ERST အခန်း ၁၄

အခန်း (၁၄)

ရှန်းထင်ရွှမ်းက ထခုန်လိုက်သည်။

“မဟုတ်ဘူးလား ”

သိသိသာသာပင် လွန်ခဲ့သည့် တစ်စက္ကန့်ကတောင် စနစ်က တာဝန်သည် ၆၁% သာ ပြီးသေးကြောင်း ထုတ်ပြန်နေသည်။ ဒါက သူမ တာဝန်ပြီးမြောက်ပြီလို့ ဆိုလိုတာလား။

တစ်နည်းဆိုရလျှင် လူတစ်ရာခန့်က တစ်စက္ကန့်အတွင်း အသီးများကို စားလိုက်သည်လော။

ဖေးစူပါမားကတ်၏ စင်များပေါ်တွင် အဆင်သင့် ရှိနေပြီး ဝယ်ယူခဲ့သည့် လူတိုင်းက စားရန် ပြန်သွားခဲ့သောကြောင့်သာ ဖြစ်နိုင်သည်ဟု ရှန်းထင်ရွှမ်းက ခန့်မှန်းလိုက်သည်။ သူမက ယနေ့ အလွန်ကံကောင်းနေသည်ဟု ခံစားလိုက်ရသည်။

စက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ “အိမ်ထဲက လူက bug တစ်ခုဆိုတာကို စနစ်က ရှာဖွေတွေ့ရှိခဲ့တယ်၊ အသီးတစ်ကိုက်စားတာက လူတစ်ရာစားတာနဲ့ ညီမျှနေတယ် ” [bug က အမှားတစ်ခုခုလိုမျိုး]

ရှန်းထင်ရွှန်း “? ? ?”

ဘယ်လိုတောင် ထိတ်လန့်စရာ အဖြစ်အပျက်လဲ။

အထဲရှိလူက လူအယောက်တစ်ရာနှင့် တန်နေပေသည်။

ရှန်းထင်ရွှမ်းက မှန်ကန်သော လူတစ်ယောက်ကို ကယ်ခဲ့မိသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

မကြာမီ ရှန်းထင်ရွှမ်းက ပိုပြီး သံသရဖြစ်ဖွယ်အမူအရာဖြင့် သူ၏မျက်နှာ နှစ်ခေါက်ချိုး ဖြစ်သွားသည်။ “စနစ် နင် စကားပြောနိုင်လား ”

စနစ်က တိတ်ဆိတ်နေပုံ ပေါ်သည်။ ရှန်းထင်ရွှမ်းက သူများအတွေးမှားသွားလားလို့ စဉ်းစားနေချိန်မှာပဲ အကြင်နာမဲ့သော စက်သံကို သူကြားလိုက်ရသည်။

“ပြောနိုင်တယ်”

ရှန်းထင်ရွှမ်း “…”

ကောင်းပြီ။

အစက သူမသည် ထိုလူအတွက် နေ့လယ်စာကို သာမန်ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ရန် စီစဥ်ထားပေသည်။ သို့သော် ယခု သူ့ကို တာဝန်ပြီးမြောက်အောင် ကူညီခဲ့သော လူကောင်းလေးကို ကျေးဇူးတင်ရပေမည်။

ရှန်းထင်ရွှမ်းက နေ့လယ်စာကောင်းတစ်ခုကို ပြုလုပ်ရန် စီစဉ်လိုက်သည်။

ဒဏ်ရာရထားသည့်သူက အထူးသဖြင့် တစ်နေ့လုံး ဘာမှမစားရသေးပေ။ ယခု အချိန်၌ အကောင်းဆုံး အစားအစာက နို့ဆန်ပြုတ်ပူပူလေး ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက တောင်ခြေသို့ သွားပြီး ဆန်ဝယ်ရန် စီစဉ်ထားသည်။

လမ်းခုလတ်၌ ပို့ဆောင်ရေးကား ရောက်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းထင်ရွှမ်းက ဆန်ဝယ်ရန် လိုအပ်နေသောကြောင့် တောင်အောက်ကို ဆင်းလိုက်သည်။

တကယ်တော့ ရှန်းထင်ရွှမ်းက ထိုပစ္စည်းများကို ဝယ်သည့်နေ့၌ အထုပ်များ ရောက်ပြီးသား ဖြစ်သည်။ သို့သော် ထိုပို့ဆောင်ရေးသမားများက ရွာသို့ ပို့ဆောင်ရမည့် ပစ္စည်းများကို စုပြီး အရေအတွက် လုံလောက်သည့်အချိန်မှသာ ၎င်းတို့ကို ပို့ဆောင်ပေးကြသည်။

ရှန်းထင်ရွှမ်းက မျိုးစေ့၊ ဆန်နှင့် ဆီ၊ အထူးသဖြင့် မျိုးစေ့များကို ဝယ်ခဲ့သည်။ ပို့ဆောင်ရေးကား အများအပြားရှိသောကြောင့် ရှန်းထင်ရွှမ်းက မျိုးစေ့အားလုံးကို ဝယ်ခဲ့သည်။

ပို့ဆောင်ရေးသမားက မေးလိုက်သည်။ “ဒီလမ်းက တက်သွားလို့ရလား ”

“ရတာပေါ့ ” တောင်ခြေမှ ခြံဝင်းအိမ်အထိ ပတ်လမ်းလေး တစ်ခု ရှိသည်။ ပိုင်လျန်စူပါမားကတ်ကြောင့် ရှန်းထင်ရွှမ်းက ဤလမ်းကို အချိန်အတော်ကြာကတည်းက ရှင်းလင်းထားခဲ့သည်။

“ငါ မင်းကို သယ်ပေးမယ်” ပို့ဆောင်ရေးသမားက ပြောလိုက်သည်။

ရှန်းထင်ရွှမ်းက “ကျေးဇူးပါ ” ထိုအရာများက ရှန်းထင်ရွှမ်းအတွက် သိပ်မလေးပေ။ သို့သော် ပစ္စည်းများက ဟိုတစ်စု သည်တစ်စု ဖြစ်နေသည်။ ထို့ကြောင့် တစ်ယောက်တည်း သယ်ရန် တကယ့်ကို အဆင်မပြေပေ။

ရှန်းထင်ရွှမ်းက ကားထဲတွင် ထိုင်လိုက်ပြီး ပို့ဆောင်ရေးသမားနှင့်အတူ ခြံဝင်းသို့ ပြန်လိုက်သည်။

ကားကို ခြံဝင်းအပြင်ဘက်တွင် ရပ်လိုက်ပြီး ပို့ဆောင်ရေးသမားက တံခါးနား၌ အထုပ်များကို စနစ်တကျ ချထားပေးပြီး ရှန်းထင်ရွှမ်းကို ကူညီလိုက်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ပြေးသွားကာ မက်မွန်သီး ၂ကတ်တီကို ခူးလိုက်သည်။

ရှန်းထင်ရွှမ်းက ပြန်လာခဲ့ပြီး ပို့ဆောင်ရေးသမားကို မက်မွန်သီးများ ပေးလိုက်သည်။ “ဒါ ရှင့်အတွက်၊ ကျွန်မကို ပစ္စည်းတွေ သယ်ပေးလို့ ကျေးဇူးတင်ပါတယ် ”

ပို့ဆောင်ရေးသမားက မိန်းမငယ်လေး ရှန်းထင်ရွှမ်းအကြောင်း စဥ်းစားနေမိသည်။ ထိုအထုပ်များက လေးလံပြီး အဝေးကြီး သယ်ရန် အဆင်မပြေပေ။ သူက ကားမောင်းပြီး အနည်းငယ်အားထုတ်ရုံဖြင့် တောင်ပေါ်သို့ ပို့ပေးခဲ့သည်။ တခြားတစ်ဖက်က သူ့ကို အသီးများပေးမည်ဟု မမျှော်လင့်ခဲ့ချေ။ ထို့ကြောင့် သူက ၎င်းကိုယူရန် အနည်းငယ် ရှက်နေခဲ့သည်။

ရှန်းထင်ရွှမ်းက မက်မွန်သီးများကို ပို့ဆောင်ရေးကားနောက်တွင် ထားလိုက်သည်။ “ဒါက တောင်ပေါ်က အသီးတွေပါ၊ မြည်းကြည့်ဖို့ အိမ်ယူသွားနော် ”

ပို့ဆောင်ရေးသမားက သူ့ခေါင်းကို ကိုင်လိုက်ပြီး “ကျေးဇူးတင်ပါတယ်၊ ဒါဆို ငါ တောင်အောက် ဆင်းတော့မယ် ”

ပို့ဆောင်ရေးသမားကို လိုက်ပို့ပြီး ရှန်းထင်ရွှမ်းက ခြံဝင်းဆီသို့ အထုပ်များကို သယ်လာလိုက်သည်။ ထို့နောက် ဆန်၊ ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူလိုက်သည်။

ပထမဆုံး ဆန်ကို ရေသန့်ဖြင့် ဆေးကြောလိုက်ပြီ အိုးထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ရေထည့်လိုက်သည်။

ထို့နောက် ကြက်သွန်၏အပြင်ဘက်နားရှိ ဂေါ်ဖီထုပ်ကို ကောက်ယူလိုက်ပြီး ဆေးကြောလိုက်သည်။ ပြီးနောက် ၎င်းကို နုပ်နုပ်စင်းပြီး ဘေးဘက်တွင် ထားလိုက်သည်။ အိုးက ဆူလာသောအခါ ရှန်းထင်ရွှမ်းက မီးဖိုထဲမှ ထင်းစတစ်ချောင်းကို ထုတ်လိုက်သည်။

အိုးထဲရှိ ဆန်များက စတင် ပျစ်လာသောအခါ နုပ်နုပ်စင်းထားသော ဂေါ်ဖီထုပ်ကို ထည့်လိုက်ပြီး ဇွန်းဖြင့် မွှေလိုက်သည်။ ပြီးနောက် တစ်ယောက်စာ ထည့်လိုက်သည်။

ရှန်းထင်ရွှမ်းက ပန်းကန်လုံးတစ်လုံးကို သယ်လာပြီး ချင်ယွဲ့ကျီဆီသို့ ကမ်းပေးလိုက်သည်။

ချင်ယွဲ့ကျီက ယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ အဖြူနှင့် အစိမ်းရောင်ရှိသည့် ၎င်းက အလွန်လတ်ဆတ်ပုံပေါ်ပေသည်။ ၎င်းကို သယ်လာသည့် ခဏလေးအတွင်းမှာပဲ ဆန်၏ ရနံ့က ဂေါ်ဖီထုပ်၏ရနံ့နှင့်အတူ ရောနှောနေပြီး သူ့နှာခေါင်းအတွင်းသို့ ဝင်လာလေသည်။

သူ့ရှေ့ရှိ ဆန်ပြုတ်ပန်းကန်လုံးက အလွန်ဆွဲဆောင်မှု ရှိပေသည်။ ဆန်ပြုတ်မစားရသည်မှာ အချိန်တော်ကြာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်သည်ဟု ချင်ယွဲ့ကျီက ခန့်မှန်းလိုက်သည်။

သရုပ်ဆောင်တစ်ယောက်အနေဖြင့် ချင်ယွဲ့ကျီ၏ ခန္ဓာကိုယ်ထိန်းသိမ်းမှုက အလွန်တိကျသည်။ အသီးအရွက်ပြုတ်များကို စားခြင်းက သာမန်ဖြစ်သည်။ ဆန်ပြုတ်ကတော့ ကြုံတောင့်ကြုံခဲ စားခြင်း ဖြစ်သည်။

ဆီမပါ၊ ဆားမပါသည့် အသီးအရွက်များက အရသာရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့သော် သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ၎င်းကို စားနိုင်ပေသည်။

ချင်ယွဲ့ကျီက ဇွန်းကို ကောက်ကိုင်လိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းအပြည့် ခပ်ယူလိုက်သည်။ ဇွန်းက ဆန်ပြုတ်ခွက်မှ ထွက်လာသောအခါ အလွန်မွှေးသည့် ဆန်ရနံ့က တဖန် ထွက်ပေါ်လာခဲ့သည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်ကို စားလိုက်ရာ ဆန်ပြုတ်ရနံ့က ချက်ချင်း ပျံ့နှံ့သွားပြီး အသီးအရွက်များ၏ချိုမြိန်မှုက နောက်ကပါလာသည်။ ထိုအရသာနှစ်မျိုးက ကမ္ဘာပေါ်ရှိ အကောင်းမွန်ဆုံး အရသာများဖြင့် ပေါင်းစပ်ထားပုံပေါ်သည်။

ဆန်ပြုတ်တစ်ဇွန်းအပြည့်က အစာအိမ်ကို အတော်လေး ပူနွေးသွားစေပြီး နှုတ်ခမ်းနှင့် သွားများကြားတွင် ရနံ့များဖြင့် ပြည့်နေပေသည်။

ချင်ယွဲ့ကျီကို ဆန်ပြုတ်ပေးပြီးနောက် ရှန်းထင်ရွှမ်းကလည်း တစ်ပန်းကန် သွားထည့်လိုက်ပြီး ချင်ယွဲ့ကျီ ဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ယခုအခေါက်တွင်တော့ သူမက ပန်းကန်လုံးလေးဖြင့် စားနေပြီး ချင်ယွဲ့ကျီကို ကြည့်လိုက်သည်။

ရှန်းထင်ရွှမ်းက သက်ပြင်းအနည်းငယ် ချလိုက်သည်။ ထိုလူက အစားစားနေလျှင်တောင် အလွန်ကြည့်ကောင်းပေသည်။ ထို့ကြောင့် မြင်သည့်လူတိုင်းက ပျော်ရွှင်မှုကို ခံစားရပေမည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်ကို ဇွန်းအပြည့်ဖြင့် အနည်းငယ် စားပြီးနောက် သူ့ကို ရှန်းထင်ရွှမ်း ထပ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယင်းက သူ့ပရိသတ်များ၏ အကြည့်များနှင့် ကွဲပြားပေသည်။ ရှန်ထင်းရွှမ်း သူ့ကို စိုက်ကြည့်နေခြင်းက တကယ့်ကို နှစ်သက်စရာပင်။ သူမက သူ့ကို စိုက်ကြည့်နေသော်လည်း ချင်ယွဲ့ကျီက စိတ်မကျေမနပ်ဖြစ်မှုကို မခံစားရပေ။ “ဆန်ပြုတ်က အရသာရှိတယ်၊ ကျေးဇူးတင်ပါတယ် ”

ရှန်းထင်ရွှမ်းက မျက်တောင်ခတ်လိုက်ပြီး “ရပါတယ် ” ၎င်းကို ပြောပြီး သူမလည်း တဖက်လူကို ကျေးဇူးတင်သင့်ပေသည်။ တကယ်တော့ သူက တာဝန်ပြီးမြောက်အောင် သူကိုယ်တိုင် ကူညီခဲ့ပေသည်။

လေးနက်ပြီး ဆွဲဆောင်မှုရှိသည့်အသံက တဖန် ထွက်ပေါ်လာသည်။ “စကားမစပ် ကျွန်တော့်နာမည်က ချင်ယွဲ့ကျီပါ ”

ထိုနာမည်သည် အလွန်ကောင်းပြီး ရင်းနှီးနေသည်ဟု ရှန်းထင်ရွှမ်းက တွေးလိုက်သည်။ သို့သော် သူမက ယင်းကို မမှတ်မိချေ။ အလေးအနက်တွေးနေရန်လည်း အစီအစဥ်မရှိပေ။ “ကျွန်မနာမည်က ရှန်းထင်ရွှမ်းပါ၊ စကားမစပ် ရှင် ဘယ်လိုလုပ် ဝါးတောကို ဝင်တိုက်လိုက်တာလဲ ”

အရင်က ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ကားမတော်တဆမှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခု အသီးများကို ချင်ယွဲ့ကျီ တစ်ယောက်တည်း စားခြင်းက လူတစ်ရာစားသည်နှင့် ညီမျှနေသည်ကို သူမ တွေ့ရှိခဲ့ရသည်။

ထိုလူက သူမ အခက်အခဲဖြစ်သော အခိုက်အတန့်များ၌ အများကြီး ကူညီနိုင်သောကြောင့် သူမ ဂရုစိုက်ရမည်။

ချင်ယွဲ့ကျီ၏မျက်လုံးက အနည်းငယ် အတွေးနက်သွားပြီး “အဲဒါက ကားဘရိတ် အဖြတ်ခံလိုက်ရလို့”

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ ပြောသည်ကို အလျင်အမြန် နားလည်ရန် မူလကိုယ်၏မှတ်ဉာဏ်ကို အသုံးပြုလိုက်သည်။ သူ့ကား ဘရိတ်က အဖြတ်ခံလိုက်ရသည်။ ယင်းက ချင်ယွဲ့ကျီကို သေစေချင်နေတာ သိသာသည်။

ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းကို အနည်းငယ် ရှုပ်ထွေးနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သာမန် လူတစ်ယောက်က သူ့ကို တွေ့လျှင် ပထမဆုံး လုပ်ဆောင်မည်က ရဲကို ဖုန်းခေါ်ပြီး အကူအညီတောင်းရန် ၁၂၀ ကို ခေါ်သင့်သည်။

ရှန်းထင်ရွှမ်းက ရဲကိုလည်း မခေါ်ခဲ့သလို ၁၂၀ သို့လည်း မခေါ်ခဲ့ပေ။

အစက ချင်ယွဲ့ကျီသည် ဤနေရာ၌ ရှန်းထင်ရွှမ်း တစ်ယောက်တည်း နေတာကို တွေ့ခဲ့ပြီး ဤတောင်ပေါ်တွင် တရားမဝင်နေတာဟု ထင်ခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်လာချိန်တွင် သူမ ရဲမခေါ်ချင်တာ ဖြစ်ရမည်။ သို့သော် ယခု ရှန်းထင်ရွှမ်းက ရဲခေါ်ခိုင်းနေသည်။ ယင်းက ချင်ယွဲ့ကျီကို အနည်းငယ်ပဟေဠိဖြစ်သွားစေသည်။

တကယ်တော့ ရှန်းထင်ရွှမ်းကို အပြစ်မတင်သင့်ပေ။ သူမက လူသားတစ်ယောက် မဟုတ်ပေ။ တစ်ခုခုကို ကြုံကြိုက်သောအခါ သူမက ဂျင်းဆင်းမြစ်တစ်ခုဖြစ်ပြီး လူများကို ကယ်ရန်သာ တွေးခဲ့သည်။ လူသားများတွေးသလို ရဲကိုခေါ်ရန် သူမက မည်ကဲ့သို့ တွေးနိုင်ခဲ့မည်နည်း။

ချင်ယွဲ့ကျီက ၎င်းကို နားမလည်သော်လည်း အလေးအနက် တွေးရန် အစီအစဥ်မရှိခဲ့ချေ။ “ငါ အကြောင်းကြားပြီးပါပြီ ”

ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး “အကြောင်းကြားပြီးပြီပေါ့ ” သူမက လူများကို ကယ်ဆယ်နိုင်သည်။ သို့သော် သူမက ကိစ္စများကို ဖြေရှင်းရန်တော့ စွမ်းရည် မရှိပေ။

ချင်ယွဲ့ကျီ နိုးလာပြီးနောက် သူ့အေးဂျင့်ကို ဖုန်းခေါ်ပြီးချိန်တွင် ရှန်းထင်ရွှမ်းက ရဲ မခေါ်ခဲ့မှန်း သူ သိလိုက်ရသည်။

ကိုယ်စားလှယ်အိုက်မင်က ချင်ယွဲ့ကျီကို တစ်ညလုံး ဆက်သွယ်၍ မရခဲ့ပေ။ သူက ရဲကို ဖုန်းခေါ်ရမလား မခေါ်ရမလား တုံ့ဆိုင်းနေသည်။ ထို့ကြောင့် သူက ချင်ယွဲ့ကျီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးမှသာ ချင်ယွဲ့ကျီက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။

အိုက်မင်သည် တတ်နိုင်သမျှ မြန်မြန် ရဲခေါ်ခဲ့သည်။ သူတို့က ဆရာဝန်နှင့်အတူ ရှန်းယွမ်ရှန်သို့ အလာလမ်းတွင် ရောက်နေလောက်ပြီဖြစ်သည်။

ချင်ယွဲ့ကျီက ဆန်ပြုတ်သောက်ပြီးသည်နှင့် အိုက်မင်က ဖုန်းခေါ်ကာ သူတို့ တောင်ပေါ်သို့ မတက်နိုင်ကြောင်း ပြောခဲ့သည်။

ရှမ်းထင်ရွှမ်းသည် ဂရုတစိုက် နားထောင်ပြီးနောက် တောင်အောက်သို့ ပြေးဆင်းပြီး အိုက်မင်နှင့် တခြားသူများကို ခေါ်ဆောင်လာခဲ့သည်။

အိုက်မင်က ရှန်းထင်ရွှမ်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူတို့က ပုန်းကွယ်နေကြသောကြောင့် သူတို့ကို မည်သူမျှ သတိမပြုမိလောက်ပေ။ မဟုတ်လျှင် သတင်းထောက်များ မြင်သွားပါက မင်းသားတစ်ယောက်က သူ့ မိန်းကလေးသူငယ်ချင်းတစ်ဦးနဲ့ တောင်ရဲ့ နက်ရှိုင်းတဲ့ သီးသန့်လျှို့ဝှက်နေရာတစ်ခုမှာ ချိန်းတွေ့နေသည် ဆိုသည့် သတင်းက မကြာခင် သေချာပေါက် ထွက်ပေါ်လာမည်ပင်။

ထိုအဖွဲ့က ခြံဝင်းဆီသို့ ရှန်းထင်ရွှမ်း နောက်မှ တိုက်ရိုက် လိုက်လာခဲ့ကြသည်။

ကားထဲရှိ ရဲအရာရှိက အနည်းငယ် စပ်စုချင်နေသည်။ “ဒီတောင်က မရှုပ်ထွေးပါဘူး၊ ငါတို့ ဘာလို့ တက်မလာနိုင်တာလဲ ”

ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်သည်။ ရှင်းပြရန် အဆင်မပြေသော ထိုအရာများကို သူမ မပြောချင်ပေ။

အိုက်မင်က ထိုအရာများကို ဂရုစိုက်မနေပေ။ သူက ချင်ယွဲ့ကျီ၏အခြေအနေကိုသာ မြင်ချင်နေသည်။

သူက အဆင်သင့် ဖြစ်နေသော်လည်း အိုက်မင်က ချင်ယွဲ့ကျီကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။

ချင်ယွဲ့ကျီက အဖြူရောင် အင်္ကျီပွပွကို ဝတ်ထားသည်။ အရင်က သူ့အဝတ်များက သွေးများပေကျံနေသည်။ ရှန်းထင်ရွှမ်းက လဲပေးထားတာ ဖြစ်သည်။ ယခုမူ သူက ဂါဝန်ပွပွကို ဝတ်ထားသည်။ သို့သော် ကံကောင်းသည်မှာ ၎င်းက အဖြူရောင်ဖြစ်သောကြောင့် ကျား၊ မ နှစ်မျိုးလုံး ဝတ်နိုင်သည်။

အိုက်မင်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “ဘယ်လိုနေသေးလဲ ”

ချင်ယွဲ့ကျီက ခေါင်းခါလိုက်သည်။ အိုက်မင် ခေါ်လာသည့် ဆရာဝန်က ချင်ယွဲ့ကျီကို အခြေခံစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်လိုက်သည်။

ရဲအရာရှိက ကားကို ကြည့်ရန် ရှန်းထင်ရွှမ်းအား ခေါ်သွားခိုင်းလိုက်သည်။

အလွန်ဆိုးရွားစွာ တိုက်မိထားသော ကားကို မြင်ပြီးနောက် ရဲအရာရှိက ဦးဆောင်ပြီး မေးလိုက်သည်။

“မတော်တဆမှုဖြစ်တုန်းက မင်း ဘာလို့ ရဲကို မခေါ်ခဲ့တာလဲ ”

ရှန်းထင်ရွှမ်းက “ကျွန်မ အဲဒါကို မတွေးခဲ့မိဘူး ”

ရဲအရာရှိ “…”

အဲဒါကို မတွေးခဲ့မိဘူး… ။ သို့သော် ရှန်းထင်ရွှမ်း၏ အမူအရာကို ကြည့်လိုက်ပြီး ရဲအရာရှိက သူမ အမှန်ပြောနေသည်ဟု ခံစားရသည်။

လူများစွာက ၎င်းကို မြင်ပြီးနောက် ချင်ယွဲ့ကျီ အသက်ရှင်နေသည်မှာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အိုက်မင်က အချိန်ခဏကြာ ကြောက်လန့်သွားခဲ့ပြီး ချင်ယွဲ့ကျီကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအပြည့် ပြုလုပ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားသည်။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ ထွက်သွားမှာကို အမှန်တကယ် တွန့်ဆုတ်နေမိသည်။ သို့သော် ချင်ယွဲ့ကျီ၌ ကိုယ်ပိုင် အလုပ်ရှိrssef; သိသည်။ ထို့ကြောင့် သူမက အသီးအများအပြားကို ခူးရန်သွားခဲ့သည်။ ခြံဝင်းထဲရှိ နေလှန်းထားသော ဆီးသီးခြောက်များကိုတောင် ချင်ယွဲ့ကျီကို ထပ်ဖြည့်ပေးလိုက်သည်။ ပြီးတော့ ထပ်မှာလိုက်သည်။

“ရှင် ဒါကို နေ့တိုင်း စားဖို့ သတိရနော်၊ မနက်တိုင်း ဒါကို စားပေး၊ ဒါတွေက ရှင့်ခန္ဓာကိုယ်အတွက် ကောင်းတယ် ”

ရှန်းထင်ရွှမ်း၏ အသီးများက တကယ့်ကို အရသာရှိပေသည်။ ချင်ယွဲ့ကျီက ပြုံးလိုက်ပြီး “ကောင်းပါပြီ ”

အိုက်မင်က ထပ်ခါ ထပ်ခါ ကြည့်လိုက်မိသည်။ သူတို့မိသားစုမှ ယွဲ့ကျီက အခု တကယ်ပဲ ရယ်လိုက်တာလား။

အနုပညာလောကရဲ့ အေးစက်ပြီး အပျော်အပါးမရှိတဲ့ အမျိုးသားရော ဟုတ်သေးရဲ့လား။

ရယ်တောင် ရယ်လိုက်တာလေ။

ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ကယ်ခဲ့သော်လည်း ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီ၏ ပရိသတ်တစ်ယောက်ဖြစ်မည်ဟု အိုက်မင်၏ မသိစိတ်က ယုံကြည်နေသည်။ ထို့ကြောင့် ချင်ယွဲ့ကျီကို ကားမတော်တဆမှု၌ တွေ့ပြီးနောက် သူမက ရဲကို မခေါ်ခဲ့တာဖြစ်မည်။

တွန့်ဆုတ်စွာဖြင့် အိုက်မင်က ချင်ယွဲ့ကျီရော အခြားသူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

နောက်တစ်ဖန် မမြင်ရတော့မည့် ကားကို ကြည့်လိုက်ပြီး ရှန်းထင်ရွှ

မ်းက သက်ပြင်းချလိုက်သည်။

သူမအသီးများကို ချင်ယွဲ့ကျီ နေ့တိုင်းစားရန် သူမက တကယ့်ကို မျှော်လင့်နေပေသည်။

စာရေးသူမှာ ပြောစရာရှိ

အမျိုးသားဇာတ်လိုက်။ ။ ??? ငါက bug တဲ့လား။

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset