EGQY အပိုင်း ၃/၄

အပိုင်း (၃) မလှုပ်နဲ့
ကျိုးနေတဲ့ခြေထောက်ကို ပြန်ဆက်ဖို့တောင် မလောက်ဘူး…
ဒါပေမဲ့ မရှိတာထက်စာရင်တော့ တော်သေးတာပေါ့လေ။
ကြည့်ရတာ စွမ်းအင် လုံလုံလောက်လောက် မစုနိုင်ခင်အထိတော့ ငါ့ဒဏ်ရာတွေကို ကုဖို့ ဒီကမ္ဘာရဲ့ ဆေးပညာကိုပဲ သုံးရတော့မှာပဲ။ ဖြစ်စဥ်က အရမ်းနှေးတယ်ဆိုပေမဲ့ ကုချင်းယွီရဲ့ ဦးနှောက်ထဲက ထုတ်ထားတဲ့မှတ်ဉာဏ်အရတော့ ဒီကမ္ဘာမှာ ဒီလိုဒဏ်ရာမျိုးကို အရှင်းပျောက်ဖို့ ဆိုရင် အနည်းဆုံးတစ်လလောင် အချိန်ယူရတယ်တဲ့…။
ဒါပေမဲ့ အခုတော့ ကိုယ့်ဟာကို ကုဖို့တောင် ငါ့မှာ လူသားဆေးပညာကို မသုံးတတ်သေးဘူး။
ဒဏ်ရာကို ကုဖို့ ငွေလိုတယ်တဲ့။ ကိုယ့်ဟာကိုယ်သတ်သေခဲ့တဲ့ ကုချင်းယွီရဲ့ ကြံမိကြံရာလုပ်ရပ်မှာ မြေကြီးပေါ်ကျလာတုန်းက ဖုန်းတောင် ပြန်ကောက်မလာခဲ့ဘူး။ အခုတော့ ကိုယ်ပေါ်မှာ တစ်ပြားမှကိုမရှိတော့ဘူး။ ဒါဆို ငါ ကုသမှုခံယူလို့ လုံးဝမရတော့ဘူးပေါ့။
ငါ ဒီနေရာက စွမ်းအင်တွေကို စုဆောင်းထားပြီးပြီဆိုတော့ နောက်တစ်နေရာကို သွားတာ ပိုကောင်းလိမ့်မယ်။
သူမသည် အုတ်ပုံကြီးကို အမှီပြုကာ မတ်တတ်ရပ်လိုက်ပြီး ထွက်သွားမည်ပြင်လိုက်စဥ် ရုတ်တရက်ဆိုသလို သွေးညှီနံ့စို့စို့ကို ရလိုက်လေသည်။
ထို့အပြင် အလွန်လတ်ဆတ်သည့် သွေးညှီနံ့ပင်။
သူမသည် လူသားများ၏သွေးနံ့ကိုရလျှင် အလွန်မသက်မသာ ဖြစ်လေ့ရှိသော်လည်း သည်တစ်ကြိမ်တွင် သူမရလိုက်သည့် သွေးနံ့မှာ အလွန်စွဲမက်ဖွယ်ကောင်းရာ သူမကိုပင် အနည်းငယ်ဆာလောင်သည့် ခံစားချက်ရေးရေးလေးကို ဖြစ်စေတော့သည်…
ဟင်းနော်… ငါလေး ဒါကို တကယ်လိုချင်လိုက်တာ။
ကုချင်းယွီသည် လည်ချောင်းကို လှုပ်ရှားလိုက်ပြီး သားရဲတစ်ကောင်က သူ့ပင်ကိုဗီဇကို အသုံးချလိုက်သလို ထိုသွားရည်ကျစရာအနံ့ထွက်လာသည့် ရင်းမြစ်နောက် လိုက်သွားလေသည်။ မိနစ်အနည်းငယ်အတွင်း စွန့်ပစ်စက်ရုံထောင့်တွင် ပုန်းနေသည့်လူတစ်ယောက်ကို တွေ့သွား၏။
ထိုလူသည် ၂၇ – ၂၈နှစ်ခန့်ဖြစ်ပြီး သူ့ရုပ်အသွင်အရ အလွန်နုပျိုဟန်ဖြစ်သော်လည်း သူ့မျက်လုံးများသည် ပြိုင်ဘက်ကင်းလောက်အောင် စူးရှနေ၏။ သူသည် ကုချင်းယွီ၏ခြေလှမ်းသံကို ကြားလိုက်ချိန်၌ သူတစ်ကိုယ်လုံးမှ ထင်ရှားသည့် လူသတ်လိုရိပ်အရောင်အဝါများ ထုတ်လွှတ်လိုက်လေသည်။
ကုချင်းယွီသည် မျက်စိရှင်သဖြင့် ထိုလူက လက်ထဲတွင် ထူးဆန်းသည့်သေနတ်လို လက်နက်တစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ သူမသည် အလျင်စလိုပြုမူလိုက်လျှင် သို့မဟုတ် အရင်တုန်းကလို ပင်ကိုယ်စိတ်ဖြင့် သူမကိုယ်သူမ ဖြည့်ဆည်းကာ အရှိန်ဖြင့် သူ့သွေးကို စုပ်ယူခဲ့လျှင် သူသည် သူမကို ပစ်လိုက်ရန် တွေဝေနေမည်မဟုတ်ချေ။
ဒီလူသားခန္ဓာကိုယ်က သိပ်နုရွတာပဲ ၊ ဓားတစ်ချောင်းနဲ့တောင် သတ်ပစ်လို့ရတယ်။ အခု ငါ့ခန္ဓာကိုယ်ထဲ သိမ်းထားတဲ့ စွမ်းအင်ကလည်း တစ်စက်လေးပဲရှိတယ်။ ကိုယ့်ဟာကိုယ် အသတ်မခံချင်ရင်…..
ထို့ကြောင့် သူမသည် ထိုအေးစက်ကာ လူသတ်လိုသည့်မျက်လုံးအစုံကို ရင်ဆိုင်လိုက်ပြီးနောက် သူမ၏လက်များကို မြန်မြန်မြောက်လိုက်လေသည်။
“ ကျွန်မမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး”
သူမ ဆက်ပြောလိုက်၏။
“ ကျွန်မ သွေးနံ့ရလို့ တစ်ခုခုများ ဖြစ်နေလားဆိုပြီး လာကြည့်တာ”
ခြေထောက်တစ်ဖက် ဆိုးဆိုးရွားရွား ဒဏ်ရာရထားပြီး အသက်၂၀တောင် ပြည့်သေးပုံမပေါ်တဲ့ အားနည်းတဲ့မိန်းမတစ်ယောက်က အရွယ်ရောက်ပြီးသား ယောက်ျားတွေတောင် တစ်ယောက်ထဲ မလာရဲတဲ့ ဒီလိုစွန့်ပစ်စက်ရုံလိုနေရာမျိုးမှာ ညကြီးမင်းကြီး တစ်ယောက်ထဲ သွားလာနေတယ်၊ ပြီးတော့ သူအသံတစ်စက်လေးမှမလှုပ်ဘဲ လုံးဝကို ပုန်းခိုလို့ကောင်းတဲ့နေရာတစ်ခုမှာ ရှိနေတဲ့သူ့ကို လွယ်လွယ်နဲ့ရှာတွေ့သွားသတဲ့လား။
ထိုယောက်ျား၏မျက်လုံးများထဲတွင် သံသယများနှင့် ပြည့်နက်နေပြီး လက်နက်ကို ကိုင်ထားသည့်လက်သည် တစ်ဖန် ပိုတင်းကျပ်သွားတော့သည်။
ကုချင်းယွီသည် တံတွေးမျိုချလိုက်ပြီး
“ တကယ်ပြောတာပါ, ရှင့်သွေးနံ့ကလေ…. အရမ်းစွဲမက်စရာကောင်းတယ်”
သူမ၏ ကြည်လင်သည့် မျက်လုံးနက်များနှင့် နူးညံ့ကာအပြစ်ကင်းလှသည့် အသားအရေကို ကြည့်လိုက်ပြီးနောက် သူမကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ကာ ထိုလူသည် အတွေးနစ်သွားတော့သည်။
ဒီမိန်းမက ဘာအားမှမရှိဘူးဆိုတာလဲ သိသာတယ်၊ အလိုလိုက်ခံထားရတဲ့ အမူအရာတစ်ခုလဲ ရှိတယ်ဆိုပေမဲ့ ဘယ်သူသိမှာလဲ။ ဒါက သူ့အကာကွယ်အခွံ ဖြစ်ချင်ဖြစ်နေမှာပေါ့။
သူသည် သူမကို မည်သို့ကိုင်တွယ်ရမည်မသိလိုက်ခင်မှာပင် ထိုယောက်ျားသည် လေထုထဲတွင် ထူးဆန်းမှုတစ်ခုကို ပြင်းပြစွာ ခံစားလိုက်ရတော့သည်။ သူ့သူငယ်အိမ်များသည် ကျုံ့သွားပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်တော့သည်။
ကုချင်းယွီသည် သူမရှေ့မှပုံရိပ်သည် ဖျတ်ခနဲဖြစ်သွားပြီးနောက် တစ်စက္ကန့်တွင် သူမ၏ပါးစပ်ကို ကြီးမားကာနွေးထွေးသည့်လက်တစ်ဖက်က တင်းကြပ်နေအောင် ပိတ်ထားသည်ကို ခံစားလိုက်ရ၏။ သူမ မအော်လိုက်ခင်မှာပင် ထိုယောက်ျားသည် သူ့လက်ထဲက ထူးဆန်းသည့် လက်နက်ကို သူမခေါင်းတွင် ထောက်ထားလိုက်လေသည်။ ထိုယောက်ျားသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို သူလက်မောင်းထဲတွင် ပွေ့ထားလုနီးနီးပင်။ သူ၏ထူးဆန်းသည့်အနက်ရောင်ကုတ်အင်္ကျီကြောင့် မွန်းကြပ်သွားရာ သူမသည် အနည်းငယ်ရုန်းကန်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများသည် သူမ၏နားတွင်လာထိထားရာ သူ၏အသက်သံနွေးနွေးကိုပင် ခံစားမိနေ၏။
“မလှုပ်နဲ့… အသံမထွက်နဲ့ မဟုတ်လို့ကတော့ ငါ မင်းကို အရင်သတ်ပစ်မယ်”

အပိုင်း (၄) သူမက အရမ်းတည်ငြိမ်ပြီး ဣန္ဒြေရတယ် ဟုတ်
ထိုယောက်ျား၏ လူသတ်တော့မယောင်ခြိမ်းခြောက်မှုက ကုချင်းယွီကို ကြောက်လန့်မသွားစေပေ။ သူမ၏နှလုံးသားသည် အခိုက်တန့်တုန်လှုပ်သွားပြီးနောက် တစ်စက္ကန့်အတွင်း သူမ၏တည်ငြိမ်မှုကို ပြန်ရသွားကာ ခုခံခြင်းပင်မလုပ်တော့ချေ။ ထိုအခိုက်အတန့်တွင် သူမ စဥ်းစားလိုက်မိ၏။
ဟင်းနော် ၊ ဒီလူရဲ့အသံက အရမ်းဆွဲဆောင်မှုရှိပြီး ရှတတနဲ့ အရမ်းနားထောင်လို့ကောင်းတာပဲ၊ ပြီးတော့ သူသွေးတွေအများကြီး ဆုံးရှုံးထားတာကိုတောင် ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်ဆိုတော့ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာသေချာတယ်။ သွေးထွက်များလွန်းလို့ သူမျက်နှာက လုံးဝကို ဖြူဆွတ်နေတာပဲ ။ သူက တုန်ယင်နေပြီး သူ့လက်ကောက်ဝတ်က စီးကျလာတဲ့ စွဲမက်ဖွယ်သွေးတွေက တသွင်သွင်စီးနေတဲ့ စမ်းချောင်းတစ်ခုလိုပဲ။
အင်း ဒီအတိုင်းဆိုရင် သူ သွေးထွက်လွန်ပြီး သေဖို့က နှစ်နာရီတောင် မလိုတော့ဘူး…
ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ဒဏ်ရာရထားတာတောင် ဒဏ်ရာကို ပတ်တီးစည်းဖို့ နည်းနည်းလေးမှ ရည်ရွယ်ချက်ရှိပုံ မရဘူး။ သူ့မှာ အဲလိုလုပ်ဖို့ အခွင့်အရေးများမရှိလို့လား။
ဒီလိုလုပ်ဖို့ အခွင့်အရေး မရှိခဲ့ဘူးဆိုတဲ့သဘောက… တစ်ယောက်ယောက်က သူ့နောက် လိုက်နေတာပေါ့။
ကုချင်းယွီ၏ အတွေးက မှန်သွား၏။ မကြာလိုက်ပေ သူမသည် မရင်းနှီးသည့် အနံ့အနည်းငယ်ကို ရသွားတော့သည်။ ထို့အပြင် တခြားကမ္ဘာက ပိုင်ဆိုင်လာသည့် ထက်သန်သည့် သတိပေးမှုက ရောက်လာသူများသည် အလွန်သန်မာကြောင်း သူမကို ချက်ချင်း သဘောပေါက်သွားစေတော့သည်။ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် သူတို့နှစ်ယောက်ထက် ပိုသန်မာလေသည်။
သူတို့သည် သည်လူနောက် လိုက်နေကြခြင်း ဖြစ်ပြီး သူတို့ကို တွေ့သွားသည်နှင့်တစ်ပြိုင်နက် သူမသည်လည်း နှုတ်ပိတ်ခံရမည်မှာ သေချာလေသည်။
ငါသာ အခုနေ လုံလောက်တဲ့စွမ်းအင်တွေ ရှိရင်… ဟင့်အင်း ငါ့မူရင်းစွမ်းအင်ရဲ့ ၁၀%လောက်သာ ပြန်ရရင် ရောက်လာတဲ့သူတွေကို သတ်ပစ်နိုင်တယ် ဒါပေမဲ့ အခုတော့ ငါ့မှာ စွမ်းအင်က မရှိတော့သလောက်ပဲ။ တဖြည်းဖြည်း ကပ်လာတဲ့ လူတွေ မပြောနဲ့ အခုလောလောဆယ် ငါ့ကို ထိန်းချုပ်ထားတဲ့ အပြင်းအထန်ဒဏ်ရာရနေတဲ့ ယောကျာ်းကို တောင် မသတ်နိုင်ဘူး…
ဒါကြောင့်ပင် သူမသည် သည်ယောက်ျား လုပ်သလိုသာ လိုက်လုပ်ကာ ရှာမတွေ့အောင် ပုန်းနေရတော့သည်။
သူမသည် အသက်အောင့်ထားပြီး အသံမထွက်ဘဲ ပူးပေါင်းလိုက်တော့သည်။
ထိုယောက်ျားသည် သူမကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်၏။ သူ့ရှုထောင့်မှဆိုလျှင် သူသည် သူမမျက်နှာ၏ တည်ငြိမ်နေသည့် အစိတ်အပိုင်းငယ်လေးတစ်ခုနှင့်အတူ တုန်လှုပ်မနေသည့် မျက်လုံးလှလှများ၏ မျက်တောင်များကိုသာ မြင်ရလေသည်။
ဒီမိန်းမ…
သူ အရမ်းကိုတည်ငြိမ်ပြီး ဣန္ဒြေရှိလှချည်လား။
သူ ငါ့ကို အရင်ကရော အခုရော မကြောက်ဘူး။ သွေးစွန်းနေတဲ့ ဒီလူသတ်သမားကိုတောင် လုံးဝမကြောက်ဘူး…
တစ်ယောက်ယောက်သည် သူတို့အနားသို့ ပိုနီးကပ်လာသည် ထင်ရ၏။
ထိုယောက်ျား၏ အသက်ရှူသံသည် သိပ်သည်းသွားပြီး လက်ထဲကသေနတ်ကို တည်တည်ငြိမ်ငြိမ် ကိုင်ထားကာ ရောက်လာမည့် မည်သူ့ကိုမဆို ပစ်ရန်အသင့်ဖြစ်နေလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့ကို တွေ့သွားတော့မည့်သူသည် အံ့ဩစရာကောင်းလောက်အောင် လှည့်ပတ်သွားပြီး သူတို့၏တည်နေရာကို ဦးတည်လာသည့်တိုင် သူတို့အား တွေ့မသွားချေ။
သူသည် အနည်းငယ် အံ့ဩသွားပြီးနောက် တစ်ခုခု ထူးခြားနေသည်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။
လေထဲက သွေးတွေ၊ သူ့ခန္ဓာကိုယ်ထဲက ညီစို့စို့သွေးညီနံ့တွေက…
လုံးဝ ပျောက်ကွယ်သွားတဲ့အတိုင်းပါလား။
ဒါ…ဒါ အရမ်းထူးဆန်းတယ်။
သူ့လက်မောင်းထဲက မိန်းမက မျက်လုံးတွေကို မှိတ်ထားပြီး အသတ်ခံလိုက်တော့မဲ့အတိုင်းပဲ။ အင်းလေ အဲလိုဖြစ်ဖို့ကလည်း သိပ်မလိုတော့ပါဘူး။ သူ့ခြေထောက်က ဒဏ်ရာရထားတော့ သူလမ်းလျှောက်လိုက်ရင်တောင် ခြေထောက်တွေကို မြေကြီးနဲ့ ထိသွားမှာ ကြောက်နေသလိုပဲ။ ကျိုးသွားပြီနဲ့ တူတယ်။
ပြီးတော့ ဒီလိုအချိန်မျိုးမှာ သူ့အင်အားတွေ ချန်ထားရင်တောင် ဒီဒဏ်ရာနဲ့ မြန်မြန်ပြေးလို့ ဘယ်ရမလဲ။ ဖမ်းခံထားရလို့ ထွက်မပြေးနိုင်ဘူးဆိုမှတော့ အသတ်ခံရဖို့ စောင့်နေရုံပဲရှိတာပေါ့။ ဒီတော့ အလိုလိုနေရင်း လက်လျှော့လိုက်ဖို့ပဲ ရှိတော့တယ်။
သို့သော် သူသည် တစ်ခုခု မှားယွင်းနေသည်ကို ခံစားနေရဆဲ….
သူ့ထင်မြင်ချက်သည် မှန်ကန်လေသည်။ သည်အခိုက်အတန့်တွင် ကုချင်းယွီသည် အားနည်းနေသည်ဟု လုံးဝခံစားမနေရချေ။
သူမသည် သွေးနံ့နောက်လိုက်ရင်း ဒီနေရာကို ရှာတွေ့ခဲ့ပြီးနောက် သည်ယောက်ျားနောက်ကို လိုက်နေသူများကိုလည်း တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမသည် ရှာတွေ့သွားမည်ကို မလိုလားသဖြင့် လေထဲရှိ သွေး၏စွမ်းအင်ပါးပါးလေးကို အမှတ်တမဲ့ စုပ်ယူလိုက်သော်လည်း သည်ယောကျ်ား၏သွေးမှာ အမှန်ပင် အလွန်စွဲမက်ဖွယ်ကောင်းသည်ကို မမျှော်လင့်ဘဲ သိလိုက်ရပြီးနောက် သွေးအားလုံးကို သူမ၏ခန္ဓာကိုယ်ထဲသို့ မတော်တဆ စုပ်ယူမိသွားသည်ကို သဘောပေါက်သွားလေသည်။ ပမာဏအနည်းငယ်သာ ဖြစ်သော်လည်း သည်ပမဏလေး၏စွမ်းအင်ကို သူမခံစားမိရာ လွန်ခဲ့သည့် ၆နာရီက သူမစုပ်ယူခဲ့သည် စွမ်းအင်ထက်စာလျှင် များစွာ ပိုသာလွန်နေတော့သည်။

Erata Team
Author: Erata Team
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset