ERST အခန်း ၁၃

အခန်း (၁၃)

ရှန်းထင်ရွှမ်းက မစ္စတာဖေးကို ပို့ပြီးနောက် သူ၏ခြံဝင်းသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်ရှိလူက အိပ်ပျော်နေဆဲဖြစ်ပြီး ရှန်းထင်ရွှမ်းက သူမ၏ဆံပင်ကို ရေထဲတွင် အရည်ဖျော်ပြီး သူ့ကို တိုက်လိုက်သည်။

ထို့နောက် ရှန်းထင်ရွှမ်းက အိပ်ရာအနီးရှိ ကြမ်းပြင်ပေါ်တွင် မွေ့ယာကို ဖြန့်လိုက်သည်။ ထို့နောက် ရှန်းမိသားစုမှ ပြန်ယူလာခဲ့သော မွေ့ယာကို ခင်းထားလိုက်ပြီး ၎င်းပေါ်တွင် လှဲလိုက်သည်။

ညသန်းခေါင်တွင် တာဝန်ကို တဖန် ထုတ်ပြန်လာသည်။

“ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့အသီးတွေကို ၁၂နာရီအတွင်း လူ ၂၅၆ယောက်ကို စားခိုင်းပါ ”

ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်ပြီး မက်မွန်ပင်များကို ရေလောင်းရန် အိပ်ရာမှ ထလိုက်တော့သည်။ ယခု သူမက သူမ၏ ဝိညာဉ်ကြောများကို ၈% ပြန်လည်ရရှိထားပြီး တစ်ချိန်တည်းတွင် အပင်နှစ်ပင်ကို ရေလောင်းနိုင်ပေသည်။

သို့သော်လည်း သူမက အသီးပင်နှစ်မျိုးလုံးကို ရေလောင်းခဲ့လျှင်တောင် ၎င်းက အဓိပ္ပာယ်မရှိတော့ပေ။ ပိုင်လျန်စူပါမားကတ်က သူမ၏အသီးများကို ဆက်မရောင်းတော့ချေ။ ထို့ပြင် ရွာထဲ၌ ဝယ်သူဟောင်း ၂၅၆ ယောက်လည်း မရှိချေ။

အိပ်ရာပေါ်ရှိလူက လှုပ်ရှားလာပုံပေါ်သည်။

ရှန်းထင်ရွှမ်းက တစ်ချက်ကြည့်လိုက်ပြီး တခြားတစ်ဖက်က သတိကောင်းကောင်း မရသေးမှန်း တွေ့လိုက်ရသည်။

မနက် ၇နာရီ၌ ရှန်းထင်ရွှမ်းက အသီးများကို ခြင်းနှစ်လုံးစာ ကောက်လိုက်ပြီး တောင်ခြေသို့ ဆင်းလာခဲ့သည်။

ရှန်းထင်ရွှမ်းကို မြင်သောအခါ ရှောင်ဖုန်းက ပျော်ရွှင်စွာ မေးလိုက်သည်။ “ငါ မင်းရဲ့ပုံကို မနေ့က တင်ခဲ့သေးတယ်၊ မင်း အဲဒါကို မြင်လား ”

ရှန်းထင်ရွှမ်းက WeChat မှ စာကို ဖတ်ရန် တကယ်ကို မေ့သွားခဲ့သည်။ မနေ့က ကိစ္စများစွာဖြစ်ခဲ့ပြီး သူမက WeChat ကြည့်ရန် အချိန်မရှိခဲ့ပေ။

ရှန်းထင်ရွှမ်းက WeChat မှ စာကို မဖတ်သည်ကို ရှောင်ဖုန်းက စိတ်ဆိုးပုံမပေါ်ပေ။ “ငါ မင်းကို ပို့လိုက်တဲ့ပုံတွေက Weibo မှာ ပြန်တင်တဲ့သူ အယောက် ၃၀၀၀၀ တောင်ကျော်နေပြီ ”

အရင်က အဖြစ်အပျက်များပေါ်အခြေခံပြီး Weibo ၌ များစွာသော ပြန်တင်သူများ ရှိကြသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရှန်းထင်ရွှမ်းက သင်ယူခဲ့ရသည်။ သူမက ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် ”

ရှန်းထင်ရွှမ်းက သာမန်မိန်းကလေးများနှင့် တကယ့်ကို ကွဲပြားသည်ဟု ခံစားရသည်။ တစ်စုံတစ်ယောက်က သူတို့၏ပုံများကို အကြိမ်များစွာ ပြန်တင်ခံရပါက သူတို့၏လှပမှုအတွက် သူတို့ကိုယ်သူတို့ ချီးမွမ်းနေမှာ ဖြစ်သည်။ သူတို့က သေချာပေါက် ပျော်ရွှင်ကြပေလိမ့်မည်။

သို့သော် ရှန်းထင်ရွှမ်းက ထိုအရာများကို ဂရုစိုက်သည့်ပုံမပေါ်ပေ။

လူများစွာက အသီးဝယ်ရန် ပိုပိုပြီး ရောက်လာကြသည်။ ရှောင်ဖုန်းက တခဏတာ တွေ့ဆုံပြီးနောက် နှုတ်ဆက်စကား ပြောလိုက်သည်။ ပြီးနောက် ပုံရိုက်ရန် မြို့တော်သို့ သွားခဲ့သည်။

ရှန်းထင်ရွှမ်းက တကယ့်ကို မပျော်ရွှင်ပေ။ ယနေ့တာဝန်က အလွန် ခက်ခဲပေသည်။ သူမက ယခု တာဝန်၏ ၇.၈% ကိုသာ ပြီးမြောက်သေးသည်။

ရွာထဲရှိ ဝယ်သူအဟောင်းတစ်သုတ်ကို လက်ခံရရှိပြီးနောက် တခြားကားတစ်စီးက ရှင်းယွမ်တောင်ခြေသို့ ရောက်လာခဲ့သည်။

၎င်းက ရှန်းရွှမ်ဖြစ်လျှင် သူမက အံ့အားသင့်သွားမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကားက တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ၂၈၀ စီးသာ ကန့်သတ်ထုတ်လုပ်ထားသည့် ကားဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။

သက်လတ်ပိုင်းအရွယ်လူက ကားပေါ်မှ ဆင်းလာခဲ့သည်။ ရှန်းထင်ရွှမ်းက သူ့ကို မှတ်မိသွားသည်။ မနေ့တုန်းက သူမ အိပ်ခန်းထဲမှ ထွက်လာသောအခါ ထိုလူက ရှန်းမိသားစု၏ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်။

ရှန်းထျန်းသဲ၏အမူအရာက သူ့အပေါ် အလွန်လေးစားမှု ရှိပေသည်။

ဒါပေါ့။ အခု လာတဲ့သူက ဖေးဝမ်ရှုလေ။

မနေ့က သူ၏အဖေ ပေးသော အမိန့်တာဝန်များကို လက်ခံပြီးနောက် ဖေးဝမ်ရှုက အတွင်းရေးမှူးကို နောက်အလုပ်တစ်ခု စီစဉ်ခိုင်းလိုက်သည်။

သူက အိပ်ခန်းသို့ ပြန်ရောက်သည့်အခါမှသာလျှင် ဆီးသီးများနှင့် မက်မွန်သီးများ၏ ကောင်းမွန်သောအရသာက လျှာပေါ်တွင် စွဲထင်ကျန်နေသေးဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် ယခုမနက်တွင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောရန် ရောက်လာခဲ့သည်။

ရှန်းထင်ရွှမ်းက ဖေးဝမ်ရှုကို ကြည့်လိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။

ဖေးဝမ်ရှုက အမြဲတမ်း လျစ်လျူရှုလေ့ရှိသော်လည်း ပြန်ပြုံးပြခဲ့လေသည်။ ထိုမိန်းကလေး၏ အပြုံးက အလွန်ကြည်လင်လွန်းပေ၏။ စီးပွားရေလောက၌ နှစ်အတော်ကြာရှိပြီးနောက် ထိုကဲ့သို့ သန့်စင်သည့်လူမျိုးကို ထပ်တွေ့ရန် ခက်ခဲပေသည်။ ရှန်းထင်ရွှမ်း၏ အပြုံးက လူအများကို ပြန်မပြုံးပြဘဲ မနေနိုင်အောင် ဖြစ်စေသည်။

“မင်္ဂလာပါ ဖေးဝမ်ရှုပါ ” ဖေးဝမ်ရှုက ဦးစွာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“မင်္ဂလာပါ “ရှန်းထင်ရွှမ်းက ဖေးဝမ်ရှုသည် ဤနေရာကို မည်သည့်ကြောင့် ရောက်လာမှန်း မသိပေ။ သို့သော် သူက သူမစိုက်ထားသော အသီးများကို စားခဲ့ပါက တာဝန်ပြီးမြောက်မှုမှာ ၀.၃၉% တိုးသွားနိုင်ပေသည်။

သို့သော် ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း၏မေးခွန်းကို လျင်မြန်စွာ အဖြေပေးလိုက်သည်။

“ကိစ္စက ဒီလိုပါ၊ မနေ့က မစ္စရှန်း ကျွန်တော့်အဖေကို အသီးတွေပေးခဲ့တယ်လေ၊ ကျွန်တော်တို့မြည်းစမ်းကြည့်ပြီးတော့ အရသာက အရမ်းကောင်းတယ်၊ မစ္စရှန်းရဲ့အသီးတွေကို ကျွန်တော်တို့ စူပါမားကတ်မှာ တင်ထားဖို့ ဆန္ဒရှိလား မေးချင်တာပါ ”

ဖေး၏စူပါမားကတ်ကို စူပါမောဟု ခေါ်ပြီး ၎င်းက တရုတ်ပြည်၌ရှိသည့် အကြီးမားဆုံးနှင့် အကောင်းဆုံးစူပါမားကတ်များထဲမှ တစ်ခုဖြစ်သည်။

စူပါမောတွင် အလွန်တိကျသည့် အကာအကွယ်စနစ်ရှိသောကြောင့် စားသုံးသူများက စူပါမော၏စင်များပေါ်ရှိ ထုတ်ကုန်များ အားလုံးကို ယုံကြည်ကြပေသည်။

ထုတ်ကုန်များက စူပါမော၏ စင်များပေါ်တွင် ရှိနေပြီးသားဖြစ်လျှင်တောင် သူတို့က သက်ညှာလိမ့်မည် မဟုတ်ပေ။ ပြဿနာတစ်ခု ရှာတွေ့သည်နှင့် ၎င်းတို့က စင်ပေါ်မှ ချက်ချင်း ဖယ်ရှားခံရလိမ့်မည် ဖြစ်သည်။ ဘယ်တော့မှ စာရင်းထဲရှိတော့မည် မဟုတ်ပေ။

ရှန်းထင်ရွှမ်းက ဖေး၏စူပါမားကတ်သည် ပိုင်လျန်ထက် အများကြီးပိုကြီးပြီး ဝယ်သူများလည်း ပိုရှိမှန်း မသိပေ။ သူမက စူပါမားကတ်ဟူသည့်စကားလုံးကို ကြားသည်နှင့် တန်းသဘောတူလိုက်တော့သည်။

အတွင်းရေးမှူးက သဘောတူစာချုပ်ကို ရှန်းထင်ရွှမ်းဆီသို့ ပေးရန် သွားသော်လည်း ဖေးဝမ်ရှုက သဘောတူစာချုပ်ကို လက်ခံလိုက်ပြီး ရှန်းထင်ရွှမ်းဆီသို့ ကိုယ်တိုင်ပေးလိုက်သည်။

“ဒါက ပူးပေါင်းလုပ်ဆောင်ခြင်း သဘောတူညီမှု စာချုပ်ပါ ”

ရှန်းထင်ရွှမ်းက ပိုင်လျန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်း သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးခဲ့ဖူးသည်။ ၎င်းက ဖေးဝမ်ရှုထံမှ တိုက်ရိုက် ရသော သဘောတူညီမှုစာချုပ် ဖြစ်ပြီး သူ၏နာမည်ကို လက်မှတ်ထိုးထားပေသည်။

ဖေးဝမ်ရှုက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူတို့ ဖေးမိသားစုက အလွန်ကောင်းမွန်သော်ငြား ပူးပေါင်းဆောင်ရွက်ကြရာတွင် သဘောတူညီမှု စာချုပ်ကို တစ်ချက်မှ မကြည့်ဘဲ တိုက်ရိုက် လက်မှတ်ထိုးလိုက်သည်မှာ ယင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ဖေးဝမ်ရှုက ပိုင်လျန်နှင့် ရှန်းထင်ရွှမ်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုက နေ့စဥ် ငွေပေးချေသည်ဖြစ်ကြောင်းလည်း သိထားသည်။ ပြီးနောက် ရှန်းထင်ရွှမ်း၏ ဘဏ်ကတ်က ရှန်းထျန်းသဲကြောင့် ပိတ်ထားခံရသည်။ ထို့ကြောင့် သူတို့နှင့် သဘောတူညီမှုစာချုပ်တွင် ဖေးဝမ်ရှုက နေ့စဥ် ငွေပေးချေမှုကိုလည်း ရေးထားသည်။

ဖေးဝမ်ရှုလည်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး စာချုပ်တစ်ခုကို ရှန်းထင်ရွှမ်းအား ပေးလိုက်သည်။ “ငါတို့ အခု အသီးတချို့ ယူသွားလို့ရမလား ”

“ရတာပေါ့၊ ဒါပေမဲ့ ကျွန်မကို ခဏစောင့်ပေးပါဦး ” ပိုင်လျန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပြီးနောက် ရှန်းထင်ရွှမ်းက မနက်စောစော ထပြီး အသီးများကို ခူးမထားခဲ့ချေ။

ဖေးမိသားစုက လိုချင်လာသောအခါ သူမက ယခု ခူးရတော့မည် ဖြစ်သည်။ သို့သော် ဝိညာဉ်စွမ်းအင်၏ အကျိုးကျေးဇူးကြောင့် အိတ်နှစ်လုံးအပြည့် အသီးခူးရန် ၁၀ မိနစ်သာ ကြာခဲ့သည်။

ရှန်းထင်ရွှမ်းက အသီးခူးရန် ပြောလိုက်ပြီးနောက် ဖေးဝမ်ရှုက အလုပ်လုပ်ရန် ကားထဲသို့ ပြန်သွားခဲ့သည်။ သူက ရှန်းထင်ရွှမ်းသည် ကီလိုအနည်းငယ်သာ ခူးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် မိနစ် နှစ်ဆယ်ကြာပြီးနောက် ရှန်းထင်ရွှမ်းက လက်တစ်ဖက်စီ၌ အသီးအိတ်ကြီးတစ်လုံးစီကို ကိုင်ထားခဲ့ပေသည်။

၎င်းက တကယ့်ကို ကြီးမားသည့် အသီးအိတ်ကြီးတစ်လုံး ဖြစ်ပေသည်။

ဖေးဝမ်ရှု၏ အတွင်းရေးမှူးက ကားအပြင်တွင် ရပ်နေခဲ့ပြီး ရှန်းထင်ရွှမ်းကို မြင်သောအခါ ကူညီရန် ပြေးသွားခဲ့သည်။ ရှန်းထင်ရွှမ်းက လွယ်ကူသည့်ပုံ ပြနေသော်လည်း သူက ၎င်းကို သယ်လိုက်သောအခါ အောက်ကို ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ဤအသီးအိတ်ကြီးက အနည်းဆုံး ၁၀၀ ကတ်တီခန့် ရှိပေသည်။

ဒီမိန်းကလေးက ဘယ်လိုလုပ် အလွယ်တကူ မနိုင်တာလဲ။

ရှန်းထင်ရွှမ်းလည်း အိတ်တစ်လုံးကိုသာ သယ်သွားသည်ဖြစ်ပြီး သူမ၏ လမ်းလျှောက်နှုန်းထက် ပိုပြီး မြန်ဆန်ပေသည်။ သူ့နောက်ရှိ အတွင်းရေးမှူးက ဆယ်လှမ်းသာ လှမ်းရသေးသော်လည်း ရှန်းထင်ရွှမ်းက ကားထဲသို့ ရောက်သွားပြီ ဖြစ်သည်။

သူမက ကားကိုယ်ထဲတွင် အသီးများကို ထားလိုက်ပြီး အတွင်းရေးမှူးဆီမှ ဆီးသီးအိတ်ကို ယူရန် ပြန်လှည့်သွားခဲ့သည်။ ပြီးနောက် ကားပေါ်တွင် ၎င်းကို ထားလိုက်သည်။

ဖေးဝမ်ရှုက အနည်းငယ် ပဟေဠိဖြစ်နေသည့်ပုံဖြင့် အတွင်းရေးမှူးကို ကြည့်လိုက်သည်။ ရှန်းထင်ရွှမ်းက ဤအသီးအိတ်ကို အဘယ့်ကြောင့် အလွန် လွယ်ကူစွာ သယ်နိုင်ရသနည်း။ သို့သော် အတွင်းရေးမှူးကမူ များစွာ ကြိုးစားနေရပေသည်။ အဆုံးတွင် ရှန်းထင်ရွှမ်းက ကူညီရန် လာခဲ့ရသည်။

အတွင်းရေးမှူးက ရှက်သွားခဲ့သည်။ ယောက်ျားတစ်ယောက်အနေဖြင့် သူက နေ့စဥ် အလုပ်လုပ်ရပေသည်။ သို့သော် သူ၏ခွန်အားက ဤမိန်းကလေးလောက် မကောင်းချေ။

အတွင်းရေးမှူးက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်သည်။ “နောက်ကျရင် ကျွန်တော်တို့စူပါမားကတ်က ဝန်ထမ်းတွေကို အသီးခူးခိုင်းလိုက်ပါ့မယ်၊ မင်း အရမ်းအလုပ်ရှုပ်နေရင် သူတို့ ကူပြီး ခူးခိုင်းလို့ရတယ် ”

ဖေးဝမ်ရှုက စကားအနည်းငယ် ပြောပြီးနောက် ထွက်သွားပြီး ကားထဲတွင် ထိုင်လိုက်သည်။ သူ၏အတွင်းရေးမှူးကို မမေ့မလျော့ ပြောလိုက်သေးသည်။ “မင်း လေ့ကျင့်ခန်း မလုပ်တဲ့ပုံပဲ ”

အတွင်းရေးမှူး ” ”

သူက ထိုအသီးအိတ်များသည် အလွန်လေးကြောင်း ပြောပြချင်ပေသည်။

ဖေးဝမ်ရှုတို့ ထွက်လာပြီး သိပ်မကြာခင်မှာပဲ စူပါမောသို့ ရောက်လာခဲ့ကြသည်။ သူတို့၌ ကိုယ်ပိုင်ပို့ဆောင်ရေး သေတ္တာများ ရှိကြသည်။ ရှန်းထင်ရွှမ်းက အသီးတောအုပ်သို့ ၎င်းတို့ကို ယူလာပြီး အသီးနှစ်မျိုးလုံးကို အတူတကွ ခူးလိုက်သည်။

မကြာမီ စူပါမောရှိ လူများက ရှန်းထင်ရွှမ်း၏အသီးခူးနှုန်းမှာ အလွန်မြန်ဆန်ကြောင်း တွေ့ရှိသွားကြသည်။ ပြီးနောက် အပင်တက်သည့်နှုန်းကလည်း အလွန်မြန်ဆန်ပေသည်။

အစတွင် လူတိုင်းက ရှန်းထင်ရွှမ်းကို အပင်မှပြုတ်ကျမှာ စိုးရိမ်နေကြသည်။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် အကိုင်းတစ်ခုစီမှ ကူးသွားနေဆဲကို မြင်ပြီး မခူးရသေးသည့် အသီးများကိုသာ အဓိကထားလိုက်ကြသည်။

ဤနေရာသို့ လာခဲ့ကြသည့် လူအားလုံး၏ စုပေါင်းအင်အားကြောင့် သူမတစ်ယောက်တည်း လုပ်သကဲ့သို့ အင်အားမဟုတ်တော့ပေ။

သေတ္တာများ ပြည့်သွားသောအခါ ခေါင်းဆောင်က ရှန်းထင်ရွှမ်းအကောင့်သို့ ငွေလွှဲပေးသည်။ ဆီးသီး ကတ်တီတစ်ထောင်နှင့် မက်မွန်သီးကတ်တီ တစ်ထောင်အပြင် ဖေးဝမ်ရှုယူသွားသည့် တစ်ခုကို ထပ်ပေါင်းပါက ရှန်းထင်ရွှမ်းကို ပေးရန် စုစုပေါင်း ၁၆၅၀၀ ယွမ် ကျသင့်ပေသည်။

လူတစ်စုက ကမန်းကတန်း ထွက်ခွာသွားကြသည်။

နားထဲမှ စက်ရုပ်သံကို တဖန် ကြားလိုက်ရပြန်သည်။

“မစ်ရှင်ပြီးမြောက်ရန် မိနစ် ၆၀ ကျန်ရှိပါသေးသည်။ သင်၏မစ်ရှင်သည် ယခု ၁၁.၇၂% ပြီးမြောက်ထားပါသည်။ မစ်ရှင်ကျဆုံးလျှင် ဝိညာဉ်သွေးကြောမှ ၁၀% နုတ်ယူပါမည်”

ရှန်းထင်ရွှမ်းက ပျောက်သွယ်သွားတော့မည့် ကားအရိပ်ကို ကြည့်နေသည်။ ဤနေရာမှ စူပါမားကတ်သို့ ရောက်ရန် အချိန် မည်မျှ ကြာမည်မှန်း သူမ မသိပေ။

ရှန်းထင်ရွှမ်းက ဆီးသီးတောနှင့် မက်မွန်တောသို့ ပြန်သွားလိုက်ပြီး စွမ်းအင်ဖြင့် ရေလောင်းလိုက်သည်။ ထို့နောက် ခြံဝင်းသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်ရှိလူက နိုးလာတော့မည့် လက္ခဏာပင်။ ရှန်းထင်ရွှမ်းက လျှောက်သွားလိုက်ပြီး သူမ၏ဆံပင်ကို အရည်ဖျော်ရန် ဝိညာဉ်စွမ်းအင်ကို သုံးလိုက်ပြီး ထိုအရည်ကို တိုက်လိုက်သည်။

ထိုလူ၏မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

သူ၏မျက်လုံးများက ကြီးမားပြီး ရေကဲ့သို့ ကြည်လင်ပေသည်။

ထိုမျက်လုံးများက တကယ့်ကို လှပသည်။ ၎င်းက မှော်ဆန်ပြီး လူများကို ဆွဲဆောင်နိုင်ပေသည်။

ထိုလူက ချောင်းဟန့်လိုက်ပြီး ရှန်းထင်ရွှမ်းက သူ့ကို ကြည့်လိုက်သည်။

“ဆန်းကြယ်လိုက်တာ၊ ရှင့်အဆုတ်က မနေ့တည်းက အဆင်ပြေနေပုံပါပဲ ” ဘာလို့ သူက ချောင်းဆိုးနေတာလဲ။

ချင်ယွဲ့ကျီက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက သတိပြန်ရပြီဖြစ်ကြောင်း ရှန်းထင်ရွှမ်းကို သတိပေးရန် ချောင်းဆိုးလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှန်းထင်ရွှမ်းက နားလည်မှု လွဲသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ “ငါ့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ် ”

သူက ကားမတော်တဆမှု ဖြစ်ခဲ့ကြောင်း မှတ်မိသွားသည်။

ဤလူ၏မျက်လုံးများကတောင် ကြည့်ကောင်းနေလျှင် သူ၏တစ်ကိုယ်လုံးက ပိုကြည့်ကောင်းပေလိမ့်မည်။ အသံကို ကြားပြီးနောက် ဘုရားသခင်က မမျှတဘူးဟု ခံစားမိပေသည်။ ကောင်းသည့်အရာအားလုံးကို ထိုလူအား ပေးထားပုံပေါ်လေသည်။

ရှန်းထင်ရွှမ်းက “ကောင်းပြီ၊ ဒါပေမဲ့ ငါ့ရဲ့ဝါးတောကို ဖျက်ဆီးလိုက်ပြီး ငါ့ရဲ့တောင်ကို ဝင်တိုက်ခဲ့တယ်လေ ”

မိန်းကလေးက လေးပြောနေသည်ကို မြင်သောအခါ ချင်ယွဲ့ကျီ၏မျက်လုံးထဲတွင် နူးညံ့ရိပ်ဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ပြီးတော့ တောင်းပန်ပါတယ် ”

ထိုအချိန်က သူသည် တောအုပ်ထဲ ပြင်းပြင်းထန်ထန် ဝင်တိုက်ခဲ့မိသည်။ ကားပေါ်ရှိဘရိတ်များကို တစ်စုံတစ်ယောက်က ဖြတ်တောက်ထားသောကြောင့် ဤနေရာသို့ တောက်လျှောက် မောင်းလာရသည်။ ချင်ယွဲ့ကျီက အနီးအနားရှိ ဝါးတောကို တွေ့လိုက်ပြီး သူက ၎င်းကို တိုက်ရန် ရွေးချယ်ခဲ့သည်။

“ယခု သင်၏မစ်ရှင်လုပ်ဆောင်ချက်သည် 61% ဖြစ်ပါသည်။ မစ်ရှင်ကျဆုံးပါက ဝိညာဉ်သွေးကြောမှ ၁၀ % နုတ်ယူပါမည် ”

ရှန်းထင်ရွှမ်းက တစ်ဖက်မှ ရိုးသားစွာ တောင်းပန်နေသည်ကို မြင်သည်။ သူမက ဆီးသီးကို သေးငယ်သော အပိုင်းလေးများ စိတ်လိုက်ပြီး သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ “စားလိုက်အုံး ”

သူမက နေ့လယ်စာ မလုပ်ရသေးပေ။ သို့သော် သူမ ၎င်းကို လုပ်နိုင်ရန် အသက်ရှင်နေပါ့မလားတောင် မသိပေ။

နေ့လယ် ၁၂နာရီတွင် မစ်ရှင် မပြီးသေးပါက သူမ၏ဝိညာဉ်သွေးကြောမှ နုတ်ယူခံရမည် ဖြစ်သည်။ ၎င်းကို တွေးမိပြီး ရှန်းထင်ရွှမ်းက အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရပြီး သူမက အခန်းပြင်သို့ လျှောက်သွားလိုက်သည်။

ချင်ယွဲ့ကျီက အချိန်မည်မျှကြာ သတိလစ်နေမှန်း မသိခဲ့ချေ။ သို့သော် သူ့အစာအိမ်က အလွန်ဆာလောင်နေခဲ့သည်။ သူက ဗိုက်ဆာနေသော်လည်း ချိုမြိန်သည့်အရာများကို မစားချင်ခဲ့ပေ။

သို့သော် သူ့ရှေ့ရှိ မိန်းကလေးက ဘာ့ကြောင့် ရုတ်တရက် စိတ်ဓာတ်ကျသလို ဖြစ်သွားမှန်း သူက မသိခဲ့ချေ။ ပန်းကန်ပြားပေါ်ရှိ ထိုဆီးသီးရနံ့က အလွန်သင်းပျံ့နေပေသည်။

ချင်ယွဲ့ကျီက ဆီးသီးတစ်စိတ်ကို စားလိုက်သည်။ သူစားပြီးပြီးချင်း ချိုမြိန်သည့်အထိအတွေ့လေးက သူ၏လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ လျှောကျသွားပေသည်။

ဂရုတစိုက်နားထောင်ကြည့်ပါက စနစ်သည် ၄မိနစ်မှ ၃မိနစ်၊ ထို့နောက် ၂မိနစ် စသည်ဖြင့် ထုတ်ပြန်နေပေသည်။

သူမက ခြံဝင်းထဲရှိ ပန်းခင်းသို့ လမ်းလျှောက်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမ၏လက်ဖြင့် ဒူးကို ဖက်ထားပြီး မျှော်လင့်ချက်မဲ့စွာဖြင့် ကောင်

းကင်သို့ ကြည့်နေခဲ့သည်။

စနစ်က ထုတ်ပြန်သည်ကို နားထောင်လိုက်ရသည်။ “၉ခုမြောက် တာဝန်ကို ပြီးဆုံးခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအနေဖြင့် ဝိညာဉ်သွေးကြောကို ၉% ပြန်လည် ရရှိပါသည်”

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset