အခန်း(၇)
ရှင်းယွမ်ရှန်၏ မျက်နှာချင်းဆိုင်၊ ရှောင်ဖုန်းအိမ်ဘေးရှိ အိမ်၌ စုံတွဲတစ်တွဲနေထိုင်ကြသည်။
အစောပိုင်းတွင် ရှန်းထင်ရွှမ်းသည် ဆီးသီးများကို အလကားပေးခဲ့သောအခါ ဇနီးဖြစ်သူက သူမကို မသိသလို ခံစားခဲ့ရသောကြောင့် ဆီးသီးများကို ဘေး၌ ပစ်ထားခဲ့သည်။ ထို့နောက် သူမက ၎င်းတို့ကို အဝေးသို့ ပစ်ခါနီးတွင် ဆီးသီးအနံ့က ကောင်းမွန်သည်ကို တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် သူမက ဧည့်ခန်းထဲတွင် ၎င်းကို ထားလိုက်သည်။
ယနေ့ ယောက်ျားဖြစ်သူက အလုပ်မှပြန်လာသည်။ သူ၏ဇနီးက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေချိန် သူက ဆိုဖာပေါ် လှဲလိုက်သည်။ သူက လည်ချောင်းခြောက်ပြီး ရေဆာနေသော်လည်း ရေထသောက်ရန် အလွန်ပျင်းရိနေခဲ့သည်။ သူက သူ့ဘေးရှိ ဆီးသီးအနံ့ကို ရလိုက်သောအခါ တစ်လုံးကို ယူလိုက်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက ရှိနေသည့် ဆီးသီးများသည် ပို့လိုက်သည့်နေ့ကထက် ပို၍ နူးညံ့နေပေသည်။
အခွံကို ပါးပါးလေး နွှာလိုက်ကာ အခွံများက အောက်သို့ ကျသွားသည်။ ယောက်ျားဖြစ်သူက တစ်ကိုက်ကိုက်စားလိုက်၏။ နူးညံ့ချိုမြိန်ပြီးအရည်ရွှမ်းသည့်အရသာက သူ့ကို အသက်ပြင်းပြင်းတစ်ချက် ရှိုက်မိသွားစေသည်။ သူက ပြောရမည်ဆိုလျှင် ထိုဆီးသီးထဲ၌ တစ်စုံတစ်ခု ထည့်ထားသည်ဟု ခံစားရပေသည်။
ထိုအရာက သကြားဖြစ်နိုင်ပေသည်။ သို့သော် ၎င်းထဲ၌ သကြားထည့်ထားခဲ့လျှင်တောင် အရသာက သည်လောက် မစစ်နိုင်တာ သူလည်း သိသည်။
ယောက်ျားဖြစ်သူက ကျန်ရှိသည့်ဆီးသီးများကို အသက်တစ်ရှိုက်အတွင်းမှာပဲ စားလိုက်တော့သည်။ ဇနီးဖြစ်သူက ဟင်းပွဲများကို ယူပြီးထွက်လာသောအခါ သူမ၏ယောက်ျားက သူမ ဘေးတွင် ချထားခဲ့သော ဆီးသီးများကို စားနေတာ တွေ့လိုက်ရသည်။ သူမက တအံ့တကြ မေးလိုက်သည်။
“ရှင် ဒါတွေကို ဘယ်လိုတောင် စားလိုက်တာလဲ ”
ယောက်ျားဖြစ်သူက ပြောလိုက်သည်။ “ဒီဆီးသီးတွေက တကယ်ပဲ အရသာရှိတယ်”
ယောက်ျားဖြစ်သူက သူ ဆီးသီးအားလုံးကို စားကုန်သွားတာ သတိမထားမိဘဲ သူ၏ဇနီးသည်ကို မြည်းကြည့်ခိုင်းခဲ့သည်။
“တကယ်လား ” ဇနီးဖြစ်သူက မေးလိုက်သည်။
“ငါ မင်းကို လိမ်ပါ့မလားကွ၊ ဒါတွေက ရက်နည်းနည်းလောက် ကြာနေပြီဆိုပေမဲ့ အစိုဓာတ်ရှိတုန်းပဲ၊ ဒါတွေက တကယ့်ကို အရသာရှိတယ်” အများကြီး မပို့ထားသော်ငြား သူက စားပြီးသည့်တိုင်အောင် ခံစားချက်ကောင်းနေဆဲပင် ဖြစ်သည်။
ဇနီးဖြစ်သူက အမှိုက်ပုံးထဲရှိ ဆီးသီးခွံများနှင့် အူတိုင်များကို ကြည့်လိုက်သည်။ သူမ၏ယောက်ျားက စားသောက်ရတာ နှစ်ခြိုက်သော်လည်း အလွန်ဇီဇာကြောင်သည်။ မည်မျှ စျေးကြီးစေကာမူ အရသာမရှိလျှင် ထပ်စားမှာ မဟုတ်ပေ။
အခု သူကတောင် ဤဆီးသီးများက အရသာရှိသည်ဟုပြောခဲ့သောကြောင့် ၎င်းမှာ တကယ်ကို အရသာရှိပေလိမ့်မည်။
သူ့ဇနီးက ထမင်းချက်ပြီးသွားပြီးသောအခါ ယောက်ျားဖြစ်သူက ဆီးသီးများကို ခုလေးတင် စားပြီးသွားတာကြောင့် သူ့၌ သိသိသာသာပင် ထပ်စားချင်စိတ် မရှိတော့ပေ။ သူက သူ့တူကို အောက်ချပြီး ပြောလိုက်သည်။
“ရှင်းယွမ်ရှန်မှာ တစ်ယောက်ယောက် ဆီးသီးတွေရောင်းနေတယ်လို့ ငါထင်တယ်။ မင်း နက်ဖြန် အဲဒါတွေကို သွားဝယ်ပြီး မြည်းကြည့်လိုက်”
သူမ ပို့ခဲ့သော ဆီးသီးများကို သူတို့ စားလိုက်ပြီမှန်း မသိခဲ့ချေ။ သူမက ညလယ်ရောက်မှသာလျှင် သိခဲ့ရသည်။ တာဝန်က တဖန် ရောက်လာခဲ့သည်။ “ကျေးဇူးပြုပြီး လူ ၃၂ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေကို စားခိုင်းပါ ”
မနေ့က လီရင်၏ကုမ္ပဏီမှလူများ စားခဲ့သောကြောင့် အလွန်လွယ်ကူခဲ့ပေသည်။ ယနေ့တွင်မူ ထိုကဲ့သို့ မလွယ်ကူတော့ချေ။
မနက်စောစောတွင် ဝယ်သူအဟောင်း ရှောင်ဖုန်းက ပထမဆုံး ရောက်လာခဲ့သည်။ သူက သူ့ဘေးရှိ မက်မွန်သီးများကို မြင်သွားသည်။ ၎င်းတို့က ကြီးမားပြီး အနီရောင်သမ်းနေပေသည်။ “ဒါက အသီးအသစ်တွေပဲ၊ တစ်ကတ်တီ ဘယ်လောက်လဲ ”
ရှန်းထင်ရွှမ်းက ခုထိ စျေးနှုန်းကို မသတ်မှတ်ရသေးပေ။ ထို့ကြောင့် ရှောင်ဖုန်းက မေးသောအခါ သူမက အတွေးထဲ နစ်မြုပ်သွားတော့သည်။
ရက်အနည်းငယ်ကြာ အတူရှိခဲ့ပြီးနောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ စရိုက်ကို သိနေခဲ့ပြီ
ဖြစ်သည်။ “မင်းရဲ့ မက်မွန်သီးတွေကို ၁ကတ်တီ ၁၀ယွမ် ထားလို့ရတယ် ”
ရှန်းထင်ရွှမ်းက “ကောင်းပြီလေ၊ ၁ကတ်တီကို ၁၀ယွမ်ပေါ့ ”
ရှောင်ဖုန်းက မက်မွန်သီး ၂ကတ်တီ ချိန်လိုက်သည်။ ဟုန်းမိန်ကလည်း နောက်မှလိုက်လာပြီး မက်မွန်သီးများကို မြင်သောအခါ သူမ၏တုံ့ပြန်မှုက ရှောင်ဖုန်း ကဲ့သို့ပင် ဖြစ်သည်။ “ဒီနေ့ မက်မွန်သီးတွေ ရှိတာပဲ၊ အဲဒါတွေက ဘယ်လောက်လဲ ”
ရှောင်ဖုန်းက ရှန်းထင်ရွှမ်း အလုပ်ရှုပ်နေသည်ကို မြင်သောကြောင့် သူက အရင်ဆုံး ထွက်သွားခဲ့သည်။ သူ၏ မျက်နှာချင်းဆိုင်တွင် နေထိုင်သည့်အိမ်ရှင်မကလည်း ရောက်လာခဲ့သည်။ မနေ့က သူမ၏ယောက်ျားက ဤဆီးသီးများသည် မည်မျှအရသာရှိကြောင်း ဆက်တိုက် ပြောနေခဲ့သည်။ ဒါ့ကြောင့် သူမက ယခုမနက်တွင် စောစော ထလာခဲ့သည်။
ဟုန်းမိန်က သူမကို မြင်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ “အာ ကျန်းယွီ နင်လည်း ဆီးသီးဝယ်ဖို့ လာတာပဲ ”
“ဟုတ်တယ်၊ နင်ရော ဆီးသီး လာဝယ်တာလား ” သူတို့အားလုံးက တစ်ရွာတည်းသားတွေ ဖြစ်ကြသည်။ ထို့ကြောင့် ဟုန်းမိန်၏ကလေးများက ဘယ်တုန်းကမှ အသီးမစားကြသည်ကို ကျန်းယွီက သိပေသည်။ သူတို့မိသားစုက သူတို့၏ကလေးများ အသီးမစားကြသဖြင့် စိတ်မချမ်းသာ ဖြစ်နေကြသည်။
“ဟုတ်တယ်၊ ငါ့အဖိုးတန်လေးက ဒါကို ကြိုက်တယ် ” ဟုန်းမိန်က သူ့အဖိုးတန်လေး အသီးမစားသည့်ပြဿနာကို ဖြေရှင်းနိုင်ခဲ့၍ ပျော်ရွှင်နေခဲ့သည်။ သူမက အဖိုးတန်လေး ဆီးသီးချည်း အများကြီးစားပြီး ငြီးသွားမှာကို စိတ်ပူနေခဲ့သည်။ ယနေ့ အနီရောင် မက်မွန်သီးများ ရရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ကျန်းယွီက အလွန် အံ့အားသင့်သွားခဲ့သည်။ “နင့်ကလေးက ဒါကို စားရတာ ကြိုက်တယ်လား ”
ဟုန်းမိန်က မက်မွန်သီးများကို ရွေးလိုက်သည်။ ထို့နောက် ၎င်းတို့အား ရှန်းထင်ရွှမ်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီမိန်းကလေးရောင်းတဲ့အသီးတွေက တကယ် အရသာရှိတယ်၊ ငါ ပထမဆုံး ပြန်လာဝယ်တာပဲ ” ယနေ့က မက်မွန်သီးများ ဖြစ်သောကြောင့် သူမ၏အဖိုးတန်လေးက ပိုပြီး ကြိုက်ပေလိမ့်မည်။ ထိုအရာကို တွေးမိပြီး ဟုန်းမိန်က အသီးများကို ယူပြီး အိမ်သို့ အမြန်ပြန်ချင်နေခဲ့သည်။
ဟုန်းမိန်၏အမူအရာကို မြင်ပြီး ကျန်းယွီသည် သူမယောက်ျား မနေ့က ပြောခဲ့သည်ကို သတိရသွားသည်။ နောက်ဆုံးတွင် ဆီးသီးတစ်ကတ်တီနှင့် မက်မွန်သီး တစ်ကတ်တီ ဝယ်ခဲ့လိုက်သည်။
ထိုလူအုပ် ထွက်သွားသောအခါ ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့်သစ်သီးများကို လူ၁၀ ယောက်သာ စားသုံးခဲ့သည်။ အဲဒါက မစ်ရှင် ပစ်မှတ်ဖြစ်သည့် ၃၂ ယောက်နှင့်ဆိုလျှင် အနည်းငယ် တုန်လှုပ်စရာကောင်းလောက်အောင် ဝေးကွာနေသေးသည်။
၉နာရီလောက်တွင် လူတချို့ ရောက်လာသည်။ ရှန်းထင်ရွှမ်းက သူတို့ကို သိသည်။ ယင်းက မနေ့ကလာခဲ့သည့် လီရင်နှင့် ဌာနခေါင်းဆောင်တို့ ဖြစ်ကြသည်။ ရှန်းထင်ရွှမ်း မမြင်ဖူးသည့် လူသစ်တစ်ယောက်လည်း ပါသည်။
လုမင်ဟွေ့က ရှန်းထင်ရွှမ်းကို မြင်သောအခါ သူက အရင်ဆုံး နှုတ်ဆက်ပြီး မိတ်ဆက်လိုက်သည်။
“သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် စွန်းဖျင် ”
မိတ်ဆက်ပြီးနောက် သူက စွန်းဖျင်ကို ပြောလိုက်သည်။
“ဒါက ငါ မင်းကို ပြောပြောနေတဲ့၊ အရမ်းစားကောင်းတဲ့ အသီးတွေကို စိုက်တဲ့ မစ်ရှန်းလေ”
စွန်းဖျင်က လုမင်ဟွေ့ကို မတုံ့ပြန်ခင်ထိ ရှန်းထင်ရွှမ်းကို အံ့ဩစွာ ကြည့်နေသည်။ “မင်္ဂလာပါ မစ်ရှန်း ”
လုမင်ဟွေ့က စွန်းဖျင်နှင့် လွန်ခဲ့သည့်ညက ဖုန်းပြောခဲ့ပြီး ယနေ့ ရှင်းယွမ်ရှန်ကို သွားမည်ဟု ပြောခဲ့သည်။ အထူးသဖြင့် ထိုနေရာရှိ အသီးများက ကောင်းမွန်သောကြောင့် နောင်ကျ စူပါမားကတ်သို့ တင်သွင်းနိုင်ပေသည်။
ယနေ့ ရှင်းယွမ်ရှန်သို့ သွားနေသည့်လမ်းတွင် စွန်းဖျင်က ထိုအသီးသည် မန်နေဂျာလု စိတ်ဝင်စားရလောက်အောင် မည်မျှ အရသာရှိကြောင်း အလွန် သိချင်နေမိသည်။
စွန်းဖျင်က အရသာရှိသည့် သစ်သီးများကို စိုက်ပျိုးသည့်သူသည် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်သာ ဖြစ်နိုင်မည်ဟု မှန်းဆထားခဲ့သည်။ သို့သော် သူက ရှန်းထင်ရွှမ်းကို မြင်သောအခါ သူမှန်းဆထားသည်မှာ မှားယွင်းကြောင်း တွေ့ရှိသွားတော့သည်။
တဖက်လူက သက်လတ်ပိုင်းအရွယ်မဟုတ်ပေ။ ထပ်ပြောရလျှင် သူမက အလွန်ကြည့်ကောင်းသည့်ပုံ ပေါ်ပေသည်။
၎င်းက သူ့စိတ်ထဲ မှန်းဆထားပုံနှင့် ဝေးကွာလွန်းပေသည်။ ထို့ကြောင့် သူ တုံ့ပြန်ရန် အချိန်ကြာနေသည်မှာ အံ့ဩစရာမရှိပေ။
လုမင်ဟွေ့က ရှန်းထင်ရွှမ်းသည် အလွန်ရိုးသားသည်ဟု ခံစားရသည်။ သူမသည် မနေ့က သစ်သီးများကို အိတ်ကြီးနှစ်လုံးအပြည့် ထုပ်ပေးလိုက်သည်။ ဌာနရှိ လူတိုင်းက အနည်းဆုံး ၁၀ကတ်တီခန့် ရရှိခဲ့ပေသည်။
သူ သသက်သက်ဝယ်ယူခဲ့သော သစ်သီးများအပြင် လုမင်ဟွေ့က ဆီးသီးနှင့် မက်မွန်သီး တစ်ကတ်တီကိုပါ သီးသန့်ဝယ်ခဲ့သည်။
သူ သပ်သပ်ဝယ်ယူခဲ့သော သစ်သီးများကို သိမ်းထားပြီးနောက် ဆီးသီးနှင့် မက်မွန်သီး တစ်ကတ်တီကို သူတို့ဌာန၏ ဒုဥက္ကဋ္ဌအိမ်သို့ ယူသွားခဲ့သည်။
လုမင်ဟွေ့နှင့် လီရင်တို့ အလုပ်လုပ်သည့် ဌာနကို အိမ်ရာမြေ စီမံခန့်ခွဲရေး ဌာန ဟုခေါ်ပြီး သူတို့၏ကုမ္ပဏီက ပိုင်လျန်ဟုခေါ်သည့် ကြီးမားသည် စူပါမားကတ်တစ်ခု ရှိပေသည်။
အသင်းလိုက်လှုပ်ရှားမှုတွင် လုမင်ဟွေ့က ရှန်းထင်ရွှမ်း စိုက်ပျိုးထားသည့်အသီးများကို စွဲမက်သွားလေသည်။
ရှန်းထင်ရွှမ်း၏အသီးများအား သူတို့၏ ပိုင်လျန်စူပါမားကတ်၌ တင်ရောင်းပါက စူပါမားကတ်၏ရောင်းအားသည် သေချာပေါက် သိသိသာသာ တိုးလာလိမ့်မည်ဟု သူက ယုံကြည်သည်။
ထို့ကြောင့် လုမင်ဟွေ့က ထိုအကြောင်းကို ပြောရန် ဒုဥက္ကဌဆီသို့ သွားခဲ့သည်။
မူလက စူပါမားကတ်၌ တင်ရောင်းရန် ထုတ်ကုန်အသစ်များရှိပါက လုမင်ဟွေ့က ၎င်းကို တိုက်ရိုက် စီစဥ်သည်။ အထူးသဖြင့် အသီးလိုမျိုး မူလထုတ်ကုန်များ ဖြစ်သည်။
ထို့ကြောင့် ဒုဥက္ကဌက လုမင်ဟွေ့သည် အဘယ်ကြောင့် အလုပ်ရှုပ်ခံနေမှန်း နားမလည်ခဲ့ချေ။ ဆီးသီးကို တစ်ကိုက်စားပြီးသည့်အခါတွင်တော့ ဒုဥက္ကဌ၏စိတ်ထဲရှိ သံသယဟာ လုံးဝ ရှင်းသွားတော့သည်။ သူက ပြောသည်။ “မင်း ဒါကို လုပ်လို့ရတယ်၊ ဒီဆီးသီးကို ၁ကတ်တီ ၁၀ယွမ် သတ်မှတ်လိုက်၊ မက်မွန်သီးတွေကိုတော့ ၁ကတ်တီ ၂၀ယွမ် ထားလိုက် ”
ဒုဥက္ကဌက သူ့ခေါင်းကို ခပ်မြန်မြန်လှည့်လိုက်သည်။ ထိုကဲ့သို့ အရသာရှိသည့် အသီးများက မရောင်းရမည်ကို မစိုးရိမ်ရကြောင်း သိပေသည်။ အထူးသဖြင့် စားသုံးသူအများစုက စျေးကြီးသောအရာများက ကောင်းမွန်သည်ဟု တွေးကြသည်။
ဒုဥက္ကဌက ဆီးသီးများနှင့် မက်မွန်သီးများကို စားပြီးနောက် သူ့မျက်နှာရှိ အပြုံးက မရပ်တန့်တော့ပေ။ လုမင်ဟွေ့က စီးပွားရေးလုပ်ရာတွင် အလွန်တော်ပြီး အမြဲတမ်း ဂုဏ်ယူရပေသည်။
ဒုဥက္ကဌ၏အိမ်မှ ထွက်လာပြီးနောက် လုမင်ဟွေ့က သူ့အနာဂတ်သည် တောက်ပလာတော့မည်ဟု ခံစားနေရသည်။ ရှန်းထင်ရွှမ်းတွင် ယခု အသီးနှစ်မျိုးသာ ရှိသော်လည်း အမျိုးအစားများစွာကို စိုက်ပျိုးနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်ရှိပေသည်။ အနာဂတ်တွင် ရှန်းထင်ရွှမ်းက အရသာရှိသည့် အသီးအမျိုးအစားများစွာကို စိုက်ပျိုးနိုင်ပေသည်။
သူအိမ်ပြန်ရောက်သောအခါ သူပြန်သယ်လာခဲ့သော အသီးများက ကုန်သွားပြီး စားပွဲတစ်လုံးအပြည့် အသီးခွံများသာ ကျန်ခဲ့သည်ကို လုမင်ဟွေ့ တွေ့လိုက်ရသည်။
သူ့ဇနီးနှင့် သမီးက ထပ်ဝယ်လာရန် ညည်းညူနေကြသည်။
လုမင်ဟွေ့က သူပြန်လာလျှင် ပိုသယ်ခဲ့မည်ဟု ထပ်ခါထပ်ခါ ကတိပေးခဲ့ရသည်။
ထို့ကြောင့် အကြံရခိုက် လုမင်ဟွေ့က ပိုင်လျန်၏မန်နေဂျာ စွန်းဖျင်ကို ရှင်းယွမ်ရှန်သို့ ခေါ်လာခဲ့သည်။
ရှန်းထင်ရွှမ်း အလုပ်ရှုပ်မနေသည်ကို မြင်သောအခါ လုမင်ဟွေ့က သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
“ငါတို့ ကုမ္ပဏီမှာ စူပါမားကတ်အခွဲတစ်ခုရှိတယ်၊ ပိုင်လျန်လို့ခေါ်တယ်၊ ပြီးတော့ မင်းရဲ့အသီးတွေကို ငါတို့ရဲ့စူပါမားကတ်မှာ တင်ရောင်းဖို့ မင်းနဲ့ ပူးပေါင်းချင်တယ် ”
ရှန်းထင်ရွှမ်း တွေးသည့်နည်းလမ်းက သူတို့နှင့် ကွဲပြားပေသည်။ သူမ စိတ်ထဲတွင် တွေးနေသည်က “ဒါကို လူတွေအများကြီးက ဝယ်ကြမှာလား ” အားလုံးစဥ်းစားပြီးနောက် ထိုအရာက စူပါမားကတ်တစ်ခု ဖြစ်ပေသည်။ ထိုနေရာက ရှင်းယွမ်ရှန်ရှိနေရာထက် ဈေးဝယ်မည့်သူ ပိုများနိုင်ပေသည်။
“ဒါပေါ့” သူတို့၏ပိုင်လျန်စူပါမားကတ်သည် ကမ္ဘာ့ထိပ်ဆုံးအဆင့် ၅၀၀ အတွင်း မရှိသော်လည်း နိုင်ငံထိပ်ဆုံးအဆင့် ၅၀၀ အတွင်းတွင်တော့ ရှိပေသည်။
နားထောင်ပြီးနောက် ရှန်းထင်ရွှမ်းက ချက်ချင်း သဘောတူလိုက်သည်။ “ဒါဆို အဆင်ပြေပြီနော် ”
လုမင်ဟွေ့က သတိလစ်လုမတတ် ဖြစ်သွားသည်။ သူက ရှန်းထင်ရွှမ်းအနေဖြင့် သူ၏တောင်းဆိုချက်ကို ထိုမျှ မြန်မြန် သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ အားလုံးပြီးနောက် သူတို့အတူ ပူးပေါင်းမည်ဆိုပါက သူတို့၏ လိုအပ်ချက်များနှင့် စျေးနှုန်းအကြောင်းကို နှစ်ဦးနှစ်ဖက် ပြောဆိုဖို့ လိုသည်။ လက်မှတ်ထိုးရန် စာချုပ်တစ်ခု ရှိနေသေးသော်လည်း ရှန်းထင်ရွှမ်းက ငယ်ရွယ်ပြီး အတွေ့အကြုံလည်း ရှိပုံမပေါ်ချေ။ ဒါကို သူက နားလည်နိုင်ပေသည်။
သို့သော်လည်း တခြားတစ်ဖက်က ရိုးသားလွန်းနေတာကြောင့် သူက အလွန်အမင်းတော့ မတောင်းဆိုနိုင်ပေ။
“ဒါဆို ငါတို့ မနက်တိုင်း ၇နာရီမှာ အသီးတွေ လာကောက်မယ်၊ ပြီးတော့ စျေးနှုန်းကို မင်းမှာ ရှိတဲ့ပေါ်မူတည်ပြီး ဆုံးဖြတ်ကြမယ်၊ ဆီးသီး ၁ကတ်တီ ၅ယွမ်နဲ့ မက်မွန်သီး ၁ကတ်တီ ၁၀ယွမ် ထားကြမယ် ”
ရှန်းထင်ရွှမ်းက “ပြဿနာမရှိဘူး ”
လုမင်ဟွေ့က ကားတစ်စီးယူလာသည်။ “မင်းမှာ အခု ဘယ်လောက်ရှိလဲ၊ ငါတို့ ဒီနေ့ အကုန်လုံး ဝယ်မယ် ”
ဘေးမှာရှိသည့် စွန်းဖျင်က နောက်ဆုံးတွင် တုံ့ပြန်လာပေသည်။
“ငါ အရင်ဆုံး မြည်းကြည့်လို့ရမလား ”
ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် တစ်စုံတစ်ယောက် မြည်းကြည့်ဖို့ရာ ဆုတောင်းနေသည်။ ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ၎င်းကို အခွံနွှာလိုက်သည်။ ပြီးနောက် စွန်းဖျင်လက်ထဲ ထည့်ပေးလိုက်သည်။
စွန်းဖျင်က ဆီးသီးကို ယူလိုက်သည်။ သူတို့စူပါမားကတ်၏ စင်များပေါ်ရှိပစ္စည်းများက စစ်ဆေးမှုအလွှာ အဆင့်ဆင့်ကို ဖြတ်သန်းသွားရပေသည်။ မန်နေဂျာ၏ထောက်ခံချက်ရှိလျှင်တောင် ၎င်းက တူညီနေဆဲ ဖြစ်သည်။ လုမင်ဟွေ့က ဤပူးပေါင်းမှုသည် သဘောတူညီမှု ပြီးမြောက်ပြီဟု ပြောဆိုပြီးဖြစ်သော်လည်း သူက ကြိုးစားနေဆဲ ဖြစ်သည်။
သူက ယခု ဆီးသီးများကို တွေ့လိုက်ရသည်။ ပုံပန်းသဏ္ဍာန်အရ ၎င်းတို့က သူတို့စူပါမားကတ်တွင် ရှိသည့် ဆီးသီးများထက် တကယ်ကို အများကြီးပိုကောင်းမွန်ပေသည်။ သေချာခူးပြီးနောက် ဒီဆီးသီးများကို ရောင်းရန် တောင်အောက်သို့ ယူလာခဲ့ပုံရသည်။ ဆီးသီးအားလုံးက အရွယ်အစားတူညီကြပြီး နီဝါရောင်ရှိသည်။ အားလုံးက ကြည့်ကောင်းပေသည်။
တစ်ကိုက်ကိုက်ပြီးနောက် စွန်းဖျင်က သူ့လျှာကို ကိုက်လုနီးပါး ဖြစ်သွားသည်။ လုမင်ဟွေ့က ပုဂ္ဂိုလ်ရေးအရ တာဝန်ရှိပေသည်။ ဤဆီးသီးများက အလွန်အရသာရှိပေသည်။ ဆီးသီးတစ်လုံးစားပြီးနောက် စွန်းဖျင်က မပြောဘဲ မနေနိုင်တော့ပေ။ “အစ်ကိုလု ပြောသလိုပဲ အခု မင်းမှာရှိတာ အားလုံး ငါတို့ ဝယ်လို့ရမလား?”
ဘေးနားရှိ လုမင်ဟွေ့က မင်း ဒီလိုတုံ့ပြန်မှာကို ငါ အကြာကြီး မျှော်လင့်ခဲ့ရတာ ဟူသော မျက်နှာပေးကို ဖော်ပြနေသည်။
ရှန်းထင်ရွှမ်းက “အသီးတွေက ရှိပါသေးတယ်။ ဒါပေမဲ့ ရှင်တို့အတွက် ကျွန်မ ဘယ်လောက်လောက် ခူးထားပေးဖို့ လိုတာလဲ ”
စွန်းဖျင်က ထိုအသီးများကို စူပါမားကတ်တွင် ထားရန် မစောင့်နိုင်တော့ချေ။ “ကောင်းတာပေါ့၊ ငါတို့ မင်းကို ကူညီဖို့လိုသေးလား”
မက်မွန်ပင်တစ်ပင်ကို ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပြီးနောက် မက်မွန်သီး ၅၀၀ ကတ်တီခန့် သီးသည်။ ဆီးသီးပင်များက ပိုများပေသည်။ ထို့ကြောင့် ဆီးသီးများက အနည်းဆုံး ၈၀၀ ကတ်တီကျော် သီးပေသည်။
ရှန်းထင်ရွှမ်း၌ ဝိညာဉ်စွမ်းအင်နှင့် ကြီးမားသော ခွန်အားရှိသော်လည်း ခြင်းတစ်ခြင်းက အသီး ၅၀ကတ်တီထိသာ ထည့်၍ရပေသည်။ ထိုအသီးများကို ခူးပြီးပါက အကြိမ်များစွာ သွားလိုက်ပြန်လိုက် လုပ်ရပေမည်။ ထိုအရာကို တွေးမိပြီး ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
“ရှင်တို့ ကားနဲ့ အပေါ်ကို တိုက်ရိုက် မောင်းလာခဲ့လိုက်၊ ကျွန်မက အပင်နားရောက်ရင် အသီးတွေကို ခူးပြီး ကားပေါ် တင်ပေးမယ် ”
လုမင်ဟွေ့က “ကောင်းပြီ ”
လုမင်ဟွေ့က တောင်တက်ကားတစ်စီးကို မောင်းလာခဲ့သည်။ ကားကိုယ်ထည်နှင့် နောက်ခုံက အလွတ်ဖြစ်ပြီး အသီးများစွာ ထားလို့ရပေသည်။
ကားထဲတွင် အသီးထည့်ရန် အိတ်ကြီးတချို့ ရှိသည်။ “မင်း ကားထဲကို ဝင်ပြီး လမ်းညွှန်ပေး ”
ရှန်းထင်ရွှမ်း၏လမ်းညွှန်မှုကြောင့် ဆီးတောနားသို့ မြန်မြန် ရောက်သွားတော့သည်။
ရှန်းထင်ရွှမ်းက အပြင်ဘက်ဆုံးရှိ ဆီးသီးပင်ကို ညွှန်ပြလိုက်သည်။
“ဒီဆီးသီးတွေ ခူးကြမယ်၊ ကျန်တဲ့ဟာတွေက မမှည့်သေးဘူး ”
မနေ့က လီရင်နှင့် သူ၏အဖွဲ့လိုက် လှုပ်ရှားမှုဆုံးပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏ဝိညာဉ်စွမ်းအင်ဖြင့် ကျန်ရှိနေသေးသည့် ဆီးပင်များကို ရေလောင်းခဲ့သည်။ ထို့ကြောင့် အပြင်ဘက် အပင်ရှိ ဆီးသီးများက အားလုံးနီးပါး မှည့်ပုံပေါ်နေသည်။ သို့သော် သူတို့ အနားကို ရောက်မှသာလျှင် အပင်အတွင်းဘက်၌ မမှည့်သေးသည့် အသီးငယ် အများကြီးရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
လုမင်ဟွေ့နှင့် စွန်းဖျင်အတွက်တော့ သူတို့အားလုံးက မှည့်ပုံပေါ်နေသည်။ သို့သော် ရှန်းထင်ရွှမ်းက ဤတောင်၏ပိုင်ရှင် ဖြစ်သည်။ သူတို့က သူမ ပြောတာကို နားထောင်နေသည်။ ထို့ပြင် ဤအပင်က ဆီးသီး ၁၀၀ ကတ်တီခန့်သာ ရနိုင်ပေသည်။ သူတို့က ယနေ့ ကားတစ်စီးစာ မသယ်နိုင်ခဲ့ချေ။ သို့သော် ထိုအရာက လုံလောက်ပေသည်။
ရှန်းထင်ရွှမ်းက သူမ၏ဝိညာဉ်စွမ်းအင်၏ ၅% ကို ပြန်လည်ရရှိခဲ့ပြီး အချိန်တစ်ခုအတွင်း သစ်ပင်တစ်ပင်လုံးကို ရေလောင်းနိုင်ပေသည်။ သို့သော် ၎င်းက သူမ၏ဝိညာဉ်စွမ်းအင်ကို ပြန်လည်ရရှိရန် နှစ်နာရီကြာပေသည်။ သူမက ယခုမနက်တွင် မက်မွန်ပင်တစ်ပင်သာ ရေလောင်းခဲ့ရသည်။
ဝိညာဉ်စွမ်းအင်က ပြန်ပြည့်ခါနီးပြီဖြစ်သည်။ လုမင်ဟွေ့နှင့် တခြားသူများက ဆီးသီးများကို ကောက်နေစဥ် ရှန်းထင်ရွှမ်းက ဆီးပင်တစ်ပင်ကို ရေလောင်းလိုက်ပြန်သည်။ ထို့နောက် ထိုအပင်ရှိ အသီးများ အားလုံးကို ခူးလိုက်သည်။
ဆီးသီးများ ခူးနေစဥ် စွန်းဖျင်က ပျော်ရွှင်စွာ မေးလိုက်သည်။ “အစ်ကိုလု မင်း ဒီလို တန်ဖိုးရှိတဲ့နေရာကို ဘယ်လိုများရှာတွေ့ခဲ့တာလဲ” ရှင်းယွမ်ရှန်ကဲ့သို့ ဝေးလံသောနေရာတစ်ခုမှ ပိုင်လျန်စူပါမားကတ်အတွက် နေ့စဉ် ရာသီအလိုက် လတ်ဆတ်သော အသီးအရွက်များ အမြဲတမ်းထောက်ပံ့နိုင်ပေသည်။ သို့သော် ထိုနေရာက ရှင်းယွမ်ရှန်ကဲ့သို့ နေရာတစ်ခုအဖြစ် မကြားဖူးခဲ့ချေ။
လုမင်ဟွေ့ က “ဌာနကလူတွေ အသင်းလိုက်လှုပ်ရှားမှုအတွက် နေရာရှာကြရင်း တွေ့ခဲ့တာ ”
စွန်းဖျင်က လက်မထောင်ပြလိုက်သည်။
သူတို့ သုံးယောက်က အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး ဆီးသီးများကို လျင်မြန်စွာ ခူးလိုက်ကြသည်။ ထို့နောက် မက်မွန်ပင်သို့ သွားလိုက်ပြီး မက်မွန်သီးများကို ဆက်ခူးလိုက်ကြသည်။
စွန်းဖျင်က မက်မွန်သီးများကို ခူးနေစဉ် ကိုက်စားမိအောင် အလွန်ဆွဲဆောင်ခံနေရသည်။ သူက စားချင်စိတ်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ထိုကဲ့သို့ အရသာရှိသော အသီးများကို သူတို့စင်ပေါ်တွင် ထားသင့်ပေသည်။
စွန်းဖျင်က ဤအခိုက်အတန့်၌ အလွန်ဂုဏ်ယူသလို ခံစားလိုက်ရသည်။
အသီးများကို ခူးယူပြီးနောက် သူတို့ သုံးယောက်လုံးက အသီးများကို ချိန်ရန် နာရီဝက်ခန့် ကြာသွားသည်။ ပြီးနောက် ၎င်းတို့ကို ကားပေါ်တွင် ထားလိုက်ကြသည်။
ဆီးသီးများက ၉၀၀ကတ်တီရှိပြီး မက်မွန်သီးများက ၅၀၀ ကတ်တီ ရှိပေသည်။ စွန်းဖျင်က ယွမ် ၉၅၀၀ အား ရှန်းထင်ရွှမ်းဆီသို့ တိုက်ရိုက် ငွေချေလိုက်သည်။
စူပါမားကတ်က တစ်ပတ်တစ်ခါ (သို့) တစ်လတစ်ခါမှ ငွေပေးချေလေ့ ရှိသော်လည်း နှစ်ဦးနှစ်ဖက်က တိကျသော သဘောတူညီမှုကို ခုထိတိုင် မဆွေးနွေးရသေးချေ။ စွန်းဖျင်က အသီးများသည် အလွန်အရသာရှိလွန်းသည်ဟု တွေးနေပေသည်။ ထို့ကြောင့် သူက ၎င်းကို ပထမဆုံးငွေချေလိုက်ပြီး လုမင်ဟွေ့က သူ့ဘေးနားတွင် ပွစိပွစိရေရွတ်နေပေသည်။
သူက မနက်ပိုင်းတွင် အလောတကြီး ထွက်လာခဲ့ပြီး စာချုပ်ကို ယူမလာမိခဲ့ချေ။
ရှန်းထင်ရွှမ်းက လုမင်ဟွေ့နှင့် တခြားသူများကို ပြန်ပို့ပြီးနောက် စနစ်သံက ချက်ချင်း ရောက်လာခဲ့သည်။
“မစ်ရှင်ပြီးဆုံးရန် ၆၀မိနစ် ကျန်ပါသည်။ ယခု သင်၏ တာဝန်ပြီးမြောက်မှုသည် ၃၁.၂၅% ဖြစ်ပါသည်။ မစ်ရှင်ကျဆုံးလျှင် ဝိညာဉ်စွမ်းအင်ကို ၆% နုတ်ယူပါမည် ”
—–
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
အာ… ဒီအခန်းက အတော်လေး များသွားတယ်။
စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်၊ ရေးနေတာ အတော်လေး ကြာသွားပါပြီ ~~~
ဦးညွှတ် ~~~
…