ…” မုန်လာဥက နေရာမှာ စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ ခုန်ဆွခုန်ဆွလုပ်နေတယ်။ ခန်းမအတွင်းပိုင်းထဲမှာရှိနေတဲ့ တစ်နေရာကို လှမ်းကြည့်ပြီးတော့ ရှန်းရင်ကို ပြန်လှည့်ကြည့်လာတယ်။ ရုတ်တရက် အားပါပါနဲ့ ခုန်ပြီး ရှန်းရင် စောနလေးကတင် ထိုင်ခဲ့တဲ့ စင်မြင့်ပေါ်ကထိုင်ခုံဆီ ဆင်းသွားပါလေရော။ မုန်လာဥက ခုံနောက်က‌နံရံဆီ လှမ်းဖို့ အရွက်တွေကို သုံးလိုက်ပြီး ခဏနေတော့ တစ်စုံတစ်ရာကို ဆွဲထုတ်လာကာ ရှန်းရင်ကို မြှောက်ပြတော့တယ်။

“ကျီကျီကျီ…”

ကျန်တဲ့ခြောက်ယောက်လုံးရဲ့ အမူအရာတွေက ပြောင်းသွားခဲ့တယ်။

ရှန်းရင် ပစ္စည်းကိုငုံ့ကြည့်လိုက်တော့ မြင်ရတာက သစ်ရွက်ခြောက်တွေကြီး။

“ဆားရည်စိမ်လား”

“ကျီကျီ”

“နင်လိုချင်လို့လား”

“ကျီကျီကျီ…” မုန်လာဥလေးက သူ့သစ်ရွက်တွေနဲ့ အသည်းအသန် ခေါင်းညိတ်ပြလေတယ်။

“အာ…” ရှန်းရင် မျက်မှောင်ကြုတ်ပြီး သူ့ဘေးရပ်နေတဲ့လူတွေကို လှည့်ကြည့်လိုက်တယ်။

“ဟင်းသီးဟင်းရွက်မိသားစုဂိုဏ်းချုပ်၊ နင်…”

“ဟုတ်ဟုတ်ဟုတ်” ဂိုဏ်းချုပ်ခမျာ နောက်ဆုံးတော့ စကားပြောနိုင်စွမ်း ပြန်ရရှာပြီ။ သူက အသည်းအသန်တွေ ခေါင်းညိတ်ပြပြီး ပြောလာလေရဲ့။

“ကြီးမြတ်တဲ့‌နတ်ဒေဝါ သဘောကျတဲ့အရာကို အပ်နှံရတာ ကျွန်တော်တို့အတွက် ဂုဏ်သရေပါ”

“အိုး ဒါဆိုလည်းကျေးဇူးပဲ မုန်လာဥရေ ဒီကိုလာ”

“ကျီ…” မုန်လာဥက ရှေ့ကို ခုန်ဆွခုန်ဆွလာလေတယ်။ ရှန်းရင် မုန်လာဥခေါင်းက ဒုဓလီပန်းပွင့်ကြီးဆီ လက်လှမ်းပြီး နုတ်လိုက်တယ်။ သူမ ဂိုဏ်းချုပ်ဆီ ပေးကာ ပြောလိုက်တယ်။

“ဒါက နင်တို့အတွက် အသုံးဝင်မှာပါ၊ အလဲအလှယ်အနေနဲ့ သတ်မှတ်လိုက်ပေါ့ မုန်လာဥ လာသွားကြမယ်”

သူမက စကားပြောပြီးပြီးချင်း တံခါးအပြင်ထွက်သွားတယ်။

“ကျီ” မုန်လာဥက အသံကျယ်ကျယ်ထွက်ပြီး ရှန်းရင်နောက် လိုက်ကြည့်လေတယ်။ နောက်တော့ ဂိုဏ်းချုပ်လက်ထဲက ဒုဓလီပန်းကို ပြန်လှည့်ကြည့်ပါလေရော။

ဖွီ

မင်းတို့အတော်လေး ကံကောင်းသွားတာပဲ။

သူက ရှန်းရင်နောက် ခုန်ဆွခုန်ဆွ လိုက်သွားတော့တယ်။ ခုန်ဆွခုန်ဆွလိုက်နေရင်း အဆက်မပြတ်ကို အော်သွားတယ်။

“ကျီ… ကျီ… ကျီ…”

ရွှမ်းယွမ်မိသားစု ဂိုဏ်းချုပ် ။ ။ “…”

သူ့လက်ထဲက ရွက်တစ်ထောင်ဝိညာဉ်ပန်းကိုကြည့်ပြီးတော့ တံခါးဝအလွတ်ဆီ လှမ်းကြည့်မိလိုက်တယ်။

သူတို့ ဒီလို… ဒီလိုပဲ ထွက်သွားတာလား။

“ဦး… ဦးလေး၊ ကျွန်… ကျွန်တော် အိပ်မက်မက်နေတာလား”

သူတို့ အရိုးနည်းနည်းကျိုးသွားပြီး ကျင့်ကြံဆင့်တွေ အနည်းအကျဉ်းကျသွားပေမဲ့… အသက်ရှင်နေသေးတယ်။ ဘယ်သူမှ မသေဘူးပေါ့။

အဲလူက အထက်ထျန်းလန်လောကရဲ့ မျက်နှာစာကနေ ရွှမ်းယွမ်မိသားစုတစ်စုလုံးကို သုတ်သင်နိုင်စွမ်း ရှိပေမဲ့ သူတို့ကို ဒီလောင်လွယ်လွယ်လေး လွှတ်ပေးတယ်လား။

“ဒါ… ဒါတကယ်လား” နောက်ထပ် ခရီးသွားမသေမျိုးက ထပ်ပြောလိုက်တယ်။ သူလည်းပဲ စိတ်လွင့်နေတဲ့ပုံ။

“ဒါပေမဲ့ အဲဒါက…” ရုတ်တရက် အပင်ဝိညာဉ်ယူသွားတဲ့ မြတ်‌ခြောက်ကို သတိရသွားတယ်။

“ဆရာ ဒီအကြောင်းကို ဘယ်တော့မှ ထပ်မပြောကြရအောင်”

ခရီးသွားမသေမျိုးက သူ့ကို သွေးပျက်နေတဲ့ အမူအရာနဲ့သတိပေးလာတယ်။

“ဆရာ ကျွန်တော်တို့ဆီမှာရှိတဲ့ အရွက်တစ်ထောင်အပင်ဝိညာဉ်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တည်းက အာရုံခံစားနိုင်စွမ်း ပျောက်ဆုံးသွားပြီဆိုတာ သိမှာပါ၊ သူ့ကိုယ်က ညှိုးခြောက်သွားပြီကို၊ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရှင်အောင်လုပ်ဖို့က မဖြစ်နိုင်လောက်ဘူး” အဲဒါကြောင့် သူတို့ နောက်ထပ် အပင်ဝိညာဉ်ကို အသည်းအသန် ရှာချင်နေခဲ့တာ။

“ကြီးမြတ်တဲ့နတ်ဒေဝါက အဲမြက်ခြောက်အတွက် အလဲအလှယ်အနေနဲ့ ရွက်တစ်ထောင်ဝိညာဉ်ပန်း ဆယ်ပွင့်ကျော် ပေးသွားတာတင် ရက်ရောကြင်နာလွန်းနေပြီ၊ ပြီးတော့…”

ပြီးတော့ သူတို့အားလုံးကိုလည်း အသက်ရှင်ခွင့်ပေးခဲ့သေးတယ် — သူတို့ဆရာကို မျက်နှာတည့်တည့် ရိုက်ခဲ့တယ်ဆိုပေမဲ့ပေါ့လေ။ သူက စကားပြောဖို့လာတယ်လို့ပြောပြီး လုပ်ခဲ့သမျှက တကယ်အဲဒါလေးပါပဲ။

ခရီးသွားမသေမျိုးခြောက်ယောက်လုံး အတော်လေးကို ဇဝေဇဝါဖြစ်ကုန်ကြတယ်။ ဒီရှန်းရင်ဟာ… ဘယ်လိုလူစားမျိုးပါလိမ့်။

“သူ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ နောက်တစ်ကြိမ် သူ့ကိုတွေ့ရင် အပြစ်မပြုမိအောင် သတိထားရမယ်၊ တတ်နိုင်ရင်… သူ့နောက်လိုက်နှစ်ယောက်ကိုပါ ရှောင်သင့်တယ်”

ကျန်တဲ့ငါးယောက်လုံး ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။ ရွှမ်းယွမ်မိသားစုက ကျိန်းသေပေါက် နောက်ထပ်ထိုးနှက်ချက်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး။

————————

အခုတလော တစ်စုံတစ်ရာက အထက်ထျန်း‌လန်လောကကို ကိုင်လှုပ်သွားခဲ့ပါတယ်။ ဆွေကြီးမျိုးကြီး မိသားစုလေးစုထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ရွှမ်းယွမ်မိသားစုထဲက လူတစ်စုဟာ အောက်ဘုံကို သွားပြီး ဓားကျင့်ကြံသူနှစ်ယောက်ကို အပြစ်ပြုမိခဲ့တယ်ဆိုတဲ့ စကားတွေက ပျံ့နှံ့နေခဲ့တယ်။ ဓားကျင့်ကြံသူနှစ်ယောက်က စိတ်ဆိုးပြီး အထက်ထျန်းလန်လောကဆီ ဒီလူအုပ်နောက်ကနေ လိုက်လာခဲ့တယ်။ သူတို့က ရွှမ်းယွမ်မိသားစုရဲ့ ဂိုဏ်းချုပ်ကိုတောင် တိုက်ခိုက်နိုင်ခဲ့တာ။

ရွှမ်းယွမ်မိသားစုက သူတို့နဲ့တိုက်ခိုက်ဖို့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရှိတဲ့ လူဆယ်ယောက်ကျော်လွှတ်ခဲ့ပေမဲ့ တစ်ယောက်မှ ဓားကျင့်ကြံသူတွေကို အနိုင်မရခဲ့ဘူး။ အစောပိုင်းကလွှတ်လိုက်တဲ့ ခရီးသွားမသေမျိုးအကြီးတော်တချို့လည်း ရှုံးနိမ့်ပြီးအိမ်ပြန်လာရတယ်။ ရွှမ်းယွမ်မိသားစုက ကြီးကြီးမားမားဆုံးရှံးမှုတွေ ခံစားလိုက်ရတာပဲ — သူတို့ဆရာတောင် အပြင်းအထန် ဒဏ်ရာရသွားတယ်။

ဓားကျင့်ကြံသူနှစ်ယောက်ကတော့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအားလုံးကို အကြီးအကျယ် ဒဏ်ရာရအောင်လုပ်ခဲ့ပြီးတော့ ထွက်သွားတယ်တဲ့။ ရွှမ်းယွမ်မိသားစုက ဘယ်သူမှ အသက်မဆုံးရှုံးခဲ့ပေမဲ့ တစ်မိသားစုလုံးကတော့ အထက်ထျန်းလန်လောကမှာ ဂုဏ်သတင်းနဲ့ သိက္ခာတွေတော့ တကယ်ဆုံးရှုံးသွားပြီ။

ဓားကျင့်ကြံသူတွေက သူတို့ဘယ်ကျင့်ကြံဆင့်ပဲဖြစ်ဖြစ် တခြားသူတွေကို စိန်ခေါ်နိုင်ပေမဲ့ အထက်ထျန်းလန်လောကထိ တက်လာရဲပြီး ဆွေကြီးမျိုးကြီးမိသားစုတစ်ခုက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူဆယ်ယောက်ကို ချက်ချင်းအလဲထိုးနိုင်တဲ့ ဓားကျင့်ကြံသူဆယ်ယောက်ကို ရှာဖို့ခက်တယ်။ ဒီဓားကျင့်ကြံသူနှစ်ယောက်ရဲ့ ဓားသိုင်းတွေနဲ့ ကျင့်ကြံဆင့်တွေက သိပ်ကိုရှေ့ပြေးနေလို့ ခရီးသွားမသေမျိုးတစ်ယောက်တောင် သူတို့ကို အနိုင်ယူဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိနိုင်ဘူး။ ဒါက တကယ်ကို ထိတ်လန့်စရာပဲ။

သူတို့ တိုက်ခိုက်ဖို့ မိသားစုမှားရွေးမိတာတော့ သနားစရာပဲ။ ဂုဏ်သတင်း စိုးရိမ်နေရတဲ့မိသားစုက ဘယ်လိုပဲဖြစ်ဖြစ် ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲက တစ်ခုဖြစ်တဲ့ — ရွှမ်းယွမ်မိသားစုလေ

အထက်ထျန်းလန်လောကတစ်ခုလုံး ပွဲကြီးပွဲကောင်းကြည့်ရဖို့ စောင့်နေကြတော့တယ်။ သူတို့ ရွှမ်းယွမ်မိသားစုက အကြီးတော်တွေ တုံ့ပြန်မှာကို မျှော်နေတယ်။ ဓားကျင့်ကုံသူနှစ်ယောက်အပေါ် ဘယ်လိုလက်စားချေမလဲ မြင်ချင်မိပါရဲ့။ ဒါပေမဲ့ နောက်သုံးလတောင် ရွှမ်းယွမ်မိသားစုက တိတ်နေတော့ အံ့ဩသွားခဲ့ရတယ်။ သူတို့အကြီးတော်တွေ ပြန်ရောက်လာတဲ့နေ့တည်းက ရွှမ်းယွမ်မိသားစုတစ်စုလုံး ခပ်လျှိုလျှို နေသွားကြတဲ့ပုံပဲ။ ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေပို့ဖို့ လွှတ်ခံရတဲ့ တပည့်တောင် ပြဿနာမရှာဖို့နဲ့ သူ့ကိုယ်သူ အာရုံစိုက်ခံရအောင် မနေဖို့ အမိန့်ပေးခံထားရတယ်။

အထက်ထျန်းလန်လောကတစ်ခွင်လုံး ‌ဇဝေဇဝါဖြစ်ကုန်ကြတယ်။ ဖြစ်နိုင်တာက… ဓားကျင့်ကြံသူနှစ်ယောက်က အရမ်းကို စွမ်းဆောင်ရည်ရှိလို့ ဆွေကြီးမျိုးကြီးမိသားစုတစ်ခုရဲ့ ခရီးသွားမသေမျိုးအကြီးအကဲကတောင် သူတို့ကို ရန်သွားမစရဲတာများလား။

ပိုပြီးတော့တောင် ဆန်းကြယ်နက်နဲတာက လွန်ခဲ့တဲ့လအနည်းငယ်က ရွှမ်းယွမ်မိသားစုထဲက ခရီးသွားမသေမျိုးနှစ်ယောက်ဟာ အလယ်ထျန်းလန်လောကထဲမှာ ပျောက်ဆုံးသွားခဲ့တယ်။ အဲ့အတွက်အကြောင်းရင်းကိုတော့ မသိရသေးဘူး။

ရုတ်တရက် အထက်ထျန်းလန်လောကထဲက ကျင့်ကြံသူအားလုံး သတိကြီးကုန်ကြတယ် အောက်ဘက်ဘုံရဲ့ ဓားကျင့်ကြံသူနှစ်ယောက်က မြို့ရဲ့ပြောစရာဖြစ်လာခဲ့တယ်။ သူတို့နာမည်တွေက အထက်ထျန်းလန်လောကထဲက မြို့တွေအားလုံးဆီ တောမီးလိုပျံ့သွားတော့တယ်။ သူတို့က နိစ္စဓူဝစကားဝိုင်းတွေအားလုံးထဲမှာ ခေါင်းစဉ် ဖြစ်နေတယ်။

“တာအိုရောင်းရင်း၊ မင်း ဓားကျင့်ကြံသူ ယိချင်းနဲ့ ကူယွဲ့အကြောင်း ကြားဖူးလား”

“အင်း၊ သူတို့က ရွှမ်းယွမ်မိသားစုတစ်စုလုံးကို သုတ်သင်လုနီးပါးလုပ်ခဲ့တဲ့ နှစ်ယောက်ဆို…”

“ကျုပ်ကြားတာတော့ အဲနှစ်ယောက်က…”

ရှန်းရင် ဘေးချင်းကပ်စားပွဲမှာ တိတ်တိတ်လေးထိုင်နေလေတယ်။

တစ်အောင့်အကြာမှာတော့…။

“ငါ လေးနက်တဲ့ပြဿနာတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီ” သူမက အလန့်တကြားပြောပြီး ရုတ်ခြည်းထရပ်လာတယ်။

ကူယွဲ့ သူ့ကြောင့် လဲကျသွားတဲ့ ခွက်တွေကို အမြန် ပြန်ကောက်ရင်း ပြောလိုက်တယ်။

“ဟေး ဟေး ဟေး ရုတ်တရက်ကြီး ဘာလို့ထရပ်ရတာတုံး”

“ဆရာ” ယိချင်းက လေးလေးနက်နက် မေးရှာတယ်။

“ထူးဆန်းတဲ့ဘာကိစ္စကို နားလည်သွားလို့လဲ”

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ သူမက သူတို့မြင်ဖူးသမျှထက်ကို ပိုပြီးတည်ကြည်နေတဲ့ မျက်နှာထားနဲ့ မျက်နှာချင်းဆိုင်လာတယ်။

“ဘာကိစ္စလဲဟ” ကူယွဲ့ ရင်ထဲထိတ်သွားတယ်။

“မင်းမျိုဆို့ဖို့ ဒီကိုလာချင်ခဲ့တာမဟုတ်ဘူးလား”

“နင်တို့ မထင်ဘူးလား…” သူမက စကားလုံးတစ်လုံးချင်းစီကို ဖိပြောပြီး အမူအရာက ပိုတည်ကြည်လေးနက်လာတယ်။

“ငါက သိပ်ကိုနာမည်မကြီးဘူးလားလို့”

ကူယွဲ့ ။ ။ “…”

ယိချင်း ။ ။ “…”

“ကြည့်လေ၊ အဲမိသားစုရဲ့ မိဘကို ရိုက်နှက်ခဲ့တဲ့သူကငါ၊ မသေမျိုးခရီးသွားငါးယောက်ကိုချည်ပြီး ပြန်သယ်လာတဲ့သူကလည်း ငါပဲ၊ ဒါတောင် ဒီကိုလာတဲ့လမ်းမှာ လူတွေက နင်တို့နှစ်ယောက်အကြောင်းပဲ ပြောကြတယ်၊ ဘာလို့ တစ်ယောက်မှ ငါ့နာမည်ကို မပြောကြတာလဲ၊ ငါက အဲလောက်တောင် မဖြစ်စလောက်ပုံပေါ်နေတာ အဓိပ္ပါယ်မရှိဘူး၊ မှန်တယ်မလား”

သူတို့နှစ်ယောက် ။ ။ “…”

သောက်ကျိုးနည်း ငါတို့ ဘယ်လိုလုပ်သိမလဲဟ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset