EGQY အပိုင်း ၃၃/၃၄

အပိုင်း ( ၃၃) သူ့ကို တကယ်ချစ်တာပါ

လင်းဟန်ကျောက်သည် သက်ပြင်းချက်လိုက်၏။

“ ရှန်ချန်းက ငါ့ကို blacklistထဲ ထည့်လိုက်ပြီလေ၊ ငါ့ ဆွေမျိုးတွေအားလုံးနဲ့ သူငယ်ချင်းတွေကလည်း ငါ့ကို လှောင်ပြောင်နေကြတယ်၊ ငါ့အမေကတောင် ငါ့ကို ရှက်စရာတစ်ခုလို့ တွေးနေတာ… အခုဆို အပြင်ထွက်ရင် နေကာမျက်နှာဝတ်ထားရတယ်၊ ငါ့ကို မှတ်မိသွားရင် ဆဲခံမှာမလို့လေ…”

သူမပြောနေသည့်အရာများသည့် သူမ၏အမှန်တကယ်အခြေအနေ ဖြစ်သော်လည်း သူမသည် အခုတော့ ဝင်ငွေတစ်ခုရှိလာပြီးဖြစ်ပြီး သည်အရာများက လုံးဝအရေးမကြီးတော့ကြောင်းကိုတော့ မပြောလိုက်ချေ။

ကုချင်းချန်သည် မျက်လုံးကို အောက်ချထားပြီး

“အဲလိုဆိုရင်… နင် နိုင်ငံခြားသွားဖို့ရော စဥ်းစားဖူးလား”

“နိုင်ငံခြားကို ဟုတ်လား”

လင်းဟန်ကျောက်၏မျက်လုံးများ ဖျတ်ခနဲလက်သွားတော့သည်။

“ အင်း.. ငါ့အဖေမှာ တောင်အာဖရိကမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့မိသားစုက အရမ်းချမ်းသာတာ ပြီးတော့ သူ့မှာ စိန်တွင်းလုပ်ငန်းလဲရှိတယ်…သူက ပြီးခဲ့တဲ့နှစ်တွေတုန်းကမှ ကွာရှင်းထားတာ ပြီးတော့ ကလေးလဲမရှိဘူး…”

ကုချင်းချန်သည် သွေးတိုးစမ်းကာ ပြောလိုက်လေသည်။

“တစ်ယောက်ယောက်က သူ့အတွက် ကလေးမွေးပေးနိုင်ရင် ကလေးကြောင့် အမေက လူချမ်းသာတစ်ယောက် ဖြစ်လာလိမ့်မယ်၊ ငါကြားတာတော့ သူ့မယားဟောင်းက ကွာရှင်းတုန်းက စိန်တွင်းတစ်ခုရသွားတယ်တဲ့… အခုဆို သူမက ကျောက်မျက်ရတနာလုပ်ငန်းထဲမှာလေ၊ အသားလေးနည်းနည်း အပွန်းခံလိုက်ပြီး သူမကိုယ်သူမ ချမ်းသာတဲ့မိန်းမဖြစ်အောင်လုပ်ခဲ့တာ”

လင်းဟန်ကျောက်သည် သူမပြောချင်သည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ကုချင်းယွီ ပြောခဲ့သလို တကယ်ဖြစ်လာတာပဲ။ ကုချင်းချန်က သူမကို တောင်အာဖရိကကလူနဲ့ သူမကိုယ်စား လက်ထပ်စေချင်ခဲ့တာပဲ….

တကယ်လို့ သူမသာ ကုချင်းယွီရဲ့ကုမ္ပဏီကို မဝင်ခဲ့ဘူး၊ တစ်ရက်ထဲနဲ့ ငွေအများကြီးရှာနိုင်တယ်ဆိုတာ မသိခဲ့ဘူး၊ သူမရဲ့ အခြေအနေက လူထောင်ပေါင်းများစွာရဲ့ ပစ်ပစ်ခါခါ ဆက်ဆံခံနေရအုံးမယ်ဆိုရင်….

ဒီလိုဆိုရင်တော့ သူမ ပါချင်ပါသွားအုံးမယ်။ ဒီနိုင်ငံမှာ သူမလက်ရှိရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့အခြေအနေကနေ လတ်မြောက်ဖို့ ကုချင်းချန်းကို ကျေးဇူးတင်ရင်း နိုင်ငံခြားကို သွားလိုက်အုံးမှာ။

ဒါပေမဲ့….

အခုတော့ အခြေအနေက မတူတော့ဘူးလေ။

သူမကိုယ်ပိုင် ဝင်ငွေကို ရှာနိုင်နေပြီ။ အဲဒါထက် အဲဒီတောင်အာဖရိကက လူချမ်းသာက ကုချင်းချန် ပြောသလိုကောင်းနေရင် ဘာလို့ သူမကိုယ်စား လက်ထပ်ပေးဖို့ ပြောလာမှာလဲ။

သူမသည် အတန်ကြာသည်အထိ နှုတ်ဆိတ်နေလိုက်ပြီးနောက် ခေါင်းခါပြလိုက်လေသည်။

“ ချင်းချန် ငါ့အဖေက နေမကောင်းဘူး… သူ ဆေးရုံတက်နေရတာ၊ ငါ သူ့ကို ချန်မထားခဲ့ချင်ဘူး… နိုင်ငံခြား ရောက်သွားရင် သူ့ကို ပြန်လာတွေ့ဖို့ မလွယ်တော့ဘူး”

ကုချင်းချန်၏အပြုံးသည် ရုတ်တရက် တောင့်တင်းသွားတော့သည်။

“ ဒါပေမဲ့ ကျောက်ကျောက် နင့်အဖေ နေမကောင်းလို့ ဆေးရုံတက်နေရတယ်ဆိုရင် နင် ငွေအရမ်းလိုနေမှာလေ ဟုတ်တယ်မလား၊ နင်အဲဒီ လူချမ်းသာလုပ်ငန်းရှင်ကို လက်ထပ်လိုက်ရင် ငွေရပြီး နင့်အဖေလဲ ပိုကောင်းတဲ့ဆေးရုံကိုပြောင်းပြီး ပိုကောင်းတဲ့ ကုသမှုတွေ ခံယူလို့ရတာပေါ့… နှစ်နည်းနည်းကြာလို့ နင်အိမ်ပြန်လာတဲ့အခါ နင့်အဖေလည်း လုံးဝသက်သာနေလောက်ပြီလေ ဟုတ်တယ်မလား၊ စိတ်မပူပါနဲ့ ငါနင့်မိသားစုကို စောင့်ရှောက်ပေးပါ့မယ်”

လင်းဟန်ကျောက်သည် ခေါင်းခါနေဆဲ။

“ ဟင့်အင်း ချင်းချန်၊ ငါ့အဖေနဲ့မခွဲနိုင်ဘူး…. အခုနေ ငါ အခက်အခဲ ဖြစ်နေပေမဲ့ အနည်းဆုံးတော့ ငါ သူ့ကို လတိုင်း တွေ့နိုင်တယ်လေ… ချင်းချန် နင့်ကို စိတ်ပျက်စေမိတာ အားနာပါတယ်ဟယ်။ နင် ငါ့အတွက် အမြဲတမ်း ကြိုးစားပေးတာ ငါသိပါတယ်၊ ဒါကြောင့် ငါ့ကို ယောက်ျားလေးသူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးတာပေါ့၊ ဒါပေမဲ့ ရှန်ချန်းနဲ့ ကိစ္စဖြစ်ပြီးသွားတော့… ငါတကယ် ကြောက်သွားတယ်၊ ချင်းချန် တောင်းပန်ပါတယ်နော်”

ရှန်ချန်းအကြောင်းပြောလိုက်သည်နှင့် မျက်ရည်များသည် မျက်နှာပေါ်တွင် စီးကျလာတော့သည်။

“ ရှန်ချန်း…. သူအခု ငါ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီ၊ ငါ သူ့ကို တောင်းပန်စကားတောင် မပြောလိုက်ရဘူး… ငါ ပလတ်စတစ်ဆာဂျရီလုပ်ထားတာကို သူသိတယ်လို့ ငါ ထင်နေတဲ့အကြောင်း ရှင်းပြချင်ခဲ့တာ၊ ငါ့ရဲ့ပလတ်စတစ်ဆာဂျရီက အရမ်းမိုက်ပြီး လူတွေကို အလှနဲ့ ဆွဲဆောင်တာ ဘာမှမမှားဘူးလို့ နင်ငါ့ကို အမြဲတမ်းပြောခဲ့တယ်မလား၊ သူလည်း အဲလိုစိတ်ထားရှိပြီး စိတ်ထဲမထားဘူးလို့ ငါထင်ထားခဲ့တယ် … ငါ သူ့ကို လှည့်စားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူးဟယ်….”

သူမသည် ဝမ်းပမ်းတနည်း ငိုနေသော်လည်း ကုချင်းချန်မှာ အလွန် စိတ်ပျက်နေလေသည်။

သူမ ဒီနေ့ ဒီနေရာကို လာတာ လင်းဟန်ကျောက်ကို သူမကိုယ်စား ချန်အန်းကော်နဲ့ လက်ထပ်ခိုင်းဖို့ ဖျောင်းဖျဖို့လေ သူမရဲ့ညည်းညူနေတာတွေကို နားထောင်ဖို့မှမဟုတ်တာ။

ပြီးတော့ သူမကို ဟက်ဟက်ပက်ပက်တောင် မရှိဘဲ ဆက်ဆံနေတဲ့ ရှန်ချန်းအကြောင်း ပြောလိုက်တော့ နည်းနည်းတောင် ဒေါသထွက်မိသေးတယ်။

လင်းဟန်ကျောက်သည် ပို၍ဝမ်းနည်းကာ ငိုလိုက်ပြီးနောက် သူမ၏လက်ကို ဆန့်လိုက်ပြီး ကုချင်းချန်လက်ကို တွန့်ဆုတ်စွာ ကိုင်လိုက်ပြီး သူမသည် သူ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်နှယ် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ချင်းချန် နင် ငါ့ကို ကူညီနိုင်မလားဟင်၊ နင် ငါ့အတွက် ရှန်ချန်းကို ရှင်းပြပေးနိုင်မလားဟင်၊ ငါ သူ့ကို ဖုံးကွယ်ထားဖို့ တကယ်မရည်ရွယ်ခဲ့တာပါ ၊ ငါ သူ့

ကို တကယ်ချစ်တာပါဟယ်…”

အပိုင်း (၃၄) ဘောစ့် ကျွန်မကိုယ်ကျွန်မ ရှင့်လက်ထဲ ယုံယုံကြည်ကြည် အပ်လိုက်ပြီနော်

ကုချင်းချန်သည် လင်းဟန်ကျောက်က မျက်ရည်နှင့် နှာရည်များကို သုတ်ပြီး ငိုရင်း သူမလက်ကို ကိုင်လိုက်သောအခါ သူမသည် ခါပစ်တော့မလိုဖြစ်သွားတော့သည်။

ဒီရုပ်ဆိုး ပလက်စတစ်ဆာဂျရီမက ရှန်ချန်းကို အခုအထိ တကယ် လွမ်းနေသေးတာပဲ။ ဒါလည်း မှန်တာပါပဲ။ သူမရဲ့ရိုးသားမှုက အပြင်ပန်အသွင်နဲ့ ကွာနေလို့သာပေါ့။ မဟုတ်ရင် သူမကို အလွယ်တကူ လှည့်စားလို့ ဘယ်ရမှာလဲ…

အခုလိုပေါ့။ သူမရဲ့ အပြစ်ကင်းမှုနဲ့ အရူးအမူးစွဲလမ်းနေတောက သူမရဲ့ အားနည်းချက်တစ်ခု ဖြစ်လာတာပဲ။ အစက သူမထင်ထားတာက လင်းဟန်ကျောက်က ခံစားချက်ထက် ငွေကို ပိုအလေးထားလိမ့်မယ်ပေါ့။ ဒါပေမဲ့ ထင်မထားခဲ့မိဘူး…

ကြည့်ရတာ အနုနည်းက အလုပ်မဖြစ်ရင်တော့ အကြမ်းနည်းကပဲ အဖြေဖြစ်လိမ့်မယ်။

ကိစ္စမရှိဘူး။ နောက်ကျရင် လင်းဟန်ကျောက်က သူမကို သေချာပေါက် ကျေးဇူးတင်နေလိမ့်မယ်။

သူမသည် သူမ၏လက်ကို ပြန်ဆွဲသိမ်းလိုက်ပြီး မျက်တောင်တစ်ချက်မခတ်ဘဲ စားပွဲပေါ် ပြန်တင်လိုက်ကာ အနည်းငယ် အော်ဂလီဆန်သွားတော့သည်။ တစ်ရှူးတချို့ကို ဆွဲထုတ်လိုက်ပြီး အသားကုန်ရွံရှာကာ လက်များကို သုတ်ပလိုက်လေသည်။

လင်းဟန်ကျောက်သည် သူမ၏ ဖုံးကွယ်မထားနိုင်သည့်ရွံရှာနေပုံကို ကြည့်ပြီး သူမ၏စိတ်ထဲတွင် လှောင်လိုက်ကာ ခြေလှမ်းခပ်ကျဲကျဲ လှမ်းလိုက်ရင်း

“ ချင်းချန် ငါ သန့်စင်ခန်းသွားလိုက်အုံးမယ်….”

ကုချင်းချန်သည် မရိုးသားသည့်အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူမ သန့်စင်ခန်းထဲ ဝင်သွားသည်ကို မြင်လိုက်ပြီးနောက် သူမ၏ဖုန်းကို ထုတ်လိုက်လေသည်။

“အမေ သူမ စကားနားမထောင်ဘူး… အမေ့လူတွေကို လာခိုင်းလိုက်တော့”

မစ္စကု၏အကူအညီသာ မရှိလျှင် သူမသည် ဒီနေ့လိုကိစ္စမျိုးကို လုပ်နိုင်မည်မဟုတ်ချေ။

လင်းဟန်ကျောက်သည် သန့်စင်ခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ကုချင်းယွီထံ ဖုန်းခေါ်လိုက်တော့သည်။

“ဘောစ့် သူမ တကယ်ပဲ ကျွန်မကို သူမကိုယ်စား အာဖရိကကို သွားစေချင်နေတာ၊ ဘောစ့် ကျွန်မ လက်မခံခဲ့ဘူး၊ နောက်ဆိုရင်လည်း စိတ်ရင်းနဲ့ ဘောစ့်နောက်ကိုပဲ လိုက်ချင်တယ်”

လင်းဟန်ကျောက်သည် သူမ၏သစ္စာရှိမှုကို ပြနေသကဲ့သို့ ကုချင်းယွီကို ပြောနေလေသည်။

တစ်ဖက်က ကုချင်းယွီသည် ပျော့ပြောင်းစွာ တခစ်ခစ်ရယ်လိုက်၏။

ဒီလင်းဟန်ကျောက်က တကယ် ချစ်ဖို့ကောင်းတာပဲ။

“ သူမ တစ်ယောက်ယောက်ကို ဒီလိုလာဖို့ ခေါ်ထားပြီးပြီ၊ ရှင် အပြင်ထွက်တာနဲ့ တစ်ယောက်ယောက်က ရှင့်ကို ပြန်ပေးဆွဲလိမ့်မယ်…ဒါပေမဲ့ မစိုးရိမ်ပါနဲ့ အားလုံးက အစီအစဥ်အတိုင်းပဲ ဖြစ်နေတယ်”

လင်းဟန်ကျောက်၏ နှလုံးခုန်နှုန်းမှာ မြင့်တက်သွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

”ဘောစ့် ကျွန်မကိုယ်ကျွန်မ ရှင့်လက်ထဲ အပ်လိုက်ပြီနော်၊ ရှင် ကျွန်မကို ကောင်းကောင်း ကာကွယ်ပေးရမယ်နော်”

ကုချင်းယွီသည် ခေါင်းညိတ်လိုက်ပြီး

“ မစိုးရိမ်နဲ့”

လင်းဟန်ကျောက်သည် အံကြိတ်ကာ ထွက်လာ၏။

သူမ၏ထိုင်ခုံသို့ ပြန်ရောက်ရောက်ချင်း ကုချင်းချန်က ပြောလာ၏။

“ ကျောက်ကျောက် ငါ့အမေက ငါ့ကို အရေးတကြီးခေါ်နေလို့၊ နောက်မှ ထပ်တွေ့ရအောင်နော်၊ စိတ်မပူနဲ့ ငါ ရှန်ချန်းကို ပြောပေးလိုက်မယ်…”

လင်းဟန်ကျောက်သည် မျက်နှာထက်တွင် ကျေးဇူးတင်သည့်မျက်နှာထားဖြင့် သူမ၏လက်ကို ကိုင်လိုက်ကာ

“ ချင်းချန် ကျေးဇူးအများကြီးတင်ပါတယ်ဟယ်…”

ကုချင်းချန်သည် သူမ၏လက်ကို တည်တည်ငြိမ်ငြိမ် ရုပ်သိမ်းလိုက်ပြီး ထွက်သွားတော့သည်။

လင်းဟန်ကျောက်သည် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာ၏။ သူမသည် လုံခြုံရေးကင်မရာ မရှိသည့်နေရာတွင် အွန်းလိုင်းကားဝန်ဆောင်မှုမှ ငှားထားသည့် ကားကို စောင့်နေစဥ် ဗန်းကားတစ်စီးသည် သူမရှေ့တွင် ရုတ်တရက် ရပ်လိုက်လေသည်။ တံခါးပွင့်လာပြီး အထဲက လက်တစ်ဖက်သည် ထွက်လာကာ သူမ၏လက်မောင်းကို ဖမ်းလိုက်ပြီး ဆွဲသွင်းဖို့ ကြိုးစားလိုက်လေသည်။

အစောပိုင်းကတည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများလုပ်ထားသည့် လင်းဟန်ကျောက်သည် အော်ဟစ်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် သူမ၏စိတ်ထဲ၌ အမှန်ပင် ပျာယာခတ်နေလေသည်။ သူမသည် ကုချင်းယွီကို အလုံးစုံ ယုံကြည်ချင်ခဲ့မိသော်လည်း ကုချင်းယွီက သူတို့ကို အချိန်မီ မတားနိုင်လျှင် သူမ ပြန်ပေးဆွဲခံရတော့မည်။ ထို့နောက်တွင် သူမသည် ကူကယ်ရာမဲ့သွားပေလိမ့်မည်။

သို့သော် သူမသည် အံကြိတ်ထားရင်း ကုချင်းယွီကို ယုံရန်သာ ဆုံးဖြတ်လိုက်တော့သည်။

တစ်ဖက်တွင် ကုချင်းယွီသည် မော်နီတာကို ကြည့်နေပြီးနောက် ဖုန်းတစ်ခုကို ခေါ်လိုက်လေသည်။ ထောင့်တွင် အသင့်ရှိနေသည့် သက်တော်စောင့်နှစ်ယောက်သည် ချက်ချင်းလိုပင် ရှေ့သို့ အရှိန်ဖြင့် ထွက်လာပြီး လင်းဟန်ကျောက်ကို ပြန်ဆွဲလိုက်လေသည်။ ကုချင်းချန် ငှားရမ်းထားသည့် လူမိုက်များသည် သက်တော်စောင့်များနှင့် တိုက်ခိုက်ခဲ့ပြီး လင်းဟန်ကျောက်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကော်ဖီဆိုင်ထဲသို့ အမြန်ပြေးဝင်သွားပြီး တုန်ယင်နေတော့သည်။

ကံကောင်းလို့… ကံကောင်းလို့ ငါ လောင်းကြေးထပ်လိုက်တာ မှန်သွားတယ်။

ကံကောင်းလို့…

ကံကောင်းလို့ ကုချင်းယွီက ငါ့ကို လိုလိုချင်ချင် ကယ်ပေးခဲ့တာ…

နီရဲနေသည့်မျက်လုံးများဖြင့် သူမသည် ဆိုင်ဝန်ထမ်းကို ရဲခေါ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဆယ်မိနစ် နေပြီးနောက် ရဲများသည် ငှားရမ်းထားသည့် လူမိုက်များနှင့် လင်းဟန်ကျောက်ကို ခေါ်သွားလိုက်လေသည်။ သူမသည် ကုချင်းချန်ဖြစ်ကြောင်း ချက်ချင်း ထွက်ဆိုလိုက်ပြီး သူမသည်လည်း ခေါ်သွားခံလိုက်ရတော့သည်။

“ ရှင်လုပ်တာ တော်တယ်”

ကုချင်းယွီသည် လင်းဟန်ကျောက်ကို ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ မစိုးရိမ်ပါနဲ့၊ ဒီတစ်ခါ ရှင်

သေချာပေါက် နာမည်ကြီးလာတော့မှာပါ”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset