အခန်း ၄၉
စောင့်ဆိုင်းရခြင်း
လျှပ်စစ်ပန်ကာ ထုတ်လုပ်ခြင်းက အလွန် မြန်ဆန်ပြီး တစ်လတောင် မကြာပေ။ အမှာစာအကုန် ပြီးစီးသွား၏။
စာချုပ်တွင် လက်မှတ်ထိုးထားသည့် ဖြန့်ချိသူများ အားလုံးသည် သူတို့၏ နောက်ဆုံး အသုတ် ပန်ကာများကို ရရှိပြီး ဖြစ်သည်။ ထိုက်ဟွကုမ္ပဏီ၏ ဘဏ်အကောင့်တွင် ယခုတွင် ယွမ် သန်းပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
အခြားသော အမှတ်တံဆိပ်များက ဈေးချိုသည့် လျှပ်စစ်ပန်ကာများကို တောင်ပိုင်း ပြည်နယ်များတွင် ပေါ်လာခဲ့သည်။ သို့သော် အရည်အသွေးက မကောင်းပေ။ လေနှင့်မိုး လျှပ်စစ်ပန်ကာသည် မြို့ကြီးများ၏ ဈေးကွက်များတွင် နေရာ ယူပြီး ဖြစ်ကာ ထို ဈေးပေါသည့် ပန်ကာများအတွက် ဈေးကွက်မရှိပေ။ သို့သော် ထိုဈေးပေါသည့် တံဆိပ်များက မြို့ငယ်များနှင့် ရွာများတွင် အဓိကထားပြီး သူတို့ အများကြီး မရောင်းရပေ။
ဖုန်းယွီသည် အလွန်ကျေနပ်နေ၏။ ဖြန့်ချိသူများသည် ဘင်းမြို့တော်မှ ကောင်းကောင်း သယ်ယူခဲ့သည်။ သူတို့သည် ကုန်ပဒေသာဆိုင်ကြီးများနှင့် ဦးစွာ စာချုပ် ချုပ်ကာ ပထမဆုံး အားသာချက်ကို ရယူလိုက်တာ ဖြစ်သည်။
ယခုနှစ်နောက်ပိုင်းတွင် မည်သည့် လျှပ်စစ်ပန်ကာများက လေနှင့်မိုးပန်ကာကို ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ပေ။ လေနှင့်မိုး လျှပ်စစ်ပန်ကာသည် ဈေးကွက်နှင့် အမြတ်အရ ဦးဆောင်နေသည့် အတွက် ဖြစ်သည်။
ဖုန်းယွီတစ်ယောက်သာ ထိုကံကောင်းမှုကို ရသည်မဟုတ်။ ဖြန်ချီသူများလည်း အမြတ်များစွာ ရခဲ့သည်။ တောင်ပိုင်းတွင် မြို့တော်များ၏ တိုးတက်မှု၊ လူဦးရေအရွယ်အစားနှင့် ဘင်းမြို့တော်ထက် အပူချိန် ပိုမြင်သည်။ ဖြန့်ချိသူများက ၁၅ရာခိုင်နှုန်း တင်လိုက်ပြီး ပန်ကာများ အရောင်းသွက်နေဆဲ ဖြစ်သည်။ အချို့ ဖြန့်ချိသူများက ပန်ကာများကို အော်ဒါ တင်နေဆဲ ဖြစ်သည်။
ကီရီလန်ကိုအတွက် ပစ်စည်းများကို ရထားတွဲပေါ်သို့ တင်ပေးလိုက်ပြီး တင်ပို့ကုန် စာရင်းတွင် အစားအသောက်နှင့် ချည်ထည်များဟု ရေးပေးလိုက်သည်။ နိုင်ငံခြား ကုန်သွယ်ရေးဌာန၏ အကူအညီနှင့် အရာအားလုံးက ချောချောမွေ့မွေ့ဖြင့် ပြီးစီးသွား၏။
ကုမ္ပဏီ၏ ဘဏ်အကောင့်ကို ရူဘယ် ၅၀၀,၀၀၀ လွဲပေးလိုက်သည်။ မန်နေဂျာကျူးသည် ထိုသတင်းကို ကြားသည့်အခါ အလွန် စိတ်လှှုပ်ရှားနေ၏။ ထိုသူဌေးလေးသည် တကယ်ကို စွမ်းဆောင်နိုင်စွမ်း ရှိသူ ဖြစ်၏။ အချိန်တိုအတွင်းသူက ရူဘယ် ၅၀၀,၀၀၀ယူလာပေးခဲ့သည်။ နိုင်ငံခြားကုန်သွယ်ရေးဌာနရှိ ခေါင်းဆောင်များကလည်း အလွန် ပျော်ရွှင်နေကြသည်။ ထိုအရာရှိများက သူတို့၏ ရလဒ်ကို ပြည်နယ်ခေါင်းဆောင်များကို တင်ပြနိုင်၏။
ဖုန်းယွီသည် အနည်းဆုံး ကားအစီး ၃၀ကို လိုချင်ခဲ့သည်။ ထို့ကြောင့် ပထမအသုတ်အတွက် ကီရီလန်ကိုသည် ပြောင်းလဲမှု အချို့ ပြုလုပ်ခဲ့ရ၏။ သူသည် ရူဘယ် ၁သန်းတန်ဖိုးရှိ ဂျပန်နိုင်ငံထုတ် Toyota Crownများကို တင်ပို့ပေးလိုက်၏။ ဖုန်းယွီသည်လည်း ကီရီလန်ကိုတို့၏ ဘဏ်အကောင့်ကို ငွေလွဲပေးလိုက်တော့သည်။
“ဒါရိုက်တာကျောက်။ အို မဟုတ်ပါဘူး။ ငါက မင်းကို တာဝန်ခံ အင်ဂျင်နီယာ ကျောက်လို့ အခုကစပြီး ခေါ်သင့်တာ။ စက်ရုံ ဒါရိုက်တာကျောက် အစိတ်အပိုင်းအပိုတွေ ဘင်းမြို့တော်ကို ရောက်ခါနီးပြီ။ မင်းတို့ရဲ့ ထရပ်ကားတွေ ပစ္စည်းတွေ တင်ဖို့အတွက် အဆင်သင့် ဖြစ်ပြီလား။”
ဖုန်းယွီက ဖုန်းပေါ်မှ မေးလိုက်သည်။
“ဟဟဟ. လက်ထောက်ပါပဲ။ လက်ထောက် တာဝန်ခံ အင်ဂျင်နီယာပါကွာ။ ပစ္စည်းတွေက ဒီကို ရောက်ပြီလား။ ငါ့ဘက်ကတော့ အဆင်သင့် ဖြစ်နေပြီ ပြီးတော့ ငါအခုပဲ ထရပ်ကားတွေကို လွှတ်လိုက်တော့မယ်။”
ဒါရိုက်တာကျောက်က ပျော်ရွှင်သွားသည်။
မနေ့က ရာထူးတိုးစာ ရခဲ့ပြီး သူသည် လက်ထောက်အင်ဂျင်နီယာ အကြီးအကဲအဖြစ် ရာထူးတိုးခြင်း ခံရတာ ဖြစ်သည်။ သူရာထူးတိုး ခံရခြင်းသည် ဖုန်းယွီ၏ အမှတ်ကြောင့်ဟု စဉ်းစား၍ ရနိုင်ပေ၏။
တစ်ပတ်ရစ်ကား အကုန်လုံးကို စက်ပစ္စည်းစက်ရုံသို့ တပ်ဆင်ရန်၊ ဆေးမှုတ်ရန်၊ သန့်ရှင်းရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် ပို့လိုက်၏။ စက်ရုံသည် ကားအကြောင်း နားလည်သည့် အလုပ်များ အစုအဖွဲ့အလိုက်တောင် အတူတကွ ရွေးချယ်ထားသည်။ အရာအားလုံးကို အဆင်ပြေ ချောချောမွေ့မွေ့နှင့် ပြီးစီးရန် ဖြစ်သည်။ သူတို့သည် ဖုန်းယွီနှင့် ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ချင်သည့် အတွက် ဖြစ်၏။
ကားများ ပြီးစီးရန် တစ်ပတ်ကြာမှာ ဖြစ်ပြီး ဖုန်းယွီကနောက်ဆုံးတွင် လယ်တောကို ပြန်သွားခဲ့သည်။ အထက်တန်းကျောင်းဝင်ခွင့်ကို ကြော်ငြာပြီး ဖြစ်၏။
ဖုန်းယွီ လယ်တောကို ပြန်ရန်သုံးနာရီကျော် အချိန်ယူရတာ ဖြစ်၏။ သူမပြန်ခင်နေ့က မိုးရွာထားသည့်အတွက် လမ်းကဗွက်ထနေ၏။ သူ၏ အိုဟောင်းနေသည့် Landaကားသည် ဗွက်ထဲ အကြိမ်များစွာ နစ်၏။ သူသည် ယခုအသုတ်တွင် ပါသည့် Land Rover တစ်ပတ်ရစ်ကားကို သူ့အတွက် သုံးရန် ဆုံးဖြတ်လိုက်သည်။
လီနသည် ကျောင်းမှ အိမ်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်နေ၏။ သူမသည် အထက်တန်းကျောင်းဝင်ခွင့်ကို ရရှိပြီ ဖြစ်သည်။ သူမသည် ဘင်းမြို့တော်ရှိ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်ခွင့် ရခဲ့သည်။ သို့သော် သူမကို ပိုပျော်ရွှင်စေသည်ကား ဖုန်းယွီသည်လည်း သူမနှင့် အထက်တန်းကျောင်း အတူတူတွင် ဝင်ခွင့်ရခြင်း ဖြစ်သည်။
အထက်တန်းကျောင်းကို စုစုပေါင်း ကျောင်းသားလေးယောက် ဝင်ခွင့်ရခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က သူတို့ကျောင်းတွင် ထိပ်ဆုံးအဆင့်ကို ရသည့် သူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော ကျောင်းသားများအနေဖြင့် အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်ခွင့်ရခြင်းက ပုံမှန်သာ ဖြစ်သည်။ လီနသည် ဝင်ခွင့် စာမေးပွဲတွင် ကောင်းကောင်း လုပ်နိုင်သည်မှန်း သိ၏။ ထို့ကြောင့် သူမအတွက် အံ့အားသင့်စရာ ဖြစ်ရပ်မဟုတ်ပေ။ ဖုန်းယွီသည် ထိုကြောင်းကို တက်ရောက်ခွင့် ရခြင်းကိုလည်း သူမ အကြောင်းအရင်းကို မသိပေ။ သို့သော် ဝမ်တုန့်ကျွင်းလည်း ဝင်ခွင့်ရတာလား။
သူမအတန်းပိုင်ဆရာက ပြောသည့် အကြောင်းအရင်းက ယခုနှစ်တွင် ထိုအထက်တန်းကျောင်းကို လျှောက်သည့်လူ နည်းသည့်အတွက် ဝမ်တုန့်ကျွင်းက ကံကောင်းပြီး ပါသွားတာ ဖြစ်သည်။
ဝမ်တုန့်ကျွင်းထက် အမှတ်ကောင်းသည့် ကျောင်းသားများကို ထိုကျောင်းကို မလျှောက်ရဲကြပေ။ ယခုအချိန်တွင် ဘာမှ မတက်နိုင်တော့။ ဆရာများသည်လည်း ထိုကျောင်းသားများအတွက် စိတ်မကောင်းပေ။ ထိုအထက်တန်းကျောင်း၏ အောင်ချက်က မြင့်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလည်း မရှိပေ။
လီနက လမ်းလျှောက်ရင်း ပြုံးနေလေ၏။ သူမသည် ဖုန်းယွီနှင့် ကျောင်းအတူတူ တက်ရမည့်အတွက် ဖြစ်၏။ သူနှင့် တစ်ခန်းထဲ အတူတူထိုင်ရန် စိတ်ကူးယဉ်နေ၏။ သူနှင့် ခုံအတူတူ ထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
ဖုန်းယွွီ သူမကို အချိန်အတော်ကြာ အဆက်အသွယ် မလုပ်သည်ကို တွေးမိသည့်အခါ သူမ အနည်းငယ် စိတ်တိုသွားသည်။ ဖုန်းယွီ ဘင်းမြို့တော်မှာ တစ်လကျော်ကြာအောင်နေပြီး အခုထိ ပြန်မလာသေးတာလား။
ဝမ်တုန့်ကျွင်းက အရင်အပတ်တွေကတည်းက ပြန်လာတာမလား။ ဘာကြောင့် ဖုန်းယွီက ဒီလောက် အကြာကြီး နေနေတာလဲ။
မေ့လိုက်တော့။ ဒီနေ့ ဖုန်းယွီ ပြန်လာရင် ငါသူ့ကို စိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ သူက ပြန်လာပါ့မလား။
ပွမ်…ပွမ်
သူ့နောက်ရှိ ကားက ဟွန်းသံပေးလိုက်ပြီးနောက် လီနက လမ်းဘေးကို ကပ်လိုက်သည်။ လမ်းမပေါ်တွင် ကားအများကြီး မရှိပေ။ ဘာကြောင့် ဟွန်းသံပေးနေရတာလဲ။ ကြွားနေလိုက်
မြေခွေးအူသည့်အသံကို အနောက်မှ ကြားလိုက်ရသည်။ လီနက နောက်ဆုံး စိတ်တိုသွားတော့၏။ တစ်ယောက်ယောက်က လူမိုက်ကဲ့သို့ ပြုမူကာ လမ်းပေါ်ရှိ သူမ၏ လွတ်လပ်မှုကို ယူဆောင်သွားခဲသည်။
သူမက လှည့်လိုက်သည့်အခါ အော်ငေါက်ချင်သော်လည်း သူမက ပြုံးလိုက်၏။ ဖုန်းယွီ…ဒါက ဖုန်းယွီပဲ သူပြန်လာပြီ”
လီန ဘယ်သွားမလို့လဲ။ ကျောင်းဝင်ခွင့် ထွက်သွားပြီလား။”
ဖုန်းယွီက ကားပြတင်းပေါက်မှ ခေါင်းကို ထွက်ကာ ပြောလိုက်၏။
“ထွက်ပြီ။ နင်ပြန်လာပြီလား”
လီနက ပြန်မေးလိုက်၏။
“ဟုတ်တယ်. ငါ သုံးနာရီ ကြာအောင် မောင်းခဲ့ရတယ်။ စကားမစပ် ဘယ်နေရာမှာ ကြေညာစာကို ကြည့်ရမှာလဲ။ ငါ့ကို အဲ့ကို ခေါ်သွားမလား”
ဖုန်းယွီက မေးလိုက်၏။
ကျောင်းသည် အလွန်ကြီး၏။ မည်သည့်နေရာတွင် ကြေညာစာ ကပ်ထားသည်ကို သူမသိဘဲ နေမည်နည်း။ သို့သော် လီနက ဖုန်းယွီ၏ လိမ်ညာမှုကို မထုတ်ဖော်ပေ။ ပြီးနောက် သူမက ကားဆီ လာခဲ့၏။
ဖုန်းယွီသည် ကားထဲမှ ထွက်လာပြီး လီနအတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။
“အထဲကို ဝင်ပါ”
“ဒီကားကို ဘယ်ကရတာလဲ။ ဘယ်လိုမောင်းရမယ်ဆိုတာကော သိတာလား။”
လီနက သိချင်စိတ်ဖြင့် မေးလိုက်၏။ လယ်တောတစ်ခုလုံးတွင် အစိုးရ အရာရှိများသာ ထိုကဲ့သို့ ကားများကို မောင်းနိုင်၏။ ချမ်းသာသည့် မိသားစုများက မောင်းနိုင်သော်ငြား သူတို့ဝယ်သည့် ကားအများစုက ဈေးချိုသည့် ပြည်တွင်းထုတ် ဂျစ်ကားများ ဖြစ်သည်။
“ငါဝယ်ခဲ့တာ။ ဒီကားက သက်တောင့် သက်သာ ရှိတယ်။ ကောင်းကောင်ထိုင် သွားကြမယ်။ ငါ့ရဲ့ ကားမောင်းကျွမ်းကျင်မှုကို ကြည့်မလား။ ငါမင်းကို အမှန်ပြောပြမယ်။ ငါဒီကားကို မောင်းလာတာ ၁၀နှစ်ကျော်ပြီ”
ဖုန်းယွီက ပြောလိုက်၏။
“သောက်သုံးမကျတဲ့ကောင်။ နင်အခု အသက်ဘယ်လောက်လဲ။ နင်ငယ်ငယ်တုန်းက ကားကို မြင်ဖူးလို့လား။”
လီနက မျက်လုံးစောင်းကာ မေးလိုက်၏။
ဖုန်းယွီက ပြုံးပြီး ငြိမ်ငြိမ်နေလိုက်တော့၏။ သူသည် တကယ်ကို ကားမောင်းသက်တမ်း ၁၀နှစ်ကျော်ပြီ ဖြစ်ကာ သို့သော် အရင်ဘဝတွင် ဖြစ်၏။
“ဒီမှာ ဒါက နင့်အတွက်။ ငါဒါကို တွေ့ပြီး နင်နဲ့ လိုက်မယ်တွေးမိလို့ ဝယ်ခဲ့တာ”
ဖုန်းယွီက ဖဲကြိုးနှင့် ပန်းရောင် ဆံညှပ်ကို လီနကို ပေးပြီး ပြောလိုက်၏။
“ဘယ်သူက နင့်လက်ဆောင်ကို လိုချင်လို့လဲ။”
လီနက ပြောပြီး ဖုန်းယွီထံမှ ဆံညှပ်ကို လုယူလိုက်သည်။ သူမခေါင်းထက်တွင် ပန်ဆင်ရန် မစောင့်နိုင်တော့ပေ။ ဖုန်းယွီသည် နောက်ကြည့်မှန်ကို လီနအတွက် သူမခေါင်းထက်ရှိ ဆံညှပ်ကို ကြည့်ရန်အတွက် လှည့်လိုက်သည်။
သူသည် လီနကို အဝတ်အစားများ၊ လက်ဝတ်ရတနာ အစရှိသည့် ပစ္စည်းများကို ပေးချင်သည်။ သို့သော် လီနသည် လယ်တောတွင် နေနေဆဲ ဖြစ်ကာ သူမက ဖုန်းယွီ၏ လက်ဆောင်များကို လက်ခံပါက သူမ၏ မိဘများကို မည်သို့ ရှင်းပြမည်နည်း။ ထိုဆံညှပ်က သူမအတွက် အသင့်တော်ဆုံး ဖြစ်သည်။ ထိုအရာက ဈေးချိုပြီး လီနသည်လည်း သူမိဘများကို ရှင်းပြနိုင်မည် ဖြစ်သည်။ ပိုအရေးကြီးဆုံးကား လီနသည် သူမ ဆံညှပ်ကို နှစ်သက်၏။
ဖုန်းယွီက လီနကို ကြည့်လိုက်သည်။ သူမ၏ အပြုံးက သူ၏ သောကများကို မေ့သွားနိုင်စေ၏။
“ဘာကြောင့် ငါ့ကိုပဲ ကြည့်နေတာလဲ”
လီနက ခေါင်းငုံပြီး ရှက်ရွံ့စွာ ရယ်လိုက်၏။
ဖုန်းယွီကသူမကို စပြီး ပြောလိုက်၏။
“ငါက နောက်ကြည့်မှန်ကို ကြည့်နေတာ။ နောက်မှ ကားပါလာသလားဆိုတာ ကြည့်ဖို့လိုတယ်လေ။”
လီနက ခဏကြာ ရပ်လိုက်ပြီး ဖုန်းယွီကို စိတ်တိုတိုဖြင့် ကြည့်လိုက်တော့၏။
“ဟဟဟ ငါ နင့်ကို စနေတာပါ။ နင်က လှလွန်းလို့ နင့်ကိုပဲ ကြည့်နေတာ။”
ဖုန်းယွီက ပြောလိုက်၏။
လီနမျက်နှာက ပိုပိုနီလာပြီး သူမ ခေါင်းကို ငုံ့လျက် ပြောလိုက်၏။
“အဓိပ္ပာယ်မရှိလိုက်တာ”
ဖုန်းယွီက ပြုံးပြီး သူမကို ပြန်မပြောပေ။ သူကကျောင်းကို ဖြည်းဖြည်း မောင်းသွားတော့၏။
စာရေးသူမှတ်ချက်။ လူအများစုက ဗြိတိသျှကားများကို ညာမောင်းများအဖြစ် မှတ်ချက်ပြုကြသည်။ သို့သော် ဆိုဗီယက် ပြည်ထောင်စုကို တင်သွင်းသည့် ကားများက ဘယ်မောင်းများ ဖြစ်ကြသည်။ ကျွန်တော် ပုံတွေနဲ့ တိုက်ကြည့်ပြီးပါပြီ။ အဲ့ဒီကားတွေက ဂျပန်ကားလို့ပဲ။ ဂျပန်ကားတွေလည်း ညာမောင်းပဲ ဒါပေမဲ့သူတို့ တရုတ်ပြည်ကိုတော့ ဘယ်မောင်းတင်ပို့ပါတယ်။