EYYJ အပိုင်း ၂၀

အပိုင်း (၂၀) ကိုယ်ပိုင်ငွေ

ယိုကျင့် အနောက်ဆောင်သို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် မုန်လာဥဖြူလေးများသည် ဝှစ်ခနဲ ဝိုင်းလာကြတော့သည်။

“စန်းကျဲ”

မျက်နှာပေါ်တွင် တစ်လက်မခန့် အမာရွတ်တစ်ခုနှင့် ယိုကျူးသည် မျက်လုံးထဲတွင် အပျော်များဖြင့် ယိုကျင့်ကို ကြည့်လိုက်လေသည်။

“ စန်းကျဲ ယွဲ့ဝမ်ဝေ့လည်း ခူစိမ်းကောင် ကိုက်ခံရလို့တဲ့”

“ အစ်မ သိတယ်လေ၊ အဲတုန်းက စန်းကျဲ နင့်ကို ပြောခဲ့တာကို မှတ်မိသေးလား၊ အခု စန်းကျဲ ထပ်ပြောမယ်၊ ကျန်တဲ့သူတွေလည်း နားထောင်ကြ”

သူမသည် ဟိုယိမ်းသည်ယိမ်းလျှောက်နေသည့် ရှောင်ကျို့ကို ကောက်ချီကာ လမ်းလျှောက်ရင်း ညီမငယ်လေးများကို ခုတင်ဘက်သို့ ခေါ်လာကာ ထိုင်ချလိုက်လေသည်။ ထို့နောက် စကားတစ်လုံးစီကို ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေဖို့ ဆယ်နှစ်လောက်ကြာလည်း နောက်ကျတယ်ဆိုတာ မရှိဘူးတဲ့၊ မမတို့ထက် အင်အားကြီးတဲ့သူက မမတို့ အနိုင်ကျင့်ပြီး ချက်ချင်း ပြန်မတိုက်ခိုက်နိုင်ရင် မမတို့က တခြားနည်းကို စဥ်းစားရမယ်၊ အားလုံးမှတ်ထားကြနော်၊ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်တာက အရူးမိုက်ဆုံးအလုပ်ပဲ သိလား”

မုန်လာဥလေးများသည် စိတ်ဝင်တစားခေါင်းညိတ်ပြလိုက်တော့သည်။

“ မှတ်မိပါပြီ”

ယိုကျူး၏ မျက်လုံးထဲတွင် ထူးထူးခြားခြား အလင်းတစ်ခု လင်းလက်သွားတော့သည်။ ယွဲ့ဝမ်ဝေ့ အော်ငိုကာ ညည်းညူသံကို ကြားလိုက်သည့်အခိုက်တွင် သူမအတွက် စန်းကျဲက လက်စားချေပေးလိုက်မှန်း ခန့်မိသွားတော့သည်။ အခုတော့ စန်းကျဲ၏စကားများကို နားထောင်လိုက်ပြီးနောက် ဒါသည် စန်းကျဲလုပ်ခဲ့တာမှန်း သေသေချာချာ သိသွားတော့သည်။

ယိုကျင့်သည် ယိုကျူး၏ လင်းလက်နေသည့် မျက်လုံးများကို သတိထားမိသွားပြီး ညီမငယ်လေးများက ကစားသည့်ဖက်တွင် အာရုံရောက်နေစဥ် သူမကို မျက်စိမှိတ်ပြလိုက်လေသည်။ ယိုကျူး ခေါင်းညိတ်ပြလိုက်၏။ ဒါသည် သူမကိုယ်တိုင်နှင့် စန်းကျဲကြားက လျှို့ဝှက်ချက်လေးတစ်ခု ဖြစ်သွားတော့သည်။ ညီအစ်မများသည် ပျော်ရွှင်ဆော့ကစားနေကြ၏။ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် အမျိုးသမီးစုသည် အပြင်ဖက်က လှုပ်လှုပ်ရှားရှားအသံကို ကြားလိုက်ရပြီးနောက် ချစ်ခင်ကြင်နာသည့်အပြုံးတစ်ခု ပေါ်လာတော့သည်။ ဒါကို မိသားစုထဲတွင် ကလေးများနှင့် ရှိနေသည့်အချိန်မှ ခံစားရပြီး ဆင်းရဲပြီး သနားစရာကောင်းသည်ကို အဘယ်ကြောင့် ခံစားနေရမည်နည်း။ အနည်းဆုံးတော့ သူမ၏ကလေးများသည် နေ့တိုင်း စိုးရိမ်စိတ်ဖြင့် ကြောက်ရွံ့မနေကြသလို ဘယ်အချိန် အရိုက်ခံရတော့မည်ဟု စဥ်းစားနေစရာလည်း မလိုပါချေ။

အဘွားချန်နှင့် အမျိုးသမီးချန်တို့သည် ယွဲ့ဝမ်ဝေ့ကို သမားတော်မာအိမ်သို့ ခေါ်သွားကြလေသည်။ သမားတော်မာက ဆေးမြစ်တူးရန် တောင်ပေါ်တက်သွားသည်နှင့် ကြုံပြီး ပြန်မလာသေးချေ။ နာရီဝက်လောက် စိုးရိမ်တကြီး စောင့်လိုက်ရလေသည်။ ယွဲ့ဝမ်ဝေ့သည် နာကျင်မှုကြောင့် ပဲစေ့အရွယ် ချွေးသီးချွေးပေါက်များထွက်ကာ အဝတ်အစားများ ရွဲနစ်နေချိန်မှ သမားတော်မာသည် ကျောပေါ်တွင် ဆေးမြစ်များ ထည့်ထားသည့်ခြင်းဖြင့် အေးအေးဆေးဆေးပြန်ရောက်လာတော့သည်။

နောက်တစ်ယောက်က ခူစိမ်းကောင် ကိုက်ခံရသည်ဟု ကြားလိုက်ရသည်နှင့် သမားတော်မာသည် ယိုကျင့်ပေးခဲ့သည့် နည်းလမ်းကို စမ်းကြည့်ရန် အခွင့်အရေးတွေ့သွားတော့သည်။ ခူစိမ်းများကို ဖမ်းကာ အစိမ်းရောင်သွေးကြောကို ဆွဲထုတ်လိုက်ပြီး ယွဲ့ဝမ်ဝေ့၏ဒဏ်ရာပေါ်တွင် လိမ်းပေးလိုက်လေသည်။ အမှန်ပင်။ ၁၅မိနစ်ခန့် ကြာပြီးနောက် နီရဲ ရောင်ယမ်းကာ နာကျင်မှုတို့ သိသိသာသာ သက်သွားတော့သည်။ ယွဲ့ဝမ်ဝေ့ အငိုတိတ်သွားသည်ကို တွေ့လိုက်မှ အဘွားချန်နှင့် ချွေးမတို့မှာ အသက်ရှူချောင်သွားတော့သည်.

သူ သက်သာသွားပြီကို တွေ့လိုက်ရသဖြင့် သမားတော်မာက သတိထားရန် အချက်များကို အကြံပေးလိုက်လေသည်။

“အိမ်ပြန်သွားလို့ နာနေသေးရင် ဆပ်ပြာရည်နဲ့ ပွတ်ဆေးလိုက်နော်၊ အခုက ခူစိမ်းထွက်တဲ့ရာသီဆိုတော့ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်မှရမယ်၊ သူ့ဆူးက ကြောက်ဖို့ကောင်းတယ်၊ လူကို သေတောင်သေစေနိုင်တယ်နော်”

ယောက္ခမနှင့် ချွေးမတို့သည် အစက သူတို့ကလေးကို သမားတော်ထံ လာပြခြင်းဖြစ်၏။ သမားတော်က ဩဝါဒချွေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ အထူးသဖြင့် အဘွားချန်ပင်။ သူမက အဘယ်ကြောင့် ဤသို့ ဆက်ဆံခံရပါမည်နည်း။ သူမမြေးလေး၏ အခြေအနေကြောင့် ပြန်ကောင်းလာသည့် သူမ၏မျက်နှာထားသည် ညိုမည်းလာတော့သည်။ ခပ်ရေးရေး ပြန်တုံ့ပြန်လိုက်ပြီး ဆေးဝါးခမပေးဘဲ ထွက်သွားတော့သည်။

အဘွားချန် ထွက်သွားသည်ကို ကြည့်ရင်း သမားတော်မာ၏ဇနီးသည် ရိုင်းရိုင်းစိုင်းစိုင်း ‘ဖွီး’ခနဲ ထွေးထုတ်လိုက်တော့သည်။

“ တကယ်တည်း ရှင် မကုပေးလိုက်သင့်တာ၊ သူ ဆူးစူးခံရသင့်တယ်၊ ပြီးခဲ့တဲ့အခေါက်တုန်းကဆို ယိုကျင့်နဲ့ ကောင်မလေးတွေက အရမ်းသိတတ်တာပဲ၊ တကယ် မကောင်းတဲ့ဝါး၊ ကောင်းတဲ့မျှစ်စို့လေးတွေ ထွက်လာရတယ်လို့”

ခြံထဲတွင် ဆေးများ ညှပ်ရင်း ထိုင်နေသည့် သမားတော်မာဘက် လှည့်ပြောလိုက်ပြန်သည်။

“ရှင် သူ့ကို ဆူးစူးလို့ ပေးသေလိုက်ရင်တောင် ခံသင့်တယ်၊ ကျွန်မတို့က စေတနာနဲ့တေောင် ပြောလို့ မရဘူးလား၊ သူ့ကိုယ်သူများ ကောင်းကင်ဘုံးက မယ်တော်ကြီးလို့ တကယ်ထင်နေတာလား”

သမားတော်မာသည် သူ့လက်ထဲက ဆေးမြစ်များကို ချကာ သက်ပြင်းချလိုက်ပြီး

“ သမားတော်ဆိုတာ မိဘစိတ်မွေးရမယ်လေ၊ လူနာက လူနာပဲ၊ သူတို့မှာ ဘယ်လိုအကျင့်စရိုက်ပဲ ရှိရှိ သမားတော်ရဲ့ ဝတ္တရားက အသက်ကို ကယ်ဖို့နဲ့ ဒဏ်ရာတွေကို ကုသပေးဖို့၊ အဲအကြောင်းမပြောနဲ့တော့၊ စားဖို့လေး ပြင်တော့၊ နေ့တစ်ဝက်လောက် တောင်ပေါ်တက်ပြီး ဆေးရွက်တွေ ခူးရအုံးမယ်၊ ဗိုက်ဆာနေပြီ”

အမျိုးသမီးလင်က သူ့အား စိတ်ဆိုးဆိုးဖြင့် မျက်စောင်းထိုးလိုက်လေသည်။

“ ရှင်ပဲတတ်နိုင်တယ်”

သို့တိုင် သူမသည် သူ့အတွက် မြန်မြန်ဆန်ဆန် ချက်ပြုတ်ပေးလိုက်လေသည်။

ဥခိုးသည့်ကိစ္စနှင့် ဘာသက်သေမှ ရှာမတွေ့သည့်အတွက် အဘွားချန်သည် ယိုကျင့်ကို အနည်းငယ် စိတ်ပူနေလေသည်။ ယွဲ့ဝမ်ဝေ့မှာ သစ်သီးခါးကို ကိုက်စားပြီး ဗိုက်ထဲ မျိုချလိုက်ရတော့သည်။ ခူစိမ်းကောင်ကြောင့် ယိုကျူး၏ မျက်နှာပေါ်တွင် အမာရွတ်ပါးပါးလေးသာ ကျန်ခဲ့ပြီး ထိုမုန်တိုင်းမှာ ငြိမ်သက်စွာ ပြီးဆုံးသွားတော့သည်။

***

ချွေ့ဖုန်းရွာ၏အနောက်ဘက် ၃-၄ကီလိုမီတာအကွာတွင် လျိုထင်မြို့ရှိသည်။ မြို့တွင် ၂ နှင့် ၆ ဂဏန်းဆုံးသည့်နေ့တိုင်း စျေးတစ်ခု ဖွင့်သည်။ ထို့ကြောင့် လတိုင်း ၂ရက်၊ ၆ရက်၊ ၁၂ရက်၊ ၁၆ရက် ၊ ၂၂ရက်နှင့် ၂၆ရက်များတွင် စျေးရှိလေသည်။( စကားချပ် ။ ။ ရှမ်းပြည်ဘက်မှာဆို ငါးရက်စျေးလို့ ခေါ်တာပေါ့နော်) စျေးနေ့တွင် မြို့ပတ်ဝန်းကျင်မှ ရွာများကလူများသည် စုဆောင်းထားသည့် သူတို့၏ ဥများ၊ လတ်လတ်ဆတ်ဆတ် အသီး၊ ဟင်းသီးဟင်းရွက်များကို စျေးတွင် လာရောက် ရောင်းချကြလေသည်။ တကယ်တော့ ထိုသစ်သီး ဟင်းသီးဟင်းရွက်များသည် ကိုယ်ပိုင် ခြံထွက်ပစ္စည်းများ ဖြစ်ကြသည်။ ခြံထွက်ပစ္စည်းများကို ရောင်းလို့ရသည်ကပင်  အံ့ဩစရာ။

ယခုတော့ ယွဲ့မိသားစုက ငွေအမြောက်အများ သုံးလိုက်ပြီးဖြစ်ရာ အဘွားချန်သည် အိမ်တွင် ငွေများ စုဆောင်းနိုင်ရန် ဥများကို ရောင်းချရတော့သည်။ ထိုနေ့က ညနေစာစားပွဲဝိုင်းတွင် အဘွားချန်က အမျိုးသမီးချန်ကို ပြောနေလေသည်။

“ သန်ဘက်ခါ ၂၆ရက်နေ့ပဲ၊ အဲနေ့ကျရင် ဥတွေနဲ့ ငါလုပ်ထားတဲ့ ဖိနပ်အောက်ခံတွေကို ယူသွားပြီး စျေးမှာ သွားရောင်းချည်၊ နည်းနည်းပါးပါးတော့ ကာမိမှာပါ”

အမျိုးသမီးချန်က ခေါင်းညိတ်လိုက်၏။

“ အင်းပါ အမေ စိတ်မပူနဲ့နော်”

အိမ်က ဥများနှင့် အဘွားချန်လုပ်ထားသည့် ဖိနပ်အောက်ခံများကို စဥ်းစားလိုက်ပြီးနောက် ရောင်းလို့ရနိုင်မဲ့ ပိုက်ကွန်ငယ်လေးများကို ပစ္စည်လေးများကို လုပ်လိုက်လိုက်လျှင် ရလာနိုင်မည့် ငွေပမာဏကို အမျိုးသမီးချန် စဥ်းစားလိုက်တော့သည်။

အဘွားချန်သည် အမျိုးသမီးချန်ကို တစ်ချက်ကြည့်လိုကြီး သူမ ဘာတွေးနေသည်ကို သိလိုက်လေသည်။ တူဖြင့် ထမင်းကိုယူကာ  ပါးစပ်ထဲထည့်ဝါးလိုက်၏။ သူမသည် အမျိုးသမီးချန်ကို ဣန္ဒြေနှင့် ကြည့်ကာ ပြောလိုက်လေသည်။

“သန်ဘက်ခါကျရင် ငါနင့်နဲ့ လိုက်ခဲ့မယ်”

အရင်က မိသားစုအခြေအနေသည် များစွာပိုကောင်းလေသည်။ အမျိုးသမီးချန်က သူမ၏တူမအရင်း ဖြစ်သဖြင့် ငွေတစ်စ နှစ်စယူထားလိုက်လည်း  အရေးမကြီးပေ။ ဒါပေမဲ့ အခုတော့ အိမ်မှာ ငွေပြတ်လပ်နေပြီဆိုတော့ သူမက ချွေးမ တူမဖြစ်နေအုံးတော့ တခြားသူကို ဘယ်လိုလုပ်ပြီး အလကားပေးနိုင်တော့မှာလဲ။

အမျိုးသမီးချန်သည် အဘွားချန်၏ ရုတ်တရက်ရွှေ့ကွက်ကြောင့် အနည်းငယ်စိတ်ရှုပ်သွားတော့သည်။ သို့သော် သူချက်ချင်း သတိထားလိုက်ပြီး

“ အမေရ် ခရီးကအဝေးကြီး၊ အပင်ပန်းခံစရာမလိုပါဘူး၊ ကျွန်မ ပစ္စည်းတွေကို စျေးကောင်းရအောင် ရောင်းနိုင်ပါတယ်”

သူမ မျက်နှာချိုသွေးကာ အဘွားချန်ကို ချော့မော့နေသော်လည်း သူမ၏စိတ်ထဲတွင်တော့ စိုးရိမ်တကြီး မဲ့ရွဲ့နေတော့သည်။ အဘွားချန်က သူမအနှင့်အတူ စျေးလိုက်ခဲ့မည်ကို စိုးရိမ်နေတော့သည်။

သို့သော် သူမ၏သေးငယ်လှသည့်စိတ်ကူးများက နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သည့် မြေခွေးအိုမကြီး အဘွားချန်လက်ထဲမှ အဘယ်သို့ လွတ်မြောက်နိုင်ပါမည်နည်း။ စျေးသွားမည့်ကိစ္စကို အဘွားချန်ကသာ ဆုံးဖြတ်လိုက်လေသည်။

“ နင် ဘာမှ စဥ်းစားပေးမနေနဲ့တော့၊ ဆုံးဖြတ်ပြီးပြီ၊ သန်ဘက်ခါကျရင် ငါနင်နဲ့လိုက်ခဲ့မယ်”

အမျိုးသမီးချန်မှာ တော်တော်စိတ်ညစ်သွားတော့သည်။ ဘေးတွင် တိတ်ဆိတ်စွာ စားသောက်နေသည့် ယိုကျင့်ကတော့ အလွန်ပျော်သွားတော့သည်။ အရင်က အမျိုးသမီးစုသည် ယွဲမိသားစုက ထွက်သွားဖို့ရာ တွန့်ဆုတ်နေပြီး သူမကလည်း စျေးသွားဖို့ အခွင့်အရေးမရှိခဲ့ချေ။ အခုတော့ အမျိုးသမီးစုသည် ယွဲ့မိသားစုမှ ထွက်သွားချင်စိတ်ဖြစ်လာသဖြင့် ပထမဆုံးဖြေရှင်းရမည့်အရာမှာ ငွေပြဿနာဖြစ်တော့သည်။

သို့သော်ငြား အဘွားချန်နှင့် အမျိုးသမီးချန်တို့က အိမ်ကို ဆက်တိုက်စောင့်ကြည့်နေကြပြီး သူမမှာလည်း နေ့တိုင်း လုပ်စရာအများအပြား ရှိခဲ့လေသည်။ ယခု  အဘွားချန်နှင့်  အမျိုးသမီးချန်တို့က စျေးအတူတူ သွားကြမည်ဆိုတော့ သူမကိုယ်တိုင်အတွက်လည်း ကိုယ်ပိုင်ငွေစုဆောင်းရန် အခွင့်အရေးတစ်ခု ဖန်းတီးပေးလိုက်ခြင်း မဟုတ်ပါလား။

ယိုကျင့်စဥ်းစားထားသည့် နည်းလမ်းမှာ ရစ်ငှက်များနှင့် ယုန်များကို ဖမ်းကာ ရောင်းရန်ဖြစ်လေသည်။ ယခုကာလသည့် ရွှေရောင်ဆောင်းဦးကာလဖြစ်လေသည်။ ချွေ့ဖုန်းတောင်သည့် ကျယ်ပြန့်သည့် ကုန်းမြေထု တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သဘာဝအလျောက် ရစ်ငှက်နှင့် ယုန် များစွာရှိလေသည်။ ယိုကျင့်သည် ယုန်တွင်းတစ်ခုကို မီးခိုးမှိုင်းတိုက်ပြီး ယုန်များကို ထွက်လာအောင် လုပ်ရမည်မှာ ပြောရန်ပင် မလိုချေ။

အမျိုးသမီးစုက သူမ ငွေရှာချင်သည်ဟု ပြောလာတော့ စိုးရိမ်မိလေသည်။

“ သမီးက ပိုက်ဆံရှာဖို့ ဘယ်လိုစိတ်ကူးထားလို့လဲ”

စိတ်ကူးသ သမီးဖြစ်သူအတွက် စွန့်စားရမည့်ဟာမျိုးဆိုလျှင် အမျိုးသမီးစု သေချာပေါက် ငြင်းရလိမ့်မည်။

ယိုကျင့်က ငုံ့ကာ လေသံဖြင့် ပြောလိုက်၏။

“ အမေ မေ့သွားပြီလား၊ သမီး ရစ်ငှက်တွေ ဖမ်းတတ်တယ်လေ၊ နောက်နှစ်ရက်လောက် တောင်ပေါ်မယ်၊ ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင်ပဲ ဖမ်းနိုင်တယ်ဆိုရင်တောင် ငွေစတချို့နဲ့ ရောင်းလို့ရတယ်လေ ဟုတ်တယ်မလား၊ ဒါက အဘွားနဲ့ ကြီးတော်တို့ အိမ်မရှိတဲ့ ရှားရှားပါးပါး အခွင့်အရေးပဲ၊ သမီးတို့ ဒီအခွင့်အရေးကို အသုံးချပြီး ငွေမရှာရင် ယွဲ့မိသားစုအိမ်က ထွက်သွားပြီးနောက်ပိုင်း ဘယ်လို နေထိုင်လို့ရမှာလဲ”

သမီးဖြစ်သူ၏စကားကို ကြားလိုက်တော့ အမျိုးသမီးစု၏ မျက်လုံးများသည် အနည်းငယ် နီရဲလာတော့သည်။ စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားပြီး

“ကျင့်အာ အမေတို့ မထွက်သွားကြတော့ရင်ကော”

ချွေ့ဖုန်းတောင်သည် အစောပိုင်းနှစ်များတွင် ကျားများ ကျက်စားရနေရာဖြစ်ခဲ့လေသည်။ သမီးဖြစ်သူ အသက်ဆုံးရှုံးရလျှင် သူမ မည်သို့ခံစားနိုင်ပါမည်နည်း။

‘အမေရယ် စန်းကျဲရဲ့ စကားကိုပဲ နားထောင်လိုက်ပါနော်”

ယိုကျင့် အထဲဝင်ကာ အမျိုးသမီးစုနှင့် စကားသွားပြောသည်ကို မြင်လိုက်တော့ သိလိုစိတ်ဖြင့် ယိုကျူးက အရင် ခိုးနားထောင်နေလိုက်သည်။ ထို့နောက် သူမက ယိုရင်နှင့် ယိုပေါင်ကို လက်ယက်ခေါ်လိုက်၏။ စန်းကျဲက အားလုံးကို ယွဲ့အိမ်တော်မှ ခေါ်သွားမည်ဟု ကြားလိုက်သည်တွင် ညီအစ်မသုံးယောက်၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားတော့သည်။ သို့သော် သူမ အမေက ထွက်မသွားချင်သည် အမူအရာများဖြစ်သဖြင့် စိတ်မြန်သည့်ယိုကျူးက ခန်းဆီးကို ပင့်ကာ အမြန်ဝင်လာတော့သည်။

ယိုရင်နှင့် ယိုပေါင်က ယိုကျူးအရင်ဆုံး ပြေးဝင်သွားသည်ကို မြင်လိုက်တော့ သူတို့နှစ်ယောက်လည်း အပြန်အလှန်ကြည့်လိုက်ကြပြီး လိုက်ဝင်သွားတော့သည်။

“ အမေ စန်းကျဲရဲ့စကားကို နားထောင်လိုက်ပါနော်”

အမျိုသမီးစုသည် သမီးတချို့က ယွဲ့အိမ်တော်မှ ထွက်သွားချင်စိတ် ပြင်းပြနေသည်ကို လုံးဝမျှော်လင့်မထားခဲ့ချေ။ မတတ်သာတော့ဘဲ အနည်းငယ် နားချလိုက်တော့သည်။

“ သမီးတို့က ငယ်ကြသေးတယ်လေ၊ အမေတို့ ယွဲ့အိမ်တော်က ထွက်သွားရင် အစားအသောက် အဝတ်အစား လုံလုံလောက်လောက် ရှိဖို့က ပြဿနာမဟုတ်ဘူး၊ အမေတို့ အနိုင်ကျင့်ခံရရင် ဘယ်လိုလုပ်မလဲ”

အမျိုးသမီးစု၏ စကားကိုကြားလိုက်ပြီးနောက် စိတ်ပျော့သည့်ယိုရင်နှင့် ယိုပေါင်တို့၏မျက်နှာပေါ်တွင် တစ်နည်းနည်းဖြင့် တွေဝေစိတ်များပေါ်လာတော့သည်။ သို့သော် ပြတ်သားသည့်ယိုကျူးကတော့ ထိုသို့မတွေးချေ။

“ အမေ တကယ်လို့ သမီးတို့ ယွဲ့အိမ်က ထွက်သွားရင် သမီးက စန်းကျဲနဲ့အတူတူ အားလုံးကို ကာကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့ ယွဲ့အိမ်တော်မှာပဲ ဆက်နေရမယ်ဆိုရင် သမီးတို့တွေ တကယ်ပဲ ကောင်းကောင်း နေနိုင်ပါ့မလားဟင်၊ အဖေက သမီးတို့ကို ရိုက်ဖို့လောက်ပဲသိတယ်၊ အစားအသောက်လဲ ဝဝလင်လင်မစားရဘူး၊ လူတိုင်း အမိန့်ပေးတာပဲ ခံနေရတယ်၊ သမီးတို့က ရွာပြင်မှာ လျှောက်သွားနေတဲ့ ခွေးရိုင်းတွေထက်တောင် ဆိုးသေးတယ်”

သူမက အမျိုးသမီးစုကို လေးလေးနက်နက် စိုက်ကြည့်ကာ တိုးတိုးလေး ဆက်ပြောလိုက်ပြန်သည်။

“ ဒီလိုဆိုမှတော့ သမီးလညး ခွေးရိုင်းတစ်ကောင်ပဲ လုပ်လိုက်တော့မယ်”

ယိုကျူးစကားကို စကားကို နားထောင်လိုက်ပြီးနောက် မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာနေသည့် ယိုရင်နှင့် ယိုပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးစု  အံ့ဩသွားတော့သည်။ သူမ၏သမီးများသည် အကောင်းအဆိုးကို ခွဲခြားတတ်နေပြီပဲ။ ထိုအခါမှ အမျိုးသမီးစုသည် သူမ၏ သမီးဖြစ်သူများနှင့်ပင် မယှဥ်နိုင်ကြောင်း ခံစားမိသွားတော့သည်။ သမီးများက နောက်ကျသည်က လုံးဝမလုပ်သည်ထက်စာလျှင် ပိုကောင်းမှန်းနားလည်ကြပြီး လမ်းခွဲချိန်တန်လျှင် လမ်းခွဲရဲကြသည်။ သူမ သူမကတော့ဖြင့် နှစ်ပေါင်းများစွာ တခြားလူများကို ကိုယ်တိုင် အနိုင်ကျင့်ခွင့်ပေးထားခဲ့သည်။ မပြတ်မသား ဖြစ်နေသည်ကိုက အရှုံးတစ်ခုပင်။

အမျိုးသမီးစုသည် မျက်လုံးများ အနည်းငယ်နီရဲသွားပြီး အတွေးများက စိတ်ထဲတွင် ပြေးလွှားနေလေသည်။ ခဏကြာပြီးနောက် သူမ ခပ်လေးလေး ခေါင်းညိတ်လိုက်တော့သည်။

“ အင်းပါ ဒီတစ်ခါတော့ အမေ သမီးတို့စကားကို နားထောင်လိုက်မယ်”

“တကယ်နော်”

ညီအစ်မသုံးယောက်သည် အမျိုးသမီးစု၏အိပ်ရာပေါ်သို့ ပျော်ရွှင်စွာ ပြေးတက်သွားကြတော့သည်။ သူတို့သည် ပျော်ရွှင်စွာဖြင့် လက်လေးများကို ထုတ်ကာ အမျိုးသမီးစု၏ဗိုက်အား ညင်ညင်သာသာ ပွတ်ပေးနေကြတော့သည်။

“ အမေက  အရမ်းအံ့ဩစရာကောင်းတာပဲ”

ယိုကျင့်လည်း စိတ်အေးသွားတော့သည်။ အမျိုးသမီးစုက မျှော်လင့်ချက်မဲ့နေတဲ့ ပုံတော့ မဟုတ်လေဘူး။ သူမစိတ်ထဲမှာ ဒီကလေးတွေရှိနေသ၍ ယွဲ့မိသားစုကနေ ထွက်သွားဖို့ ဖြစ်နိုင်ခြေက နောက်အဆင့်တစ်ခု တက်သွားလိမ့်မယ်။

အမျိုးသမီးစုက ယိုကျင့်အတွက် အဝတ်အစားတချို့ကို ယောက်ျားဝတ် အဝတ်အစားများအဖြစ် ပြောင်းချုပ်ပေးဖို့ သဘောတူလိုက်လေသည်။ နောက်တစ်နေ့ညတွင် ယိုကျင့် အဝတ်အစားလဲပြီး မီးခိုးရောင် ဦးထုပ်တစ်လုံးကို ဆောင်းလိုက်သည်။ သူမသည် လယ်သမားမိသားစုက ပိန်ပိန်သေးသေးကောင်လေးတစ်ယောက်နှင့် တစ်ပုံစံထဲပင်။ ယိုကျင့်သည် သည်အဝတ်အစားကို အလွန်စိတ်တိုင်းကျနေတော့သည်။

“ အောင်မြင်သွားပြီ၊ ဒါဆို သန်ဘက်ခါကျရင် စျေးသွားတဲ့အခါ သမီး ဒီလိုပုံစံဝတ်သွားရမယ်”

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset