FY အခန်း ၂၈

အခန်း ၂၈
ဆွံ့အသွားသော ဝမ်တုန့်ကျွမ်း
ဝမ်သဲကွမ်းသည် ဖုန်းယွီ၏ အိမ်ကို ညနေခင်းတွင် ရောက်လာခဲ့သည်။ သူသည် ဝမ်တုန့်ကျွမ်းထံမှ စကားများကို အတည်ပြုရန် ဖြစ်သည်။ ဝမ်သဲကွမ်းသည် သူ့သားဆီမှာ ကြားခဲ့သည့် အကြောင်းအရာများကို အတည်ပြုရန် ရောက်လာခြင်း ဖြစ်သည်။ သူ့သား ဝမ်တုန့်ကျွမ်း ပြောသည်ကား ဖုန်းယွီ၏ ယောက်ဖသည် သူ့ကို မြို့တော်ရှိ အကောင်းဆုံး အထက်တန်းကျောင်းကို ဝင်ခွင့်ရရန်အတွက် ကူညီပေးမည်ဟု ပြောသည့် အတွက် ဖြစ်သည်။ ဖုန်းရှင်းထိုက်က လန့်ဖြန့်သွားသည်။
“ရှောင်လီက တကယ်လုပ်နိုင်လို့လား။”
သို့သော် ဖုန်းရှင်းထိုက်သည် သူ့သားက သူ့ကို မျက်စိ မှိတ်ပြလိုက်သည်ကို တွေ့လိုက်ပြီး သူသည်လည်း ထိုအကြောင်းအရာအတိုင်း လိုက်ပါသွားလိုက်သည်။ သူသည် ဝမ်တုန့်ကျွမ်းကို ကူညီမည့် အကြောင်းကို ကတိပေးလိုက်သည်။ ဝမ်သဲကွမ်း ထွက်သွားပြီးနောက် ဖုန်းရှင်းထိုက်၏ မျက်နှာသည် ပြောင်းလဲသွားကာ ဖုန်းယွီကို မေးခွန်း မေးရန်အတွက် ကြက်မွေးကို ကောက်ကိုင်လိုက်သည်။
“ကျွန်တော် နောက်နှစ်တွေကျ ကုမ္ပဏီ တချို့ ရှာဖို့ လိုတယ်။ နောက်နှစ် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အစ်မက လက်ထပ်ပြီး ပြောင်းရင် ပြောင်းသွားမှာ။ ကျွန်တော် တစ်ယောက်တည်း မြို့ပေါ်မှာ နေလို့ မဖြစ်နိုင်ဘူး။ ဟုတ်တယ်မလား။ အဖေ မစိုးရိမ်ဘူးလား”
ဖုန်းယွီက မေးလိုက်သည်။
သူ့သား၏ စိတ်တိုစရာကောင်းသော မျက်နှာကို ကြည့်ရင် ဖုန်းရှင်းထိုက်က တကယ်ကို ရိုက်ချင်လာခဲ့သည်။ သို့သော် သူ့သားပြောသည်ကား အဓိပ္ပာယ်ရှိသည်။ သူသည် သူ့သမီး လက်ထပ်ပြီး သူ့သား တစ်ယောက်တည်း ဘင်းမြို့တော်တွင် နေပါက သေချာပေါက် စိုးရိမ်မှာ ဖြစ်သည်။
“ရှောင်လီက ဝမ်တုန့်ကျွမ်းရဲ့ အကောင်းဆုံး အထက်တန်းကျောင်း ဝင်ခွင့်အတွက် စီစဉ်ပေးနိုင်ပါ့မလား။”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။ သူသည် လီရှစ်ချင်၏ ထိုအရာကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းကို တကယ် မတွေးခဲ့တာ ဖြစ်သည်။
“လုပ်တောင် လုပ်ပြီးသွားပြီ။ လက်ထောက်ကျောင်းအုပ်က ဝင်ခွင့် အရာရှိတွေကို အကြောင်းတောင် ကြားပြီးပြီ။ ကျွန်တော့်ကို ဒီလို လာမကြည့်နဲ့။ ဘာကြောင့် အဖေ့သားက အဖေ့ကို လိမ်ရမှာလဲ။”
ဖုန်းယွီက မေးလိုက်သည်။
“မင်း လေးနှစ်သားအရွယ်တုန်းက မင်းအိပ်ရာမှာ စိုရွဲနေတဲ့အခါ မင်းက အိပ်ရာပေါ် အချိုရည် ဖောက်ကျတာလို့ ပြောခဲ့တယ်။ မင်း ခြောက်နှစ် အရွယ်တုန်းကလည်း ဦးလေးလီရဲ့ ချယ်ရီပင်ကို ချိုးပြီးတော့ လေတိုက်တာကြောင့်လို့ မင်းလိမ်ခဲ့တယ်။ မင်း ရှစ်နှစ်အရွယ်တုန်းက မင်း…”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“အဖေ ဒီကို လာခဲ့။ အဖေ ကျွန်တော့်ကို လမ်းဘေးက ကောက်ရခဲ့တာလား။”
ဖုန်းယွီသည် ပြောစရာ စကားမဲ့သွားသည်။ သူ့အဖေသည် သူ့၏ အတိတ်က မကောင်းကြောင်းများကို ပြန်ဖော်နေသည်ကို ရပ်စေရန် ပြောလိုက်ခြင်း ဖြစ်၏။
ဖုန်းယွီသည် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး သူသည် နောက်ပိုင်းတွင် အကျော်ဇေယျ တစ်ဦး ဖြစ်လာပေမည်။ လူတိုင်းသည် သူထံမှ အလုအယက် ကြိုးပမ်း သင်ယူမည် ဖြစ်ကာ သူ၏ အတ္ထုပတ္တိကို ရေးမည့် သူများလည်း ရှိနိုင်ပေသည်။ သူ့အဖေသည် ကသိကအောက် ဖြစ်စေသည့် မတော်တဆဖြစ်ရပ်များကို သေချာပေါက် မေ့ရမည် ဖြစ်သည်။ အကယ်၍ ထိုမတော်တဆ ဖြစ်ရပ်များကို သူ၏ အတ္ထုပတ္တိတွင် မှတ်တမ်းတင်မိပါက သူ မျက်နှာဖော်ရဲမှာ မဟုတ်တော့ပေ။
နောက်တစ်နေ့ မနက်တွင် ဖုန်းယွီသည် သူ၏ ကျောပိုးအိတ်ကို ယူပြီး ဝမ်တုန့်ကျွမ်းနှင့် တွေ့ရန် သွားခဲ့သည်။ သူတို့နှစ်ယောက်သား ဘင်းမြို့တော်သို့ သွားမည့် ဘက်စ်ကား ပေါ်ကို တက်လိုက်ကြသည်။
“ရှောင်ယွီ ဒီမှာ”
လီရှစ်ချင်သည် လူအုပ်၏ နောက်မှ လက်မြောက်ပြလိုက်သည်။
“အစ်ကိုလီ ဒါက ကျွန်တော်ရဲ့ ငယ်သူငယ်ချင်း ဝမ်တုန့်ကျွမ်းတဲ့။ ဒါက အစ်ကိုလီ ငါ့အစ်မရဲ့ ရည်းစားလေ”
ဖုန်းယွီက ပြောလိုက်သည်။
“မင်္ဂလာ နေ့လည်ခင်းပါ အစ်ကိုလီ။”
ဝမ်တုန့်ကျွမ်းက နှုတ်ဆက်လိုက်သည်။
“မင်းကော အတူတူပဲ သွားရအောင်။ ကားက ရှေ့မှာ။”
လီရှစ်ချင်က ပြောလိုက်သည်။
ဂျစ်ကြားပေါ်သို့ ရောက်သည့်အခါ ဝမ်တုန့်ကျွမ်းက ရုတ်တရက် မေးလိုက်သည်။
“အစ်ကိုလီ အစ်ကို ဂျစ်ကားတောင် ဝယ်နိုင်ပြီလား။ မြို့တော်မှာ ရှိတဲ့ လူတိုင်းက ဂျစ်ကား ဝယ်နိုင်ကြတာလား။”
လီရှစ်ချင်က ကသိကအောက်ဖြစ်ဖြစ်ဖြင့် ပြန်ဖြေသည်။
“မဟုတ်ဘူး။ မြို့တော်မှာ လက်တစ်ဆုပ်စာ လူတွေပဲ ကားမောင်းနိုင်ကြတာ။ အစ်ကို ဒီဂျစ်ကားကို သူငယ်ချင်း တစ်ယောက်ဆီက ငှားထားတာ။သူသည် မြို့တော်ရဲ့ ပို့ဆောင်ရေး ဌာနမှာ အလုပ်လုပ်တာ။ ဒီဂျစ်ကားက သံတိုသံစတောင် ဖြစ်တော့မှာ။ ကျေးလက်တွေကို သွားမှပဲ သူတို့တွေက ဒီဂျစ်ကားကို သုံးကြတယ်။ အစ်ကို မနေ့တုန်းက သူ့ကို စီးကရက် နှစ်ဘူးပေးပြီးတော့ ဒီကားကို ငှားခဲ့လိုက်တာ။ အစ်ကို ကြားတာတော့ သူတို့တွေ ယဉ်အို ယဉ်ဟောင်းတွေ သိမ်းပြီးတော့ ဒီလို အမျိုးအစားမျိုး ယဉ်တွေကို ဈေးနှုန်းချိုချိုနဲ့ ရောင်းဖို့ စီစဉ်နေတယ်တဲ့။ အစ်ကိုတောင် အဲ့အခါကျ တစ်စင်းလောက် ဝယ်ချင်သေးတယ်။”
ဖုန်းယွီ၏ မျက်လုံးများ ကျယ်လာကာ
“အစ်ကိုလီ။ မြို့တော်က ယဉ်အိုယဉ်ဟောင်းတွေကို သိမ်းတော့မှာလား။ Volga အမျိုးအစားတွေလား။”
Volga
ထိုဂျစ်ကားဟောင်း အမျိုးအစားသည် မောင်းနှင်သည့် အခါ မီးခိုးများ အမြောက်အမြား ထွက်လာသည်။ ဆောင်းရာသီတွင် ဂျစ်ကားတွင် စီးရန်အတွက်က အေးလွန်းသည်။ သို့သော် Volga က ကွဲပြားသည်။ ထိုကားက စီဒန် အမျိုးအစား ဖြစ်သည်။
Landa
“Volga မဟုတ်ဘူး။ အဲ့ကားတွေက Lada ( ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်လုပ်တာ ဖြစ်ပြီး Volgaဂျစ်ကားနှင့် စက်ရုံ အတူတူ ဖြစ်သည်။ ၁၉၈၀နှစ်များတွင် Lada ယဉ် အများအပြား ရှိသည်။ Ladaယဉ်များကို မြို့တော်တွင် တက္ကစီအဖြစ်လည်း အသုံးပြုကြသည်။) ဒါ့အပြင် Santanaလည်း ပါတယ်။ ဈေးတွေကတော့ အရမ်းမြင့်လွန်းပါတယ်”
လီရှစ်ချင်က ပြောလိုက်သည်။
Santana
“အဲ့ကားက ၂၀,၀၀၀ယွမ်ထက် မပိုရင် ကုမ္ပဏီ ပိုက်ဆံနဲ့ အဲ့ကားကို ဝယ်လိုက်။ အစ်ကို အဲ့ကားကို အရင် သုံးပေါ့။ တကယ်လို့ စီးပွားရေး ကိစ္စတွေ ဆွေးနွေးစရာတွေ အဲ့ကားကို သုံးပြီး ဧည့်သည် အပို့အကြို လုပ်လို့ရတာပေါ့။ သူတို့တွေကို နေရာတွေကို လိုက်ပို့ရမှာ။ Santanaကိုတော့ မေ့လိုက်တော့။ ကျွန်တော် အဲ့ကားကို မကြိုက်ဘူး”
ဖုန်းယွီက ပြောလိုက်သည်။
“ကုမ္ပဏီ ပိုက်ဆံတွေကို တခြား သုံးစရာ ကိစ္စတွေအတွက် မသုံးတော့ဘူးလား။ မင်းက အဲ့ဒီငွေတွေနဲ့ ကားဝယ်ချင်နေတာလား။”
လီရှစ်ချင်က မေးလိုက်သည်။
“စိတ်မပူနဲ့။ တစ်ယောက်ယောက်က မကြာခင်မှာ ကျွန်တော်တို့ကို ပိုက်ဆံ လာပေးလိမ့်မယ်။”
ဖုန်းယွီက ပြောလိုက်သည်။
ဝမ်တုန့်ကျွမ်းသည် ဖုန်းယွီနှင့် လီရှစ်ချင် ကားဝယ်မည့် အကြောင်းကို ပြောသည်ကို ကြားလိုက်သည်။ သူ့အတွေးတွင် ‘ဘာလဲဟ။ ၂၀,၀၀၀ယွမ် မကျော်ရင် တစ်တစင်းဝယ်လိုက်။ အဲ့ဒါက ၂၀,၀၀၀ယွမ်လား။ ဒီလောက်မျာတဲ့ ပိုက်ဆံကို ငါဘဝ တစ်လျှောက် တစ်ခါမှ မမြင်ဖူးဘူး။ ပြီးတော့ သူတို့တွေ ဘယ်ကုမ္ပဏီအကြောင်း ပြောနေကြတာလဲ’
“ငါတို့တွေ ရောက်ပြီ။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ဘိုးဘေးက ချင်မင်းဆက်ရဲ့ တော်ဝင်စားဖိုမှူးလေ။ သူရဲ့ သိုးသားဟင်းက အရမ်းကောင်းတယ်။ မင်းတို့နှစ်ယောက် အရင်မှာထားလိုက်။ ငါမင်းရဲ့ အစ်မကို သွားကြိုလိုက်ဦးမယ်။”
လီရှစ်ချင်က ပြောလိုက်သည်။
ဝမ်တုန့်ကျွမ်း မြို့ကို ရောက်ဖူးသည်ကား လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်သည်။ မြို့တော်တွင် ပြောင်းလဲမှု အများအပြား ရှိသည်။ လူများသည် ပိုကောင်းသည့် အဝတ်အစားများ ဝတ်လာကြပြီး ယခု စားသောက်ဆိုင်သည် ကြီးမားလွန်းသည်။ စားသောက်ဆိုင်ကား စားပွဲကြီး ၁၀ပွဲထက်တောင် ဆန့်သေးသည်။
“စားပွဲထိုး။ ငါ မှာဦးမယ်။ သိုးသားဟင်း တစ်ပွဲ၊ ဝက်သားနှစ်ပြန်ကြော် တစ်ပွဲ၊ မင်းတို့ရဲ့ အထူး အမဲသားတစ်ပွဲ၊ ရတနာရှစ်ပါးကြက် တစ်ပွဲ၊ ရှဉ့်မန်ဒရင်းငါးချက် တစ်ပွဲ။ ကောင်းပြီ။ အကုန်လုံးက အသားဟင်းပွဲကြီးပဲ။ မုန်လာဉဟင်းပွဲအချို့ ချပေးပါ။ ပြီးတော့ ကျန်းလီဘောင် လေးဗူးကော ချပေး။ ကောင်းပြီ။ ဒါပဲ”
ဖုန်းယွီက ပြောလိုက်သည်။
ရတနာ ရှစ်ပါးကြက်
ဖုန်းယွီသည် ဟင်းပွဲများကို မရပ်မနား မှာလိုက်သည်။ စားပွဲထိုးနှင့် ဝမ်တုန့်ကျွမ်း နှစ်ယောက်သား ကြက်သေသေနေသည်။ သူတို့အနေနဲ့ အစားအသောက်များကို ကုန်အောင် မစားနိုင်ဖို့ မဆိုထားနှင့် ထိုဟင်းပွဲများက ဈေးမကြီးပေ။ စုစုပေါင်း ကုန်ကျငွေမှာ အနည်းဆုံး ယွမ် ၃၀ ရှိပေမည်။
ဖုန်းယွီသည် သူ့ကို စိုက်ကြည့်နေသည့် စားပွဲထိုးကို ပြောလိုက်သည်။
“ငါ့ရဲ့ ယောက်ဖက ငါ့အစ်မကို သွားကြိုနေပြီ။ မြန်မြန်သွားပြီး စားဖိုဆောင်ကို အမှာတင်လိုက်တော့။ သူတို့ ရောက်တာနဲ့ အစားအသောက်တွေ အဆင်သင့် ဖြစ်နေမှ အဆင်ပြေမယ်။”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
လီရှစ်ချင်နှင့် ဖုန်းတန့်ယင်းတိုသည် ဟင်းပွဲများ ရောက်လာသည့် တစ်ချိန်တည်းတွင် ရောက်လာခဲ့သည်။ သူတို့ နှစ်ယောက်လုံးက ဟင်းပွဲများ အလွန်အကျွံမှာသည်ကို တစ်ခွန်းမျှ မပြောပေ။
ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းတို့သည် တုန့်ဆိုင်းမနေတော့ဘဲ စားတော့သည်။ သူတို့သည် လူပျိုပေါက်များ ဖြစ်နေသောကြောင့် သူတို့ များများ စားနိုင်သည်။ သို့သော် သူတို့အနေဖြင့် စားပွဲပေါ်ရှိ ဟင်းများကို ကုန်အောင်တော့ မစားနိုင်ပေ။
ဖုန်းယွီသည် သူ၏ ဆိုဒါသောက်ရင်း လီရှစ်ချင်နှင့် ပြောလိုက်သည်။
“အစ်ကိုလီ ဒီရက်ပိုင်း ရှန်းမြို့တော်ကို သွားသေးလား။”
“သွားတာပေါ့။ မင်းက အဲ့လူငယ်တွေကို နားခိုင်းထားပေမဲ့ ငါတို့တွေက သူတို့ကို လစာပေးနေရတယ်။ သူတို့တွေ နေ့တိုင်း ပေါ်ကာပဲ ကစားနေတယ်။”
လီရှစ်ချင်က ပြန်ပြောလိုက်သည်။
သူတို့အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် ငွေတိုက်စာချုပ်တွေကို ထပ်ပြီး လိုက်စုဆောင်းလို့ မရတော့ဘူး။ မြို့နှစ်မြို့၏ ငွေတိုက်စာချုပ်များ ရောင်းဝယ်ကုန်သွယ်ရန် မဖြစ်နိုင်တော့ပါက ဖုန်းယွီသည် ထိုလူငယ်လေးများကို ထိုက်ဟွ ကုမ္ပဏီတွင် အလုပ် လုပ်ခိုင်းမှာ ဖြစ်သည်။ သို့သော် သိုလှောင်ရုံကို သန့်ရှင်းခြင်းနှင့် ရိုးရှင်းသော ပြင်ဆင်မှုများ ပြုလုပ်ခြင်းမှ လွဲ၍ သူတို့ ဘာမှ လုပ်စရာ မရှိပေ။
မြို့နှစ်မြို့ကြား ငွေတိုက်စာချုပ်များ ရောင်းဝယ် ကုန်သွယ်ခြင်းမှ ရသည့် ငွေပမာဏသည် ထို လူငယ်များ၏ နေထိုင်စရိတ်၊ အစားအသောက်နှင့် လစာအတွက် လုံလောက်သည်။
ယခုအချိန်တွင် ဖုန်းယွီသည် အရည်အချင်းရှိသည့် ကြားမှ ဆက်သွယ်ပေးရသည့် အေးဂျင့်များ လိုအပ်နေပြီ ဖြစ်သည်။ ထိုသူများသည် ကုန်ပစ္စည်းလိုအပ်ချက်ကို သိပြီး ကုန်ပစ္စည်းများကို ဈေးမြင့်မြင့်ဖြင့် ရောင်းနိုင်မည် ဖြစ်သည်။ ဒေသတိုင်း၏ အရောင်းကောင်းဆုံး ကုန်ပစ္စည်းများနှင့် ဈေးချိုချိုဖြင့် ရနိုင်မည့် နေရာများကို သိသူ ဖြစ်သည်။
တစ်လတာ သင်တန်းက ဘင်းမြို့တော်၏ ဈေးကွက်အကြောင်း နားလည်ရန် လုံလောက်ပြီ ဖြစ်သည်။ ဖုန်းယွီသည် သူတို့ကို ကောင်းမွန်စွာ လေ့ကျင့်ပေးနိုင်ပါက သူသည် ထိုလူငယ်များက ထိုအလုပ်အတွက် သင့်လျော်မည်မှာ သေချာပေသည်။ သူသည် လူငယ်လေးများ အလုပ်ကောင်းကောင်း လုပ်နိုင် မလုပ်နိုင်ကို ကြည့်ရပေမည်။
ကုန်တိုက်တွင် ဝမ်တုန့်ကျွမ်း၏ မျက်လုံးများ တစ်ဖန် ကျယ်သွားပြန်သည်။ ထိုကုန်တိုက်က တကယ် ကြီးလွန်းသည်။ အဝတ်အစားများလည်း လှပသည်။ သေနပ် အစစ်များနှင့် တူသည် အရုပ် သေနပ်များတောင် ရှိသေးသည်။
လီရှစ်ချင်သည် သူတို့ကို ဘင်းမြို့တော်ကို နှစ်ရက်ကြာ လိုက်ပို့ပေးပြီး ရှန်းမြို့တော်ကို မသွားပေ။ ဝမ်တုန့်ကျွမ်းသည် မြို့တော်၏ ဘဝကို စွဲလမ်းသွားပြီ စိတ်ပြင်ဆင်လိုက်သည်။
သူသည် မြို့တော်ရှိ အထက်တန်းကျောင်းကို တက်ရအောင် သေချာပေါက် ကြိုးစားမည်ပင်။

(အဆင်ပြေမပြေ ပြောပေးကြပါဦး။ လိုတာတွေ ရှိရင်လည်း လမ်းညွှန်ပေးပါဗျ)

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset