FY အခန်း ၅၄

အခန်း ၅၄
နိုက်ကလပ်

ဖုန်းယွီမျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့သွင်ပြင်က ပုံမှန်အတိုင်း ဖြစ်သွားသည်။ သူက ပြုံးကာ ဆက်ပြောလိုက်၏။

“လူတိုင်းက ဆရာကြီးစီကို(ဖုန်းယွီ စုန့်လောင်စီကို ညွှန်းဆိုလိုက်ခြင်း ဖြစ်၏) သစ္စာရှိမှုနဲ့ သာမန် အရပ်သားများ အပေါ် နိုင်ထက်စီးနှင်း မလုပ်ဘူး။ ဒီကောလဟာလတွေက မှားနေတဲ့ ပုံပဲ။”

“မင်းက ငါ့ရဲ့ ဦးလေးကို မကောင်းသတင်း ပြောရဲတာလား”

စုန့်ရှောင်ဖုန်းသည် ချက်ချင်း ထရပ်လိုက်ပြီး ဖုန်းယွီ၏ ကော်လံကို ဆွဲလိုက်တော့သည်။

“တကယ်လို့ ဆရာကြီးက ကားလိုချင်တယ်ဆို စောင့်ရမှာ။ ကျွန်တော် ကားတွေ အကုန် ရောင်းပြီးသွားပြီ ဖြစ်လို့ ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်မှာ Land Roverတစ်စီးတော့ ရှိသေးတယ်။ တကယ်လို့ ဆရာကြီးဖုန်းက စိတ်မကွက်ရင် ကျွန်တော် ကတိအလဲအလှယ်အဖြစ် ဒီကားကို ပေးနိုင်ပါတယ်။”

ဖုန်းယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ဟား..ဟား..ဟား.. မင်းက စိတ်ဝင်စားဖို့ ကောင်းတြံ လူလေးပဲ။ ဒါပေမဲ့ မင်းပြောတာ မှန်ရမယ်။ ငါတိုက ကျန်းဟွ ကုမ္ပဏီက လူတွေကို မျှမျှတတ ဆက်ဆံတယ်။ Rover ကားက ဘယ်မှာလဲ။ အဲ့တာက ငါ့ကို ပေးထားတဲ့ ကတိနဲ့ တန်ရဲ့လားဆိုတာ ငါကြည့်ချင်တယ်။”

စုန်းရှောင်ဖုန်းက ပြောလိုက်သည်။

စုန့်ရှောင်ဖုန်းသည် စုန့်လောင်စီ၏ လွှမ်းမိုးမှုခံရပြီး သူသည် ဂိုဏ်းစကား တစ်ယောက်နှင့် တူသည်။ စုန့်လောင်စီသည် အမြဲတမ်း သူ့ကို အခြားသူများကို ကောင်းကောင်း ဆက်ဆံရန် သင်ထားသည်။ အကယ်၍ တစ်ဖက်လူက သူတို့၏ အကြောင်းပြချက်ကို နားမထောင်လျှင် လက်သီး ဓားနှင့် သေနပ်များကို သုံးကာ သူတို့ကို ပြန်ပြောလာအောင် လုပ်ရပေသည်။

ဖုန်းယွီသည် အရင်ကတည်းက ကောင်းကောင်း ဆက်ဆံခဲ့ပြီး ဖုန်းယွီသည် သူ့ကိုတောင် သူ့ကားကိုတောင် ပေး၏။ သူသည် ဖုန်းယွီကို ရိုက်မည် မဟုတ်ပေ။

“အဲ့ဒီမှာ”

ဖုန်းယွီသည် တံခါးအပြင်ဖက်တွင် ထိုးထားသည့် Land Roverကားကို လက်ညှိုးထိုးပြလိုက်၏။

“ဒီ Land Roverက ဂျစ်ကားထက် ပိုကောင်းတယ်။ ဒါပေမဲ့ အဲ့တာက ဂျစ်ကားကြီးကြီး ဖြစ်နေသေးတုန်း။ ဘာလို့ ငါက ဒီကားကို မောင်းရမှာလဲ။ မင်းမှာ ပြိုင်ကားမရှိဘူးဆိုရင် ငါ့ကို ဇိမ်ခံကားပေး။ ငါကြားတာ မင်းမှာ Rolls-Royceကား ရှိတယ်ဆို။ Rolls-Royceကို မင်းအတွက် သိမ်းထားတယ်လို့ ငါ့ကို မပြောနဲ့နော်”

စုန့်ရှောင်ဖုန်းက မေးလိုက်၏။

“ဂျစ်ကား အကြီးကြီးလား။ Land Roverကို ဂျစ်ကားကြီးကြီးလို့ စဉ်းစားနိုင်တာလား။ ဒါပေမဲ့ ဂျစ်ကားက ပုံမှန် လူတွေ အတွက်မှ မဟုတ်တာ။ ဗြိတိသျှမှာ တော်ဝင် အစောင့်တွေကပဲ ဒီ Land Roverကားကို စီးနိုင်တာ။ ဒီ Land Rover ကားက အရမ်း အကြမ်းခံတယ်။ ဆရာကြီးစုန့်က အခု BMW မောင်းနေတာ မဟုတ်လား။ ဒီကားနှစ်စီး တိုက်မိတဲ့ အခါကျရင် BMWက ပျက်သွားပြီးတော့ Land Roverက ခြစ်ရုံတင် ခြစ်မိမှာ”

ဖုန်းယွီက ပြောလိုက်၏။
“မင်း အတည်ပြောနေတာလား”

စုန့်ရှောင်ဖုန်းက မေးလိုက်သည်။

Land Roverသည် အလွန် အကြမ်းခံလျှင် သူသည် တစ်စီး ရခြင်၏။ ပြီးခဲ့သည့် တစ်ခေါက်က သူသည် ပြိုင်ဖက် သူဌေးကို ဖမ်းချင်ခဲ့သော်လည်း သူကားသည် သူ့ပြိုင်ဖက်ကားဖြင့် တိုက်မိပြီး ပြိုင်ဖက်သူဌေးလည်း လွတ်မြောက်သွား၏။ သူသည် ထိုကဲ့သို့ မတော်တဆမှုမျိုး ထပ်မံ ကြံတေ့နိုင်သည့်အတွက် သူသည် ထိုအတွက် Land Rover မောင်းရပေမည်။

“မင်း သွားပြီး အဲ့ကားက အကြမ်းခံလားဆိုတာ စမ်းကြည့်လိုက်”

စုန့်ရှောင်ဖုန်းက သူ့နောက်တွင် ရပ်နေသည့် နောက်လိုက်တစ်ယောက်ကို ကားသော့ပေးလိုက်သည်။

“ချပ်”

ဖုန်းယွီသည် နှလုံးခုံ မြန်လာတော့သည်။ ဒီခွေးမသားကတော့။ စုန့်ရှောင်ဖုန်းသည် သူ့နောက်လိုက်ကို Land Roverကားဖြင့် ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီ သိုလှောင်ရုံ၏ သံတံခါးကို တိုက်ခိုင်းလိုက်၏။

ကံကောင်းချင်တော့ ဖုန်းယွီသည် ထို Land Roveကားကို မောင်းရန် ရည်ရွယ်ခဲ့ပြီး သူသည် အရှေ့ပိုင်းကို တောင့်တင်းခိုင်မာစေရန် ကားဘန်ပါကို တမင်တကာ တပ်ခဲ့၏။ Land Rover သည် တိုက်မိသည့်အခါ အပွန်းအစင်း မရှိပေ။

“ဟဟ ကောင်းလိုက်တဲ့ကား ဒါက တကယ်ကို ကောင်းတဲ့ ကားပဲ။ ငါ အဲ့ကားကို လက်ခံတယ်။ ငါ့ဆီကနေ မင်း ဘာကတိတွေ လိုချင်လဲ။”

စုန့်ရှောင်ဖုန်းက ပျော်ရွှင်စွာ မေးလိုက်၏။ သူသည် Land Roverကို တွန့်ဆုတ်ခြင်း မရှိ လက်ခံရန် ဆုံးဖြတ်လိုက်၏။

ဖုန်းယွီသည် သူ့ဝန်ထမ်းကို လမ်းညှိုးထိုးပြီး ပြောလိုက်၏။
“သူတို့တွေက ကျွန်တော်ရဲ့ ဝန်ထမ်းတွေပါ။ သူတို့တွေက အမှုမဲ့အမှတ်မဲ့ ဆရာကြီးစီ ဒါမှမဟုတ် ဆရာကြီး စုန့်ရဲ့ နောက်လိုက်တွေကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ရင် သူတို့တွေ အပေါ်ကို ညှာညှာတာတာ ဆက်ဆံပေးမယ်လို့ မျှော်လင့်ပါတယ်”

စုန့်ရှောင်ဖုန်းက မျက်ခုံး ပင့်ကာ မေးလိုက်၏။

“ဒါပဲလား”

ဖုန်းယွီသည် ခက်ခဲ့သည့် အခြေအနေရှိလိမ့်မည်ဟု သူတွေးခဲ့တာ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် သူ့ထံမှာ ကာကွယ်မှု အချို့သာ လိုချင်ခဲ့မည်ဟု သူလုံးဝ မတွေးမိပေ။ ဖုန်းယွီသာ သူတို့ကို ရန်မစလျှင် သူတို့သည်လည်း ဖုန်းယွီကို ပြဿနာရှာရန်လည်း အလွန်ပျင်း၏။

“အဲ့တာပါပဲ။ ဆရာကြီးစုန့် သဘောတူလား”

ဖုန်းယွီက ပြန်ပြောလိုက်၏။

“ကိစ္စမရှိဘူး။ ဒီနေရာနဲ့ မနီးမဝေးနေရာမှာ နိုက်ကလပ် အသစ် ဖွင့်ထားတာ ရှိတယ်။ ငါမင်းကို ဒီည ဒကာခံပေးမယ်’

စုန့်ရှောင်ဖုန်းက ပြောလိုက်၏။

စုန့်လောင်စီသည် နိုက်ကလပ်၊ ဘား၊နှင့် အခြားနေရာများကို သွားရန် နှစ်သက်သည်။ စုန့်ရှောင်ဖုန်းသည် သူနှင့် အတူ ထိုနေရာများကို သွားလေ့ရှိမှ သူသည် ထိုနေရာများနှင့် အသားကျသွားမည် ဖြစ်၏။

“ဆရာကြီးစုန့် ကျွန်တော် ဘယ်လို ကရမလဲဆိုတာ မသိဘူး”

ဖုန်းယွီက ပြောလိုက်၏။

“မင်းက ငါ့ကို ငြင်းတာလား”

စုန့်ရှောင်ဖုန်းက အထင်သေးသည့် အကြည့်ဖြင့် ပြောလိုက်သည်။ ဘင်းမြို့တော်ရှိ လူတစ်ယောက်မှ သူ၏ ဖိတ်ခေါ်မှုကို မငြင်းဆန်ရဲပေ။

“မဟုတ်ပါဘူး။ ကျွန်တော် တကယ် မကတက်လို့ပါ။ ကောင်းပြီ ကျွန်တော်လာခဲ့မယ်”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“ဟဟဟ, မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းရဲ့ လူတွေလည်း အတူတူသွားမယ်နော်။ ဒီနေ့ည ၇နာရီနော်။ ငါ မင်းတို့တွေ အတွက် သောက်စရာတွေ ဝယ်ထားလိုက်မယ်”

စုန့်ရှောင်ဖုန်းက ပျော်ရွှင်စွာ ပြောလိုက်၏။

စုန့်ရှောင်ဖုန်းနှင့် သူ့လူများ ထွက်သွားပြီးနောက် ဝူကျီကန်နှင့် ကျန်သည့်သူများက ဖုန်းယွီနား ဝိုင်းလာကြ၏။

“မန်နေဂျာဖုန်း ကျွန်တော်တို့တွေ ဒီလို လူမျိုးနဲ့ ရောရောနှောနှော နေရမှာလား။ စုန့်လောင်စီက မကောင်းတဲ့ အရာတွေ အကုန်လုပ်တာပြီးတော့ သူဖမ်းမိရင် သူက သေနပ်နဲ့ ပစ်တာ။ ဒီ စုန့်ရှောင်ဖုန်းကလည်း ကောင်းတဲ့ကောင် မဟုတ်ဘူး။ အဲ့တာတွေက ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ထိခိုက်လိမ့်မယ်”

ဝူကျီကန်းက ပြောလိုက်၏။

ဖုန်းယွီသည် ဝူကျီကန်း ပြောတာ ရပ်ရန်အတွက် လက်ဝေ့ယမ်းလိုက်၏။ ဖုန်းယွီသည်လည်း ထိုအကြောင်းကို သိသည်။ သို့သော် သူဘာလုပ်နိုင်မည်နည်း။ ထိုလူများက ဥပဒေမဲ့များ ဖြစ်ကာ သူသည် အစိုးရ အရာရှိများကိုတောင် ရိုက်နှက်ရဲ၏။ ဖုန်းယွီသည် စီးပွားရေးသမား သေးသေးလေးသာ ဖြစ်သည်။

ဖုန်းယွီသည် သူ၏ ပြန်တမ်းတမိတော့သည်။ အနည်းဆုံးတော့ သူ့အရင်ဘဝက ပိုလုံခြုံပြီး လျှို့ဝှက်ဒုစရိုက် အဖွဲ့စည်းဂိုဏ်း များများစားစားလည်း မရှိပေ။ သို့သော် စုန့်လောင်စီနှင့် သူ့တူသည် သေခြင်းတရားနှင့် မဝေးတော့သည့်အတွက် ဖုန်းယွီသည် လူသိခံမှာ မဟုတ်ပဲ သူတို့လိုချင်သည့် အရာမှန်သမျှ ပေးမည် ဖြစ်၏။

“ငါတို့တွေ ဒီနေ့ သွားရုံပဲ သွားပြီး ကစားကြတာပေါ့။ အဲ့တာကို အပန်းဖြေနည်း တစ်ခုလိုပဲ ဆက်ဆံလိုက်ပေါ့။ ဒါပေမဲ့ သူတို့တွေနဲ့ အရမ်းမရောနဲ့။ သူတို့ကို သူစိမ်းတွေလိုပဲ ဆက်ဆံ။ ဒီ Land Roverရဲ့ အလဲအလှယ်လို့ဘဲ စိတ်ထဲမှတ်ထား။ အနည်းဆုံးတော့ မင်းတို့တွေ အဲ့ဒီဂိုဏ်းသားတွေရဲ့ မတော်တဆ တိုက်ခိုက်မှုကိုတောင် ခံရရင် ငါတို့တွေ စုန့်ရှောင်ဖုန်းကို အကူအညီ သွားတောင်းလို့ ရတယ်”

ဖုန်းယွီက ပြောလိုက်၏။

ညစာ စားပြီးနောက် ဖုန်းယွီနှင် သူ့ဝန်ထမ်းများသည် နိုက်ကလမ်ကို သွား၏။

စုန့်ရှောင်ဖုန်း၏ လူများက တံခါးရှေ့တွင် စောင့်နေ၏။ သူတို့သည် သူတို့ အတွက် ယွမ် ၁၀တန် လက်မှတ်ကို ဝယ်ထားပြီး ဖုန်းယွီလာသည့်အခါ သူတို့သည် အထဲကို ခေါ်ဆောင်သွားတော့၏။

ထိုနိုက်ကလပ်က ဖုန်းယွီ မှန်းဆထားသည်ထက် ပိုကောင်းသည်။ သူ့အရင်ဘဝရှိ အနာဂတ်၏ နိုက်ကလပ် အရိပ်အယောင်များကို သူမြင်နေရသည်။ နိုင်ကလပ်တွင် လှည့်နေသော မီးများ၊ ရောင်ပြန် ဘောလုံး မီးများ၊ စလိုက်မီးများ၊ မီးပုံးများ၊ မှိုပွင့် မီးလုံးများ၊ ယူအဖ်အို မီးများ၊ မီးဆိုင်းများ ဖြစ်သည်။

ဆိုဖာများက ကသည့် နေရာနှင့် စတိတ်စင်ကို ဝန်းရံထားသည်။ ထိုနေရာရှိ စတိတ်စင်ပေါ်တွင် လိုက်ဖ် တီးဝိုင်းနှင့် အကဖျော်ဖြေမှုများ ရှိသည်။ လူငယ် အမျိုးသား၊ အမျိုးသမီး များစွာက ကသည့် နေရာတွင် ကနေကြသည်။ ထောင့်တစ်ထောင့်တွင် အရက်နှင့် အမြည်းရောင်းသည့် ဘားကောင်တာ ရှိ၏။

စုန့်ရှောင်ဖုန်းက ထောင့်တစ်ထောင့်တွင် ထိုင်နေ၏။ သူ့ဘေးတွင် ဆိုဖာ အများအပြား လွတ်နေသည်။ တစ်ယောက်မျှ သူ့အနားတွင် မထိုင်ရဲ၍ ဖြစ်၏။
“လာ, ထိုင်လိုက်။ မင်းစားချင်တာ မှာလိုက်၊ ဒီနေ့ ငါ ဒကာခံမယ်”
စုန့်ရှောင်ဖုန်းက ပြောလိုက်၏။
ဖုန်းယွီသည် အလွန် အဆင်မပြေ ဖြစ်နေ၏။ Land Roverသည် အနည်းဆုံး ယွမ် သိန်းဂဏန်းတန်၏။ သူတို့ကို ဤနေရာတွင် သောက်စရာ စားစရာများ ဧည့်ခံခြင်းသည် ယွမ် ရာဂဏန်းသာ ကုန်ကျမည် ဖြစ်၏။ စုန့်ရှောင်ဖုန်းက အခု ဘာကြောင့် အရမ်း ရက်ရောတဲ့ပုံ ဟန်ဆောင်နေတာလဲ။

“သွားပြီး ကပါ။ ကျွန်တော် ဒီမှာ ခဏထိုင်လိုက်ပါဦးမယ်”

ဖုန်းယွီက ပြောလိုက်၏။ သူသည် ထိုကဲ့သို့ ဆူညံသည့် နေရာမျိုး အထူးသဖြင့် ကားသည့် နေ့ရာတွင် လုံးဝ သဘောမတွေ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူတို့နှင့် အတူသွားရန် စိတ်မဝင်စားခြင်း ဖြစ်သည်။ သူသည် လိမ္မော်ရည် တစ်ခွက်သာ မှားလိုက်ကာ ဖြည်းဖြည်းချင်း သောက်လိုက်၏။

ရုတ်တရက် မိတ်ကပ်ထူထူ ဖို့ထားသည့် မိန်းကလေးက ဖုန်းယွီဘေးတွင် ထိုင်ပြီး ဖုန်းယွီ၏ လက်မောင်းကို ကိုင်ကာ

“ဘာလို့ ဒီမှာ ထိုင်နေတာလဲ။ ကျွန်မနဲ့ အတူတူ ကရအောင်လေ”

ဖုန်းယွီသည် သူမကိုင်ထားသည့် လက်ကို ပြန်ဆွဲကာ ပြောလိုက်၏။

“မင်းဘာသာမင်း သွားကပါ။ ငါ ဘယ်လို ကရမလဲ ဆိုတာမသိဘူး”

“ကတာက လွယ်ပါတယ်။ ရှင် နည်းနည်းလောက် လှည့်ရုံပဲ။ ကျွန်မ ရှင့်ကို သင်ပေးနိုင်ပါတယ်”

မိန်းကလေးက ဖုန်းယွီ၏ လက်ကို ထပ်ကိုင်ကာ ပြောလိုက်၏။

“ညီလေးဖုန်း ဒီလို နေရာမျိုးမှာ ညီလေး ပွင့်ပွင့်လင်းလင်းနေသင့်တယ်။ မင်း ဒီကလေးမကို မကြိုက်တာလဲ။ စိတ်ထဲမထားနဲ့။ မင်းကြိုက်တဲ့ မိန်းကလေးပြော ငါမင်းဆီ ခေါ်လာပေးမယ်”

စုန့်ရှောင်ဖုန်းက မိန်းကလေး တစ်ယောက်ကို ဖတ်ထားရင်း ပြောလိုက်၏။

ဖုန်းယွီဘေးရှိ မိန်းကလေးက သူ့ကို တောင်းပန်သည့် အမူအရာဖြင့် ကြည့်နေသည်။ ဆရာကြီးစုန့်က သူမကို ဖုန်းယွီနှင့် တွဲကရန် မေးခဲ့ခြင်း ဖြစ်သည်။ သူမသည် အလုပ်ကို ကောင်းကောင်း မလုပ်နိုင်ပါက အကျိုးဆက်က အလွန် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ဖုန်းယွီသည် သက်ပြင်းချလိုက်ပြီး သူ့လက်ကို မိန်းကလေး၏ ပခုံးပေါ်တွင် တင်လိုက်ကာ
“ဆရာကြီးစုန့် ဒီကောင်မလေးက ကျွန်တော်အတွက် အဆင်ပြေပါတယ်။ ကျွန်တော် အရင်ဆုံး သောက်ဦးမယ်။ ပြီးမှ ကကြတာပေါ့။”

ဖုန်းယွီဘေးရှိ မိန်းကလေးသည် ဆယ်ကျော်သက်သာ ဖြစ်သေးသည်။ သူမ၏ အသက်အရွယ်နှင့်အဆို ကျောင်းတွင် ရှိရမည်ဖြစ်ကာ ဤနေရာတွင် ရှိနေရမည် မဟုတ်ပေ။ ထိုအမျိုးအစားမျိုးက ယခုနှင့် အနာဂတ်တွင် ကွာခြားမှု ရှိပုံမပေါ်ပေ။

“အစ်ကို ‘အမှောင်ယုံတွင် ကခြင်း’က စတော့မယ်။ ကျွန်မနဲ့ အတူတူ ကကြရအောင်”

မိန်းကလေးက ဖုန်းယွီကို ပြောလိုက်၏။

A/N လေအိတ်များကို ကားများတွင် ၁၉၈၈ခုနှစ်မှသာ တပ်ဆင်ခဲ့သည်။ ဥရောပ၏ အစောပိုင်း Mercedes Benzသည် လေအိတ်များကို စတင်သုံးသည့် ကားမော်ဒယ်များ ဖြစ်ကြ၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset