ERSY အခန်း ၁၁

အခန်း ၁၁။ တစ္ဆေဘုရင်မွေးဖွားခြင်း

“ဟားဟားဟား မိစ္ဆာခေါင်းလောင်းက နောက်ဆုံးတော့ ငါ့အတွက်ဖြစ်ပြီ”

ရုတ်တရက် စီတန်းနေတဲ့ အလယ်တည့်တည့်က ပန်းတွေကြားမှာ လူတစ်ယောက် ပေါ်လာတယ်။ လူကြီးက အသက်လေးဆယ်၊ ငါးဆယ် လောက်ရှိပြီ။ အမည်းရောင် ဝတ်စုံကို ဝတ်ထားတယ်။ မျက်နှာကိုတောင် အဝတ်အမည်းတွေ စည်းထားလေရဲ့။ ကျင့်ကြံသူ လူငယ်လေးဆီက ပြုတ်ကျသွားတဲ့ သေတ္တာလေးကို စိတ်လှုပ်ရှားစွာနဲ့ ကိုင်ထားတယ်။

“ခင်ဗျားပါလား” ကျင့်ကြံသူလုက မိန်းကလေးကို သတိရအောင်လုပ်နေဆဲ မော့ကြည့်ပြီးတော့ ပြောလိုက်တယ်။

“မင်းသူ့ကို သိတယ်လား ” ယိချင်းကမေးတယ်။

“သူ ..သူ က ငါ့ ရဲ့ ဓမ္မရှေးဟောင်း ပစ္စည်းကို လေလံတင်ဖို့ လုပ်တုန်းက ကန့်ကွက်ခဲ့တဲ့လူပဲ”

ကျင့်ကြံသူလုက အဝတ်မည်းတွေ စည်းထားတဲ့လူကို ကြည့်ပြီးပြောလိုက်တယ်။

” သူ့ကို မိစ္ဆာ ကျင့်ကြံသူ ဖြစ်မယ်လို့ ထင်မထားဘူး ”

“ဟမ့် ချာတိတ်” မိစ္ဆာကျင့်ကြံသူက ခေါင်းလောင်းပုံ ရှေးဟောင်းပစ္စည်းလေးကို သေတ္တာထဲ က ထုတ်ပြီး လူငယ်လေး ကို စိုက်ကြည့်လိုက်တယ်။

“မိစ္ဆာခေါင်းလောင်းက မိစ္ဆာ ကျင့်ကြံသူအတွက်ပဲ ဖြစ်ရတယ်၊ မင်းလိုချီးထုပ်ချာတိတ်ကများ ငါ့ဆီက လုယူရဲသေးတယ်”

“အဓိပ္ပာယ်မရှိတာ, ဓမ္မရှေးဟောင်း ပစ္စည်းက ဝိညာဉ် ပစ္စည်း မဟုတ်တဲ့ အတွက် ပိုင်ရှင်ဘယ်သူဖြစ်မလဲ သတ်မှတ်စရာ မလိုဘူး၊ အဲဒါကို ငါဝယ်ခဲ့တယ် ဆိုတာ အသိအသာကြီး”

“မင်း ဒါကို ဝယ်နိုင်လောက်တဲ့ အချိန်ထိ အသက်ရှင်နေသားပဲ၊ သုံးရောသုံးနိုင်ရဲ့လား ကြည့်ရမှာပေါ့” လက်ကို ဝှေ့လိုက်တာနဲ့ မြေပေါ်ကနေ ပန်းတွေနဲ့ ဆူးတွေက သူ့ဆီ ဝဲပျံလာတယ်။

ယိချင်း ချက်ချင်းပဲ ပန်းတွေဆီ ဓားနဲ့ ပြေးဝင်လိုက်တယ်။ ဓားက အသက်ရှိနေတဲ့ အလားပန်းပွင့်တွေကြား ပိုင်းချလိုက်တယ်။ တစ်ခဏအတွင်းမှာပဲ မြေပေါ်မှာ ပန်းပွင့်ဖတ် အပိုင်းအစ သေးသေေလေးတွေ ပြန့်ကျဲသွားတယ်။

“မင်းက ရွှေသိုင်း ကျင့်ကြံသူပဲ ” မိစ္ဆာကျင့်ကြံသူရဲ့ မျက်ခုံးနှစ်ဖက်က မြင့်တက်သွားပြီး မျက်နှာကလည်း ခက်ထန်သွားတယ်။ နောက်တော့ အနားမှာရပ်နေတဲ့ ကျင့်ကြံသူလုကို ကြည့်ပြီးပြောလိုက်တယ်။

“ချာတိတ်ကောင်..၊ မင်းက ရွှေသိုင်းကျင့်ကြံသူကို သက်တော်စောင့်ထားမယ်လို့ မထင်ထားမိဘူး၊ ဒါပေမဲ့… ဆဆိုးတာပဲ လက်ကို ထပ်ရမ်းပြီး ချိတ်ပိတ်ထားတာကိုဖွင့်လိုက်တယ်။

“မင်းတို့ အားလုံး ငါနဲ့ တွေ့ပြီဆိုတော့… မင်းတို့အားလုံး ဒီမှာသေရတော့မယ်”

နောက်တစ်ဆင့်မှာ မြေပေါ်မှာ အနီရောင်တွေပြောင်းသွားတယ်။ အပိုင်းပိုင်းပြတ်နေတဲ့ ပန်းပွင့်တွေနဲ့ နွယ်တွေက ထူထဲတဲ့ အနက်ရောင် မီးခိုးငွေ့တွေအဖြစ် အသွင်ပြောင်းသွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တောအုပ်တစ်ခု လုံး မီးခိုးငွေ့တွေ ပြည့်သွားပြီး ပတ်ဝန်းကျင် ကလည်း အေးစိမ့်လာတယ်။

“ဒါ ယင်ချီပဲ” ယိချင်းက ဓားကိုသေချာကိုင်လိုက်ကာ နောက်လှည့်ပြီး‌ သတိပေးလိုက်တယ်။

“နောက်ဆုတ် ယင်ချီ မင်းတို့ ကိုယ်ထဲ မဝင်နိုင်အောင် အာရုံခံနေရာငါးခုကို ပိတ်ထားကြ ”

ကျင့်ကြံသူလုက သူပြောတဲ့ အတိုင်းချက်ချင်းလုပ်လိုက်တယ်။ ခံစစ်ပုံစံကို ပြောင်းလိုက်ပြီး ဘေးနားက မိန်းကလေးကိုလည်း သတိပေးလိုက်တယ်။

“ပုံစံ အမြန်ပြင်ပါ၊ ယင်ချီက အများကြီး ဒုက္ခပေးနိုင်တယ်”

ဒါပေမဲ့ ..သူ ဟောက်သံတွေကို ပဲ ကြားလိုက်ရတယ်။

အိပ်.. အိပ် .. အိပ်ပျော်နေတုန်းပဲ။ သူမ အိပ်နေရင်းနဲ့ ဒီထိဘယ်လိုများ လမ်းလျှောက်လာတာလဲ။

ယင်ချီရဲ့ ထိန်းချုပ်မှူ အောက်မှာ ပတ်ဝန်းကျင်က ပိုပြီး မည်းမှောင်လာတယ်။ မိစ္ဆာကျင့်ကြံသူဆီကနေ ပန်းတွေ ပိုပြီး ထွက်လာတယ်။ မီးခိုးတွေကို အကာအကွယ် အဖြစ်နဲ့ သုံးပြီးတော့ ရန်သူရဲ့ တိုက်ခိုက်မှု‌တွေက ပိုပြီး ပြင်းထန်လာတယ်။ ယိချင်းက ပန်းပွင့်နည်းနည်းကို ခုတ်ချလိုက်ပေမဲ့ ရန်သူက နောက်က လူနှစ်ယောက် ကို ပစ်မှတ်ထားနေမှန်း သတိထားမိသွားတယ်။

မိစ္ဆာ ကျင့်ကြံသူက ရတနာကို ခိုးဖို့တင်မဟုတ်ဘဲ ကျင့်ကြံသူလုကိုပါ သတ်ချင်နေမှန်း သိလိုက်ရတယ်။

ယိချင်းက မျက်မှောင်ကြုံ့လိုက်ပြီး တစ်ကိုယ်လုံးက ချီ အတွင်းအားတွေကို စုစည်းလိုက်တယ်။ ချီဓား အသက်ဝင်လာပြီးနောက် သူ့ဘေးမှာ ဓားဆယ်ချောင်း အဖြစ် ကွဲထွက်သွားတယ်။

အလင်းရောင်တွေထွက်လာပြီးတော့ တောထဲက ပန်းတွေနဲ့ မီးခိုးတွေကို ခုတ်ဖြတ်လိုက်တယ်။

ရုတ်တရက် မိစ္ဆာကျင့်ကြံသူရဲ့ ခြေထောက်အောက်ခြေက ကွဲအက်ပြီးတော့ ပါးစပ်ကနေသွေးတွေ အန်လာတယ်။ မျက်လုံးထဲ မှာလဲ မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့။

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ၊ ငါ့ရဲ့ ယင်သိုင်းကွက် မင်း … မင်း က ဓားသိုင်းသမားပဲ”

တခြား ကျင့်ကြံသူတွေဆို ငါ့သိုင်းကွက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဓားသိုင်းကျင့်တဲ့သူပဲ အဆင့်ကွာနေတာ‌တောင် ငါ့ကိုယှဉ်နိုင်မှာ။

ဓားသိုင်းက တောက်ဓားနဲ့ကျင့်ရတာ။ အာရုံကို ဓားသွားပေါ်မှာ စိုက်ထားပြီး စိတ်နဲ့ ဓားနဲ့ တစ်ထပ်ထဲ ဖြစ်နေရမယ်။ ဘယ်မှော်ပညာ အစွမ်းမှမသုံးဘဲ ဒီကျင့်ကြံမှု က ကိုယ်တိုင်အပေါ်ပဲ မူတည်တယ်။ ဒါကြောင့်မို့လို့ သူတို့ ကအဆင့်တူနေတဲ့ တခြားကျင့်ကြံသူတွေနဲ့ တွေ့ရင်တောင် စွမ်းအားပိုရှိတယ်။ ဓားသိုင်းကျင့်သူတွေနဲ့ ယှဉ်နိုင်ဖို့မလွယ်ဘူး။ သူတို့ကရှားတယ်။ ဒီလိုရွှေဓားသိုင်း ကျင့်သူနဲ့တွေ့ဖို့ဆို ပိုတောင်ခဲယဉ်းသေး။

“ဓားသိုင်းသမား ယိချင်း” သူကပြောတယ်။

“ယိချင်း” တခြားအဖွဲ့ကလူတွေ လန့်သွားတယ်။ တစ်ခုခု ကို သတိရသွားတဲ့ ပုံစံ နဲ့ မျက်နှာမှာလည်း ဖြူ‌ဖတ်ဖြူရော်နဲ့။

“မင်း မင်းက လွေ့မိ ကို သတ်လိုက်တဲ့လူပဲ” သူ့မျက်နှာ အမူအရာပြောင်းသွားပြီး ရှိသမျှ အားကုန်ထုတ်သုံးလိုက်တယ်။ အရိုးခေါင်းပုံစံ မီးခိုးတွေနဲ့ တိုက်ခိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။

ယိချင်းက နောက်ထပ် ဓားသိုင်းတစ်မျိုးကို ပြောင်းပြီး မီးခိုး တွေ ရဲ့ အလယ်တည့်တည့်ကို ပိုင်းချလိုက်တယ်။ ဘေးနားက ဓားတွေ အကုန် မိစ္ဆာကျင့်ကြံသူ ဆီလွှတ်လိုက်ပြီး ဝိုင်းမိသွားတယ်။

မိစ္ဆာကျင့်ကြံသူက တုန်လှုပ်နေပြီ။ ဓားတွေကို ဖောက်ထွက် ဖို့ ကြိုးစားပေမဲ့ မဖြစ်နိုင်ဘူး။ မျက်နှာမှာလည်း သွေးရောင်တောင် မရှိတော့ဘူး။ ယိချင်းက အနားကို ပျံလာတော့ ကြောက်လန့်ပြီး ဓမ္မရှေးဟောင်းပစ္စည်းကို ပစ်ထုတ်လိုက်တယ်။

“ရော့ … ရော့ ယူလိုက်ပါ ငါမလိုချင်တော့ဘူး၊ မင်းတို့ အားလုံးလဲ ဘာမှ မဖြစ်ဘူးပဲ၊ ငါ့ကိုလွှတ်ပေးပါလား၊ တစ်ခဏ လောဘ‌တက်မိသွားတာပါ၊ နောက်မဖြစ်စေရပါဘူး၊ ငါတောင်းပန်ပါတယ်”

“မင်းက မိစ္ဆာကျင့်ကြံသူပဲ” ယိချင်းက အမူအရာမပြောင်းဘဲ အနားဆက်တိုးလာတယ်။

“လူသတ်တာတွေ၊ ရတနာခိုးတာတွေက ဒါပထမဆုံး မဖြစ်နိုင်ဘူး၊ မင်းကို လွှတ်ပေးလိုက်ရင် မကောင်းမှုကို အားပေးရာမရောက်ဘူးလား၊ ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလို့ မဖြစ်ဘူး”

စကားလုံးတွေကို အဆုံးသတ်ဖို့ ဓားကိုမြှောက်လိုက်တယ်။ အရောင်တောက်သွားပြီး ချီဓားတွေ အားလုံး သူ့ဆီကို ပျံသန်းလာတယ်။

“မလုပ်နဲ့… မလုပ်နဲ့၊ မိစ္ဆာကျင့်ကြံသူက ကြောက်လန့် ပြီး အသားကုန်အော်လိုက်တယ်။ ချီဓားတွေက သူ့ကို ဖောက်ထွက်ခံနီး သူပစ်ထုတ်လိုက်တဲ့ပစ္စည်းလေးက ယိချင်းဆီ အသံမြည်ပြီးဝဲလာတယ်။

“တောက်သခင် သတိထားပါ” ကျင့်ကြံသူလုက လှမ်းအော်လိုက်တယ်။

ယိချင်းက ဓားတွေကို ရပ်လိုက်ပြီး ဓမ္မပစ္စည်းကို မထိအောင်ရှောင်ဖို့ ကြိုးစားလိုက်တယ်။ ရုတ်တရက် မိစ္ဆာကျင့်ကြံသူက ဓားတွေကြားထဲကနေ ယိချင်း ရင်ဘတ်ကို လှမ်းတိုက်ခိုက်လိုက်တယ်။ သူလွဲသွားပေမဲ့ တစ်ခုခုကို ဆွဲယူသွားတယ်။

” မကောင်းတော့ဘူး ”

“ဝိညာဉ်စုပ်တံခွန်”

“ဟားဟား” မိစ္ဆာကျင့်ကြံသူက ဝိညာဉ်စုပ်တံခွန်ကို ယူပြီး မီးခိုးငွေ့တွေနဲ့ ဓားတွေကြားထဲ ကနေဖောက်ထွက်သွားတယ်။

“ဒါကို ယူရတာ လွယ်လွယ်လေးပါလား”

သူ့ရယ်သံတွေ ပြင်းထန်လာပြီး စိတ်လှုပ်ရှားနေတဲ့ မျက်နှာ ဖြစ်သွားတယ်။

“အစကတော့ ဓမ္မရှေးဟောင်းပစ္စည်း သေးသေးလေးကိုပဲ လုမလို့ပဲ၊ ဒီဟာကိုပါ ရမယ်လို့ မမျှော်လင့်ထားဘူး၊ ဒါကို မင်းနဲ့ ယူလာရလောက်အောင် ရူးမိုက်လိုက်တာ၊ မင်းရဲ့ ဓားသိုင်းကွက်က ငါ့ကို ဟန့်တားနိုင်မယ်လို့ တစ်ကယ် ထင်နေတာလား”

သူက ရည်ရွယ်ချက်ရှိရှိ ဖမ်းမိချင်ယောင်ဆောင်ပြီးမှ မိစ္ဆာခေါင်းလောင်းကို ပစ်ထုတ်ပြီး အလစ်တိုက်ခိုက်တာပဲ။ သူ့ပစ်မှတ်က ယိချင်းဆီက ဝိညာဉ်စုပ် တံဆိပ်။

ယိချင်း မျက်မှောင်ကျုံ့လိုက်တယ်။ သူသိပ်ပြီးပေါ့လျော့လွန်းတယ်။ တံဆိပ်က ချိတ်ပိတ်ထားပေမဲ့ ချီသရဲက စိမ့်ထွက်ပြီး လွတ်သွားနိုင်သေးတယ်။ သူ့ရဲ့ ချီအတွင်းအားနဲ့ ချီသရဲကို ထိန်းထားဖို့ စဉ်းစားပြီး သူများတွေကို ဒုက္ခမပေးနိုင်အောင်သွားလေရာ သယ်သွားနေတာ။ ဒါပေမဲ့ သာမန်လူသတိမထားမိနိုင်တဲ့ ချီသရဲပမာဏ နည်းနည်းလေးကိုတောင် မိစ္ဆာကျင့်ကြံသူက သတိထားမိနိုင်တယ်ဆိုတာမေ့သွားခဲ့တယ်။

“အဲဒါကို လွှတ်လိုက်စမ်း”

“လွှတ်ရမယ်” မိစ္ဆာကျင့်ကြံသူက ရယ်တယ်။ “ငါ့ကို လွေ့မိ လို အရူးများထင်နေလား၊ ငါ့လက်ထဲမှာ ဒီလိုရတနာ ရှိနေမှတော့ မင်းကို မရှုံးနိုင်တော့ဘူး၊ မင်းက ဓားသိုင်းသမားဆိုတော့ရော ဘာဖြစ်လဲ၊ ဒီနေ့ မင်းကို တံဆိပ်ထဲ စတေးပစ်မယ်။ ”

ယင်ချီ အတွင်းအားကို ချိတ်ပိတ်ထားတဲ့‌အပေါ် ထိလိုက်တယ်။

“ရပ်လိုက်” ယိချင်းက ရှေ့ကို ပြေးလာပြီးတားဖို့ကြိုးစားပေမဲ့ နောက်ကျသွားခဲ့ပြီ။ ချိတ်ပိတ် ထားတာက ကွဲအက်သွားပြီ။ ‌တံဆိပ်က အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ချီသရဲထွက်လာတာနဲ့ တစ်ပြိုင်နက် အပူချိန်ကလည်း ထိုးကျသွားတယ်။

“ဟား ဟား ဝိညာဉ်စုပ်တံဆိပ်ကလည်း ငါ့အတွက်ဖြစ်ပြီ” သူ့မျက်လုံးတွေ ပြူးကျယ်ပြီးရယ်နေတယ်။ ဘေးနားမှာ ဝိုင်းနေတဲ့ ချီသရဲကို ကြည့်ပြီးတော့

“အခုကစပြီး ဝိညာဉ်ပြောင်းအဆင့်ထက် နိမ့်တဲ့လူတွေ အားလုံး ငါ့ကို မယှဉ်နိုင်တော့ဘူး၊ ငါ့ထိန်းချုပ်မှုအောက်မှာ တစ္ဆေတွေ အများကြီးရှိသွားပြီ၊ ပြီးတော့ …. အဟွတ်” သူစကားမဆုံးခင်မှာပဲ သွေးတွေအန်ထွက်လာပြီး အခြေအနေက ပြောင်းသွားတယ်။

ဘယ်ကမှန်းမသိတဲ့ လက်သည်းရှည်ကြီးက သူ့ရင်ဘတ်မှာပေါ်လာတယ်။ လက်သည်းက အငွေ့ ပေမဲ့ ရင်ဘတ်ကို ဖောက်ထွက်ပြီး ခုန်နေတဲ့ နှလုံးကို ကိုင်ထားတယ်။

မိစ္ဆာကျင့်ကြံသူ သွေးသံရဲရဲနဲ့ နှလုံးကို ငုံ့ကြည့်ပြီး ကြတ်သေသေသွားတယ်။ နောက်တော့ လက်သည်းကြီးက နှလုံး ကို ပေါက်ထွက်အောင် ညှစ်လိုက်တယ် ။

“တစ္ဆေ … ဘုရင် ” နောက်ဆုံးစကားကို ပြောပြီးနောက် မှာတော့ မိစ္ဆာကျင့်ကြံသူက မျက်လုံးပွင့်လျက်ပဲ မိုးပေါ်က ပြုတ်ကျလာတယ်။ အသက်ရှူသံလည်း ရပ်သွားခဲ့လေတယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset