ERSY အခန်း ၂၇

အခန်း ၂၇ ။ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ထဲ ခိုးဝင်ခြင်း

မဟာနတ္ထိဂိုဏ်း။

ဂိုဏ်းကို မျောလွင့်နေတဲ့ တောင်တွေနဲ့ ဝန်းရံထားပြီး တောင်ထွတ်တွေက ကောင်းကင်ယံမှာ ရပ်ဆိုင်းနေတယ်။ နတ်သမီးပုံပြင်တစ်ပုဒ်ထဲက မြင်ကွင်းလိုမျိုး ချီဓာတ်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်း ကာရံထားလေရဲ့။ မျောလွင့်တောင်ထွတ်တွေရဲ့ ညာဘက် မလှမ်းမကမ်းမှာတော့ လုံးဝကို အသွင်ခြားနားတဲ့ တောင်ထွတ်တစ်ခုက တခြားတောင်ထွက်တွေကြားမှာ မျောလွင့်နေတယ်။ ဒီတောင်က တခြား‌မျောလွင့်တောင်ထွတ်တွေထက် ဆယ်ဆပိုသေးပေမဲ့ ဖောက်ထွင်းမြင်ရတဲ့ အကာအရံ ရှိနေတယ်။ ဒီမျောလွင့်တောင်ထွတ်ရဲ့ အပေါ်မှာတော့ မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပြန့်ကားနေတဲ့ အလင်းတန်းတစ်တန်းနဲ့ပဲ။

“ငါတို့အရှေ့က ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ပဲ”

ကူယွဲ့ အကာအရံနဲ့ အုပ်မိုးထားတဲ့ မျောလွင့်တောင်ထွတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်တယ်။ မျက်မှောင်တွေကလည်းကြုတ်ထားပြီး မျက်နှာပေါ် အဲသဘောမတူတဲ့အကြည့်လည်း ရှိနေဆဲ။ ကူယွဲ့က ရှန်းရင်ကို လှည့်ပြောလိုက်တယ်။

“ငါ ခုတလော ဘယ်နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူကမှ တောင်ထွတ်ထဲ ဝင်ရောက်တယ်လို့ မကြားပေမဲ့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ထဲမှာ အထက်ဆင့်ထျန်းလန်လောကဆီ သွားတဲ့ လမ်းကြောင်းကို စောင့်ကြပ်နေတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်ရှိတယ်၊ တောင်ထွတ်ထဲ ဘယ်သူဝင်ဝင် သူတို့ အာရုံခံမိမှာပဲ၊ သေချာစဉ်းစားနော်၊ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ထဲ တကယ်ကျူးကျော်ဝင်ရောက်ချင်တာ သေချာရဲ့လား”

ဒါက စောင့်ကြပ်နေတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်သုံးယောက်ကို စစ်ကြေညာလိုက်တာနဲ့ တူနေလိမ့်မယ်။

ရှန်းရင် မော့ကြည့်ပြီး ပြန်ဖြေမဲ့ဆဲဆဲ သူမဘေးကယိချင်းက အရင်ထပြောလာတယ်။

“ဟင့်အင်း ဆရာ မလုပ်ပါနဲ့”

ကူယွဲ့က သူ့အဖြေကြောင့် စိတ်သက်သာရာရသွားခဲ့တယ်။ အနည်းဆုံးတော့ အခြေအနေကို ဖတ်တတ်တဲ့သူ ရှိသေးတယ်လေ။ ယိချင်းဟာ တကယ်ပဲ အမတဓားအရှင်အဖြစ် သေချာပေါက် ထိုက်တန်ပါတယ်။

မင်းရဲ့ ဆရာအတုကို အမြန် အကြံပေးလိုက်စမ်းပါ။

ဒါပေမဲ့ ယိချင်းက ရှန်းရင်ကို မျက်နှာပေါ် လေးနက်တဲ့အကြည့်နဲ့ လှည့်ပြောတာ မြင်လိုက်ရတော့တယ်။

“ဆရာ မကြာခင်မွန်းတည့်ချိန် ရောက်တော့မယ်၊ ဆရာ… နေ့လယ်စာမစားရသေးဘူးလေ”

“…” ဘာပြောလိုက်တယ်။

“နင်ပြောတာမှန်တယ်” ရှန်းရင်က သဘောတူကြောင်း ခေါင်းတညိတ်ညိတ်နဲ့။

“ငါတို့တာဝန်ကို ထမ်းဆောင်ဖို့ အားရှိအောင် ဗိုက်ဖြည့်ရမယ်”

“တပည့် ဆရာ့အတွက် စားစရာတချို့သွားရှာပြီး မီးစမွှေးလိုက်ပါမယ်”

“ကျေးဇူးပဲ”

“ဆရာ ဒီမှာခဏစောင့်နော်၊ မကြာခင် အဆင်သင့်ဖြစ်တော့မယ်”

ကူယွဲ့ : “…” ငါ့ဓားဘယ်မှာပါလိမ့်။

o(▼皿▼メ;)o

“ပြန်လာစမ်း မင်း”

ကူယွဲ့က ဦးနှောက်ထိခိုက်ထားတဲ့ ပရိသတ်လေးကိုထိန်းထားပြီး သူ့ပါးစပ်ကနေ အယုတ္တအနတ္တမျိုးစုံ စထွက်လာတော့တယ်။

“‌‌ဒါ စားစရာရှာဖို့ အချိန်လား၊ ဒါ အပန်းဖြေခရီးများထင်နေလားဟ တကယ်လို့ကူချင်ရင် တလေးတနက်လုပ်စမ်းပါ ဟုတ်ပြီလား”

ပြီးတော့ ဒီအမျိုးသမီးကို မင်းသူငယ်ချင်းလို့ထင်ထားတာ။

“ဒါပေမဲ့ ငါတို့မစားရင် ဗိုက်ဆာမှာလေ”

“ဆရာပြောတာမှန်တယ်”

“သောက်ကျိုးနည်း သည်းမခံနိုင်ဘူးလား”

“ဆာလောင်မှုက အစာအိမ်ကို ထိခိုက်စေတယ်လေ”

“ဆရာမှန်တယ်”

“ဒီတစ်ကြိမ် ငါအလောတကြီးထွက်လာရတော့ စားစရာမယူလာခဲ့ရဘူး၊ နင့်မှာ စားစရာရှိတယ်လို့ မပြောနဲ့နော်”

“ငါ…” ကူယွဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့တယ်။ ဒါပေမဲ့ သူ့မှာတကယ်ရှိနေတာ အံကြိတ်ပြီး သူ့ဘေးက သိုလှောင်အိတ်ထဲကနေ ကိတ်မုန့်အထပ်လိုက် ဆွဲထုတ်လိုက်တယ်။

“ဒီမှာ၊ အရင်တစ်ခေါက်က မင်းမကုန်တော့ ငါမင်းအတွက် ထုတ်ပေးခဲ့တာ၊ မျို မျို သေတဲ့အထိမျို”

“ဘယ်လိုလုပ် ကွေ့ဟွားအဆာသွတ်မုန့်ပဲ ရှိနေတာရတာလဲ၊ ငါအရင်တစ်ခေါက်က မပြီးခဲ့တာ မုန့်ကြွပ်ရော၊ ကြာပန်းဌာပနာမုန့်နဲ့ ငါးအသားလွှာရှိတာ မှတ်မိတယ်နော်”

“ဆရာ၊ ရွှေထောပတ်ဟင်းလည်း မေ့သွားတယ်လေ”

“…”

မင်းတို့ဆရာတပည့်နှစ်ယောက်က အကြွေးတောင်းဖို့များ ထွက်လာကြတာလား။ မင်းတို့ ငါ့အတွက် နည်းနည်းလေးတောင် ချန်ပေးထားလို့မရဘူးလားဟ။

“မင်း လူနာမည်တောင် မမှတ်မိတာ၊ ဘယ်လိုလုပ် ဒီလိုမျိုးတွေကျ ကောင်းကောင်းမှတ်မိနေရတာလဲ၊ ယူ ယူ ယူ၊ ငါ အားလုံးပြန်ပေးမယ်၊ ကျေနပ်ပြီလား”

“အိုး ကျေးဇူး”

“ဆရာ ကျွန်တော် ဝိညာဉ်သားရဲလေးဘာလေး ထွက်ဖမ်းလိုက်ရဦးမလား”

“ပါးစပ်ပိတ်ထားစမ်းပါ”

ဘေးတွင် ကြည့်နေသော ချီချန်းယွီ : “…” ဒီလူတွေ ငါနဲ့ပါလာတာ၊ တကယ်ရော လက်စားချေနိုင်ပါ့မလားဟေ။

——————

ဓားရိပ်ဖမ်းခြင်းတောင်ထွတ်က မဟာနတ္တိဂိုဏ်းပိုင်တဲ့တောင်။ ဒါပေမဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်စုနဲ့ တောင်ထိပ်မှာ အထက်ဆင့်ထျန်းလန်လောကဆီ တိုက်ရိုက်ရောက်တဲ့ လမ်းကြောင်းရှိတာကြောင့် သာမန်တပည့်တွေ ဒီကိုလာရောက်ကြတာရှားတယ်။

နောက်ဆုံး စားသောက်ပြီးနောက်တော့ အဖွဲ့က သိပ်ခက်ခက်ခဲခဲမကြိုးစားလိုက်ရသလို မဟာနတ္တိဂိုဏ်း သူတို့ရောက်နေတာကိုလည်း သတိမထားမိစေဘဲ တောင်အောက်ခြေ ရောက်လာခဲ့ကြတော့တယ်။

အပြင်ကနေ အာရုံခံနိုင်တာနဲ့ ယှဉ်ရင် တောင်တစ်တောင်လုံးရဲ့ ဝိညာဉ်ချီက ဒီနေရာမှာ အများကြီး ပိုသိပ်သည်းပြီး တောင်အပေါ်မှာ လွင့်မျောနေတဲ့ ခန်းမဆောင်တစ်ခုကို ခပ်ရေးရေးမြင်ရတယ်။

“ငါမင်းကို ဒီနေရာထိပဲ ခေါ်သွားနိုင်တယ်”

ကူယွဲ့ တောင်ထိပ်ကို မော့ကြည့်လိုက်တယ်။

“ငါဆက်ပြီးသွားရင် သတိထားမိခံရမှာ၊ ငါက မဟူရာကောင်းကင်ဂိုဏ်းဝင်တစ်ယောက် ၊ မဟာနတ္ထိဂိုဏ်းကလူအများစုက ငါ့ကိုသိကြတယ်၊ ဒါကြောင့် မင်းတို့နောက်လိုက်ဖို့သင့်တော်မယ် မထင်ဘူး”

သူသာ သတိထားမိခံရရင် ဂိုဏ်းနှစ်ဂိုဏ်းကြား ပြဿနာဖြစ်သွားလိမ့်မယ်။

“ကျေးဇူးပါတယ် အရှင်သခင်ရဲ့အကူအညီအတွက်”

ချီချန်းယွီက သူ့ကို နှုတ်ဆက်ဂါဝရပြုလေတယ်။

“မင်း ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး၊ မင်းကို ကူညီနေတာ မဟုတ်လို့”

တစ်ယောက်သောသူကို စိန်းစိန်းဝါးဝါးလှည့်ကြည့်ပြီး ကူယွဲ့ ဆက်ပြောလိုက်တယ်။

“ဒါကထူးခြားတဲ့ကိစ္စပဲ၊ မင်းက ခုထိမိစ္ဆာလမ်းစဉ် ကျင့်ကြံသူဖြစ်နေသေးတယ်၊ ပုံမှန်ဆိုရင်တော့ မင်းကို သက်ညှာမှာမဟုတ်ဘူး၊ ပြီးတော့ ငါတို့ ဒီကိစ္စအပေါ် ကောက်ချက်မချရသေးဘူး”

ချီချန်းယွီ လက်သီးတင်းတင်းဆုပ်လိုက်သည်။

“ကျွန်မ ရှင်ဆိုလိုတာ နားလည်ပါတယ် ဆရာသခင်”

“ဟေး အစားသရဲ” ချီချန်းယွီကို လုံးဝလျစ်လျူရှုပြီး ကူယွဲ့က ရှန်းယင်ကို တံတောင်ဆစ်နဲ့ တွတ်လိုက်တယ်။

“ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ထဲ လူကျူးကျော်ဝင်ရောက်လာတာ သတိမထားမိအောင် မဟာနတ္တိဂိုဏ်းထဲက သက်ကြားအိုကြီးတွေနဲ့ ငါစကားသွားပြောရဦးမယ်၊ မင်းတို့အားလုံး မြန်မြန်လုပ်ကြ”

“အင်းပါ”

“‌ဓားရိပ်ဖမ်းခြင်းတောင်ထွတ်က မကြီးပေမဲ့ လူရှာဖို့တော့ အဲလောက်မလွယ်ဘူး၊ မင်းတို့လူခွဲတာ ပိုကောင်းတယ်၊ ဟုတ်သား…”

သူ ခေါင်းလှည့်ပြီး ချီချန်းယွီကိုကြည့်လိုက်တယ်။

“အဲလူက ဘယ်လိုပုံစံလဲ၊ မင်းမှာ သူ့ပုံရိပ်ရှိလား”

မျက်မှောင်ကြုတ်ပြီး ချီချန်းယွီက အဖြူရောင်ကျောက်တုံးအဝိုင်းလေးတစ်ခုထုတ်ကာ လက်ဟန်တစ်ခု ဖန်တီးလိုက်တယ်။ ရုတ်တရက် ယောက်ျားတစ်ယောက်ပုံရိပ်က ကျောက်တုံးပေါ် မျောလွင့်လာတယ်။ သူက တစ်ကိုယ်လုံး အဖြူဝတ်ထားပြီး သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန်ပုံစံပေါ်ကာ တရားမျှတ နည်းလမ်းကျတဲ့ လူကြီးလူကောင်းပုံစံ ခံစားမှုမျိုး ပေးစွမ်းနေတယ်။

ကူယွဲ့ သူမလက်က ကျောက်တုံးဝိုင်းကိုယူပြီး လက်တံဆိပ်တစ်ခု ဖန်တီးကာ တောက်အဆောင်တချို့ ထုတ်ယူလိုက်တယ်။

“ဒါတွေယူလိုက်၊ သူတို့က ခြေရာခံအဆောင်တွေပဲ၊ အဲလူရဲ့ အငွေ့အသက်ကို ခုလေးတင် ထည့်ထားတယ်၊ နောက်ကျရင် သုံးလိုက်၊ သူ့ကိုရှာရတာ ပိုလွယ်သွားတာပေါ့”

ဒါပေမဲ့ ဒီလိုပြောပြီးတာတောင် သူစိုးရိမ်နေဆဲမို့ ထပ်ပြောလိုက်တယ်။

“သတိရ… မင်းတို့ရဲ့ မဟူရာကောင်းကင်ဂိုဏ်းအကြောင်း မဖော်နဲ့နော်၊ ငါ့ခေါင်းပေါ် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ပြစ်မှုတင်တာမျိုး မလိုချင်ဘူး”

ရှန်းရင် မော့ကြည့်ပြီး သူပေးထားတဲ့ အဆောင်ကို တစ်ချက်ကြည့်လိုက်ပေမဲ့ နောက်တော့ ခေါင်းယမ်းကာ ပြန်ပစ်ပေးလိုက်တယ်။

“မလိုတော့ဘူး”

“မလိုဘူးတဲ့လား” ကူယွဲ့ စိန်းစိန်းဝါးဝါး ကြည့်တော့တာပေါ့။

“မင်းတို့မျက်လုံးနဲ့ပဲ လူတစ်ယောက်ကို ရှာလို့ရလား၊ အဲကန်းလို့‌ခေါ်တဲ့ကောင်က မင်းတို့ သူ့ကို အပြတ်သိပ်ခွင့်ပြုဖို့ မင်းတို့ရှေ့ အလိုလို ‌ခုန်ထွက်လာမယ်ထင်လို့လား”

ဒါပေမဲ့ သူ ဒါပြောပြီးပြီးချင်းကို အသံတစ်သံက သူ့နောက်ကနေ ရုတ်တရက်ထွက်လာလေတယ်။

“မင်းတို့က ဘယ်သူတွေလဲ၊ ရာရာစစ ဓားအရိပ်ဖမ်းခြင်းတောင်ထွတ်ထဲ ကျူးကျော်ရဲတယ်ပေါ့”

ကြောင်အသွားပြီး ကူယွဲ့ သူ့နောက်မှာရုတ်တရက် ပေါ်လာတဲ့လူကို လှည့်ကြည့်လိုက်တယ်။ တစ်ခဏတာ သူ ဇဝေဇဝါဖြစ်သွားပုံပေါ်ပြီး ရုတ်တရက် ကျောက်တုံးဝိုင်းပေါ်က ပုံရိပ်ကို ငုံ့ကြည့်လိုက်တယ်။ မယုံနိုင်လွန်းလို့ သူ ခေါင်းကိုပိုတောင်ငုံ့ပြီး ပုံရိပ်ကို ထပ်အားစိုက်ကြည့်လိုက်မိသေးတယ်…။

ဟိုလီရှစ် ငါ မယုံနိုင်ဘူး သူက တကယ်ငတုံးပဲဟ။

(⊙o⊙)

“ကန်းဇီလွေ့” ချီချန်းယွီလည်း သူ့ကိုအဲလောက်မြန်မြန် ရှာတွေ့မယ် မမျှော်လင့်ခဲ့မိဘူး။ သူမ မျက်ဝန်းတွေ ချက်ချင်းနီရဲသွားပြီး မျက်နှာချင်းဆိုင်ကလူကိုပဲ စိုက်ကြည့်တော့တယ်။

“နှစ်ငါးရာတောင်ရှိသွားခဲ့ပြီ ငါ့ကို မှတ်မိသေးလား”

ကြက်သေသေနေရင်း အဲယောက်ျားက သူတို့လူအုပ်အလယ်က သူကို ကြည့်လိုက်မိတယ်။ ရုတ်တရက် အကြည့်ပြန်ရုပ်ပြီး စိတ်လှုပ်ရှားနေတဲ့အမူအရာက မျက်နှာထက်မှာ ဖျတ်ခနဲ ပြေးသွားတော့တာပဲ။

“မင်းက… ချီချန်းယွီလား မင်း… မင်း ဘာကြောင့် ဒီရောက်နေတာလဲ”

ချီချန်းယွီ အေးစက်စက်ရယ်လိုက်တော့တယ်။ မျက်နှာမှာ အမုန်းတရားအပြည့်နဲ့ပေါ့။

“နင် ငါ့ကို သေချာပေါက် ဒီမှာရှိနေစေချင်မှာ မဟုတ်ဘူးပေါ့၊ နှစ်ငါးရာ… ငါ နင့်ကိုရှာနေခဲ့ရတာ နှစ်ငါးရာ၊ ဒီမှာပုန်းနေလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ အတိတ်က ရန်ကြွေးတွေကို တစ်ကြိမ်တည်းနဲ့ ဒီနေ့အကုန်ရှင်းရအောင်”

“ချီချန်းယွီ၊ စိတ်အေးအေးထား၊ ငါလည်း အဲတုန်းက အခြေအနေတွေကြောင့် ဖိအားပေးခံခဲ့ရတာ၊ ဖြစ်ခဲ့တာတွေအတွက် မင်းငါ့ကို အပြစ်တင်လို့မရဘူး”

နောက်ပြန်ဆုတ်ပြီး ပျာယာခတ်သထက် ပျာယာခတ်လာတဲ့ ကန်းဇီလွေ့က ရှင်းပြဖို့ကြိုးစားတော့တယ်။

“အဲအချိန်တုန်းက ငါက ရွှေအမြုတေကျင့်ကြံဆင့်ပဲရှိသေးတာလေ၊ အဲတော့ အဲယွီတင်းက မင်းကို လိုချင်ခဲ့တဲ့အချိန်က ငါ့မှာဘာရွေးချယ်စရာရှိခဲ့လဲ၊ မင်း အပြစ်တင်မယ်ဆို… သန့်စင်တဲ့ ယင်ခန္ဓာကိုယ်ရှိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ရမယ်”

“ဟမ့် နင့်မှာရွေးချယ်စရာမရှိဘူးတဲ့လား” ချီချန်းယွီမျက်နှာမှာ ထေ့ငေါ့မှုအပြည့်နဲ့။

“အဲတော့ ငါ အဲနှစ်မှာ နင့်ဆီပြန်ပြေးလာခဲ့ချိန်၊ ငါ့ရဲ့ နှစ်တစ်ရာကျင့်ကြံမှုကို ဖျက်ဆီးပြီး မင်ယင်တောင်က မြေအောက်မိစ္ဆာချောက်ထဲ တမင်သက်သက်ပစ်ချခဲ့ချိန်၊ ငါ့ကို အတောမသတ်နိုင်တဲ့ အရှက်ခွဲမှုတွေ ခါးစည်းခံခိုင်းဖို့ ထားခဲ့ချိန် နင် အဲကိစ္စတွေအားလုံးမှာရော ဖိအားပေးခံခဲ့ရတာလား”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset