EGQY အပိုင်း ၄၇/၄၈

အပိုင်း ( ၄၇) ကုချင်းယွီကလွဲရင် ဘယ်သူ့ကိုမှ မလိုချင်ဘူး

“ ဒီတစ်ခါ ကိစ္စက…. ရှင်းပြီးသွားပြီဆိုပေမဲ့ လူတွေရဲ့အမြင်မှာတော့ ကုချင်းယွီက အဲဒီဗီဒီယိုထဲက လူတွေနဲ့ မရှင်းလင်းတဲ့ ဆက်ဆံရေးတစ်ခုပဲလေ”

အဘိုးတွမ့်သည် ဖွင့်ပြောလိုက်လေသည်။ သူသည် တွမ့်ရှင်းယွမ်ကို တိုက်ရိုက် မငြင်းလိုက်သော်လည်း ဘာအဓိပ္ပာယ်ဆိုသည်ကိုတော့ သူသိလေသည်။

“အဘိုး အဲဒီဗီဒီယိုထဲက လူက သူ မဟုတ်ဘူးလေ”

တွမ့်ရှင်းယွမ်သည် အနည်းငယ်ပူပန်သွားတော့သည်။

“ဒါပေမဲ့ သူက အဲဒီဗီဒီယိုထဲက မိန်းမနဲ့ တစ်ပုံစံထဲပဲ”

အဘိုးတွမ့်သည် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ လူအများကြီးအတွက်တော့ သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာမှ မကွာသွားဘူး၊ မင်း သူနဲ့လက်ထပ်ရင် အဟားခံရလိမ့်မယ်”

မနေ့ကသာ တွမ့်ရှင်းယွမ်က ကုချင်းယွီကို လက်ထပ်ချင်သည်ဟု ပြောခဲ့လျှင် အဘိုးတွမ့်သည် ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ မုရွှမ်ချင်၏ သူ့မြေးအပေါ် ထားသည့် သဘောထားကို သိလိုက်ရပြီးနောက် အဘိုးတွမ့်သည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

သူ့မြေးမှာ ကြီးမားတဲ့အနာဂတ်တစ်ခုရှိပြီး ဆရာရဲ့ တန်ဖိုးထားခံနေရတာလေ။ နောက်ဆိုရင် သူက တွမ့်မိသားစုမှာ ပြိုင်ဘက်ကင်းပြီး တွမ့်မိသားစုကိုလည်း ပိုအဆင့်မြင့်တဲ့ အခြေအနေအထိ ဦးဆောင်သွားအုံးမှာ…. ဘယ်လိုလုပ်ပြီး မြို့ငယ်လေးက မိသားစုငယ်လေးတစ်ခုရဲ့ နာမည်ပျက် သမီးတစ်ယောက်နဲ့ လက်ထပ်ခွင့်ပြုလို့ ဖြစ်မှာလဲ။

အဘိုးတွမ့်က ပြောလိုက်၏။

“ ဒီ့အပြင် ကုမိသားစုက အရမ်းအမြင်ကျဥ်းတာ၊ ကုဝမ်ချန်က မိန်းမသုံးယောက်ပဲ ရှိတဲ့ အိမ်လေးတစ်ခုကိုတောင် မစီမံနိုင်ဘူး၊ သူ့မိန်းမကလည်း ပြန်ပေးဆွဲတဲ့ကိစ္စတောင် လုပ်ခဲ့ပြီး အချုပ်ထဲမှာ၊ ငါတို့တွမ့်မိသားစုက အဲလိုမိသားစုက ချွေးမမျိုးကို ဒီအိမ်ထဲ လုံးဝဝင်ခွင့်မပြုနိုင်ဘူး”

“အဘိုး အဲဒါက အန်ကယ်ကုရဲ့ မယားဟောင်းပါ၊ သူတို့က ကွာရှင်းပြီးသား၊ မစ္စကုက…. ချင်းယွီရဲ့ အမေအရင်း မဟုတ်ဘူး၊ ချင်းယွီက သားအမိနှစ်ယောက်ကြားထဲ ညှပ်သွားတာ၊ သူ့မှာ အပြစ်မရှိပါဘူး၊ အဘိုးက သူနဲ့ တစ်ခါပဲ တွေ့ဖူးသေးတာမလို့ သူ ဘယ်လောက်ရိုးသား, သန့်ရှင်းပြီး လှလဲဆိုတာ အဘိုးမသိလို့ပါ၊ အဘိုး သူနဲ့ထပ်တွေ့တဲ့အခါကျရင် သူ့ကို သေချာပေါက် သဘောကျမှာ ကျွန်တော် အာမခံတယ်…”

တွမ့်ရှင်းယွမ်သည် အနည်းငယ် ပူပန်သွားတော့သည်။ သူသည် ကုချင်းယွီကို ပိုးပန်းရာ အချိန်များစွာ ပေးခဲ့ရလေသည်။ နောက်ဆုံးတွင် သူသည် သူမကို မရခဲ့လျှင် ပြီခဲ့သည့်နှစ်များက သူ့အားထုတ်မှုများသည် အလဟသ ဖြစ်သွားတော့မည် မဟုတ်ပါလား။

အဘိုးတွမ့်က သူ့စကားကို ဖြတ်ပြောလိုက်၏။

“ ရှင်းယွမ် မင်း ကလေး မဟုတ်တော့ဘူး”

“အဘိုးကvjj”

တွမ့်ရှင်းယွမ်၏မျက်လုံးများသည် နီရဲသွားတော့သည်။

“ သူ့မိသားစု အရမ်းရှုပ်တယ် မင်းနဲ့ မသင့်တော်ဘူး”

အဘိုးတွမ့်၏အသံသည် မေးခွန်း ပြန်မထုတ်စေချင်သည့်ဟန် ဖြစ်နေလေသည်။

“ မင်းလည်း ပြီးခဲ့တဲ့အခေါက်တုန်းက မိန်းကလေးဆွန်းကို သဘောမကျတာမှ မဟုတ်တာ၊ မင်းပဲ သူ့ကို ညစာစားပြီးတော့ ညရှုခင်းကြည့်ဖို့ ဖိတ်ခဲ့သေးတာပဲမလား၊ ငါ ညစာအတွက် စီစဥ်ပေးခဲ့ပေမဲ့ ညရှုခင်းကြည့်ဖို့တော့ မစီစဥ်ပေးခဲ့ဘူးနော်၊ မိန်းကလေးလည်း မဆိုးတာကို မင်းသိပါတယ်”

“ မဟုတ်ဘူး၊ ကုချင်းယွီကလွဲရင် ကျွန်တော် ဘယ်သူ့ကိုမှ မလိုချင်ဘူး”

တွမ့်ရှင်းယွမ်သည် ခေါင်းမာမာနှင့် ပြောလိုက်လေသည်။

အဘိုးတွမ့်က

“ မင်း မိန်းကလေးဆွန်းကို မကြိုက်လဲ ကိစ္စမရှိဘူး၊ ဒီနေ့ မင်းက ဆရာ့ရဲ့တန်ဖိုးထားခံခဲ့ရပြီ၊ ဒီတော့ ပိုကောင်းတဲ့သူတစ်ယောက်တော့ တွေ့မှာသေချာတယ်…နောက်ရက်ကျရင် နောက်မိန်းကလေးတစ်ယောက်နဲ့ တွေ့ဖို့ အဘိုးစီစဥ်ပေးမယ်၊ ဒီနေ့ကစပြီး တော်ဝင်မြို့တော်မှာပဲ နေတော့၊ အဲဒီမြို့ငယ်လေးကို မသွားနဲ့တော့”

တွမ့်ရှင်းယွမ်သည် သူ့အဘိုးက ဤမျှဆန့်ကျင်နေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားချေ။

အခုဆို သူ့မှာ အင်အားတွေပိုရှိလာတာ အသိသာကြီးပဲလေ။ ဘာလို့များ သူ့ဇနီးကို ရွေးချယ်ခွင့် ဆုံးရှုံးလိုက်ရတာလဲ။

သူသည် အံကြိတ်ထားပြီး သူ့မျက်လုံးများမှာ နီရဲနေတော့သည်။

“ ကျွန်တော် သူတို့ကို သွားတွေ့မှာမဟုတ်ဘူး၊ အခုပဲ S မြို့ကို ပြန်တော့မယ် ၊ ပြီးတော့ အဘိုး ကျွန်တော်တို့ကို လက်ထပ်ခွင့် မပြုရင် ကျွန်တော် ဘယ်တော့မှ ပြန်မလာတော့ဘူး”

“ မင်း ငါ့ကို ခြိမ်းခြောက်နေတာလားကွ”

အဘိုးတွမ့်၏မျက်နှာသည့် မဲမှောင်သွားတော့သည်။

အရင်ကတော့ တွမ့်ရှင်းယွမ်နဲ့ ကုချင်းယွီကို လက်ထပ်ဖို့ သဘောတူခဲ့တယ်ဆိုတာကလည်း သူ့မြေးက ဘယ်လိုပဲဖြစ်ဖြစ် တွမ့်မိသားစုကို ဆက်ခံရမှာပဲလေ၊ ပြီးတော့ တွမ့်မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် သူ့အတွက်လည်း ဆက်လုပ်ဖို့ မလွယ်တော့ဘူး၊ ဒီတော့ သူ့နေရာကို ထိန်းထားနိုင်ရင်ကို အဆင်ပြေပြီလေ၊ ဒီ့အပြင် တခြားမိသားစုနဲ့ လက်ထပ်ပွဲတစ်ခုရဲ့ အကျိုးအမြတ်ကလည်း ဘယ်လိုဖြစ်ဖြစ် အကန့်အသတ်နဲ့ဆိုတော့ တွမ့်ရှင်းယွမ်ကို သူကြိုက်တဲ့သူနဲ့ လက်ထပ်ခွင့်ပြုနိုင်တာပေါ့။

သူ ကုချင်းယွီကို စုံစမ်းခဲ့ပြီးတော့ သူတို့တွေ စေ့စပ်တုန်းက တွေ့တော့လည်း သူမက တွမ့်ရှင်းယွမ် ပြောတဲ့အတိုင်းပါပဲ။ သူမက ရိုးရှင်းပြီး သန့်ရှင်းတဲ့မိန်းကလေးတစ်ယောက်ပဲ။ အဲဒါထက် သူမက အင်မတန်ကို လှပတဲ့မိန်းကလေး။

အပိုင်း (၄၈) တွမ့်မိသားစုအတွက် သူမကို လက်ထပ်ဖို့ လက်လွှတ်ရမယ်

အဘိုးတွမ့်သည် ဤမျှလှပသည့်မိန်းကလေးမျိုးကို ငယ်ရွယ်စဥ်က တွေ့ခဲ့မည်ဆိုလျှင် သူလည်းပဲ စိတ်လှုပ်ရှားမှန်မှာပင်။

ထို့ကြောင့် သူ့မြေးလေးကို နားလည်ပေးနိုင်ပြီး တွမ့်ရှင်းယွမ်၏မိဘများ သဘောမတူသည့်ကြားက ကုချင်းယွီနှင့် စေ့စပ်ပွဲ အောင်မြင်အောင် ကူညီပေးခဲ့ခြင်းပင်။

သို့သော် ယခုတော့ အခြေအနေက ကွာခြားသွားလေပြီ။

ကုချင်းယွီသည် အစပိုင်းတွင် သန့်ရှင်းသော်လည်း ယခုတော့ မသန့်ရှင်းတော့ပေ။

သူမ၏ အရှုပ်အရှင်းဖြစ်နေသည့်မိသားစုမှာ အနေးနှင့်အမြန် ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မည်။

ယခုမူ သူ့မြေး၏အဆင့်အတန်းသည် ကွာခြားသွားပြီဖြစ်ပြီး သူ့မြေး၏အနာဂတ်နှင့် သူတို့ တွမ့်မိသားစု၏ ပိုကောင်းလာမည့်အနာဂတ်ကို ထိခိုက်စေမည့် သည်လိုမိန်းကလေးမျိုးနှင့် ခွင့်မပြုနိုင်တော့ပေ။

ထို့အပြင် အမြဲတမ်း စကားနားထောင်တတ်သည့် သူ့မြေးသည် ယခုတော့ သည်မိန်းကလေးအတွက် သူ့ကို ခြိမ်းခြောက်စကားပင် ပြောနေတော့သည်။

သူတို့ လက်ထပ်ဖို့ ခွင့်မပြုဘူးဆိုရင် သူဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့လား။

အဘိုးတွမ့်၏မျက်နှာသည် အလွန်အကျည်းတန်သွားလေသည်။ သူသည် ဤသို့အလွယ်တကူ ခြိမ်းခြောက်ခံမည့်သူမျိုး မဟုတ်ပေ။

တွမ့်ရှင်းယွမ်သည် သူပြောလိုက်သည့်စကားက အဘိုးတွမ့်ကို ဒေါသထွက်သွားစေသည်ကို သိသွားပြီး သူသည် တစ်နည်းနည်းဖြင့် မသက်မသာပြောလိုက်လေသည်။

“အဘိုး ကျွန်တော် တောင်းပန်ပါတယ်၊ အဘိုးကို ခြိမ်းခြောက်ဖို့ မရည်ရွယ်ပါဘူး…”

သူ့အဘိုးသည် အမြဲလိုလို အကြမ်းနည်းနှင့်မရဘဲ အနုနည်းဖြင့် ဆက်ဆံရမည့်သူဖြစ်လေသည်။ တွမ့်ရှင်းယွမ်သည် သူ အနည်းငယ် လမ်းလွဲသွားသည်ကို သဘောပေါက်သွားတော့သည်။ အဘိုးသည် သူ့အပေါ် အလွန်ကောင်းရာ အထူးသဖြင့် သူသဘောမတူသည့် ကိစ္စများနှင့်ပတ်သက်လျှင် သူသည် စကားပြောလို့ မကောင်းတော့ကြောင်း ကိုမေ့သွားတော့သည်။

“ဒါပေမဲ့ အဘိုး၊ ကျွန်တော် ချင်းယွီကိုပဲ ချစ်လာခဲ့တာ အဘိုးသိပါတယ်… ပြီးတေ့ ကျွန်တော် သူ့အတွက် အများကြီး လုပ်ပေးခဲ့တာ၊ ကျွန်တော် Sမြို့အထိ လိုက်သွားပြီးတော့တောင်….ဒီအတိုင်း လက်လွှတ်လိုက်ဖို့က ကျွန်တော့်အတွက်… ကျွန်တော် မလုပ်ချင်ဘူး”

တွမ့်ရှင်းယွမ်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး

“ အဘိုးပဲ ကျွန်တော့်ကို ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်မလား ၊အရှုံးပေါ်မဲ့ စီးပွားရေးမျိုးကို မလုပ်နဲ့ဆိုပြီးတော့လေ”

ကုချင်းယွီအတွက် သူသည် ငွေအမြောက်အများ ဆုံးရှုံးခဲ့လေသည်။ သို့သော် ဒါသည် နောက်ပိုင်း သူမကို ပိုင်ဆိုင်လာလျှင် ပြန်ရလာမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဟုဟာ တွေးထားလေသည်။

သည်အတိုင်း လက်လျှော့ဖို့ရန်က သူ အမှန်ပင် ဆန္ဒမရှိချေ။

အဘိုးတွမ့်က ခဏတာ ငြိမ်သက်သွားပြီး

“ တွမ့်မိသားစုအတွက် မင်း သူနဲ့လက်ထပ်ဖို့ လက်လျှော့မှရမယ်”

“အဘိုး”

တွမ့်ရှင်းယွမ်သည်အနည်းငယ် မျှော်လင့်ချက်မဲ့သွားတော့သည်။

“ ဘာအလျင်လိုနေတာလဲ”

အဘိုးတွမ့်သည် အေးစက်စက်ဖြင့် ဟင်းခနဲ လေကိုမှုတ်ထုတ်လိုက်ပြီး

“ငါမင်းကို သူနဲ့ လက်မထပ်ဖို့ပဲ ပြောတာ၊ မင်းတို့နှစ်ယောက် တွေ့နေတာကို ရပ်လိုက်ဖို့ ပြောတာ မဟုတ်ဘူး”

တွမ့်ရှင်းယွမ်၏မျက်နှာ ပြောင်းလဲသွား၏။

“ အဘိုးရဲ့သဘောက…”

“ သူ့အဆင့်နဲ့ဆိုရင် မင်းရဲ့အချစ်တော် ဖြစ်လာရင် တော်ရောပေါ့၊ မင်း သူ့ကို သခင်မလေးတွမ့်ဆိုတဲ့ ရာထူးကလွဲလို့ ဘာမဆို ပေးလို့ရတယ်”

တွမ့်ရှင်းယွမ်သည် ငြိမ်ကျသွားတော့သည်။

အဘိုးပြောသည့် အဓိပ္ပာယ်ကို သူသိလေသည်။ အဘိုးက သူ့ကို သင့်တော်သည့်တစ်ယောက်နှင့် လက်ထပ်စေချင်ပြီး ကုချင်းယွီကိုတော့ ချစ်သူတစ်ယောက်အဖြစ်သာ ရှိစေချင်သည်။ သူ,တွမ့်ရှင်းယွမ်သာ သည်လိုလုပ်နိုင်လျှင် အဘိုးသည် ဘာမှ ပြောလိမ့်မည် မဟုတ်ပေ။

သူ့အဖေသည်လည်း တစ်ပုံစံထဲ လုပ်ခဲ့လေသည်။ မဟုတ်လျှင် တွမ့်ရှင်းယွမ် ရွယ်တူနီးနီးရှိသည့် တရားမဝင်သားတစ်ယောက် မည်သို့ ရှိလာပါမည်နည်း။ ထို့အပြင် သူ့အဖေသည် သူ့အမေနှင့် သူ့ကို ဖုံးထားနိုင်လျှင်တောင် သူ့အဘိုးကိုတော့ဖြင့် သေချာပေါက် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ သဘောမှာ သူ့အဘိုးသည် သည်အကြောင်းကို အရင်ကတည်းက သိထားခဲ့သည်ဆိုတဲ့ အဓိပ္ပာယ်ပင်…

ဒါဆို အခု အဘိုးက ငါ့ကို အဖေ့လမ်းစဥ် လိုက်ခိုင်းနေတာလား….

ဒါပေမဲ့ သူနဲ့ သူ့အမေက ဒီတစ်ချက်ကြောင့်ပဲ သူ့အဖေကို မုန်းတီးခဲ့ကြတာလေ…

တွမ့်ရှင်းချန်ကို သူ့အဖေ ဘာပဲ လုပ်ပေးပါစေ သေချာပေါက် အဆုံးသတ်ကောင်းမှာတော့ မဟုတ်လေဘူး/

တွမ့်ရှင်းယွမ်သည် မျက်လုံးကို အောက်စိုက်ထားပြီး အတန်ကြာအောင်တိတ်ဆိတ်နေပြီးနောက် ပြောလိုက်တော့သည်။

“… ကျွန်တော် အဲလိုလုပ်နိုင်ပါတယ်၊ ဒါပေမဲ့ အဘိုး… ကျွန်တော် တခြားမိန်းမကို လက်ထပ်နိုင်တယ် ဒါပေမဲ့ ကျွန်တော့်သားကို မွေးပေးမဲ့သူက ကုချင်းယွီပဲ ဖြစ်ရမယ်”

သူသည် သူ့ချစ်ရသည့်အမျိုးသမီးနှင့် သူတို့မွေးလာသည့်ကလေးကို သူ ကြိုးကြိုးစားစား တည်ဆောက်ထားသည့် တိုင်းပြည်တွင် ရှိမနေဘဲ အဆုံးသတ်ခွင့် လုံးဝမပြုနိုင်ပေ။

သူသည် သူ မချစ်သည့် မိန်းမတစ်ယောက်ကို လက်ထပ်နိုင်သော်လည်း ထိုမိန်းမသည် သခင်မလေးတွမ့် ဟူသည့်ရာထူးသာ ရလိမ့်မည်။ သူသည် သူမကို သူ့ကလေးကို မွေးဖွားခွင့် ပြုလိမ့်မည် မဟုတ်ပေ။

အဘိုးတွမ့်သည် ထိုအချက်ကို တစ်ခုမှ ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်လေသည်။

“ မင်း သဘောအတိုင်းပဲ”

တွမ့်ရှင်းယွမ်သည် နောက်ဆုံးတွင် လှည့်ထွက်သွားကာ ကျေနပ်သွားတော့သည်။ သို့သော်ငြား သူထွက်သွားပြီးနောက် အဘိုးတွမ့်၏မျက်လုံးများ အေးစ

က်သွားသည်ကိုတော့ သတိမပြုမိလိုက်ချေ။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset