EGQY အပိုင်း ၂၅/၂၆

အပိုင်း (၂၅) တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ငြင်းပါ

မစ္စကု၏မျက်နှာသည် ရုတ်တရက် ဖြူဆုတ်သွားတော့သည်။

“ ဝမ်ချန် ရှင် အဲလိုလုပ်လို့မဖြစ်ဘူးလေ….”

ကုဝမ်ချန်၏မျက်လုံးများသည် စူးရှနေသည်။

“ ဘာလို့လဲ၊ ချင်းယွီတော့ ရတယ် ချင်းချန်တော့ မရဘူးပေါ့လေ၊ မနေ့က မင်းတို့နှစ်ယောက်ပဲ ငါ့ကို တစ်ချိန်လုံးပြောခဲ့တာမလား၊ ချင်းယွီက အခုနာမည်ပျက်သွား အပြင်ကို လမ်းလျှောက်ထွက်ရင်တောင် ဆဲခံရလိမ့်မယ်၊ သူ့ကို နိုင်ငံခြားမှာ လက်ထပ်ပေးလိုက်ရင် ကောင်းကောင်းအနားယူနိုင်ပြီး ချန်အန်းကော်ကလည်း သူ့ကို အရမ်းချစ်မှာလို့ ငါ့ကို ပြောခဲ့တယ်လေ”

ကုချင်းယွီသည် ထိုစကားကို ကြားလိုက်ချိန်၌ မဲ့လိုက်ပြီး လက်ထဲတွင် အစားအသောက်ကိုင်ကာ မီးဖိုခန်းထဲမှ ထွက်လာ၏။

ဒီသားအမိနှစ်ယောက် တကယ်ပါပဲ…

အိပ်ရာပေါ်က စကားတွေမှန်း သိသာလိုက်တာ။

ဒါပေမဲ့ အဲဒီအိပ်ရာပေါ်က စကားအသုံးဝင်လာတယ်ဆိုတာကလည်း ကုဝမ်ချန်ကိုယ်တိုင် အဲလိုတွေးလို့ပေါ့၊ ဒါကြောင့် သူတို့ရဲ့စကားတွေက အထမြောက်သွားတာ။ သူ့မှာသာ ဒီလိုအတွေးမျိုး မရှိခဲ့ရင် တစ်နေ့ထဲနဲ့ ငါ့ကို နိုင်ငံခြားမှာ လက်ထပ်ပေးဖို့ဆုံးဖြတ်ပြီး ငါ့အတွက် သတို့သားလောင်း တစ်ယောက်ကိုတောင် ဆုံးဖြတ်ပေးနိုင်မှာလဲ။

ကုဝမ်ချန် ထည့်လိုက်တဲ့ နောက်ဆုံးကောက်ရိုးကြောင့်သာ မဟုတ်ရင် မူလခန္ဓာကိုယ်ပိုင်ရှင်လည်း အဆောက်အဦပေါ်က ခုန်ချမှာမဟုတ်ဘူး…

အခု ငါက မူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးဆိုတော့ သူမရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရမှာ သဘာဝပဲလေ…

ကုဝမ်ချန်သည် ရက်စက်ပြီး ထိုရက်စက်မှုနှင့် စီးပွားရေးသမားတစ်ယောက်၏ အကျိုးအမြတ် ရှာတတ်သည့် ဗီဇတို့က သူ့ကို သည်အခြေအနေအထိ ရောက်အောင် လုပ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကလွဲလျှင် လူတိုင်းကို ကိရိယာတစ်ခုလို မသမာသည့်နည်းလမ်းဖြင့် အသုံးချနေသည်ကိုတော့ သူမ လုံးဝလက်မခံနိုင်ပေ။

သို့သော် ယခုတွင်တော့ သူသည် ဒါကို ကုချင်းချန်အပေါ်တွင် သုံးနေသည်ဖြစ်ရာ သူမသည် တားမြစ်ရန် မလိုပေ။

သူမသည် သူတို့ကိုပင် မကြည့်ဘဲ စားပွဲတွင် ထိုင်ကာ စ,တင်စားသောက်လိုက်တော့သည်။

ကုဝမ်ချန်သည် မျက်မှောင်ကျုံ့ကာ သူမကို မသက်မသာ ကြည့်နေ၏။

သူ့ကို ဘာမှမပြောဘဲ ပြန်လာတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ကိုယ်ဟာကိုယ် အရင်ဆုံး စားနှင့်နေသေးတယ်၊ ငါ့ကို မိဘလို့ကော သတ်မှတ်သေးရဲ့လား။

သို့သော်….

သူမ စိတ်ဆိုးနေသေးမှာကို တွေးလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်သာ ရှူသွင်းလိုက်တော့သည်။

ထားလိုက်ပါမယ်လေ၊ သူ့ရဲ့စိတ်ကူးပေါက်ရာလုပ်နေတာကိုခဏတော့ သည်းခံထားလိုက်မယ်။ တကယ်တော့ မနေ့က ငါလည်း အရမ်းကို စိတ်မရှည်နိုင်ဖြစ်သွားတယ်၊ ချင်းယွီစိတ်ဆိုးသွားတာလဲ ပုံမှန်ပါပဲ။

သူသည် ကုချင်းချန်နှင့် သူမ၏အမေကို ကြည့်ကာ ပြတ်ပြတ်သားသားလေသံဖြင့် ပြောလိုက်လေသည်။

“ ဆုံးဖြတ်ပြီးပြီ၊ ချင်းချန် နင့်ပစ္စည်းတွေ သွားသိမ်းတော့၊ ငါမနက်ဖြန် နင့်ကို ချန်အန်းကော်နဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်၊ ချန်အန်းကော်က နောက်တစ်ရက်နှစ်ရက်ဆို ပြန်တော့မှာ၊ ဒီလိုနည်းနဲ့ နင် ကောလာဟလသတင်းတွေကနေ လွတ်မြောက်နိုင်တယ်”

ဒီသမီးရဲ့ ဂုဏ်သိက္ခာက ပျက်စီးသွားပြီ၊ တော်ဝင်မြို့တော် မပြောနဲ့ Sမြို့မှာတောင် ကိုယ့်အစ်မနဲ့ အပြိုင်တွက်ချက်တတ်တဲ့ ရက်စက်တဲ့ချွေးမတစ်ယောက်ကို ဘယ်ချမ်းသာတဲ့မိသားစုမှ လက်ခံမှာ မဟုတ်တော့ဘူး….

ဒီလိုဖြစ်လာမှတော့ သူ့ကို နိုင်ငံခြားမှာ လက်ထပ်ခိုင်းလိုက်တာပဲ ပိုကောင်းတယ်။ ချန်အန်းကော်ကလည်း နည်းနည်းအသက်ကြီးတာနဲ့ နည်းနည်းလွတ်လွတ်လပ်လပ် နေတတ်တာကလွဲရင် ဒီက သူဌေးကလေးတွေထက်တော့ မနိမ့်ပါဘူး။ ဒီ့အပြင် ကုချင်းချန်ကလည်း သူ့အမေရဲ့သိမ်မွေ့မှုတွေကို အမွေရထားတာဆိုတော့ ချန်အန်းကော် မယားငယ်ရှိလာရင်တောင် သူမရဲ့ မစ္စချန် ဆိုတဲ့နေရာက လှုပ်သွားမှာမဟုတ်ဘူး၊ ဒီတော့ စိုးရိမ်စရာအကြောင်းမရှိဘူး။

“အဖေ”

ကုချင်းချန်သည် မျှော်လင့်ချက်မဲ့မဲ့ဖြင့် အော်လိုက်လေသည်။ သို့သော် မစ္စကုသည် ကုဝမ်ချန်က သည်ကိစ္စကို ဆုံးဖြတ်ပြီးသည်ကို သိနေ၏။ အခုနေ သူတို့သည် သူ့အား ဆန့်ကျင်နေလျှင် သူ့ကို ပိုဒေါသထွက်သွားစေလိမ့်မည်။ ထို့ကြောင့် သူတို့သည် အရင်ဆုံးသဘောတူလိုက်ပြီးမှ နည်းလမ်းတစ်ခုကို စဥ်းစားရတော့မည်။

သူမသည် ငိုယိုနေသည့် ကုချင်းချန်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်၏။

ကုဝမ်ချန်သည် ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး အိမ်ဖော်တစ်ယောက်ကို သူအတွက် ညစာပြင်ပေးရန် ပြောလိုက်၏။ အနည်းငယ် စားသောက်ပြီးနောက် သူက ကုချင်းယွီကို မေးလိုက်၏။

“ သမီး ဖုန်းနံပါတ် ပြောင်းလိုက်တာလား”

ကုချင်းယွီသည် သည်မနက်က မူလခန္ဓာကိုယ်ပိုင်ရှင်၏ နံပါတ်ကို ဖျက်သိမ်းခဲ့လေသည်။

ကုချင်းယွီသည် အသာအယာ ခေါင်း ညိတ်ပြလိုက်၏။

“ အင်း”

“ ဒီနေ့ ရှင်းယွမ် အဖေ့ကို ဖုန်းခေါ်လာတယ်၊ သူက သမီးနဲ့တွေ့ပြီး နားလည်မှုလွဲခဲ့တာကို တောင်းပန်ချင်တယ်တဲ့… ဒါပေမဲ့ သူ သမီးကို ဆက်သွယ်လို့မရလို့တဲ့”

ကုဝမ်ချန်သည် အတတ်နိုင်ဆုံး ချိုချိုသာသာ ပြောလိုက်၏။

“ ရှင်းယွမ်က အဲလိုမရည်ရွယ်ပါဘူး၊ ဘယ်သာမန်ယောက်ျားက ဒေါသမထွက်ဘဲ နေပါ့မလဲ… သူ့သတို့သမီးလောင်းကို တခြားယောက်ျားနဲ့ တွေ့လိုက်ရတာဆိုတော့လေ၊ သူ ဒေါသထွက်တယ်ဆိုတာကလည်း သမီးကို ချစ်လို့ပါ၊ ဒီတော့ သမီးကို ခဏနေ ဖုန်းပြန်ခေါ်လိုက်နော်၊ သူ သမီးကို အပြင်သွားဖို့ ခေါ်ရင်လည်း တစ်ခ

ါ နှစ်ခါ လောက်ပဲ ငြင်းလိုက်”

အပိုင်း (၂၆) သူ သမီးကို အရင်ဆုံးတောင်းပန်သင့်တာ

ကုချင်းယွီသည် မဲ့ပြုံးပြုံးလိုက်လေသည်။

ချစ်လို့ ဒေါသထွက်တာတဲ့လား။ မဟုတ်တာပဲ။ တွမ့်ရှင်းယွမ် ဒေါသထွက်တာကလေ ကြာခိုခံရပြီး မျက်နှာပျက်ရလို့ လှောင်ပြောင်ခံရလို့ရယ်ပါ။

ဒါပေမဲ့ ဒီကုဝမ်ချန်က လူတွေကို ဘယ်လိုသွေးဆောင်ရမယ်ဆိုတာ ကောင်းကောင်းသိတာပဲ။ သူ့ကို သေချာချည်ပြီး နည်းနည်းပဲစိတ်ဆိုးခံရအောင်လို့ ဇက်ကြိုးကို ဘယ်လို လျှော့ရမယ်ဆိုတာတောင် ငါ့ကို သင်ပေးလိုက်သေးတယ်…..

ကျွတ်။

သူမသည် ကုချင်းချန်၏ အပြုအမူများနှင့် အွန်လိုင်းပေါ်တွင်လေ့လာနိုင်သည့် သူမ၏ သင်ယူအားကောင်းသည့် စွမ်းရည်ကို စဥ်းစားလိုက်လေသည်။ နှစ်စက္ကန့်မပြည့်ခင်မှာပင် သူမ၏မျက်လုံးများသည် နီရဲလာပြီး သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါရင်း ပြောလိုက်လေသည်။

“ ဟင့်အင်း သမီး အပြင်ထွက်မှာ မဟုတ်ဘူး”

ကုဝမ်ချန်၏မျက်နှာထားသည် ပြောင်းလဲသွား၏။

“ သမီး… အလိုလိုက်ခံရလို့ ဆိုးနေတာလည်း အတိုင်းအတာ ရှိတယ်နော်၊ ယောက်ျားတစ်ယောက်ရဲ့မျက်နှာက သူ့အတွက် အရမ်းအရေးကြီးတယ်၊ ဒီတစ်ခါ မှားတဲ့သူက ရှင်းယွမ်ဆိုပေမဲ့ သမီး သူ့ကို တစ်ထစ်တော့ လျှော့ပေးရမယ်လေ…. ဒီလို ဆက်လုပ်နေရင် သူ သမီးကို တကယ်ဒေါသထွက်သွားပြီး တခြားမိန်းမဆီ သွားလိုက်မှာ မစိုးရိမ်ဘူးလား “

ကုဝမ်ချန် ထိုသို့ပြောရခြင်းမှာ သူ့သမီးသည် တွမ့်ရှင်းယွမ်ကို မည်မျှသဘောကျကြောင်း သိထားသောကြောင့်ပင်။

မူလကုချင်းယွီသာ သည်စကားကိုကြားလျှင် သူမသည် ဝမ်းသာအားရဖြင့် သဘောတူပေလိမ့်မည်။ နောက်ဆုံး သူမသည် တွမ့်ရှင်းယွမ်ကို အလွန်ချစ်ကာ သူ့ကို မဆုံးရှုံးချင်ပေ။

သို့သော် ကုချင်းယွီသည် အောက်နှုတ်ခမ်းကို ကိုက်ထားကာ သူ့ကို ကြည့်ပြီး ဝမ်းနည်းသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

“ အဖေ သမီးက ဝီးချဲလ်နဲ့ ပြန်လာရတာလေ၊ သမီး ဒဏ်ရာရလာတာကို အဖေ သတိမထားမိဘူးလား၊ သမီး ခြေထောက်ကျိုးနေတာတောင် အဖေက တွမ့်ရှင်းယွမ်ကို အရင်သွားတွေ့ဖို့ လာပြောနေတယ်… မနေ့က သူသာ သမီးကို လုံခြုံရေးတွေနဲ့ ခေါ်ပြီး ဆွဲမထုတ်ခဲ့ရင် ဘာမှမရှိတဲ့နေရာကို စိတ်ပျက်ပျက်နဲ့ သွားအောင် မလုပ်ခဲ့ရင် ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့မှာမဟုတ်ဘူး”

ကုဝမ်ချန်က အေးခဲသွားတော့သည်။ ကုချင်းယွီသည် သူမ၏အမေနှင့်အလွန်တူပြီး အမြဲတစေ ချစ်စရာကောင်းကာ စဥ်းစားဆင်ခြင်တတ်လေသည်။ သူမသည် ရယ်မောရသည်ကို နှစ်သက်သော်လည်း ကုချင်းချန်ကဲ့သို့ ကလေးတစ်ယောက်လို မနေခဲ့ချေ။ သူမသည် ငိုခဲလေသည်။ သို့သော် အခုချိန်တွင်တော့ သူမသည် ငိုချတော့မည်ပုံပင်…

သူသည် သူမထိုင်နေသည့်ဝီးချဲလ်ကို ငုံ့ကြည့်လိုက်၏။ သူမဝတ်ထားသည့် ဘောင်းဘီတစ်ခြမ်းမှာ သိသိသာသာ ဖောင်းပွနေသည်။

မနေ့ညက သူပြန်လာချိန်၌ ကုချင်းယွီ ပြန်မရောက်သေးချေ။ သူသည် အလွန်ဒေါသထွက်သဖြင့် သူမကို ဆဲရေးပြီး ပြန်မလာလျှင် ပိုကောင်းသေးသည်ဟု ကိုယ့်ဟာကိုယ်ပင် ပြောလိုက်သေးသည်။

သူမ ဒဏ်ရာရခဲ့သည်ကို သူမသိလိုက်ပေ….

သူမရဲ့ခြေထောက် ကျိုးသွားတယ်၊ ပြီးတော့ သူမဘက်ကပဲ စပြီး ယောက်ျားတစ်ယောက်ကို မျက်နှာချိုသွေးရမယ်ဆိုတော့ ဒါ လုံးဝ မကောင်းဘူး။

ကုဝမ်ချန် စဥ်းစားနေသည့်အရာသည်လည်း အကောင်းမဟုတ်ချေ။ ကုချင်းယွီ ဒဏ်ရာရခဲ့သည်က ဆိုးဝါးသည်ဟု သူမ တွေးသော်လည်း အလွန်ရှက်စရာကောင်းသည်ဟု ခံစားမိလေသည်။ ယောက်ျားများသည် အလွန်လုပ်ယူတတ်သည့်မိန်းမများကို တန်ဖိုးမထားတတ်ကြပေ။ တွမ့်ရှင်းယွမ်သည် သူ့သမီးကို အချိန်ကြာသည်အထိ ပိုးပန်းလာပြီး သူတို့သည် စေ့စပ်ပြီးထားသော်လည်း သူသည် အမှန်ပင် အသားမယူခဲ့ပေ။ အကြောင်းမှာ သူသည် တွမ့်ရှင်းယွမ်က သူ့သမီးအပေါ်ထားသည့် အချစ်များကို နည်းနည်းကြာအောင် ဆက်ရှိနေစေချင်ပြီး သို့မှသာ ကုမိသားစုသည် သူ့ဆီပိုမိုသည့်အကျိုးအမြတ်ကို ထုတ်ယူနိုင်မှာကြောင့်ပင်…

နောက်ဆုံး သူသည်လည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး တစ်ချိန်က ရှန်ချင်းယန်ကို အရူးအမူး စွဲလမ်းခဲ့သော်လည်း သူမအပေါ်ထားသည့် သူ့အချစ်များသည် လက်ထပ်ပြီး နှစ်အနည်းငယ်ကြာပြီးနောက် တဖြည်းဖြည်းချင်း လျော့ပါးသွားသည်မဟုတ်ပါလား။ ထို့ကြောင့် တွမ့်ရှင်းယွမ်သည် ကုချင်းယွီအပေါ် မည်မျှချစ်မြတ်နိုးသည်ဖြစ်စေ သူသည် သူမကို ရပြီးသွားနောက်ပိုင်း သို့မဟုတ် သူမတွင် ကလေးရလာပြီး သူမ၏ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားလျှင်တော့ သူ့ခံစားချက်များက တဖြည်းဖြည်း မှေးမှိန်သွားမည်ကို သူကောင်းကောင်း သိနေလေသည်။

ထို့ကြောင့် တွမ့်ရှင်းယွမ်က ကုချင်းယွီကို မရခင် အချိန်နည်းနည်းကြာအောင် ဆွဲထားရန် လိုအပ်လေသည်။ သို့မှသာ သူသည် သူမကို အချိန်တော်ကြာအောင် အလိုလိုက် အလျှော့ပေးထားပေလိမ့်မည်…

သူ့သမီးအပေါ်ထားသည့် တွမ့်ရှင်းယွမ်၏ခံစားချက်များသည် မှေးမှိန်သွားလျှင်တောင် သူ့သမီးသာ တွမ့်မိသားစုအတွက် သားတစ်ယောက် မွေးပေးခဲ့လျှင် တွမ့်မိသားစုရှိ သူမ၏ သခင်မလေးနေရာသည် လုံခြုံနေလိမ့်မည်။ သို့ဆိုလျှင် အနာဂတ်တွင် တွမ့်မိသားစုထံမှ အကူအညီရရန် စိတ်ပူစရာလိုတော့မည် မဟုတ်တော့ပေ။

သူသည် ကုချင်းယွီ၏ ခြေထောက်ကို ကြည့်လိုက်ပြီး လေသံကို လျှော့လိုက်၏။

“ ဆရာဝန်က ဘာပြောလဲ၊ ကုလို့ရတယ်တဲ့လား”

တွမ့်မိသားစုက မသန်မစွမ်းချွေးမတစ်ယောက်ကိုတော့ လုံးဝလိုချင်မှာ မဟုတ်ဘူး။ ဒီတော့ ကုချင်းယွီရဲ့ ဒဏ်ရာကို နောက်ဆက်တွဲထိခိုက်မှု လုံးဝမရှိအောင် ကုသပေးရမယ်။

မနေ့က တွမ့်ရှင်းယွမ်က လုံခြုံရေးတွေကို ခေါ်ပြီး သူ့သမီးကို တွမ့်ကုမ္ပဏီကနေ မောင်းထုတ်လိုက်တာကို သူလည်း သိထားပြီးသားဆိုတော့….

တကယ်လို့ ငါတို့သာ သူ့ကို ဒီပြဿနာကို လွယ်လွယ်လေး ကျော်လွှားခွင့်ပေးလိုက်ရင် လူတွေက သူတို့ကုမိသားစုကို တကယ်ပဲ အထင်သေးသွားလိမ့်မယ်…

ကုချင်းယွီ ပြန်မဖြေချင်မှာပင် ကုဝမ်ချန်က ဆက်ပြောလိုက်၏။

“ သမီး ပြောတာမှန်တယ်၊ ဒါက တွမ့်ရှင်းယွမ်ရဲ့အမှားပဲ၊ သူ သမီးကို အရင်ဆုံ

း လာတောင်းပန်သင့်တယ်”

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset