FY အခန်း ၄၆

အခန်း ၄၆

အစ်ကိုကီ၏ အသင်း

ကလင်..ကလင်..ကလင်

“ဟယ်လို”

ဖုန်းယွီက သူ့ခြေထောက်နှစ်ချောင်းကို တင်ပျဉ်ခွေ ချိတ်ထားပြီး ထိုင်ခုံပေါ်တွင် မှီထားကာ ကော်ဖီခုံပေါ်တွင် တင်ထားသည့် ဖုန်းကို ကောက်ကိုင်လိုက်၏။ အိမ်တွင် ဖုန်းရှိခြင်းက ပိုသက်တောင့်သက်သာ ဖြစ်စေ၏။ ကံကောင်းခြင်တော့ လီရှစ်ချင်သည် စာတိုက်ရုံးတွင် အလုပ်လုပ်ခဲ့သည့်အတွက် သူတို့အိမ်ကို တယ်လီဖုန်း တပ်ဆင်ရာတွင် မြန်မြန်ဆန်ဆန် ရှိ၏။ အခြားသူများက သူတို့အိမ်ကို ဖုန်းလိုင်းတပ်ဆင်ရန်အတွက် အချိန်များစွာ စောင့်ရ၏။

ဖုန်းယွီက ချက်ချင်းထလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါ့ကို ကုမ္ပဏီမှာ ခဏစောင့်ပေး။ ငါလာခဲ့ပြီ”

ကြေးနန်းစာဖတ်ပြီးနောက် ဖုန်းယွီက ရှေ့နေကို တစ်ခါတည်း လိုက်ရန် ပြောလိုက်သည်။ ကြေးနန်းစာတွင် ကီရီလန်ကိုက အသင်းနှင့် လာခဲ့မည် ဖြစ်ပြီး ဘင်းမြို့တော်၏ ဈေးကွက်ကို စစ်ဆေးရန်နှင့် ကုန်သွယ်ဖက်ရှာရန်အတွက် ဖြစ်သည်။

လီရှစ်ချင်က ကြေးနန်းမှ အဆက်အသွယ်အကြောင်း ကြားသည့်အခါ ဖုန်းယွီက ပြောလိုက်၏။

“ရှောင်ယွီ။ ကြေးနန်းက ငါတို့ကို မဖော်ပြထားဘူးကော။ သူတို့တွေက တခြား စီးပွားရေး မိတ်ဖက်ကို ရှာနေတာလား။”

ဖုန်းယွီက ပြောလိုက်သည်။

“ဒီစီးပွားရေး လုပ်ငန်းရှင်တွေ ဆိုတာ သေချာပေါက် ကျွန်တော်ပဲ ဖြစ်မှာပေါ့။ ပထမဆုံး ကျွန်တော်တို့တွေက သူတို့တွေနဲ့ အချိန်အကြာကြီး ပူးပေါင်းဆောင်ရွက်ထားပြီ။ ကျွန်တော်တို့တွေက တစ်ယောက်ကို တစ်ယောက် နားလည်တယ်။ ဒုတိယက ကျွန်တော်တို့က ရုရှားလို ကောင်းကောင်းရေးတက် ဖတ်တက်တယ်။ ဒါက အဆက်အသွယ် လုပ်တဲ့နေရာမှာ ပိုပြီး ပြဿနာနည်းတယ်။ ပြီးတော့ ကြေးနန်းက ကျွန်တော်တို့ဆီ ပို့တာ။ အဲ့အဓိပ္ပာယ်က သူတို့က ကျွန်တော်တို့နဲ့ အတူ တွဲလုပ်ချင်တဲ့ သဘောပဲ။ နောက်ဆုံး ကျွန်တော်တို့တွေရဲ့ ရန်ပုံငွေကလည်း သူတို့နဲ့ အတူတူလောက် ဖြစ်နေပြီ။ သူတို့တွေက ရူဘယ် ၁သန်း ထုတ်မယ်ဆိုရင် ကျွန်တော်တို့လည်း ယွမ် ၄သန်း ထုတ်လိုက်ရုံပဲ”

ဖုန်းယွီ၏ ယုံကြည်မှုကို ကြည့်ရင်း လီရှစ်ချင်က လုံးဝ စိတ်မပူတော့ပေ။ ဖုန်းယွီက ဆယ်ကျော်သက် တစ်ဦး ဖြစ်သော်ငြား သူက စီးပွားရေးတွင် ပိုပြီး သူထက် လုပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် သူတို့ စီးပွားရေး စလုပ်လျှင် ဖုန်းယွီ လုံးဝ ဆုံးရှုံးမည် မဟုတ်ပေ။

ဥပမာအားဖြင့် ဖုန်းယွီ ပြောသည့်အတိုင်း ငွေတိုက်စာချုပ်များ ကုန်သွယ်ခွင့် ပြုလိမ်မည်ဟု ပြောသည့်အခါ တကယ် ဖြစ်ပေါ်လာခဲ့သည်။ ဖုန်းယွီ ပြောသည့်အတိုင်း လျှပ်စစ်ပန်ကာ လည်း ရောင်းရပြီး ထိုပန်ကာများက ပန်ကိတ်အတိုင်း ရောင်းရတာ ဖြစ်သည့်အတွက် လီရှစ်ချင်က ဖုန်းယွီ၏ စကားကို အခိုင်အမာ ယုံကြည်၏။

ရှေ့နေ ရောက်လာသည့် အခါ ဖုန်းယွီသည် ရုံတွင် ရှေ့နေနှင့် အချိန်အတော်ကြာ စကားပြော၏။

ဖုန်းယွီသည် အစိုးရ၏ ပေါ်လစီနှင့် သူ့စီးပွားရေး အစီအစဉ်က စည်းမျည်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို သူ၏ စီးပွားရေးကို ထိပါးမည် ကို သိချင်သည့်အတွက် ဖြစ်သည်။ ဉပဒေများကို နားလည်ပြီးနောက် ဖုန်းယွီသည် ပိုတောင်မှ ကီရီလန်ကိုရောက်လာချိိန်တွင် ပိုပြီး အလုပ်လုပ်နိုင်မှာ ဖြစ်သည်။

ယခုအချိန်တွင် ကီရီလန်ကိုက အသင်းတစ်သင်း ယူလာခဲ့သည်။ ကီရီလန်ကိုမှ အပ ကျန်သည့် သူစုစုပေါင်း ၁၂ယောက်ရှိသည်။ ဖုန်းယွီနှင့် လီရှစ်ချင်၏ ကားသည် သူတို့ထဲမှ တစ်ဝက်ကိုသာ ကြိုနိုင်၏။ ကျန်သည့် သူများက ဟိုတယ်ကို သူတို့ကိုယ်တိုင် တက္ကစီငှားသွားရသည်။

“အစ်ကိုကီ ဒီတစ်ခေါက် တကယ်ကို အသင်းကြီး တစ်ခုကို ခေါ်ခဲ့တာပဲ။ အစ်ကိုက အကြီးစား စီးပွားရေး လုပ်ဖို့ သဘောတူညီမှု ပြင်ဆင်ပြီးပြီလား။”

ဖုန်းယွွီက မေးလိုက်သည်.

“ဖုန်း ငါပြန်သွားတော့ မင်းအရင်တစ်ခေါက်က ပြောခဲ့တဲ့ ကိစ္စကို စဉ်းစားခဲ့မိတယ်။ ငါ့အထင် အဲ့တာက ဖြစ်နိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ငါတစ်ယောက်တည်းတော့ မဟုတ်တဲ့အတွက် ငါတစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး”

ကီရီလန်ကိုက ပြောလိုက်ပြီး သူ့နောက်ရှိ ထိုင်နေသည့် လူကို ပြောလိုက်၏။ အသင်းတွင် သူ၏ လက်အောက်ငယ်သားများသာမက သူ၏ စီးပွားရေး မိတ်ဖက်များပါ ပါပုံရသည်။ ကီရီလန်ကိုသည်ည ဖုန်းယွီကို မမြင်အောင် မျက်စိ မှိတ်ပြလိုက်၏။

“မင်းရဲ့ နာမည်က ဖုန်းယွီလား။ မင်းက ကီရီလန်ကို သူငယ်ချင်းလား။ မင်းတို့နှစ်ယောက် ဘယ်လောက် ဆက်ဆံရေးကောင်းကောင်း ငါဂရုမစိုက်ဘူး။ ငါတို့နဲ့ ပထမဆုံး စီးပွားရေး လုပ်ဖို့ဆို မင်က ပထမဆုံး မင်းရဲ့ ရိုးသားမှန်ကန်မှုကို ပြရမယ်။”

ကီရီလန်ကို၏ ဘေးရှိ လူငယ်က ပြောလိုက်၏။

ဖုန်းယွီက သူ၏ လက်ဖက်ရှည်ခွက်ကို ချလိုက်ကာ မေးလိုက်သည်။

“ရိုးသားမှန်ကန်မှုလား။ ရိုးသားမှန်ကန်မှုကို မင်းဘယ်လို အဓိပ္ပာယ်ဖွင့်သလဲ”

“အဲ့တာက ငါတို့ လိုချင်တာ အကုန် ဖြည့်ဆည်းပေးတာ။ မင်းငါတို့ကို ဘယ်လောက် ပေးနိုင်မလဲ”

လူငယ်လေးက မေးလိုက်သည်။

ဖုန်းယွီက စာရွက်ကို ကောက်ကိုင်လိုက်ကာ ကီရီလန်ကိုကို မသိမသာကြည့်လိုက်သည်။ ဒီအမျိုးအစားတွေက ကီရီလန်ကို လွန်ခဲ့တဲ့ တစ်ခေါက်က ဝယ်ခဲ့တဲ့ အမျိုးအစားတွေ မဟုတ်ဘူးလား။ ဒါပေမဲ့ အရေအတွက်က အရင်တစ်ခေါက်က ၁၀ပုံ ၁ပုံသာ ထင်ရသည်။ ကီရီလန်ကိုကို သူ့ စီးပွားရေးမိတ်ဖက်များက မယုံကြည်ပုံရသည်။

“ရူဘယ် ၅၀,၀၀၀လောက်ပဲ။ အရေအတွက်ကလည်း အရမ်းနည်းလွန်းတယ်။ ဒီလို ဈေးနည်းနည်းအတွက်ဆို ငါနဲ့ လာဆွေးနွေးတာက အနည်းငယ် ခက်ခဲတယ်။”

ဖုန်းယွီက ပြန်ပြောလိုက်၏။ ပြီးခဲ့သည့် တစ်ခေါက်က ကီရီလန်ကိုက ပစ္စည်းများအတွက် ၃၀၀,၀၀၀ရူဘယ်လ် သုံးခဲ့ပြီး သူက ကုန်ကျငွေကို ၄၇၀,၀၀၀ရူဘယ်ဟု စာရင်းတင်ခဲ့သည်။ သူက ဒီဈေးနဲ့က ဘာကြောင့်လဲဆိုတော့ သူက ဒီပစ္စည်းတွေကို အထူးဈေးနှုန်းနဲ့ရဖို့ ကူညီပေးခဲ့တဲ့ တရုတ်သူငယ်ချင်းကောင်း ရှိကြောင်း ပြောခဲ့သည့် အတွက် ဖြစ်သည်။

ယခုတွင် ဖုန်းယွီက ပြောသည်တွင် ကီရီလန်ကိုသည် ထိုမိတ်ဖက်များကို မကြောက် သူ့ကိုသာ သံသယ ရှိနေသည်။

ကီရီလန်ကို၏ အတွေးတွင်

‘အမြဲတမ်း ငါတစ်ယောက်ထဲ တရုတ်ကို လာရတယ်။ ကျန်တဲ့သူတွေက အိမ်မှာ ထိုင်စောင့်ပြီး အမြတ်တွေ ခွဲကြတာ။ ဘာကြောင့် ငါက များများမရတာလဲ။ ငါ့အတွက် ဖုန်းယွီက သူငယ်ချင်းကောင်း မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ ပစ္စည်းတွေကို တရုတ်မှာ ဈေးချိုချိုနဲ့ ရနိုင်မှာလဲ။

အခြားသော သူများကလည်း ခေါင်းညိတ်ကြ၏။ ထိုတရုတ်ထုတ်ကုန်များ ဈေးနှုန်းများက ကီရီလန်ကို ပြောသည့်အတိုင်းဖြစ်ကြသည်။ ဖုန်းယွီကို ယုံကြည်ကျပြီး သူသည် ထိုလူများနှင့် စီးပွားရေး လုပ်ရန်အတွက် စိစစ်အကဲဖြတ်ရန် လိုအပ်သေးသည်။

ကီရီလန်ကိုက ပြောခဲ့သည်ကား ဖုန်းယွီသည် လုပ်နိုင်စွမ်း ရှိပြီး ဘင်းမြို့တော်ရှိ လူတော်တော်များများနှင့် သိသည်။ ထိုအရာကိုလည်း သက်သေပြရန် လိုသေး၏။

ဖုန်းယွီက ထိုလူငယ်လေးကို ကြည့်လိုက်ပြီး သူတို့က ကီရီလန်အတိုင်းပင် ဖြစ်ကြောင်း သိသည်။ သူတို့က ဆိုဗီယက် ပြည်ထောင်စု အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ သားများ ဖြစ်ကြပေမည်။ သူတို့က မာနကြီးကြ၏။ ကီရီလန်ကိုက ပိုက်ဆံအတွက်သာ ဒီကိုရောက်လာခဲ့ခြင်း ဖြစ်လျှင် ဒီလူတွေက ဖုန်းယွီကို ဒီနေရာတွင် အပြတ်အသတ် အနိုင်ယူနိုင်မည်ပင်။

ဖုန်းယွီက ထိုလူများ ကို စကားတစ်ခွန်းသာ ပြောလိုက်ပြီး သူက လုပ်နိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်ကြောင်း ထိုလူများက ဖုန်းယွီကို ယုံကြည်သွား၏။

“ငါတို့ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီက ဘင်းမြို့တော်မှာ ပထမဆုံး သွင်းကုန်ပို့ကုန် ကုန်သွယ်ခွင့် ရတဲ့ ကုမ္ပဏီ”

ဖုန်းယွီက ကျယ်ကျယ်ပြောလိုက်၏။

ဘာကြောင့် ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီက ခွင့်ပြချက်ကို ရရှိတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်ပြီး ရုရှားများအတွက် စစ်ဆေးရန်အတွက် နည်းလမ်းများလည်း မရှိပေ။ ဒါ့အပြင် ဖုန်းယွီက သူတို့ကို အရူးလုပ်လိုက်ရုံသာ ဖြစ်သည်။ ဖုန်းယွီက စကားတစ်ခွန်းကို ယုံကြည်မှုဖြင့် ပြောလိုက်ပြီး အရာထင်ခဲ့သည်.

သေချာသည်မှာ ထိုလူများ၏ ပုံက အံ့အားသင့်သည့် အမူအရာများ ဖြစ်သွားကြသည်။ ကီရီလန်ကို၏ လူငယ်လေးက တကယ်ကို စွမ်းဆောင်ရည် ထက်မြက်ကြောင်း တွေ့ရှိသွား၏။

“ငါ့မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ မင်း ငါတို့နဲ့ ကုန်သွယ်ရေး လုပ်ချင်လို့လား။ ဒါပေမဲ့ ပိုက်ဆံရှိမှ ရမှာနော်။ မင်းတစ်ကယ်လို့ ငါတို့ကို ပစ္စည်းဝယ်ဖို့ ကူညီပေးမယ်ဆိုရင် မင်းမှာ ပိုက်ဆံ အရင်ရှိမှာနော်။ ငါတို့ရဲ့ စီးပွားရေး သဘောတူညီမှုက အနည်းဆုံး ၅၀၀,၀၀၀ရူဘယ်လ်ဖြစ်မှ ရမယ်။”

လူငယ်လေးက ပြောလိုက်သည်။

ဖုန်းယွွီက အံ့အားသင့်ဖွယ် အမူအရာဖြင့် ပြောလိုက်သည်။

“ရူဘယ်လ် ၅၀၀,၀၀၀လား။ မင်းတို့ လူ ဒီလောက်များတာ ဒီလောက် နည်းနည်းလေး ရှိတာလား။ ငါအစ်ကိုကီကို အနည်းဆုံး ရူဘယ် ၁သန်းလို့ မပြောမိလိုက်ဘူးထင်တယ်။ မင်းတို့အားလုံးမှာ ဒီလောက်ငွေပဲ ရှိတယ်ဆိုရင် ငါနောက်ထပ် မိတ်ဖက်တစ်ယောက်ကို ရှာရတော့မယ် ထင်တယ်။”

ဖုန်းယွီ၏ အတွေးတွင် ဒီခရီးတွင် လူအများကြီးလာသည့်အတွက် ကြီးကြီးမားမား စီးပွားရေး သဘောတူညီချက်ဖြစ်မည်ဟု တွေးခဲ့သည်။ သို့သော် ထိုလူများက သူထင်ထားသည်ထက် ဒီလောက်များများ ကွာလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ ဖုန်းယွီက ထိုဒုတိယမျိုးဆက်အပေါ် အလွန် မျှော်လင့်ထားပုံရသည်။

အချို့သော ကီရီလန်ကို၏ သူငယ်ချင်းများက အံ့အားသင့်သွားသည်။ သူတို့အတွက် ငွေ ၅၀၀,၀၀၀ရူဘယ်လ်ရရန်က လွယ်ကူသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ဆိုဗီယက် ပြည်ထောင်စု၏ စီးပွားရေးသည် ထိုအချိန်က တရုတ်ပြည်ထက် ဆိုးသည်။ သူတို့က စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ဒုတိယများ ဖြစ်ကြပြီး စီးပွားရေးလုပ်ငန်းရှင်များ မဟုတ်ကျပေ။

ကီရီလန်ကိုက မတ်တပ်ထရပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖျက်ရန် ကြိုးပမ်းလိုက်၏။ သူက ပြောလိုက်သည်။

“ဖုန်း ငါ့သူငယ်ချင်း။ ငါတို့တွေ အရင်တုန်းက ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လုပ်ခဲ့ပြီးပြီး ဘာကြောင့် ငါတို့ အတူတူ မလုပ်နိုင်ရမှာလဲ။ ဒါ့အပြင် ငါတို့တွေမှာ သယ်ယူပို့ဆောင်ဖို့အတွက် အားသာချက်လည်း ရှိတယ်။ ငါတို့တွေက ဒီကနေ မော်စကိုအထိ ရတားတွဲကို စီစဉ်ပေးနိုင်တယ်။ ငါတို့တွေက မင်းနဲ့ အလုပ်အတူတူ လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါ့အပြင် ဆိုဗီယက် ပြည်ထောင်စုက မင်းလိုချင်တဲ့ ကုန်ပစ္စည်းတွေက တရားမဝင်တဲ့ ကုန်တွေ ဒါမှမဟုတ် ဉပဒေနဲ့ မညီရင် မင်းအတွက် ယူပေးနိုင်တယ်။”

အခြားသူများကလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ကြ၏။ ဖုန်းယွီသည် သူတို့နှင့် အလုပ်တွဲလုပ်နေသ၍ သူတို့သည် တရုတ်မှ ပစ္စည်းများကို ဈေးချိုချိုနှင့် ရမည်ဖြစ်သည့်အတွက် သူတို့အတွက် ပြဿနာ မရှိပေ။

ဖုန်းယွီက အင်တင်တင်ဖြင့် လက်ခံလိုက်ပြီးနောက် လူတိုင်းက ပျော်ရွှင်စွာ သောက်ကြတော့၏။

ထိုလူများ သောက်ပြီးသည့်နောက် ဖုန်းယွီက ကီရီလန်ကိုကို တစ်ဖက်သို့ ဆွဲလိုက်၏။

ကီရီလန်ကို၏ လက်များက ဖုန်းယွီ၏ ပခုံးပေါ်တွင် ရောက်နေသ်။ သူက ဖုန်းယွီကို သူ့မိတ်ဆွေများ ရှေ့တွင် သူ့ကို ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်နေ၏။ ထိုလူများ၏ ဖခင်များက ကီရီလန်ကိုထက် ရာထူးမြင့်သည့် သူများဖြစ်ကာ ထိုလူများက ကီရီလန်ကိုကို နိမ့်ချဆက်ဆံ၏။ သူတို့က တရုတ်ပြည်ကို ကီရီလန်ကိုနှင့် လိုက်လာရသည့် အကြောင်းအရင်းမှာ သူတို့နောက်ကွယ်တွင် ကီရီလန်ကို တစ်ခုခု လုပ်နေသလားဆိုတာ သံသရရှိသည့်အတွက် ဖြစ်၏။

ကီရီလန်ကိုသည် ဖုန်းယွီကို သူအနေဖြင့် ဖုန်းယွီနှင့် အလုပ်တွဲလုပ်ချင်ကြောင်းပြေသည်။ ဖုန်းယွီသာ ရူဘယ်ငါးသိန်းကိစ္စသာ ထွက်လာခဲ့ပါက ကီရီလန်ကိုသည် သူ့ကို ကျန်သည့် ကိစ္စများကို ကိုင်တွယ်ပေးမှာ ဖြစ်သည်။

ဖုန်းယွီက ကီရီလန်ကိုကို အသေအချာကြည့်လိုက်ကာ
“အစ်ကိုလီ ကျွန်တော် စနောက်နေတာ မဟုတ်ဘူး။ ကျွန်တော်မှာ ရူဘယ် ၁သန်း တစ်ကယ်ရှိတယ်။ တကယ်လို့ အစ်ကိုတို့သာ ကျွန်တော်လိုချင်တဲ့ ပစ္စည်းတွေိကို ရနိုင်မယ်ဆိုရင် ကျွန်တော်တို့ မနက်ဖြန်ကျ စာချုပ်ချုပ်ကြတာပေါ့။”

ကီရီလန်ကိုက လန့်သွား၏။ ဖုန်းယွီက ရူဘယ် ၁သန်း ရှိနေတာလား။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset