FY အခန်း ၃၃

အခန်း ၃၃

အဲ့တာလား

ထမင်းတစ်နပ်ဖြင့် သူ့ပြဿနာများ ပြေလည်သွား၏။ ညစာစားပြီးနောက် ဖုန်းယွီသည် ယခုနှစ် တရုတ်နိုင်ငံနှင့် ဆိုဗီယက် ပြည်ထောင်စုကြား ကုန်သွယ်မှု အမြင့်ဆုံး ရောက်မည့် နှစ်ဖြစ်ကြောင်း သတိရသွားသည်။ ဖုန်းယွီ အကူမတောင်းလျှင်တောင် နိုင်ငံခေါင်းဆောင်များက ပြောပြီးသား ဖြစ်သည့်အတွက် သူသည် ခွင့်ပြု့မိန့်ကို သေချာပေါက် ရနိုင်ပေ၏။

အချက်အလက်များအရ လုံကျန်းပြည်နယ်နှင့် ဆိုဗီယက် ပြည်ထောင်စုကြား ကုန်သွယ်ရေးသည် မည်သည့်အခါမှ မရပ်စဲပေ။ ဆိုင်နို(တရုတ်)-ဆိုဗီယက် သံတမန်ရေး တင်းမာသည့် အချိန်တွင်တောင် မှောင်ခိုလုပ်ငန်း အနည်းငယ် ရှိနေဆဲ ဖြစ်သည်။

ဆောင်းရာသီတွင် မြစ်များ ရေခဲနေသည့် အချိန်တွင် ဆိုဗီယက် ပြည်ထောင်စုကို ထရပ်ကားနှင့် သွားနိုင်ပေသည်။ နှစ်နိုင်ငံစလုံး၏ ဆက်ဆံရေး ကောင်းမွန်သည့်အခါ နယ်စပ် စစ်ဆေးရေးဂိတ် အချို့ ရှိသည်။ သို့သော် ထိုဂိတ်များက လုပ်ငန်းအရသာ ဖြစ်၏။

Lada နှင့် Volgaကားများသာ ကြည့်နိုင်သည်။ ဟေးလုံကျင်းတွင် Ladaနှင့် Volgaကားများ အရေအတွက်က တရုတ် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး ဖြစ်သည်။ ဟေးလုံကျင်းရှိ Ladaနှင့် Volgaကားများသည် တရုတ်နိုင်ငံ၏ ပြည်ပမှ တင်သွင်းသည့် ကားများ စုစုပေါင်းထက်တောင် များနေသေးသည်။

နောက်တစ်နေ့ မနက်တွင် ဖုန်းယွီသည် နိုင်ငံခြား ကုန်သွယ်ရေးဌာနကို ကားမောင်းသွားသည်။ နိုင်ငံခြား ကုန်သွယ်ရေးရုံးသည် စုပေါင်းရုံး အဆောက်အဦးထဲတွင် ရှိတာ ဖြစ်သည်။ အခြား ဌာနများတွင် လူများစွာ ရှိသော်လည်း နိုင်ငံခြား ကုန်သွယ်ရေးဌာနတွင် ခြောက်ကပ်နေ၏။ ထိုအရာက ဌာနအကြီးအကဲလီသည် အလုပ် ကောင်းကောင်းမလုပ်ဟု ထင်နိုင်ပေသည်။

ဖုန်းယွီ တံခါးခေါက်လိုက်သည့်အခါ လူတစ်ယောက်ထွက်လာခဲ့သည်။ ဖုန်းယွီသည် သူ၏ ဖိတ်ကြားချက်အကြောင်း ရှင်းပြပြီး အထဲသို့ ဝင်ရန် ဖိတ်လိုက်သည်။

ဌာနအကြီးအကဲလီသည် စာရွက်များကိုသာ ဖတ်နေပြီး ဖုန်းယွီကို လစ်လျူရှုထားသည်။ ထိုအပြုအမူသည် အထက်အရာရှိများက သူတို့၏ အာဏာကို သာမန်လူများကို ပြသည့် နည်းလမ်းဖြစ်ပေ၏။ သို့သော် ထိုအရာက အခြားသူများ အတွက်သာ ဖြစ်ပြီး ဖုန်းယွီအတွက် မဟုတ်ပေ။

ဌာန အကြီးအကဲလီသည် ခေါင်းအနည်းငယ် မော့ကာ ဖုန်းယွွီကိုကြည့်လိုက်သည်။ ဖုန်းယွီသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ကာ ခြေထောက်ချိတ်ထားသည်။ ဌာန အကြီးအကဲလီက သူ့ကိုယ်သူ ပြန်တွေးလိုက်တော့သည်။

“ဒီကလေးက စိုးရိမ်ကြောင့်ကြမှု လုံးဝ မရှိဘူး”

“ဟွတ်…. ရှောင်ဖုန်း မင်း ဘယ်အချိန်တုန်းက ရောက်တာလဲ။”

ဌာန အကြီးအကြလီက မေးလိုက်သည်။

“ကျွန်တော် အခုလေးတင် ရတာ။ ခင်ဗျားကို အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။”

ဖုန်းယွီက ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။

ဖုန်းယွီသည် သူ့ကိုယ်သူ ပြန်တွေးလိုက်သည်။

‘မင်းရဲ့ အတွင်းရေးမှူးက ငါရောက်လာတာ သတင်း လာမပို့ဘူးဆိုတာ ငါမယုံဘူး။”

“စကားမစပ် မနေ့က မင်းပြောတာက မင်းတို့ ကုမ္ပဏီက သွင်းကုန် ခွင့်ပြုမိန်ကို လျှောက်ထားချင်တာလို့ ပြောခဲ့တာလား။”
ဌာန အကြီးအကဲလီက မေးလိုက်သည်။

“ဟုတ်ပါတယ်”
ဖုန်းယွီက ဖြေလိုက်သည်။

“ကျွန်တော်တို့ မနေ့က အစည်းအဝေးမှာ ဒီအကြောင်းကို ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့က ခင်ဗျားရဲ့ လျှောက်ထားမှုကို ခွင့်ပြုလို့ရပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက် အချို့တော့ ရှိတယ်”

ဌာန အကြီးအကဲလီက ပြောလိုက်သည်။

“တကယ်လို့ အစိုးရက ကျွန်တော့ကို တင်သွင်းခွင့် မပြုတဲ့ သွင်းကုန်တွေကိုတော့ ကျွန်တော် ဘယ်တော့မှ သွင်းမှာ အဲ့ ပစ္စည်းတွေကို သွင်းမှာ မဟုတ်ပါဘူး။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။ သူ့နှလုံးသားထဲတွင်

‘ဘယ်လို အမှိုက်တွေလဲ။ ငါက ပုံမှန် သွင်းကုန်၊ပို့ကုန် ပစ္စည်းတွေနဲ့တောင် အမြတ်များများ ရတယ်။ ဘာကြောင့် ငါက တရားမဝင် သွင်းကုန် ပို့ကုန်တွေကို သွားထိမှာလဲ”

ဖုန်းယွီသည် အလွန်ရှင်းသည်။ သူသည် တင်သွင်းရန် ခွင့်ပြုမိန့်ရသည့် ပစ္စည်းများကိုသာ တင်သွင်းမှာ ဖြစ်သည်။

“ဒီတစ်နှစ်အတွင်း သွင်းကုန် ပို့ကုန် ဘယ်လောက်ဖို့ ရနိုင်မလဲ။ ငါပြောတာက ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေကို ပြောတာ”

ဌာန အကြီးအကဲလီက မေးလိုက်သည်။

ဖုန်းယွီက တခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“တစ်နှစ်ကို ၅သန်းဖိုးလောက် ဖြစ်လိမ့်မယ်”
‘ခြောက်လမှာ ငါးသန်း တစ်နှစ်အတွက်ဆိုရင်တော့ ၁၀သန်းကျော်မှာလား။ တကယ်လို့ ငါက ငွေပမာဏအပေါ် လျှော့ဈေးပေးရင် ၇သန်းကနေ ၈သန်းအထိ ဖြစ်မယ်။ ဒီကလေးရဲ့ စီးပွားရေးက တကယ် ကြီးတာပဲ။”

ဖုန်းယွီက ထပ်ပေါင်း ပြောလိုက်သည်။

“ရူဘယ်လ်ငွေကြေး”

ဌာန အကြီးအကဲလီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

‘ရူဘယ်လား။ ယွမ်ကို ပြောင်းရင် ယွမ် သန်း ၃၀ကနေ သန်း ၄၀ထိ လား။ ဒါက အသေးစား ကုန်သွယ်ရေးတော့ မဟုတ်ဘူး။ အစိုးရပိုင် စက်ရုံတွေတောင် တစ်နှစ်မှာ အဲ့လောက်ထိ မရဘူး။’

သူတို့ နိုင်ငံခြား ကုန်သွယ်ရေး ဌာန၏ သွင်းကုန် လုပ်ငန်းတာဝန်သည် ရူဘယ် သန်း ၁၀၀ ရရန်သာ ဖြစ်ပြီး ဒိကလေးသည် သူတို၏ မျှော်မှန်းချက်ကို ၁၀ပုံ ၁ပုံ ရအောင် လုပ်ပေးမှာလား။

အံအားသင့်နေသော်လည်း ဌာန အကြီးအကဲလီသည် တည်ငြိမ်သည့်ဟန် သရုပ်ဆောင်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီ”

ဖုန်းယွီသည် စစ်ဆေးကြည့်လိုက်သည်။ တစ်နှစ်အတွက် ရူဘယ် ၁၀သန်းသည် လုံကျင်းပြည်နယ်တွင် သွင်းကုန် ပို့ကုန် အမြင့်ဆုံး မဟုတ်ပေ။ ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းဖြစ်သောလည်း ထိုအရာက အမြင့်ဆုံး ဖြစ်မှာဖြစ်သည်။ ယခု ဌာန အကြီးအကဲလီသည် ဖုန်းယွီ၏ အရည်အချင်းကို သိသွားသည်။ ထိုအရာက ဖုန်းယွီ သူ့ထံမှ အခွင့်အရေးအချို့ ရယူမည့် အလှည့် ဖြစ်သည်။

“ဌာန အကြီးအကဲလီ ပြည်နယ်မှာ ဘာတွေလိုအပ်နေလဲ။ ဆိုဗီယက် ပြည်ထောင်စုက တင်ပို့ခွင့် ပြုမယ်ဆိုရင် ဌာန အကြီးအကဲ လိုချင်တဲ့ ပစ္စည်းရအောင် လုပ်ပေးမယ်။ ကျွန်တော်တို့ ပြည်နယ်က နှစ်နှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုနဲ့ ကုန်သွယ်မှု အများဆုံး ဖြစ်လာနိုင်တယ်။ နောက်ထပ် ကုန်သွယ်ရေး ကုမ္ပဏီတွေ အများအပြား ရှိလာမယ်။ အဲ့အခါကျ အခွန် အများကြီး ရလာမယ်။ သေချာတာပေါ့ ဒါတွေ အကုန်လုံးက ဌာန အကြီးအကဲလီရဲ့ ခေါင်းဆောင်မှု အောက်မှာပဲလေ။”

ဖုန်းယွွီက ပြောလိုက်သည်။

“အ…. အဲ့တာက အတွင်းရေးမှူး ကျောက်နဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဝမ်အတွက် ဂုဏ်ယူစရာပါ”

ဌာန အကြီးအကဲလီသည် အပျော်လွန်နေသည်။ သို့သော် နှိမ့်ချချင်ယောင် ဆောင်ထားသည်။

နိုင်ငံခြားကုန်သွယ်ရေး ဌာနတွင် ထိုကုမ္ပဏီများကို ခွင့်ပြုပါက နိုင်ငံခြားငွေ လဲလှယ်ခြင်းရမည့်အ ပြင် အခွန်များလည်း တိုးရပေလိမ့်မည်။ ထိုအရာများက သူ့အတွက် ကြီးမားသည့် နိုင်ငံရေး အောင်မြင်မှုကြီးပင် ဖြစ်သည်။ သူ ပင်စင်မယူခင် ရာထူးတောင် တိုးနိုင်သည်။ သို့သော် ပထမဆုံး ထိုကုမ္ပဏီသည် ဖုန်းယွီပြောသလောက် ကောင်းရပေမည်။

ဌာန အကြီးအကဲလီသည် သူ့ဝန်ထမ််းကို ဖုန်းယွီ၏ ကုမ္ပဏီကို စစ်ရန် မေးလိုက်သည်။ ရင်းနှီးမြှပ်နှံမှု ပမာဏက ၂၀၀,၀၀၀ယွမ်သာ ဖြစ်ပြီး ဖုန်းယွီက ကုန်သွယ်မှုမှ ရူဘယ် ၁၀သန်းရမည် ဟု တောင်းဆိုင်ချင်းသည် ဖြစ်နိုင်မည်လော။ ထိုကလေးက လွတ်ပေါက်ကို သုံးနေတာပဲ ဖြစ်ရမယ်။

ထိုခေတ်အခါက ဥပဒေများသည် မပြည့်စုံသေးပေ။ ခေါင်းပုံဖြတ်ရန်အတွက် လွတ်ပေါက်များစွာ ရှိနေသည်။ ဥပမာ အားဖြင့် လီရှစ်ချင်၏ ငွေတိုက်စာချုပ် ရောင်းဝယ်ရေး စာချုပ်ကို လွတ်ပေါက်အဖြစ် စဉ်းစားနိုင်သည်။ ဖုန်းယွီ၏ အရင်ဘဝနှင့် တူလျှင် ထိုအရာများသည် အင်တာနက်နှင့် ဈေးနှုန်းများက နေရာတိုင်းတွင် အတူတူပင် ဖြစ်မှာပင်။

သို့သော် ယခုတွင် လွတ်ပေါက်များက ခေါင်းပုံ ဖြတ်နိုင်သည်။ အလွန်အကျိုးအမြတ်များပြီး တရားဝင်လည်း ဖြစ်နေသည်။ လက်တစ်ဆုပ်စာ လူများကသာ ထိုအကြောင်းကို သိနိုင်ပေ၏။

ဌာန အကြီးအကဲလီသည် မည်သည့် လွတ်ပေါက်မျိုးဖြင့် ဖုန်းယွီ အကျိုးအမြတ်ရရန်ကို သူဂရုမစိုက်ပေ။ ဌာန အကြီးအကဲလီသည် သူ၏ ကန့်သတ်ပမာဏဖြစ်သည့် သန်း၁၀၀ ရောက်အောင်သာ လိုချင်နေသည်။ ဖုန်းယွီသည် တရားမဝင်သည့် အရာများ လုပ်သည်ကို ဖမ်းမိပြီး သူ့လူများသည် သိမ်းယူမှာ ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ထိုက်ဟွ ကုမ္ပဏီသည် နိုင်ငံခြားကုန်သွယ်ရေးရုံး၏ ယူနစ်တစ်ခု ဖြစ်လာပေမည်။

အရေးကြီးသည့် အရာသည် ထိုကုမ္ပဏီက ပထမဆုံး ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်သည်။ သူသည် သူ့ခေါင်းဆောင်များကို အဖြေပေးနိုင်ပြီးနောက် သူ့ဌာနကို ခေါင်းဆောင်များက ပိုပြီး ဂရုပြုမိမည် ဖြစ်သည်။

“ဒီမှာ ဒီမှတ်စုကို လက်ထောက် အကြီးအကဲကျန်းဆီ ယူသွားလိုက်။ သူက လုပ်ရိုးလုပ်စဉ်တွေနဲ့ လုပ်ရမဲ့ အရာတွေကို မင်းကို ပြောလိမ့်မယ်။”

ဌာနအကြီးအကဲ လီက ပြောလိုက်သည်။

ဖုန်းယွီက မှတ်စုကိုကြည့်လိုက်သည်။ မှတ်စုထဲတွင် ဘာမှ မရေးထားပေ။ သို့သော် အစိုးရ အရာရှိများက သူတို့ လက်ရေးတွင် လျှို့ဝှက်ကုဒ်များ ထားရှိသည်ကိုတော့ ဖုန်းယွီ ကြားဖူးသည်။ ဥပမာအားဖြင့် လက်မှတ်နှင့် စကားဖြတ် အမှတ်အသားများဖြင့် ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ထိုမှတ်စုထဲတွင် ထူးဆန်းတာ ဘာမှ မရှိတာကို သတိ မပြုမိပေ။

“ကျေးဇူးတင်ပါတယ်။ ဌာန အကြီးအကဲလီ။ ခွင့်ပြုစာ ထွက်လာတဲ့ အခါကျရင် ထမင်းတစ်နပ် အတူတူ ထပ်စားကြတာပေါ့။ ကျွန်တော်လည်း အကြီးအကဲလီဆီက လမ်းညွှန်မှုတွေ လိုချင်ပါတယ်။”

ဖုန်းယွီက ပြောလိုက်သည်။

ဌာနအကြီးအကဲလီသည် ဖုန်းယွီ၏ အကျင့်စရိုက်ကို လွန်စွာ စိတ်ကျေနပ်နေ၏။ သို့သော် သူ့ကို ထမင်း ကျွေးရမည်လား။ မေ့လိုက်တော့။ ယခုအခါတွင် ထိပ်ပိုင်း အရာရှိများ၏ အကျင့်ပျက် ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသည်။ ဖုန်းယွီသည် လွတ်ပေါက်အချို့ကို အလွဲသုံးစား အသုံးပြုခဲ့လျှင် သူလည်း ဒုက္ခရောက်မည် ဖြစ်သည်။

ဌာနအကြီးအကဲလီ၏ မှတ်စုကို ကိုင်ကာ ဖုန်းယွီသည် လက်ထောက်ကျန်း၏ ရုံးကို သွားလိုက်တော့သည်။

ဖုန်းယွီသည် ရုံးခန်းထဲဝင်သည့်အခါ လက်ထောက် ကျန်းသည် အနည်းငယ် ရင်းနှီးနေလို့ ခံစားမိ၏။ ဖုန်းယွီသည် အချို့သော့ စာရွက်စာတန်းများချထားသည်ကို တွေ့လိုက်ရပြီး ထိုစာရွက် စာတန်းများတွင် ကျန်းရွေ့ချင်ဟူသည့် နာမည်ကို ရေးထိုးထားသည်။ ဖုန်းယီသည် အမှတ်ရသွားသည်။

‘ဒါက အနာဂတ် ဘင်းမြို့တော်ရဲ့ လက်ထောက် ကျန်းမဟုတ်ဘူးမလား။ ၁၉၉၇ခုနှစ်တွင် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းအဖြစ် ပြောင်းလဲမှု ရှိခဲ့သည်။ ထိုအချိန်က ကျန်းရွေ့ချင်သည် ဘင်းမြို့တော်သူ မြို့တော်သားများ၏ ကျိန်ဆဲမှုကို ခံခဲ့ရပြီး နောက်ပိုင်းတွင် လူအများက သူ့လုပ်ရပ်သည် မှန်ကြောင်း ပြောခဲ့၏။ ကျန်းရွေ့ချင်၏ ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲချင်း ဆုံးဖြတ်ချက် ကြောင့်သာ မဟုတ်လျှင် လူများစွာသည် အလုပ်ပြုတ်ကာ အလွန်စိတ်ပျက်စရာကောင်းသည့် လစာများကို ရလိမ့်မည် ဖြစ်သည်။ ထိုပြည်သူများ၏ ဘဝသည် ပုဂ္ဂလိကပိုင် စီးပွားရေးပြောင်းမှ ပိုကောင်းမွန်လာတော့၏။

အနာဂတ်တွင် သူသည် ဝန်ကြီးများနှင့် ကော်မရှင်ခေါင်းဆောင်များမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဖုန်းယွီသည် သူ့ကို အမိအရ ဖမ်းနိုင်ပါက နောက်ပိုင်းတွင် ဖုန်းယွီသည် အကျိုးအမြတ်များ ‌ရစေမှာ ဖြစ်သည်။ ဖုန်းယွီသည် ကျန်းရွေ့ချင်ကို နိုင်ငံခြား ကုန်သွယ်မှု ဌာနတွင် ယခု တွေ့ရမည်ဟု လုံးဝ မမျှော်လင့်ထားပေ။ ဖုန်းယွီ၏ စိတ်ထဲတွင်

“ငါသူက ဘယ်လို ဆက်ဆံရေးကောင်း တည်ဆောက်ရမလဲ။ အပင်ပန်းခံ တည်ဆောက်ရမဲ့ ပုံပဲ။”

ဖုန်းယွီသည် ကျန်းရွေ့ချင် သူ့ကို နောက်ပိုင်းတွင် ကူညီမည်ဟု လုံးဝ မထင်ထားပေ။ ဖုန်းယွီသည် ကျန်းရွေ့ချင်ကို မျှတပြီး တခြားသူများသူ့ကို ဒုက္ခမပေးရန်သာ အလိုရှိသည်။ နောက်နှစ်များတါင် ဖုန်းယွီ၏ စီးပွားရေးသည် ပိုမို ကျယ်ပြန့်လာပြီး များစွာသော လူများက ဖုန်းယွီကို ဒုက္ခများ ပေးကြမည် ဖြစ်၏။

“အကြီးအကဲ ကျန်း။ ကျွန်တော့် ကုမ္ပဏီရဲ့ သွင်းကုန် ခွင့်ပြုမိန့်အတွက် ရုံးပိုင်းဆိုင်ရာ လုပ်ဖို့အတွက် ကျွန်တော် ရောက်လာတာပါ။”

ဖုန်းယွီသည် လက်ထောက်ဟူသည့် စကားလုံးကို ချန်ထားကာ ကျန်းရွေ့ချင်၏ ရာထူး ပိုကောင်းအောင် ပြောလိုက်သည်။

လက်ထောက်အကြီးအကဲ ကျန်းက ကြည့်ကာ ပြောလိုက်သည်။
“စာရွက်စာတန်းတွေ အကုန် ယူခဲ့ရဲ့လား။ ငါ့ကို ခဏပြ”
————–

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset