အပိုင်း (၁) လူသားတွေက လုံးဝအထိခိုက်မခံတာပဲ
“ရှင်းယွမ်ရယ် ကျွန်မကို ယုံပေးပါနော်၊ ကျွန်မတကယ် မလှည့်စားခဲ့ရပါဘူး၊ ကျွန်မမှာ ရှင်ပဲရှိတာကို ရှင်သိပါတယ်”
မျက်လုံးထဲတွင် မျက်ရည်များအပြည့်နှင့် ကုချင်းယွီ၏ရင်အစုံသည် အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူသည် သူမကို ရက်စက်စက် တွန်းထုတ်လိုက်လေသည်။ တုန်လှုပ်ကာ မတည်မငြိမ် ဖြစ်နေသည့် ကုချင်းယွီ၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးသည် ဤသို့တွန်းထုတ်ခံလိုက်သောအခါ မြေပေါ်သို့ လဲကျသွားတော့သည်။
“ ဗီဒီယိုက အင်တာနက်တစ်ခုလုံးမှာ ပျံ့နေပြီး အခု တရုတ်က လူတိုင်းက သိသွားကြတော့မယ်လေ၊ ငါ တွမ့်ရှင်းယွမ်ဆိုတဲ့ကောင်က မင်း ကြာခိုတာ ခံလိုက်ရပြီဆိုပြီး၊ မင်းကိုယ်မင်း ခုခံပြောရဲသေးတယ်နော်၊ ကုချင်းယွီ ငါ့ကိုများ အရူးလို့ မင်းထင်နေတာလား”
ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ဖုန်းခေါ်လိုက်ပြီး လုံခြုံရေးများကို သူမအား ဆွဲထုတ်သွားခိုင်းလိုက်တော့သည်။
မကြာလိုက်ပေ လုံးခြုံရေးများ ရောက်လာပြီးနောက် သူတို့မျက်လုံးထဲတွင် စိတ်မချမ်းမြေ့ဖွယ်အသွင်နှင့် မြေပေါ်တွင်လဲကျကာ ငိုနေသည့် ကုချင်းယွီကို ကြည့်နေလိုက်ကြသည်။ နောက်ဆုံးတွင် ကုမိသားစု၏ ကြီးကျယ်မြင့်မြတ်သည့် သမီးဟောင်း၏ ဗီဒီယိုသည် ပြီးခဲ့သည့်ည အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပြီးဖြစ်၏။ အကြီးဆုံးသခင်မလေးသည် အမှန်ပင် ချောမောလှပသည့်အချက်ကို ဖယ်ထားလိုက်လျှင် ဗီဒီယိုထဲက သူမ၏ အရှက်ကင်းမဲ့သည့် အသွင်အပြင်မှာ သူမ၏ အေးဆေးကာ မြင့်မြတ်သည့်ပုံမှန်အသွင်ပြင်နှင့်လုံးဝ လိုက်ဖက်မှုမရှိနေချေ…
လုံခြုံရေးနှစ်ယောက်သည် သူမငိုနေသည်ကို ဂရုမစိုက်တော့ဘဲ ဓာတ်လှေကားဆီသို့ ချက်ချင်း ဆွဲသွားကာ တွမ့်အုပ်စု အဆောက်အအုံ၏ဝင်ပေါက်သို့ တွန်းထုတ်လိုက်တော့သည်။
ကုချင်းယွီ၏မျက်လုံးများသည် ငိုထားသဖြင့် ဖူးယောင်နေလေသည်။ ကလေးဘဝကတည်းက သူမသည် တစ်ခါမှ အရှက်မရခဲ့ဖူးချေ။ ထို့အပြင် ဖြတ်သွားသည့်သူတိုင်းသည် လှောင်ရယ်သည့်အကြည့် မဟုတ်လျှင် သနားကြည့်ဖြင့်ကြည့်သွားကြ၏။ သူမသည် လဲတော့ကျတော့မတတ်ပင်။ သူမ၏ဖုန်းထဲက ဗီဒီယိုကို မျက်ရည်များနှင့် ဖွင့်ကာ သူမနှင့်တစ်ပုံစံထဲ တူသည့်မိန်းမနှင့်၊ သူမလုံးဝမသိသည့်ယောက်ျားကို ကြည့်လိုက်၏။ ထို့အပြင် အောက်ဘက်ရှိ ရွံ့စရာကောင်းကာ မုန်းတီးစရာကောင်းသည့်မှတ်ချက် အတွဲလိုက်ကို ဖတ်လိုက်လေသည်။
ဖုန်းမြည်လာပြီး ကုချင်းယွီသည် တိမ်ဝင်နေသည့်ငိုသံဖြင့် ပြန်ဖြေလိုက်လေသည်။
“ အဖေ…”
“ချင်းယွီ အခုချက်ချင်း လေဆိပ်ကိုသွား၊ တရုတ်ကနေထွက်သွားတော့၊ တောင်အာဖရိကကိုသွားလိုက်၊ စိတ်မပူနဲ့နော်၊ အဖေ အဲမှာ အသိရှိတယ်၊ သူ သမီးကို ဂရုစိုက်ပေးလိုက်မယ်၊ အဲမှာဆို သမီးကို ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ဒီတော့ နောက်ဆို နိုင်ငံကိုပြန်မလာနဲ့တော့နော်….”
ကုချင်းယွီ၏မျက်လုံးများသည် မယုံကြည်မှုများဖြင့် ဝိုင်းစက်သွားတော့သည်။
“ အဖေ ဘာပြောလိုက်တာလဲ… တောင်အာဖရိကမှာ အဖေ့အသိရှိတယ်ဆိုတာ မဟုတ်မှလွဲရော အန်ကယ်ချန်းကို ပြောတာလား”
“ နင် သူ့ကို ဘယ်လိုများ အန်ကယ်ချန်းလို့ ခေါ်ရတာလဲ၊ သူက အဖေ့ထက် ဆယ်နှစ်တောင်ငယ်တာ၊ နင် သူ့ကို အစ်ကိုချန်းကို ခေါ်ရမှာ… မစိုးရိမ်ပါနဲ့ သမီးရဲ့အစ်ကိုချန်းက သမီးကိုအရမ်းချစ်ပါတယ်၊ သူသမီးကို ဂရုစိုက်ပေးလိမ့်မယ်…”
“အဖေ”
ကုချင်းယွီ၏အသံသည် တုန်ယင်နေတော့သည်။
အန်ကယ်ချန်းဆိုတာ အဖေ့ရဲ့ လုပ်ငန်းအရအသိမိတ်ဆွေတစ်ယောက်ပဲ။ သူကဖြင့် အသက်၄၀ယောက်ျားတစ်ယောက်။ ပြီးတော့ ငါက ဒီနှစ်မှာ အသက် ၂၀ပြည့်မှာကို။ ဒါပေမဲ့ အဖေက တကယ်ပဲ….
ဖုန်းသည် မြေကြီးပေါ်သို့ကျသွားသည်နှင့်တစ်ပြိုင်နက် ကုချင်းယွီ၏မျက်ရည်များသည် ထိန်းမရအောင် စီးကျလာတော့သည်။ နှစ်နှစ်တာလုံး သူမချစ်ခင်ရသည့် သတို့သားလောင်းက သူမကိုမယုံတော့ချေ။ သူမကို ပြုစုပျိုးထောင်ခဲ့သည့် သူမအဖေကလည်း သူကို ရွံရှာကာ နိုင်ငံခြားတွင် လက်ထပ်ခိုင်းကာ တရုတ်သို့ ပြန်မလာခိုင်းပေ။ တစ်လောကလုံးက သူမသည် သူမ၏သတိုးသားလောင်းကို လှည့်စားသည့် အပျက်မဟု ထင်ကြပြီး အဝတ်အစားမပါသည့် သူမကိုပင် မြင်ဖူးသွားကြပြီ…
ကုချင်းယွီသည် ရုတ်တရက် ပြုံးလိုက်၏။ မြေကြီးပေါ်မှ ဖုန်းကိုပင် ပြန်မကောက်တော့ပဲ ခြေဦးတည့်ရာလျှောက်သွားလိုက်ပြီးနောက်တွင် ဖျက်သိမ်းထားသည့် ဆောက်လုပ်ရေးဆိုက်တစ်ခုကို ရုတ်တရက် တွေ့သွားလေသည်။ သူမသည် တစ်လှမ်းပြီးတစ်လှမ်းတက်လာပြီးနောက် အပေါ်ဆုံးထပ်တွင် ရပ်လိုက်တော့သည်…
သူမက ကျသွားသည့်အခိုက်တန့်တွင် တောက်ပသည့်အဖြူရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်တစ်လျှောက် လင်းလက်သွားပြီး အောက်သို့ကျနေသည့် ကုချင်းယွီ၏ခန္ဓာကိုယ်ထဲသို့ ဝင်အသွား…
မည်းမှောင်နေသည့်တိမ်များသည် ကောင်းကင်ပေါ်တွင် ရုတ်တရက် စုစည်းသွားပြီးနောက် လျှပ်စီးနှင့် မိုးကြိုးများ ပစ်ချပြီးနောက် မိုးသည်းစွာရွာချတော့သည်။ ဖျက်သိမ်းထားသည့်ဆောက်လုပ်ရေးဆိုက်၏ အုတ်ပုံနောက်တွင်တော့ ကုချင်းယွီ တစ်ဖန် မတ်တတ်ရပ်နေလျက်…။
“ လူသားတွေ… အဟက် ဟက် သူတို့တွေက တကယ့် အထိခိုက်မခံကြတာပဲ”
…
အပိုင်း (၂) ကြယ်တာယာဆီကလာခဲ့တဲ့သူမ
သည်အခိုက်အတန့်တွင် ကုချင်းယွီ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်စိတ်ဝိညာဉ်မှာ ကုချင်းယွီကိုယ်တိုင် မဟုတ်ဘဲ အလင်းနှစ်သန်းထောင်ပေါင်းများစွာဝေးသည့် ဂြိုဟ်တစ်ခုမှ ဂြိုဟ်သားတစ်ယောက် ဖြစ်လေသည်။ သူမတွင် နာမည်တစ်ခုပင် မရှိချေ။ အကြောင်းမှာ သူမသည် သူမမျိုးဆက်၏ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်ပြီး အချိန်အင်မတန်ကြာမြင့်အောင် နေထိုင်လာခဲ့သဖြင့် သူမတွင် နာမည်တစ်ခုရှိခဲ့ဖူးကြောင်းပင် မမှတ်မိနိုင်တော့သောကြောင့်ပင်။
“ ဗီဒီယိုလေးတစ်ခုကြောင့် နင့်အသက်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့လားဟယ်၊ ဒီလိုနုံချာတဲ့ဘဝတစ်ခုက မျိုးဆက်အများကြီးကို ဘယ်လိုများ ပွားမှာလဲနော်”
‘သူမ’သည် ကုချင်းယွီဦးနှောက်၏ အနက်ရှိုင်းဆုံးအပိုင်းရှိ မှတ်ဉာဏ်ကို ထုတ်ယူလိုက်ပြီးနောက် တွေဝေသွားတော့သည်။
သူမ၏လူ့အဖွဲ့အစည်းတစ်ခုစီသည် အသက်ကို အလွန်တန်ဖိုးကြ၏။ အသက်ရှင်သန်ရန်အတွက် သူတို့သည် အာကာသယာဥ်များဆီမှ ကျန်နေသည့်အသက်များကို ဝေငှရန် သူတို့၏အစွမ်းအားလုံးကို သုံးပြီး ကျယ်ပြောလှသည့် စကြဝဠာထဲတွင် အသက်ရှင်နေထိုင်ရန်သင့်တော်သည့် ဂြိုဟ်တစ်ခုကို ရှာဖွေနေရသည်။ သို့သော် သူမသည် သူမ၏ယာဥ်ထဲတွင် တစ်ဦးတည်းသော ကျန်ရစ်သူဖြစ်လေသည်။ စွမ်းအင်ကို ချွေတာရန် နေစနစ်ကို ဝင်ရောက်ဖို့ အချိန်မကျခင်အထိ သူမသည် ငြိမ်သက်နေသည့် အခြေအနေတစ်ခုတွင် နေခဲ့ပြီး အာကာယာဥ်သည် စွမ်းအင်အားလုံး ကုန်ဆုံးလုနီးပါး အချိန်တွင်တော့ သူမသည် အာကာသယာဥ် ဦးနှောက်စနစ်ကြောင့် နိုးထလာသည်။ သူမသည် စွမ်းအင်ကုန်သွားချိန်တွင် သူမ၏ဆွေမျိုးများကဲ့သို့ စကြ၀ဠာထဲတွင် အမှုန်အဖြစ် ပြောင်းသွားတော့မည်ဟု တွေးမိလိုက်ချိန်၌ စွမ်းအားများကုန်လုနီးနီးတွင် သင့်တော်သည့်ဂြိုဟ်တစ်ခုဖြစ်သည့် ကမ္ဘာကြီးကို တွေ့သွားတော့သည်…။
သို့ရာတွင် သည်ဂြိုဟ်ရှိ သတ္တဝါများသည် အလွန်များပြားရာ သူမ၏ပုံသဏ္ဌာန်မှာ အလွန်ထူးခြားနေလေသည်။ သူမ၏ မူမမှန်မှုကို သိရှိသွားပြီး သူမကို လေ့လာရေးအတွက် ဖမ်းမသွားရလေအောင် သူမသည် လူသားတစ်ယောက်အတွင်း၌ ယာယီနေထိုင်ရန်သာ တတ်နိုင်တော့သည်။
“ အားနည်းလိုက်တဲ့ခန္ဓာကိုယ်ပဲ”
‘သူမ’သည် ရွံစရာအသွင်နှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် သူမ၏ဒူးမှ ထွက်နေသည့်အရိုးကို ကြည့်လိုက်၏။
မူလ ကုချင်းယွီ တိုက်ပေါ်မှ ခုန်ချလာတုန်းက ‘သူမ’ ဒီခန္ဓာကိုယ်ထဲကို ရောက်နှင့်ပြီးလေ။ ဒါပေမဲ့ သူမရဲ့ထိန်းချုပ်မှုက အလွယ်တကူ ပြောင်းလဲလို့မရတာရယ် လူ့အသားကလည်း အရမ်းထိခိုက်လွယ်တာမလို့ မြေကြီးပေါ်ကို တည်တည်ငြိမ်ငြိမ်ဆင်းရမဲ့သူမက ကြီးမားတဲ့ထိခိုက်မှုကို မခံနိုင်တော့ဘဲ ဒဏ်ရာရသွားတာပေါ့။
သူမ၏ သာမန်မျက်စိဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီးနောက် သူမ၏ခြေထောက် ကျိုးသွားသည်ကို တွေ့လိုက်ရလေသည်။ သူမသည် အရင်ကကဲ့သို့သာ လုံလောက်သည့်စွမ်းအင်သာ ရှိခဲ့လျှင် ၁၀စက္ကန့်တောင်မကြာဘဲ ကုသနိုင်ပေလိမ့်မည်။ သို့သော် လက်ရှိတွင်တော့ သည်ခန္ဓာကိုယ်ထဲသို့ဝင်ရန် အားကုန်သုံးကာ ကြံမိကြံရာ ကြိုးစားခဲ့တာကြောင့် သူမတွင် ဘာစွမ်းအင်မှမရှိတော့ချေ။ တစ်နည်းပြောရလျှင် သူမ၏ခြေထောက်ကို အကျိုးအတိုင်းသာ ထားရပေတော့မည်။
မရင်းနှီးသည့်နာကျင်မှုတစ်ခုသည် တိုးထွက်လာရာ ‘သူမ’ မျက်မှောင်ကျုံ့မိတော့သည်။ သူမသည် ရှေ့သို့ ကြိုးစားလျှောက်လိုက်သော်လည်း ပြန်သာလဲကျသွား၏။ ကျိုးနေသည့်ခြေထောက်မှ လာသည့်နာကျင်မှုအပြင် ခန္ဓာကိုယ်က သူမ၏ချဉ်းနင်းဝင်ရောက်မှုကို ငြင်းပယ်နေသည်ကိုလည်း ခံစားမိနေသည်။
“ ကုချင်းယွီ နင် စိတ်ပူမနေဘဲ ထွက်သွားလို့ရတယ်နော်၊ နင့်ကို အန္တရာယ်ပေးခဲ့တဲ့သူကို ရှာပြီး ပြန်ပေးဆပ်ရအောင် လုပ်ပေးမယ်…အဲဒီလူကို နင်ခံစားရတာထက် ပိုသနားစရာကောင်းအောင် သေချာပေါက် ခံစားစေရမယ်”
‘သူမ’သည် သူမ၏ခန္ဓာကိုယ်ထဲမှာ နောက်စိတ်ဝိညာဉ်တစ်ခုကို ချိနဲ့စွာပြောလိုက်၏။
တစ်ဖက်လူသည် သည်လောကတွက် မျှော်လင့်ချက်ပျောက်ဆုံးနေခဲ့ပြီး သည်နောက်ဆုံးရုန်းကန်မှုသည် သူမ၏ခန္ဓာကိုယ်ကို သိမ်းပိုက်သွားသည်ကို လက်မခံ၍မဟုတ်ဘဲ ပင်ကိုယ်ဓာတ်ခံကြောင့်သာ ဖြစ်လေသည်။ သို့သော် ‘သူမ’၏စကားများကို ကြားသွားပြီးနောက် ထိုစိတ်ဝိညာဉ်သည် မြန်မြန်ပင် ပျောက်ကွယ်သွားတော့သည်။
‘သူမ’သည် တစ်ခုခုက သူမ၏ခန္ဓာကိုယ်အတွင်းပိုင်းကို စွန့်ခွာသွားသလို ခံစားလိုက်ရပြီးနောက် ခန္ဓာကိုယ်သည် အသက်ရှူရပိုလွယ်လာတော့သည်။
‘သူမ’သည် မျက်လွှာချလိုက်ပြီးနောက် သိမ်မွေ့စွာ တခစ်ခစ်ရယ်နေလိုက်၏။
“ ဒီနေ့ကစပြီး ငါက ကုချင်းယွီပဲ”
ကုချင်းယွီသည် မြေကြီးပေါ်တွင်ထိုင်ချလိုက်ပြီး မျက်လုံးများကို ပိတ်ထားလိုက်၏။ အနီးအနားတွင် တစ်ယောက်ယောက်သာရှိနေလျှင် လေထုထဲမှ တစ်ခုခုသည် သူမ၏ခန္ဓာကိုယ်ထဲ နည်းနည်းချင်းစီ ဝင်ရောက်ကာ သူမထဲတွင် စုစည်းသွားသည်ကို မြင်ရပေလိမ့်မည်…
အတန်ကြာပြီးနောက် သူမ၏မျက်လုံးများကို ဖွင့်ကာ ခေါင်းကို လှည့်ကြည့်လိုက်လေသည်။
“ စွမ်းအင်နည်းနည်းလေးကို စုပ်ယူဖို့ ၆နာရီတောင်ကြာသွားတယ်၊ ဒီဂြိုဟ်ရဲ့စွမ်းအင် တကယ်ရှားပါးလိုက်တာနော်…”
…
EGQY အပိုင်း ၁/၂
? Views, Released on July 18, 2023
အကြီးဆုံး မမလေးက မူမမှန်
大小姐她画风不对
Status: Ongoing Type: Web Novel Author: Yuu, 慕清潋 Artist: Erata Team, Yuuki Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့ : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...