PTH အပိုင်း ၂၄

အပိုင်း ၂၄ ကိုးည

နောက်တစ်ည လီရှီရှူး ကျင်းကျူး၏ ဂူဗိမာန်ကို ထပ်လာခဲ့သော်လည်း အကြာကြီးမနေခဲ့ပေ။ သူ ကျင်းကျူးကို စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွား၏။

အာအိုးယာမာဂိုဏ်းတစ်ခုလုံး မျှော်လင့်ချက်များ ပုံ‌အောထားသည့် မွေးရာပါ တာအိုအမျိုးအစားနှင့် လူတစ်ယောက်အနေဖြင့် လီရှီရှူးသည် ဖိအားအကြီးကြီးအောက်တွင် ဖြစ်သည်။ အတွင်းစည်းတွင် သူတို့က သူ့ထက်မကောင်းခဲ့ကြလျှင်ပင် သူ့ထက် ကြိုးကြိုးစားစားလေ့ကျင့်နေကြသည့် တခြား ပါရမီရှိသော တပည့်များစွာရှိကြ၏။ ထို့အပြင် သူသည် ဂုဟန်နှင့်အတူ လေ့ကျင့်နေပြီး လျန်းဝမ်တောင်ထွတ်ပေါ်တွင် ထူးဆန်းသော လူအချို့နှင့် မကြာခဏဆုံတွေ့ခဲ့သောကြောင့် သူ စိတ်ပြေလက်ပျောက် နေလို့မရပေ။

တတိယမြောက်ညတွင် လီရှီရှူး ရောက်လာခဲ့၏။ သူ အိပ်ယာပြင်ပေးလိုက်ပြီး ကျင်းကျူးကို လက်ဖက်ရည်ဆက်သလိုက်သည်။

သူ့ဘယ်ခြေထောက်က ကောင်းကောင်းလမ်းမလျှောက်နိုင်သည်ကို ကျင်းကျူး သတိပြုမိခဲ့ပြီး ထို့နောက် သူ့လည်ပင်းနောက်ရှိ ဒဏ်ရာတစ်ခုကို သူ တွေ့ရှိသွားခဲ့သည်။

“မင်း ထပ်အရိုက်ခံရပြန်ပြီလား။”

လီရှီရှူး အလျင်အမြန်ရှင်းပြလိုက်၏။

“ဒါက အစ်ကိုကြီးဂုနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော် ဓားတိုက်ခိုက်မှုတစ်ခုကနေ ရလာခဲ့တာပါ။”

ကျင်းကျူး ဘာမှမပြောခဲ့ပေ။

သူ လိမ်ညာခဲ့သောကြောင့်ဖြစ်နိုင်၏။ သို့မဟုတ် ကျင်းကျူးရှေ့တွင် ဂုဟန်ကို သူ ကာကွယ်ပြောဆိုခဲ့သောကြောင့်ဖြစ်နိုင်၏။ လေထုက အနည်းငယ် ကိုးရိုးကားရားဖြစ်လာသည်ဟု လီရှီရှူး ခံစားလိုက်ရသည်။

“ဒါဆို သခင်လေး… ကျွန်တော် သွားလိုက်ဦးမယ်”

ကျင်းကျူး သူ့ကို မတုံ့ပြန်ခဲ့ပေ။

ဂူအပြင်ဘက်တွင် ဓားအလင်းရောင်သည် ညကောင်းကင်ယံ၏ အနားစွန်းကို တောက်ပသွားစေခဲ့ပြီး အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားသည်။

ကျင်းကျူး ခေါင်းမော့လိုက်ပြီး ထိုအရပ်ကို ကြည့်လိုက်ကာ တိတ်ဆိတ်နေ၏။

လျန်းဝမ်တောင်ထွတ်၏ စတိုင်လ်ကို သူ သိပေသည်။ သူတို့က ရွေးချယ်လိုက်သည့် မည်သည့်တပည့်မဆို တင်းကြပ်စွာ ထိန်းချုပ်ခံရလိမ့်မည်ဖြစ်သော‌ကြောင့် လီရှီရှူး ဖိအားအကြီးကြီးအောက် ရောက်နေရပေမည်။

လေးညမြောက်တွင် ခြံငယ်လေးသည် နောက်တစ်ကြိမ် တွန်းဖွင့်ခံလိုက်ရသော်လည်း ရောက်လာသူမှာ လီရှီရှူး မဟုတ်ခဲ့ပေ။ သို့သော် ထိုနေ့က ဓားတောင်ပေါ်တွင် သူ တွေ့ခဲ့သည့် ဝတုတ်ဖြစ်၏။

“ငါ့နာမည်က မာဟွာ။ အဲဒါက လျန်းဝမ်တောင်ထွတ်မှာ အဆင့် ၃၇ ချိတ်တဲ့ မထင်ရှားတဲ့ နာမည်တစ်ခုဖြစ်ပေမယ့် မင်းက ငါ့ထက်ပိုပြီး ကျော်ကြားပေမယ့် သေချာပေါက် မင်းထက် ငါက အများကြီး ပိုအရေးပါတယ်။ ဒီည ငါ ဘာလို့ ဒီကိုရောက်လာသလဲဆိုတာ မင်း သိလောက်မယ်ထင်တယ်။ ငါက ဒီနေရာကို တတိယအစ်ကိုဂုကိုယ်စား သတင်းစကားပြောဖို့ ရောက်လာခဲ့တာပဲ။ မင်း ရှီရှူးကို နောက်ထပ် မတွေ့နဲ့တော့။ တစ်ခုခုပြောဖို့ လောစရာမလိုပါဘူး။ ဒီလို နည်းလမ်းတွေကို မင်း အထင်သေးတာ ငါ သိပါတယ်၊ မင်းက လျန်းဝမ်တောင်ထွတ်ကို မဝင်ရောက်သရွေ့ ငါတို့မှာ မင်းကို ဂရုစိုက်စရာ အကြောင်းပြချက်မရှိဘူး။ ဒါပေမယ့် ရှီရှူးက ငါတို့နဲ့အတူ ဓားပညာလေ့လာနေတာကို မမေ့ပါနဲ့။”

မာဟွာ ကျင်းကျူးကိုကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ရှီရှူးက တောင်ထွတ်ရဲ့ စည်းမျဉ်းတွေနဲ့ နေ့တိုင်း အပြစ်ပေးခံရတယ်။ ဒဏ်ရာတွေက မစိုးရိမ်ရပေမယ့် သူတို့က အမြဲနာကျင်ရတယ်။ အဲဒါက အဓိပ္ပာယ်မရှိဘူး။”

ကျင်းကျူး သူ့ကို ကြည့်လိုက်၏။

မာဟွာ ဆက်ပြောလိုက်သည်။

“တောင်ပိုင်းထင်းရှူးစံအိမ်မှာ ရှီရှူးက မကျင့်ကြံရင်တောင် မင်းနောက်လိုက်ဖို့ ရွေးချယ်လို့ရပေမယ့် အခု သူက အဲလိုရွေးချယ်မှုတစ်ခု လုပ်လို့မရဘူးဆိုတာ မင်းသိပါတယ်။”

သူပြောသည့်အရာက မှန်သည်ကို ကျင်းကျူးသိပေသည်။ လူများစွာလိုချင်သည့် ဓားနည်းစနစ်များကို လေ့လာရန် တောင်ထွတ်ကိုးခုကို ရောက်လာသည့် မွေးရာပါတာအိုအမျိုးအစားနှင့် လူတစ်ယောက်အနေဖြင့် မည်သူက ၎င်းတို့အားလုံးကို စွန့်လွှတ်နိုင်မည်နည်း။

“ဒါပေါ့၊ သူ့ကို ဆုံးဖြတ်ချက်တစ်ခုချဖို့ ငါတို့ ဖိအားပေးမှာမဟုတ်ဘူး။”

မာဟွာ ပြုံးလိုက်ပြီး ပြေားလိုက်သည်။

“တကယ်တော့ သူက မင်းကို လာမတွေ့နိုင်ရင် မင်းက သူ့ကို သွားတွေ့လို့ရပါတယ်။”

ဤစကားထဲရှိ ပုန်းကွယ်နေသည့် အဓိပ္ပာယ်က နက်နဲသော်လည်း ကျင်းကျူးအတွက် ၎င်းက ရှင်းလင်းလှသည်။

ကျင်းကျူး အနည်းငယ် အံ့ဩသွား၏။

“မင်း ငါ့ကို လျန်းဝမ်တောင်ထွတ်ထဲ ဝင်စေချင်တာလား။”

မာဟွာ သူ့ကို ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့အတွေးက ဂုဟန်နဲ့မတူဘူး။ မင်းက ဆေးလုံးတွေစားခဲ့သလား ဒါမှမဟုတ် အတွင်းစည်းကို မင်း ဘယ်လိုဝင်ရောက်လာခဲ့သလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါသိတာက မင်းက ပါရမီရှင်စစ်စစ်တစ်ယောက်ဖြစ်ပြီး ငါတို့ရဲ့ လျန်းဝမ်တောင်ထွတ်က ပါရမီရှင်တွေကို သဘောအကျဆုံးပဲ။”

ပြဿနာမှာ ကျင်းကျူးက လျန်းဝမ်တောင်ထွတ်ကို မနှစ်သက်ခြင်းဖြစ်သည်။

သူ ဂူအပြင်ဘက်ကို ညွှန်ပြလိုက်ပြီး ဧည့်သည်ကို ထွက်သွားရန် အချက်ပြလိုက်၏။

မာဟွာ၏အပြုံး ပျောက်ကွယ်မသွားခဲ့ဘဲ ပို၍ပင် တောက်ပလာခဲ့ကာ ပြောလိုက်သည်။

“စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ။”

***

ငါးညမြောက်တွင် လီရှီရှူး ရောက်လာခဲ့၏။

ကျင်းကျူး သူ့ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်ကိုမျှ မတွေ့ခဲ့ရသော်လည်း သူ့မျက်နှာပေါ်ရှိ ပင်ပန်းမှုနှင့် သူ့မျက်လုံးထဲရှိ တုံ့ဆိုင်းမှုတို့ကို မြင်တွေ့ခဲ့ရသည်။

ဂူထဲတွင် ဆိတ်ငြိမ်၏။ ရှီရှူး သန့်ရှင်းရေးကို အပြီးသတ်လိုက်ပြီး ကျင်းကျူးရှေ့တွင် ရပ်လိုက်ကာ ခေါင်းငုံ့ထားလျက် ပြောလိုက်သည်။

“ဓားပညာရပ်ကို လေ့ကျင့်ရတာက အရမ်းခက်ခဲတယ်၊ ကျွန်တော့်မှာ အိမ်စာတွေအများကြီးရှိတယ်။ ကျွန်တော် နေ့တိုင်း မလုပ်နိုင်…”

ကျင်းကျူး လက်မြှောက်ပြလိုက်၏။ ရှီရှူး သဘောပေါက်လိုက်ပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

“ကျင့်ကြံခြင်းဆိုတာ အမြဲ အာရုံစူးစိုက်ခြင်းပဲ။”

လီရှီရှူး ခေါင်းမော့လိုက်ပြီး ကျင်းကျူး၏ မျက်နှာကို ကြည့်လိုက်သည်။

ကျင်းကျူး ဓားကျမ်းစာအုပ်ကို ဖတ်နေပြီး အလွန်အာရုံစူးစိုက်နေပုံရ၏။

ကျင်းကျူးက သူ့ကို မကြည့်ချင်ခဲ့ရုံသာဖြစ်သည်ကို လီရှီရှူး သိပေသည်။

သူ့သခင်လေးသည် အလွန်ပျင်းရိပြီး ဘယ်တုန်းကမှ စာမဖတ်ခဲ့ပေ။

***

ခြောက်ညမြောက်တွင် လီရှီရှူး မလာခဲ့ပေ။

ခုနစ်ညမြောက်တွင် သူ လာခဲ့၏။

ရှစ်ညမြောက်တွင် သူ မလာခဲ့ပေ။

ကိုးညမြောက်တွင်…

ကျင်းကျူး ခေါင်းမော့လိုက်ပြီး ပြူတင်းအပြင်ဘက်ကို ကြည့်လိုက်ကာ အလွန်နောက်ကျနေပြီဖြစ်ပြီး သူလာလိမ့်မည်မဟုတ်ဟု အတည်ပြုလိုက်သည်။

ထို့နောက် သူ ပြူတင်းအပြင်ဘက်ကို ထပ်မကြည့်တော့ပေ။

***

နောက်ပိုင်းနေ့ရက်များသည် ယခင်ကကဲ့သို့ ရိုးရှင်းပြီး ပျင်းစရာကောင်းခဲ့သည်။

ဓားဆေးကြောခြင်းစံအိမ်၏ တပည့်များသည် ပြင်းထန်စွာ လေ့ကျင့်ခဲ့ကြပြီး ကျင်းကျူးနှင့်အတူ အတွင်းစည်းကို ဝင်ရောက်လာခဲ့ကြသည့် ဒါဇင်ချီသော တပည့်များသည် နေ့တိုင်း ဓားတောင်ကို တက်ခဲ့ကြသည်။ သူတို့ထဲမှ အချို့တို့က အောင်မြင်ရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုခဲ့ကြ၏။ ကျင်းကျူးတစ်ယောက်သာ တောင်ပိုင်းထင်းရှူးစံအိမ်၌ ရှိစဉ်ကကဲ့သို့ နေနေခဲ့ပြီး နေ့တိုင်း နေပူဆာလုံကာ ကျောက်စရစ်ခဲများကို ခွက်ထဲထည့်နေခဲ့ပြီး ကျယ်ပြောသော ဝိဉာဉ်ပင်လယ်က ဓားသစ်သီးအတွက် အဟာရများအဖြစ် ပြောင်းလဲသွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ထို့ကြောင့် သူ နောက်တစ်ဖန် ဂြိုလ်သားတစ်ကောင် ဖြစ်လာခဲ့၏။

သို့သော် တောင်ပိုင်းထင်းရှူးစံအိမ်နှင့်မတူဘဲ ထျန်းကွမ်တောင်ထွတ်မှ အင်မော်တယ်ဆရာသခင် လင်းဝုကျိသည် တပည့်များ၏ မေးခွန်းများကို ဖြေကြားရန်အတွက်သာ တာဝန်ရှိပြီး ကျင်းကျူး ဘယ်တုန်းကမှ အတန်းလာမတက်ခဲ့သည်ကို ဂရုမစိုက်ခဲ့ပေ။

အခြားတပည့်များသည် အစပိုင်းတွင် စိတ်ဝင်စားခဲ့ကြသော်လည်း အချိန်တစ်ခုကြာ လေ့လာပြီးနောက် ကျင်းကျူးသည် ကောလဟလများ ပြောကြသကဲ့သို့ဖြစ်သည်ကို သူတို့ တွေ့လိုက်ရသောကြောင့် သူ့ကို သူတို့ အာရုံစိုက်မနေကြတော့ဘဲ သူ့အကြောင်းပင် မပြောဆိုခဲ့ကြတော့ပေ။

အားလုံးပြီးနောက် ဓားပညာရပ်သည် ခက်ခဲပြီး လုံ့လဝီရိယလိုအပ်သောကြောင့် သူတို့တွင် တခြားလူများအကြောင်း ဂရုစိုက်ရန် အချိန်မရှိခဲ့ကြပေ။

ရက်အနည်းငယ်ကြာပြီးနောက် မြောက်ပိုင်းကြိုးကြာစံအိမ်နှင့် တခြားနေရာများသည် စမ်းသပ်မှုကို အောင်မြင်သွားသည့် တပည့်အသုတ်အသစ်ကို ပို့ဆောင်လာခဲ့သည်။ ရွှဲယုန်၊ ဂျူနီယာညီမငယ် ယုချန်းနှင့် လဲလန်စီရင်စုမှ မျိုးရိုးနာမည် ယွမ်ဟု အမည်ရသည့် လူငယ်တို့ အပါအဝင် တောင်ပိုင်းထင်းရှူးစံအိမ်မှ တပည့်အတော်များများလည်း ရောက်လာခဲ့ကြ၏။ ဆရာသခင်လု၏ ထွတ်ခွာသွားခြင်းက သူတို့အပေါ် အများကြီး သက်ရောက်ခဲ့ပုံမရပေ။

ဓားဆေးကြောခြင်းစံအိမ်တွင် ရွှဲယုန်သည် ကျင်းကျူး၏ ပျင်းရိမှုနှင့် အကျင့်ဆိုးများအကြောင်း ဖွခဲ့သော်လည်း သူ တုံ့ပြန်မှု အများကြီး မရရှိခဲ့ပေ။

ဂျူနီယာညီမငယ် ယုချန်းနှင့် လဲလန်စီရင်စုမှ လူငယ်တို့သည် ကျင်းကျူးကို ခုခံပေးခဲ့ကြပြီး ကျင်းကျူးဆီသို့ အထူးတလည် အလည်သွားခဲ့ကြသည်။

ကျင်းကျူး သဘောမပေါက်ခဲ့သေးသော်လည်း သူသည် တောင်ပိုင်းထင်းရှူးစံအိမ်၌ ရှိခဲ့ချိန်ကထက် များစွာပို၍ ရင်းရင်းနှီးနှီးဆက်ဆံခဲ့သည်။

သူသည် ဂျူနီယာညီမငယ် ယုချန်း၏ နာမည်ကို အမှတ်ရနေခဲ့ပြီး သူမနှင့် လဲလန်စီရင်စုမှ လူငယ်တို့ကို တောင်ပေါ်သစ်သီးနှစ်လုံးစားရန် ဖိတ်ခေါ်ခဲ့သည်။

ထိုညက မျောက်နှစ်ကောင် တောင်ပေါ်တက်လာခဲ့ပြီး စားစရာ သစ်သီးများ ရှိမနေသည်ကို တွေ့လိုက်ကြကာ သူတို့ အနည်းငယ် ဝမ်းနည်းသွားကြသည်။

အချိန်က ဤကဲ့သို့ ‌ဖြည်းညင်းစွာနှင့် ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့၏။

လီရှီရှူး သူ့အတွက် အိပ်ယာပြင်ပေးရန်၊ ခြံဝန်းကို လှည်းကျင်းပေးရန်နှင့် စကားအနည်းငယ်ပြောဆိုရန် နှစ်ကြိမ် လျှို့ဝှက်စွာ လာရောက်ခဲ့သည်။

သူက ဖိအားအများကြီးရှိသောကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် ကျင့်ကြံခြင်းက အလွန်ခက်ခဲသောကြောင့်ဖြစ်နိုင်သည်။ သူ စကားနည်းလာခဲ့၏။

ရက်အနည်းငယ်ကြာပြီးနောက် ဓားဆက်ခံခြင်းပြိုင်ပွဲရက်ကို သတ်မှတ်ပြီးပြီးဟု ဂျူနီယာညီမငယ် ယုချန်းဆီမှ ကျင်းကျူး သိလိုက်ရသည်။ ၎င်းကို နောက်နှစ် နွေဦးအစောပိုင်းတွင် ကျင်းပပေလိမ့်မည်။

ဂရုတစိုက်တွက်ချက်ပြီးနောက် ဓားဆက်ခံခြင်းပြိုင်ပွဲမတိုင်မီ နှစ်ဝက်သာကျန်တော့သည်။

ဤနှစ်၏ ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ကျောင်းလေးယုသည် သေချာပေါက် အမျှော်လင့်ထားခံရဆုံးလူဖြစ်ပြီး အာရုံစိုက်ရာ ဗဟိုချက်ဖြစ်၏။ တခြားဂိုဏ်းများသည်ပင် မည်သည့်တောင်ထွတ်က သူမကို ဓားဆက်ခံသူအဖြစ် ရွေးချယ်ပြီး သူမက နောက်ဆုံးတွင် မည်သည့်တောင်ထွတ်အား ရွေးချယ်လိမ့်မည်ဆိုသည်ကို ဆွေး‌နွေးနေခဲ့ကြသည်။

ကျောင်းလေးယုအပြင် လီရှီရှူးသည် အာရုံအစိုက်ခံရဆုံးဖြစ်၏။

လူတိုင်းက မွေးရာပါတာအိုအမျိုးအစားနှင့် ဤလူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို စိတ်ဝင်စားနေကြသည်။

ယခု လီရှီရှူး၏ ဓားဆေးလုံး ဖြစ်ပေါ်ခဲ့ပြီဖြစ်၏။ အကယ်၍သူ ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်ကို ပြီးမြောက်နိုင်ခဲ့ပါက သူသည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီလိမ့်မည်ဖြစ်ပြီး တောင်ထွတ်အားလုံး၏ အာရုံစိုက်စရာ ဖြစ်လာပေလိမ့်မည်။

ထိုသို့ဖြစ်ခဲ့ပါက သူသည် သမိုင်းထဲတွင် ဒုတိယမြောက်အသက်အငယ်ဆုံး ဓားဆက်ခံသူဖြစ်ပေလိမ့်မည်။

***

နောက်တစ်နေ့မနက်တွင် ကျင်းကျူး ဂူဗိမာန်မှ ထွက်ခွာသွား၏။

**************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset