အခန်း ၅၉
ပြဿနာများ ဖန်တီးရန် အခွင့်အရေးကောင်းများ
ဖုန်းယွီသည် လူတိုင်းကို လာမည့် ရက်သတ္တပတ်များတွင် အပြင်မထွက်ရန် ညွှန်ကြားလိုက်၏။ သူတို့ ဘာမှ လုပ်စရာ မရှိပါက ကုမ္ပဏီတွင် သို့မဟုတ် အိမ်တွင်နေရန် ဖြစ်သည်။ သူ့ဝန်ထမ်းများက စက်ပစ္စည်းစက်ရုံ၏ မိသားစုဝင်များ ဖြစ်ကာ သူတို့သည် စက်ပစ္စည်းစက်ရုံ၏ အဆောင်တွင် နေနိုင်ပေသည်။ စုန့်လောင်စီသည် သူတို့စက်ရုံအဆောက်ကို သွားပြီး ရန်စရဲမည် မဟုတ်ပေ။ အဆောင်တွင် လုံခြုံရေးများ ရှိပြီး ထိုနေရာတွင် ရာပေါင်းများစွာသော အလုပ်မရှိသည့် လူငယ်များလည်း ရှိပေသည်။ သူတို့က တိုက်ခိုက်ရမည်ဆိုပါက အပြင်းအထန် တိုက်ခိုက်သည်။ ထို့အပြင် စက်ပစ္စည်းစက်ရုံသည် စက်ဘက်ဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်သည့်အတွက် စစ်တပ်နှင့်လည်း အလွန် နီးစပ်ပေ၏။ စုန့်လောင်စီသည် စစ်တမ်းကို အာမခံရဲပေ။
စုန့်ရှောင်ဖုန်း၏ လက်စားချေမှုကို ရှောင်ရှားရန်အတွက် ဖုန်းယွီသည်လည်း မြို့တော်ရှိ သူ့တိုက်ခန်းကို ပြန်သွား၏။ ခြေကျိုးဝမ့်သည် မကြာခင် တိုက်ပွဲစတင်တော့မည်ကို ဖုန်းယွီယုံကြည်၏။
ထိုအရာများ ဖြစ်ပွားပါက ထိုကိစ္စများကို ထိပ်ပိုင်းအရာရှိများ သတိပြုမိစေရန်အတွက် ဖုန်းယွီသည် သတင်းစာထဲတွင် ထည့်ရန် နည်းလမ်းရှာဖွေနေ၏။
ခြေကျိုးဝမ့်က တုက်ကို ခြေချိုးပြီးသော်လည်း သူသည် မကျေနပ်သေးပေ။ စုန့်လောင်စီလူ၏ အပြုအမူအတွက် အဖြေပေးရန်အတွက် ခြေကျိုးဝမ့်က စုန့်လောင်စီကို စောင့်နေသော်လည်း မထိရောက်ပေ။
သို့သော်လည်း စုန့်လောင်စီသည် အမှောင်လောကထဲတွင် ဘာဖြစ်ခဲ့လည်းဆိုတာ မသိသေးပေ။ စုန့်ရှောင်ဖုန်းသည် ထိုကိစ္စကို ဝှက်ထား၏။ တုက်သည် စုန့်ရှောင်ဖုန်းဖက်တွင် အမြဲတမ်း ရှိနေခဲ့ပြီး စုန့်ရှောင်ဖုန်းသာ ထိုကိစ္စကို မပြောပါက စုန့်လောင်စီသည်လည်း သိမည်မဟုတ်ပေ။
စုန့်လောင်စီသည် ခပ်လျိုလျိုနေတက်သည့် ပုံစံမျိုးမဟုတ်ပေ။ သူသည် အရင်နှစ်က ကျန်းဖေ့တွင် ဗီလာကြီးကြီးမားမား ဆောက်ခဲ့သည်။ ဗီလာသည် ၁၀၀၀စတုရန်းမီတာ ကျယ်ကာ တည်ဆောက်မှု စရိတ်ကလည်း ယွမ်၅သန်းထက်တောင် ရှိသည်။ ထိုနေရာတွင် ခန်းမ၊ ဘား၊ စစ်တုရင် အခန်းများ၊ ချွေးပေါင်းအိမ်၊ ဂျင်နှင့် အခြားအရာများ သူ့ဗီလာထဲတွင် ရှိသည်။ ပြင်ဆင်စရိတ်နှင့် ဆိုပါက ဗီလာအတွက် စုစုပေါင်းမှာ ကိန်းဂဏန်းလ အလွန် ကြီးမား၏။
စုန့်လောင်စီသည် အခြားပြည်နယ်များမှ သူဌေးသုံးယောက်နှင့် သူ့ဗီလာထဲတွင် မာကျောက်ကစားနေစဉ် တစ်ယောက်ယောက်ဝင်လာ၏။
စုန့်လောင်စီက ကြည့်လိုက်သည့်အခါ စုန့်ရှောင်ဖုန်း ဝင်လာခြင်း ဖြစ်သည်။
“ရှောင်ဖုန်း ဒီကိုလာပြီး မင်းဦးလေးတွေနဲ့ တွေ့လိုက်ဦး။”
စုန့်လောင်စီက လက်ယမ်းပြလိုက်သည်။
စုန့်ရှောင်ဖုန်းက စုန့်လောင်စီ၏ သူငယ်ချင်းများကို လေးလေးစားစား နှုတ်ဆက်လိုက်ပြီး စုန့်လောင်စီနောက်တွင် ရပ်လိုက်၏။ စုန့်လောင်စီသည် စုန့်ရှောင်ဖုန်း၏ အပြုအမူကို မြင်သောအခါ စုန့်ရှောင်ဖုန်းက တစ်ခုခု ပြောချင်နေမှန်းသိလိုက်သည်။
“ကွမ့်ကျန်း ငါ့အစား လာကစားပေး။ ငါ သန့်စင်ခန်းသွားဦးမယ်”
စုန့်လောင်စီက သူ၏ လက်ယာတပည့်ကို ပြောလိုက်၏။
စုန့်လောင်စီ၏ လက်ယာတပည့်က မာကျောက်စားပွဲတွင် ထိုက်လိုက်ကာ စုန့်လောင်စီက စုန့်ရှောင်ဖုန်းနှင့် အခန်းကို ထွက်သွားခဲ့သည်.
“ရှောင်ဖုန်း ဒီနေ့ လူတွေ အများကြီး ငါ့ဆီ လာတွေ့ကြတယ်။ မင်းငါ့အတွက် ဝမ်းသာသင့်တယ်။”
စုန့်လောင်စီက ပြောလိုက်၏။
စုန့်လောင်စီသည် အလွန်ပျော်ရွှင်နေ၏။ ထိုသူဌေးကြီးများသည် ယနေ့သူ့ဆီ လာရောက်ခြင်းက သူ့ကို လုံကျန်းပြည်နယ်၏ မြေအောက်လောက ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းပင် ဖြစ်၏။
“ဦးလေး ဒီနေ့ တုက်ရဲ့ ခြေထောက်တွေ ကျိုးသွားတယ်။”
စုန့်ရှောင်ဖုန်းက ပြောလိုက်၏။
“တုက်လား။ မင်းနောက် လိုက်တဲ့ တစ်ယောက်လား။ ဘယ်သူ သူ့ကို လုပ်တာလဲ”
စုန့်လောင်စီ၏ မျက်နှာက ပြောင်းသွား၏။ တုက်မှားသည် မှန်သည်ကား အရေးမကြီးပေ။ တုက်သည် သူ့ဂိုဏ်း၏ အဖွဲ့ဝင်ဖြင်ပြီး သူ့နောက်လိုက်လည်း ဖြစ်သည်။ တစ်ယောက်ယောက်က သူ့အဖွဲ့ဝင်များခြေထောက်ကို ချိုးလျှင်တောင် သူ့ကို မလေးစားခြင်းပင် ဖြစ်သည်။
သူ့ကို မလေးစားသည့် လူများကို သေချာပေါက် သင်ခန်းစာပေးရမည်ပင်။
“သူက ခြေကျိုးဝမ့်”
စုန့်ရှောင်ဖုန်းက ပြောလိုက်သည်။
“ခြေကျိုးဝမ့်လား။”
စုန့်လောင်စီက စီးကရက်ကို မီးညှိလိုက်၏။ ခြေကျိုးဝမ့်သည် ကြမ်းတမ်းသည့်လူဖြစ်သည်။ သူတို့၏ ယခင်က ဆွေးနွေးပွဲတွင် သူတို့၏ စီးပွားရေးများကို အချင်းချင်း မနှောက်ယှက်ရန် အချင်းချင်း သဘောတူခဲ့ပြီး ခြေကျိုးဝမ့်ကို သူနှင့် မြေအောက်လောက နံပါတ်တစ်နေရာကို မယှဉ်ပြိုင်နိုင်ခဲ့ပေ။ ဘာကြောင့် ခြေကျိုးဝမ့်က တုက်ခြေထောက်ကို ချိုးသနည်း။
စုန့်ရှောင်ဖုန်းသည် ကိစ္စတစ်ခုလုံးကို စုန့်လောင်စီကို ရှင်းပြလိုက်၏။ သေချာသည်မှာ စုန့်ရှောင်ဖုန်းသည် ဇာတ်လမ်းကို ချဲ့ကားလိုက်ပြီး အချို့သော အပိုင်းများ ပျောက်သွား၏။ တုက်သည် ခြေကျိုးဝမ့်၏ ပိုင်နက်ကို သူကို ကားဝယ်ပေးရန်အတွက် သွားခဲ့ပြီး ခြေကျိုးဝမ့်သည် သူရှင်းပြတာ နားမထောင်ဘဲ ခြေကျိုးခဲ့သည်ဟု ပြောခဲ့၏။ ထပ်ပြောရလျှင် တုက်သည် ထိုအရာက နားလည်မှုလွဲသည်ဟု ပြောပြခဲ့ပြီး သူသည် စုန့်လောင်စီ၏ လူဖြစ်ကြောင်းပြောပြီးသည်နောက် ခြေကျိုးဝမ့်က သူ့ခြေထောက်ကို ဆက်ချိုး၏။
စုန့်လောင်စီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့စီးကရက်ကို ပြာခွက်ထဲထည့်ကာ
“ဒါဆို ခြေကျိုးဝမ့်က ငါနဲ့ တိုက်ပွဲစချင်တာလား။ ဒီနေ့ အလည်လာတဲ့ သူဌေးသုံးရောက်လာလည်တဲ့ သတင်းကို သူကြားလို့ မပျော်တော့တာများ”
စုန့်လောင်စီနှင့် ခြေကျိုးဝမ့်၏ အထင်အမြင်လွဲမှုက အချိန်တိုက်ဆိုင်လွန်း၏။
တကယ်တမ်းပြောရလျှင် ယနေ့တွင် ထိုလူများ စုန့်လောင်စီထံ သွားတာကို ခြေကျိုးဝမ့်သိသော်လည်း သူဂရုမစိုက်ပေ။ ခြေကျိုးဝမ့်၏ စီးပွားရေးသည် ဘင်းမြို့တော်တွင်သာ အဓိက ဖြစ်ပြီး ပြည်နယ်ရှိ အခြားမြို့များကို ဂရုမစိုက်ပေ။ သူသည် အခြားမြို့များသို့ သူ့ပိုင်နက် ချဲ့ထွင်ရန်ကိုလည်း ဆန္ဒမရှပေ။
သူသည် အဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် ဖြိုချခြင်း အလုပ်ကိုလုပ်ကိုင်သည့် စုန့်လောင်စီနှင့် မတူပေ။ စုန့်လောင်စီသည် သူ၏ စီးပွားရေးကို ပြည်နယ်မှတဆင့် တဖြည်းဖြည်း တခြားပြည်နယ်များ၏ မြို့များအထိ ချဲ့ထွင်သွားချင်၏။ စုန့်လောင်စီသည် သူ့ပိုင်နက်ကို အခြားပြည်နယ်များတွင် ချဲထွင်ရန်အတွက် သူသည် “လုံကျန်း၏သူဌေး”ဟုသော အမည်ကို လိုချင်၏။
စုန့်လောင်စီသည် ခြေကျိုးဝမ့်သည် သူနှင့် ပတ်သတ်ပြီး မပျော်ရွှင် ဖြစ်သော်လည်း စုန့်လောင်စီ၏ အင်အားက ခြေကျိုးဝမ့်ထက် ပိုကြီးကာ သူ့ကို တစ်ချက်တည်းဖြင့် မရှင်းလင်းနိုင်ပေ။ ထို့အပြင် ခြေကျိုးဝမ့်နှင့် အဆင်မပြေသည့်သူများကို သူနှင့် ရင်းနှီးသည့် ဆက်ဆံရေး မထူထောင်ချင်ပေ။ သူသည် အစိုးရကို ခြေကျိုးဝမ့်ကို အရေးယူပေးရန် တောင်းဆိုပါက သူသည် အခြားသူများထဲမှ လေးစားမှု ပျက်သွားမည်ပင်။
စုန့်လောင်စီသည် လုံကျင်းပြည်နယ်၏ နံပါတ်တစ် သူဌေးနေရာနှင့် ပတ်သတ်ပြီး အစ်ကိုကေနှင့် သဘောတူညီမှု တချို့ ရခဲ့ပြီး ယခုအခေါက်တွင် အခြားသော သူဌေးသုံးယောက်ထံမှ လာရောက်လည်ပတ်သည့်အခါ ခြေကျိုးဝမ့်က သူ့ကို ပြဿနာများ ဖန်တီးတော့၏။
အခြားမြို့များမှ သူဌေးများသာ သူက သူ့နောက်ခြမ်းကို ဂရုမစိုက်သည်ကို သိလျှင် သူ့ကို နံပါတ်တစ်အဖြစ် အသိအမှတ်ပြုတော့မည် မဟုတ်ပေ။
လူတိုင်းက သူ့ကို ကြောက်ရွံ့ကြပြီး ဘင်းမြို့တော်ရှိ လူတိုင်းက သူ့ကို လေးစားသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ သူက အနာဂတ်တွင်တောင် ပြည်နယ်အစိုးရအဖြစ် ရရန်အတွက်တောင် ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုတွင် ခြေကျိုးဝမ့်ကာ လာခဲ့ပြီး သူ့ကို ပါးတစ်ချက် ချလိုက်ခြင်းပင် ဖြစ်သည်။ ထိုကိစ္စကို လွယ်လွယ်နှင့် မေ့ရမည်မဟုတ်ပေ။ ခြေကျိုးဝမ့်သည် သူ့ကို ရှင်းပြရန် လိုအပ်ပေ၏။
“ကောင်းပြီ။ ကျွန်တော်သိပြီ။ မင်းအရင်သွားနှင့်။ ငါဒီကိစ္စကို လွယ်လွယ်နဲ့ ထားမှာမဟုတ်ဘူး။ ငါမင်းအတွက် ကိုယ်တိုင်လက်စားချေပေးမယ်”
စုန့်လောင်စီက ပြောလိုက်၏။
စုန့်ရှောင်ဖုန်းက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေး”
“ကောင်းပြီ။ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ခနနေကျရင် ဒီဦးလေးတွေနဲ့ တစ်ခွက်လောက်သောက်ဦးမှာ။ နောင်ကျ မင်း သူတို့ရဲ့ အကူအညီ လိုမှာပဲ”
စုန့်လောင်စီက ပြောလိုက်၏။
ထိုညတွင် စုန့်ရှောင်ဖုန်းက မူးအောင် သောက်ခဲ့ပြီး သူသည် သူ့လူများကို ထိုက်ဟွကုန်သွယ်ရေးကုမ္ပဏီကို ဖျက်ဆီးရန် စေခိုင်းခဲ့သည်။ သူက စုန့်လောင်စီနှင့် ခြေကျိုးဝမ့်ကြားတွင် စွတ်ဖက်ဖို့ အဆင့်မရှိသော်လည်း သူ၏ ဒေါသများကို ကုန်သွယ်ရေးကုမ္ပဏီ သေးသေးလေးကို မဲနိုင်ပေသည်။
———–
“ဘာ။ ကုမ္ပဏီက အဖျက်ဆီးခံလိုက်ရတယ်။ အရမ်းကြီး မစိုးရိမ်နဲ့ ကျွန်တော်တို့ အဖွဲ့ သုံးဖွဲ့ခွဲမယ်. အစ်ကိုလီ အစ်ကိုက ရဲစခန်းကိုသွားပြီးတိုင်။ ကျွန်တော်တို့တွေ ရဲစခန်းကို လက်ဆောင်အချို့ ပို့လိုက်ရင် ကျွန်တော်တို့တွေ ဘာပြဿနာဖြစ်ဖြစ် သူတို့က ချက်ခြင်းကိုင်တွယ်လိမ့်မယ်။ ကျွန်တာ်တို့တွေက သူတို့တွေထဲက တစ်ယောက်ယောက်ကို ဖမ်းဖို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ သူတို့တွေ ဒီလို ကိစ္စမျိုး ထပ်ဖြစ်လာရင် ကျွန်တော်တို့ကို စောင့်ရှောက်ပေးမှာ။ ကျွန်တော်တို့တွေက နောင်ကျ သူတို့ကို ပိုက်ဆံများများ ကူညီပေးရမှာပေါ့”
“စက်ပစ္စည်းစက်ရုံ ဒါရိုက်တာလီကို ဝူကျီကန်းသွားမေးလိုက်။ ထိုက်ဟွကုန်သွယ်ရေးနဲ့ စက်ပစ္စည်းစက်ရုံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆုံးသတ်သွားပြီ။ အကြောင်းက ငါတို့ ကုမ္ပဏီ အဖျက်ခံလိုက်ရပြီး ငါတို့တွေရဲ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းတော့မလို့ပဲ။ ဘင်းမြို့တော်မှာ စက်ပစ္စည်းစက်ရုံက လုပ်ပိုင်ခွင့် အနည်းငယ် ရှိတယ်။ စက်ပစ္စည်းစက်ရုံကသာ အစိုးရရဲ့ တုန့်ပြန်မှုကို ရမယ်ဆိုရင် စုန့်လောင်စီက ငါတို့ကို ထပ်ပြီး ဒုက္ခပေးနိုင်မှာ မဟုတ်တော့ဘူး။ “
“စွန်းလျန်ကို ကျွန်တော်အိမ် လာမလားလို့ မေးလိုက်။ ကျွန်တော်တို့တွေက ခြေကျိုးဝမ်ကို တွေ့ဖို့ အတူတူသွားရမှာပြီးတော့ ခြေကျိုးဝမ့် စုန့်လောင်စီကို ရင်ဆိုင်နိုင်မလားဆိုတာ မေးရမယ်။ စုန့်လောင်စီ ကျွန်တော်တို့ကို ဘာလုပ်နိုင်မလဲဆိုတာ မြင်ချင်တယ်။ အိုဟုတ်သား။ ကျွန်တော်တို့တွေ သိုလှောင်ရုံကို ပြန်စီစဉ်ရဦးမှာ။ ဒီဘာမှမရှိတဲ့ ပုလင်းတွေကို ဖျက်ဆီးပြီး သိုလှောင်ရုံကို ပိုရုပ်ဆိုးအောင် လုပ်လိုက်”
ဖုန်းယွီက ညွှန်ကြားလိုက်၏။
ဖုန်းယွီနှင့် စွန်းလျန်သည် ဖျော်ဖြေရေးဆိုင် ခုနှစ်ရုံ ရှစ်ရုံကို သွားပြီးနောက် ခြေကျိုးဝမ့်ကို ရေချိုးခန်းတွင် တွေ့ခဲ့၏။
“ချိုင်းထောက်သခင် ကျွန်တော် သခင်ရဲ့ အကူအညီ လိုချင်လို့ ရောက်လာတာပါ”
ဖုန်းယွီက ဝမ်းနည်းသည့် အမူအရာဖြင့် ပြောလိုက်၏။
ခြေကျိုးဝမ့်က တခဏကြာတွေးလိုက်ပြီး ပြောလိုက်၏။
“မင်းက သိုင်လှောင်ရုံအပိုင်းရဲ့ ကုန်သွယ်ရေးကုမ္ပဏီရဲ့ ရှောင်ဖုန်းမလား။ ဘာဖြစ်လို့လဲ။ မင်းတို့ ကုမ္ပဏီကို တစ်ယောက်ယောက်က ဒုက္ခပေးလို့လား။”
ခြေကျိုးဝမ့်က မှင်သက်သွားသည်။ မနေ့က သူ့လူများကို မပေါ်လွင်အောင် နေခိုင်းပြီး ပြဿနာများ မဖန်တီးရန် ပြောလိုက်သည်။ သို့သော် နောက်တစ်နေ့တွင် တစ်ခုခု ဖြစ်ခဲ့သည်။ သူ့ရဲ့ ညွှန်ကြားချက်ကို အာခံရဲသည့်သူက မည်သူနည်း။
“ချိုင်းထောင့်သခင်။ ကျွန်တော် အန်ပေငါ်း ယွမ် ၁၀၀,၀၀၀ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော်ကို သခင်စီကို ကူပြောပေးပါဦး။ ကျွန်တော် တုက်ကို ဘာမှ မလုပ်ခဲ့တဲ့အတွက် သူတို့ ကျွန်တော်တို့ကုမ္ပဏီကို ဖျက်ဆီးဖို့ အကြောင်းမရှိပါဘူး”
ဖုန်းယွီက ပြောလိုက်၏။
“မင်းဘာပြောလိုက်တာလဲ။ ဒီကောင်စု စုန့်ရှောင်ဖုန်းက သူ့လူတွေကို ကုမ္ပဏီကို ဖျက်ဆီးဖို့ လွှတ်လိုက်တာလား။”
ခြေကျိုးဝမ်က ဒေါသထောင်းခနဲ ထွက်သွားသည်။ ဒီစု့န်ရှောင်ဖုန်းကတော့။ ငါ့ဆီလာပြီး တောင်းပန်စကားဆိုမဲ့အစား သူက ငါ့ပိုင်နက်မှာ ပြဿနာလာဖန်တီးရဲတယ်ပေါ့။ သူက ငါက တိုက်ပွဲ ကြေငြာလိုက်တာပဲ။
“ဟုတ်တယ်။ ကျွန်တော်တို့ အများကြီး ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ရဲ့ သိုလှောင်ရုံမှာရှိတဲ့ ပစ္စည်းတွေ ပျက်စီးသွားပြီ။ ချိုင်းထောက်သခင် ကျွန်တော် စီးပွားရေး ဆက်မလုပ်နိုင်တော့ဘူး။”
ဖုန်းယွီက ပြောလိုက်၏။ သူသည် ယွမ် ၁၀၀,၀၀၀ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင်တင်ကာ ခြေကျိုးဝမ့်ဆီ ကမ်းလိုက်၏။
သို့သော် ခြေကျိုးဝမ့်က ယွမ်အထုတ်လိုက်ကို ဖုန်းယွီဆီ ပြန်တွန်းလိုက်သည်။ သူသည် ယွမ် ၁၀၀,၀၀၀ကို လက်ခံလိုက်ပါက သူချမှတ်ထားသည့် စည်းမျဉ်းကို ကိုယ်တိုင် ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ နောင်တွင် နောက်လိုက်များက သူ့ထံမှ အမိန့်ကို လိုက်နာတော့မည်နည်း။
“ဒီပိုက်ဆံကို ပြန်ယူလိုက်။ ဒီကိစ္စအတွက် ကောင်းကောင်းကိုယ်တွယ်ပေးမယ်လို့ ကတိပေးတယ်။”
ခြေကျိုးဝမ့်က ပြောလိုက်၏။
FY အခန်း ၅၉
? Views, Released on August 10, 2023
အံ့မခန်းပါရမီရှင် ဖုန်းယွီ
Extraordinary Genius, Chāo pǐn qícái, 超品奇才
Status: Ongoing Type: Web Novel Author: Qióng sì, 穷四 Artist: Swae Nyoe Sarsin, Thar Thu Hein Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။