အခန်း (၁)
“ကျေးဇူးပြုပြီး မင်းစိုက်ထားတဲ့ အသီးတွေကို တစ်နာရီအတွင်း လူနှစ်ယောက်ကို စားခိုင်းပါ၊ ဒါမှမဟုတ်ရင် မစ်ရှင်ကျရှုံးသွားလိမ့်မယ် ”
နွေရာသီ ကောင်းကင်က စူးရှတောက်ပနေသည်။ ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် စိတ်ပျက်စရာအကောင်းဆုံး ရာသီဥတုမှာ ဤကဲ့သို့ ရာသီဥတုမျိုး ဖြစ်သည်။ ယခုအချိန်၌ သူမက အပြင်ကို ထွက်ကို ထွက်ရတော့မည် ဖြစ်သည်။
ရှန်းထင်ရွှမ်းက သူမ၏နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူမ၏ညာဘက်လက်တွင်မူ ကြီးမားလုံးဝန်းပြီး အနီရောင်ယှက်နေသော အဝါရောင်တရုတ်ဆီးသီးများ ထည့်ထားသည့် ခြင်းတစ်ခြင်းကို ကိုင်ထားသည်။ သူမ လမ်းလျှောက်သွားခဲ့သည့် နေရာတိုင်း၌ ထိုအသီးများ၏ ချိုမွှေးသည့် ရနံ့က ပျံ့လွင့်နေပြီး လူများကို သွားရည်ကျအောင် ဆွဲဆောင်နေ၏။
သာမန်အားဖြင့် ဤကဲ့သို့ အသီးများသည် ဘယ်သူမှ မစားမှာကို မင်း ပူပန်မှာ မဟုတ်ဘူး။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ပြုံးလိုက်ပြီး ဆောင့်ကြောင့်အနေအထားဖြင့် ထိုင်ချလိုက်သည်။
“ကလေး မင်း ဒီအသီးကို စားကြည့်ချင်လား ”
ကလေးမလေးက သူမ၏ချစ်စဖွယ်ကောင်းသော ဦးခေါင်းလေးကို စောင်းလိုက်ပြီး ထိုကြီးမားသော ဆီးသီးကို ကြည့်လိုက်သည်။ ပြီးနောက် သူမ၏ညာဘက်လက်က စိတ်လှုပ်ရှားစွာ ဆွဲယူလိုက်သည်။
ရှန်းထင်ရွှမ်းက ပျော်ရွှင်သွားခဲ့သည်။
ခဏကြာပြီးနောက် သူမဆီသို့ သူမ၏နာရီလက်တံ (၂၀)မိနစ်မှာ ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် လျင်မြန်စွာ လာနေသည်ကို မြင်လိုက်ရသည်။ ပြီးနောက် သူမက ကလေးမလေးကို ကောက်ချီလိုက်သည်။ ဒီအချိန်မှာပဲ သူမက သတိရှိစွာဖြင့် ကြည့်ပြီး တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်၊ ကျွန်မရဲ့ ကလေးက အစာအိမ်သိပ်မကောင်းလို့ပါ ”
ထို့နောက် သူမက လှည့်ထွက်သွားသည်။
ခြေလှမ်း ၂လှမ်းခန့် လှမ်းပြီးနောက် သူမက ကလေးမလေးအား ဆုံးမနေသည်ကို ရှန်းထင်ရွှမ်းက ကြားလိုက်ရသည်။ “သမီး သူစိမ်းတစ်ယောက်က ပေးတာတွေကို မစားရဘူးလေ။ အဲဒါကို မှတ်မိလား ”
ရှန်းထင်ရွှမ်း : “အမှန်ပဲ၊ ဒါပေမဲ့ သူမရဲ့တာဝန်တွေက မပြီးမြောက်သေးဘူး ”
ဒါက သူမရဲ့ တစ်နာရီနီးပါးလုံး နောက်ဆုံး ကြိုးစားမှုတွေပဲလေ။ ဒါပေမဲ့ ဘယ်သူမှ ဒီဆီးသီးတွေကို မစားချင်ကြဘူး။ ပြီးတော့ သူတို့က သူမကို လူလိမ်လို့ ထင်နေကြတယ်။
ဒီဂျင်ဆင်းမြစ်က အရမ်းကိုပဲ မတရားသဖြင့် ခံနေရပြီ။
ဒါပေမဲ့ သူမ ဘာမှ မပြောနိုင်ဘူး။
လူသားတွေက သူတို့ဖြစ်သင့်တာထက် အရမ်းကို ခုခံကာကွယ်လွန်းနေပေသည်။ သူမက လူစိမ်းတစ်ယောက်လိုမျိုး ဖြစ်နေပြီ။ ဒါပေမဲ့ ဒီအချိန်မှာ ဘာကို လုပ်ရမလဲဆိုတာ သူမ တကယ်ပဲ မသိဘူး။
ထိုအခိုက်အတန့်၌ သေစေနိုင်သော စက်ပိုင်းဆိုင်ရာအသံတစ်ခုက သူမ၏နားထဲတွင် အေးတိအေးစက် မြည်လာသည်။ “မစ်ရှင်မပြီးဆုံးခင် ၁၀မိနစ် ကျန်ပါသေးသည်။ ယခု host ၏ မစ်ရှင်လုပ်ဆောင်ချက်သည် သုည ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးလျှင် ဝိညာဉ်သွေးကြောမှ နှစ်ရာခိုင်နှုန်း နှုတ်ယူပါမည်“
ရှန်းထင်ရွှမ်းက ကြားလိုက်ရပြီး သူမ၏မျက်နှာလေးက ပျက်သွားသည်။ ပြီးနောက် သူမ ခေါင်းက ငိုက်စိုက်ကျသွားသည်။
သူမက စုစုပေါင်း တစ်ရာခိုင်နှုန်းပဲ ပြန်လည်ဖြည့်တင်းရသေးတာလေ။ နှစ်ရာခိုင်နှုန်း နှုတ်ယူမယ်။ ဒါက သူမကို သေခိုင်းနေတာ မဟုတ်ဘူးလား။
နှစ်တစ်သောင်းဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမက ခါးသီးစွာ အသက်ရှင်ခဲ့ရသည်။ နောက်ဆုံးတွင် အမြစ်တစ်ခု ဖြစ်လာရန် ပျိုးထောင်ခဲ့သည်။ သို့သော် သူမက မိုးကြိုးပစ်ခံလိုက်ရသည်။
သူမက မိုးကြိုးပစ်ခံရပြီးတာတောင် ဘာလို့ စာအုပ်ကမ္ဘာထဲကို ကူးပြောင်းခံလိုက်ရတာလဲ။
ဒါက သူမနားမှာ ဇာတ်လမ်းအကြောင်း ပြောနေတဲ့ အဲ့ဒီမိန်းမကလေးနှစ်ယောက်ပဲ ဖြစ်ရမယ်။
စာအုပ်ခေါင်းစဉ်က “ ကြီးမြတ်သော အရှင်သခင်၏ ဇနီးလေး ” ဖြစ်သည်။ ရှန်းမိသားစု၏သမီးအစစ်ကလည်း စာအုပ်ထဲမှ ရက်စက်သော မူလပိုင်ရှင် ဖြစ်သည်။
မူလကိုယ်က အသက်ဆယ့်ရှစ်နှစ် ရောက်သောအခါ ရှန်းမိသားစုက သူမကို ခေါ်ယူခဲ့သည်။ သို့သော်လည်း မူလကိုယ်က သူမမှာ ရှိသင့်သည့် အရာရာတိုင်းကို မနှစ်သက်ခဲ့ပေ။ သူမ မည်မျှ အလုပ်ကြိုးစားစေကာမူ ချမ်းသာသော မိဘများက သူမကို မနှစ်သက်ဆဲ ဖြစ်ပြီး ဆွေမျိုးများကလည်း သူမကို အထင်အမြင်သေးမြဲ ဖြစ်သည်။ လူတိုင်းက မွေးစားသမီးက ပိုကောင်းသည်ဟု ထင်နေကြပြီး သူမနားက လူများကလည်း သူမကို မုန်းနေကြသည်။
မွေးစားသမီး၏ ထပ်ခါ ထပ်ခါ အကွက်ချမှုများကြောင့် မူလကိုယ်က နောက်ဆုံးတွင် ရှန်းမိသားစုမှ နှင်ထုတ်ခံခဲ့ရသည်။
နောက်နေ့မှာ မူလကိုယ်က သူမအမေဘက်မှ အဘွားချန်ထားခဲ့သည့် ရှင်းယွမ်ရှန် (ရှင်းယွမ်တောင်)ကို ရောင်းခဲ့သည်။ ပြီးနောက် သူမက ထိုပိုက်ဆံများဖြင့် အဝေးကို ထွက်သွားခဲ့သည်။
သူမက သူမဝယ်ချင်ခဲ့ပြီး မဝယ်နိုင်ခဲ့သည့် ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သည်။ ပြီးတော့ ကမ္ဘာအနှံ့ကို ခရီးထွက်ခဲ့သည်။ သူမက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး သူမ၏ချမ်းသာကြွယ်ဝမှုကို ပြသခဲ့ပြီး အင်တာနက်ဆယ်လီလမ်းကြောင်းသို့ သွားခဲ့သည်။
နှစ်ဝက်မရှိသေးခင်၌ သူမက တောင်ကို ရောင်းလို့ရသည့်ငွေအမြောက်အများကို သုံးပစ်လိုက်သည်။
သို့သော် မူလကိုယ်က ခမ်းနားထည်ဝါသော နေထိုင်မှုပုံစံမျိုးနှင့် အသားကျနေနှင့်ပြီးသား ဖြစ်နေသည်။ ပိုက်ဆံမရှိဘဲ မည်ကဲ့သို့ နေနိုင်မည်နည်း။
ထို့ကြောင့် သူမက စာအုပ်ထဲတွင် အမျိုးသားဇာတ်လိုက်ပေါ်တွင် သူမအာရုံစိုက်လိုက်တာ ဖြစ်သည်။
အမျိုးသားဇာတ်လိုက်က အရှင်သခင်ဖြစ်သည်။ သူက မူလကိုယ်ကို မည်ကဲ့သို့ စိတ်ဝင်စားမည်နည်း။ သူ့နှလုံးသားထဲတွင် ရှိသည့်အချစ်စစ်က မွေးစားသမီးဖြစ်သည်။ သို့သော် မူလကိုယ်က ဤအချက်ကို လျစ်လျူရှုခဲ့သည်။ အမျိုးသားဇာတ်လိုက်ကို ပြင်းပြင်းထန်ထန် စိတ်အနှောင့်အယှက်ပေးနေစဉ်အတွင်း သူမက အမျိုးသမီးဇာတ်လိုက်ကို ထပ်ခါ ထပ်ခါ ပြစ်တင်ဝေဖန်နေသည်။ အမျိုးသားဇာတ်လိုက်က သူ့ချစ်သူကို အနိုင်ကျင့်သူများကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
မိန်းကလေးနှစ်ယောက်က စာအုပ်အကြောင်း ပြန်ပြောနေကြတာမပြီးသေးခင် သူမက မိုးကြိုးအပစ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ ထို့နောက် သူမက ရှန်းမိသားစုမှ ထွက်မသွားခင်အချိန်က အမျိုးသမီးဇာတ်ကောင် ဖြစ်လာခြင်း ဖြစ်သည်။
သူမက ဘာအတွက်ကြောင့် အခု ဒီနေရာမှာ ရှိနေရတာလဲ။ ပြီးတော့ သူမက နေရာတိုင်းကလူတွေကို ဆီးသီးတွေ လိုက်ပေးဖို့ လိုနေရတာလဲ။ စနစ်ကြောင့်ပဲ။
ရှန်းထင်ရွှမ်းက မြေကြီးထဲမှာ အမြစ်တွယ်နေခဲ့ပေမဲ့ သူမက စိုက်ပျိုးရတာ နှစ်သက်တယ်လို့ ဘယ်တော့မှ မပြောခဲ့သင့်ဘူး။
မနေ့က သူမ မိုးကြိုးပစ်ခံလိုက်ရပြီး သေလုမျောပါး ဖြစ်သွားခဲ့သည်။ သူမ သေသွားပြီးနောက် သူမ၏မူလကိုယ်အခြေအနေက အကောင်းတိုင်း မရှိနိုင်တော့ဘူး။ လူတစ်ကိုယ်လုံး၏ အခြေအနေက အဆုံးစွန်ထိ ဆိုးရွားနေခဲ့သည်။
သည်အချိန်မှာ စနစ်ဟူသည့်အရာက ပေါ်လာခဲ့ပြီး သူမစိုက်ပျိုးထားတာကို လူတစ်ယောက်က စားမည်ဆိုပါက သူမ၏ကိုယ်မှာ ရှိသည့် ဝိညာဉ်သွေးကြောများက ၁ရာခိုင်နှုန်း ပြန်လည် သိုလှောင်နိုင်လိမ့်မည်ဟု ပြောသည်။
ရှန်းထင်ရွှမ်း၏ ခန္ဓာကိုယ်ထဲတွင် ရှိသည့် ဝိညာဉ်စွမ်းအင်လမ်းကြောင်းကသာလျှင် မိသားစုခြံဝန်းထောင့်ရှိ အနီရောင်ဘယ်ရီသီးကို အာဟာရပြည့်စေနိုင်သည်။ ရှန်းမိသားစုက သူမနှင့် ဆိုးရွားသည့်ဆက်ဆံရေး ရှိသည်။ အဲဒီလိုဖြစ်ဖြစ် မဖြစ်ဖြစ် ကိစ္စတော့မရှိပါဘူး။ ဘယ်သူမှ မစားချင်ကြမှာ မဟုတ်ဘူး။
ရှန်းထင်ရွှမ်းက နေပူပူထဲ ထွက်လာခဲ့သည်။ ပြီးနောက် ဤအနီရောင်ဘယ်ရီသီးကို လူကြီးတစ်ယောက် အပူရှပ်ခြင်းမှ ကယ်တင်ရန် အသုံးပြုခဲ့သည်။
အနီရောင်ဘယ်ရီသီးကို သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းပေးခဲ့သည်။ ထိုအရာက အသက်ကြီးသည့်သူများကို အပူရှပ်ခြင်းမှ ကယ်တင်နိုင်သည်မှာ အံ့ဩစရာ မဟုတ်ချေ။ ထူးဆန်းနေသည်မှာ သူမ၏နားထဲမှ စက်ပိုင်းဆိုင်ရာအသံက အမှန်တကယ်မြည်နေသည်မှာ “ပထမဆုံးတာဝန်ကို ပြီးမြောက်သွားသည့်အတွက် ဂုဏ်ယူပါသည်၊ ဆုတစ်ခု အဖြစ် ဝိညာဉ်ကြောများကို ၁ % ပြန်လည်ပေးအပ်ထားပါသည် ”
ထိုစဉ် ရှန်းထင်ရွှမ်းသည် သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်က ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။ သို့သော် စနစ်က ညနက်သည့်တိုင် ပြန်ပေါ်မလာတော့ချေ။ စက်ပိုင်းဆိုင်ရာအသံက တာဝန်တစ်ကို တဖန် ထုတ်ပြန်ခဲ့သည်။
“ ကျေးဇူးပြုပြီး ၁ လူနှစ်ယောက်ကို မင်းစိုက်ထားသောအသီးများ ၁၂ နာရီအတွင်း စားခိုင်းပါ ”
ရှန်းမိသားစု၏ခြံဝင်းထဲတွင် ဥယျာဉ်များရှိသော်ငြား သူတို့က အလှဆင်ဘွန်ဆိုင်းပင်များကို စိုက်ထားကြသည်။ ဤစနစ်၏ စီစဉ်ထားသောနည်းလမ်းအရ သူမက ရှေ့လျှောက်တာဝန်များကို သတိထား ခန့်မှန်းနိုင်သည်။ ထိုတာဝန်က သူမ၏အသီးများကို လူတစ်ရာ၊ လူတစ်ထောင် သို့မဟုတ် လူတစ်သောင်းခန့် စားရန် လိုအပ်သည်။
မူလကိုယ်၏ မှတ်ဉာဏ်များကို လက်ခံပြီးသည့်နောက် ရှန်းထင်ရွှမ်းက မူလကိုယ်၏ နာမည်အောက်၌ တောင်တစ်လုံးရှိသည်ကို သိခဲ့ရသည်။ ထို့ကြောင့် သူမက ညလယ်လောက်မှာ ရှင်းယွမ်ရှန်ဆီကို လာခဲ့သည်။ ဤတောင်ကို မူလကိုယ်၏ အမေဘက်မှ အဘွားက ချန်ထားခဲ့သည်။ ထိုအမေဘက်မှ အဘွားက လွန်ခဲ့သော နှစ်နှစ်ခန့်က သေဆုံးသွားခဲ့ပြီး ရှန်းမိသားစုက ထိုနေရာကို တစ်ခါမှ မသွားခဲ့ပေ။
ကြီးမားသောတောင်တစ်လုံးက မဖြစ်ထွန်းသောမြေတစ်ခု ဖြစ်လာခဲ့သည်။
ရှန်းထင်ရွှမ်းက အမှောင်ကို မကြောက်ပေ တောင်၏တောင်ဘက်ခြမ်းကို တက်ရန် နာရီပေါင်းများစွာ ကြာခဲ့သည်။ သူမက တရုတ်ဆီးသီးပင်နှင့် မက်မွန်သီးပင်များကိုသာ တောင်ပေါ်မှာ တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းက တရုတ်ဆီးသီးများကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ တရုတ်ဆီးသီးများက မက်မွန်သီးများထက် သေးငယ်ပြီး ဝိညာဉ်စွမ်းအင်ကို အနည်းငယ်သာ လိုအပ်ပေ၏။
သူမက သူမ၏ဝိညာဉ်သွေးကြောများကို တစ်ရာခိုင်နှုန်းသာ ပြန်လည်ရရှိသေးပြီး ဝိညာဉ်စွမ်းအင်ဖြင့် သေးငယ်သောအကိုင်းတစ်ခုကိုသာ ရေလောင်းနိုင်ပေသည်။
မနေ့က ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းခဲ့သော အနီရောင်ဘယ်ရီသီးက အရွယ်အစား ပြောင်းလဲခြင်း မရှိပေ။ သို့သော် အရသာကမူ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ယနေ့ တရုတ်ဆီးသီးများမှာမူ ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းပြီးသည့်နောက် အရွယ်အစား၊ အရသာနှင့် အရောင်တို့ ပြောင်းလဲသွားခဲ့သည်။ အားလုံးပြီးသည့်နောက် သူတို့သည် ဂျင်ဆင်းမြစ်၏ဝိညာဉ်စွမ်းအင်များ ဖြစ်ကြပြီး ဝိညာဉ်သွေးကြောများ၏ ၁ % ကတောင် သက်ရောက်မှုကို ကောင်းကောင်း ပြန်လည် ထိန်းသိမ်းပေးသည်။
စနစ်က အချိန်တစ်နာရီကျန်သည်ဟု သူ့ကို သတိပေးလာသောအခါ ရှန်းထင်ရွှမ်းက ခြင်းတောင်းတစ်ခုကို ရှာလိုက်ပြီး တရုတ်ဆီးသီးများကို ထည့်လိုက်ကာ တောင်အောက်သို့ ပြေးဆင်းသွားသည်။
နေ့လယ်ခင်းတွင် လမ်းမပေါ်၌ လူအများကြီး ရှိမနေချေ။ ရှန်းထင်ရွှမ်းက မျက်လုံးကို ပင့်ကြည့်လိုက်ပြီး လူအများကြီးကို မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမနားထဲမှ မြည်နေသော စက်အသံကို နားထောင်ရုံသာ ရှိတော့သည်။
ရှန်းထင်ရွှမ်းက လက်လျှော့ရန် ဆန္ဒမရှိပေ။ သူမက အသက်ပြင်းပြင်းရှုလိုက်ပြီး သူမနှင့် အနီးဆုံးရှိ သုံးထပ်အိမ်ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် တံခါးကို ခေါက်လိုက်သည်။ မည်သူမျှတံခါး မဖွင့်ပေးကြချေ။ ထို့နောက် နောက်တစ်အိမ်ကို ပြေးပြီး တံခါးကို ခေါက်လိုက်၏။
တစ်ခဏကြာပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က တံခါးဖွင့်ရန် လာခဲ့၏။ လူစိမ်းတစ်ယောက်ဖြစ်နေသည်ကို မြင်သောအခါ သူမက အံ့ဩသွားသည်။
“ဘာကိစ္စရှိလို့လဲရှင့် ”
ရှန်းထင်ရွှမ်းက တရုတ်ဆီးသီးများကို လက်အပြည့် ကိုင်ထားပြီး သူမ၏စိတ်အားထက်သန်မှုကို ပြသရန် ကြိုးစားလိုက်သည်။ “ဒါတွေက ကျွန်မ ကိုယ်တိုင်စိုက်ထားတဲ့ ဆီးသီးတွေပါ၊ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါလား ” အမျိုးသမီးက ပြုံးလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြန်ပြောသည်။ “အိုး မင်းစိုက်ထားတာလား၊ ကျွန်မ ရှင့်ကို အရင်က မမြင်ဖူးဘူးနော် ”
ရှန်းထင်ရွှမ်းက ဆန့်ကျင်ဘက် တောင်ကို ညွှန်ပြလိုက်ပြီး “ကျွန်မ ဒီနေရာကို အခု ပြောင်းလာတာ၊ ကျွန်မက အဲဒီမှာ နေနေတာ ”
အိမ်နီးချင်းအသစ်တစ်ယောက်အနေဖြင့် အိမ်နီးချင်းတွေကို လက်ဆောင်များ ပေးခြင်းက ပုံမှန်သာ ဖြစ်သည်။
အမျိုးသမီးက လက်ဆောင်များကို ယူလိုက်ပြီး သူမက နွေးထွေးစွာ ပြောလိုက်သည်။
“ကျေးဇူးပါ၊ ကျေးဇူးပါ၊ ဒါပေမဲ့ ကျွန်မ ခဏလောက် မှေးဦးမှာမလို့၊ ရှင့်ကို အထဲဝင်ထိုင်ဖို့ မဖိတ်တော့ဘူးနော် ”
“ရပါတယ်ရှင် ”
ရှန်းထင်ရွှမ်းက ထွက်သွားလိုက်ပြီး အမျိုးသားတစ်ယောက်၏အသံက အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
“အဲ့ဒါ ဘယ်သူလဲ ”
“ဘာမှ မဟုတ်ပါဘူး၊ လူတစ်ယောက် ဆီးသီးတွေ လာပို့သွားတာပါ ”
အမျိုးသားက လမ်းလျောက်ထွက်လာပြီး အမျိုးသမီး၏လက်ထဲမှ တရုတ်ဆီးသီးများကို မြင်သွားခဲ့သည်။ တစ်လုံးကို မြည်းရန် အသင့်ဖြစ်နေသည်။
သို့သော် သူက အမျိုးသမီး၏လက်ဖြင့် ရိုက်ထုတ်ခံလိုက်ရသည်။ သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ရှင် တကယ် စားမလို့လား၊ အဲဒီတောင်က ကျက်တီးမြေလေ၊ သူမ ပြောတာတော့ အဲ့ဒီနေရာမှာ နေတာတဲ့၊ သူမ လိမ်နေတာပဲ ဖြစ်မယ်၊ ဒီထဲမှာ ဘာတွေပါလဲ ဘယ်သူသိမှာလဲ ”
ယောက်ျားဖြစ်သူက တိုးတိုးပြောလိုက်သည်။ “အဲဒါက ဘယ်လိုလုပ် အရမ်းဆိုးနိုင်မှာလဲ”
“မစ်ရှင်ပြီးဆုံးရန် သုံးမိနစ် ကျန်ရှိပါသေးတယ်၊ host က ဤအိမ်မှ မစ်ရှစ်ပြီးမြောက်မှု သုညရာခိုင်နှုန်းနဲ့ ထွက်လာပါတယ်”
နောက်အဆောက်အအုံနှင့် ယခုနေရာကြားရှိ အကွာအဝေးသည် သေချာပေါက် သုံးမိနစ်ထက်ပိုပေသည်။
ရှန်းထင်ရွှမ်းက ဖင်ထိုက်လျက် ထိုင်ချလိုက်သည်။ တောင်ခြေတွင် အိမ် မဆိုထားနှင့်၊ လူရိပ်လူယောင်တောင် မတွေ့ရချေ။ ဤမစ်ရှင်က ကျရှုံးမည့်ပုံ ပေါ်နေသည်။ သူမ၏မစ်ရှင်က သူမစိုက်ပျိုးထားသော အသီးကို စားရန် လူနှစ်ယောက် လိုအပ်ပေသည်။ ထိုအမျိုးသမီးက ထိုအသီးများကို အခု မစားသည်မှာ သိသာပေသည်။
ရှန်းထင်ရွှမ်းက ဆီးသီးတစ်လုံးကို ခြင်းထဲမှ ထုတ်ယူလိုက်ပြီး ၎င်းကို ဖြည်းဖြည်းချင်း အခွံနွှာလိုက်သည်။ ထိုဆီးသီးကို သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းထားရာ ၎င်း၏အသွင်အပြင်က မူလဆီးသီးများနှင့် အရသာရော အာနိသင်ပါ ကွဲပြားပေသည်။
သူမက ညင်သာစွာ ကိုက်လိုက်သည်။ ချိုမြိန်သည့်အရသာက သူမ၏ပါးစပ်တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားပြီး အသီးအရည်က ကျောက်စိမ်းနှင်းစက်ကဲ့သို့ ချိုမြိန်သည်။
ထိုသို့ အရသာရှိသည့် ဆီးသီးများကို စားကြည့်ရန် ပေးသည်ကို မည်သူမျှ မစားချင်ကြပေ။ သူမ တတယ် အဖြေမရှာနိုင်တော့ချေ။
သိပ်မဝေးသည့် နေရာမှ ကားတစ်စီးက ရှန်းထင်ရွှမ်းဆီသို့ လာနေပြီး ကားမောင်းနေသည့် အမျိုးသားက မိန်းကလေးတစ်ယောက် တောင်ပေါ်မှာ ထိုင်နေသည်ကို မြင်ခဲ့သည်။ သူမက သူမခြေထောက်ပေါ်ရှိ ဆီးသီးများကို စားနေခဲ့သည်။ သည်အချိန်က ဆီးသီးများ ရင့်မှည့်သည့်ရာသီ ဖြစ်သည်။ ရွာထဲ၌ ဆီးသီးများကို စိုက်ပျိုးသည့်လူ အများအပြား ရှိကြသည်။ သို့သော် သူတို့ထဲမှ မည်သည့်ဆီးသီးကမှ ဤကဲ့သို့ စားချင်စိတ်ကို မဖြစ်ပေါ်စေပေ။
သူက မိန်းကလေး၏လက်မှ ဆီးသီးအရည်များ မြေပြင်ပေါ် စီးကျနေသည်ကို မြင်လိုက်ပြီး သွားရည်ကျတာကို မထိန်းနိုင်ခဲ့ပေ။ ရှန်းထင်ရွှမ်းနား၌ ကားကို ရပ်လိုက်ပြီး အနီးရောက်သွားသောအခါ ထိုဆီးသီးက ရွာထဲတွင် စိုက်ထားသည့် တခြားအသီးများနှင့် မတူဘဲ အလွန်ကြီးမားနေသည်ကို သူက တွေ့ရှိသွား၏။
“မင်း ဒီဆီးသီးကို ဘယ်က ကောက်လာခဲ့တာလဲ ”
ရှန်းထင်ရွှမ်းက ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒါက ကျွန်မကိုယ်တိုင် စိုက်ထားတာလေ ”
ကားထဲရှိ လူက တစ်ချက် ကြည့်ပြီး မေးလိုက်သည်။ “ဘယ်လောက်လဲ ”
“ဘယ်လောက်ဖြစ်ဖြစ် ” ရှန်းထင်ရွှမ်းက ပြောလိုက်သည်။
ရွာထဲရှိ ဆီးသီးများက ပျမ်းမျှ တစ်ကတ်တီ (၁ကတ်တီ = ၆၀၀ ဂရမ်) ကို သုံးယွမ် ရှိသည်။ ဤဆီးသီးများက အရည်အသွေး အလွန်ကောင်းပေသည်။ ထိုအကြောင်းကို တွေးမိပြီးနောက် ထိုလူက ရှန်းထင်ကို တစ်ကတ်တီအတွက် စျေးနှုန်း၏နှစ်ဆ ၅ယွမ် ပေးလိုက်သည်။ ထို့နောက် ဆက်မောင်းသွားပြီး သိပ်မဝေးသည့် အိမ်တစ်လုံး၌ ရပ်လိုက်သည်။
“မစ်ရှင်ပြီးဆုံးရန် တစ်မိနစ် ကျန်ရှိပါသေးသည် ယခု လက်ရှိ host ရဲ့ မစ်ရှင်လုပ်ဆောင်ချက်သည် သုညရာခိုင်နှုန်း ဖြစ်ပါသည် ”
ရှန်းထင်ရွှမ်းက ထိုအရာကို မြင်လိုက်သည်။ ကားထဲ၌ လူတစ်ယောက်သာ ရှိပေသည်။ ကားရပ်ထားသည့်အိမ်သည် ရှန်းထင်ရွှမ်းက တံခါးခေါက်ခဲ့ပြီး လူမရှိသောအိမ် ဖြစ်သည်။ ဆိုရလျှင် အလွန်ဆုံးမှ လူတစ်ယောက်သာ စားမည်ဖြစ်သောကြောင့် တာဝန် ပြီးမြောက်မှာ မဟုတ်ပေ။
ကောင်းကင်ဘုံက ငါ့ကို သတ်လိမ့်မယ်။
“တာဝန်မပြီးဆုံးမီ သုံးဆယ်စက္ကန့် ကျန်ရှိသေးသည်။ ယခု host ၏တာဝန်ပြီးမြောက်ရန် လုပ်ဆောင်မှုသည် ၅၀ရာခိုင်နှုန်း ဖြစ်ပါသည် ”
စနစ်ဆီမှ နားထောင်နေစဉ် သူမက လက်မှိုင်ချပြီး မြေကြီးပေါ်၌ လှဲနေခဲ့သည်။ သူမက သူမ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ လွင့်ပါးသွားတာကို ခံစားမိသည်။ ယင်းကို နှစ်ရက်သာ သိုလှောင်ပြီးနောက် အဆုံးသတ်သွားမှာ ဖြစ်သည်။ ယခုအခေါက်တွင် ဂျင်းဆင်းဝိညာဉ်လေး သူမက အသက်တိုလှချေသည်။
မျှော်လင့်ထားသည့် နာကျင်မှုက ရောက်မလာခဲ့ဘဲ ထိုအစား စက်ပိုင်းဆိုင်ရာအသံက အေးတိအေးစက် ရောက်လာခဲ့သည်။ “တာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုတစ်ခု ရရှိပါသည်။ ဝိညာဉ်သွေးကြောများ၏ ပြန်လည်ပြုပြင်မှုသည် နှစ်ရာခိုင်နှုန်း ဖြစ်ပါသည်။ ”
ရှန်းထင်ရွှမ်းက ရှော့ရသွားပြီး ထထိုင်လိုက်သည်။ ဒါက ပြီးသွားပြီလား။
…