DBFFL အပိုင်း ၄

အခန်း ၄

“သူဘာဖြစ်တာလဲ။ ဘာလို့ မူးလဲသွားတာလဲ”

“မစ္စတာမော့၊ ခင်ဗျားဇနီးက ကိုယ်ဝန်ဖျက်ချတာကြောင့် အားနည်းနေတာ ဖြစ်နိုင်တာကြောင့် သူသတိလစ်သွားပေမယ့်… ကျွန်တော်တို့ ဘာပြဿနာမှ မတွေ့တာကြောင့်…”

မှေးမှိန်မှုကြား အန်းရှသည် မော့ယွီစန်းမှာ ဆရာဝန်အား စကားပြောနေသည်ကို ကြားခဲ့သည်။

တဖြည်းဖြည်းနှင့် သူမ၏မျက်လုံးများပွင့်လာကာ ထပ်မံကာဆေးရုံဝင်းထဲမှ ထွက်သွားသော မော့ယွီစန်းကိုတွေ့ခဲ့သည်။

အထူးသဖြင့် ဆေးရုံဝင်းထဲ ယခင်ကထက် သူနာပြုများပို၍ရှိ‌နေခဲ့သည်။

“ဒေါက်တာလီ၊ မစ္စမော့နိုးလာပြီ”

သူ့အနားမှသူနာပြုမှာ သူမမျက်လုံးပွင့်လာသည်ကိုမြင်သောကြောင့် စိတ်လှုပ်ရှားစွာအော်လိုက်သည်။

အန်းရှနိုးလာသည်ကို ဒေါက်တာလီနှင့်မော့ယွီစန်းတို့ သတိထားမိခဲ့သည်။

“ကျွန်မ ဘာဖြစ်သွားတာလဲ…”

အန်းရှ၏စိတ်များ တုန်လှုပ်သွားသည်။

သူမခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေသလား။

“မစ္စမော့၊ ခင်ဗျားသတိလစ်သွားတာလေ” ဒေါက်တာလီပြောလိုက်သည်။

အန်းရှသည် မျက်မှောင်ကြုတ်မိသွားသည်။

သတိလစ်သွားတယ်။ သူမသတိလစ်သွားတာလား။

သူမသည် ပန်းခရမ်းရောင်အလင်းကို မှတ်မိခဲ့သည်။

ထိုအရာမှာ ကယောင်ကတမ်းလား။ သို့မဟုတ် ၎င်းမှာ မှန်ကန်နေသလား…

ဒေါက်တာလီသည် အန်းရှအား စိတ်ပူတကြီး ချဉ်းကပ်ကာ မေးလိုက်သည်။ “မစ္စမော့၊ အခုဘယ်လိုခံစားရလဲ။ သက်တောင့်သက်သာမဖြစ်တာမျိုးရှိလား”

သူမခန္ဓာကိုယ်မှာ သက်တောင့်သက်သာလုံးဝဖြစ်နေသည်ကို သတိထားမိသွားခဲ့သည်။

အထူးသဖြင့် နာကျင်နေခဲ့သော အောက်ဘက်ဝမ်းဗိုက်ပိုင်းမှာ…ဘာမှမဟုတ်သကဲ့သို့…ခံစားခဲ့ရသည်။

ထိုအစား သူမဗိုက်မှာ နွေးထွေးကာ အထူးသက်တောင့်သက်သာဖြစ်နေခဲ့သည်။

သူမခေါင်းခါလိုက်ကာ တီးတိုးပြောလိုက်သည်။ “လုံးဝမနာတော့ပါဘူး။ ကျွန်မအခုအရမ်းသက်တောင့်သက်သာဖြစ်နေပါပြီ။ ကျွန်မအတွက် ချန်ထားပေးခဲ့တဲ့ ဆေးဖက်ဝင်အပင်ဆေးရည် ကျေးဇူးကြောင့်ပါ”

သူမ၏ကျေးဇူးတင်စကားကို နားထောင်ကာ အန်းရှသတိလစ်သွားသည်ကို ပထမဆုံးတွေ့ရှိခဲ့သော သူနာပြုငယ်လေးမှာ သူမအားအံ့ဩတကြီး ကြည့်လိုက်မိသည်။

“မစ္စမော့၊ ဆေးရည်ကို မသောက်ခဲ့ဘူး။ စောင်ပေါ်မှာ မှောက်ကျသွားတယ်လေ….”

သူမသည် ခွက်ထဲမှ ဆေးရည်သောက်ခဲ့ပါက စောင်ပေါ်တွင် အစွန်းအထင်းများ ရှိလိမ့်မည်မဟုတ်ပေ။

၎င်းမှာ အန်းရှသည် ဆေးရည်သောက်ရင်း သတိလစ်သွားသည်ကို ပြသရန် လုံလောက်သည်။

အန်းရှမှာ ကံကောင်းစွာနှင့် သက်တောင့်သက်သာဖြစ်နေသောကြောင့် ဆရာဝန်များနှင့် သူနာပြုများမှာ ထိုအရာထဲ ရောထွေးမသွားခဲ့ပေ။

“မစ္စမော့၊ ခင်ဗျား အခုရုပ်ပိုင်းဆိုင်ရာအားနည်းနေတယ်။ ကိုယ်ဝန်ဖျက်ချတာရဲ့တုံ့ပြန်မှုက အခြားလူနာတွေထက် ပိုကြီးမားနေတယ်။ ကျွန်တော်တို့ ခင်ဗျားခန္ဓာကိုယ်အတွက် တရုတ်ဆေးတစ်ချို့ညွှန်းပေးမယ်…”

အန်းရှ၏အတွေးများမှာ ခရမ်းရောင်ဆေးဖက်ဝင်ဆေးရည်ဖန်ခွက်ပေါ် အာရုံရောက်နေသောကြောင့် ဆရာဝန်၏စကားများကို မကြားနိုင်ခဲ့ပေ။

သူမသည် ထိုဆေးရည်တစ်ခွက် မသောက်ခဲ့ပါက သူမ၏ခန္ဓာကိုယ်မှာ ရုတ်တရက် မည်ကဲ့သို့ သက်တောင့်သက်သာ ဖြစ်လာခဲ့သနည်း။

အစပိုင်း၌ အလွန်နာကျင်ခဲ့သည်မှာ ထင်ရှားသည်…

“မစ္စတာမော့၊ ခင်ဗျားဇနီးရဲ့ ခန္ဓာကိုယ်က သေချာဂရုစိုက်ဖို့ လိုသေးတယ်။ ခင်ဗျားဇနီးကို ဂရုစိုက်ဖို့ လူတစ်ယောက်အထူးငှားဖို့ အကြံပေးချင်တယ်”

“နားလည်ပါပြီ” မော့ယွီစန်းခေါင်းငြိမ့်လိုက်သည်။

ဒေါက်တာလီနှင့် သူနာပြုအချို့ ထွက်သွားကြပြီးနောက် သူ၏မျက်လုံးများမှာ စိတ်ရှုပ်နေသော အန်းရှဆီရောက်သွားခဲ့သည်။

အမျိုးသမီး၏မျက်နှာနှင့် နှုတ်ခမ်းများမှာ ‌ဖြူဖျော့နေကာ သူမသည်ဆိုးရွားသောဖျားနာမှု ခံစားရသည့်အလား ကြောင်နေခဲ့သည်။ မော့ယွီစန်းမှာ အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။

သို့သော် ထို့နောက် သူမကိုယ်ဝန်ရရန် မည်ကဲ့သို့ အစီအစဉ်ဆွဲခဲ့သည်ကို သူတွေးခဲ့မိသည်။

“ကွာရှင်းဖို့အတွက် တရားဝင်မလုပ်ခင်မှာ မင်းပြန်ကောင်းလာတာကို ငါစောင့်နိုင်ပါတယ်…”

ဤအမျိုးသမီးမှာ အခြေအနေမကောင်းသောကြောင့် သူသည် သနားညှာတာကာ ကွာရှင်းခြင်းအတွက် သူမအား အချိန်အချို့ပေးခဲ့သည်။

အန်းရှသည် သူ့အား ငြင်းပယ်ခဲ့သည်။

“မဟုတ်ဘူး မဟုတ်ဘူး။ စောင့်စရာမလိုဘူး။ ကျွန်မတို့တန်းကွာရှင်းလို့ရတယ်”

သူမ၏ခန္ဓာကိုယ်ပေါ်မှ ထူးဆန်းသောခံစားချက်မှာ ခရမ်းနီရောင် အလင်းကြောင့်ဖြစ်သလားဟု သူမတွေးနေခဲ့မိသည်။ သို့သော် အန်းရှမှာ မော့ယွီစန်း၏ ကွာရှင်းရန် ရွှေ့ဆိုင်းမည်ဟူသော စကားကိုကြားသောအခါ သူမအမြန်ပင်စိတ်ပြန်လည်လာကာ ခေါင်းခါလိုက်သည်။

မော့ယွီစန်း အေးခဲသွားသည်။

အန်းရှမှာ သူ့အားတကယ်ပင် ကွာရှင်းချင်သည်ကို သူရှင်းလင်းစွာခံစားခဲ့ရသည်။

သူစကားပြန်မပြောခင် အချိန်အတော်ကြာခဲ့သည်။ “နောက်ပြီး ပိုင်ဆိုင်မှုအတွက်ကတော့…”

နောက်ဆုံးတွင် သူစကားပင်မဆုံးသေးဘဲ အန်းရှမှာသူ့အား အံ့အားသင့်စေခဲ့သည်။ “ရှင်ကြိုက်သလောက် ပိုင်ဆိုင်မှုတွေပေးလို့ရပါတယ်။ ကျွန်မ အားလုံးကိုလက်ခံပါမယ်”

သူမကွာရှင်းခွင့်ရနိုင်သရွေ့ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်များမှ ဝေးဝေးနေနိုင်သရွေ့ ၎င်းမှာလုံလောက်သည်။

ငွေအတွက်နှင့် သူမအသက်ဆုံးရှုံးရမည်မှာ ထိုက်တန်သလား။

မူလက ဤအမျိုးသမီးအန်းရှမှာ ခြင်္သေ့ပါးစပ်မျှ ပိုင်ဆိုင်မှုအား လိုချင်နေသည်ဟု သူထင်ခဲ့သည်။

အနည်းဆုံးသူမသည် သူ့ပိုင်ဆိုင်မှု၏ တစ်ဝက်ကို လိုချင်လိမ့်မည် ဖြစ်သော်လည်း ရလဒ်မှာ….

မော့ယွီစန်းသည် သူ့ရှေ့တွင်ရှိသော အမျိုးသမီးမှာ ထူးဆန်းလာသည်ကို သိရှိခံစားရန် အန်းရှ၏ကြောက်ရွံ့သော အမူအရာကို ကြည့်နေခဲ့သည်။

မော့ယွီစန်းမှ စိုက်ကြည့်သောအခါ အန်းရှမှာ တုန်လှုပ်သွားခဲ့သည်။ သူသည် သူမအား မုန်းတီးကာ အိမ်အပြင်ဘက်တွင် နေစေချင်ခဲ့သည်ဟု သူမထင်ခဲ့သည်။

အနည်းငယ်စိတ်တိုစရာကောင်းသော်လည်း သူမသည်မူလပိုင်ရှင်မဟုတ်ပေ။ မော့ယွီစန်း၏ဇနီးခေါင်းစဉ်အား အသုံးပြုကာ ငွေသို့မဟုတ် တစ်စုံတစ်ခုတောင်းဆိုရန် အဓိပ္ပာယ်မရှိပေ။

ထို့ကြောင့် သူမအစွပ်စွဲခံရလျှင်ပင် ၎င်းသည် ဝမ်းနည်းစွာ တီးတိုးပြောနိုင်သည်။

“သေချာပေါက် ရှင်ကျွန်မကို ဘာမှမပေးချင်ရင်လည်း ကျွန်မလက်ခံပါ့မယ်”

ပိုက်ဆံမရလျှင်ပင် အနည်းဆုံးသူမတွင် ကျန်းမာသော ခန္ဓာကိုယ်ရှိပြီးဖြစ်ကာ ၎င်းမှာ သူမ၏ဝင်ငွေဖြစ်နေပြီး ဖြစ်သည်။

“…”

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset