အခန်း ၅၀
မြန်ကမ်းဘေးတွင် ကစားခြင်း
ကျောင်းတွင် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းနှင့် သူ၏ ဝင်ခွင့်စာကို ယူလိုက်သည်။ သူသည် လီနနှင့် ခဏကြာ နေချင်ခဲ့သော်လည်း သူမသည် နေ့လည်ခင်းတွင် အိမ်ပြန်ရမည် ဖြစ်သည်။
ဖုန်းယွီ ထွက်သွားပြီးနောက် ဆရာများက သူ့နောက်ကွယ်တွင် အတင်းပြောကြ၏။ ထိုကလေး၏ မိသားစုက ထီပေါက်တဲ့ ပုံပဲ။ ငါကြားတာတော့ သူ့အစ်မက ချမ်းသာတဲ့ ချစ်သူတစ်ယောက် တွေ့ထားတယ် ဆိုပြီး။ ဖုန်းယွီဖုန်းတဲ့ ကားကို ကြည့်လိုက်ဦး။ အစိုးရ အရာရှိတွေ မောင်းတဲ့ ကားနဲ့ အတူတူပဲ။ ဆရာမများက သူတို့၏ ကံတရားကို ညည်းညူနေကြ၏။ သူတို့တွေက ဘာကြောင့် ချမ်းသားတဲ့ ချစ်သူတစ်ယောက် မရှာတွေ့ခဲ့ရသနည်း။
ထိုခေတ်အခါက တစ်ယောက်ယောက်က ရဲ့ဝံ့လျှင် ဆင်းရဲဒုက္ခကို သည်းခံရမည် ဖြစ်သည်။ စီးပွားရေး လုပ်ခြင်းက အခြားသူများနှင့် အလုပ်လုပ်ခြင်းထက် ပိုရပေသည်။ ဖုန်းယွီသည် ထိုဝေဖန်ချက်များကို ဂရုမစိုက်ပေ။
“မနက်ဖြန်ကျ မြစ်ကမ်းကိုသွားကစားရအောင်။ ငါလာကြိုမယ်”
ဖုန်းယွီက လီနကို ပြောလိုက်သည်။
“ငါ မလိုက်နိုင်ဘူးထင်တယ်။ ငါ့မိဘတွေက ငါ့ကို ခွင့်ပြုမှာ မဟုတ်ဘူး”
သူမက ပြန်ပြောလိုက်သည်။
“ငါတို့တွေပဲမှ မဟုတ်တာ။ နင့်ရဲ့ မိဘတွေကို ကျောင်းသားတွေ့ဆုံပွဲလို့ ပြောလိုက်ပေါ့။ အမှတ်သုံး အထက်တန်းကျောင်းကို ဝင်ခွင့်ရတဲ့ ငါတို့ ကျောင်းသားလေးယောက် တွေ့မှာ။ ငါတို့တွေ အချင်းချင်း ကြည့်ဖို့ လိုတယ်။ နင်က နင့်ရဲ့ မိဘတွေကိုပဲ အဲ့အကြောင်းပြောလိုက်။ သူတို့တွေက နင့်ကို သွားဖို့ သေချာပေါက် ခွင့်ပြုလိမ့်မယ်။ ငါ လျိုခွန်လည်း သွားမလား မေးလိုက်မယ်”
ဖုန်းယွီက ပြောလိုက်သည်။
လီနသည်လည်း သွားပြီး ကစားချင်၏။ သူမက ခေါင်းညိတ်လိုက်ကာ မေးလိုက်သည်။
“အဲ့တာဆို မနက်ဖြန် ဘယ်အချိန်လဲ”
“မနက်ခင်း ရှစ်နာရီ။ ငါတို့တွေ နေ့လည်ခင်းမှာ ပျော်ပွဲစာထွက်မယ် ပြီးတော့ ငါနင့်ကို ညမတိုင်ခင် ပြန်ပို့လိုက်မယ်”
ဖုန်းယွီက ပြန်ပြောလိုက်၏။
အိမ်ကို ပြန်ရောက်သည့်အခါ လီနက သူ့အမေနှင့် အဖေကို ပြောလိုက်ပြီး သူတို့က သဘောတူကြ၏။ သူမသည် မြို့တော်ရှိ အထက်တန်းရမည် ဖြစ်သည်။ သူတို့ အချင်းချင်း လက်ခံကြမည် ဖြစ်ပြီး အခြားကျောင်းသားများကို သူတို့ကို အနိုင်မကျင့်ရန်အတွက် ဖြစ်သည်။
ဖုန်းယွီသည် လျိုခွန်ကို ဖိတ်လိုက်ကာ သူသည်လည်း လက်ခံလိုက်၏။ ဖုန်းယွီက သူ့ကို ဂျစ်ကားဖြင့် လာကြိုမည့်အကြောင်း ပြောလိုက်သည့် အခါ လျိုခွန် အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် အရင်က ဂျစ်ကား မစီးခဲ့ဖူးပေ။
“အမေ၊အဖေ ကျွန်တော် ပြန်လာပြီ”
ဖုန်းယွီက သူအိမ်ရောက်လာသည့်အခါ အော်လိုက်၏။
“ငါ့ ငါ့သားလေး ပြန်လာပြီလား။ နေ့လည်စာကော စားပြီးပြီးလား။ အမေ့ကို သားစားချင်တဲ့ ဟင်းပြော အမေ ချက်ကျွေးမယ်။”
ကျန်းမူဟွက ပြောလိုက်၏။ သူမသည် ဖုန်းယွီကို တွေ့ပြီး အလွန် ပျော်ရွှင်သွား၏။ ဖုန်းယွိသည် ဘင်းမြို့တော်တွင် တစ်လကြာ နေခဲ့ကာ သူ့သားနှင့် အတူ မနေရသည်မှာ ကြာပြီ ဖြစ်၏။
“နေ့လည်စာအတွက် ခေါက်ဆွဲ တစ်ပွဲဆို အဆင်ပြေပါတယ်။ ကျွန်တော်တို့ ညကျ ဖက်ထုတ် စားကြမလား”
ဖုန်းယွီက မေးလိုက်သည်။
“ကောင်းပြီ။ သားအရင်ထိုင်ပြီး တီဗွီကြည့်နေနော်”
ကျန်းမူဟွက ပြန်ဖြေလိုက်သည်။
“အဖေကော ဘယ်မှာလဲ’
ဖုန်းယွီက မေးလိုက်သည်။
“မင်းရဲ့ ဦးလေး စွန်းနဲ့ ငါးသွားဖမ်းတယ်။ သူက ကြွားချင်လို့ ဂျစ်ကားယူသွားတာ ထင်တယ်။ သူဖမ်းမိတဲ့ ငါးက ဆီဖိုးတောင် မကာမိဘူး။”
ကျန်းမူဟွက ပြန်ဖြေလိုက်၏။
ဖုန်းယွီက ပြုံလိုက်၏။ ဓာတ်ဆီဈေးက ဘယ်လောက်တောင် ကျမည်နည်း။ ဒါ့အပြင် ဖုန်းယွီ တစ်လဝင်သည့် ငွေသည် သူမိဘများ တစ်နှစ်စာ သုံးဖို့ ကောင်းကောင်းလုံလောက်သည်။
နေ့လည်ခင်းတွင် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို အထက်တန်းကျောင်းဝင်ခွင့်ကို ပေးလိုက်ပြီးနောက် သူတို့ နှစ်ယောက်လုံး စူပါမာရီယိုဘော့စ် ဂိမ်းကို တစ်နေ့လည်ခင်းလုံး ကစားကြသည်။ ဝမ်သဲကွမ်းသည် သူ့သား မြို့ပေါ်ရှိ အကောင်းဆုံး အထက်တန်းကျောင်း တတိယအထက်တန်းကျောင်းကို ဝင်လာကတည်းက သူတို့ကို ကစားခွင့် ပေး၏။
နောက်တစ်နေ့ မနက်တွင် ဖုန်းယွီက ဂျစ်ကားကို ဆီဖြည့်ပြီး ဝမ်တုန့်ကျွင်း၊ လီနနှင့် လျိုခွန်ကို သွားကြိုပြီး မြစ်ကမ်းနဘေးကို မောင်းသွားတော့သည်။
မြစ်ကမ်းနဘေးကို ရောက်သည့်အခါတွင် ဝမ်တုန့်ကျွင်းသည် အင်္ကျီအကုန်ချွတ်ပြီး ဘောင်းဘီအတိုကိုသာ ဝတ်ကာ ကျည်တောက်ကို ကိုင်ပြီး ရေထဲ ပြေးသွားတော့သည်။ လျိုခွန်လည်း အတူတူပင် ဖြစ်၏။
ဖုန်းယွီနှင့် လီနက ငါးမျှားချိတ်၊ ပိုက်ကွန်ကိုသာ သယ်ပြီး ရေရှိရာနေရာသို့ ငါးဖမ်းရန် ဖြည်းဖြည်းချင်း လျှောက်လာ၏။
မြစ်ကမ်းနဘေး၊ လေညှင်း၊ မြက်ခင်းပြင်၊ ရေ၊ ညွတ်ကျနေသည့် မိုးမခပင်၊ နေသာသာ။
ထိုမြင်ကွင်းက ပန်ချီအလား လှပပေသည်။
လီနသည့် ဖုန်းယွီဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေ၏။ သူမသည် အဝါရောင်တောက်တောက် အင်္ကျီကို ဝတ်ဆင်ထားကာ ယမန်နေ့က ဖုန်းယွီပေးခဲ့သည့် ဆံထိုးကို ပန်ဆင်ထား၏။
ဖုန်းယွီသည် လီန၏ အလှတရားကို ငေးမောကြည့်နေစဉ်
ဗွမ်း
ဖုန်းယွီ၏ မျက်နှာ ရေစင်သွား၏။ ကြည်နူးဖွယ် အခိုက်အတန့်က ပျက်ဆီးသွားတော့၏။
“ငါးမဖမ်းနဲ့တော့ ရေထဲလာပြီး ကစားကြ။ ရေက မအေးဘူး။”
ဝမ်တုန့်ကျွင်းက ပြောလိုက်၏။
ဝမ်တုန့်ကျွင်း၏ မျက်နှာက ချက်ချင်းပင် စိတ်ညစ်သည့်ပုံပေါ်သွားသည်။
ဗွမ်း
လျိုခွန်သည်လည်း ဖုန်းယွီကို ရေနဲ့ ပတ်လိုက်၏။ ဖုန်းယွီသည် သူတို့နှစ်ယောက်ကို ခေါ်ခဲ့သည့်အတွက် အလွန်နောင်တ ရနေသည်။
ရေပတ်ပြီးနောက် ဖုန်းယွီသည် စိတ်တိုလာပြီး အင်္ကျီကို ချွတ်လိုက်တော့၏။ ဘောင်းဘီတိုကို ဝတ်ဆင်လိုက်ပြီး သူသည် ရေထဲကို ဝင်သွားကာ သူတို့နှစ်ယောက်တို့ကို ရေနဲ့ ပတ်တော့၏။
မကြာမီတွင် လီနသည်လည်း ရေထဲသို့ ဆင်းလာကာ ကစားတော့၏။
လီန၏ အင်္ကျီသည် အလျင်အမြန် စိုသွားပြီး ဖုန်းယွီက ချက်ချင်း ရပ်ရန် အော်လိုက်၏။ သူသည် လီနရှေ့တွင် ရပ်လိုက်ပြီး ဂျစ်ကားထဲတွင် အဝတ်အစား သွားလဲမလားဟု မေးလိုက်သည်။ ယခု ဝတ်ထားသည့် ဝတ်စုံကို ခေါင်းမိုးထက်တွင် အခြောက်ခံရမှာ ဖြစ်သည်။ ဝတ်စုံက စိုနေပြီး လီန၏ ခန္ဓာကိုယ်ကို ကပ်နေ၏။ ဖုန်းယွီသည် မြင်နိုင်သော်လည်း အခြားသူများကို မြင်ခွင့်မပေးပေ။
“လာခဲ့ ငါမင်းကို ရေဘယ်လို ကူးရမလဲဆိုတာ သင်ပေးမယ်”
ဖုန်းယွီက လီနက ထိုအရူးနှစ်ကောင်၏ အဝေးကို ခေါ်သွား၏။
လီနသည် ရေထဲဝင်ကို ပြန်ဝင်လာပြီး ဖုန်းယွီ သူ့ကို မြစ်၏ ရေနက်ပိုင်းကို ဖြည်းဖြည်းခြင်း ခေါ်သွားတော့၏။ ရေက သူတို့နှစ်ယောက်၏ လည်ပင်းကို ရောက်လာသည့်အခါ သူတို့က ရပ်လိုက်၏။ လီနသည် ဖုန်းယွီ၏ လက်မောင်းကို ဖမ်းဆုတ်လိုက်ပြီး သူ့ကို သွားခွင့် မပေးပေ။
“ငါ့ကိုယုံ။ အေးဆေးထားပြီး နင့်ရဲ့ ခြေထောက်ကို လွတ်လိုက်။ ငါနင့်ကို ကိုင်ပေးထားတယ်”
ဖုန်းယွီက ပြောလိုက်၏။
လီနက ခေါင်းခါလိုက်သည်။ သူမ ခြေထောက်ကို လွတ်လိုက်သည့်အခါ သူမ မြစ်ရေကို သောက်ပြီးသား ဖြစ်သွားမည်လား။
ဖုန်းယွီသည် ရုတ်တရက် ပေါလောပေါ်လိုက်ကာ လီနကို ကြည့်လိုက်၏။ လီနသည် ဖုန်းယွီကိုင်ထားသည့် လက်လွတ်သွားပြီး အနောက်ကို လဲသွားတော့သည်.
သို့သော် ဖုန်းယွီသည် လီန၏ ခါကို သူ့လက်များဖြင့် ဖမ်းလိုက်ပြီး လီနကို ရေပေါ်တွင် ပေါ်လောပေါ်အောင် ကူညီပေးလိုက်သည်။
“မကြောက်နဲ့။ မင်းဘေးမှာ ကိုယ်ရှိတယ်။ ကြည့်လိုက် အရမ်းလွဲတယ်။ မင်း မကြောက်သ၍ ရေပေါ်မှာ ပေါ်နေလမ့်မယ်။ ငါ့တို့ဆရာ အရင်က ပြောဖူးတယ်လေ။ လူ့ခန္ဓာကိုယ်ရဲ့ သိပ်သည်းဆက ရေရဲ့ သိပ်သည်းဆထက် နည်းတယ်။ အဲ့တာကြောင့် ငါတို့တွေက ရေပေါ်မှာ ပေါတာ”
ဖုန်းယွီက ပြောလိုက်၏။
လီနသည် လက်နှင့် ခြေများ ယမ်းခါသည်ကို ရပ်လိုက်သည်။ သူမသည် အသာလေး ဖြေလျော့လိုက်သည့်အခါ သူမသည် ရေပေါ်တွင် တကယ် ပေါ်လောပေါ်နေသည်ကို တွေ့လိုက်၏။
“ဒါပေမဲ့ ငါ ဘယ်လို လှည့်ရမလဲ။”
သူမက မေးလိုက်၏။
“မင်းရဲ့ ခါးကို ဖြည်းဖြည်းချင်း လှည့်လိုက်။ ငါမင်းကို ကိုင်ထားပေးတယ်။ မစိုးရိမ်နဲ့”
ဖုန်းယွီက ပြောလိုက်၏။
ဖုန်းယွီက သူမကို ကိုင်ထားသည့်အခါ သူ့လက်များက မတော်တဆ လီနဖင်ကို ကိုင်မိသွားသည်။ လီနက ကြောက်စိတ်ဝင်သွားကာ သူမလက်များကို တစ်ဖန် ပြန်ယမ်းခါလိုက်၏။
“တောင်းပန်ပါတယ်။ ဒါက မတော်တဆပါ”
ဖုန်းယွီက တောင်းပန်လိုက်၏။
“အဆင်ပြေပါတယ်။ ငါ စိတ်ထဲမထားပါဘူး။”
လီနက မျက်လုံးမှိတ်လိုက်ကာ တိုးတိုးပြောလိုက်သည်။
စိတ်ထဲမထားတာလား။ အဲ့တာက အားပေးတိုက်တွန်းနေတာ မလား။
ဗွမ်း
ဖုန်းယွီခေါင်းကို လက်အပြည့်ဖြင့် ရေထပ်ပတ်လိုက်တော့သည်။
“မင်းတို့ နှစ်ယောက် အဲ့မှာ ဘာလုပ်နေတာလဲ။ အတူတူလာ ကစားရအောင်”
-ီး ဒီတစ်ခါလည်း အရူး ဝမ်တုန့်ကျွင်းပဲ။
“ငါသူ့ကို ရေဘယ်လို ကူရမလဲဆိုတာ သင်ပေးနေတာ။ မင်းအရင်သွားကစားနှင့်။ ငါတို့တွေ ခဏကြာရင် မင်းတို့နဲ့အတူ လာဆော့မယ်”
ဖုန်းယွီသည် သူမျက်နှာထက်ရှိ ရေများကို သုတ်လိုက်စဉ် ပြောလိုက်၏။
“မင်းက ရေကူးသင်နေတာလား။ ငါက ရေကူးအကျော်အမော်ပဲ။ ငါအသက် သုံးနှစ်၊ ငါးနှစ်ကတည်းက မြစ်ထဲမှာ ရေချိုးပြီး ငါရေဘယ်လို ကူးရမလဲဆိုတာ သိတယ်။ ငါ့ရဲ့ နာမည်က မြစ်ထဲက ငါးဖြူတဲ့”
ဝမ်တုန့်ကျွင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ဘောကွင်းထဲတွင် ဝင်ပြီး ရေကူးနေသည့် သူ့ကို “မြစ်ထဲက ငါးဖြူလို့” ဘာလို့ ပြောနိုင်ရတာလဲ။
ဖုန်းယွီသည် ဝမ်တုန့်ကျွင်းနောက်ကို လက်ညှိုးထိုးလိုက်ပြီး အော်လိုက်၏။
“ပြေး အဲ့မှာမြွေ….”
ဝမ်တုန့်ကျွင်းသည် ကြောက်ရွံ့သွားကာ သူ့လက်မောင်းများဖြင့် တစ်မိနစ်ကြာ အသည်းအသန် ကူး၏။ ရေဗွက်များက အလွန်မြင့်သော်လည်း သူသည် တစ်မီတာသာ ကူးနိုင်ခဲ့၏။
ဖုန်းယွီက ဝမ်တုန့်ကျွမ်းကို လှော်ပြောင်လိုက်ကာ
“လိပ်ထက်တောင် မင်းထက် မြန်ဦးမယ်။ ငါးဖြူလား”
လျိုခွန်က ဝမ်တုန့်ကျွင်းဆီ လာပြီး ပြောလိုက်၏။
“သူက မင်းကို စနေတာ။ မြွေမရှိပါဘူး။ ဟိုနားလေးကို သွားရအောင်။ အဲ့မှာ ပုဇွန်ထောင်ထားတာ ရှိတယ်”
ဖုန်းယွီက လီနဆီ လှည့်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို အတူတူ ပွတ်လိုက်ကာ
“လာခဲ့ ငါတို့တွေ ရေကူးဆက်သင်ကြမယ်”
“ငါမောနေပြီ။ ငါ့ကို ကူပါဦး။ ငါချယ်ရီသီးတွေနဲ့ တရုတ်ဇီးသီးဆေးလိုက်ဦးမယ်။ ငါတို့ တစ်ခုခု စားကြရအောင်”
လီနက ပြောလိုက်၏။
-ီး ဒါတွေ အကုန်လုံးက ဝမ်တုန့်ကျွင်းရဲ့ အမှားတွေ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်တယ်။
ဖုန်းယွီက လီနကို ဖြည်းဖြည်းချင်း ပြန်တည့်လိုက်ပြီး ကမ်းခြေကို လမ်းလျှောက်သွားလိုက်တော့၏။
လီနသည် ဂျစ်ကားဆီသို့ ပြန်ပြီးနောက် အဝတ်ကို ရေညှစ်ပြီးနောက် အနည်းငယ် စိုဖန့်အောင် လုပ်သည်။ ပြီးနောက် သူမက သစ်သီးများကို ရေစပ်ကို ယူသွားလိုက်၏။ ဖုန်းယွီသည်လည်း ငါးဖမ်းသည့် နေရာကို ပြန်လာကာ ငါးမျှားတံကို ကိုက်လိုက်သည်။ ငါးစာကို စားပြီးသား ဖြစ်သည်။
ကံကောင်းချင်တော့ ဝမ်တုန့်ကျွင်းနှင့် လျိုခွန်သည် ငါးပိုက်ကွန်ထဲမှာ ငါးများကို ခိုးခဲ့သည်။ ငါးများသည် သေးသော်ငြား သူတို့အတွက် လုံလောက်ပေ၏။ သူတို့သည် မီးမွေးလိုက်ပြီး သစ်ကိုင်းလေးများဖြင့် ထိုးကာ ကင်လိုက်တော့၏။ သူတို့ လေးယောက်က အတူတူ ထိုင်လိုက်ပြီး ငါးများကို စစားတော့သည်။
ငါးကင်များအပြင် ဝက်ပေါင်ခြောက်ကင်များ၊ သိုးသားကင်များ၊ ခုံးကင်များနှင့် ပုဇွန်ကင်များ ပါ ပါ၏။
သူတို့ ဗိုက်ဝသွားပြီး သူတို့က မြက်ခင်းပေါ်တွင် လှဲလိုက်ကြာပြီး သူတို့၏ အိပ်မက်များနှင့် ရည်ရွယ်ချက်များကို ပြောကြတော့၏။
“ငါ သိပ္ပံပညာရှင် ဖြစ်ချင်တယ်။ ငါ အသစ်အဆန်းတွေ တီထွင်မယ်။ ပြီးတော့ ဂြိုဟ်တုလည်း တည်ဆောက်မယ်”
လျိုခွန်ကို ကျယ်ကျယ်ပြောလိုက်၏။
“သိပ္ပံပညာရှင်က ပြင်းဖို့ကောင်းတယ်။ ငါက အစိုးရ အရာရှိ ဖြစ်ချင်တယ်။ ငါ အဆင့်မြင့် အရာရှိ ဖြစ်တဲ့အခါ မင်းရဲ့ တာဝန်ခံ ဖြစ်မှာ”
လီနက ပြုံးကာ ပြောလိုက်၏။
“ငါက ဆရာစွန်းလို့ ဆရာမ ဖြစ်ချင်တယ်။ ငါက မတက်နိုင်တဲ့ သူတွေကို စာသင်ပေးချင်တယ်”
ဖုန်းယွီက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး
“ငါ့အိပ်မက်ကတော့ ငွေရှာမယ်။ ငါ တစ်လျှောက်လုံး ငွေရှာပြီး မင်းတို့ရဲ့ အိပ်မက်တွေကို ပြည့်မြောက်အောင် လုပ်ပေးမယ်။”