အခန်း ၄၅
ကုန်တိုက်တွင် ဈေးဝယ်ခြင်း
“ဒီသားရေဆိုဖာ နှစ်ဆက်။ ဒီ ကော်ဖီတင် စားပွဲလည်း နှစ်ဆက်ပဲ။ ဒီနှစ်ယောက်အိပ် ခုတင်ကို ငါ လေးခုယူချင်တယ်။ ငါတို့တွေက ပြည်ပက တင်သွင်းတဲ့ Simmons Mattress ခုတင်တွေပဲ လိုချင်တယ်။ ဒါ့အပြင် ငါတို့တွေ မင်းတို့ရဲ့ အကောင်းဆုံး ရေပူရေအေးစက် နှစ်စုံပေး။ ပန်ဒါနှစ်ကောင် တံဆိပ် ၁၈လက်မ ကာလာတီဗွီနဲ့ ငန်းလေးနှစ်ကောင် အဝတ်လျှော်စက်ကောပဲ။ အောက်ကောမား ရေခံသေတ္တာနှစ်လုံး….”
ဖုန်းယွွီက ပြောလိုက်၏။
ပထမ ကုန်ပဒေသာဆိုင်တွင် ဖုန်းယွီသည် မြင် မြင်သမျှ ပစ္စည်းတွေကို ဝယ်နေပြီး သူသည် ထိုပစ္စည်းများကို ဝယ်သည့် အကြေင်းပြချက်လည်း ရှိပေ၏။ ဥပမာအားဖြင့် ဆိုဖာနှင့် မွေ့ရာက အနားယူရာတွင် သက်တောင့်သက်သာ ဖြစ်စေရန် အတွက် ဖြစ်ကာ စာအုပ်စင်များက စာဖတ်ဖို့နှင့် စာလေ့လာရန်အတွက် ဖြစ်၏။ တီဗီသည်လည်း နိုင်ငံရေးရာ ကိစ္စသတင်းများ ကြည့်ရှုရှန် အတွက်ဖြစ်ကာ အစရှိသဖြင့်….
သို့ပေမဲ့ ဖုန်းယွီက ချမ်းသာ၏။ ထိုပစ္စည်းများက ဈေးကြီးသော်ငြား သို့သော် ထိုဈေးကြီးသည်ကား အိမ်တစ်လုံး ဝယ်ယူခြင်းလောက်တော့ ဈေးကြီးမည် မဟုတ်ချေ။ ထို့အတနွက် ဖုန်းရှင်းထိုက်က ဖုန်းယွီလိုချင်သမျှကို ဝယ်ရန်အတွက် ခွင့်ပြုချက် ချလိုက်ခြင်း ဖြစ်၏။
သူတို့နောက် လိုက်သည့် အရောင်းသမားများက ကြက်သေသေကုန်တော့သည်။ ထိုပစ္စည်း အကုန်လုံးက ဈေးအကြီးဆုံး ပစ္စည်းဝင်များ ဖြစ်သည်။ သာမန်လူ ပုဂ္ဂိုလ်တစ်ယောက်တောင် ထိုပစ္စည်းတစ်ခုကို ဝယ်ရန်အတွက် လပေါင်းများစွာ စုဆောင်းရပေမည်။ ဒီလူငယ်လေးက ပစ္စည်းအမျိုးအစား အများကြီး ဝယ်ရန်တောင် ကောင်းမွန်သည့် အရာ ဖြစ်ပေသည်။ သို့သော် ထိုလူငယ် လိုချင်သည့် အရာများ အာလုံးက နှစ်စုံ ဖြစ်၏။
“လူလေး။ ဒီပစ္စည်းတွေက အကုန်ဈေးကြီးတယ်။ ငါထင်တာကတော့ လူလေး မင်းရဲ့ မိသားစုတွေနဲ့ အရင် ဆွေးနွေးသင့်တယ်။”
အရောင်းစာရေးက ဖုန်းယွီအား သတိပေးလိုက်၏။ သူတို့ မိသားစုက ရွက်မှတက်လာသည့် လူများနှင့် တူပေ၏။ သူတို့တွေက ဒီပစ္စည်းတွေကို ဈေးချိုတယ်လို့ ထင်နေတာလား။
ဖုန်းယွီက အရောင်းစာရေးကို ကြည့်လိုက်ကာ
“မင်တို့ရဲ့ မန်နေဂျာကို ခေါ်လိုက်။ သူ့ကိုပြော ထိုက်ဟွ ကုမ္ပဏီရဲ့ မန်နေဂျာ ဒီကိုရောက်နေတယ်လို့ သူ့ကို ပြောလိုက်။”
ထိုက်ဟွ ကုမ္ပဏီလား။ အရောင်းစာရေးက ခေါင်းရှုပ်သွား၏။ အိမ်သုံးကုန် လျှပ်စစ်ပစ္စည်းရောင်းချသည့် ဌာနက ကြီးကြပ်ရေးမှူးက ဖုန်းယွီကို မြင်ပြီး အရောင်းစာရေးကို မန်နေဂျာကို မြန်မြန် သွားအကြောင်းကြားရန် ပြောလိုက်သည်။ မင်းထိုက်ဟွ ကုမ္ပဏီကို မသိတာလား။ ငါတို့ရဲ့ ရောင်းအား အကောင်းဆုံး လေနှင့်မိုး ပန်ကာက ထိုက်ဟွ ကုမ္ပဏီကလေ။
လဝက်ခန့် အချိန် အတောအတွင်း လေနှင့်မိုး ပန်ကာက ကုန်ပဒေသာဆိုင်အတွက် ယွမ် တစ်သိန်းကျော် အမြတ်ကို ယူပေးခဲ့၏။ ထို့အပြင် ထိုပန်ကာက ရောင်းအားကောင်းနေဆဲ ဖြစ်ကာ အထူးသဖြင့် လူသုံးကုန် လျှပ်စစ်ပစ္စည်း ဌာနတွင် ဖြစ်၏။ ထိုလူငယ်က ကုန်ပဒေသာဆိုင်၏ အထူးဧည့်သည် တစ်ယောက် ဖြစ်သည်။
ဖုန်းရှင်းထိုက်က ဖုန်းယွီ အရောင်းသမားနှင့် အော်ကြီးဟစ်ကျယ် ပြောနေသည်ကို တွေ့သည့်အခါ ဘာဖြစ်နေလဲဆိုတာ သိချင်မိ၏။ ဖုန်းယွီ စကားပြောပြီးသည့်နောက် ဝတ်ကောင်းစားကောင်း ဝတ်ဆင်ထားသည့် လျှောက်လာပြီးနောက် သူတို့ အားလုံးကို မန်နေဂျာရုံးခန်းထဲ ဖိတ်ခေါ်လိုက်တော့၏။
“ရှောင်လီ။ ဘာတွေ ဖြစ်နေတာလဲ။”
ဖုန်းရှင်းထိုက်က တိုးတိုးမေးလိုက်သည်။ သူတို့တွေက ပထမ ကုန်ပဒေသာဆိုင်တွင် လျှောက်ပတ်ကြည့်နေပြိး ရုတ်တရက် သူတို့က ရုံးခန်းထဲ အဖိတ်ခံရပြီး လက်ဖက်ရည် တည်ခင်း ဧည့်ခံ ခံရသည်။
“ရှောင်ယွီက ဒီကုန်ပဒေသာဆိုင်ရဲ့ မန်နေဂျာကို သိတယ်။”
လီရှစ်ချင်က ပြောလိုက်သည်။ သူက ပုံမှန်အတိုင်း ခံစားနေရတာ ဖြစ်သည်။ သူက ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီ၏ ကိုယ်စားလှယ် ဖြစ်ပြိး သူက ကုန်ပဒေသာဆိုင်ကို သွာသည့်အခါ သူ့ကို မန်နေဂျာများက အပြင်ကို ထွက်ကာ လုပ်ငန်းသဘောအရ ဆီးကြိုခြင်း ပြု၏။
“ထိုင်ပြီး လက်ဖက်ရည် သောက်ပါဦး။ ကျွန်တော်ရဲ့ အထူးထုတ် စီးကရက်တွေလည်း စမ်းကြည့်ပါလား။”
မန်နေဂျာက ချိုသာစွာ ပြောလိုက်သည်။ သူက လေနှင့်မိုးပန်ကာကို လွဲပြောင်းအပ်နှံ ရောင်းဝယ်သည့် အမျိုးအစားပေါ်တွင် ရောင်းရသည့်အတွက် နောင်တရနေ၏။ သူသာ ပစ္စည်းများကို တိုက်ရိုက်ပေးချေ ဝယ်ဘူနိုင်ခဲ့ပါက သူတို့က အမြတ်များများ ပိုရမှာ ဖြစ်၏။ သူတို့က မိုးနှင့်လေပန်ကာကို ရောင်းကောင်းမကောင်း စိုးရိမ်သည့်အတွက်သာ ဖြစ်၏။ အကယ်၍ သူတို့သာ လေနှင့် မိုးပန်ကာက ရောင်းအားကောင်းမည်ကို သိခဲ့ပါက လွဲပြောင်းအပ်နှံ စာချုပ်ကို ချုပ်ဆိုခဲ့မည် မဟုတ်ပေ။”
“မန်နေဂျာဖုန်း။ လုံကျန်းပြည်နယ်က ဘင်းမြို့တော်က လွဲပြီး ကျန်တဲ့ မြို့တွေက မင်းရဲ့ ပန်ကာတွေ ရောင်းဖို့အတွက် ဖြန့်ချိသူတွေ ရှိနေပြီး သူတို့ရဲ့ လက်ကားဈေးကလည်း တော်တော် နည်းတယ်လို့ ငါကြားမိတယ်”
ကုန်ပဒေသာဆိုင် မန်နေဂျာက ပြောလိုက်၏။
ကုန်ပဒေသာဆိုင် မန်နေဂျာက ဖုန်းယွီကို မန်နေဂျာဖုန်းဟု ပြောလိုက်သည့် အချိန်တွင် လီရှစ်ချင်မှ လွဲ၍ လူတိုင်းက လန့်ဖြန့်သွားတော့၏။ ထိုကလေးက ဂျူနီယာအထက်တန်း အောင်ရုံသာ ရှိသေးပြီး သူ့ကို ကုန်ပဒေသာဆိုင်က မန်နေဂျာက သူ့ကို မန်နေဂျာဖုန်းလို့ ပြောလိုက်သည်လား။
“ဟုတ်တယ်။ လုံကျန်းပြည်နယ်တင်မကဘူး။ အခြားပြည်နယ်တွေမှာလည်း ဖြန့်ချိန်တဲ့သူတွေ ရှိတယ်။ ဘင်းမြို့တော်က လွဲလို့ပေါ့။ မန်နေဂျာလွီ တစ်ခုခု မှားနေတာများ ရှိလို့လား”
ဖုန်းယွီက မေးလိုက်၏။
“ဟား ဟား ဟား. မန်နေဂျာဖုန်း ကျွန်တော်တို့လည်း ပန်ကာတွေကို လက်ကားဈေးနှုန်းအတိုင်း မရနိုင်ဘူးလား”
မန်နေဂျာလွီက မေးလိုက်၏။
“အင်း အဲ့တာတော့ မဖြစ်နိုင်သေးဘူး။ ကျွန်တော်တို့တွေ ဒီအကြောင်းကို နောက်လကျ ပြောကြတာပေါ့။ ငါတို့တွေ ဒီတစ်လ စာချုပ် ကုန်ဆုံးတဲ့အထိ စောင့်ကြမယ်လေ။”
ဖုန်းယွီက ပြောလိုက်၏။
မန်နေဂျာလွီက နောက်လအထိ မစောင့်ချင်ပေ။ သူပန်ကာများ များများရောင်းရလေလေ ယခု လွဲပြောင်းအပ်နှံ ပုံအရဆို ပိုရှုံးလေလေ ဖြစ်သည်။
“မန်နေဂျာဖုန်း ကျွန်တော်တို့ ထပ်ပြီး ဆွေးနွေးကြရအောင်။ ကျွန်တော်တို့ မင်းဆီကနေ ပန်ကာ များများဝယ်ဖို့ ကတိပေးတယ်။ အခု ၁၀၀၀ဆိုရင်ကော”
မန်နေဂျာလွီကမေးလိုက်၏။ ပထမကုန်ပဒေသာ စတိုးက ဘင်းမြို့တော်တွင် အကြီးဆုံး ဈေးဝယ် ကုန်တိုက် ဖြစ်သည်။ သူတို့တွင် ပြိုက်ဘက်များစွာ ရှိသောငြား မန်နေဂျာလွီက သူ့အနေဖြင့် ယခုနှစ်နွေရာသီတွင် ပန်ကာ အခုရေ ၁၀၀၀ရောင်းနိုင်မည်ကို ယုံကြည်နေ၏။
“မန်နေဂျာလီ ကျွန်တော် ဒီနေ့ လာရတဲ့ အဓိက ရယ်ရွယ်ချက်က ဘာလဲဆိုတော့ ကျွန်တော် အခုလေးတင် အိမ်တစ်လုံး ဝယ်လိုက်တယ်။ ကျွန်တော်က ပရိဘောကအချို့ အိမ်သုံးကုန် ပစ္စည်းအချို့နဲ့ ပြန်လည် ပြင်ဆင်ဖို့အတွက် ပစ္စည်းတွေကို ဝယ်ဖို့ ရောက်လာတာ။”
ဖုန်းယွီက ပြောလိုက်သည်။
“မင်းက ဘာပစ္စည်းတွေ ဝယ်ချင်တာလဲ။ ငါ့ ငါ့ရဲ့ လူတွေကို မင်းအိမ်အရောက်ပို့ပေးပြီး ဆင်ခိုင်းလိုက်မယ်။ ပြန်လည်ပြင်ဆင်ရေး မန်နေဂျာက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။ ငါသူ့ကို ပုဂ္ဂိုလ်ရေးအရ တွေ့လိုက်ပြီး သူ့ကို အကောင်းစား ပစ္စည်းတွေကို ဈေးအနည်းဆုံး ထားပေးဖို့ ပြောလာလိုက်မယ်။ မင်းပြန်လည် ပြင်ဆင်ဖို့အတွက် တစ်ယောက်ယောက် ခေါ်ထားတာ ရှိလား။ မဟုတ်ဘူး။ ငါမင်းကို ကန်ထရိုက်ရအောင် ကူပေးနိုင်တယ်။ ကန်ထရိုက်တာက မင်းရဲ့ အိမ်ကို မြန်မြန်နဲ့ ပြင်ဆင်ပေးနိုင်မယ်လို့ ငါအာမခံတယ်။”
မန်နေဂျာလွီက ပြောလိုက်သည်။
“လွီမန်နေဂျာက အရမ်းရက်ရောနေမှတော့ ကျွန်တော်တို့ စာချုပ်ကိစ္စကို နောက်တစ်ခေါက် ပြန်ဆွေးနွေးကြမယ်။ မနက်ဖြန်ကျ ငါ့ရဲ့ ကုမ္ပဏီကို လာခဲ့။ လက်ကားဈေးကလည်း ဖြန့်ချိသူတွေနဲ့ ဈေးနှုန်းအတူတူပဲ ဖြစ်ရမယ်”
ဖုန်းယွွီက ပြောလိုက်၏။ သူက လက်ကားဈေးကွက်ကို စတင်ကတည်းက လွဲပြောင်းအပ်နှံ စာချုပ်ဖြင့် ချုပ်ဆိုထားသည့် သူများက တိုက်ရိုက်ဝယ်ယူသည့် စနစ်ကို ပြောင်းလိုချင်ကြောင်း ဖုန်းယွွီ သိပြီးသား ဖြစ်သည်။ သူက ထိုနေ့အတွက် ကြိုတင် ပြင်ဆင်ပြီး ဖြစ်ကာ မန်နေဂျာလွီထံမှ အသားယူလိုခြင်းသား ဖြစ်သည်။
ဖုန်းယွီနှင့် မန်နေဂျာလွီ စာချုပ်ကိစ္စကို ဆွေးနွေးနေသည့် အချိန်တွင် ကျန်သည့် သူများက ဖုန်းယွီကို ကြည့်နေကြသည်။ လီရှစ်ချင်၏ မိဘများက ဖုန်းယွီကို အားကျရုံသာ ရှိနေတော့၏။
“ဖုန်းယွီကို ကြည့်လိုက်ပါဦး။ အရမ်းတော်တာပဲ။ ပထမကုန်ပဒေသာဆိုင်က မန်နေဂျာတောင် သူ့ကို ချိုချိုသာသာ ပြောနေရတယ်”
ဖုန်းယွီ၏ မိဘများက ဂုဏ်ယူနေကြ၏။
နောက်တစ်နာရီခန့် ကြာပြိးနောက် လူတိုင်းက တိတ်တိတ်နေပြီး ဖုန်းယွီ၏ ဈေးဝယ်ချင်းကို အကြံမပေးတော့ချေ။ ဖုန်းယွီ၏ စကားအရဆို ပိုက်ဆံဆိုတာ သုံးဖို့အတွက် ဖြစ်သည်။ သူတို့ တစ်ခုခု ဝယ်ချင်ပါက အကောင်းဆုံးကို ဝယ်မှာ ဖြစ်သည်။ ထို့အပြင် ဖုန်းယွီက အားလုံးကို ဝယ်ပေးမည် ဖြစ်သည်။
ဖုန်းယွီက သူ့မိဘများကို ဘင်းမြို့တော်တွင် နေပြီး လယ်တောကို မပြန်ရန် ကြိုးစားနားချခဲ့သည်။ သူတို့က နေရာ သေးသေးလေးသာ ရှိပြီး ထိုနေရာက အဓိပ္ပာမယ်မရှိသည့်နေရာ ဖြစ်သည်။ သူတို့၏ သားက အခု ချမ်းသာနေပြီး ဖြစ်သည်။ သူတို့မိသားစုက ဘဝကို အိမ်တွင်သာ ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းသင့်ပေသည်။ ဖုန်းယွီသည် သူ့အမေ၏ ဟင်းချက်လက်ရာကို အရမ်းသတိရနေပြီ ဖြစ်သည်။
ကံဆိုးချင်တော့ ဖုန်းယွီ၏ မိဘများက ငြင်းပယ်လိုက်ကြသည်။ သူတို့က မြိုနှင့် နေသား မကျသေးကာ မြို့ပေါ်တွင် သူတို့ သူငယ်ချင်းများလည်း မရှိသည့်အတွက် ဖြစ်၏။ ထို့ကြောင့် ဖုန်းယွီသည် ရွာတွင် သူတို့အတွက် အိမ်အသစ် တစ်လုံးဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဖုန်းယွွီ၏ မိဘများ ပြန်သွားသည့်အခါ သူတို့ကို ဂျစ်ကားယူသွား၏။ လယ်တောတွင် လမ်းက မကောင်းပေ။ ထို့ကြောင့် ဂျစ်ကားသာ သူတို့အတွက် လယ်တောတွင် မောင်းရန်အတွက် အသင့်လျော်ဆုံး ဖြစ်၏။ ထို့အပြင် ဂျစ်ကားကို သိုလှောင်ရုံထဲတွင်သာ ထားပြီး seldomကိုတော့ သုံ၏။
ဂျစ်ကားနောက်တွင် ပို့ဆောင်ရေး ထရပ်ကားတစ်စီးဖြစ်သည်။ ဖုန်းယွီက သူတို့၏ လယ်တောအိမ်အတွက် အိမ်သုံးပစ္စည်းများကို ဝယ်ပေးလိုက်သည့် အတွက် ဖြစ်သည်။ သူ့မိဘများက ပိုက်ဆံများများ သုံးသည်ကို ဆိုသော်လည်း သူတို့၏ မျက်နှာထက်တွင် အပြုံးမျက်နှာများ ရှိနေကြ၏။
___________
ထိုခေတ်အခါက ပြန်လည် ပြင်ဆင်ရေး ကုမ္ပဏီ အကြီးစားမျာဂ မရှိ။ ဖုန်းယွီသည် ကုမ္ပဏီ သေးသေးလေးများကိုလည်း မယုံကြည်ရဲပေ။ ထို့ကြောင့် ဖုန်းယွီသည် ကျွမ်းကျင် ပြန်လည်ပြင်ဆင်ရေး အတွေ့အကြုံရှိသည့် အလုပ်သမားများကို သူ့ဘာသာသူ ဌားပြီးနောက် ပြန်လည်ပြင်ဆင်မှုကို ပြန်လည်ပြင်ဆင်မှုကို ကြပ်မတ်၏။ နံရံများကို သုတ်လိုက်ပြီး ကြမ်းခင်းများကိုလည်း ချိန်းလိုက်သည်။ အိမ်သာခွက်များနှင့် ရေချိုးကန်များ အစရှိသည်ကို တပ်ဆင်လိုက်သည်။ ပြန်လည်ပြင်ဆင် စရိတ်သာလျှင် တစ်ခန်းကို ယွမ် ၁၀၀,၀၀၀ကျော် ကျသွားသည်။ အလုပ်သမားလုပ်အားခများ မပါသေးပေ။ ဖုန်းယွွီသည် သူ့မိသားစုကို ပြန်မပြောပေ။ သူတို့အတွေးတွင် ယွမ် ၁၀,၀၀၀မှ ၂၀,၀၀၀လောက်သာ ကုန်ကျမည်ဟု တွေးခဲ့၏။
သူ့အရင်ဘဝက အိမ်တန်ဖိုးထက် ပြန်လည်ပြင်ဆင်စရိတ်များသည်ကို တွေ့ခဲ့ဖူးသည်။ နောက်ထပ်နှစ်နှစ်တွင် ဖုန်းယွီသည် အိမ်ကို တဖန် ပြန်လည်ပြင်ဆင်လို၏။
အလုပ်သမားများက အလွန်ကျွမ်းကျင်ကြသည်။ ပြန်လည်ပြင်ဆင်မှုက ရက်အနည်းငယ်အတွင်း ပြီးသွားသည်။ ပြန်လည်ပြင်ဆင်မှု ပြီးသွားပြီးနောက် ဖုန်းယွီက ပထမ ကုန်ပဒေသာဆိုင်ကို ဖုန်းဆက်ကာ ပရိဘောကများနှင့် အိမ်သုံးပစ္စည်းများကို လှမ်းပို့ခိုင်းလိုက်တော့၏။
အရာအားလုံး ပြီးဆီးသွားသည့် အခါဖုန်းယွီက သားရေဆိုဖာပေါ်တွင်ထိုင်ကာ သူ၏ အသစ်ပြန်လည် မွမ်းမံဖထားသည့် ခေတ်မှီသည့် အိမ်ကို ကြည့်လိုက်တော့သည်။ ထိုဒီဇိုင်းက သူ့မှတ်ဉာဏ်ထဲရှိ အခန်းအတိုင်းပင် ဖြစ်သည်။ နောက်ဆုံး ဖုန်းယွီ အိမ်ကို ပြန်အမှတ်ရနိုင်ပြီ ဖြစ်သည်။
အခုတလော ကျွန်တော်တို့ဖက်မှ မီးခဏခဏ ပျက်နေလို့ပါ။ နောက်ကျသွားရင် စိတ်မရှိပါနဲ့ဗျ။