DBFFL အပိုင်း ၂

အခန်း ၂

“မစ္စတာမော့…မစ္စမော့က ခုနကဖုန်းခေါ်ပြီး သူက‌ဆရာ့ကိုကွာရှင်းချင်တယ်လို့ ပြောတာလား”

သူ၏အထူးလက်ထောက် ဝမ်ကန်ဝမ်သည် မယုံကြည်မှုများ ပြည့်နေသောမျက်နှာနှင့် သတင်းများကို ပြောပြခဲ့သည်။ မော့ယွီစန်းသည် သူ့ထက်ပို၍မတည်ငြိမ်နိုင်ခဲ့ပေ။

၎င်းသည် သူ့ထက် ပို၍ပင်ထိတ်လန့်စရာ ကောင်းနေခဲ့သည်။

“နားကြားမှားသွားခဲ့တာများလား”

မော့ယွီစန်းသည် သူ့အလုပ်ကိုဘေးချကာ ဝမ်ကန်ဝန်အား ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ခဲ့သည်။

သူသည် သူ့ဇနီးအား အလွန်ကောင်းစွာသိသည်။ ၎င်းသည်ကွာရှင်းရန် လုံးဝမဖြစ်နိုင်ပေ။

သို့မဟုတ်ပါက သူမသည် သူ့အားလှည့်စားကာ ဒုတိယကလေးကိုယ်ဝန်ရရန် ဝန်လေးလိမ့်မည်မဟုတ်ပေ။

သူသည် ထိုအရာအား တွေးသည့်အခါတိုင်း မော့ယွီစန်း၏မျက်လုံးများမှာ အေးစက်မှုနှင့်ပြည့်နေခဲ့သည်။

သူသည် တူညီသောမိန်းမထံမှ နှစ်ကြိမ်လှည့်စားခံခဲ့ရသည်…

ထို့ကြောင့်သူသည် အန်းရှမှာ သူ့အား အရင်ကွာရှင်းလိမ့်မည်ဟု မယုံနိုင်ခဲ့ပေ။

သူ၏ပထမဆုံး တုံ့ပြန်မှုမှာ…

ထိုအမျိုးသမီးမှာ သူ့အား ထပ်ပြီး လှည့်စားနေသလား။

မော့ယွီစန်းသည် သူ့ဇနီးအန်းရှမှာ သူနှင့်တကယ်ပင် ကွာရှင်းချင်ခဲ့သည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။

အန်းရှသည် သူမနှုတ်ခမ်းများအား တင်းကျပ်စွာစေ့ထားကာ သူမမျက်နှာမှာ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေခဲ့သည်။

သူမ၏ဖုန်း‌ခေါ်ဆိုမှုမကြာခင် မော့ယွီစန်းပြန်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူမရှေ့မှ အေးစက်သည့်လူအား ကြည့်လိုက်ကာ သူ၏မျက်လုံးများထဲမှ ထွက်ပေါ်လာသော မထူးခြားမှုကို ခံစားခဲ့ရကာ အန်းရှမှာ ပို၍ပင်ကြောက်လာခဲ့သည်။

“အန်းရှ၊ မင်းငါ့ကို ဘာလုပ်စေချင်တာလဲ”

ထိုလူမှာ မျက်မှောင်ကြုတ်ကာ သူ‌ရှေ့တွင်ရပ်နေသော အမျိုးသမီးအား အေးစက်စက်ကြည့်လိုက်သည်။

ဤအမျိုးသမီးသည် သူနှင့်အရင်းနှီးဆုံး အမျိုးသမီးဖြစ်သော သူ့ဇနီးဖြစ်သော်လည်း သူ့စိတ်ထဲတွင် ဤအမျိုးသမီးမှာ သူစိမ်းထက်ပိုဆိုးနေခဲ့သည်။

သူသည်သူမအားမုန်းတီးပြီး သူ့အပေါ်ရှိနေသော တာဝန်အတွက်သာမဟုတ်ခဲ့ပါက သူသည်တစ်မိနစ်သို့မဟုတ် တစ်စက္ကန့်မျှပင် ဤတွေးခေါ်တတ်သော အမျိုးသမီးနှင့် မနေချင်ခဲ့ပေ။

“အာ ကျ ကျွန် ကျွန်မ ရှင်လိုချင်တဲ့…အရာကို…ဖြည့်ဆည်းပေးချင်ရုံပါ”

စာအုပ်ထဲသို့မကူးပြောင်းလာခင် အန်းရှမှာ အထူးသဖြင့် အမျိုးသားများကဲ့သို့သော သတ္တဝါများနှင့် လူများနှင့်ထိတွေ့မှုနည်းပါးသော အသက်၁၈နှစ်အရွယ် မိန်းကလေးဖြစ်သည့် အားနည်းသောပျိုးစေ့သာဖြစ်သည်။

ထို့ကြောင့်သူမသည် သူမနှင့်လည်း အတော်မရင်းနှီးသော အားကောင်းသည့်လူဖြစ်သော မော့ယွီစန်းနှင့် ရင်ဆိုင်ရသောအခါ သူမတကယ်ပင်စိတ်လှုပ်ရှားကာ ကြောက်နေခဲ့သည်။

အခက်အခဲများစွာပြီးနောက် သူမသည်သတ္တိမွေးကာ စကားလုံးများအား ထပ်မံပြောခဲ့သည်။ “ရှင့်ကိုကွာရှင်းမယ်”

သတ္တိမွေးသော်လည်း သူမ၏အသံမှာ ခြင်တစ်ကောင်ကဲ့သို့ ‌တိုးနေသေးသည်။

သူမ၏ခေါင်းမှာငုံ့ထားပြီး သူမသည်အသံချိုချိုထဲမှ တုန်လှုပ်မှုအချို့နှင့် သူမအားမကြည့်ရဲပေ။ မော့ယွီစန်းသည် မနာခံမှုကိုသာ ခံစားခဲ့ရသည်။

အန်းရှသည် သူမမှာအခြားလူတစ်ယောက်ဖြစ်နေသည့်အလား အလွန်ကွာခြားနေခဲ့သည်။

သို့သော် သူသိပ်ဂရုမစိုက်ခဲ့ပေ။

“အန်းရှ၊ မင်းင့ါကိုခြိမ်းခြောက်နေတာလား။ မင်းကမမွေးသင့်တဲ့ အဲ့ကလေးကို မွေးချင်ရုံမလား”

မော့ယွီစန်း၏မျက်လုံးများထဲ အန်းရှလုပ်နေသောအရာအားလုံးမှာ သူမ၏ဗိုက်ထဲမှ ဒုတိယကလေးကြောင့်သာဖြစ်သည်။

သူ၏နက်ရှိုင်းသောမျက်လုံးများမှာ အေးစက်သွားခဲ့သည်။

“မင်းဘာပဲဖြစ်ဖြစ်…” ငါဒီကလေးကို အမှတ်ရမှာမဟုတ်ဘူး။

သူ့စကားများမဆုံးခင် သူ့အားအန်းရှမှ စကားဖြတ်ပြောခဲ့သည်။ “မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကိုခြိမ်းခြောက်နေတာမဟုတ်သလို ဒီကလေးကိုလည်းမမွေးချင်ပါဘူး။ စိတ်မပူပါနဲ့။ ရှင်နဲ့ကျွန်မရဲ့ ကွာရှင်းမှုက သေချာပေါက် ဒီကလေးအတွက် လုံးဝ်ဟုတ်ဘူး”

၎င်းသည်သူမ၏ကျန်းမာရေးကို လွှမ်းမိုးသွားနိုင်သည်။ အန်းရှသည် သူမလက်ကိုခါကာ ထိုလူအားနှောင့်ယှက်ပြီး ခေါင်းကိုမော့၍ မော့ယွီစန်းအား အလွန်စိတ်ရင်းအမှန်နှင့်ကြည့်လိုက်သည်။ “ကျွန်မကွာရှင်းပြီးဒီကလေးကို ဖျက်ချမှာပါ။ အခုကစပြီး ကျွန်မရှင့်ကို လုံးဝမနှောင့်ယှက်ဘူး…”

အမျိုးသမီး၏ကြီးမားသော မျက်လုံးများမှာ သူ့အား အလွန်စိတ်ရင်းမှန်နှင့် စိုက်ကြည့်နေခဲ့သည်။ မော့ယွီစန်းသည် သူ့ရှေ့ရပ်နေသော ဇနီးမှာ ရိုးသားသော မိန်းကလေးနှင့်တူသည်ဟု ခံစားခဲ့ရသည်။

သို့သော် ထိုလူမှာ အတွေးကိုပယ်ဖျက်ပြီး ရယ်လိုက်သည်။ တွေးခေါ်တတ်သော အမျိုးသမီးမှာ တစ်စုံတစ်ခုအား ကြံနေသောကြောင့် သူပို၍သတိထားနေခဲ့သည်။

“အန်းရှ၊ ငါမင်းကိုယုံနေဦးမယ်လို့ မင်းထင်နေတာလား”

ထိုအချိန်၌ သူမသည်သူ့အား လှည့်ဖြားခဲ့ကာ သူ့ကလေးအား လိမ်လည်ပြီး သူနှင့်လက်ထပ်ရန် ကလေးအား အသုံးပြုခဲ့သည်။

လွန်ခဲ့သော အချိန်တစ်ချို့က သူမသည်သူ့အား လှည့်စားကာ ထပ်မံကိုယ်ဝန်ရခဲ့သည်…

ဤအမျိုးသမီးသည် အမြဲအကြံထုတ်ကာ ရွံစရာကောင်းနေခဲ့သည်။

ထိုလူသည်သူမအား မယုံခဲ့ပေ။ အန်းရှ၏နှာခေါင်းမှာ စိတ်ရှုပ်မှုကြောင့် ရှုံ့တွသွားကာ သူမသည်ထိုလူအား မည်ကဲ့သို့ဖျောင်းဖျရမည်အကြောင်း တွေးနေခဲ့သည်။

သို့သော်မကြာမီတွင် သူမ၏စိတ်ရှုပ်ဖွယ်အပြုအမူမှာ တောက်ပသောအပြုံးအဖြစ် ပြောင်းသွားခဲ့သည်။ “ကျွန်မကိုမယုံရင် ဆေးရုံသွားပြီး မဖျက်ချခင် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးလို့ရတယ်။ ရှင်ကျွန်မကို တစ်လမ်းလုံး လမ်းပြနိုင်တယ်”

ဟားဟားဟား။ အမျိုးသားဇာတ်ဆောင်သည် ဤဖြစ်စဉ်များစီးရီးမှတစ်ဆင့် သူမနောက်လိုက်သွားခဲ့ပါက ၎င်းသည်တစ်ယောက်တည်းလုပ်ခြင်းထက် ပိုကောင်းလိမ့်မည်။ ထို့နောက် ၎င်းသည်ပို၍စိတ်ချရလိမ့်မည်။

အမျိုးသား‌ဇာတ်ဆောင်မှာ အားကောင်းသောလူဖြစ်သည်။ ထို့ပြင်ဖြစ်စဥ်တစ်လျှောက် သူမနောက်လိုက်ရန် လူရှိခြင်းမှာ သူမအားပို၍စိတ်သက်သာစေလိမ့်မည်။

ကိုယ်ဝန်ဖျက်ချရန် သူမကိုယ်တိုင် ဆေးရုံသို့သွားမည့် ၁၈နှစ်အရွယ် မိန်းကလေးသည် သူမအားကြောက်ရွံ့သွားစေသည်။

ထို့နောက်သူမသည် ဆေးရုံထဲမှစနစ်များနှင့် အလွန်မရင်းနှီးခဲ့ပေ။

သူမဖြတ်ကျော်မလာခင်တွင် သူမသည် ချမ်းသာသည်။ သူမဆေးရုံထဲနေသော်လည်း မည်သည့်ဖြစ်စဉ်များမှမလုပ်ဘဲ ဆေးရုံထဲသို့ အများအားဖြင့် ဝင်လိုက်ထွက်လိုက်လုပ်သည်။

ထို့ကြောင့် သူမအတွက် ၎င်းအားတစ်‌ယောက်တည်းလုပ်ရန် အလွန်ခက်ခဲလှသည်။

စကားပြောပြီးနောက် သူမသည် မျက်လုံးများထဲ တောက်ပသောကြယ်များရှိသည့်အလား မျက်ရည်ဝဲနေသောမျက်လုံးကြီးများနှင့် များစွာစိတ်သက်သာရာရခဲ့သည်။

တောက်ပသောအပြုံးနှင့် အန်းရှမှာ ကောင်းမွန်သောအကြံပေးသည့် ကလေးငယ်ကဲ့သို့ဖြစ်နေခဲ့သည်။

မော့ယွီစန်းအေးခဲသွားသည်။

အန်းရှထိုကဲ့သို့ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။ သူနှင့်နှစ်ပေါင်းများစွာကြာ ချည်နှောင်လာခဲ့သော အမျိုးသမီးမှာ သူ့အားလွှတ်ပေးလိမ့်မည်…

ဤဘဝတွင် ဤအမျိုးသမီးမှ ဝေးကွာသွားရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု သူထင်ခဲ့သည်…

သို့သော်သူသည်၎င်းအား မဖော်ထုတ်နိုင်ခဲ့ပေ။ လွန်ခဲ့သောရက်တွင် သူမသည်သူနှင့်အတူ ချည်နှောင်ထားသေးကာ သူမသည်ကလေးမွေးရန် စီစဉ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ရုတ်တရက် သူမစိတ်ကို ပြောင်းလိုက်သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset