FY အခန်း ၅၆

အခန်း ၅၆

လွန်သွားပြီ

ဖုန်းယွီသည် စိတ်အခြေအနေကောင်း ရှိနေ၏။ သူ့အတွေးတွင် ဤစုန့်ရှောင်ဖုန်းက သိပ်မဆိုးပေ။ စုန့်ရှောင်ဖုန်းသည် မကြာခင် မသေလျှင် သူတို့သည် သူငယ်ချင်းတောင် ဖြစ်နိုင်၏။ တကယ်တော့ စုန့်ရှောင်ဖုန်းသည် ထိုကဲ့သို့ နေရာမျိုးကို ပထမဆုံး ဖိတ်သည့်သူ ဖြစ်သည်။

ဖုန်းယွီသည် ဆိုဖာပေါ်ကို ပြန်ရောက်သည့်အခါ ယွမ်ယွမ်သည် စုန့်ရှောင်ဖုန်းကို ယွမ် ၁၀တန်ကို ရမ်းပြနေသည်ကို သွေ့လိုက်ရသည်။ ဖုန်းယွီ၏ စိတ်အခြေအနေကောင်းက ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

“ဟဟ.. ညီလေးဖုန်း.. သူတို့တွေက အခုလေးတင် ငါနဲ့ လာလောင်းနေကြတယ်။ ငါပြောတာက မင်းက စိတ်ဓာတ်ကြံခိုင်တဲ့လူ ပြီးတော့ သူတို့ရဲ့ ဖြားယောင်းမှု မလုပ်နိုင်ဘူးလို့ ပြောခဲ့တာ။ ဒါပေမဲ့ သူတို့ ပြောတာ မှန်နေတဲ့ပုံပဲ။ ယောက်ျားတွေ အကုန်လုံးက အတူတူပဲ”

စုန့်ရှောင်ဖုန်းက ပြောလိုက်သည်။

ဖုန်းယွီက ပြုံးကာ ပြန်ပြောလိုက်၏။

“ဟုတ်တယ်။ ယောကျာ်းတွေ အကုန်လုံးက အတူတူပဲ”

“ဘာလို့ မင်းကိုမင်း ဆရာစုန့်နဲ့ နှိုင်းရတာလဲ။ သူက ဒီကို လာသောက်ပြီး ကရုံပဲ။ ဆရာက ပျော်ချင်တယ်ဆိုရင် ကျွန်မတို့တွေက နောက်မှ ဟိုတယ်ကို လိုက်သွားရတာ”

စုန့်ရှောင်ဖုန်းဘေးတွင် ထိုင်နေသည့် မိန်းကလေးက စိတ်ကြီးဝင်ကာ ပြောလိုက်၏။

“အစ်ကို ဒီမှာ အဆင်မပြေဘူးလား။ အစ်ကို ညီမကို ဒီည အတူတူ အဖော်လုပ်ပေးမယ်မလား”

ယွမ်ယွမ်က ရွှင်လန်းစွာ ပြောလိုက်ပြီး ဖုန်းယွီ၏ မျက်နှာကို ထိရန်အတွက် သူမလက်ကို ဆန့်လိုက်သည်။

ဖုန်းယွီ၏ မျက်နှာက နီရဲသွားတော့သည်။ အသက် ၄၀အရွယ်စိတ်ရှိသည့် သူ့ကို ဆယ်ကျော်သက် အမျိုးသမီးလေး တစ်ယောက်က လှည့်ဖြားလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ ဖုန်းယွီသည် ထိုအရာက သူ့ကို အရှက်ခွဲလိုက်ခြင်း ဖြစ်ပြီး သူ့မျက်နှာကို တံတွေးထွေးသည်ထက် ပိုပြင်းထန်ပေ၏။

ကံကောင်းသည်မှာ အခြားသော လုပ်ဖော်ကိုင်ဖက်များက ဒီနေရာကို မလာခဲ့ခြင်း သို့မဟုတ် သူတို့ဘာဖြစ်မှန်း မသိသည့် အတွက် ဖြစ်သည်။ သူတို့သာ ဘာဖြစ်ပျက်သွားသည်ကို သိလျှင် ဖုန်းယွီအပေါ် ထားရှိသည့် လေးစားမှုနှင့် ယုံကြည်မှုများ အားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ယွမ်ယွမ်သည် ရှင်သန်ဖို့အတွက် ထိုကဲ့သို့ အရာများကို ယခုအရွယ်တွင် လုပ်ရသည့်က သနားချင်စဖွယ်ကောင်းသည်ဟု ဖုန်းယွီတွေးခဲ့သော်လည်း ဖုန်းယွီထင်သည်မှာ မှားယွင်းပုံ ပေါ်သည်။ ယွမ်ယွမ်သည် ဖုန်းယွီကို ဘာလုပ်နိုင်ခဲ့သည့်အတွက် တကယ်ကို ဂုဏ်ယူနေပြီး ဖုန်းယွီကိုတောင် ပျက်ရယ်ပြုနေသည်။ ဖုန်းယွီသည် ယွမ်ယွမ်အပေါ်တွင် ထားသည့် ကောင်းမွန်သည့် ခံစားချက်များ ရှိခဲ့သော်လည်း ထိုအရာများက ချက်ခြင်း ပျောက်ကွယ်သွားပြီး ဖြစ်၏။

“ဆရာကြီးစုန့် ကျွန်တော်ကတာ ပင်ပန်းနေပါပြီ။ ကျွန်တော် အရင်ပြန်ပါတော့မယ်”

ဖုန်းယွီက ယွမ်ယွမ်ကို တွန်းထုတ်လိုက်ပြီး ထိုနေရာမှ ပြန်ရန်အတွက် ပြင်လိုက်၏။

“ဒီလောက် အစောကြီးလား။ အစ်ကိုက ဒီမှာ ရောက်လာတာက အသားမကျသေးတဲ့ပုံပဲ”

ယွမ်ယွမ်က ပြောလိုက်၏။ သူမက ဖုန်းယွီကို လှောင်နေဆဲ ဖြ်စ၏။

စုန့်ရှောင်ဖုန်းနှင့် သူ့ကောင်မလေးကလည်း ဟားတိုက်ရယ်လိုက်၏။ စုန့်ရှောင်ဖုန်းက မေးလိုက်၏။

“ညီလေးဖုန်း ညီလေး မင်းသက်လုံကောင်းဖို့အတွက် အစားကောင်းကောင်း ပိုစားသင့်တယ်မလား

ဖုန်းယွီက ပြန်ပြောလိုက်၏။

“ကျွန်တော် မနက်မှာ တစ်ခုခု လုပ်စရာ ရှိတယ်။ ကျွန်တော် အရင် ပြန်ဖို့လိုတယ်”

ဖုန်းယွီက ပြန်ရန်အတွက် မတ်တပ်ရပ်လိုက်တော့၏။ သူသည် ပြန်သွားချင်ခဲ့ပြီး စုန့်ရှောင်ဖုန်းကို ဆန့်ကျင်ရန်အတွက် သက်သေများရရန် စဉ်းစားလိုက်ပြီး သူ့ကို တစ်ဘဝလုံး ထောင်နန်းစံအောင် လုပ်မှာ ဖြစ်၏။ သို့သော် စုန့်လောင်စီသည် မြို့တော်ရှိ ရဲမှူးများနှင့် သူငယ်ချင်းကောင်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ထိုနည်းဖြင့် ကိုင်တွယ်ရန်က မလွယ်ကူပေ။

“ခဏလေး ငါမင်းကို သွားလို့ရပြီလို့ ပြောလိုက်လို့လား။ ငါက ဒီမှာပဲ ရှိနေသေးတယ်။ ပြီးတော့ တော့ မင်းကထွက်သွားတော့မှာလား။ မင်းငါ့ကို မလေးစားတာလား။”

စု့န်ရှောင်ဖုန်းက အထက်စီးဆန်ဆန်ဖြင့် ပြောလိုက်၏။

“ဆရာစုန့် ခင်ဗျားဘာလိုချင်လို့လဲ”

ဖုန်းယွီက မေးလိုက်၏။

“သိပ်မများပါဘူး။ ငါဒီနေ့ မင်းကို အစားအသောက်တွေနဲ့ မင်းကို မိန်းကလေး တစ်ယောက်တောင် ပေးလိုက်သေးတယ်။ မင်းအနေနဲ့ တစ်ခုခု ပြန်ပေးသင့်တယ်လို့ မတွေးမိဘူးလား”

စုန့်ရှောင်ဖုန်းက မေးလိုက်၏။

ဖုန်းယွီအတွေးတွင်

“-ီးပဲ ဒီနေ့ ငါ့ရဲ့ Land Roverကို ယူသွားတာလေ။ အဲ့တာက ယွမ် ၅၀၀,၀၀၀ထက် ပိုတယ်။ ယွမ် ၅၀၀,၀၀၀ လူအများစုက သတို့ တစ်ဘဝလုံး အလုပ်လုပ်ရင်တောင် ယွမ် ၅၀၀,၀၀၀မရှာနိုင်ဘူး။ သောက်စရာတွေနဲ့ ကတာတွေက ရာဂဏန်းလောက်ပဲ ရှိတာ။ ငါ့ကို မိန်းကလေး တစ်ယောက်ပေးတာလား။ ဒါမှမဟုတ် ငါ့ကို အရှက်ခွဲဖို့ မိန်းကလေး တစ်ယောက် ပေးတာလား’

“ကောင်းပြီ။ ဒီနေ့ ငါကျွေးလိုက်ပါ့မယ်။ ဒီမယ် ယွမ် ၁၀၀၀”

ဖုန်းယွီက ပြောလိုက်၏။

ဖုန်းယွီသည် တစ်ခုခု မှားမည်ကို စိုးရိမ်သည့်အတွက် သူသည် ပိုက်ဆံ များများ ယူခဲ့တာ ဖြစ်၏။ သူသည် ထိုနေရာမှ ထွက်သွားရန် လိုပြီး စုန့်ရှောင်ဖုန်းကို လက်တုံ့ပြန်ရမည့် နည်းကို ရှာရမည် ဖြစ်၏။

“ညီလေးဖုန်း ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ မင်းကို ပေးခိုင်းလို့လား”

စုန့်ရှောင်ဖုန်းက မေးလိုက်၏။

ဖုန်းယွီ၏ နှလုံးသားများ နာကျင်သွားကာ။ ယွမ် ၁၀၀၀က အရမ်းနည်းတာလား။ ဒီလောက် များတာကို။

“ဆရာကြီးစုန့် ဘာကို ဆိုလိုချင်တာလဲ”

ဖုန်းယွီက ပြန်ပြောလိုက်၏။

“များများစားစား မဟုတ်ပါဘူး။ မကြခင်က ငါတို့ ကုမ္ပဏီက အလုပ် အရမ်းမရှုပ်ဘူး။ ငါ့ဝန်ထမ်းတွေက ဘာမှ များများစားစား လုပ်စရာမရှိဘူး။ ငါကြားတာတော့ ထိုက်ဟွ ကုန်သွယ်ရေးက မဆိုးဘူး။ မင်းကို ကူညီပေးဖို့အတွက် ငါ့ဝန်ထမ်းတွေကို လွှတ်ပေးချင်တယ်။ ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မင်းတို့ ကုမ္ပဏီက ဝန်ထမ်းဆယ်ယောက်ပဲ ရှိတာမလား။ ငါမင်းကို ၁၀ယောက်ထပ်ပို့ပြီး ကူခိုင်းလိုက်မယ်။ ပြီးတော့ အမြတ်ကို ငါးဆယ် ငါးဆယ်ဆီ ခွဲယူကြတာပေါ့။ မျှတတယ် မဟုတ်ဘူးလား”

စုန့်ရှောင်ဖုန်းက ပြန်ပြောလိုက်၏။

သေချာသည်မှာ ထိုအရာက စုန့်ရှောင်ဖုန်း ဒီကို ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက် ဖြစ်၏။ ဖုန်းယွီက သူ့ရသည့် အကျိုးအမြတ်ထဲမှ တစ်ဝက်ကို သူ့ကို ပေးစေချင်တာ ဖြစ်၏။

တစ်ပြားတောင် မထုတ်ဘဲနဲ့ သူ့အမြတ်ထဲက တစ်ဝက်ကို ခွဲယူချင်တာလား။ မဖြစ်နိုင်တာ

သို့သော် စုန့်လောင်စီ၏ လူများက ကိစ္စများ အဆင်ပြေရန်အတွက် အကြမ်းဖက်မှုများ ပြုလုပ်သည်က အသားကျနေပြီ ဖြစ်သည်။ လက်နက်များကိုတောင် သုံးပြီး လူများကို မသန်စွမ်း ဖြစ်သွားစေပြီး အချို့တောင် ပျောက်သွား၏။ ဖုန်းယွီသာ သဘောမတူလျှင် ဤစုန့်ရှောင်ဖုန်းကို ဖုန်းယွီ လုပ်ရန်အတွက် အတင်း တွန်းအား ပေးမည် ဖြစ်သည်။

အစက ဖုန်းယွီသည် နှစ်လစောင့်ရန် စီစဉ်ထားခဲ့သည်။ ဤစု့န်ရှောင်ဖုန်းကို စုန့်လောင်စီ၏ ရန်သူများက သတ်မည် ဖြစ်၏။

သို့သော် ယခုတွင် ဖုန်းယွီစိတ်ပြောင်းသွားတော့သည်။ ဤစုန့်ရှောင်ဖုန်းက သူ့ကိုယ်သူ သေတွင်းသူတာ ဖြစ်ဩ။ ဖုန်းယွီကားကို ယူသည်။ သူ့ကို အရှက်ခွဲပြီး ယခုတွင် သူ့ရွှေဉဉသည့် ငန်းကိုတောင် ယူချင်နေသည်။ ဖုန်းယွီသည် သူ့စော်ကားမှုကို ထပ်မခံနိုင်တော့ပေ။

“ဆရာကြီးစုန့် ခင်ဗျားရဲ့ လူတွေကို မနက်ဖြန် ကုမ္ပဏီကို လွှတ်လိုက် ကျွန်တော်တို့ နောက်ပိုင်းကိစ္စတွေ ဆွေးနွေးကြတာပေါ့”

ဖုန်းယွီက ပြောလိုက်၏။

“ဟား..ဟား..ဟာ. ကောင်းတယ်။ငါတို့ ကမ်းပေ့လုပ်ကြမယ်။ ”

စုန့်ရှောင်ဖုန်းက ပျော်ရွှင်စွာ ပြောလိုက်၏။

“အရမ်းကောင်းတယ်။ ညီအစ်ကိုဖုန်း နောက်တစ်ခွက် ဒါက ငါတို့ရဲ့ စီးပွားရေးအတွက်”

စုန့်ရှောင်ဖုန်းက ပြောလိုက်၏။

စုန့်ရှောင်ဖုန်းသည် လွန်လာပြီ ဖြစ်၏။ စုန့်ရှောင်ဖုန်း၏ အပြုအမူများက ဖုန်းယွီ၏ မျက်နှာကို ပိုမှုန်ကုပ်သွားစေ၏။ ဖုန်းယွီသည် စုန့်ရှောင်ဖုန်းနှင့် မနက်ဖြန်တွင် ဆွေးနွေးရန် ဆုံးဖြတ်လိုက်ပြီး သူသည် စုန့်ရှောင်ဖုန်းကို ဆက်လက် ပျော်ရွှင်မှု မပေးစေချင်တော့ပေ။

“ဆရာကြီးစုန့် ကျွန်တော် အများကြီး သောက်ပြီးပြီ။ မနက်ဖြန်ကျ ငါ့ရဲ့ ကုမ္ပဏီမှာ မင်းကို တွေ့မယ်နော်”

ဖုန်းယွီက ပြောလိုက်ပြီးနောက် ထရပ်လိုက်သည်။

ဖုန်းယွီက ထွက်သွားလိုက်၏။ ဝူကျီကန်းနှင့် ကျန်သည့် သူများက သူ့နောက်မှ လိုက်လာ၏။ စုန့်ရှောင်ဖုန်း၏ မျက်နှာရှိ အပြုံးက ပျောက်ကွယ်သွားကာ သူသည် မက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါ်လိုက်၏။

သူ့ဘေးရှိ မိန်းကလေးက လန့်ဖြန့်သွား၏။ သူသည် စုန့်ရှောင်ဖုန်းအင်္ကျီပေါ်ရှိ ဘီယာများကို သူ့လက်ဖြင့် သုတ်ရင် ပြင်လိုက်၏။

“သွားစမ်း”

စုန့်ရှောင်ဖုန်းက အော်လိုက်၏။

စုန့်ရှောင်ဖုန်းသည် မိန်းကလေးကို ကန်လိုက်၏။ မိန်းကလေးသည် ကြမ်းပြင်ပေါ်တွင် ရှိနေသော်လည်း သူက ထွက်မသွားရဲပေ။ ထိုအစားသူသည် ပြန်သွားပြီး စုန့်ကို သူ့ဘောင်းဘီ သုတ်နေသည်ကို ဆက်ကူပေးလိုက်၏။

“ဆရာကြီးစုန့် ကျွန်တော်တို့တွေ ဒီ ဖုန်းယွီကို သင်ခန်းစား တစ်ခုလောက် ပေးလိုက်ရမလား။ သူ့ကုမ္ပဏီက လူနည်းနည်းလေးပဲ။ မနက်ဖြန်ကျ ကျွန်တော် အဖွဲ့တစ်ဖွဲ့ခေါ်သွားပြီး သူ့ကုမ္ပဏီကို ဖျက်ဆီးပစ်လိုက်မယ်။ သူက အလျော့မပေးဘူးဆိုရင် ကျွန်တော်တို့သူ့ကုမ္ပဏီကို ပြာချပစ်မယ်”

စုန့်ရှောင်ဖုန်း၏ လက်အောက်ငယ်သားတစ်ယောက်က လာကာ ပြောလိုက်၏။

“အဓိပ္ပာယ်မရှိတာ။ ငါတို့တွေ အဲ့ကုမ္ပဏီကိုလည်းပိုင်တယ်။ မနက်ဖြန်ကျ တစ်ယောက်ယောက်ကို ဆွေးနွေးဖို့ လွှတ်လိုက်။ ငါတို့တွေ သူတို့ဆီကနေ လတိုင်း ပိုက်ဆံ အမြောက်အမြားရနိုင်တယ်။ ဒီလိုမျိုး တော်တဲ့လူကပဲ ပိုက်ဆံကို ရှာနိုင်တာ။ ငါတို့တွေ ရအောင် ဆွဲထားရမှာပေါ့။ သူ ကျိုးကန်းမဟုတ်ရင် သေသွားရင် ငါတို့ကို ဘယ်သူက ပိုက်ဆံရှာပေးမှာလဲ”

စုန့်ရှောင်ဖုန်းက ပြောလိုက်၏။

“ဆရာကြီး စုန့်ပြောတာမှန်တယ်။ အဲ့တာဆို ကျွန်တော် မနက်ဖြန်ကျ သွားလိုက်ရမလား”

နောက်လိုက်က မေးလိုက်၏။

“ကောင်းပြီး မင်းသွားလိုက် ငါမင်းရဲ့ လုပ်ကိုင်နိုင်စွမ်းကို ယုံတယ်။”

စုန့်ရှောင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး မိန်းကလေးတွေဖက် ပြန်လှည့်လိုက်ကာ

“ဟိုတယ်သွားကြဆို ဒီနေ့ မင်းတို့အားလုံးကို ဟိုတယ်မှာ ညစာကျွေးမယ်။”

“ကျွန်မတို့ အားလုံးကလည်း ဟိုတယ်က နာမည်ကြီး ‌ပီကင်း ဘဲကင်ကို စားချင်နေကြတာပါနော်”

မိန်းကလေးများက ရယ်လျက် ပြောလိုက်၏။

———–

ခန်းမထဲမှ ထွက်သွားပြီးနောက် လီရှစ်ချင်က ဖုန်းယွီဆီ လျှောက်လာကာ မေးလိုက်၏။

“ရှောင်ယွီ မင်းနဲ့ စုန့်ရှောင်ဖုန်း စကားများနေတာကို မြင်ခဲ့တယ်။ အဲ့ဒီ စုန့်မိသားစုက အရူးတွေ။ မင်း ဂရုစိုက်သင့်တယ်”

ရုးနေတာလား။ တစ်ယောက်က နေရမှာကို ကြောက်တဲ့သူ ဒါပေမဲ့ သေနေတဲ့ အရူးကောင်။ အဲ့တာက အရမ်းကြောက်ဖို့ မကောင်းပါဘူး။

“အစ်ကိုလီ ကျွန်တော်တို့ ကုမ္ပဏီရဲ့ သိုလှောင်ရုံက ခြေကျိုးဝမ့်ရဲ့ ပိုက်နက်မှာ ရှိတာမလား”

ဖုန်းယွီက ဘင်းမြို့တော်တွင် နောက်ထပ် ဂိုဏ်းနှစ်ခု ရှိသေးမှန်း သတိရသွား၏။ ထိုနှစ်ဂိုဏ်းက စုန့်လောင်စီလောက် အင်အားမကြီးသော်ငြား သူတို့က သူ့ကို မကြောက်ပေ။

ဖုန်းယွီ၏ အရင်ဘဝက အဖြစ်အပျက်အရဆိုလျှင် စုန့်လောင်စီ၏ တူက ခြေကျိုးဝမ့်ရဲ့ သတ်ခြင်းကို နှစ်နှစ်အတွင်း ခံခဲ့ရ၏။ ယခုတွင် ဖုန်းယွီက ထိုအဖြစ်အပျက်ကို မြန်မြန်ဖြစ်စေချင်တော့၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset