အခန်း ၂၆
ကုမ္ပဏီ မှတ်ပုံတင်ခြင်း
ဘန်း
ဖုန်းရှင်းထိုက်က စားပွဲပေါ် ရိုက်ချလိုက်သည်။
ဒီကလေးသည် တကယ် စည်းကမ်း ထိန်းသိမ်းဖို့ လို့အပ်နေပြီ ဖြစ်သည်။ အတန်းပျက်ရုံတင်မက ယခုတွင် သူက ကုမ္ပဏီ တစ်ခုပါ ထူထောင်နေချင်တာလား။ ကုမ္ပဏီ ထောင်ရသည်ကား လွယ်တယ်လို့ သူထင်နေသည်လား။
“အဖေ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က ရုရှားတွေနဲ့ စီးပွားရေး လုပ်မှာပါ။ နိုင်ငံတော်ကလည်း သူတို့နဲ့ စီးပွားရေး လုပ်ဖို့ အားပေးနေတာ။ ကျွန်တော်တို့တွေမှာ ပထဝီဝင်အနေအထား အရေးသာမှု ရှိတာကို ကောင်းကောင်း သုံးချရမယ်။ မဟုတ်ရင် နောက်ထပ် နှစ်နှစ်အတွင်း တောင်ပိုင်းမှာ ရှိတဲ့ စီးပွားရေးသမားတွေက ဒီအခွင့်အရေးကို လာယူလိမ့်မယ်။ အဲ့အခါမှဆို ကျွန်တော်တို့ ရတာ နည်းသွားလိမ့်မယ်။”
ဖုန်းယွီက ပြောလိုက်သည်။
“ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ၊ မင်း ပိုက်ဆံပဲ သိနေတာလား။ မင်းကျောင်းမတက်ချင်တော့ဘူးလား။ မင်းအထက်တန်းကျောင်းကို တက်ချင်သေးရဲ့လား။ တက္ကသိုလ်ကော တက်ချင်ရဲ့လား။ ငါမင်းကို ကျောင်းတက်ခိုင်းတာက ပိုက်ဆံ ရှာဖို့ထက် ကောင်းမွန်တဲ့ အနာဂတ် ရဖို့အတွက်ကွ။”
ဖုန်းရှင်းထိုက်က ကျိန်းမောင်းလိုက်သည်။
သူသည် သူ့ဘာသာသူ ကုမ္ပဏီကို မှတ်ပုံတင်ချင်သည်။ သို့သော် သူသည် မှတ်ပုံတင်ကဒ် လိုသေးသည်။ ဖုန်းယွီသည် အသက် ၁၆နှစ်အောက်သာ ရှိပြီး သူ့တွင် မှတ်ပုံတင် ယခုထိ မရှိသေးပေ။ မှတ်ပုံတင် မရှိဘဲ ကုမ္ပဏီ မည်ကဲ့သို့ ထောင်နိုင်မည်နည်း။
“ငါက ကုမ္ပဏီကို ထောင်ရမှာလား”
ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“ဟုတ်တယ်။ ကုန်သွယ်ရေး ကုမ္ပဏီတစ်ခု။ တောင်ပိုင်းမှာ အဲ့လို ကုမ္ပဏီမျိုး အများကြီးရှိတယ်။ အဲ့ဒီအကြောင်း နေတိုင်း သတင်းစာမှာ ရေးထားတယ်။ ကောင်းတာတစ်ခုက စီးပွားရေး လုပ်ငန်းရှင် တွေကိုလည်း အားပေးနေတယ်။ ကုမ္ပဏီက နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းမှာ အထောက်အပံ့ပေးတယ်။ အဖေတို့ အမေတို့ အသက်အရွယ်နဲ့ဆိုရင် အဖေတို့ ပြောတဲ့ စကားတွေက အဆင်ပြေနေမှာ။”
“အဲ့လိုလား။”
ဖုန်းရှင်းထိုက်က သူ့မိန်းမကို ကြည်လိုက်သည် သို့သော် ကျန်းမူဟွသည် ခေါင်းခါရုံသာ တက်နိုင်သည်။ သူမ ဘာမှျ မသိပေ။
“အဖေ ကျွန်တော် ခုနက ပြောသလိုပဲ။ ညကျ မာကျောက် ကစားတာလျော့ပြီး သတင်းများများ ကြည့်။ နောက်တစ်ချက်က ကျွန်တော် ဘင်းမြို့တော်ကို ဒီတစ်ခေါက်သွားတာက ကစားဖို့ သွားတာ မဟုတ်ဘူး။ ကျွန်တော်သွားတာက စီးပွားရေးအတွက်။ ဒီတစ်ခေါက် ခရီးမှာ ကျွန်တော် ၈၀,၀၀၀ယွမ် ရခဲ့တယ်”
ဖုန်းယွီက ပြောလိုက်သည်။
“ဘယ်လောက်”
ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွက မေးလိုက်သည်။
“၈၀,၀၀၀ယွမ် နှစ်ရက်ထဲနဲ့လေ။ ကျွန်တော် တခြား ဝယ်ယူတဲ့သူနဲ့ သဘောတူညီမှုတွေ လုပ်ထားတယ်။ ကျွန်တော်တို့တွေက နောက်တစ်ခေါက်အတွက် ပစ္စည်းတွေကို ကြိုဝယ်ထားရမယ်။ ကျွန်တော်တို့ နောက်ထပ် ပိုက်ဆံ ရှာချင်ရင်တော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်မှရမယ်။ အဖေနဲ့ အမေတို့ အိမ်ကြီးကြီးမှာ မနေချင်သေးဘူးလား။ အဘိုးနဲ့ အဘွားကို ကျွန်တော်တို့နဲ့ အတူတူ မနေစေချင်ဘူးလား။ အဖေ ဒီကုမ္ပဏီ ထောင်လိုက်တာနဲ့ ကျွန်တော်တို့ စတုရန်းမီတာ ၁၀၀ကျော်တဲ့ အိမ်ကြီးကြီးတစ်လုံးကို ဘင်းမြို့တော်မှာ ဝယ်နိုင်မယ်”
ဖုန်းယွီက ပြောလိုက်သည်။
ဖုန်းယွီသည် သူတို့ကို သူဌေးများက ရာချီ ထောင်ချီ ကျယ်သည့် အိမ်များတွင် နေသည့် အကြောင်းကို သူ့မိဘများကို မပြောရဲပေ။ သူသည် သူ့အဖေနှင့်အမေ မယုံမှန်းသိသည်။ သူတို့ကို ဦးနှောက်ဆေးရန်က အချိန်များစွာ ယူရမှာ ဖြစ်သည်။
“အဖေ အဖေ သဘာမတူရင်၊ ကျွန်တော် စာကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ နှစ်ဝက်စာမေးပွဲကလည်း ဖြေတော့မယ်။ အဲ့ခွင့်မပြုတာက ကျွန်တော်ရဲ့ စာမေးပွဲရလဒ်ကို ထိခိုက်နိုင်တယ်။”
ဖုန်းယွီက ပြောလိုက်သည်။
“အဲ့တာဆို ဒီလယ်တွေကကော ဘာလုပ်မှာလဲ”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။
ဖုန်းယွီသည် မျက်လုံး ပင့်လိုက်ကာ
“လယ်ငှားတွေ ခေါ်မှာပေါ့။ ကျွန်တော်တို့တွေ အနာဂတ်ကျ စိုက်ပျိုးရေး မလုပ်တော့ဘူး။ ကျွန်တော်တို့ရဲ့ မြေတွေကို တခြားသူတွေကို ငှားမယ်။ ဘယ်သူပဲ စိုက်ချင်စိုက်ချင် သူတိုကို စိုက်ခွင့်ပေးတာပေါ့။ ကျွန်တော်တို့တွေက မြို့ကို ပြောင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ကုန်ဆုံးကြမယ်”
ဖုန်းရှင်းထိုက်က သူ့ဇနီးကို ကြည့်ကာ
“ချစ်ကော ဘယ်လိုထင်လဲ။”
“ကျွန်မ မသိဘူး။ ကိုယ်ဘာသာ ဆုံးဖြတ်လေ။”
ကျန်းမူဟွက သူအဖေနှင့်သာ၏ စကားဝိုင်းကို ကြည့်ပြီး ထိတ်လန့်နေတော့သည်။ ထိုနှစ်ယောက်သားက ထောင်ပေါင်းများစွာမှ သိန်းများစွာအထိ ရမည့် အကြောင်း ပြောဆိုနေကြသည်။ ယခုအချိန်တွင် သူတို့သည် ကုမ္ပဏီထောင်ရန် အကြောင်းတောင် ပြောဆိုနေကြပြီ ဖြစ်သည်။ သူသည် သူတို့၏ အတွေးများကို မဖမ်းနိုင်တော့ပေ။
သို့သော် သူမသည် သူမသားကို ယုံကြည်သည်။ ကျောင်းသွားသည်ကလည်း မှားစရာ အကြောင်းမရှိပေ။ ဒါ့အပြင် သူမ သူ့သားကို ဘယ်လို လိမ်ရဦးမည်နည်း။
သူ့မိန်းမ၏ စကားကို ကြားပြီးနောက် သူသည် သူမ မျက်လုံးကို ကြည့်လိုက်တော့သည်။ ဖုန်းရှင်းထိုက်က သူမမိန်းမသည် ဘင်းမြို့တော်တွင် နေချင်းမှန်း သိသည်။ ဖုန်းရှင်းထိုက်က ပြောလိုက်သည်။
“ကောင်းပြီ။ ငါမနက်ဖြန်ကျ ကုမ္ပဏီကို စာရင်းသွားသွင်းလိုက်မယ်။ တကယ်လို့ အထက်တန်းကျောင်း မဝင်ဘူးဆိုရင်တော့ ငါကုမ္ပဏီကို ပိတ်ပစ်မယ်။”
သူ၏ မိဘများကို ဖျောင်းဖြပြီးနောက် ဖုန်းယွီသည် စိတ်ချလက်ချဖြင့် ကျောင်းကို ပြန်သွားတော့သည်။ နှစ်ဝက်စာမေးပွဲကလည်း နည်းလာပြီ ဖြစ်ကာ သူသည် စာများကို စတင် ပြန်လေ့လာရတော့မည် ဖြစ်သည်။ သူတွင် နှစ်၂၀စာ မျှော်မြင်မှု ရှိသော်ညလ်း သူသည် ရင်းနှီးမြှပ်နှံမှုတွင်သာ အာရုံစိုက်ခဲပြီး တစ်ခါမျှ စီးပွားရေး မလုပ်ဘူးပေ။
သူသည် တက္ကသိုလ်တက်ပြီး စီမံခန့်ခွဲမှုအကြောင်း သင်ယူချင်သည်။ တစ်ချိန်တည်းတွင် သူသည် အတန်းဖော်အချို့နဲ့ တွေ့ပြီး သူတို့ထဲမှ ထက်မြက်သည့်သူများကို ရွေးချယ်ကာ သူ၏ စီးပွားရေး အင်ပါယာ တည်ထောင်ရန် အိမ်မက်ကို ဖြည့်ဆည်းပေးရန်အတွင် ကူညီပေးစေလိုသည်။
ဖုန်းယွီသည် စာကို ကြိုးစားလေ့လာနေသည့်အခါ ဖုန်းရှင်းထိုက်က ဘင်းမြို့ကို သူ၏ မှတ်ပုံတင် ကဒ်နှင့် လာခဲ့သည်။ လီရှစ်ချင်သည် ဖုန်းယွီထံမှ ကြားပြီးနောက် မီးရထား ဘူတာရုံတွင် စောင့်နေသည်။ ကားငှားပြီးနောက် လီရှစ်ချင်က သူ၏ ယောက္ခမလောင်းကို ကုန်သွယ်ရေးနှင့် စက်မှု ဗျူရိုရုံးကို ပို့ပေးလိုက်သည်။
ထိုခေတ်အခါက ကုမ္ပဏီ မှတ်ပုံတင်ခြင်းသည် မြန်ဆန်ပြီး ရိုးရှင်းသည် ယနေ့ခေတ်လို တင်းကြပ်မှု မရှိပေ။
လီရှစ်ချင်သည် လုပ်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို လုပ်ခဲ့ပြီး ဖုန်းရှင်းထိုက်ကို လိုအပ်သည့် လုပ်ငန်းစဉ်များ လုပ်ရန်အတွက် ခေါ်ခဲ့တာ ဖြစ်သည်။ မှတ်ပုံတင်ခြင်းက တစ်ရက်လုံးကြာပြီး နောက်တစ်နေ့ တွင် တရားဝင်မှတ်ပုံတင် ရရှိပြီ ဖြစ်သည်။
“ဦးလေး လာပြီး ကြည့်ပါဦး. ဒါက ကျွန်တော်တို့ ထိုက်ဟွ ကုမ္ပဏီရဲ့ ရုံးပါ။”
လီရှစ်ချင်က ပြောလိုက်သည်။
“ရုံးဟုခေါ်ဆိုသော်လည်း ထိုနေရာက တကယ်တော့ မီးရထားရုံ နားရှိ သိုလှောင်ရုံ ဖြစ်သည်။ ထို သိုလှောင်ရုံကို နှစ်ထပ်အဖြစ် ပြောင်းလဲထားသည်။ အပေါ်ထက်တွင် အခန်းများစွာ ရှိပြီး ရုံးခန်းနှင့် အဆောင်တို့ ဖြစ်သည်။
ကုမ္ပဏီ၏ ပထမဆုံးဝန်ထမ်းများက လီရှစ်ချင် ငွေတိုက်စာချုပ်များ စုဆောင်းရန်အတွက် ငှားရမ်းထားသည့် လူငယ်များဖြစ်သည်။ သူတို့သည် ငွေတိုက်စာချုပ်များ အိမ်တိုင်ရာရောက် စုဆောင်းခြင်းကို ရပ်နားလိုက်ကြသည်။ ငွေတိုက်စာချုပ် ရောင်းဝယ်ရေး တွင်ကျယ်လာသည် နှင့်အမျှ ငွေတိုက်စာချုပ်များ၏ ဈေးနှုန်းကလည်း မြင့်တက်လာခဲ့သည်။ ယခုအချိန်တွင် ရှန်းမြို့တော်တွင် ၁၀၀ယွမ် ငွေတိုက်စာချုပ်အတွက် ဈေးနှုန်းက ၁၀၁.၃ယွမ် ဖြစ်လာသည်။
ဘင်းမြို့တော်နှင့် ရှန်းမြို့တော်ကို သွားလာခြင်းမှပင် လီရှစ်ချင်သည် ခရီးတစ်ခေါက်တွင် တစ်ထောင်ထက် ပိုရနေတော့သည်.
ဖုန်းယွီသည် ထိုလူများက အသုံးဝင်သည်ဟု ပြောခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က လီရှစ်ချင်နှင့် ရှန်းမြို့တော်ကို လိုက်ရပြီး အခြားသူများက သိုလှောင်ရုံကို ရှင်းကြရသည်။
ဖုန်းယွီ ပြောပုံအရဆိုလျှင် သိုလှောင်ရုံက ပစ္စည်းများဖြင့် ပြည့်နေမည် ဖြစ်ပြီး အလုပ်သမားများ၏ လစာသည်လည်း နှစ်ဆ ဖြစ်တော့မှာ ဖြစ်၏။
ဖုန်းယွီသည် လီရှစ်ချင်ကို ကုမ္ပဏီမှ ရသည့် အကျိုးအမြတ်ကို ၁:၁ ဖြင့် လီရှစ်ချင်ကို ညီတူမျှတူ ယူစေချင်ခဲ့သည်။ သို့သော် လီရှစ်ချင်က ရှင်းလင်းအောင် လုပ်ခဲ့သည်။ ကုမ္ပဏီသည် ဖုန်းယွီကြောင့်သာ ပိုက်ဆံ ရှာနိုင်မှာ ဖြစ်ကာ သူသည် ဖုန်းယွီ၏ လိုအပ်ချက်များကို အဓိက ဖြည့်ဆည်းပေးမည့် သူသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဖုန်းယွီ၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။ ထပ်ပြောရလျှင် ဒီတစ်ခေါက် ဖုန်းယွီ၏ ရင်းနှီးမြှပ်နှံမှုက အတော်လေးကြီးမားပေသည်။ ကုမ္ပဏီကို သူ၏ ပိုက်ဆံ ပမာဏ တော်တော်များများကို မြှပ်နှံထားတာ ဖြစ်သည်။ လီရှစ်ချင်သည်လည်း ငွေတိုက်စာချုပ် စီးပွားရေးကို ရပ်ရန်အတွက် အင်တင်တင် ဖြစ်နေသည်။
အဆုံးတွင် ကုမ္ပဏီကို မတည်ငွေ ၂၀၀,၀၀၀ယွမ်ဖြင့် မှတ်ပုံတင်လိုက်သည်။ ဖုန်းရှင်းထိုက်သည် ၉၀%နှုန်းနှင့် ညီမျှသည့် ၁၈၀,၀၀၀ယွမ် ဖြစ်ကာ လီရှစ်ချင်သည် ၁၀% နှင့် ညီမျှသည့် ယွမ် ၂၀,၀၀၀ ပါဝင်ပေသည်။ အထွေထွေ မန်နေဂျာက ဖုန်းရှင်းထိုက် ဖြစ်သည်။ ဖုန်းယွီနှင့် လီရှစ်ချင်က တာဝန်ခံ မန်နေဂျာများ ဖြစ်ကြပြီး ကျန်သည့်သူများက အရောင်းသမားများ ဖြစ်ကြသည်။
အကယ်၍ ကီရီလန်ကိုသာ ဖုန်းယွီကို နောက်ထပ် ၂၀,၀၀၀ရူဘယ်လ် ထပ်မပေးပါက ငွေတိုက်စာချုပ်များမှ ယွမ် ၂၀၀,၀၀၀ဖြစ်အောင် ကာလကြာရှည် ရောင်းဝယ်ရဦးမည် ဖြစ်သည်။
၂၀၀,၀၀၀ယွမ်အပြင် ငှားရမ်းခ၊ ပြန်လည် ထိန်းသိမ်းခြင်း စရိတ်နှင့် အခြား အပိုကုန်ငွေများကြောင့် သူတို့တွင် ငွေတိုက်စာချုပ်ရောင်းရသည်မှ ယွမ် ၁၀၀,၀၀၀သာ ကျန်တော့သည်။ ငွေတိုက်စာချုပ်သည် တစ်ခေါက်လျှင် ၁,၀၀၀ယွမ်သာ ရပေသည်။
ဖုန်းယွီသည် လီရှစ်ချင်နှင် ဆွေးနွေးခဲ့သည်။ သူတို့၏ မတည်ငွေဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ပေ။ လီရှစ်ချင်သည် ငွေတိုက်စာချုပ်များနှင့် အလုပ်များနေပြီး ဖုန်းယွီသည် သူနှင့် ညီတူမျှတူ ခွဲရန် ဆန္ဒရှိသည်.
သိုသော် လီရှစ်ချင်က ငွေများများ မလိုချင်ပေ။ သူ၏ မိသားစုသည် အစပိုင်းတွင် များများ မရင်းနှီးနိုင်သည့်အတွက် ဖြစ်ပြီး ဖုန်းယွီ တစ်ယောက်တည်းသာ ဒီအကြံကို တွေးခဲ့တာ ဖြစ်သည်။ ဖုန်းယွီသည် သူ့ကို ကီရီလန်ကိုထံမှရသည့် အမြတ်များကိုလည်း သူ့ကို ပေးဦးမှာ ဖြစ်သည်။
လီရှစ်ချင်သည် အခိုင်အမာ ငြင်းနေသော်လည်း ဖုန်းယွီက သူ့ကို ဒီထက်များများ ပေးချင်သေးသည်။သို့သော် အချိန်များစွာ ကြာပြီးနောက် ဖုန်းယွီသည် ထိုကိစ္စကို မစဉ်းစားတော့ပေ။ အနာဂတ်တွင် ဖုန်းယွီ အောင်မြင်လာသည့် အခါ သူသည် သူ့ယောက်ဖနှင့် သူ့မိသားစုကို မေ့မှာ မဟုတ်ပေ။
ဖုန်းရှင်းထိုက်သည် လီရှစ်ချင်ထံမှ ဖုန်းယွီသည် ဒီကုမ္ပဏီအတွက် ၁၈၀,၀၀၀ယွမ် ရင်းနှီးထားကြောင်း ကြားသည့်အခါ သူ မူးမေ့တော့မလို ဖြစ်သွားသည်။
သူ့သား၏ စီးပွားရေးက တစ်ဆ တစ်ဆ ကြီးလာပါလား။
မနက်ဖြန် မနက်ပိုင်းမှ တစ်ပိုင်း ထပ်တင်ပေးပါ့မယ်ဗျ။ နောက်ရက်တွေကျ တစ်ရက် နှစ်ပိုင်း စောစောတင်နိုင်အောင် ကြိုးစားပါ့မယ်။ ဖတ်ရတာ အဆင်ပြေလားဗျ။ မပြေတာရှိရင်လည်း ပြောခဲ့ပေးပါ။