FY အခန်း ၅၈

အခန်း ၅၈
အခြားသူများကို အသုံချခြင်း အပိုင်း ၂
ခြေကျိုးဝမ့်ကို သူ့လူများက မနက်စောစောတွင် နှိုးခဲ့၏။ စုန့်လောင်စီ၏ လူများက သူ့ပိုင်နက်အကြောင်း ဝင်ရောက်ကာ ပိုက်ဆံများ ယူလာသည့် အကြောင်းကို ပြော၏။
ခြေကျိုးဝမ့်သည် တကယ် ဂရုမစိုက်ပေ။ ခြေကျိုးဝမ့်က ဆောက်လုပ်ရေးနှင့် ဖြိုချရေး လုပ်ငန်းများတွင် မဝင်ရောက်ဟု ပြောစဉ် စုန့်လောင်စီသည်လည်း နိုက်ဂလပ်၊ ဘားများနှင့် အနှိုပ်ခန်းများကို မထိဟု နှစ်ဖွဲ့လုံးက စကားပြောထား၏။
သို့သော် စုန့်လောင်စီ၏ လူများက ကုန်သွယ်ရေးကုမ္ပဏီမှ ပိုက်ဆံများကို လာကောက်လိမ့်မည်ဟု ခြေကျိုးဝမ့်က လုံးဝ မမျှော်လင့် ထားပေ။ ထိုအရာက ခြေကျိုးဝမ့်ကို စိတ်မချမ်းမြေ့ ဖြစ်စေ၏။ လူတိုင်းသာ စုန့်လောင်စီကဲ့သို့ ပြုမူပါက စီးပွားရေးလည်း ပြိုလဲမည် ဖြစ်သည်။ ခြေကျိုးဝမ့်က စီးပွားရေးအား စိတ်ပူပန်ခြင်းမဟုတ်ပေ။ အကယ်၍ စီးပွားရေးသာ ပြိုလဲခဲ့လျှင် သူ၏ ဖျော်ဖြေရေး စီးပွားရေးကို မည်သူက အားပေးတော့မည်နည်း။
ခြေကျိုးဝမ့်၏ လူများက သူ့ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးနောက် စုန့်လောင်စီမဟုတ်မှန်း စုန့်ရှောင်ဖုန်း လုပ်သည်ကို သူသိသွားသည်။ အကယ်၍ ထိုအရာကို စုန့်လောင်စီ ကြောင့် ဖြစ်ပါက ခြေကျိုးဝမ့်က ထိုကိစ္စကို လက်လွှတ်ပေးမှာ ဖြစ်သည်။ သို့သော် စုန့်ရှောင်ဖုန်းက ကလေကချေလူငယ် ဖြစ်ပြီး ခြေကျိုးဝမ့် ပိုင်နက်ထဲသို့ ဝင်ရောက်လာပြီး ပြဿနာ ဖန်တီးခြင်းက သူ့မျက်နှာကို ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
ထိုကိစ္စက စုန့်လောင်စီ၏ အကြံအစည်မှန်း ခြေကျိုးဝမ့် သေချာမသိပေ။ ထပ်ပြောရလျှင် အစ်ကိုကေသည် ထိုကိစ္စများကြား ဝင်ပါမည် မဟုတ်ကြောင်း ကတိပေးထားပြီး စုန့်လောင်စီကိုလည်း ဘင်းမြို့တော် မြေအောက်လောက၏ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုထားသည်။ ထိုကိစ္စကို စုန့်လာင်စီက ခြေကျိုးဝမ့်၏ တုံ့ပြန်မှုကို ကြည့်ရန်အတွက် စမ်းသပ်နည်း တစ်မျိုးလား။
ခြေကျိုးဝမ့်က တွန့်ဆုတ်နေဆဲ ဖြစ်၏။ စုန့်လောင်စီနှင့် အစ်ကိုကေ အဖွဲ့သာ ပေါင်းခဲ့လျှင် သူ့အတွက် အန္တရာယ် ကြီးကြီးမားမားပင် ဖြစ်သည်။ သို့သော် ထိုအခြေအနေတွင် စုန့်ရှောင်ဖုန်းသည် ယမန်နေ့ညက သူတို့ နိုက်ကလပ်ကို လာခဲ့ကြောင်း ခြေကျိုးဝမ့်၏ လူတစ်ယောက်က ပြောလိုက်သည်။ စုန့်ရှောင်ဖုန်းသည် သူ့ကို ရင်ဆိုင်ရဲသည့် မည်သူ့ကိုမဆို ခြေချိုးပစ်ပြီး တစ်ဘဝလုံး ဒုက္ခိတဘဝနှင့် နေရမည်ဟု ကြိမ်းဝါးခဲ့သည်။
ထိုစကားက ခြေကျိုးဝမ့်ကို လုံးဝ စော်ကားလိုက်ခြင်း ဖြစ်သည်။ဘင်းမြို့တော်နှင့် လုံကျန်းပြည်နယ်မှ လူအနည်းငယ်ကသာ သူ့ကို ခြေကျိုးဝမ့်ဟု ခေါ်ရဲသာ ဖြစ်၏။
သူ့လူများသာ နားကြားမှားပါက သူသည် လူငယ်လေးကို အနိုင်ကျင့်မှုဖြင့် အဆုံးသတ််သွားမည်ကိုလည်း သူကြောက်ရွံ့သည်။ သူ့လူများသည် စုန့်ရှောင်ဖုန်းသည် ထိုက်ဟွကုမ္ပဏီကို ယနေ့ သွားမည်ဟု ပြောကတည်းက ခြေကျိုးဝမ့်သည်လည်း ထိုနေရာကို သွားရပေမည်။ အကယ်၍ စုန့်ရှောင်ဖုန်းသာ သူ့ကို တောင်းပန်ပါက သူသည် ထိုကိစ္စကို လက်လွှတ်ထားပေလိမ့်မည်။
သို့သော် ခြေကျိုးဝမ့် ထိုက်ဟွဆက်သွယ်ရေး ကုမ္ပဏီ၏ တံခါးပေါက်ကို ရောက်ခါစတွင် တစ်ယောက်ယောက်ကို ခြေထောက်ကို ချိုးပစ်ပြီး သူ့တစ်ဘဝလုံး ခြေကျိုးဘဝနှင့် နေရမည်ဟု ခပ်ကျယ်ကျယ် အော်ပြောလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူ့အား စော်ကားသည့် မှတ်ချက်များကို လည်း ကြားခဲ့ပြီး မကြာမီ သို့မဟုတ်နောက်ပိုင်းတွင် သူ့ကို စုန့်လောင်စီက သတ်လိမ့်မည် ဖြစ်သည်။
ခြေကျိုးဝမ့်၏ ဒေါသများက ထိန်းမရတော့ပေ။ သူက အခြားလူငယ် တစ်ယောက်၏ ရှင်းပြချက်ကို လျစ်လျူရှုလိုက်ကာ သူ့လူများကို ထိုလူ၏ ခြေထောက်ကို ကွေးအောင်လုပ်လိုက်သည်။ ခြေကျိုးဝမ့်ကိုယ်တိုင် ထိုလူ၏ ခြေထောက်နှစ်ဖက်လုံးကို ချိုးချလိုက်သည်။ ၏
‘ငါကို ချိုင်းထောင့်နဲ့ ခြေကျိုးလို့ ပြောပါ့မလား။ ငါမင်းကို ခြေကျိုးတာထက် ဆိုးအောင် လုပ်ပြမယ်။ မင်းရဲ့ ဘဝတစ်လျှောက်လုံး ဝှီးချဲပေါ်မှာနေရအောင် ငါသေချာပေါက် လုပ်ပေးလိုက်မယ်’
—————————————-
တုက်သည် မနက်စောစောတွင် နိုးလာခဲ့၏။ သူသည် စုန့်ရှောင်ဖုန်းကိုယ်စား ထိုက်ဟွ ကုန်သွယ်ရေးကို ကုမ္ပဏီ၏ ရှယ်ယာ ၅၀ရာခိုင်နှုန်းကို လက်လွှဲယူရန်သွားခဲ့ပြီး စုန့်ရှောင်ဖုန်းအတွက် အနာဂတ်တွင် ဝင်ငွေများ ရစေမည်မှာ အသေအချာပင်။
သို့သော် ထိုက်ဟွကုန်သွယ်ရေးကုမ္ပဏီတွင် တုက်က ဖုန်းယွီထံမှာ ကုမ္ပဏီကို ပိတ်တော့မည် ဖြစ်ကြောင်းနှင့် ကျန်သည့် အကြောင်းအရာများကို ကြားခဲ့သည်။ ထိုအဓိပ္ပာယ်က ထိုက်ဟွကုန်သွယ်ရေးအနေဖြင့် သူတို့၏ အမြတ်ထဲမှ ၅၀ရာခိုင်နှုန်းကို စုန့်ရှောင်ဖုန်းကို ပေးမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။
တုက်က ဒေါသ အချောင်းချောင်းထွက်သွားခဲ့သည်။ သူသည် စုန့်ရှောင်ဖုန်းကို ကိစ္စအားလုံးကို ပြီးအောင် လုပ်ခဲ့ပြီး ငွေများ ပြန်ယူလာခဲ့မည်ကို ပြောခဲ့သည်။ သူ့က စဉ်းစားလိုက်ကာ
“ကောင်းပြီ။ မင်း မင်းရဲ့ ကုမ္ပဏီကို ပိတ်မယ်ဆို ကတည်း ငါ့ကို အရင်လက အမြတ်တွေကို ငါတို့ကိုပေး။ ဘဏ်မှာ အလုပ်လုပ်နေတဲ့ လူတွေ ငါတို့ဆီမှာ ရှိတယ်။ ငါတို့တွေ မင်းတို့ကုမ္ပဏီရဲ့ မင်းတို့ အရင်လက အမြတ်ကို စစ်ဆေးလို့ရတယ်။”
ဖုန်းယွီယနေ့တွင် အတော်ခေါင်းမာနေမှန်း သူ နည်းနည်း သိသည်။ သူသည် တုက်ကို အရင်လ၏ အမြတ်ကို ပေးရန် ငြင်းဆိုရုံသာမက စုန့်ရှောင်ဖုန်းကိုလည်း အနာဂတ်တွင် တစ်ပြားမျှ ပေးမည် မဟုတ်ကြောင်း ဖုန်းယွီက ပြောခဲ့သည်။
တုက် ဒေါသ အလွန်ထွက်သွားသည်။ သူသည် ဖုန်းယွီနှင့် ကျန်သည့် သူ့ဝန်ထမ်းများကို လက်ညှိုးထိုးကာ သူ့လုပ်နေကြအတိုင်း ဆဲရေးကြိမ်းမောင်းလိုက်တော့သည်။ ဒေါသထွက်နေသည့် ကာလအတွင်း တုက်က သူတို့၏ ခြေများကို ချိုးပြီး သူတို့ကို ခြေကျိုးဘဝ ဖြစ်အောင် လုပ်မည်ဟု မတော်တဆ ပြောမိသွားသည်။
တုက်က ခြေကျိုးမည့် အကြောင်း ခြိမ်းခြောက်ခြင်းကို ပြောခဲသည်။ သို့သော် သူက မကြောက်ပေ။ ရဲများကတောင် သူ့ကို ဘာမျှ မလုပ်ပေးနိုင်ပေ။ သို့သော် ယနေ့တွင် သူ ကံမကောင်းပေ။ ခြေကျိုးဝမ့်က ဒီကို ရောက်နေခြင်း ဖြစ်သည်။ သူသည် စကားပြောတာကို မဆုံးသေးခင် ခြေကျိုးဝမ့်က တစ်ဟုန်ထိုးဝင်လာပြီး ဘာမျှ မပြောဘဲ သူ့ခြေထောက်ကို ချိုးလိုက်တော့၏။
ယခုအချိန်တွင် တုက်က အဆုံးသတ်သွားပြီ ဖြစ်သည်။ သူသည် စုန့်ရှောင်ဖုန်း၏ တာဝန်များကို မပြီးဆီးရုံသာမက ခြေကျိုးဝမ့်ကိုလည်း မခုခံနိုင်ခဲ့ပေ။ စုန့်ရှောင်ဖုန်းသည် ခြေကျိုးဝမ့်ထွက်သွားပြီးနောက် သူ့ကို ကူညီမလဲဆိုတာ မသေချာပေ။ စုန့်ရှောင်ဖုန်းသည် လက်စားချေရန်အတွက် သူ့ကို မကူညီလျှင်တောင် စုန့်ရှောင်ဖုန်းသည် ခြေကျိုးဝမ့်နှင့်လည်း ထိတွေ့မှု မဖြစ်ချင်ပေ။
ယမန်နေ့ ညကတည်းက ဖုန်းယွီသည် သူ့လူများက နိုက်ကလမ်းများတွင် ကောဟလာလများကို သူ့လူများကို လွင့်သွားခိုင်းခဲ့သည်။ ကောလဟာလများက
“မကြာသေးခင်က စုန့်ရှောင်ဖုန်းက လူများ၏ ခြေထောက်ချိုးရတာကို နှစ်သက်ပြီး သူတို့တွေကို ခြေကျိုး ဖြစ်အောင် လုပ်ရတာကို သဘောကျတယ်”
ဘင်းမြို့တော်ရှိ နိုက်ကလပ် ဆယ်ခုတွင် ရှစ်ခုက ခြေကျိုးဝမ် ပိုင်ဆိုင်၏။ ထိုကောလဟာလများက ခြေကျိုးဝမ့်၏ နားထဲကို ညတွင် တာဝန်ကျသည့် သူလူများထဲမှ သူ့ဆီ လွယ်လွယ်ကူကူနှင့် ရောက်နိုင်၏။
စုန့်လောင်စီသည် ဘင်းမြို့တော်၏ မြေအောက်လောကကို ချုပ်ကိုင်တော့မည်ဟု ဝူကျီကန်းနှင့် ဝန်ထမ်းများက အလွန် ချဲ့ကားပြော၏။ စုန့်လောင်စီသည် ဘင်းမြို့တော်၏ စီးပွားရေးလုပ်ငန်းရှင်များထံမှ ကာကွယ်ရေးစရိတ်ကို တောင်းယူပြီး သူတို့သည် ခြေကျိုးဝမ့်၏ ပိုင်နက်ကိုလည်း ချဲ့ကားလာကြသည်။
ခြေကျိုးဝမ့်၏ လူများက ထိုကောလဟာလများကို ကြားပြီး ခြေကျိုးဝမ့်သည်လည်း ထိုအကြောင်းကို ကြားမည် ဖြစ်သည်မှာ သေချာအောင် ဝူကျီကန်းက လုပ်လိုက်သည်။
မနက်စောစောတွင် စုန့်ရှောင်ဖုန်းလူများနှင့် တုက်ရောက်လာတော့သည်။ သူသည် အရာအားလုံး ချောချောမွေ့မွေ့နှင့် မြန်မြန် ပြီးသွားလိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ဖုန်းယွီသည် သူ့အချိန်ကို စီးကရက်နှင့် လက်ဖက်ရည် ဧည့်ခံခြင်းဖြင့် အချိန်ဆန့်ခဲ့သည်.
ဖုန်းယွီသည် ခြေကျိုးဝမ့် သူ့အိမ်မှ ထွက်သွားသည်ကို ကြားသည့်အခါ စုန့်ရှောင်ဖုန်း၏ စီစဉ်ထားမှုကို ပယ်ချလိုက်သည်။ ဖုန်းယွီသည် တုက်မျက်နှာကို ပိုက်ဆံ ပစ်ပေါက်ကာ ငြင်းဆိုလိုက်၏။
သေချာသည်မှာ တုက်သည် ထိုအချိန်ကတည်းက ဒေါသ အချောင်းချောင်း ထွက်နေပြီး ဖြစ်သည်။ သို့သော် ထိုအရာက ဖုန်းယွီအတွက် ကုမ္ပဏီတွင် လူများများ မရှိပါက သူသည် ဖုန်းယွီကို ခုံနှင့် ပစ်ပေါက်မည့်မှာပင်။
ဖုန်းယွီကား သိုလှောင်ရုံရှေ့ ရောက်သည့်အခါ ဖုန်းယွီသည် သူ့ကို တုက်ပြောစေချင်သည့် စကားများ ထွက်လာအောင် လုပ်တော့သည်။
“ငါ့မှာ ခြေ နှစ်ချောင်းရှိတယ်။ တကယ်လို့ ဆရာကြီးကို ငါက ခုခံမယ်ဆိုရင်တောင် ငါပြေးပြီး ပုန်းလို့ ရနိုင်သေးတယ်။ ငါအခု ကုမ္ပဏီကို ပိတ်လိုက်တော့မယ်။ မင်းငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ။”
ဖုန်းယွီက တုန်ကို ပြောလိုက်သည်။
“ဒါဆို မင်းမှာခြေနှစ်ချောင်းရှိတာလား။ ငါမင်းကို ပြောလိုက်မယ်။ ဒီနေ့ မင်းက ငါတို့ရဲ့ စည်းမျဉ်းတွေကို မင်းလက်မခံချင်ရင်တောင် လက်ခံရမယ်။ မင်းဒီတံခါးကနေ ထွက်သွားတာနဲ့ ငါမင်းရဲ့ ခြေထောက်ကို ချိုးပြီး တစ်သက်လုံး ခြေကျိုးဘဝရောက်အောင် လုပ်မှာကို မင်း ယုံတယ်မလား”
တုက်က အော်လိုက်၏။
“မင်း ငါ့ခြေထောက်ချိုးလိုက်ရင်တောင် ငါက ချိုင်းထောက်သခင်လို အောင်မြင်နိုင်သေးတာပဲ။”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“ချိုင်းထောက်ကို မင်းဖင်ထဲ ထည့်ထား။ ဒီဟာက ခြေကျိုးဝမ်ရဲ့ ပိုင်နက်ထဲမှာ ပြီးတော့ ငါတို့ မင်းကို မထိနိုင်ဘူးလို့ တွေးနေတာတား။ ငါမင်းကို ပြောပြမယ်။ ခြေကျိုးဝမ့်က ငါတို့သခင်ကြီး စီကိုလည်း ကြောက်သေးတယ်။ နောက်တစ်ကြိမ်ကျ ခြေကျိုးဝမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မင်း ပိုပြီး…ကောင်း…” မင်းတို့တွေက ဘယ်သူတွေလဲ။ မင်းတို့တွေ ဘာလုပ်နေတာလဲ။ ခြေကျိုး…. ချိုင်းထောက်သခင်”
တုက်က အော်လိုက်သည်။
ခြေကျိုးဝမ့်သည် တုက်ကို ရှင်းပြရန် အခွင့်အရေးတောင် မပေးဘဲ သူ့လူများကို သူ့ကို လဲကျအောင် လုပ်လိုက်သည်။ သူသည် သူ့၏ သံမဏိ ချိုင်းထောက်ဖြင့် တုက်၏ ခြေနှစ်ဖက်လုံးကို ချိုးလိုက်သည်။ ထို့နောက်သူသည် သူ့လူများကို တုက်အား စုန့်လောင်စီ၏ ပိုင်နက်တွင် ပစ်လိုက်ရန် ညွှန်ကြားလိုက်သည်။
စုန့်လောင်စီ၏ ဂိုဏ်း၏ ဘာမှမဟုတ်သည် သူများကတောင် သူ့ကို စော်ကားပုံအရ ကောလဟလများက မှန်ကန်ပေသည်. စုန့်လောင်စီသည် သူ၏ ပိုင်နက်ကို တဖြည်းဖြည်း ချဲ့ထွင်သွားချင်၏။
“မင်းက ထိုက်ဟွ ကုမ္ပဏီကလား။ ဘယ်သူက သူဌေးလဲ”
ခြေကျိးဝမ်က ထိုင်ခုံတွင် ထိုင်ကာမေးလိုက်၏။
“မင်္ဂလာ မနက်ခင်းပါ ချိုင်းထောက်သခင်။ ကျွန်တော်က ကုမ္ပဏီရဲ့ တာဝန် ရှိတဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ကို ရှောင်ယွီလို့ ခေါ်လို့ရပါတယ်။”
ဖုန်းယွီက ခြေကျိုးဝမ့်ကို ဆေးလိပ်ကမ်းပေးစဉ် ပြောလိုက်၏။
“အို အရမ်းငယ်သေးတာပဲ။ မင်းက စီးပွားရေးကို လည်ပတ်အောင် လုပ်တဲ့သူလား။ မဆိုးဘူး။ မင်းနဲ့ အဲ့ဒီကောင်ရဲ့ ဆက်ဆံရေးက အခုဘယ်လိုလဲ”
ခြေကျိုးဝမ့်က မေးလိုက်သည်။ ဖုန်းယွီ ပထမဆုံး စီးပွားရေး လုပ်တုန်းက အကြောင်းကို ပြန်လည် အမှတ်ရသွား၏။
“သူက စုန့်ရှောင်ဖုန်းရဲ့ နောက်လိုက်ပါ။ မနေ့က စုန့်ရှောင်ဖုန်းက ကျွန်တော့်ကားကို ယူသွားတယ်။ အခု သူက ကျွန်တော်ရဲ့ စီးပွားရေးကို ယူချင်နေတာ။ အဲ့အကြောင်းကြောင့်ပဲ ကျွန်တော်တို့တွေ အဲ့ကိစ္စကို ဆွေးနွေးကြတာ။ ကျွန်တော်တို့ ဆွေးနွေးနေစဉ် ချိုင်းထောက်သခင် ရောက်လာတာပဲ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ စိတ်သာချလိုက်။ ဒါက ငါ့ပိုင်နက်ပဲ။ ငါမင်းကို ဂရုစိုက်မယ်။ စုန့်လောင်စီ ထပ်မလာစေရမဘူး။ မင်းက မင်းရဲ့ စီးပွားရေးကို အာရုံစိုက်ပြီး ရှာနိုင်သမျှရှာ။ စည်းမျဉ်တွေကို မလိုက်နာတဲ့ လူတွေ ရှိရင် ဒါမှမဟုတ် မင်းဆန္ဒမပါပဲ တစ်ခုခုလုပ်ဖို့ တွန်းအားပေးခံရရင် ငါ့ဆီ လာပြီး အကူအညီ လာတောင်းလိုက်။ မင်းအားလပ်ရင် ငါ့ရဲ့ နိုက်ကလပ်တွေကို လာလည်။ လူငယ်တွေက အဲ့လိုနေရာမျိုးကို မကြာခဏ လာသင့်တယ်”
ခြေကျိုးဝမ့်က ပြောလိုက်၏။
ခြေကျိုးဝမ့်က ထွက်သွားပြီးနောက် ဖုန်းယွီနှင့် သူ့ဝန်ထမ်းများက သက်သာရာ ရသွားတော့၏။
ထိုခြေကျိုးဝမ်သည် ကောလဟာလများအတိုင်း ဖြစ်သည်။ သူသည် ဂိုဏ်းစတား တစ်ယောက် ဖြစ်သော်လည်း သူသည် သာမန် လူများနှင့် အခြားသော စီးပွားရေး လုပ်ငန်းရှင်များအပေါ် ဖိနှိပ်မှု မရှိပေ။ သူက သူ့ရဲ့ ဖျော်ဖြေရေး လုပ်ငန်းများတွင်သာ အာရုံစိုက်၏။
ယနေ့ ဖြစ်ပွားခဲ့သည့် မတော်တဆမှုမှ တဆင့် စုန့်လောင်စီနှင့် ခြေကျိုးဝမ်တို့၏ တိုက်ပွဲက စတင် အခြေတည်ပြီဟု ပြောနိုင်ပေ၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset