PTH အပိုင်း ၈

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၈ မွေးရာပါတာအိုအမျိုးအစား

လက်ဖက်ရည်သံနှင့် လေသံများ သူတို့၏နားများထဲ ဝင်ရောက်လာသည်။

သူတို့နောက်တွင် ဖြစ်နေသည့်အရာကို တပည့်များစွာ သတိပြုမိလာကြပြီး ကြက်သေသေသွားကြ၏။

ဆရာသခင်လု ထိုနေရာကို ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်ကာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ သူ သူ့ညာလက်ချောင်းကို သူ့နောက်ကျောသို့ ပုတ်လိုက်၏။

ကလန်း

အလွန်အမင်း အေးစက်သော ဓားသံတစ်ခု ခန်းမရှေ့ ပဲ့တင်ထပ် ထွက်လာသည်။

တပည့်များ၏ စိတ်နှလုံးသားများ တုန်ရီသွားကြပြီး သူတို့ အလျင်အမြန် အသိစိတ်ဝင်လာကာ ပြန်လှည့်လိုက်ကြသည်။

ကမ်းပါးယံကြားရှိ မြေပြင်သည် အလွန်တိတ်ဆိတ်သွားပြီး အဝေး သစ်ပင်များရှိ ငှက်အော်သံများသည်ပင် ပျောက်ကွယ်သွားကြ၏။

ဆရာသခင်လု၏ အကြည့်က တပည့်များကြား ရွေ့လျားသွားပြီး ကျင်းကျူးနှင့် လီရှီရှူးအပေါ် အနည်းငယ်ကြာကြာ ရစ်ဝဲနေကာ နောက်ဆုံး အဝေးရှိ တောင်တန်းများအပေါ် ကျရောက်သွားသည်။

“အာရုံစိုက်ကြ။ မင်းတို့ ဘယ်လောက် ပါရမီရှိသလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် သုံးလအတွင်း စိတ်ဝိဉာဉ်အဆင့်(သူတော်ကောင်းတရားပိုင်ဆိုင်ခြင်းအဆင့်)ကို ချိုးဖျက်ဖို့ မင်းတို့ ကြိုးစားကြရမယ်။ အဲနောက်မှသာ မင်းတို့မှာ သုံးနှစ်အတွင်း စိတ်ဝိဉာဉ်ဆိုင်ရာ တည်ငြိမ်ခြင်းအဆင့်ကို ရောက်ရှိဖို့ အခွင့်အရေးတစ်ခုရှိနိုင်မှာဖြစ်ပြီး အာအိုးယာမာရဲ့ တကယ့်တပည့်ဖြစ်လာဖို့နဲ့ အတွင်းစည်းတပည့်အဖြစ် ခေါ်ယူခံရဖို့ အခွင့်အရေးရှိလာမှာဖြစ်တယ်။ ‘‌တင်းတိမ်ရောင့်ရဲခြင်း’ သဘောတရားကို အလေးပေးတဲ့ ကောင်းကင်ဓားရဲ့ မှန်ကန်တဲ့ လမ်းစဉ်ကို ငါတို့ရဲ့ဂိုဏ်းမှာ ကျင့်သုံးတယ်။ အစပိုင်းမှာ ကျင့်ကြံဖို့ မခက်ခဲဘူး။ အချိန်နဲ့ စွမ်းအားကို သုံးစွဲဖို့ ဆန္ဒရှိနေသရွေ့ အတုံးအဆုံးပုဂ္ဂိုလ်ကတောင် တစ်နေ့မှာ အဲအဆင့်ကို ချိုးဖျက်နိုင်တယ်။ ဒါပေမယ့် ကောင်းကင်ဘုံကို ဦးတည်တဲ့ မဟာလမ်းစဉ်က မိုင်ပေါင်း ဘယ်လောက် ဝေးသလဲ။ မင်း ဝေးဝေးရောက်လာလေလေ ပိုပြီး ခက်ခဲလာလေလေပဲ။ တောင်ထွတ်က မတ်စောက်ပြီး အန္တရာယ်များတယ်၊ တောင်ထွတ်ရောက်ခါနီး နောက်ဆုံးခြေလှမ်းအနည်းငယ်က ကောင်းကင်ဘုံကို တက်ရသလောက်ကို ခက်ခဲတယ်။ ဒါကြောင့် သုံးနှစ်အတွင်း အတွင်းစည်းကို မဝင်ရောက်နိုင်ရင် ကောင်းကင်ဘုံကို သွားတဲ့ မဟာလမ်းစဉ်ကို လျှောက်လှမ်းဖို့ မေ့လိုက်ကြတော့။”

သူ အနည်းငယ် တမ်းတမ်းတတဖြစ်သွား၏။ ဤစကားများသည် ဤတပည့်များအတွက် ပြောလိုက်ခြင်းဖြစ်ပြီး သူ၏ တကယ့်အတွေ့အကြုံများလည်း ဖြစ်ကြသည်။

သူသည် စိတ်ဆန္ဒဆက်ခံခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ဓားပေါ်မှ လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ကာ ခြေဆယ်လှမ်းအကွာအဝေးရှိ လူများကို သူ့အဝတ်အစားများအား သွေးမစွန်းစေဘဲ သတ်ဖြတ်နိုင်သည်။ သာမန်လူသားများအတွက် သူသည် ဓားနတ်သားတစ်ပါးအလားဖြစ်ပြီး ကျောင်းဂီမြို့ရှိ အင်ပါယာရုံးတော်၏ စံအိမ်များတွင် သူသည် ကိုးကွယ်ခံရပေလိမ့်မည်။

သို့သော်လည်း အာအိုးယာမာဂိုဏ်းတွင် သူသည် မရှုံးနိမ့်နိုင်သော အဆင့်ကို မဝင်ရောက်နိုင်ခဲ့သလို သူ့ဘဝသက်တမ်းသည်လည်း အကန့်အသတ်ရှိသည်။ သူသည် နောက်ထပ် အဆင့်ကြီးအနည်းငယ်ကို ချိုးဖျက်ရန် မျှော်လင့်ချက်မရှိသောကြောင့် ဂိုဏ်း၏ အာရုံစိုက်စရာမဖြစ်လာနိုင်တော့ပေ။

ယခုကဲ့သို့ပင် တောင်ပိုင်းထင်းရှူးစံအိမ်၌ ဘာမှမသိသည့် ဤအပြင်စည်းတပည့်များကို သင်ပေးရန်သာ သူ တတ်နိုင်ပေသည်။ ၎င်းကလည်း ဂိုဏ်းအတွက် အလွန်အရေးကြီး၏။ သို့သော်….

ကလေးဆန်သည့် အသံတစ်ခုက ဆရာသခင်လု၏ အာရုံကို ဆွဲယူသွား၏။

“အင်မော်တယ်ဆရာသခင်ဗျ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းက ကောင်းမွန်ရင် နောက်သုံးနှစ်မှာ ကျင်းပမယ့် ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ဝင်ပါဖို့ အခွင့်အရေးရှိမှာလားဗျ”

ပြောလိုက်သည့် တပည့်ငယ်လေးသည် အာအိုးယာမာဂိုဏ်းနှင့် ပတ်သက်သည့် သတင်းတချို့အကြောင်းကို တနည်းနည်းဖြင့် ကြားသိခဲ့သည်မှာ ထင်ရှားသည်။ ဓားဆက်ခံခြင်းပြိုင်ပွဲက တပည့်ငယ်များအတွက် အရေးကြီးဆုံးသော စမ်းသပ်မှုဖြစ်သည်ကို သူ သိပေသည်။

ဆရာသခင်လု အနည်းငယ် အံ့အားသင့်သွား၏။ ထို့နောက် သူ ပြုံးလိုက်ပြီး မေးခွန်းကို မဖြေခဲ့ပေ။ သူအမြင်တွင် ဤတပည့်ငယ်၏ မေးခွန်းသည် အလွန်တုံးအလှပေသည်။

တဖြည်းဖြည်း ဆွေးနွေးသံများနှင့် တိုးညင်းသော ရယ်သံများ ထွက်ပေါ်လာ၏။ သူ့သူငယ်ချင်းများ၏ ရှင်းပြချက်မှတဆင့် ထိုတပည့်ငယ်လေးသည် ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်း နယ်ပယ်ကို ပြီးမြောက်ထားသည့် တပည့်များသာ ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြောင်း သိလိုက်ရသည်။

သူတော်ကောင်းတရားပိုင်ဆိုင်ခြင်းပြီးနောက် စဦးအဆင့်ဖြစ်သည့် စိတ်ဝိဉာဉ်တည်ငြိမ်းခြင်း(စုစည်းခြင်း)အဆင့်ဖြစ်သည်။ ထို့နောက် ပြီးပြည့်စုံသော အောင်မြင်ခြင်း အဆင့်ဖြစ်ပြီး ထို့နောက် ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့် စသဖြင့်…

ယခုလေးတင် တောင်ဂိတ်တံခါးထဲ ဝင်ရောက်လာသည့် အပြင်စည်းတပည့်များသည် ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်မှ အဆင့်လေးဆင့် ဝေးကွာနေကြဆဲဖြစ်သည်။

“ပြီးပြည့်စုံတဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆင့်ကို အောင်မြင်ဖို့ နှစ်နှစ်လား”

တပည့်တစ်ယောက်က သရော်လိုက်၏။

“မင်းက စီနီယာအစ်မကျောင်းလိုမျိုး ပါရမီရှင်တစ်ယောက် လို့ မင်းကိုယ်မင်း ထင်နေတာလား”

“တစ်နှစ်အတွင်း မင်း အမီလိုက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်သွားစေ၏။

သို့သော် မည်သူမျှ သူ့ကို မရယ်ရဲခဲ့ကြပေ။

အကြောင်းမှာ ပြောလိုက်သူက ဆရာသခင်လု ဖြစ်၏။

သို့သော်လည်း ဆရာသခင်လုသည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် ပါဝင်ချင်သည့် တပည့်ကို ပြောနေခြင်းမဟုတ်ပေ။

ဆရာသခင်လု၏ အကြည့်နောက်လိုက်ကာ တပည့်များ၏ မျက်လုံးများက လူတစ်ယောက်အပေါ် ကျရောက်သွား၏။

လီရှီရှူး အသိစိတ်မဝင်လာမီ တခဏမျှ ကြက်သေသေသွားသည်။ သူ သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်ပြီး မေးလိုက်၏။

“ခင်ဗျား ကျွန်တော့်ကို ပြောနေတာလားဗျ”

ဆရာသခင်လု ပြောလိုက်၏။

“ဟုတ်တယ်။ မင်းက အာအိုးယာမာရဲ့ တောင်ထွတ်ကိုးခုအတွက် နောက်ထပ် အံ့ဖွယ်လူတစ်ယောက်ဖြစ်လာဖို့ ငါ မျှော်လင့်တယ်။”

***

အပြင်စည်းတပည့်ငယ်များ ပြန့်ကျဲသွားကြ၏။ တချို့သည် လက်ထဲရှိ အခြေခံအဆင့် လမ်းညွှန်ချက်များကို ဖတ်နေကြပြီး တချို့သည် သစ်ရွက်များကြားမှ နေရောင်ခြည်ကို ငေးကြည့်နေကြသည်။ သူတို့သည် အုပ်စုများအဖြစ် ပြန့်ကျဲနေကြ၏။

ဤတပည့်ငယ်များ အာအိုးယာမာဂိုဏ်းကို ဝင်ရောက်ပြီးနောက် ဤသို့သော မြင်ကွင်းမျိုး အကြိမ်များစွာ ဖြစ်ပျက်ခဲ့သည်။ ယခုအခါ သူတို့သည် လောကရှိ သူတို့၏ မွေးရပ်မြေနှင့် အဆင့်အတန်းအတိုင်း ကွဲပြားနေကြသေးသည်။ သို့သော် အနာဂတ်တွင် ‌၎င်းက သူတို့၏ သက်ဆိုင်ရာ ကျင့်ကြံခြင်းအဆင့် အပေါ် မူတည်သွားပေလိမ့်မည်။

ယနေ့က အနည်းငယ်ကွဲပြား၏။ ချမ်းသာသည့် မိသားစုများမှ တပည့်များဖြစ်စေ ဆင်းရဲသည့် မိသားစုများမှ ကလေးများဖြစ်စေ သူတို့အားလုံး နေရာတစ်နေရာတည်းကို ကြည့်နေကြလေသည်။

အတည်ပေါက် စာဖတ်နေသည့် တပည့်များနှင့် နေရောင်ခြည်ကို ငေးကြည့်နေကြသည့် တပည့်များသည်ပင် တစ်ခါတစ်ရံ သူတို့၏ မျက်လုံးထောင့်မှနေ၍ ထိုနေရာကို ကြည့်ရှု့ကြပေလိမ့်မည်။

ကျင်းကျူးနှင့် လီရှီရှူးတို့က ထိုနေရာတွင် ရပ်နေကြ၏။

လူအနည်းငယ်က ကျင်းကျူးကို ကြည့်နေကြသော်လည်း အများစုက လီရှီရှူးကို ကြည့်နေကြသည်။ ဆရာသခင်လု ထွက်ခွာမသွားမီ ပြောခဲ့သည့်အရာကို မည်သူမျှ မမေ့ပေ။

မည်သူကများ အင်မော်တယ်ဆရာသခင် တန်ဖိုးအထားဆုံးတပည့်က ခန့်ညားသည့် အဖြူရောင်ဝတ်လူငယ်လေးမဟုတ်ဘဲ သူ့အစေခံဖြစ်ပုံပေါ်သည့် ကောင်ကလေး ဖြစ်မည်ဟု ထင်ထားကြလိမ့်မည်နည်း။

ထိုကောင်လေးနှင့် ပတ်သက်၍ ဘာတွေများ ထူးခြားနေသနည်း။

သူ့သူငယ်ချင်းကို သရော်ခဲ့သည့် လူငယ်လေးကို ရွှဲယုန် ဟု ခေါ်ပြီး ယုကျိုးစီရင်စုရှိ မင်းမျိုးမင်းနွယ်မိသားစုတစ်ခု၏ တပည့်တစ်ယောက်ဖြစ်သည်။ သူ၏ ‌ဆွေမျိုးများထဲမှ တစ်ယောက်သည် ခြောက်ခုမြောက်တောင်ထွတ်ဖြစ်သည့် ရှီးယွီတောင်ထွတ်တွင် ကျင့်ကြံနေပေသည်။ သူ သတင်းကို မေးမြန်းနေခဲ့၏။

မကြာမီ အတည်ပြုထားသည့် သတင်းရောက်လာသည်။

ဤကောင်ကလေးတွင် အမှန်တကယ် မွေးရာပါတာအိုအမျိုးအစားရှိနေပေ၏။

တပည့်များ အံ့ဩတုန်လှုပ်နေသည့် အကြည့်များဖြင့် လီရှီရှူးကို ကြည့်လိုက်ကြသည်။

ယခင်ကနှင့် မတူဘဲ တုန်လှုပ်နေခြင်းကလွဲ၍ မနာလိုမှုများ ရှိမနေပေ။

သူတို့ကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားလှပြီး သူတို့သည် တူညီသော အဆင့်တွင် လုံးဝမဟုတ်ကြပေ။ မနာလိုခြင်းက ဘာသုံးစားရမည်နည်း။

အာအိုးယာမာဂိုဏ်းတွင် မရေမတွက်နိုင်သော ပါရမီရှင်တပည့်များရှိကြသော်လည်း မကြာသေးမီနှစ်များအတွင်း မွေးရာပါတာအိုအမျိုးအစားရှိသည့်လူ ဘယ်လောက်များများ ပေါ်ထွက်ခဲ့ပါသနည်း။

အစ်မကြီးကျောင်းကလွဲ၍ တျန်းကွမ်တောင်ထွတ်တွင် ဂိုဏ်းသခင်မှ နောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့သည့် အစ်ကိုကြီးချိုး သာရှိသည်။

ယခုအခါ သူတို့ထဲတွင် ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်ရှိနေလေသည်။ သူတို့ မတုန်လှုပ်ဘဲ ဘယ်နေလိမ့်မည်နည်း။

ရွှဲယုန်သည် ထိုသတင်းကို သိသည့် ပထမဆုံးလူဖြစ်ပြီး ထို့ကြောင့် သူသည် ပထမဆုံး သတိပြန်လည်လာသူ ဖြစ်ခဲ့သည်။ မှိန်းမောနေကြသေးသည့် သူ့သူငယ်ချင်းများကို လျစ်လျူရှုကာ မျက်နှာပေါ် နူးညံ့သည့် အပြုံးတစ်ခုဖြင့် သူ လီရှီရှူးဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်၏။

“ညီငယ်လေးလီ ငါတို့တစ်ယောက်ချင်းစီက နေထိုင်ဖို့ အိမ်ငယ်လေးတစ်အိမ် ရကြလိမ့်မယ်။ မင်း ဘယ်အိမ်ကို ရွေးချယ်မလဲ။ တကယ်လို့ မင်းက ညဘက်မှာ ချောင်းရေစီးသံကို မကြောက်ဘူးဆိုရင် အခန်း A4 က အကောင်းဆုံးပဲ။ အဲဒါက လေ့ကျင့်ရေးခန်းမနဲ့ နီးပြီး အင်မော်တယ်ဆရာသခင်တွေနဲ့ မကြာခဏဆွေးနွေးလို့ရတယ်။ နောက်ပြီး ခြံဝန်းအပြင်ဘက်မှာ စိုက်ထားတဲ့ ကျန်းယန်ပန်းတွေလည်း ရှိတယ်။ ပန်းတွေရဲ့ ရနံ့က အရမ်းလန်းဆန်းစေပြီး လူတစ်ယောက်ရဲ့စိတ်ကို ကြည်လင်စေတဲ့ ဂုဏ်သတ္တိရှိတယ်၊ ဒါက ငါတို့ရဲ့ ကျင့်ကြံခြင်းအတွက် သိပ်အကျိုးရှိတယ်။”

တပည့်အချို့မတုံ့ပြန်ခဲ့ကြဘဲ ပုံမှန်အားဖြင့် အေးစက်ပြီး မောက်မာသည့် အစ်ကိုကြီး ရွှဲက ဘာကြောင့် ယနေ့ ထိုမျှ စိတ်အားထက်သန်နေသနည်း ဟု တွေးတော‌နေကြသည်။ တချို့တပည့်များက ခါးသက်စွာ ပြုံးလိုက်မိကြပြီး အစ်ကိုကြီးရွှဲ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်သည် ဟု တွေးတောနေကြ၏။ ကျန်းယန်ပန်းများက ကျင့်ကြံခြင်းအတွက် အကျိုးရှိသလား ဆိုသည်ကို မည်သူမျှ မသိသော်လည်း အကယ်၍ သူသည် မွေးရာပါတာအိုအမျိုးအစားရှိသည့် ထိုလူ၏ ကပ်ရပ်တွင် နေထိုင်နိုင်ပါက သူ့ကျင့်ကြံခြင်းအတွက် သေချာပေါက် အလွန်အကျိုးရှိပေလိမ့်မည်။

ကျင်းကျူးက ဤခြံဝန်းအား ရွေးချယ်လိမ့်မည်မဟုတ်သည်ကို လီရှီရှူးသိသောကြောင့် ရွှဲယုန် လီရှီရှူး၏ အဖြေကို မရခဲ့ပေ။

လီရှီရှူး ရွှဲယုန်ကို ကျေးဇူးတင်သည့် အပြုံး ပြုံးပြလိုက်ကာ သူ့အထုပ်များကို သယ်ဆောင်ပြီး လေ့ကျင့်ရေးခန်းမသို့ လျှောက်သွားလိုက်သည်။ သူ အစောင့်ဆီမှ တောင်နောက်ရှိ ခြံငယ်လေးနှစ်ခု၏ တံခါးနံပါတ်များကို တောင်းလိုက်၏။

အဖြူရောင်ဝတ်လူငယ်နှင့် မွေးရာပါတာအို အမျိုးအစားပိုင်ဆိုင်ထားသည့် ကောင်လေးတို့ တောင်ကြားလမ်း အနက်ပိုင်းသို့ လျှောက်သွားသည်ကို ကြည့်ကာ တပည့်များ အလွန်အံ့ဩသွားကြပြီး ဆွံ့အသွားကြသည်။

ရွှဲယုန် စိတ်ရှုပ်ထွေးစွာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။

“ဒါက တကယ့်ကို ထူးဆန်းတယ်”

မွေးရာပါတာအိုအမျိုးအစားဖြင့် တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်၏ အစေခံဖြစ်နေသည်ကို မည်သူက ထူးဆန်းသည်ဟု မထင်ဘဲ နေလိမ့်မည်နည်း။

လေ့ကျင့်ရေးခန်းမရှေ့တွင် ဆွေးနွေးမှုတစ်ခုရှိနေပြီး လူတချို့က ကျင်းကျူးကို လှောင်ရယ်နေမည်မှာ မလွဲဧကန်ပင်။

မိန်းကလေးများက ၎င်းကို အာရုံစိုက်မနေကြဘဲ တောင်ကြားလမ်းကို ကြည့်နေကြသည်။

မိန်းကလေးတစ်ယောက်က သိမ်မွေ့စွာပြောလိုက်၏။

“အဲသခင်လေးကျင်းကျူးက… တကယ် အရမ်းချောတယ်”

နောက်ထပ် မိန်းကလေးတစ်ယောက် ပြောလိုက်၏။

“သူက ကျောင်းဂီကလို့ ငါကြားခဲ့တယ်၊ ဒါပေမယ့် သူက ဘယ်အိမ်တော်ကလဲ‌ဆိုတာ ငါသိချင်မိတယ်”

တောင်ကြားလမ်း အနက်ပိုင်းရှိ စမ်းချောင်းမှ အလွန်အလှမ်းဝေးသည့် ထူထပ်သော သစ်တောထဲတွင် ဘေးချင်းကပ်ရပ် ခြံဝန်းနှစ်ခု ရှိနေကြသည်။

နေရောင်ခြည်ကို သစ်ပင်များက ကာဆီးထား‌သောကြောင့် ခြံဝန်းလေးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

ခြံဝန်းတံခါး တွန်းဖွင့်ခံလိုက်ရ၏။ လီရှီရှုး သူ့အထုပ်အပိုးများကို ချလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကာ ကျောက်တုံးခုံတန်းကို သန့်ရှင်းရေးလုပ်လိုက်ပြီး ကျန်သည့်အရာများကို သန့်ရှင်းရေးလုပ်ရန် အသင့်ပြင်လိုက်သည်။

“ကျန်းယန်ပန်းရနံ့ကို ငါ မကြိုက်တာ မင်း ဘယ်လိုလုပ်သိတာလဲ”

ကျင်းကျူး ကျောက်တုံးခုံတန်းပေါ် ထိုင်လိုက်ပြီး လီကို စိတ်ဝင်တစားကြည့်လိုက်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း သူနှင့် လီရှီရှူးတို့ စကားအများကြီး ပြောခဲ့ကြသော်လည်း ဤကဲ့သို့သော သူ့ခံစားချက်များကို ပြသသည်မှာ ရှားပါးခဲ့သည်။

“ကျွန်တော်မသိပါဘူး၊ ဒါပေမယ်… အဲအစ်ကိုကြီးက အဲခြံဝန်းက စမ်းချောင်းဘေးမှာ လို့ ပြောခဲ့တယ်”

လီရှီရှူး ပြောလိုက်၏။

“စမ်းချောင်းက အရမ်းကျယ်လောင်တယ်၊ ‌သခင်လေးက အိပ်ရတာ သဘောကျတယ်၊ သခင်လေးက အဲမှာ ဘယ်လိုလုပ် နေထိုင်ချင်မှာလဲ”

ကျင်းကျူး ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါ အဲဒါကို မေ့နေခဲ့တယ်”

ခြံဝန်းလေးတွင် အလွန်တိတ်ဆိတ်နေ၏။ သက်ကယ်မိုး တဲအိမ်ကဲ့သို့ ထင်ရသော်လည်း အမှန်တွင် အတွင်းဘက်၌ ဂူတစ်ခုဖြစ်ပြီး အလွန်လည်း သန့်ရှင်းလှကာ အစွန်းအထင်းပင် မရှိပေ။

ဤနေရာတွင် တပည့်များ မနေထိုင်ခဲ့ကြပါက သန့်ရှင်းမှုကို ထိန်းသိမ်းထားကြပေလိမ့်မည်။

လီရှီရှူး အများကြီး လုပ်စရာမလိုခဲ့သောကြောင့် သူ အလျင်အမြန် အိပ်ယာပြင်လို့ ပြီးသွားခဲ့သည်။ သူ ခြံဝန်းများသို့ အစောင့်များမှ ခွဲဝေပေးသည့် သစ်သီးပန်းကန်တစ်ခုကို ယူဆောင်လာပြီး ကျင်းကျူးရှေ့ရှိ ကျောက်တုံးစားပွဲပေါ် တင်လိုက်၏။

ကောင်လေး၏ မျက်နှာပေါ်ရှိ မသက်သာသော အမူအရာကို ကြည့်ကာ ကျင်းကျူးပြောလိုက်သည်။

“မင်းရဲ့ခြံဝန်းကိုပြန်ပြီး စာဖတ်ချင်ဖတ်ပါ”

လီရှီရှူး ခေါင်းမော့လိုက်ပြီး နီရဲသည့်မျက်နှာဖြင့် ပြောလိုက်၏။

“အဲစာအုပ်ဖတ်ဖို့ ကျွန်တော် ထွက်သွားဖို့ အလောမကြီးပါဘူး”

သူက ထိုမျှ မသက်မသာဖြစ်နေခြင်းမှာ သူ့ရောင်းရင်းတပည့်များ၏ လှောင်ရယ်သံများကို သူ ကြားခဲ့ရသောကြောင့် ဖြစ်သည်ကို ကျင်းကျူး သိသောကြောင့် ပြုံးလိုက်ပြီး ဘာမှမပြောခဲ့ပေ။

****

တောင်လေပြေလေး တိုက်ခတ်သွားပြီး ဖြူဖြူဖွေးဖွေး ဆီးနှင်းများ ဖုံးလွှမ်းနေသော မြက်ပင်များ လဲကျကုန်သည်။

ဂူနံရံကိုကြည့်ကာ ခံစားချက်အပြည့်ဖြင့် ကျင်းကျူး သက်ပြင်းချလိုက်၏။

‘နှစ်ပေါင်း ဘယ်လောက်ကြာသွားခဲ့ပြီလဲ’

သူ ပြတင်းပေါက်ကို မှီလိုက်ပြီး ထိုင်ချလိုက်ကာ လက်ထဲရှိ စာအုပ်ပါးလေးကို လှန်လိုက်သည်။

ထိုသည်မှာ အာအိုးယာမာဂိုဏ်း၏ နှုတ်ပြော နည်းစနစ်ဖြစ်၏။

၎င်းသည် ယခင်ကနှင့် ယှဉ်ပါက အသေးစားပြောင်းလဲမှု နှစ်ခုဖြင့် ရိုးရှင်းပြီး ရင်းနှီးကျွမ်းဝင်လှသည်။

ဤပြောင်းလဲမှု နှစ်ခုတို့သည် တော်တော်လေးစိတ်ဝင်စားစရာကောင်းသော်လည်း သူ အကြာကြီး မဖတ်နိုင်တော့ပေ။

ကျင်းကျူး သူ့မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်၏။

နှုတ်ပြော နည်းစနစ်က သူ့ပေါင်ပေါ် ရောက်နေသည်။

လေက ဂူထဲဝင်လာပြီး သူ့အဝတ်အစားကို လှုပ်ခတ်သွားစေကာ စာမျက်နှာများက လျင်မြန်စွာ ပြောင်းလဲသွားပြီး တစ်ခါတစ်လေ ရှေ့၊ တစ်ခါတစ်လေ နောက်သို့ ပြောင်းလဲနေသည်။

စာမျက်နှာများသည် မြန်ဆန်စွာ ပြောင်းလဲနေပြီး စာလုံးများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ စာအုပ်ထဲရှိ လူသေးသေးလေးသာ ဆက်လက် ရွေ့လျားနေ၏။

ထိုလူသေးသေးလေးသည် တစ်ခါတစ်လေ ထူးဆန်းသော မြင်းပုံစံဖြင့် ဆောင့်ကြောင့်ထိုင်နေပြီး တစ်ခါတစ်လေ ထင်းရှူးပင်တစ်ပင်ကဲ့သို့ ရပ်နေသည်။ အချိန်အများစုတွင် သူသည် ကြောက်မက်ဖွယ်ကောင်းပြီး ခက်ခဲပုံရသည့် လက်သီးထိုးကွက်များကို လေ့ကျင့်နေပေသည်။

သို့သော် ကျင်းကျူး အိပ်မောကျသွားခဲ့ပြီဖြစ်၏။

***

သူ နိုးလာသောအခါ နေမင်းကြီးသည် တောင်ထွတ်အောက် ရောက်နေပြီဖြစ်ပြီး ကောင်းကင်က နီရဲနေပြီဖြစ်သည်။ တောင်ကမ်းပါးယံကြားရှိ မြေပြင်က မဲမှောင်နေပြီဖြစ်ပြီး တစ်ခုခုကို မြင်တွေ့ရန် ခက်ခဲ၏။

စူးရှသော အသံနှင့်အတူ လီရှီရှူး တံခါးတွန်းဖွင့်လိုက်ပြီး ပြေးဝင်လာသည်။ သူ၏ ချွေးစို့နေသော မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး သူ အော်ဟစ်လိုက်သည်။

“သ…သ…သခင်လေး”

ကျင်းကျူး နှစ်များစွာအကြာက မှတ်ဉာဏ်များကို ပြန်အမှတ်ရလိုက်ပြီး သတိပေးလိုက်သည်။

“မင်း အပြင်မှာ ရှိတဲ့အချိန် လူတွေကို ဒီလိုမခေါ်နဲ့ ဒီလိုမှမဟုတ်ရင် မင်း အရိုက်ခံရလိမ့်မယ်”

လီရှီရှူး လက်မောင်းအိုးဖြင့် ချွေးများကို သုတ်လိုက်ပြီး ခေါင်း အဆက်မပြတ်ညိတ်လိုက်သည်။ သူ တစ်ခုခုပြောချင်သော်လည်း မပြောနိုင်‌ပေ။ သူ အနည်းငယ် စိုးထိတ်နေ၏။

ကျင်းကျူးပြောလိုက်သည်။

“မင်း နားလည်လား”

*****************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset