DBFFL အပိုင်း ၁၉

အခန်း ၁၉

ပဲငံပြာရည် အနောက်၊ ရှာလကာရည်၊ သကြား၊ ဆားသန့်၊ ရှောင်း ဝိုင်၊ ပြောင်းဖူး ကော်ရည်၊ ဟင်းရွက်ဆီ၊ နှမ်းဆီ…

အန်းရှသည် ပထမဦးဆုံးအနေဖြင့် သူမ၏ စွမ်းအင်များကို အစားအသောက်အပေါ်တွင် အသုံးချဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် အကြီးအကျယ်ကို အံ့အား သင့်သွားရလေသည်။

ထိုအရာများသည် သာမာန် စားစရာများသာ ဖြစ်သည့်အလျောက် အလွန် အကျိုးရှိသည့် အာဟာရဓာတ်များ ပါဝင်နေမည်တော့ မဟုတ်ပါ။

သို့သော်လည်း သူမ စုပ်ယူစားသောက် လိုက်ရသော အလင်းတန်းသည် အရသာရှိလှသည်။

ထိုအရာသည် အရသာရှိရုံမျှမက တစ်ချိန်ထဲမှာပင် ထိုဟင်းလျာများကို ပေါင်းစပ်ထားသည့် အမယ်များကိုပါ သူမ သိနိုင်နေလေသည်။

တရုတ် တိုင်းရင်းဆေးဝါးများမှ ထွက်ပေါ်လာသော အလင်တန်းများကို စုပ်ယူလိုက်ချိန်တွင်လည်း ထိုဆေးထဲတွင် ပေါင်းစပ်ဖွဲ့စည်းထားသော ပါဝင်ပစ္စည်းများကို သူမ ခွဲခြားနိုင်သကဲ့သို့ ဖြစ်သည်။

သို့သော်လည်း သူမ ကြိုက်နှစ်သက်သော အစားအသောက်ကို စုပ်ယူလိုက်သောအခါ ထိုခံစားချက်သည် ပို၍ ပြင်းထန်လှသည်။

ထိုအစွမ်းဖြင့်ဆိုလျှင် သူမ နှစ်သက်သော မည်သည့် ဟင်းလျာကိုမဆို ဖန်တီးနိုင်တော့မည် ဖြစ်၍ သူမသည် အလွန် ပျော်ရွှင်နေတော့သည်။

သူမ ယာယီနေထိုင်ရာ နွေဦးစံအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် သူမသည် နောက်တစ်နေ့တွင်လည်း အပြင်ထွက် စားသောက်ရန် သူမ၏ သူငယ်ချင်းဖြစ်သူနှင့် ချိန်းဆိုလိုက်လေတော့သည်။

မူလတုန်းကတော့ သူမသည် မိဘများထံသို့ ချက်ချင်းပြန်သွားရန် ဆုံးဖြတ်ထားသော်လည်း သူမ၏ စွမ်းရည်တစ်ခုကို ရှာဖွေတွေ့ရှိပြီး နောက်တွင် လည်ပတ်စားသောက်ရန် မြို့တွင်းတွင်သာ အနည်းငယ် ဆက်နေထိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

သူမသည် ဤကဲ့သို့ မြို့ကြီးအတွင်းမှ မရေမတွက်နိုင်အောင်ပေါများလှသော အရသာရှိလှသည့် အစားအသောက်များကို မမြည်းစမ်းရသေးမချင်း မူလပိုင်ရှင်၏ မိဘအိမ်သို့ ပြန်သွားမည် မဟုတ်ပါ။

ထိုကာလ အတောအတွင်းတွင် သူမသည် ဤ နွေဦးစံအိမ်တွင် နေထိုင်၍ သူမ၏ ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက် ရဦးမည်ဖြစ်သည်။

ဤကဲ့သို့ ဆုံးဖြတ်ချက် ချပြီးနောက်တွင် အန်းရှသည် သူမကိုယ် သူမ ဤကမ္ဘာပေါ်တွင် ကံအကောင်းဆုံး မိန်းကလေးတစ်ယောက်ဟု ခံစားလိုက်ရတော့သည်။

သူမသည် အချိန်ပိုင်း ဝန်ထမ်းက ကြိုတင် ပြင်ဆင်ပေးထားသော အသီးများနှင့် အဆာပြေစားစရာများကို ယူဆောင်၍ စံအိမ်ရှိ ရေကူးကန်ဆီသို့ ထွက်ခဲ့လေတော့သည်။

နာရီဝက်ခန့်ကြာအောင် ရေစိမ်ပြီးနောက်တွင် သူမသည် ရေချိုးလိုက်ပြီးနောက် အိပ်ရာပေါ်တွင် လဲလှောင်းရင်း တီဗီကြည့်ရန် ပြင်ဆင်လိုက်တော့သည်။

သူမသည် တရုတ် တိုင်းရင်းဆေးဝါးကို သောက်ပြီးပြီးချင်းမှာပင် သူမ၏ ဖုန်းထဲသို့ စာတိုတစ်စောင် ရောက်လာလေသည်။

အချိန်မှာ ည ဆယ်နာရီပင် ထိုးနေပြီဖြစ်သည်။

ချန်ရွှယ်မင်ဆီမှ စာရောက်လာခြင်း ဖြစ်နိုင်လေသည်။

အန်းရှသည် ဖုန်းရှိရာသို့ လျှောက်သွားရင်း ဖုန်းကို ကောက်ယူလိုက်လေသည်။

သူမ အံ့သြသွားရခြင်းမှာ သူမထံသို့ စာပို့သောသူသည် ချန်ရွှယ်မင် မဟုတ်လေဘဲ မူလပိုင်ရှင်၏ အစ်မဖြစ်သူ အန်းရုံပင် ဖြစ်နေသောကြောင့်ပင်။

[ညီမလေး…အမေ့ရဲ့ အသက် ၅၀ ပြည့် မွေးနေ့လည်း ရောက်တော့မယ်ဆိုတော့ ညီမလေး အိမ် ပြန်လာမှာလားဟင်]

ထိုစာကို တွေ့လိုက်ရသောအခါ အန်းရှသည် တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားပြီးနောက် အလျင်အမြန် စာပြန်လိုက်လေတော့သည်။

[ကျွန်မ ပြန်လာခဲ့ပါမယ်]

အန်းရှသည် မိမိနှင့် ဘာမှ မတော်စပ်သော သူစိမ်းများကို အမေ၊ အဖေဟုခေါ်ရန် စိတ်မသက်မသာ ဖြစ်နေသော်လည်း မူလပိုင်ရှင်ထံမှ ဤခန္ဓာကိုယ်ကို လွှဲပြောင်းရရှိထားသောကြောင့် မူလပိုင်ရှင်၏ ပုံမှန်ဘဝအတိုင်း နေသားကျစေရန် ခက်ခက်ခဲခဲ ကြိုးစား နေထိုင်ရမည် ဖြစ်သည်။

အန်းရှသည် သူမ၏ စာကို စောင့်နေသော်လည်း အန်းရုံသည် သူမကို တိုက်ရိုက် ဖုန်းခေါ်လာလေသည်။

ထို့အတွက်ကြောင့် အန်းရှသည် အံ့အားသင့်သွားရတော့သည်။

“ညီမလေး မင်း တကယ်ပြောတာလား”။

ဖုန်းတစ်ဖက်ခြမ်းမှ လူအဖို့ အံ့အားသင့်သွားရခြင်းမှာ ထူးဆန်းသော ကိစ္စတစ်ခုတော့ မဟုတ်ချေ။ အကြောင်းမှာ မူလပိုင်ရှင်သည် အိမ်မပြန်သည်မှာ ငါးနှစ်တောင် ရှိနေပြီလေ။

“ဟုတ်ပါတယ်…ကျွန်မ ပြန်လာခဲ့မှာပါ”။

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ကို ပြုလုပ်လိုက်ပြီးနောက် အန်းရှအနေဖြင့် သူမ ပြုလုပ်ချင်နေသော ကိစ္စများစွာ ရှိနေလေသည်။

“ကောင်းလိုက်တာ။ မင်းတော့ သိမှာမဟုတ်ဘူး။ အဖေနဲ့အမေက ဘာမှသာ မပြောပေမဲ့ သူတို့မင်းကို သတိရနေကြတယ်ဆိုတာကို ငါတို့ အားလုံးသိနေတာပဲလေ”။

ဖုန်းတစ်ဖက်ခြမ်းမှ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ အန်းရှသည် စိတ်လေးလံမှုကို ဆိုးဆိုးဝါးဝါး ခံစားလိုက်ရလေသည်။

သူမ စိုးရိမ်သည်အတိုင်းပင် တစ်ခဏ အကြာတွင်တော့ အန်းရုံသည် ထိုကဲ့သို့ မေးလာလေတော့သည်။ “ဒါနဲ့…ညီမလေး၊ မင်းအိမ်ကို ပြန်လာတဲ့အခါ ကျားရှုနဲ့ ခဲအိုရော အတူလိုက်လာမှာလား”။

“…”

အန်းရှသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေတော့သည်။ “ကျွန်မ ကွာရှင်းလိုက်ပြီ”။

အန်းရှသည် သူမ ယခုကဲ့သို့ လွယ်လွယ်ကလေး ကွာရှင်းလိုက်သောကြောင့် အန်းမိသားစု တစ်ခုလုံးကို အံ့သြထိတ်လန့် သွားစေသည်ကိုတော့ သူမ မသိခဲ့ပါ။

သူမ၏ အမေသည်လျှင် ထိတ်လန့်သွားလေသည်။

အန်းရှသည် အန်းရုံကိုတော့ အပြစ်တင်၍မရပါ။ အကြောင်းမှာ အန်းမိသားစုသည် မြို့ငယ်လေးတွင် နေထိုင်ကြပြီး ဆွေမျိုးများသည်လည်း ရင်းရင်းနှီးနှီး ဝင်ရောက် လည်ပတ်နေကြသောကြောင့် ဖြစ်သည်။

သူမ၏အမေ လျိုချင်းသည် သူတစ်ပါးကို မှီခိုတတ်သူတစ်ဦး ဖြစ်သည့်အလျောက် ​ကိစ္စကြီးတစ်ခု ရှိသည့်အခါတိုင်း အခြားသူများနှင့် ဆွေးနွေးတိုင်ပင်ရခြင်းကို နှစ်သက်လေသည်။

ထို့ကြောင့် အန်းရှသည် ထိုကိစ္စကို အန်းရုံကို ပြောပြလိုက်ပြီးနောက် မကြာခင်တွင် သူမ၏ အမေလည်း သိသွားတော့မည်ဖြစ်သည်။ ထိုမှတဆင့် အန်းမိသားစု၊ လျိုမိသားစု၊ အန်းရှ၏ ဦးလေးနှင့် အဒေါ်၊ သူမ၏ အစ်ကိုများနှင့် အစ်မများသည်လည်း အန်းရှ ကွာရှင်းလိုက်သော အကြောင်းကို သိသွားကြတော့မည် ဖြစ်သည်။

ထိုသတင်းသည် အလျင်အမြန် ပျံ့နှံ့သွားစေနိုင်သော အကြောင်းမှာလည်း အန်းရှနှင့် လက်ထပ်ခဲ့သောသူသည် ပဟေဠိဆန်ပြီး အလွန်ချမ်းသာသူ တစ်ယောက်လည်း ဖြစ်သည်။ အနည်းဆုံးတော့ ထိုသူသည် အန်းမိသားစုနှင့် လျိုမိသားစုတွင် အချမ်းသာဆုံးသော သားမက်တစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။

အားလုံးသည် စူးစမ်းချင်စိတ် ပြင်းပြနေကြလေသည်။

မနာလိုသူများလည်း ရှိနေကြသည် ဖြစ်သည်။

အန်းရှသည် ထိုအကြောင်းများကိုတော့ မသိခဲ့ပေ။

နောက်တစ်လတွင်း ကျင်းပမည့် သူမ အမေဖြစ်သူ၏ မွေးနေ့ပွဲအကြောင်းကို အန်းရုံထံမှ သိလိုက်ရသောအခါ အန်းရှသည် အန်းရုံ၏ ဘဏ် အကောင့်နံပါတ်ကို တောင်းလိုက်ပြီးနောက် ဖုန်းချလိုက်လေတော့သည်။

သူမသည် မူလပိုင်ရှင်၏ မိသားစုကို ကူညီစောင့်ရှောက်ပေးမည်ဟု ပြောထားလေသောကြောင့် ထိုသူများကို အကောင်းဆုံးအရာများ ပြုလုပ်ပေးမည်ဟု စိတ်ကူးကြံစည်လိုက်သည်။

ထို့ကြောင့် အန်းရုံ၏ နံပါတ်ကို တောင်းယူပြီးနောက်တွင် အန်းရှသည် တွေဝေတုံ့ဆိုင်းခြင်း မရှိလေဘဲ သူမ အမေ၏ အသက် ၅၀ ပြည့် မွေးနေ့အတွက် အန်းရုံဆီသို့ ငွေ ငါးသိန်းကို လွှဲပေးလိုက်လေသည်။

ထိုငွေများသည် မလောက်ငှလျှင် ထပ်မံလွှဲပေးမည် ဖြစ်ကြောင်းကိုလည်း ပြောလိုက်လေသည်။

ထို ညည်းညူနေသော အပြုအမူသည် ရိုးအသော အမျိုးသမီးတစ်ဦးကို ကြောက်ရွံ့သွားစေနိုင်သည်။

သူမသည် ငါးနှစ်တာမျှကြာအောင် မတွေ့ဖြစ်သော အစ်မဖြစ်သူ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ် ထိတ်လန့်မိသည်။

သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပြီးနောက်တွင် ကြုံတွေ့နေကျဖြစ်သော ဗိုက်အောင့်သော ဝေဒနာကြောင့် တစ်ဖန် လန့်နိုးလာခဲ့လေသည်။

ထို့နောက် သူမသည် ယခင်နေ့ မနက်ပိုင်းများထက်ပင် ပိုဆိုးရွားနေသော စွန်းထင်နေသော ဝမ်းများကြောင့် ထိတ်လန့်သွားခဲ့လေသည်။

အန်းရှသည် ဤတစ်ကြိမ်တွင်တော့ အန်လေတော့သည်။ သူမ ပိုထိတ်လန့်မိသည်က သူမသည် အောက်သိုးသိုးအရည်များကိုသာ အန်နေသောကြောင့် ဖြစ်သည်။

သေချာသော အချက်တစ်ခုမှာ သူမသည် ယခင်နေ့ညတွင် များစွာ စားသောက်ခဲ့သည်ပင်။

သို့သော်လည်း သူမ၏ အစာအိမ်အတွင်းတွင် မည်သည့်အစာမျှ ရှိနေပုံမရဘဲ မည်သည့်အရာကိုမျှလည်း အန်မထွက်ခဲ့ပေ။

ပျားရည်တစ်ခွက် သောက်သုံးပြီးနောက်တွင် ယခုကိစ္စကို စတင်၍ ဖြည်းဖြည်းချင်း တွေးတောနေမိတော့သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset