EGQY အပိုင်း ၁၃/၁၄

အပိုင်း (၁၃) အဖေက ကြင်ဖက်အသစ်တစ်ယောက်ရှာပေးထားတယ်တဲ့

ကုချင်းယွီ၏အမေသည် သူမ ၈နှစ်အရွယ်တွင် ဆုံးသွားပြီး အဖေကု၏ သမီးအရင်းလည်းဖြစ်သည့် ကုချင်းချန်သည် ၈နှစ်အရွယ် သူမထက် တစ်နှစ်သာငယ်လေသည်….

တစ်နည်းအားဖြင့်ဆိုလျှင် သူမအမေကိုယ်ဝန်ရှိစဥ်က အဖေကုသည် အိမ်ထောင်ရေးဖောက်ပြန်နေခြင်းပင်။

ကုချင်းယွီအမေဆုံးပါးပြီး တစ်နှစ်ကြာပြီးနောက်မှာတော့ ကုချင်းချန်နှင့် သူမအမေသည် မိသားစုထဲဝင်လာခဲ့၏။

“ ငါ့ကို စိတ်ပူနေတာလား”

ကုချင်ယွီ၏မျက်လုံးများက သူမကို လှောင်ပြောင်နေ၏။

မူလခန္ဓာကိုယ်ပိုင်ရှင်က အရမ်းအပြစ်ကင်းတာပဲ။ သူမရဲ့သွေးတစ်ဝက်နှောတဲ့ညီမက ကလေးဘဝကတည်းက သူ့မကို မကြိုက်ဘူးဆိုတာ မသိခဲ့ရှာဘူး။ ကုချင်းယွီမှာရှိသမျှအားလုံးကို ကုချင်းချန်က လုယူချင်နေတာလေ ယောက်ျားလေးအပါအဝင်ပေါ့။

ဟုတ်တယ် ကုချင်းချန်က သူမရဲ့သတို့သားလောင်းကို ကြိုက်နေတာပဲ… မဟုတ်သေးဘူး အခုသူက သူမရဲ့ သတို့သားလောင်းအဟောင်း တွမ့်ရှင်းယွမ်ပေါ့။

အွန်လိုင်းဗီဒီယိုထဲကလူသည် ကုချင်းယွီကိုယ်တိုင်ဟုတ်ပါလေစဟု သူမ သံသယစ,ဖြစ်မိတော့သည်။

နောက်ဆုံးတော့ အဲဒီလူက သူမနဲ့ ခုနှစ်ချက် ရှစ်ချက်လောက် တူနေတာပဲ….

ကုချင်းချန်သည် သူမ၏လေသံထဲက ထူးဆန်းမှုကို သတိမထားမိဘဲ အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ ဟင်း နင်ဖုန်းအကြာကြီးမကိုင်တော့ ငါ့မှာအရမ်းကို စိတ်ပူသွားခဲ့တာ….”

သူမ ဘာတစ်ခွန်းမှ ပြန်မပြောသည်ကို တွေ့မြင်သွားပြီး ကုချင်းချန်း၏မျက်လုံးများသည် လှည့်ကြည့်လိုက်ကာ သွေးစမ်းကာ ပြောလိုက်လေသည်။

“ အစ်မ ငါကြားထားတယ်…. အစ်ကိုရှင်းယွမ်က အရမ်းဒေါသထွက်နေတာတဲ့ ပြီးတော့ သူက နင်နဲ့ စေ့စပ်ထားတာဖျက်သိမ်းချင်တယ်လို့ပြောတယ်တဲ့”

“ အင်း ဘာဖြစ်လို့လဲ”

ကုချင်းယွီသည် တခစ်ခစ်ရယ်လိုက်၏။

နင် ပြန်ယူဖို့မစောင့်နိုင်တော့ဘူးမလားဟင်။

ကုချင်းချန်းသည် အပျော်လွန်နေရာ သူမ၏လေသံထဲက သရော်သံကိုပင် မကြားလိုက်ဘဲ သူမကို မြန်မြန်နှစ်သိမ့်ပေးလိုက်လေသည်။

“ အစ်မ ဝမ်းနည်းမနေနဲ့နော် အဖေကပြောတယ် တွမ့်ရှင်းယွမ် နင့်ကို မကြိုက်တာက သူ့မှာ အမြင်မရှိလို့တဲ့၊ အဖေက တွမ့်ရှင်းယွမ်ထက် ချမ်းသာတဲ့ သတို့သားလောင်းအသစ်ကို နင့်အတွက် ရှာတွေ့ထားပြီးပြီတဲ့….”

ကုချင်းချန်သည် မနားတမ်းပြောရာ ကုချင်းယွီ၏မျက်လုံးထဲကအကြည့်မှာ ပို၍လှောင်ပြောင်သည့် ဟန်ဖြစ်လာသည်ကိုပင် သတိမထားမိချေ။

ဒီကုချင်းချန်းကတော့ သူ့အတွေးတွေ အကုန်လုံးနီးပါးကို မျက်နှာပေါ်မှာချရေးထားတာပဲ။ နောက်ဆုံးတော့ သူမက သူမရဲ့သတို့သားလောင်းကို လိုချင်စိတ်ပြင်းပြနေတာကို မူလခန္ဓာကိုယ်ပိုင်ရှင်က ဘယ်လိုများ မမြင်တတ်ခဲ့ပါလိမ့်နော်။

ဒါပေမဲ့လေ ငါလေးက ဒီ တုံးအပြီး အားနည်းတဲ့ လူသားတစ်ယောက်နဲ့ ဆက်ဆံရမှာ အရမ်းပျင်းတာပဲ။ အခု ငါလုပ်ရမှာက ဗီဒီယိုကိစ္စကို ဖြေရှင်းရမယ်….

အရင်ဆုံး အဲဒီဗီဒီယို ဘယ်ကထွက်လာလဲဆိုတာကို အဖြေရှာရမယ်။

“ချင်းချန် ငါအရမ်းပင်ပန်းနေပြီး နားတော့မယ်”

ကုချင်းယွီက ပြောလိုက်၏။

အချိန်အကြာအကြီး လမ်းလျှောက်လာရသဖြင့် သူမ၏အသံမှာ အနည်းငယ်ရှတတဖြစ်နေပြီး သူမ၏မျက်နှာသည် ဖျော့တော့နေရာ ကုချင်းချန်သည် သံသယမဖြစ်တော့ချေ။ သူမ၏ ‘ဝမ်းနည်းပလက်’ ရုပ်အသွင်က သူမစေ့စပ်ပွဲကို ဖျက်သိမ်းလိုက်သောကြောင့်ဖြစ်မည်ဟုသာ သူမတွေးလိုက်ပြီး မျက်လုံးထဲက အပျော်များကိုပင် ဖုံးကွယ် မထားနိုင်တော့ဘဲ ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်၏။

“ အင်း အစ်မ အများကြီးမစဥ်းစားနဲ့နော် ကောင်းကောင်းအနားယူလိုက်အုံး….”

ကုချင်းယွီသည် သူမ၏အခန်းထဲသို့ပြန်လာခဲ့၏။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖုန်းကပျောက်သွားသော်လည်း ကံအားလျော်စွာ အခန်းထဲတွင် ကွန်ပျူတာတစ်လုံး ရှိနေ၏။

ဒီကမ္ဘာရဲ့ကွန်ရက်က အရမ်းကိုနောက်ကျပြီး မဖွံ့ဖြိုးသေးတာပဲ။ ဒီနေရာက ကွန်ပျူတာတွေက အရမ်းကို ရှေးကျလွန်းလို့ သူတို့ဂြိုဟ်မှာ မသုံးတော့တာ နှစ်ပေါင်းထောင်ချီနေပြီ။

သူမသည် အနည်းငယ် ရွံရှာမိသော်လည်း တခြားရွေးချယ်စရာက မရှိချေ။ သူမတွင် ဒါကို အဆင့်မြင့်ရန် လိုအပ်သည့်ပစ္စည်းများ မရှိလေရာ သည်အတိုင်းသာ သုံးနိုင်တော့သည်။

ဝေ့ပေါ်ပေါ်ရှိ မူရင်းဗီဒီယိုကို ဖျက်ချပြီးဖြစ်သော်လည်း တခြားဝက်ဘ်ဆိုက်များတွင်တော့ မဖြုတ်ချသေးချေ။

ဗီဒီယိုကို ဖွင့်လိုက်ချိန်၌ သူမ၏မျက်လုံးများသည် ကျဥ်းမြောင်းသွား၏။

ဗီဒီယိုထဲကမိန်းမက မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ တစ်ထေရာထဲတူပေမဲ့ တစ်ယောက်ထဲမဟုတ်တာ သိသာတယ်။ သူမဆီမှာ မွေးရာပါအမှတ်မပါဘူး။ သူမရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်ရုံနှင့် သူမရဲ့ညှပ်ရိုးပေါ်မှာ မွေးရာပါ လိပ်ပြာပုံအမှတ်တစ်ခုကို တွေ့လိုက်ရတယ်ဆိုတော့ ဒါက လူတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပဲ။

ဒါပေမဲ့ ဒီမွေးရာပါအမှတ်ကို ပြပြီး သူမရဲ့ အပြစ်ကင်းစင်မှုကို ပြဖို့ကျတော့ ကုချင်းယွီအတွက် မဖြစ်နိုင်လေဘူး။ နောက်ဆုံး မူလခန္ဓာကိုယ်ပိုင်ရှင်က အမြဲလိုလို ရှေးရိုးဆန်ဆန်ပဲ ဝတ်စားတတ်တာ။ အထူးသဖြင့် လူမျိုးကြီးဝါဒီသမား တွမ့်ရှင်းယွမ်နားမှာ ဆိုရင်လေ။ သူမက လည်ပင်းဟိုက်တဲ့ အဝတ်အစားမျိုးတောင် ဝတ်တာမဟုတ်ဘူး။ ဒီဝောာ့ သူမနဲ့ရင်းနှီးတဲ့သူတွေကလွဲရင် ဒီမွေးရာပါအမှတ်အကြောင်းကို ဘယ်သူမှမသိကြလေဘူးပေါ့။

အပြင်လူတွေက သူမရဲ့မွေးရာအမှတ်က အစစ်ဟုတ်မဟုတ်ဆိုတာကို သေချာပေါက် သံသယဖြစ်ကြလိမ့်မှာပဲ။

အပိုင်း (၁၄) သက်သေရှာဖွေခြင်း

ဒါပေမဲ့ သူမရဲ့အပြစ်ကင်းစင်မှုကိုတော့ သက်သေပြစရာမလိုပါဘူးလေ။

အစကတည်းက ဒီဗီဒီယိုကိုရိုက်ပြီး တင်ခဲ့တဲ့လူကိုရှာဖို့ပဲလိုတာ။

“ဖေးဖေးရေ”

ကုချင်းယွီသည် တိုးညင်းစွာခေါ်လိုက်ပြီးနောက် တစ်စက္ကန့်တွင် သူမ၏လည်ပင်းပေါ်က ငွေရောင်လည်ဆွဲသည် ဖျတ်ခနဲလင်းလာ၏။

“ မာစတာ ရောက်ပါပြီ”

ကုချင်းယွီသည် ရုတ်တရက် ပိုပြီးစိတ်အေးသွား၏။ သူမ၏အာကာသယာဥ်သည် ရှိနေသေးလေသည်။ အနည်းငယ် ပျက်စီးနေသော်လည်း သူသည် ကမ္ဘာမြေပေါ်သို့ရောက်လာချိန်၌ အနည်းငယ် ဟောင်းနွမ်းနေလေသည်။ အကြောင်းမှာ စကြဝဠာထဲတွင် အကြာကြီး ပျံသန်းခဲ့ရသောကြောင့်ပင်။ သူရှိနေသ၍ သူမသည် လုံခြုံဟည်ဟု ခံစားရ၏။

တကယ်လို့ တစ်နေ့ကျရင် ဒီဂြိုဟ်မှာ ပျင်းလာပြီး သူမရဲ့အာကာယာဥ်နဲ့ ထပ်ထွက်သွားပြီး သူမရဲ့မျိုးနွယ်နဲ့ တွေ့ချင်တွေ့ရမှာပေါ့လေ။

ဒါပေမဲ့ အခုတော့ သူမမှာ စွမ်းအင် မဖြစ်စလောက်လေးပဲရှိပြီး ဖေးဖေးကို မူရင်းပုံစံအတိုင်း ပြန်ပြင်ဖို့ စွမ်းအင်မလောက်တော့ သူက သူမရဲ့ အာကာသလည်ဆွဲထဲမှာပဲ နေနိုင်တော့တယ်။ ကံကောင်းချင်တော့ သူမနဲ့ သူနဲ့ ချည်နှောင်ထားတော့ သူမအတွက် တချို့ကိစ္စတွေကို လုပ်ခိုင်းလို့ရသေးတာပေါ့။

“ ဒီကမ္ဘာက အင်တာနက်ကွန်ရက်နည်းပညာနဲ့ဆိုင်တဲ့ အချက်အလက်အားလုံးကို ငါ့အတွက် စုဆောင်းပေး”

ကုချင်းယွီက ပြောလိုက်၏။

“ဟုတ်ကဲ့ပါ မာစတာ”

ဖေးဖေးသည် လက်ရှိတွင် စွမ်းအင်နည်းပါနေရာ သူသည် အနိမ့်ဆုံးစွမ်းအင်သုံးစွဲမှုစနစ်ကို အလိုလို ပြောင်းလိုက်၏။ အရင်ကလို ဆူညံသည့်အသွင်ပြင်မျိုးမရှိတော့ရာ ကုချင်းယွီကို အနည်းငယ် စိတ်မသက်သာစေသော်လည်း သည်အချက်က သူမအား စွမ်းအင်ကို မြန်မြန်ဆန်ဆန် ပိုစုဆောင်းစေချင်နေတော့သည်။

ဖေးဖေးသည် စွမ်းအင်လျှော့ထားသည့် အခြေအနေဖြစ်သော်လည်း ကမ္ဘာကွန်ရက်ကို အလွန် အလွယ်တကူ ဟက်နိုင်ခဲ့၏။ သူသည် အလွန်စွမ်းအားကြီးသည့်စနစ်တစ်ခုဖြစ်ရာ ကမ္ဘာပေါ်က အင်တာနက် ကွန်ရက်နှင့်ဆိုင်သည့် အသိပညာအားလုံးကို မြန်မြန်ဆန်ဆန်ပင် စုစည်းလိုက်ပြီး အုပ်စုခွဲကာ ကုချင်းယွီရှေ့က ကွန်ပျူတာဆီသို့ အချက်အလက်များကို ပို့ပေးလိုက်လေသည်။

သူတို့ဂြိုဟ်မှလူများသည် အလွန်ဉာဏ်ရည်မြင့်သည်ဖြစ်ရာ ကမ္ဘာ့ကွန်ရက်နည်းပညာသည် အလွန်ခေတ်နောက်ကျသည်ကတော့ ပြောရန်ပင်မလိုချေ။ ကုချင်းယွီအတွက် တစ်စုံတစ်ယောက်၏ ကွန်ပျူတာကို ဟက်ရန်မှာ အလွန်လွယ်ကူသော်လည်း ကမ္ဘာ့နည်းပညာကို နားမလည်ပဲလုပ်သည်က အချိန်အများကြီးကို အလကားသုံးလိုက်ရပေမည်။ မည်သို့ဆိုစေ သူမသည် သည်ဂြိုဟ်ပေါ်တွင် အချိန်အကြာကြီးနေရန် အစီအစဥ်ရှိသဖြင့် အရင်ဆုံး သည်ဂြိုဟ်၏ အခြေခံကွန်ရက်နည်းပညာကို စတင်လေ့လာရပေမည်။

စွမ်းအင်သည် အလွန်နည်းပါးသဖြင့် ဖေးဖေးသည် အလွန်မြန်ဆန်စွာ သူ့နေရာသို့ ပြန်ဝင်သွားခဲ့သည်။

ကုချင်းယွီသည် ဖိုင်ကို ဖွင့်လိုက်၏။ ဖေးဖေးက စီစစ်ပြီး ကြိုတင်စုစည်းပေးထားသော်လည်း စာမျက်နှာ ၄၀၀ ကျော်ရှိနေသေးသည်။

သို့သော် သူမ၏မျက်နှာအမူရာမှာ လုံးဝပြောင်းလဲမသွားချေ။ သည်အချိန်တွင် တစ်စုံတစ်ယောက်သာ သည်မြင်ကွင်းကို မြင်ခဲ့လျှင် သူတို့သည် အလွန်အံ့ဩသွားပေမည်။ အကြောင်းမှာ ကုချင်းယွီ၏မျက်လုံးများသည် စခရင်ပေါ်က ရုပ်ပုံများနှင့် စကားလုံးများပေါ် ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် အရောင်တောက်လာသည်ဟု ထင်ရပြီး အသိပညာများကို သူမ၏ဦးနှောက်ထဲသို့ ထည့်လိုက်သည့်နှယ် သူမသည် စကားလုံးတိုင်းကို မှတ်မိနေ၏။

ထို့အပြင် သူမသည် စာတစ်မျက်နှာအတွက် တစ်မိနစ်ပင် မသုံးလိုက်ရချေ။ မနက်မိုးလင်းလာသည်နှင့် သူမသည် ကမ္ဘာ့ကွန်ရက်နည်းပညာနှင့်ပတ်သက်သည့် အသိပညာတစ်ခုလုံးကို အပြည့်အ၀ ကျွမ်းကျင်သွားလေသည်။

အထူးသဖြင့် တစ်ယောက်ထဲအချိန်အကြာကြီး အထီးကျန် ပျင်းရိနေပြီးနောက် အသိပညာသစ်ကို လေ့လာရသည်က သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်နေတော့သည်။

မူလက ပင်ပန်းနွမ်းနယ်နေသည့် သူမ၏ခန္ဓာကိုယ်သည် တစ်ညတာ အိပ်ရေးပျက်သွားပြီးနောက် အံ့ဩစရာကောင်းလောက်အောင် ပို၍ နိုးကြားနေတော့သည်။

အာရုံတက်လာသည်နှင့် ကုချင်းယွီသည် သူမလေ့လာခဲ့သည့် နည်းပညာကို အလွယ်တကူအသုံးချပြီး အွန်လိုင်းဗီဒီယိုကိုတင်ခဲ့သူကိုရှာဖွေလိုက်တော့သည်။…

သူက….

သာမန်ဒုတိယမျိုးဆက် သူဌေးသားလေးတစ်ယောက်တဲ့လား။ သူ့နာမည်က…

ရှန်ချန်း တဲ့လား။

ကုချင်းယွီ၏မျက်လုံးများသည် ကျဥ်းမြောင်းသွား၏။

သူ့ကွန်ပျူတာထဲမှာ ဗီဒီယိုရဲ့မူရင်းဗားရှင်းရှိနေသေးတယ်၊ ဒါဆို ဗီဒီယိုကို သူလုပ်ခဲ့တာလို့ ပြောလို့ရတာပေါ့။

ပြီးတော့ ဒီရှန်ချန်းက….

သူမသည် သူ့ဖုန်းနှင့် အီးမေးလ်ကို ဟက်လိုက်ပြီးနောက် သူက သူမနှင့် ကုချင်းချန်တို့တက်သည့် အက်စ်တက္ကသိုလ်မှ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်းကိုလည်း တွေ့လိုက်ရ၏။ သို့သော် သူသည် ဘွဲ့ရခါနီး စီနီယာတစ်ယောက်ဖြစ်လေသည်။

ရှန်ချန်းရဲ့ WeChatအကောင့်ထဲမှာတော့…. သူက ကုချင်းချန်နဲ့ အဆက်အသွယ်ရှိတာသေချာတယ်။ ပြီးတော့ သူက သူမနဲ့ ဒိတ်လုပ်ချင်တာလည်း သေချာတယ် ဒါပေမဲ့ သူက ကုမိသားစုအိမ်တော်ကို ရောက်ပြီး မူလခန္ဓာကိုယ်ပိုင်ရှ

င်ကို တွေ့သွားတော့……။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset