DBFFL အပိုင်း ၆

အခန်း ၆

ညနေပိုင်း နေဝင်ချိန်ရောက်သောအခါတွင် လိမ္မော်နှင့် အဝါရောင်ပေါင်းစပ်ထားသော အလင်းရောင်ခြည်များသည် VIP လူနာဆောင်ဝန်းကျင်​​ကလေးကို ပက်ဖျန်း၍ အလှဆင်ပေးထားသလိုပင်။

“သူ‌ဋ္ဌေးကတော် မော့၊ ဒီမှာ ညစာလေး အဆင့်သင့်ဖြစ်ပါပြီ၊ တစ်ခုခု လိုအပ်တာရှိရင် ကျွန်မတို့ကို ခေါ်လိုက်ပါနော်”

“ဟုတ်ပြီ ကျေးဇူးတင်ပါတယ်”

အန်းရှသည် သူတို့ကို ညင်ညင်သာသာနှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
သူနာပြုမလေး ၂ ဦးသည် ပျော်ပျော်ရွှင်ရွှင်ပြုံးပြလိုက်ကြသည်။ သူတို့သည် လူနာဆောင်မှ ထွက်ခွာသွားရင်း သူမ၏ အပြုအမူအတွက် ချီးမွန်းမိလိုက်ကြသည်။

ကလစ်!

အခန်းတံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် အန်းရှသည် မျက်တောင်တစ်ချက် ခတ်လိုက်၍ အိပ်ရာပေါ်မှ ဆင်းကာ သူမ ရရှိနေသော အစွမ်းအချို့ကို ဆက်လက်လေ့လာအကဲခတ် နေတော့သည်။

ထိုအရာသည် အန်းရှအတွက် ရူးချင်စရာ ကောင်းလောက်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

ထိုအရာသည် နှစ်လိုဖွယ်ကောင်းသည့် အစွမ်းတစ်မျိုးဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကိုလည်း ကျန်းမာအောင် ပြုလုပ်နိုင်စွမ်းရှိနေသည်။

ဤအစွမ်းနှင့်သာဆိုလျှင် သူမသည် ဘယ်သောအခါမျှ နာမကျန်းဖြစ်တော့မည် မဟုတ်ချေ။

အနည်းဆုံးအနေဖြင့် သူမနေမကောင်းဖြစ်သည့်အခါတွင်တောင် လျှင်မြန်စွာ ပြန်လည်ပျောက်ကင်းသက်သာသွားမည်ဖြစ်သည်။

ဒီအစွမ်းဟာ အဘယ့်ကြောင့်များ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖျားနာပြီး သေဆုံးသွားမှုကိုတော့ မဟန့်တားပေးခဲ့ရသနည်း။ ဒါက ရူးကြောင်မှု တစ်ခုများပေလား။

သူမသည် ဆေးများနှင့် ပန်းအိုးများထဲမှ ပန်းစည်းများဖြင့်လည်း စမ်းသပ်လိုက်ကြည့်ပြီး နားလည်သဘောပေါက်လိုက်သည့်အချက်မှာ ထိုအရောင်များရှိနေသော အလင်းတန်းများမှာ သူတို့ပုံစံ၏ အရောင်အဆင်းကို ကိုယ်စားပြုနေခြင်းဖြစ်သည်ဆိုသည့် အချက်ပင်။

ဥပမာအားဖြင့်ဆိုရသော် Motherword ဟုခေါ်သော ဆေးဖက်ပင် လက်ဖက်ရွက်သည် အနီရောင်ရှိသော ချုံပင်နွယ်ဝင် ပန်းအမျိုးအစားတစ်ခုဖြစ်သည်။ ထို့ကြောင့် ထိုအရောင်ထွက်လာသောအခါတွင် ထိုပန်းဟု သတ်မှတ်နိုင်သည်။

နောက်ထပ် ဥပမာပြရသော် အညိုရင့်ရောင်အဆင်းရှိသော တရုတ်ရိုးရာဆေးတစ်မျိုးထည့်ထားသော အိုးတစ်လုံးနှင့် ပက်သက်၍ဖြစ်သည်။ ထိုအခါ အညိုရင့်ရောင် အလင်းတန်းများထွင်ပေါ်လာမည်ဖြစ်သည်။ တရုတ်ရိုးရာ ဆေးဝါးများအားလုံးသည်လည်း အမှုန့်များကို သန့်စင်မွန်းမံ၍ ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်လေသည်။

တရုတ်ရိုးရာ ဆေးဝါးများကို အတူပေါင်းစပ်လိုက်သည်အခါတွင် ထိုကဲ့သို့သော အရောင်များထွက်လာမည်ဖြစ်သည်။

Motherword ဆေးဖျော်ရည်မှ ထွက်ပေါ်လာသော ခရမ်းနှင့်အနီရောစပ်အရောင်နှင့် တရုတ်ရိုးရာဆေးဝါးမှ အညိုရင့်ရောင်အလင်းတန်းများသည် သူမ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို နွေးထွေးမှုပေးပြီး သက်တောင့်သက်သာ ခံစားရစေသည့်အကြောင်းရင်းခံမှာ ထိုဆေးဝါး နှစ်မျိုးစလုံးသည် သားဖွား မီးယပ်ရောဂါများအတွက် အကျိုးသက်ရောက်မှုရှိသော တရုတ်ရိုးရာဆေးဝါးများ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် သူမသည် ကိုယ်ဝန်ဖျက်ချမှုဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးနာကျင်မှုဒဏ်မှ သက်သာနေခြင်းဖြစ်သည်။

သူမ၏ရွှေရောင်လက်ချောင်းလေးသည် တရုတ်ရိုးရာဆေးဝါးအတွက်တွင်သာမက အပင်များနှင့်ပက်သက်၍ပါ အသုံးဝင်နေသည်။

သူမသည်ဆက်လက်၍ အခန်းအတွင်းရှိ ပန်းအိုးများထဲမှ ပန်းအခက်များကိုလည်း မည်သည့်အရောင်အဆင်းရှိ၍ မည်သည့်အရောင်ထုတ်လွှတ်နိုင်သည်များကို လေ့လာခဲ့သည်။

ထိုအခါတွင် သူမ သိလိုက်ရသည်က ပန်းများအတွင်းမှ ထွက်လာသော အလင်းတန်းသည် သူမ၏ အတွင်ပိုင်းခန္ဓာကိုယ်ကို သိသာစွာ အကျိုးပြုနိုင်စွမ်း မရှိခြင်းဖြစ်သည်။

ပန်းရနံ့များသည် သိသာထင်ရှားလှ၍ သူမ၏ခန္ဓာကိုယ်အပြင်ပိုင်းတွင်သာ ရေမွှေးအသုံးပြုထားသကဲ့သို့ ရနံ့စွဲကျန်နေသည်ဖြစ်သည်။

အံ့သြစရာကောင်းစွာနှင့် ထိုမွှေးရနံသည် သူမ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားသည်ဟု သူမထင်လိုက်မိသည်။

ဤအကြောင်းခြင်းရာမှတဆင့် သူမကောက်ချက်ချလိုက်နိုင်သောအချက်မှာ သူမသည် ထိုဆေးပင်များအတွင်းမှ အာနိသင်များကို ထုတ်ယူနိုင်စွမ်းရှိပြီး ထိုအာနိသင်များကို သူမ၏ခန္ဓာကိုယ်တွင်းသို့ စုပ်ယူလိုက်ခြင်းအားဖြင့် ထိုစွမ်းအင်များကို ခံစားရနိုင်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် ဤအစွမ်းဖြင့်ပင် သူမ၏ကျန်မာရေးအတွက် အာမခံချက်တစ်ခုဖြစ်လို့ သွားတော့သည်။

ထိုသို့တွေးတောလိုက်ရင်းဖြင့် အန်းရှသည် သူမ၏နှုတ်ခမ်းလွှာကို ရဲရဲတင်းတင်းဖွင့်၍ အစားအသောက်များများကို ပျော်ပျော်ရွှင်ရွှင် စားသောက်လိုက်တော့သည်။

ဘာကြောင့်များလဲ။ အဘယ်ကြောင့်များ အန်းရှသည် သူမ၏ညစာမှ အာဟာရဓာတ်ရရှိအောင် အလင်းတန်းများကို စုပ်ယူစားသုံးရမည့်အစား အစားအစာများကို ကိုယ်တိုက်စားသောက်နေရသနည်း။

ဟီးဟီးဟီး။ အဘယ်ကြောင့်ဆိုသော် အစားအစာ၏ အာဟာရများနှင့် အာနိသင်အလင်းတန်းများသည် အားကောင်းသော်လည်း သူမကို ဗိုက်ပြည့်အောင်တော့ မစွမ်းဆောင်ပေးနိုင်သောကြောင့်ဖြစ်သည်။

ညစာ စားသောက်ပြီးနောက်တွင် အင်တာနက်စွဲလမ်းသူတစ်ဦးပီပီ သူမ၏ ကွန်ပြူတာကို စိတ်လှုပ်ရှားစွာ ထုတ်ယူလိုက်သည်။

မကျန်းမာသူ ကလေးမလေးတစ်ဦးဖြစ်နေသည့်အလျောက် အန်းရှသည် ချန်းသာကြွယ်ဝနေသော်လည်း စည်းကမ်းတင်းကျပ်သော သတို့သားလောင်း​ဖြစ်သူကြောင့် စိတ်ဖျော်ဖြေမှုများကိုလည်း မည်သည့်အခါမျှ မပြုလုပ်ခဲ့ရပါ။

သူမသည် သာမန်လူငယ်တစ်ဦးကဲ့သို့ ကျောင်းတက်နိုင်စွမ်းမရှိခဲ့သလို သူမ၏ သတို့သားလောင်းကြောင့် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးဖြစ်လာစေရန် တက်ရောက်ရမည့်ကျောင်းသို့ သွားရောက်၍ လေ့လာသင်ယူရသေးသည်။

အဆိုးဆုံးအချက်မှာ သူမသည် ကျောင်း နှင့်အိမ်မှလွဲ၍ မည်သည့်နေရာကိုမှ သွားလာခွင့်မရှိခြင်းပင်။

ကွန်ပျူတာနှင့် အင်တာနက်တို့ကဲ့သို့ လူငယ်များကြိုက်နှစ်သက်ကြသော အမျိုးမျိုးသော ဖျော်ဖြေမှုများနှင့်လည်း အလှမ်းဝေးကွာလို့နေသည်။

သူမ၏မိသားစုသည် သူမကို တစ်သက်လုံး စာရွက်ဖြူအလွတ်ကဲ့သို့ သန့်ရှင်းဖြူစင်နေစေရန် ကြိုးစားနေကြလေသည်။

ဒါ့အပြင် သူမသည် အမှားအယွင်းတစ်စုံတစ်ရာ ပြုလုပ်လိုက်မိလျှင် သူမ၏သတို့သားလောင်းသည် သူမကိုမနှစ်သက်တော့ဘဲ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်မည်ဖြစ်သည်။ ထိုအခါ အန်းမိသားစုသည် အထက်တန်းလွှာသို့ မရောက်ရှိနိုင်တော့ဘဲ ဒေါသူပုန်ထကြတော့မည်ဖြစ်သည်။

ထို့ကြောင့် သူမ၏ လက်ရှိကမ္ဘာမှ ဝိဉာဉ်ကူးပြောင်း၍ ဝတ္ထုဇာတ်လမ်းအတွင်းမှ အသက် ၂၆ နှစ်အရွယ် အမြောက်စာကဲ့သို့ ဘဝမျိုးသို့ ရောက်ရှိသွားသည့်တိုင်အောင် သူမ ပျော်ရွှင်နေမိသည်။

သူမ၏ ကျန်းမာရေးကြောင့်သာမက ဤအချိန်သည် သူမအနေဖြင့် အန်းမိသားစုကို စွန့်ခွာ၍ လုံးဝလွှတ်လပ်နိုင်သည့် အနေအထားမျိုးဖြစ်လို့နေသည်။

ခန္ဓာကိုယ်အသစ် ဘဝအသစ်အပြင် အရာရာသည် အသစ်ဖြစ်လို့နေကာ သူမသည် အလွန်ပျော်ရွှင်နေပြီး မျှော်လင့်ချက်များ ပြည့်နှက်လို့ နေနေတော့သည်။

သူမသည် အာဏာရှင်ဆန်သော မော့ယွီစန်းနှင့် ကွာရှင်းလုဆဲဆဲဖြစ်နေပြီး ပိုက်ဆံမရှိ ဆင်းရဲမွဲတေနေစေကာမူ ပျော်ရွှင်နေမိတော့သည်။

သူမသည် ကာတွန်း ဝက်ဘ်ဆိုက်ထဲသို့ဝင်လိုက်ပြီး သူမအနေဖြင့် တစ်သက်တာလုံး မဖတ်ဖြစ်နိုင်ခဲ့သည့် ဇာတ်လမ်းများကို ပျော်ရွှင်စွာ ဝင်ကြည့်နေမိတော့သည်။

သူမ ပျော်ရွှင်စွာ ဖတ်တော့မည့်အချိန်တွင် ဖုန်းသံမြည်လာတော့သည်။

ဟင်? သူမဖုန်းက အသံမြည်လာတာလား?။

သူမသည် ဦးခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ရင်း သူမ၏အိပ်ရာဘေးဘက်စားပွဲပေါ်ရှိ မြည်နေသောဖုန်းကို ကြည့်လိုက်သည်။

ဖုန်း၏ မျက်နှာပြင်ပေါ်တွင်တော့ “ချန်ရွှယ်မင်” ဆိုသည့် နာမည် ပေါ်လို့နေသည်။

“ချန်ရွှယ်မင်”

သူမသည် ထိုနာမည်နှင့်ပက်သက်၍​ပြန်လည်းစဉ်းစားလိုက်တော့သည်။

တစ်ခါတုန်းက တက္ကသိုလ်အဆောင်တစ်ခုတွင် မိန်းကလေး ၄ ယောက်သည် အတူတကွနေထိုင်ကြသည်။

ထိုမိန်းကလေး ၄ ယောက်က စိတ်သဘောထားများ မဆိုးလှသည့်အလျောက် ၄ နှစ်တာ အတူတကွ နေထိုင်လာပြီးသည့်နောက်တွင် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာကြသည်။

ထိုအထဲတွင် ဤခန္ဓာ၏ မူလပိုင်ရှင်ဖြစ်သူနဲ့ ထောင်ကျစ်ရှင်း ဆိုသူသည် အခင်မင်ဆုံး ဆက်ဆံရေးရှိကြသူများဖြစ်သည်။

ထိုနောက် ချန်ရွှယ်မင်နှင့် ထိုမူလပိုင်ရှင်သည် ဒုတိယမြောက် အခင်မင်ကြဆုံးဖြစ်သည်။

ထိုသူတို့ နှစ်ယောက်စလုံးသည် တူညီသော ပင်ကိုယ်စရိုက်နှင့် အတွေ့အကြုံများ ရှိကြသူများဖြစ်သည်။

နှစ်ဦးစလုံးသည် ဆင်းရဲ့သောမိသားစုမှ ကြီးပျင်းလာရသူများဖြစ်ကြပြီး ထူးချွန်ထက်မြတ်သောကြောင့် ဤကဲ့သို့ အကောင်းဆုံးတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရကြခြင်းဖြစ်သည်။

မူလပိုင်ရှင်သည် ထောင်ကျစ်ရှင်းအပြင် ချန်ရွှယ်မင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိလို့နေသည်။

ထို့ကြောင့် မူလပိုင်ရှင်သည် သူဋ္ဌေး မော့ယွီစန်းနှင့် လက်ထပ်ပြီးနောက်ပိုင်းတွင်တောင် ချန်ရွှယ်မင်နှင့် အဆက်အသွယ် ရှိနေသေးခြင်းဖြစ်သည်။

သူမသည် ချန်ရွှယ်မင်ကို မော့ယွီစန်း၏ ဥပဒေအကြံပေး ကုမ္ပဏီအဖွဲ့အစည်းတစ်ခုနှင့်ပင် ဆက်သွယ်ပေးခဲ့ပြီး ထိုကုမ္ပဏီသည် မြို့ထဲတွင် နာမည်အကြီးဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset