FY အခန်း ၄၈

အခန်း ၄၈

ကားတပ်ဆင်ခြင်း

ကီရီလန်ကိုနှင့် သူ၏ အသင်းက စာချုပ်တွင် လက်မှတ် ထိုးပြိးနောက် ဆိုဗီယက် ပြည်ထောင်စုကို ပြန်သွားတော့သည်။ သူတိုက သူတို့ဆက်သွယ်ရန် လိပ်စာများကို ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီအတွက် ထားခဲ့၏။ ထိုနည်းဖြင့် ထိုက်ဟွကုန်သွယ်ရေးသည် ကုန်ပစ္စည်းများ ဝယ်ယူပြီးသည်နှင့် ဆက်သွယ်နိုင်ပေသည် ပြီးနောက် ကီရီလန်ကိုက ပို့ဆောင်ရေးအတွက် စီစဉ်နိုင်မှာ ဖြစ်သည်။

ကီရီလန်ကိုသည်လည်း ဆိုဗီယက် ပြည်ထောင်စုမှ ဖုန်းယွီ လိုချင်သည့် ပစ္စည်းများကိုလည်း ကူရှာပေးပြီး တွေ့သည့်အခါ သူတို့ ကမ်းလှမ်းသည့် ဈေး လက်ခံပါက သူက ဆက်သွယ်ပေးသည်။

ဖုန်းယွီက ကုန်ပစ္စည်းများ ဝယ်ယူခြင်းကို လီရှစ်ချင်နှင့် ကျန်သည့် သူများကို လက်လွဲထားသည်။ သူတို့က အရင် တစ်ခေါက်က သူတို့နှင့် အတူ လုပ်ကိုင်ခဲ့သည့် သွင်းသူများနှင့် လက်ခံ၏။ ဈေးနှုန်းက အရင်နှုန်းအတိုင်း ဖြစ်သည်။ ကုန်သွင်းသူများက လက်မခံပါက သူတို့က အခြား ကုန်သွင်းသူများကို ရှာဖွေ၏။

လီရှစ်ချင်နှင့် ကျန်သည့် ဝန်ထမ်းများသည် ကုန်ပစ္စည်းဝယ်ယူခြင်းနှင့် ပတ်သတ်ပြီး အလုပ်ရှုပ်နေချိန် ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံကို ဝူကျီကန်းနှင့် အတူ သွားခဲ့၏။

“မန်နေဂျာဖုန်း။ အော်ဒါ ထပ်ထုတ်ပေးဖို့လား။ စိတ်ချပါ။ ကျွန်တော်တို့တွေ ခင်ဗျားရဲ့ အော်ဒါကို နောက်မကျစေရပါဘူး။ ဒုတိယ အသုတ်ကလည်း ထုတ်ပြီးသွားပြီ”

ဒါရိုက်တာလီက ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ်။ အရင် စက်ရုံ ဒါရိုက်တာက အနားယူသွားလို့ ဦးလေးက သူ့ရဲ့နေရာကို ရာထူးတိုးခံရတယ်ဆိုပြီး ကျွန်တော် ကြားထားတယ်။”

ဖုန်းယွီက ပြောလိုက်၏။ (ဒါရိုက်တာလီသည် လက်ရှိတွင် လက်ထောက် စက်ပစ္စည်းစက်ရုံ ဒါရိုက်တာ ဖြစ်ပြီး စက်ရုံတွင် ဒုတိယမြောက် အကြီးဆုံး ဖြစ်သည်)

“ဟဟ… အဲ့တာက မဆုံးဖြတ်ရသေးပါဘူး”

ဒါရိုက်တာလီက ထိုသို့ ပြောလိုက်သော်ငြား သူ့မျက်နှာတွင် အပြုံမရပ်ပေ။ အရင် စက်ရုံဒါရိုက်တာသည် ကျန်းမာရေး မကောင်းသည့်အတွက် စောစော ပင်စင်ယူရန် စာတင်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒါရိုက်တာလီသည် ထိုရာထူးအတွက် ဆက်ခံသူအဖြစ် လျာထားခြင်း ခံထားရသည်။ သူသည် စက်ရုံကို အရုံးပေါ်ရာမှ အမြတ်ရအောင် ပြောင်းလဲ နိုင်စွမ်းရှိကြောင်းကို သူ သက်သေပြပြီး ဖြစ်သည်။ ထိုနေရာအတွက် သူ့ကို ဘယ်သူ ယှဉ်ပြိုင်နိုင်မည်နည်း။

“ကျွန်တော် ဒီကို ကိစ္စအချို့ကြောင့် ရောက်လာတာ။ ပထမဦးဆုံးက ဦးလေးကို ဂုဏ်ပြုဖို့ ဒုတိယက ထုတ်လုပ်တဲ့ လုပ်ငန်းစစ်ကို စစ်ဆေးဖို့နဲ့ နောက်ဆုံးကတော့ စက်ပစ္စည်းစက်ရုံက ကားကို ပြန်တပ်ဆင်တဲ့ လုပ်ငန်းကို စိတ်ဝင်စားလားလို့ မေးချင်လို့”

ဖုန်းယွီက ပြောလိုက်သည်

“ကား တပ်ဆင်ရမှာလား။ ငါအဲ့တာကို ဘာလို့လဲ.”

ဒါရိုက်တာလီက သူ့ခေါင်းကို ဝမ်းနည်းဖွယ် လှုပ်ရမ်းလိုက်သည်။ သူသည် ထိုလုပ်ငန်းကို လုပ်ကိုင်ချင်သော်လည်း သူ မလုပ်နိုင်။ သူ့စက်ရုံတွင် ကျွမ်းကျင်အလုပ်သမားများ ရှိသော်လည်း သူတို့၏ ကျွမ်းကျင်မှုက အော်တိုမိုဘိုင်းတွင် မဟုတ်ပေ။ စက်ရုံသည်လည်း ကားတပ်ဆင်ခြင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက်လည်း မတက်နိုင်ပေ။

“အဲ့တာက သိပ်ပြီး မရှုပ်ထွေးပါဘူး။ ပြီးတော့ စက်ပစ္စည်း အကြီးကြီးတွေလည်း မလိုဘူး။ တာယာနဲ့ ထိုင်ခုံတွေကို တပ်ဆင်ပေးရုံနဲ့ ဆေးမှုတ်ပေးရုံပါပဲ။ ကျွန်တော်အထင် ခင်ဗျားရဲ့ အလုပ်သမားတွေ လုပ်နိုင်မယ်လို ထင်တယ်”

ဖုန်းယွီက ပြုံးပြီး ပြောလိုက်သည်။

ဖုန်းယွီတောင် တာယာနှင့် ထိုင်ခုံများကို ဘယ်လို တပ်ဆင်ရမလဲဆိုတာတောင် သိသည်။ စက်ပစ္စည်းစက်ရုံမှ အဆင့်ရှစ် ကျွမ်းကျင်သူများ အနေဖြင့် မသိဘဲ နေမည်နည်း။

“တာယာနဲ့ ထိုင်ခုံတွေပဲလား။ ငါမင်းပြောတာကို ဘာလို့ နားမလည် လိုက်တာပါလိမ့်”

ဒါရိုက်တာလီက ပြန်ပြောလိုက်၏။

ဖုန်းယွီက ဒါရိုက်တာလီကို ရှင်းပြလိုက်သည်။ ဖုန်းယွီက သူတို့ကို ပြောသည်။ သူက စက်ပစ္စည်းအပိုင်းအစများကို တစ်သုတ် တင်သွင်းလာပြီး ကားအဖြစ် ပြန်လည် တပ်ဆင်မည် ဖြစ်သည်။ အပြင်ပိုင်းကို ပြန်လည် ပြင်ဆင်မွမ်းမံပြီးနောက် ပြန်ရောင်းမည် ဖြစ်သည်။ အရေအတွက်က အများကြီး မဟုတ်သော်လည်း သူသည် အံဝင်ခွင်ကျ တပ်ဆင်ရန်အတွက် အလုပ်သမားများ လိုအပ်မှာ ဖြစ်သည်။

“ဒါ…အဲ့ဒါက တရားဝင်ရဲ့လား”

ဒါရိုက်တာလီက စိတ်ပူပန်စွာ မေးလိုက်သည်။

“ဉပဒေကတော့ ဒါကို တရားမဝင်ဘူးလို့ မပြောထားဘူး။ ကျွန်တော် ကားကို ရောင်းချဖို့ ခွင့်ပြုချက် ရအောင် လုပ်မယ်လေ။ ဦးလေး ကျွန်တော်ကို ကားတစ်စီးအတွက် ဘယ်လောက် ယူမလဲ ဆိုတာ ပြောလေ”

ဖုန်းယွီက ပြောလိုက်၏။

“ဒါ…ငါ တခြား ဒါရိုက်တာတွေနဲ့ အစည်းအဝေး အရင်ထိုင်ဖို့ လိုတယ်။ ငါမင်းဆီ မနက်ဖြန် လာလို့ ရနိုင်မလား။”

ဒါရိုက်တာလီက မေးလိုက်သည်။

ဖုန်းယွီက ထကာ ပြောလိုက်၏။

“ကိစ္စမရှိဘူး။ တကယ်လို့ ဦးလေးတို့ မလုပ်ချင်ဘူးဆိုရင် ကျွန်တော် ဘင်းဖေ့စက်ရုံကို သွားနိုင်တာပဲ။ သူတို့တွေက ကားတွေိကိုတောင် ကိုယ်တိုင် ထုတ်လုပ်သေးတာ။

ဖုန်းယွီ ထွက်သွားပြီးနောက် ဒါရိုက်တာလီက ချက်ချင်း အလုပ်ရုံ ဒါရိုက်တာများကို ခေါ်လိုက်ပြီး အစည်းအဝေးလုပ်ကာ သူတို့က ထိုအလုပ်ကို လုပ်ခံသင့် မခံသင့် ဆွေးနွေးကြကာ။ လက်ခံပါက သူတို့ ဘယ်လောက်ယူမလဲဆိုသည်ကိုပါ ဆွေးနွေးကြ၏။

အလုပ်ရုံ ဒါရိုက်တာများ အားလုံးက အလုပ်အသစ်ကို ကြားသည့်အခါ သူတို့က အစမှ အဆုံးထိ ပြီးအောင် လုပ်ချင်ကြသည်။ သူတို့သည် တရား ဝင်မဝင်ကို ဂရုမစိုက်ပေ။

ထိုကားတပ်ဆင်ခြင်းက တရားမဝင်ခြင်း ဖြစ်ပါသည့်တိုင် ထိုက်ဟွ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် သူတို့ကို ပေးရမှာပဲ ဖြစ်သည်။ ထိုက်ဟွ ကုမ္ပဏီက သူတို့ကို မပေးချေနိုင်ပါက သူတို့သည် ထိုကားများကို သူတို့၏ လျော်ကြေးအဖြစ် သိမ်းနိုင်ပေ၏။ ထို့ပြင် စက်ပစ္စည်းစက်ရုံက နိုင်ငံပိုင် စက်ရုံဖြစ်ကာ သူတို့သည် တာဝန်ယူစရာအကုန်လုံးကို ထိုက်ဟွကုမ္ပဏီပေါ် ပုံချနိုင်၏။ မြို့တော်အစိုးရက သူတို့ကို ဘာလုပ်နိုင်မည်နည်း။

မြို့တော် အစိုးရက ကားတပ်ဆင်ခြင်းကို မလုပ်ရန် ခွင့်မပြုပါက သို့မဟုတ် သူတို့ကို အပြစ်ပေးခြင်းက မဆိုးပေ။ မြို့တော် အစိုးရသည် သူတို့အတွက် အလုပ်သမား လစာကို ပေးနိုင်ပေ၏။

ထိုဆုံးဖြတ်ချက် ချခြင်းက တစ်မိနစ်တောင် မကြာလိုက်ပေ။ ပြီးနောက် ထိုကားတပ်ဆင်ခြင်းက အလုပ်ရုံများ အကြား ထိုအလုပ်ရရန်အတွက် ပြိုင်ပွဲ တစ်ခု ဖြစ်သွားတော့သည်။ တာယာနှင့် ထိုင်ခံ တပ်ဆင်ခြင်းက ကြီးမားသည့် ဂျင်နရေတာများကို တပ်ဆင်ရခြင်းထက် ပိုလွယ်ကူသည်။ သူတို့သည် ဘယ်လို တပ်ဆင်ရမည်ကို မသိဘဲ နေမည်နည်း။

ဖုန်းယွီက သူတို့သည့် အလုပ်ကို လက်မခံပါက သူသည် ဘင်းဖေ့စက်ရုံကို သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူတို့သည် ဘာကြောင့် ဒီအခွင့်အရေးကို သူတို့အတွက် လက်လွှတ်ရမည်နည်း။ ထိုအချိန်က ဘင်းဖေ့ စက်ရုံသည် သူတို့ထက် ပိုကောင်းသည်ပင်။

စက်ပစ္စည်းစက်ရုံ ပိုက်ဆံမရှိတာက အမှန်တကယ်ပင် ဖြစ်သည်။ စက်ရုံအကောင့်ထဲတွင် ရှိသည့် ငွေများသည် နိုင်ငံတော်က သုတေသန ပြုလုပ်ရန်အတွက် ပေးထားခြင်း ဖြစ်သည်။ သူတို့သည် ထိုငွေကို ထိခွင့်တောင် မရကြ။ အကြွေးများကလည်း သူတို့ကို ပတ်လည်ဝိုင်းနေ၏။ စက်ပစ္စည်းစက်ရုံများ၏ ခေါင်းဆောင်များက စိတ်ဖိစီးမှု အများအပြားကို ရပြီး ဖြစ်သည်။

လက်ရှိ အလုပ်ရကတည်းက သူတို့ ငွေဝင်လာကြသည်။ သူတို့ ဘာကြောင့် ငြင်းဆန်နိုင်မည်နည်း။

လေနှင့်မိုး လျှပ်စစ်ပန်ကာကိုသာ ကြည့်နိုင်ပေသည်။ ပန်ကာကို ဈေးကွက်ထဲတွင် ရောင်းချပြီးနောက် မကြာမီတွင် ပန်ကာသည် နိုင်ငံတစ်နိုင်ငံလုံးတွင် ရောင်းနိုင်တော့၏။ တစ်ယောက်မျှ ထိုပန်ကာများကို အရည်အသွေးညံ့သည့် ပစ္စည်းများဟု မတိုင်ကြားကြပေ။ ပြီးနောက် ကုမ္ပဏီ၏ ဂုဏ်သတင်းကိုလည်း မပျက်စေပေ။ ထိုဖုန်းယွီသည် အလုပ်လုပ်ရန်အတွက် အတော်လေး စိတ်ချရပေ၏။

နေ့လည်ခင်းတွင် ဖုန်းယွီသည် ဒါရိုက်တာလီထံမှ ပုဂ္ဂိုလ်ရေးအရ ဖုန်းလက်ခံ ရရှိခဲသည်။ စက်ပစ္စည်းစက်ရုံက အလုပ်ကို လက်ခံချင်ကြောင်း သိုသော် အရေအတွက် နည်း၍ မရနိုင်ကြောင်း ပြောသည်။ အနည်းဆုံး တစ်သုတ်တိုင်းအတွက် ကားအစီး ၃၀ ဖြစ်ရမည် ဖြစ်ကာ သူတို့၏ အမြတ်သည်လည်း ကားတစ်စီးအတွက် ယွမ် ၁၀၀၀နည်း၍လည်း မရပေ။

ဖုန်းယွီက သဘောတူလိုက်သည်။ စက်ပစ္စည်းစက်ရုံ၏ တပ်ဆင်စရိတ်က အလွန် မြင့်သော်ငြား လက်ခံ၍ ရနိုင်သေးသည်။ ထိုကားများကို ပို့ဆောင်လိုက်ပြီး ပြန်လည်တပ်ဆင်ပြီး ပြန်လည် မွမ်းမံသည်ပြီးနောက် သူသည် ယွမ်သန်းပေါင်းများစွာ အမြတ်ရမည် ဖြစ်သည်။

ဖုန်းယွီသည်လည်း ဒါရိုက်တာလီကို ထိုပြန်လည်မွမ်းမံပြီးသည့် ကားများကို စက်ပစ္စည်းစက်ရုံတွင် ယာယီ ထားဖြစ် ဖြစ်ကြောင်း ပြောပြီး သူသည် ထိုအတွက် သိုလှောင်စရိတ် ပေးမည်ဆိုသည်ကို ပြောခဲ့သည်။ အလွန်ဆုံးကြမှ ၁လကြာမည်။ ပြီးနောက် သူက ကားများကို ပြန်သွားယူမည် ဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် ကီရီလန်ကိုက ဖုန်းခေါ်ခဲ့သည်။ သို့သော် သတင်းကောင်း မဟုတ်ပေ။

ဖုန်းယွီသည် ထိုခေတ်က အကြောင်းကို မသိခဲ့တာ ဖြစ်သည်။ အရင်က ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်ပြည်က တံခါးပိတ်ဝါဒကို ကျင့်သုံးပြီး သူတို့သည် ပြည်တွင်းတွင် ဖူလုံကြသည်။

ဆိုဗီယက် ပြည်ထောင်စု၏ နာမည်အကြီးဆုံး ကားများမှာ Paronaz,Ladaနှင့် Volga အပြင် ဗြိတိသျှမှ တင်သွင်းသည့် ကားအနည်းငယ်နှင့် ဂျပန်နိုင်ငံထုတ် ကားများ ဖြစ်သည်။

ဖုန်းယွီသည် ကီရီလန်ကိုကို ဆိုဗီယက် ပြည်ထောင်စုထုတ် ကားများကို မလိုချင်ကြောင်း ပြောပြီးသား ဖြစ်သည်။ ထိုအဓိပ္ပာယ်ကား ဗြိတိသျှမှ တင်ပို့သည့် ကားများနှင့် ဂျပန်မှ တင်ပို့သည့် ကားများသာ ကျန်တော့သည်။ ဆိုဗီယက် ပြည်ထောင်စုရှိ ဂျပန်ကာများသည် အများအားဖြင့် မှောင်ခိုသွင်းသည့် ကားများဖြစ်ကာ အများစုက ညာမောင်းကားများ ဖြစ်ကြသည်။ ထို့အတွက် ဂျပန်ကာများသည် အနည်းငယ် ပြုပြင်မွန်းမံရန် လိုသေးသည်။ ဗြိတိသျှကားများကမူ ဖုန်းယွီ၏ လိုအပ်ချက်နှင့် ပြည့်စုံ၏။

ဖုန်းယွီသည် အနည်းငယ် စိတ်ပျက်သွား၏။ သူသည် နိုင်ငံ တစ်နိုင်ငံတည်းမှ ကားများကိုသာ တင်သွင်းနိုင်မှာ ဖြစ်သည်။ ဘာကြောင့် ဆိုဗီယက် ပြည်ထောင်စုက ဂျာမန်ကား ပြင်သစ်ကားနှင့် အခြားသော ဉရောပကာများကို မတင်သွင်းရသနည်း။

ထိုမတင်သွင်းရသည့် အကြောင်းကား ဆီုဗီယက် ပြည်ထောင်စုသည် ဂျာမန်နှင့် ပြင်သစ်နိုင်ငံများနှင့် ဆက်ဆံရေး မကောင်းမွန်သည့်အတွက် ဖြစ်သည်။ ထိုနိုင်ငံမှ ကားများကို လျှင်တောင်မှာ အလွန်နည်းမည် ဖြစ်သည်။

ထိုကိစ္စများကို မေ့လိုက်ပြီး ဗြိတိသျှကားများကို တင်သွင်းမည် ဖြစ်သည်။ ဒါပေမဲ့ အမှတ်တံဆိပ်တွေက ဘာတွေလဲ။ ဖုန်းယွီသည် သူ့အရင်ဘဝက သူသိသည့် အမှတ်တံဆိပ်များ ရှိလဲဆိတာ သိချင်မိ၏။

ကီရီလန်ကိုက ဖုန်းယွီ၏ အော်တိုမိုဘိုင်း ဗြိတိသျှကားများကို ပြောပြီးနောက် ဖုန်းယွီက တစ်ဖန် စိတ်လှုပ်ရှားသွားပြန်၏။

Rolls-Royce, Jaguar, Aston Martin, Rover, Land Rover, Bentleyနှင့် Lotus. ထိုအမှတ်တံဆိပ် တစ်ခုခြင်းစီကို သူ့အရင်ဘဝက ဇိမ်ခံကာများအဖြစ် မှတ်ယူနိုင်ပေ၏။ အချို့သော အမှတ်တံဆိပ်များကို အခြား ကုမ္ပဏီများက စုဆောင်းနေပြီ ဖြစ်သော်ငြား တံဆိပ်တန်ဖိုးများက ရှိသေးဆဲ ဖြစ်၏။

“ငါ အဲ့တံဆိပ်တွေ အကုန်လုံး လိုချင်တယ်။ ကားရဲ့ ကိုယ်ထည်၊ အင်ဂျင်နဲ့ အခြား အစိတ်အပိုင်းတွေ ပြဿနာ မရှိရင် ကိစ္စမရှိဘူး။ အခြားအရာတွေက သိပ်ပြီး အရေးမကြီးဘူး။ မင်းရသမျှ ငါယူမယ်။”

ဖုန်းယွီက စိတ်လှုပ်ရှားလျက် ပြောလိုက်၏။

ဖုန်းယွီသည်လည်း ကားပြောင်းချင်ပြီ ဖြစ်သည်။ ယခု အိုဟောင်းနေတဲ့ landaကို ရောင်းပြီး Rolls-Royce, Aston Martin သို့မဟုတ် Land Roverဖြင့် အစားထိုးမည် ဖြစ်သည်။

ကီရီလန်ကိုသည် ဖုန်းယွီကို ကားများ၏ ဈေးအကြောင်း ပြော၏။ ကီရီလန်ကိုသည် ဗြိတိသျှတစ်ပတ်ရစ်ကားများကို ကျွမ်းကျင်သည့် စီးပွားရေး သမားနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ နောက်ဆုံး တစ်ခေါက်က ဖုန်းယွီက သူတို့နှင့် လက်မှတ် ထိုးခဲ့ပြီး သူ့ကို မျက်နှာ မပျက်ရစေရန် ပြောခဲ့၏။

ထို့အတွက် ကီရီလန်ကိုသည် သူ၏ စီးပွားရေး မိတ်ဖက်များကို အကောင်းဆုံး လုပ်ဆောင်ခိုင်းပြီး ဖုန်းယွီကို သူတို့ကို မျက်နှာပျက်ရအောင် မလုပ်လို၍ ဖြစ်၏။ စီးပွားရေး သမားက သူ၏ကားများကို သူတို့ပေးသည့် ဈေးဖြင့် မရောင်းချင်ပေ။ သူတို့ပေးသည့် ဈေးများက အလွန်နည်းလွန်းသည့် အတွက် ဖြစ်၏။ သို့သော် ဆိုဗီယက်ပြည်ထောင်စု စစ်တပ် အရာရှိများ၏ ဒုတိယမျိုးဆက်များက သူ့ကားများကို စစ်ဘက်ဆိုင်ရာတွင် သုံးမည် ဖြစ်ပြိး သူတို့ကို ဈေးချိုချိုနှင့်သူက ရောင်းပေးရမည် ဖြစ်သည်။ မဟုတ်ရင်တော့……………..

မည်သို့ပင် ဖြစ်စေ ကားများ၏ ဈေးနှုန်းက အလွန် နည်းလွန်း၏။ ထိုကားများ၏ ပုံမှန်ဈေးသည် ရူဘယ် ၁၀၀,၀၀၀မှ ၂၀၀,၀၀၀ထိ ရှိသည်။ ယခု ထိုကားများကို ရူဘယ်၆၀,၀၀၀ထက် နည်းပြီး ရခဲ့တာ ဖြစ်၏။ ကီရီလန်ကိုသည် ကားအစီး ၃၀ကျော်စာ လက်ထဲတွင် ရှိပြီး စုစုပေါင်း က ရူဘယ် ၁သန်း၅သိန်း ဖြစ်၏။

ဖုန်းယွီက ချက်ချင်း သဘောတူလိုက်သည်။ သူသည် ထိုကားများကို ဝယ်ရန်အတွက် လယ်လုပ်ငန်းသုံး အပို ပစ္စည်းများကို စွန်လွှတ်လိုက်၏။ ဖုန်းယွီက ကီရီလန်ကိုကို ထိုကားများကို မြန်နိုင်သမျှ မြန်မြန်ပို့ရန် တောင်းဆိုလိုက်၏။ သူသည် ဈေးနှိမ်ပြီး ပိုက်ဆံ လွဲလိုက်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset