DBFFL အပိုင်း ၁၅

အခန်း ၁၅

“ကျေးဇူးတင်ပါတယ်…”

“ဘယ်သူလဲ”။

ထိုအသံသည် အမှောင်ထဲမှ လာသောအသံ ဖြစ်သော်လည်း အန်းရှသည် ကြောက်ရွံ့သွားခြင်း မဖြစ်ခဲ့ပါ။ ဒါ့အပြင် လုံခြုံမှု ပေးနေသည်ဟုပင် ထူးထူးခြားခြား ခံစားလိုက်ရသည်။

“နောင် အနာဂတ်မှာ မင်းက ကျွန်မဖြစ်လာလိမ့်မယ်။ မင်း ကျွန်မမိဘတွေကို ကောင်းကောင်း စောင့်ရှောက် ပေးမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မက အရင်တုန်းက သားသမီးဝတ္တရား မကျေပွန်ခဲ့ဘူး။ အရမ်းလည်း တစ်ကိုယ်ကောင်း ဆန်ခဲ့မိတယ်။ အရမ်းလည်း ယုံမှားသံသယ ဖြစ်ခဲ့တယ်…”။

အန်းရှသည် စိတ်ရှုပ်ထွေးနေလျက်ပင် အမှောင်ထဲမှ လာသော အသံ၏ ပိုင်ရှင်ကို သိသွားလေသည်။

သူက ဝတ္ထုစာအုပ်ထဲမှ အန်းရှပင် ဖြစ်သည်။

“ရှင်…ရှင် ဒီမှာ ရှိနေတုန်းပဲလား။ ဒါဆိုရင် ရှင့်ရဲ့ မိဘတွေကို ရှင်ကိုယ်တိုင် ပြုစု စောင့်ရှောက်ပါလား”။

အန်းရှသည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ပြီး မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကိုလည်း စိတ်တိုင်းကျလှသည် ဖြစ်သည်။ ဤခန္ဓာကိုယ်သည် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။ မူလပိုင်ရှင်သာ သေဆုံးသွားမည်ဆိုလျှင် အန်းရှသည် သူမ၏ ခန္ဓာကိုယ်ကို စိတ်ချလက်ချဖြင့် သိမ်းပိုက် နေထိုင်နိုင်မည် ဖြစ်သည်။

သို့သော် မူလပိုင်ရှင်သည် မသေဆုံးသေးဘဲ တည်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် သူမသည် မရမက ဇွတ်မေးနေသော်လည်း သူမ၏ဆန္ဒ ပြည့်ဝရန် အတွက်ကြောင့်နှင့်တော့ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်ချင်ခဲ့ပါ။

“ရှင့်ရဲ့မိဘတွေက သူတို့ သမီးအရင်းရဲ့ ပြုစုစောင့်ရှောက်မှုကိုသာ လိုအပ်တာလေ။ အဲဒါ ကျွန်မမှ မဟုတ်ဘဲ”။

“မဟုတ်ဘူး…ကျွန်မ ဆက်ပြီး အသက် မရှင်ချင်တော့ဘူး။ ကျွန်မ သူ့ကို ချစ်တယ်…ကျွန်မ သူ့ကို ချစ်တဲ့အတွက်…ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်ထားနိုင်မှာကို ကြောက်တယ်…ကျွန်မ အရမ်းချစ်ရတဲ့ ယောက်ျားကို ထောင်ကျစ်ရှင်းနဲ့ အတူရှိနေတာကို မမြင်ချင်ဘူး။ ပြီးတော့ ကျွန်မရဲ့သားလေးကလည်း အဲဒီ မိန်းမကို သဘောကျသွားပြီး အမေလို့ ခေါ်နေမှာကိုလည်း ကျွန်မ မခံစားနိုင်ဘူး…အဲဒီလိုတွေ ဖြစ်လာမဲ့အစား…ကျွန်မ သေလိုက်တာပဲ ကောင်းမယ်…”။

“…”

ဝမ်းနည်းညှိုးငယ်နေသော ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရသောအခါ အန်းရှသည် ပြန်ပြောရန် စကားလုံးများ ပျောက်ရှသွားတော့သည်။

မော့ယွီစန်းနှင့် ထောင်ကျစ်ရှင်းကို မမြင်တွေ့လိုသဖြင့် မိမိဘဝကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိနေသော ထိုအမျိုးသမီး၏ စိတ်ကို သူမသည် နားမလည်နိုင်တော့ပါ။

သူမအနေဖြင့် မိမိဘဝနှင့် ကျန်းမာရေးအတွက်တော့ မည်သည်ကမျှ ပို၍ တန်ဖိုးမရှိဟု ထင်မြင်မိသည်။

နောက်ဆုံးတွင်တော့ အန်းရှသည် မိမိ၏ ဘဝကို လိုလိုလားလားဖြင့် စွန့်လွှတ်ထားသော မူလပိုင်ရှင်၏ တောင်းဆိုချက်ကို သဘောတူ လက်ခံလိုက်တော့သည်။

“ကောင်းပါပြီ။ ကျွန်မ ရှင့်ကို ကတိပေးပါတယ်။ ကျွန်မ ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ရှင့်ရဲ့ မိဘတွေကို ကျွန်မရဲ့ မိဘအရင်းတွေလို သဘောထားပြီး လေးလေးစားစား ဆက်ဆံပါ့မယ်။ ကျွန်မကိုယ် ကျွန်မလည်း သားသမီးကောင်း တစ်ယောက်လိုနေထိုင်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်ပါ့မယ်”။

သူမ၏ ကိုယ်ပိုင်မိသားစုနှင့်တော့ ကောင်းမွန်သော ဆက်ဆံရေး မရှိခဲ့သလို မိဘများ၏ ချစ်ခင်ယုယမှုများကိုလည်း မခံစားခဲ့ရသော်လည်း မူလပိုင်ရှင်သည် သူမကို ဤကဲ့သို့ တန်ဖိုးရှိလှသော ခန္ဓာကိုယ်ကို ပေးထားသောကြောင့် သူမသည် မူလပိုင်ရှင်၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် အစွမ်းကုန် ကြိုးစားပေးရမည်သာ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်…”။

“ဒီကိစ္စတွေအပြင် ရှင့်မှာ အခြား ဆန္ဒတွေရော ရှိသေးလား”။

အန်းရှသည် ဤကျန်းမာလှသော ခန္ဓာကိုယ်သည် အလွန် တန်ဖိုးရှိလှသည်ဟု ခံစားရသည်။

မူလပိုင်ရှင်၏ သူမ၏ မိဘများကို စောင့်ရှောက်ပေးစေချင်သော ဆန္ဒသည် သေးငယ်လွန်းလှသည်။ သူမသည် တစ်ဖက်သားအပေါ်တွင် ထိုကဲ့သို့ အသားစီး မရယူလိုပေ။

“မင်းအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မရဲ့ ကျားရှုကို ကောင်းကောင်းမွန်မွန် ပြုစု စောင့်ရှောက်ပေးနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်”။

“ကျားရှု?”။

အန်းရှသည် မျက်လုံးဖြူ ဝံပုလွေကဲ့သို့ ကျေးဇူးမသိတတ်သော သားကို တွေးကြည့်မိလိုက်သောအခါ သူမ၏ နှုတ်ခမ်းများကို ခပ်တင်းတင်း ညှစ်မိလိုက်လေတော့သည်။

သူမသည် အဓိက အမျိုးသမီး ဇာတ်ဆောင်ဘက်တွင်သာ ရပ်တည်နေသော ပေါချာ ညံ့ဖျင်းလှသည့် သူမ၏ သားဖြစ်သူကို အနည်းငယ် ကြောက်ရွံ့မိသော်လည်း မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ထည့်သွင်းစဉ်းစားမိ၍ ခေါင်းငြိမ့်လိုက်တော့သည်။

“ကောင်းပါပြီ။ ကောင်းပါပြီ။ ကျွန်မ သူ့ကို စောင့်ရှောက်လိုက်ပါ့မယ်။ ဒါပေမဲ့ သူကတော့ ကျွန်မရဲ့ ပြုစု စောင့်ရှောက်မှုကို မလိုအပ်လောက်ဘူးနော်”။

ကွာရှင်းခြင်း ကိစ္စအတွက် ချီလိနှင့် ဆွေးနွေးစဉ်က မူလပိုင်ရှင်၏ သားဖြစ်သူ မော့ကျားရှုသည် သူ့အမေနှင့် အတူလိုက်နေရန် ဆန္ဒမရှိဟု သူမ ရှင်းရှင်းလင်းလင်း သိထားရသည်။

ဝတ္ထုဇာတ်ကြောင်းများအရ ထိုအချိန်တုန်းက မော့ကျားရှုသည် အမျိုးသမီးဇာတ်ဆောင်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။

“ကျွန်မက သူ့ကို ပြုစုစောင့်ရှောက်ပေးဖို့ မင်းကို တောင်းဆိုနေတာ မဟုတ်ပါဘူး…ကျွန်မက မင်း သူ့ကို လုံးဝ မစွန့်လွှတ်လိုက်ဖို့ကို မျှော်လင့်တာပါ။…တစ်ခုခု ဖြစ်လာတဲ့အခါ…မင်း သူ့ကို ကူညီပေးလို့ ရတယ်လေ”။

ထိုသို့ ကြားလိုက်ရသောကြောင့် အန်းရှ စိတ်အေးသွားရသည်။

ဤကဲ့သို့ စောင့်ရှောက်ရခြင်းက ပို၍ ရိုးရှင်း ကောင်းမွန်လေသည်။

ထို့အပြင် မော့ယွီစန်း၏ အနေအထားနှင့် တာဝန်ယူမှုအရ ထိုခပ်ညံ့ညံ့ ကလေးတစ်ယောက်ဖြစ်သူ မော့ကျားရှုသည် သူမ၏ ပြုစုစောင့်ရှောက်မှုကို လိုအပ်မည်ဟု မထင်ပါ။

“ကောင်းပြီ။ ကျွန်မ သူ့ကို စောင့်ရှောက်ပါ့မယ်။ သူ့ကို ကျွန်မရဲ့ သားလို စောင့်ရှောက်ပေးဖို့ မလိုအပ်ဘူး ဆိုပေမဲ့ သူ့ကို ရှင်ပြောတဲ့အတိုင်း စောင့်ရှောက်ပေးပါ့မယ်လို့ ကျွန်မ ကျိန်ဆိုပါတယ်”။

“ဒါဆို…ကျွန်မ စိတ်ချထားလိုက်ပြီနော်။…ကျေးဇူးတင်ပါတယ်…အန်းရှ”။

မူလပိုင်ရှင်၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားပြီး သူမသည်လည်း ထွက်ခွာ ပျောက်ကွယ်သွားလေတော့သည်။

မူလပိုင်ရှင်သည် လုံးဝကို ပျောက်ကွယ်သွားပြီးနောက် အန်းရှသည်လည်း နှာခေါင်း နာကျင်လာခဲ့သည်။

သူမသည် ကျေးဇူးတင်နေခဲ့သလို အပြစ်ရှိသကဲ့သို့လည်း ခံစားနေရသည်။

ကျေးဇူးတင်ရခြင်းမှာ သူမကို ဤကဲ့သို့ ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပေးသနားသော ဘုရားသခင်ကို ကျေးဇူးတင်ခြင်း ဖြစ်၍၊ အပြစ်ရှိသည်ဟု ခံစားရခြင်းမှာ သူမသည် ဤကျန်းမာသော ခန္ဓာကိုယ်ကို တစ်ကိုယ်ကောင်းဆန်စွာဖြင့် သိမ်းပိုက် ရယူချင်နေသောကြောင့် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အန်းရှ။ ငါ့ကို ဒီခန္ဓာကိုယ် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ ဆန္ဒတွေ အားလုံးကို ကျွန်မ ကျိန်းသေပေါက် ဖြည့်ဆည်းပေးမှာပါ…”။

“ရှရှ…ရှရှ…ထပါဦး။ နင်ငါ့ကို ကြောက်အောင် လုပ်နေတာလား”။

သူမ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူမကို စိုးရိမ်တကြီးဖြင့် ပွေ့ဖက်ထားသော ချန်ရွှယ်မင်ကို တွေ့မြင်လိုက်ရတော့သည်။

“မင်မင်”

အန်းရှသည် မျက်တောင်ခပ်လိုက်၍ ပိုးသတ်ဆေး အနံကြောင့် နှာတစ်ချက်ရှုပ်လိုက်ပြီး ဖြူးဖွေးလို့နေသော သူမ၏ ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သူမသည် ဆေးရုံသို့ တဖန် ရောက်ရှိနေခြင်း ဖြစ်သည်။

“နင် ရုတ်တရက် မေ့လဲသွားတာ။ ငါဆို လန့်လို့ သေတော့မယ်။ ကံကောင်းလို့ပေါ့…ဆရာဝန်က နင် သတိလစ်သွားရတာက အရမ်း စိတ်လှုပ်ရှားသွားတာကြောင့်လို့ ပြောတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ငါ အဲဒီ အလကားကောင် မော့ယွီစန်းကို နင့်အစား သွားရိုက်လိုက်တော့မှာ”။

အန်းရှ၏ စိတ်ရင်းဖြင့် ဝန်ခံချက်များကို ကြားသိလိုက်ရပြီးနောက် ချန်ရွှယ်မင်အတွက်တော့ မော့ယွီစန်းသည် သူမ၏ အသည်းနှလုံးကို စူးဝင်လို့နေသော ဓားမြှောင်ကဲ့သို့သူ ဖြစ်သွားတော့သည်။

တစ်ခါတုန်းက အဆောင်တစ်ခုထဲ အတူနေခဲ့ဖူးသူ သူငယ်ချင်းတစ်ယောက် ဖြစ်ပြီး ပြီးပြည့်စုံပြီး သန်မာသော တစ်ခုလပ် မိခင်အဖြစ်မှ သူမ၏ သူငယ်ချင်းကောင်းဖြစ်သူ၏ နေရာကို စပ်စုချင်နေသူ တစ်ဦး။

ချန်ရွှယ်မင်သည် သူမကို အများကြီး ဂရုစိုက်ပေးသည်။ အန်းရှ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားရပြီး တောက်ပစွာ ပြုံးပြလိုက်လေသည်။

“မင်မင်…ငါ အဆင်ပြေပါတယ်။ ငါ အခု အများကြီး နေလို့ကောင်းပြီး သက်သာလာတယ်”။

အန်းရှသည် ချန်ရွှယ်မင်ကို စိတ်သက်သာရာ ရစေရန်သက်သက် ပြောနေခြင်း မဟုတ်ဘဲ အမှန်တကယ်ကို အဆင်ပြေသွားခြင်း ဖြစ်သည်။

မူလပိုင်ရှင်သည် ဤခန္ဓာကိုယ်မှ လုံးဝ ထွက်ခွာသွားသောအခါ သူမသည် ပေါ့ပါးသည့် ခံစားချက်မျိုး ရလိုက်ရသည်။ ဒါ့အပြင် သူမသည် မူလပိုင်ရှင်၏ ခံစားချက်များကိုလည်း ဘယ်သောအခါမျှ သက်ရောက် ခံစားရခြင်း ရှိတော့မည် မဟုတ်ပါ။

သူမသည် ယခုတွင် မူလပိုင်ရှင်နှင့် မဆက်နွယ်တော့သလို အပြီးတိုင် လွတ်လပ်သွားပြီ ဖြစ်သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset