EGQY အပိုင်း ၉/၁၀

အပိုင်း (၉) သံသယများ

သူမနှင့်အကွာအဝေး ကိုယ်သင်းနံ့ကို ခံစားမိလိုက်ပြီးနောက် သူသည် အေးခဲသွားတော့သည်။ သူ့မျက်လုံးများသည် တစ်ဖန် ပြန်လင်းလက်သွား၏။

ဆယ်မိနစ်ကြာပြီးနောက် စက်ရုံအနီးရှိ လမ်းဘေးဆိုင်လေးတစ်ဆိုင်တွင် ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် အပြင်ဘက်ရှိ စားပွဲငယ်လေးတစ်လုံးတွင် ထိုင်နေကြ၏။ အမျိုးသမီးရှေ့တွင် ထိုင်နေသည့် အမျိုးသားသည် သူ့အစားအသောက်များကိ မထိချေ။ ဤသို့သော လမ်းဘေးအစားအသောက်များကို မကြိုက်၍မဟုတ်ဘဲ သွေးသစ်ပြန်လည်ထုတ်လုပ်သည့် အချိန်တိုင်းတွင် သူသည် ခုခံနိုင်စွမ်းအနည်းဆုံးအချိန် ဖြစ်နေသည်။ ထိုအချိန်မျိုးတွင် ဘာကိုမှမစားနိုင်ဘဲ အဆက်မပြတ် ချောင်းဆိုးပြီး ငါးညီနံ့သွေးများ ပါးစပ်နှင့်အပြည့် အန်တတ်လေသည်။

တစ်ဖက်တွင်တော့ သူ့ရှေ့က ပိန်ပိန်ပါးပါးအမျိုးသမီးသည် သူမရှေ့တွင် ပန်းကန်လုံးအလွတ် ၇လုံးခန့် ပုံနေပြီး ၈ပန်းကန်မြောက် ကိုစားနေ၏။

ဒါသည် မုရွှမ်ချင် အတွက် သည်လောက်အထိ စားနိုင်သည့် မိန်းမတစ်ယောက်ကို ပထမဆုံးတွေ့ဖူးခြင်းပင်။

သူသည် သူရှေ့က လှပသော်လည်း အလွန်သေးသွယ်ကျစ်လစ်သည့် အမျိုးသမီးကို ငေးကြည့်နေရင်း ဤမျှသေးငယ်သည့်ခန္ဓာကိုယ်လေးက အစားအသောက်အများကြီးကို မည်သို့ သိမ်းဆည်းသနည်းဟု တွေးနေမိတော့သည်။ ထို့အပြင် သူမ၏အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူမ၏ မိသားစုအခြေအနေမှာ သေချာပေါက်ဆိုးဝါးမည် မဟုတ်ပေ။ ခြေထောက်တစ်ဖက်တွင်ဒဏ်ရာနှင့် ညဥ့်နက်သန်းခေါင် ဤစွန့်ပစ်စက်ရုံတွင် တစ်ယောက်ထဲ ပေါ်လာနိုင်ရသနည်းဟူသည့် သူအတွေးသည် အလွန်အကျည်းတန် လှသော်လည်း သူမသည် ဒဏ်ရာကို ကုသရန်အလျင်မလိုဘဲ ထို့အစား စားချင်သောက်ချင်နေရပါသနည်း။

ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာများနှင့် ဆိုင်ပိုင်ရှင်သည်လည်း ကုချင်းယွီကို မကြာမကြာ ကြည့်နေ၏။ တခြားအကြောင်းကြောင့်မဟုတ်ဘဲ သူမသည် အလွန်စားသောက်နိုင်သောကြောင့်ပင်။ ထိုအပြင် သည်လူနှစ်ယောက်သည် အင်မတန်ဆွဲဆောင်မှုရှိသော်လည်း မရေမတွက်နိုင်သည့် ပွန်းပဲ့ဒဏ်များနှင့် ညိုမဲနေလေသည်။ လုံးဝသိချင်စိတ် မဖြစ်ရန်ကတော့ ခက်ခဲလှပေသည်။

ကုချင်းယွီသည် စပ်စုလိုသောမျက်လုံးများကို ဆွဲဆောင်ထားမိမှန်း သိနေသော်လည်း သည်ခန္ဓာကိုယ်ထဲ ဝင်လာပြီးနောက်တွင်မှ သည်ခန္ဓာကိုယ်သည် အင်မတန်ဆိုးရွားသည့် အခြေအနေတစ်ခုအထိ အားနည်းကြောင်း သိခဲ့ရလေသည်။

ငါက အုတ်ခဲတစ်ခုနှစ်ခုလောက်ကို ပစ်လိုက်တာလေ။ ဒါနဲ့ လက်ဖဝါးက ပွန်းပဲ့သွားတာတောင်မကဘူး ဒီပိန်သွယ်သွယ်လက်မောင်းက တကယ်ပဲ တုန်တုန်ယင်ယင် တောင်ဖြစ်သွားတယ်။ အခုတော့ ငါ့မှာ တူကိုတောင် ကောင်းကောင်းမကိုင်တတ်တော့အောင်ပဲ။

ဪ ဒါပေ့ါ။ အကြောင်းအရင်းတွေထဲက တစ်ခုကလည်း ငါလေးက အရင်တုန်းက တူမှမသုံးခဲ့တာကိုး။

နောက်ဆုံးတော့ ငါလေးရဲ့ဂြိုဟ်က လူတွေက စားသောက်စရာမလိုဘူးလေ။ သူတို့တွေက စွမ်းအင်ကို တိုက်ရိုက်စုပ်ယူကြတာ။

ကံကောင်းချင်တော့ ငါလေးရဲ့ဂြိုဟ်က လူတွေက လေ့လာတာနဲ့ အတုခိုးတဲ့နေရာမှာ စွမ်းရည်တွေကတော့ အံ့မခန်းပဲ။ ဘေးစားပွဲက ဧည့်သည်တွေ တူသုံးနေတဲ့ပုံကို ခဏလေးကြည့်ပြီး အချိန်တိုအတွင်း သင့်သလိုပြုပြင်လိုက်တာနဲ့ ရင်းရင်းနှီးနှီးပဲ သုံးတတ်သွားတယ်လေ။ ငါလေးက ပထမဆုံးတူကိုသုံးတာပါလို့ ဘယ်သူမှတောင် လာပြောနိုင်မှာမဟုတ်လေဘူး။

သူမရှေ့က မုရွှမ်ချင်ပင် မသိနိုင်ချေ။ သူမသည် ဒဏ်ရာရထားသဖြင့် တူကို သေသေချာချာ မကိုင်နိုင်ခြင်းဟုသာ တွေးလိုက်၏။ သူသည် ကုချင်းယွီက အခုလေးတင်မှာ ခေါက်ဆွဲကို ညှပ်နည်းနှင့် စားပွဲပေါ်မှ ဟင်းခတ်အမွှေးအကြိုင်များအသုံးပြုပုံကို သူ့ဆီမှ သင်ယူခဲ့ကြောင်းကိုပင် နည်းနည်းလေးမှ မသိလိုက်ချေ။

ဆာလောင်မှုခံစားချက်သည် ကုချင်းယွီအတွက် လုံးဝအသစ်စက်စက်ပင်။ သည်ခန္ဓာကိုယ်၏ မှတ်ဉာဏ်မှတဆင့် သူမ သိလိုက်ရသည်က မနေ့ညက ရှာဖွေမှုအများဆုံးဖြစ်ခဲ့သည့် ဗီဒီယိုကို မြင်ခဲ့ပြီးကတည်းက မအိပ်ရသေးသလို သည်မနက်ကတည်းက ရေတစ်စက်ပင် မသောက်ခဲ့ရသည်ကိုပင် ဖြစ်လေသည်။

သွေးတွင်းသကြားဓာတ် ကျသွားသည်ကိုခံစားလိုက်ရပြီး ပြင်းထန်သည့်ခံစားချက်အတက်အကျ နှင့် ပြိုလဲလုနီးနီး ဖြစ်သွားပြီးနောက် သူမ၏အစာအိမ်ထဲတွင် ပူလောင်သည့်ခံစားချက်ကို စတင်ခံစားလိုက်ရ၏။

သူမရှေ့က ယောက်ျားသည် ညစာအတွက် သူမအား ပိုကောင်းသည့်စားသောက်ဆိုင်သို့ ခေါ်သွားခဲ့ချင်သော်လည်း သူမ ငြင်းပယ်ခဲ့လေသည်…

သူမသည် အစားအသောက်ကိုသာ မြန်မြန်စားချင်နေခဲ့၏။

ကျွတ် လူသားတွေက အရမ်းဒုက္ခများတာပဲ။ ငါတို့ဂြိုဟ်ကလူတွေဆိုရင် လုံးဝစားသောက်စရာမလိုဘူး။ သူတို့တွေ စွမ်းအင်ပဲလိုတာ…

သူမသည် ထိုသို့တွေးနေရင်းက ကမ္ဘာမြေပေါ်က ပထမဆုံးအစားအစာ ခေါက်ဆွဲနည်းနည်းကို တစ်လုတ်စားလိုက်လေသည်။

ထို့နောက်တွင်တော့ သူမ ရပ်လို့မရတော့ချေ။

ကမ္ဘာပေါ်က အစားအစာက ဘာလို့ ဒီလောက်တောင် အရသာရှိတာလဲ။ ခေါက်ဆွဲဆိုတာ ဂျုံကနေ လုပ်တာပဲမလား။ ဘယ်လိုလုပ်ပြီး အရသာက အရမ်းကိုထူးခြားနေတာလဲ။ ပြီးတော့ ဟင်းရည်ထဲက ဘယ်ဟာက ဒါကို အရသာအရမ်းရှိသွားစေတာလဲ။

ပိုအရေးကြီးဆုံးအချက်မှာ သူမသည် ခေါက်ဆွဲတစ်ပန်းကန်စားပြီးသွားသည့်နောက် သူမ၏အစာအိမ်သည် နွေးလာပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နွေးထွေးကာ သက်သောင့်သက်သာ ဖြစ်သွားရာ စွမ်းအင်များကို တစ်စတစ်စ ဖြည့်

ပေးနေသည့်နှယ်။

အပိုင်း (၁၀) မင်း ငါ့ကို ကယ်ခဲ့တာမလို့ မင်းကို သေသေချာချာ ကျေးဇူးပြန်ဆပ်ချင်တယ်

ထို့အပြင် သူမများများစားလေလေ သူမ၏ခန္ဓာကိုယ်မှာ နေရထိုင်ရပိုကောင်းလာလေသည်။ တိုးလာသည့် စွမ်းအင်မှာ မများသော်လည်း အမှန်ပင် တိုးလာနေခြင်းဖြစ်ပြီး သူမလေထဲက စုပ်ယူနိုင်သည်ထက် ပိုမြန်ဆန်လေသည်။

ကမ္ဘာပေါ်က အစားအသောက်က အရသာရှိပြီး စွမ်းအင်ကို တိုးပေးနိုင်တာပဲ။

သည်အချက်က စွမ်းအင်နည်းပါးသည့်ဂြိုဟ်တစ်ခုဟု မူလကသတ်မှတ်ထားသည့် ကုချင်းယွီကို အံ့အားသင့်ရစေပြီး တခြားလူများ၏အကြည့်ကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ပန်းကန်ပြီး တစ်ပန်းကန် စားလိုက်တော့သည်။ သူမရှေ့က ယောက်ျား၏ ထူးဆန်းသည့်အကြည့်နှင့် ခေါက်ဆွဲဆယ်ပန်းကန်ကို လာချပေးသည့် အမျိုးသမီးကို သတိထားမိလိုက်ချိန်မှ ကုချင်းယွီသည် သဘာပေါက်သွား သလိုရှိသွားတော့သည်။

ငါကြည့်ရတာ … စားတာ နည်းနည်းများသွားတယ်ထင်တယ်။

မုရွှမ်ချင်သာ သူမ၏အတွေးကို သိသွားခဲ့လျှင် ‘ ဒါက နည်းနည်းလေးများတာ မဟုတ်ဘူး အများကြီးဟ’ ဟု သူမကို သေချာပေါက်ပြောပေလိမ့်မည်။

အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်၏ စားချင်စိတ်ပင် သူမလောက် မဆိုးရွားချေ။

ကုချင်းယွီသည် ရပ်လိုက်ပြီး သူမကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်နေသူများကို စိန်းစိန်းကားကား ပြန်ကြည့်လိုက်ပြီးနောက် သူမရှေ့က ယောက်ျားကို ကြည့်လိုက်လေသည်။

“ ရှင်းလိုက်တော့”

ထိုသို့ပြောပြီး သူမသည် မတ်တတ်ရပ်ကာ လှည့်ထွက်သွားချင်ခဲ့၏။

“ နေအုံး”

မုရွှမ်ချင်သည် QRကုတ်ကို မြန်မြန် ဖတ်ကာ ငွေရှင်းပြီးနောက် သူ၏သနားစရာအသွင်နှင့် ကုချင်းယွီနောက် အမှီလိုက်သွားလိုက်၏။

“ မင်းနာမည် ဘယ်လိုခေါ်လဲ”

သူမသည် ရပ်ကာ သူ့ကို ကြည့်လိုက်၏။

“ ဘာကျန်သေးလို့လဲ”

“…”

ထိုယောက်ျားသည် ခဏကြာအောင် ငြိမ်သက်သွားလေသည်။ သူသည် သူမက သူ့ကို ကယ်ခဲ့သည်မှာ သူ့လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ သူ့ယုံကြည်မှုကိုရန် အဖွဲ့အစည်းတစ်ခုခုက သူမအားလွှတ်ခဲ့သည်လား သို့မဟုတ် သူ့ပတ်ဝန်းကျင်တွင် ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီး သူ့ကို ပြန်ခေါ်ရန် အခွင့်အရေး ရှာနေသည်လားဟု သူ့ကိုယ်သူပြန်မေးရင်း သူမ၏သရုပ်မှန်ကိုပင် တစ်ကြိမ် သံသယဖြစ်ခဲ့သည်။

သို့သော်ငြား ယခုတွင်တော့ သူမသည် သူ့အား သူမ၏နာမည်ကိုပင် မပြောပြချင်ဖြစ်နေလေသည်။ သူက ရှင်းရှင်းလင်းလင်းခံစားမိနေ၏။

သူမ ငါ့ကို သိပုံမရဘူး….

သူ့ကို မသိတာက ပုံမှန်ဆိုပေမဲ့ သူမက အရမ်းထူးခြားတယ်။ သူ သတိလစ်သွားပေမဲ့ သူ့ရဲ့ပြုပြင်ထားသည့်ခန္ဓာကိုယ်က အာရုံခံစားမှု အရမ်းကောင်းတာလေ။ သူမကုသမှုလုပ်နေတုန်းက သတိပြန်ရလာပြီး သူမက ဘာကိရိယာနဲ့ဆေးဝါးကိုမှ မသုံးခဲ့တာကို ရှင်းရှင်းလင်းလင်း ခံစားမိပေမဲ့ သူဒဏ်ရာတွေကို လွယ်လွယ်ကူကူပဲ ကုသပေးခဲ့တယ်။

သူမက သာမန်လူတော့ မဟုတ်ဘူး။

အဲဒီအခိုက်တန့်မှာမှ သူ့ကိုကယ်ဖို့ သူ့ဘက်မှာ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတာလို့လဲ မယုံချင်ပြန်လေဘူး။

မုရွှမ်ချင်းသည် မျက်လုံးများကို အောက်ချထားကာ ပြောလိုက်၏။

“ မင်းငါ့ကို ကယ်ခဲ့တာလေ ငါမင်းကို သေသေချာချာ ကျေးဇူးပြန်ဆပ်ချင်လို့ပါ”

“ ကျေးဇူးဆပ်မယ်ဟုတ်လား”

ကုချင်းယွီသည် ပေါ့ပါးစွာ တခစ်ခစ်ရယ်လိုက်၏။

“ ဟင့်အင်း ရှင်ကျွန်မကို မကူညီနိုင်ပါဘူး”

‘သူမ’ရဲ့အမုန်းတွေကို စိတ်ဝင်စားစရာကောင်းအောင် သူမကိုယ်တိုင် ကလဲ့စားချေပေးရမှာမလို့လေ။

“ ပြီးတော့ အခု ရှင့်ကိုယ်ရှင်တောင် ဂရုမစိုက်နိုင်တာ ကျွန်မကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ”

ငါက သူ့အပေါ်ယံဒဏ်ရာတွေကိုပဲ ကုပေးခဲ့တာလေ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကုပေးခဲ့တာမှ မဟုတ်တာ။ အခု သူက သွေးတွေအများကြီးဆုံးရှုံးထားလို့ ခံစားနေရတာ၊ သူ့မျက်နှာကလည်း ဖျော့တော့လို့။ သူ့နှုတ်ခမ်းတွေကလည်း ဖြူဆွတ်နေပြီး လမ်းလျှောက်လိုက်တိုင်း ချွေးတွေနဲ့ ဟောဟဲလိုက်နေတာ….

ဒီလိုအခြေအနေမျိုးမှာ သူ ဆေးရုံကို လိမ်လိမ်မာမာနဲ့ သွားတာ ပိုကောင်းတာပေါ့။

သူမသည် အနည်းငယ်ပြုံးလိုက်ပြီးနောက် လှည့်ထွက်လိုက်လေသည်။

“ခဏ ၊ ဒီနားမှာ ဆေးရုံရှိတယ်၊ မင်း ဒဏ်ရာကို အရင်သွားကုသင့်တယ်နော်…”

မုရွှမ်ချင်သည် သူမကို အလျင်စလို လှမ်းဆွဲလိုက်ရာ စိတ်လှုပ်ရှားသွားပြီး တစ်ဖန် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်လေသည်။

ကုချင်းယွီသည် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ သူ့ကိုကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

လူသားတွေက တကယ့်ကို အထိခိုက်မခံတာပဲ။ ကြည့်ပါအုံး သူအဆုတ်တွေ ထွက်ကျတော့မတတ် ချောင်းဆိုးနေလိုက်တာ။ လမ်းလျှောက်တာတောင် ပြဿနာတစ်ခုဖြစ်နေတာလား ဟင်။ ငါ သူနဲ့ ဆေးရုံကို အဖော်လိုက်သွားတာ ပိုကောင်းမှာပါလေ။ မဟုတ်ရင် သူလမ်းမှာ သတိလစ်သွားအုံးမယ်… ဘယ်သူမှ သူ့ကို မတွေ့ရင် သူသေသွားနိုင်တယ်၊ ဒါဆိုရင် ငါလေးသုံးခဲ့တဲ့ စွမ်းအင်တစ်ဝက်က အလကားဖြစ်သွားတော့မှာမလား။

ထိုသို့တွေးလိုက်ပြီးနောက် ကုချင်းယွီသည် ထော့နဲ့ ထော့နဲ့လျှောက်နေသည်ကို ရပ်လိုက်ပြီး သူ့ကို တွဲထူလိုက်ကာ အနီးရှိဆေးရုံဆီသို့ ခက်ခက်ခဲခဲ သွားလိုက်တော့သည်။

“ ဒါက ဘယ်လိုဖြစ်တာလဲ”

ဆေးရုံက ဆရာဝန်ကြီးသည် သူတို့ကို ထိုပုံစံနှင့် မြင်သွားချိန်၌ မျက်မှောင်ကျုံ့လိုက်

ပြီး ခေါင်းခါရင်း မေးလိုက်တော့သည်။

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset