FY အခန်း ၃၉

အခန်း ၃၉

အထက်စီးဆန်သော လူငယ်လေးများ

ပြီးခဲ့သည့် သုံးရက်က ပန်ကာရောင်းအား ကောင်း၏။ နေ့တိုင်း အနည်းဆုံး ပန်ကာ အခု ၁၀၀ရောင်းရပြီး ရောင်းရသည့်အရေအတွက်သည်လည်း တိုးနေဆဲ ဖြစ်၏။ လမ်းမထက်တွင် လူများက လေနှင့်မိုး ပန်ကာအကြောင်းဖြစ်၏။ တစ်ယောက်ယောက်၏ သား သို့မဟုတ် သမီးတစ်ယောက်က လျှပ်စစ်ပန်ကာကို မိသားစုအတွက် ဝယ်ခဲ့သည်မှ စပြီး စကားဝိုင်း ဖြစ်သွား၏။ ထိုစကားဝိုင်းက အတိတ်က ကာလာတီပွီကြီးများနှင့် တူ၏။

မန်နေဂျာစုသည် ဖုန်းခေါ်ပြီး ဖြစ်ကာ ပန်ကာ အခု၂၀၀ အော်ဒါထပ်တင်လိုက်၏။ ကုန်ပဒေသာဆိုင်များက စောစောပိတ်ကြသည့်အတွက် လူများက သူတို့၏ အလုပ်ချိန်ကြောင့် ထိုနေရာများကို မသွားနိုင်ကြပေ။ သို့သော် သမဝါယမများကတော့ ထူးခြား၏။ သူတို့က ည၈နာရီမှသာ ဆိုင်ပိတ်၏။ အလုပ်သွားသည့် သူများက အလုပ်မှ အပြန်မှ သမဝါယမ ဆိုင်များကို သွားကြသည်။ ထို့ကြောင့် လေနှင့် မိုးပန်ကာများ၏ ရောင်းအား အမြင့်ဆုံးက သမဝါယမ ဆိုင်များ ဖြစ်ကြ၏။

ပြီးခဲ့သည့် ရက်များက မန်နေဂျာစုသည် ထိုပန်ကာများကို ယူထားသည့်အတွက် ယွမ် ၁၀,၀၀၀အားကို စရန်ငွေ ပေးထားရသည့်အတွက် နောင်တရနေ၏။ ထိုကုန်ပစ္စည်းများကို ကြိုတင် ယူထားခြင်းက ကုန်ပစ္စည်းများကို ဝယ်ယူထားခြင်းထက် ပိုပြီး စိတ်ချရပြီး စွန့်စားရန် မလိုသော်ငြား စရန်ငွေ ယွမ် ၁၀,၀၀၀ကို သော့ခတ်သိမ်းခံထားရသလိုပင်။

ယခုအချိန်တွင် မန်နေဂျာစုက ထိုအကြောင်းကို အများကြီး မတွေးတော့ပေ။ ရက်အနည်းငယ်သာ ကြာသေးသော်လည်း နွေရာသီ၏ အပူဆုံးအချိန်ကို ရောက်လာတော့မည် ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ပန်ကာ ရောင်းဈေးကလည်း လွန်ခဲ့သည့် ရက်များနှင့် ယှဉ်လျှင် ရောင်းလား ကောင်းနေပြီ ဖြစ်၏။ စွန့်စားရန် မလို၊ ပန်ကာများ ရောင်းအားကောင်းကတည်းက ဘာကြောင့် ပန်ကာ များများ မယူထားဘဲ နေမည်နည်း။

သမဝါယမများအပြင် ကုန်ပဒေသာဆိုင်ကြီးများကလည်း ပန်ကာများကို အော်ဒါများများထပ်တင်ကြတော့သည်။ ရုံးပိတ်ရက်များက မရောက်သေးပေ။ သူတို့ ဆိုင်များတွင် ရုံးပိတ်ရက်များတွင် ပစ္စည်းများ ကုန်သွားသည့်အတွက် ဖြစ်သည်။ ယခုအချိန်တွင် ကုန်ပဒေသာဆိုင်များတွင် ရောင်းရသည့် ပန်ကာမှာ မိုးနှင့်လေ ပန်ကာပင် ဖြစ်၏။ အခြားတံဆိပ် ပန်ကာများက လုံးဝ မရောင်းရပေ။ လူတိုင်း၏ နှုတ်ဖျားတွင်လည်း လေနှင့်မိုးပန်ကာအကြောင်းသာ ပြောနေကြတော့သည်။

စက်ပစ္စည်းစက်ရုံတွင် ထုတ်လုပ်ပြီး ဈေးချိုသည် ဖက်ရှင်ကျသည် ပေါ့သည် သက်တောင့်သက်သာ ဖြစ်ပြီး လုံခြုံ၏။ ပထမ ကုန်ပဒေသာစတိုးကြီးက သူတို့ ကုန်ပဒေသာဆိုင်ကြီး၏ အပြင်ဘက်တွင် ကြီးမားသည့် ကြော်ငြာကိုတောင် ထိုပန်ကာများကို ရောင်းချကြောင်း ချိတ်ဆွဲထား၏။

တဖန်ပြန်ပြီး ဖုန်းယွီက သူ့ဝန်ထမ်းများကို သိုလှောင်ရုံအတွင်း စောင့်စေ၏။ ပထမဆုံး သူတို့က လေနှင့်မိုးပန်ကာ အောင်မြင်မှုအတွက် ဂုဏ်ပြုကြ၏။ လူတိုင်းက ဒီရက်ပိုင်းအတွင်း အလုပ်ကြိုးစားခဲံကြ၏။ ဖုန်းယွီသည် သူတို့ တစ်ယောက်ချင်းဆီကို အထူးဘောနပ်အဖြစ် ယွမ် ၂၀ဆီ ဆုချ၏။ ဒုတိယအနေဖြင့် ဖုန်းယွီသည် သူတို့ကို ဝယ်သူများကို မည်သို့ ပြန်ထိန်းချုပ်ရမလဲကို သင်ကြားပေးရန် ဖြစ်၏။

“ရှောင်ယွီ ငါတို့တွေက ဒီလို အပြုအမူတွေနဲ့ တယ်ယူသူတွေကို ဆက်ဆံရင်တောင် သူတို့က ငါတို့ရဲ့ ပန်ကာတွေကို ဝယ်ချင်တယ် ဆိုရင်ကော”
လီရှစ်ချင်က မျက်မှောင်ကျုံ့လိုက်၏။ ဖုန်းယွီပြောသည့်အရာကား အဓိပ္ပာယ် မရှိ၍ ဖြစ်၏။

လူတိုင်းက ဘောနပ်ရ၍ ဝမ်းသာနေကြသည်။ သို့သော် သူတို့က ဖုန်းယွီပြောသည့်အတိုင်း ဝယ်သူများကို မဆက်ဆံချင်ပေ။ ထိုအရာက လူတိုင်းကို လက်မခံနိုင် ဖြစ်စေ၏။ ဖုန်းယွီက သူတို့ကို ပြောထားသည်ကား ဝယ်သူ လာသည့်အခါ သူတို့ကို ရယ်ပြဖို့ မလိုဘူး၊ ဟာသ လုပ်ဖို့ မလိုဘူး၊ သူတို့ကို လက်ဖက်ရည် သို့မဟုတ် စီးကရက်တောင် တည်ခင်းခွင့် မပြုရပေ။ သူတို့က သည်းမခံသည့်ပုံ လုပ်ရမည့် အပြင် ဝယ်သူ ဝယ်ဝယ် မဝယ်ဝယ် စောက်ဖက် မလုပ်ရပေ။

လေနှင့် မိုးပန်ကာသည် ဘင်းမြို့တော်တွင်သာ နာမည်ကြီးသေး၏။ ဖုန်းယွီသည် ဘင်းမြို့တော် ပြင်ပကို ဖြန့်ဖြူးရန် လမ်းကြောင်းများကို လုပ်ရန်အတွက် အချိန်နှင့် အင်အား မရှိပေ။ သို့သော် ဖုန်းယွီက အချို့သော ထူးချွန်ထက်မြက်သည့် စီးပွားရေး သမားများက သူကို လာတွေ့မည် ဖြစ်ကြောင်း သိ၏။ လေနှင့် မိုးပန်ကာ၏ တံဆိပ်မှာ ဘင်းမြို့တော်တွင် နာမည် အလွန်ကြီးလာခဲ့တော့၏။

ယခုအချိန်တွင် ဝယ်လိုအားက များနေကာ ဈေးကွက်တွင် လေနှင့် မိုးပန်ကာများ ပစ္စည်းပြက်လက်သည်အထိ ဖြစ်နေ၏။ သေချာသည်မှာ များစွာသော စီးပွားရေး သမားများက ပန်ကာများကို လက်ကားဈေးဖြင့် လိုချင်နေကြသည်။ ဖုန်းယွီသည် ပန်ကာ ကောင်းကောင်း မရောင်းရမှာ စိတ်မပူပေ။

ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံကိုလည်း သတိထားနေ၏။ သူသည် ဝူကျီကျန်းကို ဒါရိုက်တာကျောက်ကို မေးထားခိုင်း၏။ အချို့သော လူများက ညံတဲ့ ပစ္စည်းများ ထုတ်လုပ်နေသည့် စက်ရုံများကို လျော်ကြေးအဖြစ် တောင်းနေသည့် ကောလဟာလ အကြောင်းများကို မေးခိုင်းထား၏။

ဒါရိုက်တာ ကျောက်က ချက်ချင်းဆိုသလို ဒီကိစ္စအား ဒါရိုက်တာလီဆီ တင်ပြလိုက်သည်။ ဒါလိုက်တာလီသည် စက်ရုံအနေဖြင့် လေနှင့်မိုးပန်ကာနှင့် ပတ်သတ်ပြီး မည့်သည့်အရာမျှ လက်မခံကြောင်းနှင့် စက်ရုံအနေဖြင့် သူတို့၏ သိုလှောင်ရုံကိုသာ ထိုက်ဟွ ကုမ္ပဏီကို ငှားထားကြောင်း ကြေညာချက် ထုတ်လိုက်၏။

အချို့သော စီးပွားရေးသများက စက်ရုံကို သူတို့အနေဖြင့် ထုတ်လုပ်သည့် နေရာမှ ပစ္စည်းများကို ရချင်သည့်အတွက် ဖြစ်သည်။ သို့သော် သူတို့ အားလုံး စက်ပစ္စည်းစက်ရုံ၏ ငြင်းဆိုခြင်းကို ခံလိုက်ရသည်။ စက်ပစ္စည်းစက်ရုံက “လေနှင့် မိုးပန်ကာကို မထုတ်လုပ်ဘူး”ဟု ငြင်းဆို၏။ စက်ပစ္စည်းစက်ရုံက ပန်ကာများကို ထုတ်လုပ်သည်ဟု မရမက တောင်းဆိုသည့် သူများကို စက်ရုံ၏ လုံခြုံရေးများက ဖယ်ရှားရ၏။

ထိုစီးပွားရေးသမားများက ရွေးချယ်စရာ မရှိဘဲ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီကို သွားရုံသာ ရှိတော့၏။

စီးပွားရေး သမားများက ထိုက်ဟွ ကုန်သိုလှောင်ရုံကိုဝင်သွားသည့်အခါ သူတို့က မျက်မှောင် ကျုံ့ကြတော့၏။ အကြောင်းမှာ သိုလှောင်ရုံ၏ လုံခြုံရေးကြောင့် မဟုတ်ပေ။ ထို စီးပွားရေး သမားများက တောင်ပိုင်းမှ ဖြစ်ကြပြီး သူတို့အနေဖြင့် ကုမ္ပဏီက ရွာထဲတွင် ရှိနေလျှင်တောင် သွားမည် ဖြစ်၏။ သူတို့ မျက်မှောင်ကျုံ့ရသည့် အကြောင်းအရင်းမှာ သိုလှောင်ရုံတွင် ရှိသည့် လက်ကျန် အရေအတွက်ကြောင့် ဖြစ်၏။ သိုလှောင်ရုံတွင် ပန်ကာ ရာဂဏန်းသာ ကျန်တော့၏။ ထိုအဓိပ္ပာယ်ကား ထိုက်ဟွ ကုမ္ပဏီလည်း လက်ကျန်ကို ကန့်သတ်ထားသလား။

“ခွင့်ပြုပါ။ ဒါက ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီလား။ လေနှင့် မိုးပန်ကာက မင်းတို့ ကုမ္ပဏီကလား။”

ကျန်ရွေ့ခွင့် ရှန်းမြို့တော်မှ စီးပွားရေး သမားက ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်၏။

“မင်းက ဘယ်သူလဲ။ လေနှင့်မိုး ပန်ကာက ငါတို့ ကုမ္ပဏီက။ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ”

ဝူကျီကန်းက မေးလိုက်၏။

ကျန်းရွေ့ခွင့်က လန့်သွား၏။ ဒီတစ်ယောက် တစ်ခုခုများ မှားတာ မဟုတ်ပေ။ သို့သော် ကျန်းရွေ့ခွင့်က ဝူကျီကန်း၏ အပြုအမူကို သည်းခံခဲ့သည်။ အကြောင်းမှာ သူက ပိုက်ဆံ ရှာချင်သေးသည့်အတွက် ဖြစ်သည်။

“ဒါက ကျွန်တော်ရဲ့ လိပ်စာကဒ် ကျွန်တော်က ကျင်းယွမ် ကုန်သွယ်ရေး ကုမ္ပဏီက အထွေထွေ မန်နေဂျာပါ ငါက မင်းတို့ရဲ့ မန်နေဂျာနဲ့ စကားပြောချင်ပါတယ်။”

ကျန်းရွေ့ခွင့်က ပြောလိုက်၏။

“အခုငါတို့ရဲ့ သူဌေးက မအားသေးဘူး အလုပ်ရှုပ်နေတယ်။ မင်းကို တွေ့နိုင်မှာ မဟုတ်ဘူး။ ထွက်သွားတော့”

ဝူကျီကန်းက ရိုင်းရိုင်းပြပြ ပြုမူ ဆက်ဆံလိုက်၏။

ကျန်းရွေ့ခွင့်က ပြောစရာ စကားမဲ့သွားကာ သူ့ကိုယ်သူ ပြန်တွေးလိုက်၏။

“သူ ငါပြောတာကို မကြားတာများလား။ ငါက ဒီကို သူ့သူဌေးနဲ့ ဆွေးနွေးဖို့ လာတာလေ။ မင်းရဲ့ သူဌေး ဝယ်သူအပေါ်ကို ဒီလိုအပြုအမူလုပ်တာကို မင်းသူဌေးသိသွားမှာ မကြောက်ဘူးလား။ မင်းသာ ငါ့ရဲ့ ကုမ္ပဏီကဆို အရင်ကတည်းက အလုပ်ဖြုတ်ပြီးပြီ။ ငါမင်းသူဌေးကို တွေ့ပြီးတဲ့ အထိ စောင့်ဦးပေါ့။”

ကျန်းရွေ့ခွင့်က တစ်ချိန်ထဲတွင် သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။ သူက ပျော်ရွှင်မှု နှစ်ဆ စီးကရက်ကို ထုတ်လိုက်ကာ ဝူကျီကန်းကို တစ်လိပ်လှမ်းလိုက်ကာ

“ညီအစ်ကို စီးကရက် တစ်လိပ် သောက်ဦးမလား”

“သွားသွား သိုလှောင်ရုံထဲမှာ ဆေးလိပ် မသောက်ရဘူးဆိုတာ မသိဘူးလား။”

ဝူကျီကန်းက ငေါက်လိုက်၏။

ကျန်းရွေ့ခွင့်က ရပ်လိုက်ကာ စီးကရက် တစ်ဘူးလုံးကို ဝူကျီကန်းကို ပေးလိုက်ပြီးနောက်

“ညီအစ်ကို စိတ်မဆိုးပါနဲ့ကွာ။ ဒါတွေ အကုန်လုံးက ငါ့အမှားပါ ဒီတစ်ဘူးကို သိမ်းထားလိုက် နောက်မှ သောက်လိုက်။ ငါလေ ဒီကို လာတယ်ဆိုတာက မင်းရဲ့ သူဌေးနဲ့ လေနှင့် မိုးပန်ကာ အကြောင်း ပြောမလို့။ ငါ ပန်ကာ အချို့ကို ပြန်ရင် ဝယ်သွားချင်တယ်။”

ဝူကျီကန်းက စီးကရက်ဘူးကို သူ့အိပ်ကပ်ထဲ ထည့်လိုက်ကာ ပြီးနောက် ကျန်းရွေ့ခွင့်ကို ကြည့်ကာ ပြောလိုက်၏။

“မင်းတကယ် ငါတို့ရဲ့ ပန်ကာကို လိုချင်တာလား။ ဘာကြောင့် စောစောကမလာတာလဲ”

ကျန်းရွေ့ခွင့်က ငိုချင်သလို ဖြစ်သွားတော့သည်။ သူ့အတွေးတွင်

‘ငါက ပြောချင်နေတာလေ။ ဒါပေမဲ့ မင်းက ငါ့ကို ပြောဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူးမလား။’

ကျန်းရွေ့ခွင့်က ပြုံးသာ ပြုံးနိုင်တော့ကာ ခေါင်းညိတ်ပြီး

“ဟုတ်တယ် ဟုတ်တယ် ဒါတွေ အကုန်လုံးက ငါ့ရဲ့ အမှားပဲ။ ငါ မင်းကို ပြောဖို့မေ့သွားတယ်”

ဝူကျီကန်းက “သူ့၏ အမှားပါဆိုသည့် အမှားများကို ကြားပြီးနောက်” သွင်ပြင်က ပြောင်းသွားကာ ဖြည်းဖြည်းချင်း မေးလိုက်၏။

“ဒါဆို မင်းကို ဘယ်လောက် ရောင်းဖို့ အပ်လို့ ရမလဲ။”

“ရောင်းဖို့ အပ်နှံမှာလား။”

ကျန်းရွေ့ခွင့်က မယုံသင်္ကာ ဖြစ်သွားကာ

“ဘာ အပ်နှံခွင့်လဲ။ ငါက ပန်ကာ အသုတ် တစ်သုတ်ကို ပေးချေသွားပြီး ပန်ကာတွေကို ရှန်းမြို့တော်မှာ သွားရောင်းမှာလေ။”

“ဝယ်မှာလား။ ငါတို့မှာ ဒီလိုပန်ကာမျိုး မရှိဘူး။ ငါတို့က ရောင်းဖို့ အပ်နှံတာပဲ ရှိတယ်။ ငါတို့မှာ ငါတို့ ကိုယ်တိုင် ရောင်းဖို့အတွက် ပန်ကာ အများကြီး မကျန်ဘူး။”

ဝူကျီကျန်းက ပြောပြီးနောက် လက်ယမ်းလိုက်သည်။ ထို့နောက် သူသည် သူ့အလုပ်လုပ်ရန်အတွက် ပြန်သွားတော့သည်။

ကျန်းရွေ့ခွင့်က ဝူကျီကန်းကို ဆွဲကာ

“ညီအကို ညီအကို မင်းက ကုမ္ပဏီမှာ အမြင့်ပိုင်း ရာထူး ယူထားတယ်ဆိုတာ ငါသိပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါ။ အခု တစ်ထောင် ဝယ်မယ်ကွာ ငါမင်းကို တစ်ခုအတွက် ၁ယွမ် အပိုပေးမယ်။”

ဝူကျီကျန်း၏ ကျန်းရွေ့ခွင့်၏ လက်ကို ရိုက်ချလိုက်ပြီး သိုလှောင်ရုံ တံခါးကို ညွှန်ပြလိုက်ကာ

“မင်းငါ့ကို လာဘ်လာထိုးနေတာပဲ။ ထွက်သွားလိုက်”

“ညီအကို ၁ယွမ်က နည်းတယ်ထင်ရင်လည်း ငါတို့တွေ ဘယ်လောက်လဲဆိုတာ ဆွေးနွေးလို့ ရပါတယ်”

ကျန်းရွေ့ခွင့်က အသနား ခံနေ၏။

“ထွက်သွား”

ဝူကျီကန်းက အော်လိုက်၏။

“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ အကုန်လုံး ငါ့အမှားပါ။ လာဘ်ထိုးတယ်လို့ ဆိုချင်လည်း ရပါတယ်။ ဒါပေမဲ့ တောင်ပိုင်းကတော့ ဒီအတိုင်းပဲ။ ညီအကို မင်းရဲ့ သူဌေးကို ငါ့ကို ပန်ကာရောင်းပေးဖို့ ပြောပေးပါလား။ ငါတို့တွေ ဈေးကို ဆွေးနွေးကြမယ်လေ။ ငါက တစ်ခုကို ၃၅ယူနစ်ပေးပါမယ်။”

ကျန်းရွေ့ခွင်က ပြောလိုက်၏။

ကျန်းရွေ့ခွင်က တွက်ပြီးသွားဖြစ်သည်။ လျှပ်စစ်ပန်ကာ တစ်ခု၏ ထုတ်လုပ်စရိတ်က ယွမ် ၃၀ခန့်သာ ရှိမည် ဖြစ်သည်။ ထိုဈေးနှုန်းက ပန်ကာ၏ ကြီးမားသည့် ပမာဏ(စီးပွားရေး ပမာဏ)ထက်တောင် နည်းပေသေးသည်။ သူ ထိုက်ဟွ ကုန်သွယ်ရေးကုမ္ပဏီကို ပေးနိုင်မည့် ဈေးနှုန်းက ပန်ကာ တစ်ခုအတွက် ၅ယွမ် ဖြစ်၏။ အဓိပ္ပာယ်က ပန်ကာ ၁၀၀၀ခုအတွက် စုစုပေါင်း အမြတ် ၅၀၀၀ရမည် ဖြစ်၏။

သေချာသည်မှာ သူသည် ထိုပန်ကာများကို ရှန်းမြို့တော်ကို ပြန်သယ်သွားပြီး သူက တစ်ခုကို ယွမ် ၅၀ သို့မဟုတ် ၆၀ဖြင့် ရောင်းပေလိမ့်မည်။ သူသည် ပန်ကာ တစ်ခု ရောင်းတိုင်း ၁၀ယွမ် အမြတ်ရမည် ဖြစ်၏။

“၃၅ယွမ်လား။ အဲ့ပမာဏက ထုတ်လုပ်စရိတ်တောင် မကာမိဘူး။ မော်ဒယ်အသေးအတွက် ကုန်ကျငွေက ယွမ် ၄၀လောက် ရှိတယ်။ ပြီးတော့ ကြီးတဲ့ မော်ဒယ်အတွက်က ယွမ် ၅၀လောက် ရှိတယ်။ တကယ်လို့ မင်းက တကယ် ရိုးသားမှု ရှိရင်တော့ ငါမင်းကို သတင်းအချို့ပေးမယ်။ မင်းတကယ် ဝယ်ချင်ရင် မနက်ဖြန် မနက် ၁၀နာရီကျ ဒီကို ထပ်လာခဲ့။ တော်ပြီ ဒီနေ့အတွက် ပြောတာ ဒီလောက်ပဲ။ ငါမှာ လုပ်စရာတွေ ရှိသေးတယ်။ နှုတ်ဆက်ပါတယ်”

ဝူကျီကန်းက ပြောလိုက်၏။

ကျန်းရွေ့ခွင့်က ထွက်သွားသည်။ သူသည် သူ့သူငယ်ချင်းများထံမှ ပိုက်ဆံများကို သူ့သူငယ်ချင်းများထံမှ စုဆောင်းရန် ရှိသေး၏။ သူသည် မနက်ဖြန်တွင် သူဌေးနှင့် တွေ့ပြီး ပန်ကာများ ရမည်မှာ အသေအချာပင် ဖြစ်၏။ သူ့အနေဖြင့်လည်း ထိုပန်ကာများက ဘင်းမြို့တော်ကဲ့သို့ပင် ရှန်းမြို့တော်တွင်လည်း အရောင်းသွက်နိုင်ကြောင်း ပြောနိုင်ပေ၏။

ထိုအပြုအမူက လူ ၁၀ယောက်ထက် မနည်း ဖြစ်ပွားခဲ့သည်။ သူတို့လာတိုင်း ဝန်ထမ်းတိုင်းက ကျန်းရွေ့ခွင်အတိုင်း ပြုမူ ဆက်ဆံပြီး သတင်းအချို့ ပေးလိုက်ကြသည်။ သူတို့ အားလုံးက နောက်နေ့မနက် ၁၀နာရီတွင် သူဌေးနှင့် လူခြင်းတွေ့ ပြောရန် ရောက်လာကြမည် ဖြစ်၏။

တခြားတစ်ဖက်တွင် ဖုန်းယွီက စက်ပစ္စည်းစက်ရုံရှိ ဒါရိုက်တာလီ၏ ရုံးခန်းတွင် ရှိနေ၏။

စာရေးသူ မှတ်စု- ထိုခေတ်အခါက တောင်ပိုင်းရှိ ပြည်နယ်များ အထူးသဖြင့် ကမ်းရိုးတန်း ဒေသများတွင် စီးပွားရေးသမား အများအပြား ရှိသည်။။ ထိုစီးပွားရေး သမားများက အလွန်တော်ကြပြီး ကုန်ပစ္စည်းများကို ကုန်ကူးရန်အတွက် သာ ကြည့်နေကြသည်။ သူတို့၏ ကံတရားက ကုန်သွယ်ရေးအပေါ် မူတည်နေ၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset