အံ့မခန်း ပါရမီရှင် ဖုန်းယွီ
အခန်း ၅၁
အရူး ဝမ်တုန့်ကျွင်း
“ဟေးဟေး ဒီကို မြန်မြန် လာခဲ့။ ဘဲအုပ် တစ်အုပ် ဒီမှာ”
ဝမ်တုန့်ကျွင်းသည် ခြုံပုတ်ထဲတွင် လှဲနေပြီး ဖုန်းယွီကို လက်ယမ်းခေါ်လိုက်သည်။
ဝမ်တုန့်ကျွင်း၏ ဖြားယောင်းမှုကြောင် ဖုန်းယွီသည် အိမ်မှ ပြောင်းချောသေနပ်ကို တောလိုက် ထွက်ရန်အတွက် ထပ်ခိုးပြန်သည်။ ယခုအချိန်တွင် လျိုကျီချွမ်က မလိုက်လာပေ။ သူသည် စစ်တပ်ထဲ ဝင်သွားပြီ ဖြစ်၏။
ဖုန်းယွီသည် လျိုကျီချွမ်ကို အမြဲတမ်း မေးချင်ခဲ့သည်။ အကယ်၍ ထိုနေ့က ဖုန်းယွီသည် အတူတူ မလိုက်ခဲ့ဘဲ ဝက်ဝံနှင့် မတွေ့ခဲ့ရင် သူသည် ဝမ်တုန့်ကျွင်းကို ဒဏ်ရာရစေမည်လား။
သို့သော် သူ့အရင်ဘဝက အဖြစ်ဆိုးသည် မဖြစ်ခဲ့ပေ။ ပြီးနောက် ထိုအရာ ဖုန်းယွီကို အချိန်များစွာ စောပြီ ပိုက်ဆံ အမြောက်အမြား ရစေခဲ့သည်။
ဖုန်းယွီသည် ထိုကိစ္စကို ဒီအတိုင်း ထားရန် ဆုံးဖြတ်လိုက်သည်။ လျိုကျီချွမ် ကိုယ်တိုင်တောင် အဖြေကို မသိတာ ဖြစ်ကောင်း ဖြစ်နိုင်၏။ လူတွေ လွတ်ခနဲ လုပ်လိုက်သည့်အခါ သူတို့ နောက်ပိုင်း နောင်တရသည့် အရာများ ပြုလုပ်တက်ကြသည်။
“သေချာချိန် ပြီးတော့ သုံးအထိ ရေမယ်။ ငါတို့ အတူတူ ပစ်ကြမယ်။ အဆင်သင့် ဖြစ်ပြီလား။ တစ်၊ နှစ်…”
ဖုန်းယွီက ပြောလိုက်သည်။
ဒိုင်းဒိုင်း
နှစ်ချက် ပစ်လိုက်သည်။ တစ်ချက်ပြီးမှ တစ်ချက် ဖြစ်၏။ ဝမ်တုန့်ကျွင်းက ထရပ်လိုက်ပြီး အောင်ပွဲခံလိုက်သည်။ ဖုန်းယွီက အလွန် စိတ်ကုန်သွားသည်။
“ငါ သုံးအထိ ရေမယ်လို့ ပြောတယ်လေ. ငါက နှစ်ထိပဲ ရေရသေးတယ်။ မင်းက ပစ်လိုက်ပြီ”
ဖုန်းယွီက စိတ်ဆိုးမာန်ဆိုး ပစ်လိုက်သည်။ ဖုန်းယွီပစ်လိုက်သည့် အခါတွင် အခြား ဘဲရိုင်းများကလည်း ပျံသွားခဲ့ပြီ ဖြစ်သည်။
“မင်း ဘာပြောခဲ့တာလဲ။ မင်းပြောတာ ငါမကြားလိုက်ဘူး။ ကြည့်လိုက် ငါ ဘဲ တစ်ကောင် ပစ်မိတယ်။ ငါက လက်ဖြောင့်သမားပဲ”
ဝမ်တုန့်ကျွင်းက ဂုဏ်ယူစွာ ပြောလိုက်၏။
ဖုန်းယွီက
“….”
ဒီအရူးတော့
ဝမ်တုန့်ကျွင်းသည် ပြေးသွားပြီး ခန္ဓာကိုယ် တစ်ဝက် ကျန်သည့် ဘဲရိုင်းကို ကောက်လိုက်သည်။ -ီးပဲ။ နှစ်ချက်လုံး ဒီဘဲကို ထိသွားသည်။ ဘဲ၏ အလေးချိန်သည် ၁ကီလိုဂရမ်ခန့် ရှိပြီး အသားက ကီလိုဝက်သာ ကျန်၏။
“ဟဟဟ။ ဘာကြောင့် ဒီဘဲက ဒီလို ဖြစ်နေရတာလဲ။ ဒီဘဲကို ဘယ်လို စားမလဲ။ မင်းတကယ်လို့ သန့်ရှင်းနိုင်ရင်တောင် ဟင်းတစ်ခွက် ဖြစ်အောင် လုပ်နိုင်ပါ့မလား”
ဖုန်းယွီက ဝမ်တုန့်ကျွင်းကို မညှာမတာ လှောင်ပြောင် သရော်လိုက်၏။
“အနည်းဆုံးတော့ ငါက မင်းထက် တော်တယ်။ ဒါပေမဲ့ ဒီဘဲကို ကြည့်…. မေ့လိုက်တော့။ ဒီမှာပဲ ထားခဲ့လိုက်တော့”
ဝမ်တုန့်ကျွင်းက တွန့်ဆုတ်သွားပြီး ဒီဘဲကို အဝေး ပစ်လိုက်ရန် ဆုံးဖြတ်လိုက်တော့၏။
“ဒီသေနပ်က သားကောင် ကြီးကြီးတွေ ပစ်ဖို့အတွက် သုံးတာ ငှက်တွေ အတွက်မဟုတ်ဘူး”
ဖုန်းယွီက ပြောလိုက်၏။
“ငှက်တွေကို ပစ်ရတာ ပျော်စရာ မကောင်းဘူး။ ကောင်းပြီ။ ဒီနေရာကို နောက်ထပ် နာရီဝက်နေရင်တောင် သားကောင်တွေ လာမှာ မဟုတ်ဘူး။ ငါ ဒီနေရာမှာ ဒုဓလီ ပန်းပွင့်တွေ တွေ့ထားပြီး တောစပ်မှာလည်း မှိုတွေ တွေ့ထားတယ်။ ငါတို့တွေ လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး။”
ဝမ်တုန့်ကျွင်းက ပြောလိုက်သည်။
ဖုန်းယွီသည် ဝမ်တု့န်ကျွင်းကို ကြည့်ကာ တွေးလိုက်၏။
‘ဒီလို ကြောင်တိ ကြောင်တောင် အတွေးတွေ ဘာလို တွေးနေတာလဲ။ မင်း တောလိုက်ထွက်တဲ့ မုဆိုး သမား တစ်ယောက်က မှိုတွေနဲ့ ပြန်လာတာကို တွေ့လို့လား။ ငါဆိုတဲ့ သူက တစ်မိနစ်ကို သန်းပေါင်းများစွာ ရှာနိုင်တဲ့သူ ပြီးတော့ ငါက မင်းနဲ့ အတူ အဖော်လိုက်ပြီး အမဲလိုက်ထွက်ပေးတယ်။ အခု မင်းက ငါ့ကို မှိုသွားကောက်ရအောင် မေးတာလား’
“သွားရအောင်။ မင်းဘာကို စောင့်နေတာလဲ”
ဝမ်တုန့်ကျွင်းက ပြောလိုက်သည်။
ဝမ်တုန့်ကျွင်းက ဖုန်းယွီကို ဆွဲပြီး တောထဲကို ဝင်သွားတော့သည်။ ဝမ်တုန့်ကျွင်းက မှိုများကို ပျော်ရွှင်စွာ ကောက်နေစဉ် ဖုန်းယွီက ပျင်းရိစွာ ကြည့်နေ၏။
အ.. ဒီလယ်က ဘယ်သူ့ လယ်လဲ။ ဒီမှာ ဖရဲသီးတွေ။
“အ…အ…အ… ဟိုမှာ ဖရဲသီးတွေ။ အခု ဉတု အရမ်းပူတာပဲ။ရေငတ်တာ ပြေဖို့ ဖရဲသီး သွားခိုးရအောင်”
ဖုန်းယွီက ပြောလိုက်သည်။
ဝမ်တုန့်ကျွင်း၏ မျက်လုံးများက တောက်ပသွားသည်။ ဖရဲခြံ ရှိတာလာ။ လာ သွားမယ်။ ခြံထဲက ဆွတ်တဲ့ ဖရဲသီးတွေက ကုန်ဆိုင်တွေမှာ ရောင်းတာထက် ပိုပြီး ဈေးချိုတယ်။
“တစ်မိနစ်လောက် စောင့်ဦး။ ဒီမြေက ဦးလေးတျန့် ပိုင်တဲ့ မြေလို့ ထင်တယ်။ ဦးလေးထျန်က အရမ်းကို ဒေါသကြီးတာ။ ငါတို့တွေ ဖမ်းမိသွားရင် အဲ့တာက ငါတို့အတွက် ငရဲပဲ”
ဖုန်းယွီက ပြောလိုက်သည်။
“ဦးလေး တျ့န်ကို မနက်က တွေ့လိုက်တယ်။ သူ့ ဖရဲသီးတွေကို ရောင်းဖိုအတွက် ရွာကို တက်သွားတယ်။ ခြံထဲမှာ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ ငါ မင်းကို ပြောလိုက်မယ်။ ငါက ဖရဲသီး ရွေးတဲ့ နေရာမှာ အရမ်းတော်တာနော်။ ငါ မင်းအတွက် အကောင်းဆုံး ဖရဲသီးကို ရွေးပေးမယ်။”
ဝမ်တုန့်ကျွင်းက “ငါ့ကို ယုံလိုက်”ဟူသည့် အမူအရာဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။
ဖြောက်
အခြား ဖရဲသီးက ကွဲသွားသည်။ မမှည့်သေးဘူး။ မလိုချင်ဘူး။
ဝမ်တုန့်ကျွင်းက ရှစ်လုံးမြောက် ဖရဲသီးကို ကွဲတော့မည့် ဟန်ပြင်ဆင် ဖုန်းယွီက သူ့ကို ချက်ချင်း ရပ်လိုက်၏။ သူက သူပြောသည့် အတိုင်း ကျွမ်းကျင် အဆင့်လား။ သူ ခြံထဲရှိ ဖရဲသီး အားလုံးကို ခွဲလျှင်တောင် သူက ကောင်းတဲ့ ဖရဲသီး တစ်လုံးကို ရှာနိုင်မှာ မဟုတ်ဘူး။”
“တော်လိုက်တော့။ ဒါက မှည့်နေပြီ။ မြန်မြန် စားရအောင် ပြီးတော့ ဘဲရိုင်းတွေ ပြန်လာပြီးလားဆိုတာ ပြန်သွားကြည့်ရအောင်”
ဖုန်းယွီက ပြောလိုက်သည်။
“ကောင်းပြီ။ ငါတို့တွေ ဒီအလုံးကို စားကြမယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါဒီကို အစ်ကို လျန်နဲ့ လာခဲ့သေးတယ်။ ငါယူလိုက်တဲ့ တတိယမြောက် အလုံးက အကောင်းဆုံးပဲ။”
ဝမ်တုန့်ကျွင်းက ဂုဏ်ယူသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
“ဘာများ ဂုဏ်ယူချင်စရာ ကောင်းနေလို့လဲ”
ဖုန်းယွီက မေးလိုက်သည်။
သူတို့ နှစ်ယောက်က ဖရဲသီး တစ်ယောက် တစ်ဝက်ကို ကိုင်ကာ စားနေသောအခါ တင်းကုပ်မှ ပုံ ရိပ် သေးသေးလေး တစ်ခု ပေါ်လာ၏။
တျန့်ကျဲ့ကို သူ့အမေနှင့် သူ့အဖေက ဖရဲခြံကို စောင့်ကြပ်ရန်အတွက် လွှတ်လိုက်ခြင်း ဖြစ်သည်။ သူက တရေးအိပ်နေစဉ် အပြင်မှာ အသံအချို့ ကြားလိုက်တာ ဖြစ်သည်။
သူခိုးတွေ ဖရဲသီး ခိုးနေတယ်။
လူတိုင်းက ရွာအတူတူမှ ဖြစ်သည်။ တစ်ယောက်ယောက်က ရေစာ၍ ဖရဲသီး တစ်လုံး ကောက်စားရင်တောင် အဆင်ပြေသေးသည်။ တျန့်ကျဲ့သည် မရပ်ဘဲနှင့် သူတို့ စားနေသည့် ဖရဲသီးကိုတောင် ချအောင် လုပ်လိုက်သေး၏။
တျန့်ကျဲ့က အစက ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းကို လျစ်လျူရှုရန် ဆံးဖြတ်ခဲ့သည်။ သို့သော် ဝမ်တုန့်ကျွင်းက ဖရဲသီးကို တစ်လုံးပြီး တစ်လုံး ခွဲလိုက်သည်။ ထိုလူငယ်သည် ဖရဲသီး စားရန်အတွက် ဤနေရာသို့ ရောက်လာခြင်း မဟုတ်တော့ပေ။ သူက ဤခြံကို ပြဿနာ လာဖန်သီးတာ ဖြစ်သည်။
တျန့်ကျဲ့က သူ့ ခွန်အားများကို စုစည်းပြီး လာခဲ့တာ ဖြစ်သည်။ ဖုန်းယွီနှင့် တုန့်ကျွင်း နှစ်ယောက်လုံးက ဖရဲသီးကို ဆက်စားနေဆဲ ဖြစ်ကာ သူ့ကို သတိမပြုမိကြပေ။
“မင်းတို့က ဖရဲသီး ခိုးနေတာ။”
တျန့်ကျင့်က ခုန်ပေါက်ကာ အော်လိုက်၏။
ဝမ်တုန့်ကျွင်းက ဖရဲသီးကို မြန်မြန် ချလိုက်ပြီး တျန့်ကျင့်ကို သူ့ ပြောင်းချောသေနပ်ဖြင့် ချိန်လိုက်၏။
တျန့်ကျင့်က လန့်ဖျပ်သွားသည်။ ဖရဲသီး ခိုးဖို့အတွက် ပြောင်းချောသေနပ်ကို ယူလာဖို့ လိုလို့လား။ ပြောင်းဝက သူ့ကို ချိန်ထားပြီးနောက် သူ့ခြေထောက်များက ပျော့ခွေသွားတော့သည်။
ဖုန်းယွီက သူ၏ ပြောင်းချော သေနပ်ကို မြန်မြန် အပေါ်ကို ပင့်လိုက်ကာ
“မင်း ရူးသွားပြီလား။ ဘာလို့ မင်း လူတွေကို သေနပ်နဲ့ ချိန်ရတာလဲ”
ဝမ်တုန့်ကျွင်းက ရယ်မောကာ ပြောလိုက်သည်။
“သေနပ်က မောင်းမတင်ရသေးပါဘူးကွာ”
သူက မောင်းကို ဆွဲပြီး သက်သေ ပြလိုက်သည်။
“ဒါကလည်း မဟုတ်သေးဘူးလေ။ တျန့်ကျင့်ကို ကြည့်လိုက်ဦ။ သူက ကြောက်လွန်းလို့ အော်ငိုတော့မယ်”
ဖုန်းယွီ ပြောင်းချောသေနပ်ကို ချလိုက်ကာ ထျ့န်ကျင့်ဆီ လမ်းလျှောက်သွား၏။
“ဝါး…..”
တျန့်ကျင့်က စတင် အော်ငိုတော့သည်။ သူသည် အလွန်အကြောက်လွန်နေကာ ငိုရန် မေ့နေတာ ဖြစ်၏။
တစ်မိနစ်တောင် မကြာသေးခင် တျန့်ကျင့်၏ မျက်နှာသေးလေးက မျက်ရည်များဖြင့် ပြည့်သွားခဲ့သည်။
ဝမ့်တုန့်ကျွင်းသည် ကြက်သေသေသွားသည်။ သူသည် ထိုကလေးငယ်ကို ကြောက်အောင်သာ ခြောက်ခဲ့သည်သာ ဖြစ်သည်။ ဒီကလေး ဒီလောက် အကြောက်လွန်မှန်း မည်သူက သိမည်နည်း။ ဝမ်တုန့်ကျွင်း ငယ်ရွယ်စဉ်က သူ့လက်ထဲ ဗြောက်တောင် မဖောက်ရဲပေ။
“မငိုနဲ့ ငါမင်းကို စနေတာ”
ဝမ်တုန့်ကျွင်းက တျန့်ကျင်းကို စိတ်လျော့ရန် ကြိုးစားလိုက်သည်။
ဝါး…ဝါး
တျန့်ကျင့်က ငိုနေဆဲ ဖြစ်သည်။ ဝမ်တုန့်ကျွင်းက စတင် ကြောက်စိတ် ဝင်လာတော့သည်။ တျန့်ကျင့်က သူကို တိုင်ခဲ့ပါက သူသည် သေချာပေါက် အထောင်းခံရမည် ဖြစ်သည်။
“ငိုတာ ရပ်လိုက်တော့။ ညီလေး ဘာလိုချင်လဲ ပြော”
ဝမ်တုန့်ကျွင်းက စိတ်မရှည်စွာ ပြောလိုက်သည်။
“အဖေက ကျွန်တော့်ကို ဖရဲသီးတွေ ကြည့်ဖို့ ပြောထားတာ အစ်ကိုက ဖရဲသီးတွေ အကုန် ခွဲလိုက်တယ်”
တျန့်ကျင့်က ငိုနေရင်း ပြောလိုက်သည်။
“မငိုနဲ့တော့ အစ်ကို ဒီဖရဲသီးတွေ အတွက် ပိုက်ဆံ ပေးရမလား။ အစ်ကို မင်းကို ကီလိုဝက်ကို ၃ကျောက်နှုန်းနဲ့ ပေးမယ်။ ဒီ ဖရဲသီး အကုန်လုံးက ကီလို ငါးဆယ်လောက် သွားလိမ့်မယ်။ အစ်ကို မင်းကို ဒီ ဖရဲသီးအကုန်လုံးအတွက် ၅ယွမ် ပေးလို့ ရမလား”
ဝမ်တုန့်ကျွင်းက ဖုန်းယွီထံမှ ၅ယွမ် ယူပြီးနောက် တျန့်ကျင့်၏ လက်ထဲ ထည့်လိုက်သည်။
ဖုန်းယွီသည် ဝမ်တုန့်ကျွင်းလက်လှည့်ကာ တွေးလိုက်၏။
‘ဘာကြောင့် ငါက ပေးရတာလဲ။ မေ့လိုက်တော့ ဖရဲသီးတွေ ခိုးဖို့ကလည်း ငါ့ရဲ့ အကြံပေး”
တျန့်ကျင်းက အငိုရပ်သွားပြိး သူ့လက်သေးသေးလေးထဲတွင် ပိုက်ဆံကို ကိုင်ထား၏။
“မဟုတ်ဘူး။ အစ်ကိုတို့ နှစ်ယောက်က တောလိုက် ထွက်ရင် ကျွန်တော်ကို တစ်ယောက်တည်း ထားခဲ့မှာ”
“မင်း ပြောင်းချော သေနပ်ကိုတောင် မနိုင်လို့လား။ တကယ်လို့ မင်းက ပြောင်းချောသေနပ်ကို မနိုင်ရင်တောင် မင်း ပြန်ကန်အားကို ခံနိုင်ရည် ရှိလို့လား။ မြန်မြန်ပြန်သွားတော့။ အစ်ကိုတို့လည်း ခြံထဲက ထွက်တော့မယ်။”
ဝမ်တုန့်ကျွင်းက ပြန်ဖြေလိုက်သည်။
ချက်ချင်းပင် စက်ယဉ် တစ်စီး၏ အသံကို ကြားလိုက်ရ၏။ မကောင်းတော့ဘူး။ ဦးလေးတျန့် ဖရဲသီး ရောင်းပြီး ပြန်လာပြီ။
ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းက အချင်းချင်း ကြည့်လိုက်ကြကာ စပြေးလိုက်တော့သည်။ ထိုအချိန်တွင် သူတို့ အမဲလိုက်ဖို့နှင့် မှိုကောက်ဖို့ ကို မစဉ်းစားမိတော့ပေ။ သူတို့က ကားဆီကို ပြေးသွားကြတော့၏။
နေ့လည်ခင်းတွင် တျန့်ကျင့်နှင့် သူ့အဖေသည် ဖုန်းယွီ အိမ်ကိုသွားခဲ့သည်။ ဖြစ်ကြောင်းကုန်စဉ်ကို နားထောင်ပြီးနောက် ဖုန်းရှင်းထိုက်သည် သူတို့ ကို တောင်းပန်ပြီး ဖုန်းယွီကို ကြက်မွေးဖြင့် ရိုက်တော့၏။ တျန့်ကျင့်နှင့် သူ့အဖေ ထွက်သွားပြီးနောက် ဖုန်းယွီသည် ဆိုဖာပေါ် လဲချလိုက်ပြီး သူ့အဖေကို ဆေးလိမ်းခိုင်းလိုက်တော့၏။
ဖုန်းယွီက လုံးဝ အပြစ်မရှိသလို ခံစားနေရသည်။ သူသည် တျန့်ကျင်းကို အနိုင်မကျင့်ပေ။ ပြီးနောက် သူ့ပိုက်ဆံထဲမှ ၅ယွမ် ထွက်သွားခဲ့သည်။ ဘာကြောင့် သူက လျော်ကြေး ထပ်ပေးခိုင်းတာလဲ။ ဒီ ကောင်စုတ်လေးက ငါးယွမ်ကို ဘက်ထားသာပဲ ဖြစ်ပေမည်။
သို့သော် နောက်တစ်နေ့တွင် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို တွေ့သည့်အခါ ပိုနေသာ ထိုင်သာရှိသွားသည်။
ဝမ်တုန့်ကျွင်းသည် လက်မြောက်ပြီး သူ့အဖေ၏ မိုးမခပင် အကိုင်းနှင့် ရိုက်တာကို ခံခဲ့ရသည်။ သူ့ နှာခေါင်း သွေးကျသည်အထိ ရိုက်ခြင်းကိုလည်းခံခဲရသည်။ ထိုအချက်ကို ကြည့်ချင်းဖြင့် သူသည် အခြားတစ်ယောက်ကို သေနပ်နှင့် ချိန်ရဲတော့မှာ မဟုတ်ချေ။
ပိုအရေးကြီးသည့် အချက်ကား ဝမ်တုန့်ကျွင်း၏ အမေသည် ယခုအခေါက်တွင် သူအဖေ ရိုက်သည်ကို မတားသည့်အပြင် သူသည် သူ့သားကို အတူတူ ရိုက်ကူပေးသည်။ လင်မယားနှစ်ယောက်၏ စုပေါင်း ရိုက်နှက်ခြင်းကို ကောင်းကောင်း ခံလိုက်ရသည်။ သူတို့သည် မိုးမခပင် ကိုင်းတောင် ကြိုးသွားသည်အထိ ရိုက်၏။
“မင်း မြို့က အမှတ်သုံး အထက်တန်းကျောင်းကို တက်နိုင်တာနဲ့ မင်းကိုမင်း လုပ်ချင်တာ လုပ်လို့ရပြီ ထင်နေတာလား။ မင်းရဲ့ အကျင့်က မကောင်းရန် မင်း ဘယ်လောက်လေ့လာ လေ့လာ ဘာမှ အကျိုး ဖြစ်မှာ မဟုတ်ဘူး”
မိသားစု နှစ်ခုလုံးမှ ပြောင်းချောသေနပ် နှစ်ခုလုံးကို ချိုးလိုက်ကျကာ ထိုအရာက သူတို့သည် ဘယ်တော့အခါမှ အမဲလိုက် မထွက်တော့ပုံရသည်။
နောက်တစ်နေ့တွင် လီရှစ်ချင်က ဖုန်းခေါ်ပြီး ကားတွေက အဆင့်သင့် ဖြစ်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။ လူတွေတောင် ဈေးကို မေးနေကြပြီ ဖြစ်သည်။ သူတို့သည် ဖုန်းယွီကို ဘင်းမြို့တော်ကို ပြန်ခေါ်ရန် လိုအပ်နေ၏။
ဖုန်းယွီသည် နောက်ဆုံးတွင် လယ်တောမှ ထွက်ခွာဖို့အတွက် အကြံ တစ်ခု ရသွားသည်။ သူသည် အမြဲ အရူးဝမ်တုန့်ကျွင်းနှင့် နေပါက ဝမ်တုန့်ကျွင်းသည် သူ့ကို အမြဲတမ်း ဒုက္ခပေးမည် ဖြစ်၏။