ERST အခန်း ၁၅

အခန်း (၁၅)

ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်ပြီး အခန်းထဲသို့ ပြန်သွားလိုက်သည်။ ရှင်းလင်းပြီးနောက် ခုတင်ပေါ်တွင် အိပ်ရာခင်းကို ပြန်ထားလိုက်သည်။

ထို့နောက် သူမ ဝယ်လာခဲ့သည့် မျိုးစေ့ထုပ်များကို သီးခြားယူလိုက်ကာ ပေါက်ပြားကို ယူလိုက်ပြီး ခြံဝန်းအပြင်သို့ ထွက်လာခဲ့သည်။ ပြီးနောက် အပင်စိုက်ရန် စတင်လိုက်သည်။

ခြံ၏တောင်ဘက်မှ တောင်အောက်ထိ အရင်ဆုံး ဟင်းသီးဟင်းရွက်မျိုးစေ့များကို စိုက်လိုက်သည်။ ယင်းက မျိုးစေ့တစ်ထုပ်ကို အသုံးပြုခြင်းနှင့် ညီမျှပေသည်။ ထို့နောက် အခြားအထုပ်များကိုလည်း စိုက်ပျိုးလိုက်သည်။

မျိုးစေ့နှစ်မျိုး စိုက်ပျိုးပြီး မှောင်သည့်တိုင်တောင် မြေဆီလွှာကို ထိုးဆွခြင်း၊ မျိုးစေ့များကို ကြဲခြင်းနှင့် ရေလောင်းခြင်းတို့ကို ပြုလုပ်နေပေသည်။

တကယ်တော့ ရှန်းထင်ရွှမ်း၏ အမြန်နှုန်းက အလွန်မြန်ဆန်ပြီးသား ဖြစ်သည်။ သို့သော် သူမက မျိုးစေ့အမြောက်အများကို အလွန်အမင်း ဝယ်ခဲ့လေသည်။

ပို့‌ဆောင်ပြီးနောက် ပို့ဆောင်ရေးသမားက ည၌ ကုမ္ပဏီသို့ ကားပြန်မောင်းလာခဲ့သည်။

ကားကို ပါကင်ထိုးလိုက်ပြီး ပို့ဆောင်ရေးသမားက ကားထဲမှ မက်မွန်သီးများကို ထုတ်ယူလိုက်၏။

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ၎င်းကို မြင်သွားသောအခါ သူက စူးစမ်းချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “မင်း ဘာတွေ ယူလာတာလဲ “

“မက်မွန်သီးတွေ၊ မင်း တစ်လုံးလောက် ယူမလား ” ပို့ဆောင်ရေးသမားက မက်မွန်သီးတစ်လုံးကို အိတ်ထဲမှ ထုတ်ယူလိုက်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်ကို ပေးလိုက်သည်။

လုပ်ဖော်ကိုင်ဖက်ကလည်း ၎င်းကို လက်ခံလိုက်ပြီး သူက တစ်ကိုက်မကိုက်ခင် အသီးကို သူ၏အင်္ကျီနှင့် ပွတ်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများက လင်းလက်သွားသည်။

“ဟေး လောင်တု မင်း ဒီမက်မွန်သီးကို ဘယ်နေရာက ဝယ်ခဲ့တာလဲ၊ အရမ်း အရသာ ရှိတာပဲ၊ အာ ငါ့ကို ထပ်ပေးပါဦး “

ထိုပို့ဆောင်ရေးသမားကို လောင်တုဟုခေါ်ပြီး သူက သူ့လုပ်ဖော်ကိုင်ဖက်ကို နှစ်လုံး ထပ်ပေးလိုက်သည်။ “ရှင်းယွမ်ရှန်က ပစ္စည်းပို့ပေးရတဲ့ သူက ပေးလိုက်တာ “

“ငါ သိပြီ၊ ကျေးဇူးပဲ‌ လောင်တု “ အိတ်တစ်လုံးထဲ၌ မက်မွန်သီး ၅လုံးသာ ရှိပြီး သူက သူ့ကို သုံးလုံးပေးခဲ့သည်။ ၎င်းက ထပ်ပေးဖို့ ပြောသည်က တကယ့်ကို ဆိုးဝါးလွန်းပေသည်။

လုပ်ဖော်ကိုင်ဖက်ထွက်သွားသောအခါ လောင်တုက သူ့ခေါင်းကို ခါလိုက်သည်။ ဒါက မက်မွန်သီးတစ်လုံးပဲလေ။ လုပ်ဖော်ကိုင်ဖက်က အရမ်းပျော်ရွှင်သွားဖို့ လိုလို့လား။

လောင်တုက အိမ်ပြန်ရောက်သောအခါ သူက မက်မွန်သီးတစ်လုံးကို ဆေးလိုက်သည်။ တစ်ကိုက်ကိုက်လိုက်ပြီး သူက ထိတ်လန့်သွားသည်။ ထို့နောက် သူက အနည်းငယ် ဒေါသထွက်သွားသည်။ သူက အိတ်ထဲရှိ မက်မွန်သီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက နောင်တအပြည့်ဖြင့် ဖြစ်နေသည်။ “အဲဒီ ညစ်ပတ်တဲ့လောင်တန့် နည်းနည်းလေးတောင် မယဉ်ကျေးတော့ဘူးလား “

ဖေးမိသားစုကလည်း အံ့အားသင့်နေကြသည်။

တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက် နေ့လယ်ခင်းတွင် ဖေးဝမ်ရှုက ကြီးမားသည့် အသီးအိတ် နှစ်လုံးနှင့် ဖေးအိမ်သို့ ပြန်လာခဲ့သည်။

သူက အလျင်လိုနေပြီး အဘိုးဖေးက သူ့ကို ကျေးဇူးတင်ရန်အလို့ငှာ အဘိုးဖေးကို အသီးများ ပြလိုက်သည်။

အဘိုးဖေးက သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိသော်လည်း သူက အသီးတချို့ကို သူ့အခန်းဆီသို့ ပြန်ယူသွားနေဆဲဖြစ်သည်။

ဖေးလွေ့က အိမ်ပြန်ရောက်သောအခါ သူက အိမ်ထဲတွင် အသီးအိတ်ကြီး နှစ်လုံး ရှိနေသည်ကို မြင်လိုက်သည်။ ၎င်းတို့ကို ကြီးမားသည့် ရောင်စုံအစင်းများပါရှိသည့် အိတ်ကြီးများဖြင့် ထုပ်ပိုးထားသည်။ အရေးကြီးဆုံးကတော့ ၎င်းတို့က ဧည့်ခန်းထဲမှာ ရှိနေသေးတာပင်။

“ဒါတွေက အဒေါ်ကျန်း နေရာမှား ထားမိတာများလား “

အဒေါ်ကျန်းက ဖေးအိမ်တော်၏ အိမ်စေများထဲမှ တစ်‌ယောက်ဖြစ်သည်။ သူမက အသီးများကို ဝယ်ရန် တာဝန်ရှိသည်။

“သခင် ဒါတွေကို ပြန်ယူသွားလိုက်မယ် “ အဘိုးဖေးက အသီးတချို့ ယူသွားပြီးနောက် အဒေါ်ကျန်းက သန့်ရှင်းရန် သွားခဲ့သည်။ သို့သော် ဖေးလွေ့က ပြန်လာခဲ့သည်။

အသိမရှိတဲ့ ဘယ်လိုလူက ဒီလို အရည်အသွေးနိမ့်တဲ့အိတ်များနှင့် အသီးများကို ထည့်ပေးသလဲ။ ဖေးလွေ့က သံသယဖြစ်မိပေသည်။

သို့သော် သူက မက်မွန်သီးများ၏ရနံ့ကို ရှုရှိုက်မိသောအခါ ‌ဖေးလွေ့က ပြောလိုက်သည်။

“အဒေါ်ကျန်း အသီးတချို့ဆေးပြီး ကျွန်တော့်အခန်းကို ပို့ပေးပါ “

“ကောင်းပါပြီ သခင်လေး”

ဖေးလွေ့က ဖေးဝမ်ရှု၏ကလေးဖြစ်ပြီး သူက အိမ်ရှိ စီးပွားရေးကို စိတ်မဝင်စားပေ။ သူ၏အကြီးဆုံးဝါသနာက ကွန်ပျူတာများဖြစ်သည်။ သူက မကြာခဏ နည်းပညာအကြောင်း ဆွေးနွေးရန် ဖေးကုမ္ပဏီ၏ အိုင်တီဌာနသို့ သွားလေ့ရှိသည်။

အချိန်တစ်ခုကြာပြီးနောက် အတွေ့အကြုံအများအပြား ရလာခဲ့သည်။ ဖေးလွေ့က တရုတ်ပြည်ရှိ လူသိများသော ဟက်ကာတစ်ယောက်လည်း ဖြစ်သည်။

ဖေးလွေ့၏အခန်းက ပြင်ပအဆင်အယင်များမှ ကွဲပြားပေသည်။ အခန်းထဲတွင် ကွန်ပျူတာပေါင်းများစွာ တင်ထားသည့် စားပွဲကြီးတစ်ခု ရှိသည်။

တရုတ်လူမျိုးများ၏ အိမ်ပုံစံနှင့်မတူဘဲ ဖေးလွေ့၏အခန်းက အရမ်းကို ခေတ်မီပေသည်။

ကွန်ပျူတာ‌ရှေ့ရှိ ထိုင်ခုံက တရုတ်ပြည်၏ နောက်ဆုံးထွက်ရှိသည့် မော်ဒယ်ဖြစ်ပြီး ၎င်းက စျေးအကြီးဆုံး ဂိမ်းထိုင်ခုံ ဖြစ်သည်။

သူက အားလပ်ချိန်၌ အပြိုင်အဆိုင်များသည့် ဂိမ်းတချို့ကို ကစားလေ့ရှိသည်။

အဒေါ်ကျန်းက မက်မွန်သီးများ အခန်းထဲသို့ လာပို့သောအခါ ဖေးလွေ့က ကီးဘုတ်ဖြင့် စာရိုက်နေပြီး code များက ကွန်ပျူတာပေါ်တွင် ပေါ်လာသည်။

ဖေးလွေ့က code ရေးသောအခါ အချိန်အများစု၌ အမြဲတမ်း အာရုံစိုက်ထားလေ့ရှိသည်။ သို့သော် ယနေ့တွင် သူက သူ့အနီးရှိ မက်မွန်သီးများ၏ရနံ့က သူ့ကို အနှောင့်အယှက်ပေးနေသည်။

ဖေးလွေ့က ခက်ရင်းကို ကောက်ကိုင်လိုက်ပြီး မက်မွန်သီးတစ်စိတ်ကို ခက်ရင်းဖြင့် ထိုးယူကာ စားလိုက်သည်။

သူက ကီးဘုတ်ဖြင့် ဆက်ရိုက်လိုက်သည်။ သို့သော် သူက ချက်ချင်း ရပ်သွားပြီး အသီးစားခြင်းကိုသာ စတင်အာရုံစိုက်လိုက်တော့သည်။

မက်မွန်သီးတစ်ပန်းကန်ကို စားပြီးနောက် ဖေးလွေ့က အသီးများမှာ အရည်အသွေးမနိမ့်ကြောင်း တွေ့ရှိသွားသည်။ အသီးများအတွက် ဤကဲ့သို့အိတ်မျိုးက တကယ့်ကို အသုံးပြုရန် အကောင်းဆုံး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းက ကြီးမားသည့် လှည့်ကွက်တစ်ခု ဖြစ်သည်။

သူမ၏အသီးများကို လူမည်မျှ များများက စားပြီးပြီမှန်း ရှန်းထင်ရွှမ်းက မသိပေ။ မှောင်မဲနေသည့် ကောင်းကင်ကို ကြည့်လိုက်ပြီး ရှန်းထင်ရွှမ်းက အခန်းသို့ ပြန်လာခဲ့သည်။

မနက်ဖြန်ကျလျှင် သူမက ခုတင်တစ်လုံး ပြုလုပ်ချင်သည်။

ခြံဝန်းထဲရှိ ခုတင်က ခေတ်ဟောင်းခုတင်တစ်လုံးဖြစ်ပြီး အနည်းငယ် မာကျောပေသည်။ တချို့အစိတ်အပိုင်းများက ပျက်ဆီးနေပေသည်။ အိပ်ရာတွင်လည်း အပေါက်တစ်ပေါက် ရှိပေသည်။ ၎င်းက ကြမ်းပြင်ပေါ်တွင် အိပ်ရသည်ထက် ပိုပြီး သက်တောင့်သက်သာ ရှိနေဆဲသည်။ သို့သော် အရမ်းကောင်းသည်ဟုတော့ မပြောနိုင်ပေ။

ဤအရာကို စဉ်းစားလိုက်ပြီး ရှန်းထင်ရွှမ်းက အင်တာနက်ပေါ်မှ အိပ်ရာတစ်စုံကို ရွေးလိုက်သည်။ သူမက ရှန်းအိမ်ရှိ တံဆိပ်တစ်ခုကို သတိရသွားသည်။ ထို့ကြောင့် တူညီသည့်တံဆိပ်၏ နောက်ဆုံးမော်ဒယ်ကို ရွေးလိုက်သည်။

ငွေပေးချေလိုက်ပြီးနောက် ကုန်သည်က မနက်ဖြန်တွင် သူမ၏တံခါးရှေ့ထိ လာပို့လိမ့်မည်။

ညသန်းခေါင်တွင် စနစ်၏စက်ပိုင်းဆိုင်ရာအသံက တဖန် မြည်လာခဲ့သည်။ “ကျေးဇူးပြု၍ လူ ၅၁၂ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေ စားခိုင်းပါ “

စာရေးသူမှာ ပြောစရာရှိနေပါတယ်။

ထင်ရွှ

မ်း၏ပရိသတ်များ။ ငါတို့ ဘယ်ချိန်ပေါ်လာမှာလဲ။

စာရေးသူ။ ကျေးဇူးပြုပြီး စောင့်ပါဦး။

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset