အခန်း ၃၄
ပန်ကာ
ကျန်းရွေ့ချင်သည် ဖုန်းယွီ ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို ကြည့်နေသည်။ လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံပြီ ဖြစ်၏။ စာရွက်စာတမ်းများ ပြည့်စုံပြီး ဖြစ်သော်ငြား ကုမ္ပဏီ၏ မန်နေဂျာသည် သူ့ရှေ့ရှိလူဟု မထင်ပေ။
“ဖုန်းရှင်းထိုက်က ဘယ်သူလဲ”
ကျန်းရွေ့ချင်က မေးလိုက်သည်။
“ကျွန်တော့်အဖေပါ။ သူက အရောင်းကိစ္စအတွက် သွားနေတာ။ အကြီးအကဲကျန်း ကျွန်တော်ဆီက အခြား စာရွက် စာတမ်းတွေ လိုသေးလား။”
ဖုန်းယွီက မေးလိုက်သည်။
“အဆင်ပြေပါပြီ။ ဒီဟာကို ဖြည့်ပြီးတော့ နောက်တစ်ပတ်မှ ထပ်လာခဲ့”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
ဖုန်းယွီ အနည်းငယ် စိတ်ပျက်သွား၏။ ဘာကြောင့် ကျန်းရွေ့ချင်နှင့် သူ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ရန်အတွက် သူ့အတွက် ဘာကြောင့် ခက်ခဲနေရသနည်း။ သို့သော် တစ်ချိန်ထဲတွင် ဖုန်းယွီသည် ကျန်းရွေ့ချင်တွင် ကောင်းမွန်သည့် ဂုဏ်သတင်းရှိမှန်း သိလိုက်သည်။ မဟုတ်ပါက ကျန်းရွေ့ချင်းသည် နောင်တွင် ရာထူး ဘယ်လို အတိုးခံရမည်နည်း။
ဖုန်းယွီသည် နိုင်ငံခြား ကုန်သွယ်ရေးရုံးမှ ထွက်လာသည့်အခါ အလွန်ကောင်းမွန်သည့် စိတ်သဘောထား ရှိနေ၏။ သွင်းကုန် ခွင့်ပြုမိန့်သာ ရပါက သူ့ကုမ္ပဏီသည် ပိုက်ဆံ အများအပြားရှာနိုင်ပေလိမ့်မည်။
ကုမ္ပဏီသို့ ပြန်ရောက်ပြီးနောက် ဖုန်းယွီသည် လူငယ်လေးများကို ဈေးကွက် သုတေသန ပြုလုပ်ရန် လွတ်လိုက်သည်။
“ဈေးကွက်သုသေသနကို မသိဘူးလား။ ကိစ္စမရှိဘူး။ အဓိက ဈေးတွေ၊ ဈေးဆိုင်တွေသွားပြီး ဆိုဗီယက် ပြည်ထောင်စုကလာတဲ့ အရောင်းကောင်းဆုံး ပစ္စည်းတွေကို မေးခဲ့ ပြီးတော့ သူတို့ ဆိုဗီယက် ပြည်ထောင်စုက ဘာပစ္စည်းတွေ လိုချင်လဲ ဆိုတာကိုပါ မေးခဲ့လိုက်”
ထိုလူငယ်များသည် အတွေ့အကြုံ မရှိသော်လည်း သူတို့သည် အခက်အခဲများကို ကြံကြံခံနိုင်ကြပြီး သူတို့က အလွန် စမက်ကျ၏။ သူတို့အားလုံး လွတ်လိုက်ပြီးနောက် ဖုန်းယွွီ နောင်တရသွားသည်။
ဖုန်းယွီသည် ကြီးမားသည့် သိုလှောင်ရုံထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ တစ်ယောက်မှ စကားပြောစရာမရှိ၊ ကွန်ပြူတာ မရှိ၊ ရုပ်မြင်သံကြားစက် မရှိ။ သိုလှောင်ရုံသည် လှောင်လည်း လှောင် လေလည်း မတိုက်ပေ။ ဘာမှ လုပ်စရာ မရှိသည့်အဆုံး ဖုန်းယွီသည် ကုမ္ပဏီ၏ စည်းမျည်းစည်းကမ်းများကိုသာ စရေးရုံသာ ရှိတော့သည်။
ထို့နောက် ဖုန်းယွီသည် ရုတ်တရက် အကြံပေါ်လာကာ စည်းမျည်းများကို စတင်ရေးတော့သည်။ သူသည် စည်းမျည်း ၁၀၈ခုသာ လိုချင်ခဲ့သော်လည်း လုံလောက်မှု မရှိသည်ကို တွေ့လိုက်မိသည်.
‘စည်းမျည်းပေါင်း ၁၀၀၈ခုက ငါ့အလုပ်သမားတွေအတွက် အရမ်းများနေမလား’
ဖုန်းယွီသည် စည်းမျည်းနံပါတ် ၃၆၈ကို ရေးနေသည့် အခိုက် လူငယ်များသည် ပြန်လာကြသည်။ လူငယ်တိုင်း ချွေးတအား ထွက်နေ၏။ နွေရာသီ အစသာ ဖြစ်သေးသော်လည်း ဉတုက အရမ်းပြင်း၏။
“မနက်ဖြန်ကျ လျှပ်စစ်ပန်ကာတွေ ဝယ်ခဲ့။ ပူလွန်းလို့ သေတော့မယ်။
ဖုန်းယွီက ပြောလိုက်သည်။
“မန်နေဂျာဖုန်း လျှပ်စစ်ပန်ကာတွေက ဈေးအရမ်းကြီးပြီး လျှစ်စစ် သုံးဖို့လည်း လိုသေးတယ်။ ကျွန်တော်တို့ ရိုးရိုး ယပ်တောင်တွေ သုံးလို့ရပါတယ်။”
လူငယ်များထဲမှ တစ်ယောက်က ပြောလိုက်သည်။
‘လက်ကိုင်ပန်ကာ’
လူငယ်လေးများသည် အလွန် အခက်တွေ့သွားသည်။ ပြီးခဲ့သည့် တစ်လက သူတိုသည် ဘာမျှ မလုပ်ရဘဲ ဖုန်းယွီက သူတို့ကို တစ်ယောက်ဆီ ယွမ် ၁၀၀ပေးခဲ့သည်။ သူတို့ ဒီလို သူဌေးမျိုး မည်သည့်နေရာတွင် ရှာနိုင်မည်နည်း။ ထို့အတွက် သူတို့က ဖုန်းယွီအတွက် ချွေတာပေးလို၏။
ဖုန်းယွီက မေးလိုက်သည်။
“လျှပ်စစ်ပန်ကာက ဘယ်လောက်လဲ”
“ကုန်တိုက်ထဲက ဈေးအချိုဆုံး လျှပ်စစ်ပန်ကာက ၁၀၀ယွမ် ကျော်ကျော်ရှိတယ်။ ပိုပြီး ကောင်းတဲ့ဟာတွေက ယွမ် ၄၀၀ကနေ ၅၀၀ကြား ရှိတယ်”
လူငယ်လေးက ပြန်ဖြေလေ၏။
‘အလိုလေး။ လျှပ်စစ်ပန်ကာတွေက အခု ဈေးအရမ်းကြီးနေတာလား။ လျှပ်စစ်ပန်ကာတွေမှာ နည်းပညာတွေလည်း ပါမှာမဟုတ်ဘူး။ အခု တရုတ်မှာ ပန်ကာထုတ်တဲ့ စက်ရုံက ၈၀၀၀ကနေ ၁၀,၀၀၀ကြား ရှိနေတာမလား။ ဘာကြောင့် ဈေးက ဒီလောက် အရမ်းမြင့်နေရသေးတာလဲ။’
“ဟုတ်တယ်။ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က လျှပ်စစ်ပန်ကာ တစ်ခုကို ကျွန်တော့် မိသားစုအတွက် ဝယ်ခဲ့တယ်။ ဒီလောက်ကြီးပြီး လှည့်လို့လည်း ရတယ်။ ပန်ကာကို သတ္တုတွေနဲ့ လုပ်ထားတာ လေလည်း ရတယ်။”
အခြား လူငယ် တစ်ယောက်က ပြောလိုက်သည်။
‘ခဏလေး အကုန်လုံး သတ္တုတွေနဲ့လား။ ဒါဆို လျှပ်စစ်ပန်ကာတွေကို စတီးနဲ့ ပြုလုပ်ထားလို့ အနည်းဆုံး ၅ကီလိုလောက် လေးမှာလား။ အခု စတီးက ဈေးမချိုဘူး။ လျှပ်စစ်ပန်ကာတွေ ဒီလောက် ဈေးကြီးတာ အံ့ဩစရာ မရှိဘူး။ အဲ့တာတွေ အကုန်လုံးက သတ္တုဖိုးတွေပဲ’
မတ်တပ်ရပ် ပန်ကာ
‘ဒါနဲ့ အဲ့ဒီ ပန်ကာ ထုတ်တဲ့သူတွေက ရူးနေတာလား။ ဘာကြောင့် စတီးကို သုံးတာလဲ။ ပလတ်စတစ်တွေ အခု ရှိနေပြီပဲ။ ပေါ့ပြီး အကြမ်းခံတယ်။ ဒီနည်းလမ်းနဲ့ ကုန်ကျစရိတ်ကို လျှော့ချလို့ရတယ်”
“လီကြီး၊ ဘင်းမြို့တော်မှာ လျှပ်စစ်ပန်ကာ ထုတ်တဲ့ စက်ရုံရှိလား”
ဖုန်းယွီက လူငယ်များထဲမှ တစ်ယောက်ကို မေးလိုက်သည်။
လူငယ်တိုင်းက ဖုန်းယွီဆီ ကြည့်လိုက်ကာ သူ့ကို အတွေးရခက်အောင် လုပ်လိုက်သည်။
“ကျွန်တော်တို့တွေက လျှပ်စစ်ပန်ကာ ထုတ်တဲ့ စက်ရုံကလေ။ ကျွန်တော်တို့ရဲ့ ပန်ကာတွေက အရမ်းအကြမ်းခံတယ်။ ကျွန်တော်အိမ်မှာ ရှိတဲ့ ပန်ကာ တစ်ခုဆိုရင် ခြောက်နှစ်ရှိပြီ ခုထိ ဘာမှ မပျက်သေးဘူး”
လူငယ်က ပြောလိုက်သည်။
ဖုန်းယွီသည် မော်တာစက်ရုံ၏ အလုပ်သမားများ ဖြစ်ခဲ့သည်ကို သတိမေ့သွားသည်။ လျှပ်စစ်ပန်ကာတစ်ခုက ခြောက်နှစ်တောင် ခံတာလား။ စက်ရုံတွေ ပိုက်ဆံ မရှာနိုင်တာ အံ့ဩစရာ မရှိဘူး။
“ဘယ်သူ စက်ရုံခေါင်းဆောင်ကို သိလဲ”
ဖုန်းယွီက မေးလိုက်သည်။
လူငယ်များ အားလုံးက ဝူကျီကန်းကို ကြည့်လိုက်သည်။
‘အဲ့ဒီဝူကျီကန်းက စက်ရုံခေါင်းဆောင်ရဲ့ သားလား။’
“ကျွန်တော်ရဲ့ ဦးလေးက ဒုတိယ အလုပ်ရုံရဲ့ ခေါင်းဆောင်ပါ။ ခေါင်းဆောင် တစ်ယောက်လို့လည်း စဉ်းစားလို့လည်း ရပါတယ်။ ဒါပေမဲ့ ဒုတိယ အလုပ်ရုံက တစ်ပတ်ကို တစ်ရက် နှစ်ရက်ပဲ လည်ပတ်တော့တာ။ သူတို့မှာ ထုတ်စရာ ကုန်ပစ္စည်းမရှိတော့ရင် သူတို့တွေ ရောင်းရုံကလွဲပြီး မရှိတောဘူး”
ဝူကျီကန်းက ပြောလိုက်သည်။
“မင်းရဲ့ ဦးလေးဆီ သွားလည်ရအောင်။ ငါ အော်ဒါကြီးကြီးပေးမယ်လို့ သူ့ကို ပြောလိုက်”
ဖုန်းယွီက ပြောလိုက်သည်။
————–
“ရှောင်ကန်း သူက မင်းရဲ့ သူငယ်ချင်းလား”
ဝူကျီကန်း၏ ဒေါ်လေးက သက်ပြင်းချကာ ပြောလိုက်သည်။ ဒီကလေးက ညစာလာစားတယ်။ သူတစ်ယောက်ထဲ လာစားတာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ သူက သူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်လာခဲ့တလား။ ဝူကျီကန်း၏ ဦးလေးသည် လွန်ခဲ့သည့် လများက သူ့လစာ၏ တစ်ဝက်သာ ရခဲ့သည်.
“ကောင်းသော ညနေခင်းပါ ဒေါ်လေး။ ကျွန်တော်တို့ ဒါရိုက်တာ ကျောက်ကို လာရှာတာပါ”
ဖုန်းယွီသည် အလှဆုံး အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်။
“ရှောင်ကန်း လာတာပဲ။ သူ ညစာ မစားရသေးဘူး။ အစားအသောက်တွေက မကြာခင် ရတော့မှာ အတူတူစားကြရအောင်။”
ဒါရိုက်တာ ကျောက်က ပြောလိုက်သည်။ သူသည် ဆိုဖာပေါ်တွင် ထိုင်ပြီး တီဗွီ ကြည့်နေခြင်း ဖြစ်ကာ သူ့တူသည် သူငယ်ချင်း တစ်ယောက်ကို အတူခေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ့တွေးသည်ကား ဝူကျီကန်းသည် အခြားသူများနှင့် ရန်ဖြစ်လာသည့်အတွက် ဒီကို ပုန်းရန်အတွက် ရောက်လာခြင်း ဖြစ်သည်။
‘ဒါပေမဲ့ တစ်ခုခု မှားနေတယ်။ ဘာကြောင့် သူ စီးကရက်နဲ့ အရက်တွေကို ယူလာတာလဲ။ ဒီကလေးက စက်ရုံက ခိုးလာတာလား။’
“မင်္ဂလာပါ ဒါရိုက်တာကျေိာက်။ ကျွန်တော်က ဖုန်းယွီပါ ထိုက်ဟွ ကုန်သွယ်ရေး ကုမ္ပဏီရဲ့ လက်ထောက် မန်နေဂျာပါ။ ကျွန်တော် ဦးလေးနဲ့ စီးပွားရေး ကိစ္စအချို့ ဆွေးနွေးဖို့အတွက် ရောက်လာတာပါ။”
ဒါရိုက်တာကျောက်က ဖုန်းယွီကို ကြည့်လိုက်သည်။
‘ဒီကလေးက ဘာတွေ ပြောနေတာလဲ။ ကုန်သွယ်ရေး ကုမ္ပဏီရဲ့ လက်ထောက်မန်နေဂျာ။ သူ့အသက်က ဘယ်လောက်မို့လဲ’
“ထိုင်ပါ။ မင်းက ဘာဝယ်ချင်လို့လဲ။ ငါ့ကို တန်းတန်းတာပြော။ မင်းကို ငါ့တို့ စက်ရုံက ပစ္စည်းတွေကိုတော့ ဈေးချိုချိုနဲ့ ရောင်းပေးမှာ မဟုတ်ဘူးနော်”
ဒါရိုက်တာကျောက်က ပြောလိုက်သည်။
ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။
“ကျွန်တော် လျှပ်စစ်ပန်ကာ တစ်သုတ်ကို ဝယ်ချင်လို့ပါ”
“ပန်ကာလား။ မင်းဘယ်လောက် လိုချင်တာလဲ။”
စက်ရုံမှာ ပစ္စည်းမရှိရင်တောင် သူတို့၏ အလုပ်ရုံတွင် တစ်နေ့ကို ယူနစ်ရာချီ ထုတ်နိုင်တယ်။ အကယ်၍ အော်ဒါပမာဏ များပါက သူသည် အခြား အလုပ်ရုံများနှင့် အတူ ထုတ်လုပ်နိုင်ပေ၏။ မဟုတ်လျှင် သူသည် သူ့ အလုပ်သမားများကို အချိန်ပို ဆင်းခိုင်းနိုင်၏။
“ပထမ အသုတ်ကို ၁၀,၀၀၀ယူနစ်လိုချင်တယ်”
ဖုန်းယွီက ပြောလိုက်သည်။
“ဘယ်လောက်။ ၁၀,၀၀၀ယူနစ်လား။ ကိစ္စမရှိဘူး။ ငါ ၁၀ရက်အတွင်း ရအောင် လုပ်ပေးမယ်။”
ဒီရိုက်တာကျောက်က အပျော်လွန်သွားသည်။ သူသည် ပန်ကာ ၁၀,၀၀၀ကို ရောင်းနိုင်ပါက မော်တာစက်ရုံ၏ တစ်လစာ လစာအတွက် လုံလောက်မည် ဖြစ်၏။
“ဒါရိုက်တာကျောက် ဖြည်းဖြည်း။ ကျွန်တော် လိုချင်တာက အခု ဦးလေးတို့ ကုမ္ပဏီက လက်ရှိထုတ်နေတဲ့ ပန်ကာတွေ မဟုတ်ဘူး။ ကျွန်တော်က ပိုသေးပြီး ပေါ့တဲ့ ဟာမျိုးကို လိုချင်တ””
ဖုန်းယွီက ပြောလိုက်သည်။
လက်ရှိ ထုတ်နေသည့် လျှပ်စစ် ပန်ကာများက မတ်တပ်ရပ် ပန်ကာများဖြစ်သည်။ ပန်ကာတိုင်းသည် တစ်မီတာခန့် ရှိကာ အလေးချိန်က တစ်တန်လောက် ရှိသည်။ ဖုန်းယွီသည် သေးငယ်သည့် စားပွဲတင် ပန်ကာမျိုးကိုသာ လိုချင်တာ ဖြစ်သည်။ ထပ်ပြောရလျှင် ဖုန်းယွီသည် ပလက်စတစ်ကို အဓိက ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုချင်သည်။ လိုအပ်သည့် နေရာမှ တပါး သတ္တုအစိတ်အပိုင်းများ အားလုံးကို ပလက်စတစ်ဖြင့် အစားထိုးမည် ဖြစ်သည်။ အထူးသဖြင့် ပန်ကာ ဖြစ်သည်။
“သေးပြီး ပေါ့တဲ့ဟာ။ ဘာကို ဆိုလိုချင်တာလဲ။”
ဒါရိုက်တာကျောက်က မေးလိုက်သည်။
“စတီးလိုအပ်တဲ့ နေရာတွေကလွဲပြီး ကျန်သည့် အစိတ်အပိုင်းတွေအကုန်လုံးက ပလက်စတစ်။ ဥပမာ ပန်ကာရွက်တွေပေါ့။ အမြင့်ကလည်း သုံးဆယ် လေးဆယ် စင်တီမီတာလောက်ပဲ ပြီးတော့ မော်တာကလည်း သေးတာပေါ့။”
ဖုန်းယွီသည် သူ့လက်ဖြင့် သရုပ်ပြကာ ပြောနေသည်။
“ဒီလိုမျိုး ပစ္စည်းထုတ်ရင် ဘယ်သူက ဝယ်မှာလဲ။ ပထမဆုံး လေက မင်းရဲ့ မျက်နှာကိုတောင် ရောက်မှာ မဟုတ်ဘူး။ ဒုတိယက အကြမ်းခံမှာ မဟုတ်ဘူး”
ဒါရိုက်တာကျောက်က ပြောလိုက်သည်။
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“ဒါရိုက်တာကျောက် ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ကျွန်တော် ယူနစ် ၁၀,၀၀၀အရင်ဆုံး ယူမှာပါ။ ပန်ကာတွေ ထုတ်ပြီးတာနဲ့ ကျွန်တော်ကို ပြောရုံပါပဲ ပြီးတော့ ဈေးကကော ဘယ်လောက်လဲ”
ဒါရိုက်တာကျောက်က တခဏ တွန့်ဆုတ်သွား၏။ စက်ရုံက ဖုန်းယွီလိုချင်တဲ့ ပန်ကာတွေကို ထုတ်နိုင်ပေမဲ့ တကယ်ပဲ ရောင်းလို့ရမှာလား။ အဲ့ပန်ကာတွေက ညံ့တဲ့ ပစ္စည်းတွေ မဟုတ်ဘူးလား။ သူတို့ရဲ့ စက်ရုံရဲ့ နာမည် ထိခိုက်နိုင်လား။
“ဒါရိုက်တာကျောက်ရဲ့ အလုပ်ရုံက အလုပ်သမားတွေရဲ့ လစာကို မပေးနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော် ကြားတာတော့ ဦးလေးတို့ စက်ရုံမှ ထုတ်တဲ့ လူသုံး ပစ္စည်းတွေက ဈေးကွက်ထဲမှာ အဆင် သိပ်မပြေဘူး။ ဒါကြောင့် ရောင်းအားတွေက ကျနေတာ။ ဦးလေးရဲ့ ညစာကိုပဲကြည့်လိုက်။ အသားဟင်း တစ်ခွက်တောင် မပါတော့ဘူး။ ကျွန်တော် ဦးလေးကို မပေးရင်တောင် ဦးလေး စိုးရိမ်ဖို့ မလိုဘူး။ ရှောင်ကန်းကို တစ်လ ဘယ်လောက်ရလဲ ဆိုတာ မေးကြည့်လို့ရတယ်။ သူ့က ကျွန်တော့်အစ်ကိုရဲ့ အလုပ်မှာ လုပ်တာ သုံးလရှိပြီ”
ဖုန်းယွီက ပြောလိုက်သည်။
ဝူကျီကန်းက ပြောသည်။
“ဦးလေး ကျွန်တော် တစ်လကို ယွမ် ၁၀၀ရတယ် ပြီးတော့ လကုန်ရင် ဘောနပ်တွေလည်း ရသေးတယ်။ ကုမ္ပဏီက နေရာထိုင်ခင်းနဲ့ အစားအစာလည်း ပေးသေးတယ်။”
ဒါရိုက်တာကျောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
“မင်း တစ်လကို ၁၀၀ယွမ်ရတာလား။”
သူတို့ စက်ရုံ၏ အလုပ်သမားများ၏ ပျမ်းမျှလစာမှာ ယွမ် ၁၀၀တောင် မပြည့်ပေ။
ဘယ်လို ကုန်သွယ်ရေး ကုမ္ပဏီမျိုးလဲ။ ဖုန်းယွီက အတော်လေး ချမ်းသာတာပဲ။ ဒီကိစ္စကို ချက်ချင်း ခေါင်းဆောင်တွေကို အကြောင်းပြန်ရမယ်။ အလုပ်သမားတွေကလည်း သူတို့ရဲ့ လစာကို စောင့်နေကြပြီ။
“ငါအခု ချက်ချင်း ဒါရိုက်တာလီရဲ့ အိမ်ကိုသွားလိုက်မယ်။ မင်းတို့ စားနှင့်ကြ ငါ့ကို မစောင့်နဲ့”
ဒါရိုက်တာ ကျောက်က ပြောလိုက်၏။