PTH အပိုင်း ၅

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

အပိုင်း ၅ တစ်နှစ်

အစိမ်းရောင်အပင်ပေါက်များသည် ယိမ်းနွဲ့နေကြပြီး အပင်ပေါက်တစ်ခုချင်းစီကြားရှိ အကွာအဝေးသည် အတူတူဖြစ်ကြသည်။ ၎င်းသည် လုံးဝ ပြီးပြည့်စုံနေ၏။

မည်သည့်ရှုထောင့်မှကြည့်ပါစေ ပျိုးပင်ပေါက်များသည် မျဉ်းဖြောင့်အတိုင်းဖြစ်နေကြသည်။ ရေထဲရှိ အရိပ်များသည်ပင် မျဉ်းဖြောင့်အတိုင်းဖြစ်ကြ၏။

ရွာထဲရှိ အတွေ့အကြုံအရှိဆုံး လယ်သမားသည်ပင် ဤအရာကို မပြုလုပ်နိုင်ပေ။

ဤမြင်ကွင်းကိုကြည့်ကာ လီရှီရှူး သူ့ပါးစပ်ကို အချိန်အတော်ကြာ မပိတ်နိုင်ခဲ့ပေ။

လေပြေလေးတိုက်ခတ်သွားပြီး ပျိုးပင်များ အထက်အောက် ယိမ်းနွဲ့သွားကြသည်။ ၎င်းသည် အလွန်လှပသည့် မြင်ကွင်းဖြစ်၏။

အဖြူရောင်ဝတ်လူငယ်သည် ဘောင်ပေါ်တွင် ရပ်နေပြီး ခေါင်းအသာအယာညိမ့်လိုက်သည်။ သူ သူ့နည်းစနစ်ကို ကျေနပ်နေပေ၏။ သူ လှည့်လိုက်ပြီး ပြန်သွားလိုက်ကာ ဝါးကုလားထိုင်အပေါ် လဲချလိုက်ပြီး မျက်လုံးများကို ပိတ်လိုက်သည်။

လီရှီရှူး ကောင်းကင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“သခင်လေး ခင်ဗျား ထင်းခွဲချင်ပါသလား”

အဖြူရောင်ဝတ်လူငယ်လေးသည် သူက အင်မော်တယ်ဆရာသခင်တစ်ယောက်ဖြစ်သည်ဆိုသည်ကို ဝန်မခံခဲ့သောကြောင့် ရွားသားများက ဆွေးနွေးမှုတစ်ခုပြီး နောက် သူ့အား သခင်လေး ဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ဒီမှာပဲ ရပ်လိုက်ကြရအောင်”

အဖြူရောင်ဝတ်လူငယ်လေး မျက်လုံးမှိတ်လျက် ပြောလိုက်၏။

လီရှီရှူး သူဆိုလိုသည့်အရာကို သဘောမပေါက်ဘဲ မေးမြန်းလိုက်သည်။

“ဒါမှမဟုတ် ခင်ဗျား အရင်ဆုံး ချက်ပြုတ်ချင်ပါသလား”

အဖြူရောင်ဝတ်လူငယ်လေး သူ့အားလျစ်လျူရှု့ထား၏။

လီရှီရှူး နောက်ဆုံးတွင် သူဆိုလိုသည့်အရာကို သဘောပေါက်သွားသော်လည်း သူသည် သူက သူ့စိတ်အား ဘာကြောင့် ထိုမျှ လျင်မြန်စွာ ပြောင်းလဲလိုက်သည်ကို နားမလည်ခဲ့ပေ။

“ငါက လေ့လာချင်ရုံသက်သက်ပဲ၊ ဒါပေမယ့် အဲဒါကို သဘောမကျဘူး”

အဖြူရောင်ဝတ်လူငယ်လေး ‌ပြောလိုက်သည်။

“သေမျိုးလူသားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တာက ကျိုးကြောင်းဆီလျော်တယ်ဆိုရင်တောင်မှ အဲဒါက ငါ့အတွက် မသင့်လျော်ဘူး”

လီရှီရှူး နားမလည်သောကြောင့် မေးလိုက်သည်။

“ဘာလို့လဲ”

အဖြူရောင်ဝတ်လူငယ်လေး ပြောပြလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက ပျင်းပြီး အဲနေရာမှာ မတော်လို့ပဲ”

လီရှီရှူး အနည်းငယ်စိတ်လှုပ်ရှားသွားပြီး မေးလိုက်၏။

“ဒါဆို ခင်ဗျားက ဘယ်နေရာမှာ တော်တာလဲ သခင်လေး”

ရွာထဲရှိ ကောလဟာလများအရ အာအိုးယာမာရှိ အင်မော်တယ်ဆရာသခင်များသည် သူတို့၏ လက်များကို တစ်ချက်ဝေ့ယမ်းလိုက်ခြင်းဖြင့် မိုးကြိုးများကို လှုံ့ဆော်စေနိုင်ပြီး ဓားများကို ကောင်းကင်ဆီသို့ ပျံသန်းစေနိုင်ကြသည်။

အဖြူရောင်ဝတ်လူငယ်လေး ပြောလိုက်၏။

“ဖြတ်တောက်တာ”

လောကရှိ အရာရာတိုင်းတွင် အားနည်းချက်ရှိကြသည်။

သူတော်သည့်အရာမှာ ထိုအားနည်းချက်များကို ရှာဖွေပြီး ၎င်းတို့ကို ဖြတ်တောက်ခြင်းဖြစ်၏။

ဥပမာ မှော်လက်နက်များ၊ တောင်တန်းများ သို့မဟုတ် တခြားအရာများ။

လီရှီရှူး ထိုသို့သော အဖြေကို ကြားရရန် မမျှော်လင့်ထားခဲ့ပေ။ သူ အနည်းငယ်စိတ်ပျက်သွားပြီး ခေါင်းကုတ်လိုက်သည်။

“ခင်ဗျားက ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်တဲ့နေရာမှာတော်တာ အံ့ဩစရာမရှိတော့ဘူး”

လေများတိုက်ခတ်သွားပြီး သစ်ရွက်လေးတစ်ရွက်က လွင့်မျောကျလာသည်။ ပြတ်သွားသည့်နေရာက အလွန်ချောမွေ့ပြီး တကယ့်ဓားတစ်ချောင်းဖြင့် ခုတ်ဖြတ်ထားသည့်အလား ထင်ရ၏။

ပုစဉ်းအော်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ ဤနှစ် ကျေးရွာတွင် အော်မြည်သည့် ပထမဆုံး ပုစဉ်းဖြစ်လောက်သည်။

အဖြူရောင်ဝတ်လူငယ်လေး မျက်လုံးဖွင့်လိုက်ပြီး တိမ်တိုက်များထဲ ပုန်းကွယ်နေသည့် တောင်တန်းများကို ကြည့်လိုက်သည်။

လီရှီရှူး ကြွေကျလာသည့် သစ်ရွက်ကို ကောက်လိုက်ပြီး သူ့မျက်နှာကိုကြည့်ကာ မေးလိုက်သည်။

“သခင်လေး ခင်ဗျားနာမည်က ဘယ်လိုခေါ်တာလဲ”

အဖြူရောင်ဝတ်လူငယ်လေး တခဏမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

“ကျင်းကျူး”

“ကျင်းကျူးလား”

“ကျင်းက ရေတွင်း၊ ကျူးက ကိုးခုမြောက်”

“ရေတွင်းဆိုတာ တွင်းရေတွေက မြစ်ရေတွေနဲ့ မရောနှောဘူး၊ နောက်ပြီး ကိုးခုမြောက်ဆိုတာက ကိစ္စတွေက ဆယ်ကြိမ်မှာ ကိုးကြိမ်လောက် ကိုယ့်သဘောအတိုင်းမဖြစ်ဘူး အဲလိုလား”

“မင်း စာအုပ်တွေဖတ်ခဲ့တာလား”

“ရွာထဲမှာ ဆရာတစ်ယောက်ရှိခဲ့ပေမယ့် သူက ရှေ့နှစ်က ထွက်သွားခဲ့တယ်။ သူက စာမေးပွဲဖြေဆိုဖို့ စီရင်စုကို သွားချင်တယ် လို့ ကျွန်တော်ကြားခဲ့တယ်”

“ကျွန်တော်လည်း စာသင်ခဲ့တယ်”

“တကယ်လား”

“မင်း နားမလည်ရင် ငါ့ကို မေးပါ”

“ကျေးဇူးတင်ပါတယ်သခင်လေး”

“အင်း”

လီရှီရှူး အဖြူရောင်ဝတ်လူငယ်လေးကို ကြည့်လိုက်သည်။ သူသည် ဤမျက်နှာကို ကိုးရက်ကြာ မြင်တွေ့ခဲ့ရပြီး အသားကျနေပြီဖြစ်၏။ သို့သော်လည်း သူသည် ၎င်းက အနည်းငယ်ဆွဲဆောင်မှုရှိဆဲဖြစ်ပြီး အလိုလိုမျက်လုံးပွတ်သပ်လိုက်မိဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

“ခင်ဗျား… စိတ်အလိုမကျဖြစ်နေတာလား”

အဖြူရောင်ဝတ်လူငယ်လေးသည် အဝေးရှိ မြူခိုးများလွှမ်းခြုံနေသည့် တောင်ထွတ်များကို ကြည့်နေပြီး အကြာကြီး တိတ်ဆိတ်နေသည်။ ရုတ်တရက် သူ ပြောလိုက်၏။

“တူညီတဲ့အရာတစ်ခုကို ထပ်ခါတလဲလဲလုပ်နေရတာကို ငြီးငွေ့မသွားဖို့ ခက်ခဲတယ်”

လီရှီရှူး တခဏတွေးလိုက်ပြီး ပြောလိုက်သည်။

“တကယ်လို့… အဲဒါက အသားစားရတဲ့ ကိစ္စဆိုရင်ပေါ့”

***

တစ်နှစ် လျင်မြန်စွာ ကုန်ဆုံးသွားပြီး နွေဦးနှောင်းပိုင်းသို့ ရောက်လာခဲ့ပြန်သည်။

ကျင်းကျူး ဟု အမည်ရသည့် အဖြူရောင်ဝတ်လူငယ်လေးနှင့် ပတ်သက်၍ ရွာသားများ အုပ်စုနှစ်စုကွဲသွားခဲ့ကြသည်။ အုပ်စုတစ်ခုသည် သူက အာအိုးယာမာမှ အင်မော်တယ်ဆရာသခင်တစ်ယောက်ဖြစ်သည်ဟု ယုံကြည်ထားကြပြီး တခြားအုပ်စုသည် သူက အင်မော်တယ်ဆရာသခင်မဟုတ်ဘဲ စီရင်စုမြို့ သို့မဟုတ် ကျောင်းဂီမြို့တော်မှ မြင့်မြတ်သောမိသားစုတစ်ခု၏ သခင်လေးဖြစ်သည် ဟု ယုံကြည်ထားကြသည်။ သို့သော်လည်း အုပ်စုနှစ်ခုတို့တွင် တူညီသော အမြင်ရှိကြ၏။ သူတို့သည် ထိုမျှ ပျင်းရိသော လူတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးကြပေ။

ဤနှစ်အတောအတွင်း ရွာသားများသည် လီမိသားစုအနား ‌ယောင်ပေ‌ယောင်ပေလုပ်ခဲ့ကြသည်။ ကျင်းကျူးက မည်သူဖြစ်ပါစေ သူတို့ သူ့ကို အမြဲတွေ့ချင်ခဲ့ကြသည်။ သို့သော် သူတို့ ထိုနေရာကို သွားသည့် အချိန်တိုင်း ကျင်းကျူး အိပ်နေသည်ကို သူတို့ တွေ့ရပေလိမ့်မည်။ နေသာပါက သူသည် ခြံဝန်းထဲရှိ ဝါးကုလားထိုင်အပေါ် အိပ်ပေလိမ့်မည်။ မိုးအုံ့ပါက သူသည် အိမ်ထဲရှိ အိပ်ယာပေါ် အိပ်ပေလိမ့်မည်။ အလွန်ပူအိုက်ပါက သူသည် ရေအိုင်နားရှိ သစ်ပင်ဆီသို့ ဝါးကုလားထိုင်ကို ရွှေ့ပေလိမ့်မည်။ နှင်းကျပါက သူသည် ဝါးကုလားထိုင်ကို ပြန်ရွှေ့လိမ့်မည်ဖြစ်သော်လည်း ပြတင်းများကို ဖွင့်ထားပေလိမ့်မည်။

ပထမကိုးရက်ပြီးနောက် မည်သူမျှ ကျင်းကျူး အလွယ်ကူဆုံး အိမ်အလုပ်ကိုပင် လုပ်နေသည်ကို မတွေ့ခဲ့ရပေ။ ယခုအခါ လီရှီရှူးက သူ့အား အစစအရာရာ လိုက်လုပ်ပေးနေရ၏။ သူ အိပ်နေသည့် ဝါးကုလားထိုင်ကိုပင် လီရှီရှူးက ရွေ့ပေးခဲ့ပေသည်။

သို့သော်လည်း ရွာသားများသည် ကျင်းကျူးကို သူတို့၏ နှလုံးသားထဲမှနေ၍ လေးစားနေကြဆဲဖြစ်၏။ ရွာထဲရှိ ကလေးများ စာဖတ်သည့်အခါ သူသည် သူတို့အား တစ်ခါတစ်ရံ အကြံအဉာဏ်အချို့ ပေးပေလိမ့်မည်။ ကလေးများ၏ ပြောစကားအရ အင်မော်တယ်ဆရာသခင်လေးသည် ယခင်ဆရာထက် အဆသုံးရာကျော် ပို၍ အသိပညာကြွယ်ဝပေသည်။

အရေးကြီးဆုံးအရာမှာ ကျင်းကျူးသည် အလွန်ချမ်းသာပြီး ပိုက်ဆံအလွန်သုံးဖြုန်းချင်စိတ်ရှိသည်။ အစပိုင်းတွင် ရွာသားများ သူ့ပိုက်ဆံကို မတောင်းဆိုရဲခဲ့ကြပေ။ ရွာ၏ ဘိုးဘေးခမ်းမနှင့် အင်မော်တယ်ဘုရားကျောင်းတို့၏ ပြုပြင်ခ အားလုံးတို့ကို သူ့ပိုက်ဆံဖြင့် ကျခံခဲ့သည်။ ယခုအခါ တောင်ရွာလေးမှ စီရင်စုမြို့သို့ သွားသည့် လမ်းအသစ်တစ်ဝက်ကျော်ကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ရွာသားများက သူ့အား ကျေးဇူးတင်ပြီး မလေးစားဘဲ ဘယ်နေလိမ့်မည်နည်း။

“သခင်လေး ခင်ဗျား အနားယူတဲ့အခါ ဂရုစိုက်ပါ။ ရေအိုင်ထဲကို နောက်တစ်ခါပြုတ်ကျမသွားအောင် သတိထားပါ”

လီရှီရှူး တောင်မှ သူ‌ ကောက်ယူခဲ့သည့် သစ်ကိုင်းများကို သယ်ဆောင်ပြီး ဝါးကုလားထိုင်အပေါ် လဲလျောင်းနေသည့် ကျင်းကျူးကို ကြည့်လိုက်သည်။ သူ အနည်းငယ် စိတ်ပူနေပေ၏။

ဤအရာမျိုးသည် တစ်ကြိမ် ဖြစ်ပျက်ခဲ့ဖူးပြီး အင်မော်တယ်ဆရာသခင်ကို ကောင်းကောင်းမစောင့်ရှောက်ခြင်းအတွက် သူ့ဖခင်၏ ဆူပူခြင်းကို သူ ခံခဲ့ရသည်။

ကျင်းကျူး ဝါးကုလားထိုင်အပေါ် လဲလျောင်းနေပြီး သဘောတူသည့်အသံတစ်ခု ပြုလိုက်၏။ ထိုသည်မှာ သူ့စကားများကို တုံ့ပြန်ခြင်းလော သို့မဟုတ် သစ်ပင်အရိပ်အောက် အနားယူရခြင်းက အလွန်သက်တောင့်သက်သာ ဖြစ်ခြင်းကြောင့်လော မသိရပေ။

နောက်တစ်ခုဖြစ်လောက်၏။ သူ၏ သေးသွယ်သော လက်ချောင်းများသည် ဝါးကုလားထိုင်အား အသာအယာ ထိခတ်သွားကြသည်။ စည်းချက်သည် အလွန်ရှုပ်ထွေးပြီး မည်သည့်ပုံစံမျှ မပါဘဲ လူများအား ပျင်းရိသည့် ခံစားချက်တစ်ခု ပေးနေသည်။

လီရှီရှူး တခဏ တုံ့ဆိုင်းသွားပြီး သူ့နောက်ကျောရှိ သစ်ကိုင်းများကို ချလိုက်သည်။

သူ သစ်ပင်ကြီးအောက် ထိုင်ချကာ ဒူးများကို ပွေ့ထားပြီး ဝါးကုလားထိုင်ကို ကြည့်လိုက်ကာ တခဏမျှပင် အနားမယူရဲခဲ့ပေ။

သူသည် ယခုအခါ ဆယ့်တစ်နှစ်ရှိပြီဖြစ်သော်လည်း ရှီရှူး ဟု အခေါ်ခံရဆဲဖြစ်သည်။ ကျင်းကျူး သူ့နာမည်ကို ပြောင်းပေးရန် မည်သည့်ဆန္ဒမျှ ရှိပုံမရပေ။ သူ့အမြင်အရ သူ့သခင်လေးသည် အလွန်ပျင်းရိသောကြောင့် ဖြစ်ရပေမည်။

သူ့နာမည်က မည်သို့ဖြစ်ပါစေ သူသည် ရိုးသားပြီး ယုံကြည်အားထားရဆဲဖြစ်သည်။ သူသည် သူ့ဖခင်ကို သခင်လေးအား ဂရုစိုက်မည်ဟု ကတိပေးခဲ့သောကြောင့် ကတိတည်ရပေမည်။

ထို့အပြင် ကျင်းကျူး ထိုင်ခုံကို ထိနေသည့် အသံသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူ ၎င်းကို မည်သို့ ဖော်ပြရမလဲ မသိသော်လည်း သူ့နှလုံးသားက ငြိမ်သက်လာသည်ကို သူ ခံစားရသည်။

တောင်လေညင်းလေးသည် ရေမျက်နှာပြင်ကို ရိုက်ခတ်သွားပြီး နေအလင်းရောင်က မှေးမှိန်လာသည်။ ညကောင်းကင်ယံက မည်းမှောင်လာနေ၏။

“နောက်ဆုံးနှစ်ကြိမ်မှာ မင်း အသက်ရှူထုတ်တာ အရမ်းစောတယ်”

လီရှီရှူး အနည်းငယ် အံ့အားသင့်သွားပြီး လေးနက်လာကာ ပြောလိုက်သည်။

“သိပါပြီ”

ကျင်းကျူး မျက်လုံးဖွင့်လိုက်ပြီး ရေအိုင်ကို ကြည့်လိုက်သည်။

ညလေညင်းလေးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ရေမျက်နှာပြင်သည် ကြေးမုံတစ်ချပ်အလား ငြိမ်သက်သွားသည်။

ရေထဲရှိ မျက်နှာကိုကြည့်ကာ သူ အကြာကြီး စကားမပြောခဲ့ပေ။

‘ဒီမျက်နှာက အရမ်းလှတာပဲ’

‘ဒီမျက်နှာက ပြီးပြည့်စုံတယ်’

မျက်ခုံးနှင့် မျက်လုံးများက ပန်ချီကားချပ်များဖြစ်ခဲ့ကြပါက ပန်းချီဆရာသည် နှစ်ထောင်ချီအတွင်း အထူးချွန်ဆုံး လူတစ်ယောက် ဖြစ်ရပေမည်။

မရေမတွက်နိုင်သော ခန့်ညားသည့် ယောက်ျားများနှင့် လှပသည့် မိန်းမများရှိ‌သော ကျင့်ကြံခြင်းလောက၌ပင် သူသည် ဤကဲ့သို့ လှပသော မျက်နှာကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

ကြယ်အလင်းရောင်သည် ဤမျက်နှာနှင့် ရေမျက်နှာပြင်အပေါ် ကျရောက်နေပြီး ဤမျက်နှာအား အိပ်မက်တစ်ခုကဲ့သို့ ထင်ရနေစေသည်။

ဤသည်က သူ၏ ဤမျက်နှာကို သူမြင်တွေ့ရသည့် ပထမဆုံးအကြိမ်မဟုတ်ပေ။

ရေအိုင်ဘေးတွင် ဤမျက်နှာကို သူ မြင်တွေ့ရသောအခါ သူသည် ရွာသားများက တောင်ရွာလေးသို့ သူ ပထမဆုံးရောက်သည့်နေ့တွင် ဘာကြောင့် ထိုသို့သော တုံ့ပြန်ချက်တစ်ခုရှိခဲ့ကြသည်နှင့် သူက အင်မော်တယ်ဆရာသခင်တစ်ယောက်ဖြစ်သည်ဟု သူတို့ ဘာကြောင့် အခိုင်အမာယုံကြည်နေကြသည်ကို နောက်ဆုံး နားလည်သွားခဲ့သည်။

သူက ကျင်းကျူးဖြစ်နေခဲ့လျှင်ပင် မည်သူမျှ ဤသို့သော မျက်နှာမျိုးကို မကျေနပ်ဘဲ ရှိကြလိမ့်မည်မဟုတ်ပေ။

သို့သော် တစ်ခုခု အနည်းငယ်ထူးဆန်းနေသည်ကို သူ ခံစားလိုက်ရသည်။

ရေမျက်နှာပြင်ပေါ်ရှိ သူ့ကိုယ်သူ ကြည့်လိုက်ကာ သူ လက်မြောက်လိုက်ပြီး သူ့နားများကို ထိလိုက်၏။

ထိုသည်မှာ ငေါထွက်နေသည့် နားတစ်စုံဖြစ်ပြီး လုံးဝိုင်းပုံပေါ်သည်။ စိတ်ဝင်စားစရာကောင်းစွာဖြင့် သူတို့သည် သူမျက်နှာနှင့် ကြည့်ရဆိုးမနေဘဲ အနည်းငယ်ချစ်စဖွယ်ကောင်းနေစေသည်။

သူ အကြောင်းအရင်းကို နားလည်သွားသော်လည်း ၎င်းကို သူ အနည်းငယ် အသားမကျသေးပေ။

ညလေညင်းက ‌တဖန်တိုက်ခတ်လာပြီး ရေမျက်နှာပြင်ပေါ်ရှိ ပြီးပြည့်စုံသော မျက်နှာကို ပျောက်ပျက်သွားစေသလို သူ့အတွေးများကိုလည်း လွင့်ပျယ်သွားစေသည်။

အရာရာတိုင်းသည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်ပြီး ရွှီးယွီသီလရှင်ကျောင်းရှိ ဂျူနီယာ ညီမလေးလျန် ပြောခဲ့သကဲ့သို့ပင်။

ကျန်းကျူး ဝါးကုလားထိုင်အပေါ် ပြန်လှဲချလိုက်ပြီး ရေသောက်ချင်လာသည်။ သို့သော် ရေခရားအိုးက ကုလားထိုင်ရှေ့ရှိနေသညိကို တွေ့လိုက်ရပြီး သူ နောက်တစ်ခါ မတ်တပ်ရပ်ရန် လိုအပ်သည်။ ထို့ကြောင့် သူ လီရှီရှူးကို ကြည့်လိုက်၏။

လီရှီရှူးသည် သစ်ပင်အောက် ဆောင့်ကြောင့်ထိုင်နေပြီး မြက်ပင်အမြစ်ဖြင့် နှံကောင်များကို ဆော့ကစားနေလေသည်။ သူ့ပေါ်ရှိ အကြည့်ကို ခံစားလိုက်မိကာ သူ ခေါင်းမော့လိုက်ပြီး သဘောပေါက်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး ဝါးကုလားထိုင်သို့ သွားကာ ရေခရားအိုးကို ယူလိုက်ပြီး ကျင်းကျူးကို ပေးလိုက်၏။

ကျင်းကျူး ရေတစ်ခွက်သောက်လိုက်ပြီး မျက်လုံးထပ်မှိတ်လိုက်သည်။

လီရှီရှူး ထွက်ခွာမသွားခဲ့ပေ။ သူ ဝါးကုလားထိုင်ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ လက်ဖြင့် မေးစေ့ကို ထောက်ထားပြီး ကျင်းကျူး၏ မျက်နှာကို မိန်းမောလျက် ကြည့်နေကာ ဘာကြောင့် အရမ်းကြည့်ကောင်းနေရသနည်း ဟု တွေးတောနေသည်။

သူသည် အများကြီး တွေ့ခဲ့ဖူးသောကြောင့် တခြားရွာသားများနှင့် ကွဲပြားပေသည်။ ပြီးခဲ့သည့်နှစ်အတွင်း ဤမျက်နှာပြောင်းလဲသွားသည်ကို သူ သိပေ၏။ ထိုသည်မှာ အပေါ်ယံရုပ်ရည်သာ မဟုတ်ဘဲ စိတ်ဝိဉာဉ်အရလည်း ပြောင်းလဲသွားပေသည်။

သခင်လေးသည် အစကကဲ့သို့ မထုံအတော့ပေ။ သူ့မျက်လုံးများသည် များစွာပို၍ အသက်ဝင်လာကြပြီး အမှန်တွင် သူသည် ယခင်ကထက် များစွာပို၍လည်း စကားများလာသည်။

ကျင်းကျူး မျက်လုံးမှိတ်ထားပြီး အသက်သုံးရှိုက်စာကြာပြီးနောက် သူ မျက်လုံးထပ်ဖွင့်လိုက်သည်။

လီရှီရှူး တော်တော်လေး အံ့ဩသွား၏။ ပြီးခဲ့သည့်နှစ်အတွင်း သခင်လေးသည် သူ့မျက်လုံးများကို ထိုမျှ လျင်မြန်စွာ ဘယ်တုန်းကမှ မဖွင့်ခဲ့ပေ။

“ခင်ဗျား ဘာလုပ်နေတာလဲ”

ကျင်းကျူး ညကောင်းကင်ယံရှိ ကြယ်များကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါ နောက်သုံးနှစ်ကို တွက်ချက်နေတာ”

လီရှီရှူး ခေါင်းကုတ်လိုက်ကာ သူ နေ့တိုင်းလုပ်နေသည့်အရာက အိပ်စက်ခြင်းဖြစ်သည် ဟု တွေးတောလိုက်သည်။

ကျင်းကျူး သူ တွေးနေသည့်အရာကို သိပုံရပြီး ပြောလိုက်သည်။

“ငါ နောက်နှစ်သုံးထောင်ကို တွက်ချက်နေတာ”

လီရှီရှူး မျက်လုံးပြူးသွားပြီး ပြောလိုက်၏။

“နှစ်သုံးထောင်လား”

ကျင်းကျူး မေးလိုက်၏။

“တကယ်လို့ မင်းက အရမ်းကောင်းတဲ့ စာစီစာကုံးရေးတဲ့နေရာမှာ ခေါင်းမီးတောက်အောင်စဉ်းစားပြီး နာရီပေါင်းများစွာ ရင်းနှီးလိုက်ရတယ်ဆိုပါစို့၊ မင်းရဲ့ ဘဝမှာ အဲလောက်ကောင်းတဲ့ စာစီစာကုံး ဘယ်တော့မှ ထပ်ရေးနိုင်တော့မှာမဟုတ်ဘူးလို့ ယူဆပါစို့၊ ဒါပေမယ့် နောက်ဆုံးမှာ စာမူက မတော်တဆ မီးဖိုထဲပြုတ်ကျသွားပြီး ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရမယ်ဆိုရင် မင်း ဘယ်လိုခံစားရမလဲ”

လီရှီရှူး မတုံ့ပြန်မီ တခဏမျှ အံ့အားသင့်သွားခဲ့သည်။ သူ သူ့ညာလက်အား ရင်ဘက်ပေါ် ထားလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော် အဲအကြောင်းကို မစဉ်းစားရဲဘူး၊ အဲအကြောင်းကို တွေးလိုက်ရုံနဲ့ ကျွန်တော့်နှလုံးသားကို နာကျင်စေတယ်”

“အဲဒါက နာကျင်ရုံသက်သက်မဟုတ်ဘူး၊ မခံနိုင်လောက်အောင် နာကျင်တာ”

ကျင်းကျူး ခနလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“အဲဒါက အရမ်းကို နာကျင်တယ်”

ထိုသို့သော နာကျင်မှုမျိုးကို ကိုယ်တိုင်မတွေ့ကြုံဖူးသည့်လူများ နားလည်နိုင်မည်မဟုတ်ပေ။

ထိုသည်မှာ အလွန်နာကျင်ရပြီး သေချင်သည်အထိဖြစ်သည်။

သို့သော် နာကျင်သည့် အတွေ့အကြုံမှ သင်ယူသိရှိပြီးနောက် ထိုစာစီစာကုံးကို ပြန်ရေးရုံကလွဲ၍ သူတို့ တခြား ဘာတတ်နိုင်မည်နည်း။

လီရှီရှူး ကရုဏာသက်စွာ ပြောလိုက်၏။

“အဲလူက နောက်တစ်ခါထပ်ရေးရုံပဲ တတ်နိုင်မယ်”

ကျင်းကျူး ပြောလိုက်၏။

“ဟုတ်တယ်၊ ပြန်ရေးရုံကလွဲလို့ သူတို့ တခြားဘာတတ်နိုင်မှာလဲ”

လီရှီရှူး တစ်ခုခုကို တွေးတောမိပြီး စိုးရိမ်စွာ ပြောလိုက်သည်။

“ဒါပေမယ့် မူလစာစီစာကုံးမှာပါတဲ့ အံဩစရာ စကားလုံးအသုံးအနှုန်းတွေနဲ့ လက်ရာမြောက်တဲ့ လင်္ကာတွေကို သူတို့ မမှတ်မိတော့ရင်ရော”

“သူတို့ မမှတ်မိတာက အရေးမကြီးဘူး။ အဲဒီစကားလုံးတွေနဲ့ လင်္ကာတွေက ဘယ်လိုလုပ် တကယ်ပဲ အံ့ဩဖို့ကောင်းမှာလဲ”

ကျင်းကျူး ညမြူခိုးထဲရှိ တောင်ထွတ်များကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“အဲဒါကို ပြန်ရေးပြီး အဲဒါက ပိုပြီးတော့တောင်ကောင်းတဲ့ ပိုလှပတဲ့ စာစီစာကုံးတစ်ပုဒ်သေချာပေါက် ဖြစ်လာလိမ့်မယ်။”

လီရှီရှူး တွေးကြည့်လိုက်သော်လည်း ဤသည်က ဖြစ်နိုင်သလားဆိုသည်ကို သူ မသိခဲ့ပေ။ ခုနက ပြောစကားများကို တွေးတောကာ သူ စိတ်ဝင်တစား မေးလိုက်၏။

“သခင်လေး ခင်ဗျား ဘာတွေ တွက်ချက်ခဲ့လဲ။ နောက်သုံးနှစ်အတွင်း မိုးအခြေအနေက ဘယ်လိုလဲ”

ကျင်းကျူး၏ အကြည့်က အနီးရှိ တောအုပ်တစ်ခုအပေါ် ကျရောက်သွားပြီး ပြောလိုက်သည်။

“အချိန်ကျလာပြီလို့ပဲ ငါ တွက်ချက်နိုင်တယ်”

ဤညဖြစ်၏။

ညလေပြေလေး တိုက်ခတ်လာပြီး သန့်စင်သည့် အရှိန်အဝါတစ်ခုဖြင့် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်သည် ကျောပေါ် ဓားရှည်တစ်လက်ကို သယ်ဆောင်ထားလျက် မြေပေါ်သို့ လွင့်မျော ဆင်းသက်လာသည်။

လီရှီးရှူး အံ့ဩသွားပြီး ဝါးကုလားထိုင်နောက် ပုန်းအောင်းလိုက်သည်။

ထိုသက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ အကြည့်က ကျင်းကျူးအပေါ် ကျရောက်သွားပြီး သူ၏ ဖြောင့်တန်းသော မျက်ခုံးများက အံ့အားတကြီး မြင့်တက်သွားကြသည်။

*********************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset