FY အခန်း ၂၃

အခန်း ၂၃

အစ်ကိုကီထံမှ သတင်း

လီရှစ်ချင်၏ အဖေသည် ခွင််ပြုပြီးနောက် လီမိသားစု၏ မုန်တိုင်းလည်း ပြေလျောသွားခဲ့ပြီး ဖြစ်သည်။ လီရှင်ချင်သည် စာတိုက်ရုံးကို ဘယ်တော့မှ ပြန်မသွား အလုပ်မလုပ်တော့သည့် အချက်ကို ဖုန်းယွီကောင်းကောင်း သိသည်။

ဖုန်းရှင်းထိုက်သည် ဖုန်းယွီ၏ နားရွက်ကို ကိုက်လိုက်သည်။ ပြီးနောက် သူကို ကျောင်းကို ပြန်ခေါ်သွားတော့သည်။ ဖုန်းယွီသာ မြို့မှ အထက်တန်းကျောင်းကို မဝင်နိုင်ခဲ့လျှင် သူသည် ဖုန်းယွီကို ရိုက်မည်ဟု ကတိပေးထာသည့် အတွက် ဖြစ်သည်။

ဖုန်းရှင်းထိုက်သည် ဖုန်းယွီကို ပိုက်ဆံ အကြောင်း မမေးခဲ့ပေ။ ဖုန်းယွီက သူ့အဖေသည် ပိုက်ဆံအကြောင်းမေးရန် မေ့ခဲ့သည်ဟု တွေးခဲ့သည်။ သို့သော် ဖုန်းယွီ မသိသည်ကား လီရှစ်ချင်သည် ဖုန်းရှင်းထိုက်ကို သူတို့ ဖုန်းမိသားစုတွင် ယခုတွင် ယွမ် ၂၀၀,၀၀၀ခန့် ရှိနေပြီ ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။

မည်သို့ပင် ဖြစ်စေ ထိုငွေတိုက်စာချုပ်များကြောင့်သာ ဖြစ်သည်။ အကယ်၍ သူတို့သာ မရောင်းရခဲ့ရင်တောင် သူတို့အနေဖြင့် ထိုငွေတိုက်စာချုပ်များမှ အတိုးရပေလိမ့်မည်။ အတိုးက သူတို့ ဘဏ်တွင်ရသည့် အတိုးထက် များပေသည်။ ဖုန်းရှင်းထိုက်သည် သူတို့ မိသားစုသည် ပြင်းထန်သည့် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်လာနိုင်သည်ကို သိပေသည်။ အကြောင်းမှာ ဖုန်းယွီသည် အထက်တန်း တက်ရဦးမည် ဖြစ်ပြီး အကြောင်းအရာများကိုလည်း နားလည်ရဦးမှာ ဖြစ်သည်။ ထိုအပြင် ဖုန်းယွီသည် ကျောင်းတက်ကို တက်ရဦးမည် ဖြစ်ပြီး ထိုမှ တဆင့် တက္ကသိုလ်ကို ဆက်တက်ရဦးပေမည်။

ဖုန်းရှင်းထိုက် အိမ်ကို ပြန်သည့် အခါ သူသည်လည်း နိုင်ငံခြားမှ တင်သွင်းသည့် ၁၉လက်မအရွယ် ကာလာတီဗွီ တစ်စုံကို ဝယ်ခဲ့သည်။ သူသည် လီရှစ်ချင်အိမ်တွင် ကာလာတီဗွီကို တွေ့ခဲ့သည့်အတွက် သူသည် လည်း တစ်စုံ ရချင်ခဲ့တာ ဖြစ်သည်။

ဖုန်းရှင်းထိုက် ကာလာတီဗွီနှင့် အိမ်ကို ပြန်လာသည့်အခါ ကျန်းမူဟွက သူ့ကို လက်ဖွာသူဟု အပြစ်တင်လေ၏။ ဒီတစ်ကြိမ်တွင်တော့ သူတို့၏ စုငွေအကြောင်း သိပြီး ယွမ် ၂၀၀,၀၀၀ရှိသည်ဟု သိသည့်အခါ သူမသည်လည်း ရေခဲသေတ္တာတစ်လုံးဝယ်ခဲ့သည်။

ဖုန်းယွီ၏ ကျောင်းတွင်း စာမေးပွဲရလဒ်က တစ်လနှင့် တစ်လ ပိုပိုကောင်းလာသည်။ သူ၏ တိုးတက်မှုက ဧပြီလနှင့် မေလ စာမေးပွဲများတွင် ပိုပြီး သိသာလာခဲ့သည်။ ဆရာစွန်းက ဖုန်းယွီ၏ ရလဒ်ကို ကောက်ချက် ချလိုက်သည်။ သူသည် ထိုရလဒ်အတိုင်းသာ ဆက်လက်ထိန်းထားနိုင်ပါက သူသည် ဘင်းမြို့တော်ရှိ အကောင်းဆုံး အထက်တန်းကျောင်းကို တက်ရောက်ခွင့်ရနိုင်မှာ ဖြစ်သည်။

ဖုန်းယွီနှင့် လီနသည် စာသင်ခန်းထဲတွင် အချိန်များစွာ အတူတူ ကုန်ဆုံးခဲ့ကြသည်။ သူသည် ဘာမှ မဖြစ်သလို ဟန်ဆောင်ခဲ့သည်။ သူတို့ နှစ်ယောက်သည် ပိုပိုပြီး တိုးတက်လာခဲ့ကာ တစ်ယောက်နှင့် တစ်ယောက် အမွှမ်းတင်နေကြသည်။

ဖုန်းယွီသည် စာအုပ်ပုံထဲ ခေါင်းနစ်နေစဉ် လီရှစ်ချင်ထံမှ ဖုန်းခေါ်ဆိုမှုကို ရခဲ့၏။

“ဘာလဲ။ အစ်ကိုကီက ဘင်းမြို့တော်ကို ထပ်လာမှာလား”
ဖုန်းယွီက ပြောလိုက်သည်။

လီရှစ်ချင်သည် ကီရီလန်ကိုထံမှ ကြေးနန်းတစ်စောင် ရခဲ့ပြီး သူသည် ဆရာတစ်ယောက်ကို ငွေပေးပြီး သူ့အတွက် ဘာသာပြန်စေခဲ့သည်။ သူသည် ကီရီလန်ကိုထံမှ ငွေပမာဏ ကြီးကြီးမားမားရခဲ့သည်ကို ကောင်းကောင်းမှတ်မိသေးပြီး သူတို့အနေဖြင့် အခွင့်အရေးကို အဆုံးရှုံးခံမှာ မဟုတ်ပေ။

သို့သော်လည်း ထိုအရာက ဖုန်းယွီ၏ စာပေလေ့လာမှုကို နှောက်ယှက်နေကာ ဖုန်းရှင်းထိုက်လည်း ပျော်ရွှင်မည် မဟုတ်ပေ။ သို့သော် ဖုန်းယွီသာ သူနှင့် မရှိလျှင် သူတို့သည် စကားပြန် တစ်ဦးကို ငှားရပေလိမ့်မည်။ ပြီးနောက် စကားပြန်က စီးပွားရေးကို ဘယ်လိုလုပ်ရမည်မှန်း မသိပေ။

“ဘယ်အချိန် သူရောက်မှာလဲ”
ဖုန်းယွီက မေးလိုက်သည်။

“သဘက်ခါရောက်မယ်။ သူက အင်တာနေရှင်နယ် ဟိုတယ်မှာပဲ နေမယ်တဲ့”

လီရှစ်ချင်က ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ အစ်ကို အဲ့နေ့ကလိုမျိုး ကျွန်တော်တို့က ချမ်းသာတယ် ဆိုတာကို ပြဖို့အတွက် ဂျစ်ကားတစ်စီး လိုတယ်။ ကျွန်တော် ဘင်းမြို့တော်ကို သဘက်ခါ ညနေခင်းမှာ ရောက်မယ်။ ကျွန်တော် အဲ့ကို ရောက်မှ ဆက်ပြောကြတာပေါ့”
ဖုန်းယွီက ပြန်ပြောလိုက်သည်။

“အစ်ကို သဘက်ခါကျ မင်းဆီကို လာကြိုလိုက်မယ်။ အစ်ကို ဂျစ်ကားကို ငှားထားပြီးပြီ”

ဖုန်းယွီက ပြုံးလိုက်သည်။ လီရှင်ချင်သည် သူတွေးထားသည်ထက် ပိုတော်နေသည်။ ငွေတိုက်စာချုပ်ကို လအနည်းငယ် ရောင်းဝယ်ကုန်သွယ်ပြီးနောက် သူအမြင် ကျယ်လာပြီး သူအလုပ်လုပ်သည်ကထက် ပိုပြီး ကျယ်ပြန့်သည့် အတွေးများရှိလာတော့သည်။

—————-

“ဘာ။ မင်း နောက်တစ်ခါ ထပ်သွားဦးမလို့လား။ နှစ်ဝက် စာမေးပွဲက လာတော့မှာ။ အဲ့စာမေးပွဲက နောက်ဆုံး စာမေးပွဲအတွက် နောက်ဆုံး ပြင်ဆင်မှုနော်။ ဒီတစ်ခေါက်ထပ်သွားချင်တဲ့ အကြောင်းပြချက်က ဘာလဲ”

ဆရာစွန်းက မေးလိုက်သည်။

“ဆရာစွန်း၊ ကျွန်တော် ယောက်ဖက ဘင်းမြို့တော်မှာ အဆက်အသွယ် အချို့ရှိတယ်။ ကျွန်တော် သူ့ရဲ့ သူငယ်ချင်းကို သွားတွေ့မလို့။ သူက ဘင်းမြို့တော်မှာ ရှိတဲ့ အကောင်းဆုံး အထက်ကျောင်းကို တက်ဖို့အတွက် အာမခံချက် ပေးနိုင်တဲ့သူလေ။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။
သေချာတာပေါ့။ ထိုလိမ်နည်းက သေချာပေါက် အကျိုးဖြစ်ပေသည်။ ဆရာစွန်းသည် ဖုန်းယွိ၏ ကျောင်းပြေးရန် ပေးသည့် အကြောင်းပြချက်ဖြစ်သည့် သူ့၏ အဆက်အသွယ်များနှင့် သွားတွေ့မည်ဆိုသည့် အချက်က ငြင်းရန် ခက်ပေသည်။ သိုသော်လည်း ဆရာစွန်းသည် ထိုသို့သော် အပြုအမူမျိုးကို မကြိုက်သော်လည်း လူတိုင်းသည် သူတို့၏ အနာဂတ်တွင် သူတို့၏ အဆက်အသွယ်များကိုသာ သုံးကြသည်ပင်။

လီရှစ်ချင်က ကျောင်း၏ ပင်မ ဂိတ်ဝတွင် ဂျစ်ကားထိုးထားပြီး ထိုကားကို ဆရာစွန်းက တွေ့သည့်အခါ ဆရာစွန်းသည် ဖုန်းယွီကို ယုံကြည်သွားတော့သည်။ ဖုန်းယွီ၏ ယောက်ဖသည် တကယ်ကို လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်။ သူသည် ငယ်လွန်းပြီး ဂျစ်ကားကိုတောင် မောင်းနိုင်ပေသည်။

ကျောင်းဂိတ်ရှိ ဂျစ်ကားက ကျောင်းသားများစွာ၏ အာရုံကို ဖမ်းစားနေတော့သည်။ အချိုက ဖုန်းယွီသိသည့်အတွက် ဂျစ်ကားပေါ်တောင် တက်ထိုင်ချင်ကြသည်။

မြို့တော်တွင် ထိုဂျစ်ကားမျိုးကို တွေ့နေကြဖြစ်သော်လည်း ကျေးလက်ဒေသတွင် ရွာခေါင်းဆောင်သာ ထိုသို့သော ကားမျိုးကို စီးနိုင်ပေသည်။ သူတို့၏ ကျောင်းအုပ်များတောင်မှ စက်ဘီးဖြင့် ကျောင်းနှင့် အိမ်ကို သွားလာကြသည်။

“ဖုန်းယွီ နှစ်ဝက်စာမေးပွဲ ဖြေတော့မယ်။ နင်ဘယ်ကိုသွားမှာလဲ။”

“ငါလေ အထက်တန်းကျောင်း ဝင်ဖို့အတွက် အဆက်အသွယ်နဲ့သွားတွေ့မလို့။ ငါလေ စာမေးပွဲ မဖြေဘဲနဲ့တောင် အထက်တန်းကျောင်းကို ဝင်ရင် ဝင်နိုင်တယ်။ စကားမစပ် နင့်အတွက်လည်း ငါကူပြောပေးခဲ့ရမလား”

တမင်သက်သက် သူမကို စိတ်ဆိုးအောင် ဖုန်းယွီက မေးလိုက်သည်။

လီနသည် ငိုလုနီးပါး ဖြစ်သွားသည်။ သူမက ဖုန်းယွိသည် ကောင်းမွန်တဲ့ ပြောင်းလဲခြင်း ဖြစ်လာပြီဟု သူမ တွေးခဲ့သည်။ သို့သော် သူသည် မစိုက်ပျိုးဘဲ အသီးအပွင့်ကို ခံစားချင်သည့် အခွင့်အရေးသမား ဖြစ်နေသည်။

“ငါ ငါ့ရဲ့ စာမေးပွဲကို ငါ့ဘာသာငါ ကြိုးစားဖြေမယ်။ နင့်ရဲ့အကူအညီကို မလိုဘူး။”

လီနက ပြောလိုက်ပြီးနောက် ကျောင်းသို့ လှည့်ပြန်ကာ ငိုကြွေးတော့၏။

ဖုန်းယွီသည် သူပါးစပ်ကို ဟကာ သူမကို ခေါ်ချင်ခဲ့သည်။ သို့သော် မေ့လိုက်သည်။ သူသည် သူမကို သူပြန်ရောက်သည့်အခါ ပြန်ရှင်းပြနိုင်မှာ ဖြစ်သည်။ ယခုအချိန်တွင် ကီရီလန်ကိုက အရေးကြီးဆုံးဖြစ်သည်။

အင်တာနေရှင်နယ် ဟိုတယ်တွင်

“မင်္ဂလာပါ ကျွန်တော် မော်စကိုမြို့က လာတဲ မစ္စတာ ကီရီလန်ကိုနဲ့ တွေ့ချင်လို့ပါ။”

ဖုန်းယွီသည် အင်တာနေရှင်နယ် ဟိုတယ် ဧည့်ကြိုကောင်တာရှေ့တွင် ရပ်နေသည်။

“ကလေးလေး။ မင်းကီရီလန်ကိုကို သိလို့လား။ ဘာအတွက် သူ့ကို ရှာနေတာလဲ။”

ဟိုတယ် ဧည့်ကြိုဝန်ထမ်းက မေးလိုက်သည်။

“အစ်မ သူကို ဖုန်းတစ်ချက်ခေါ်ပေးနိုင်မလား။ သူက ကျွန်တော် ယောက်ဖကို လာခိုင်းလိုက်လို့ပါ။ ယောက်ဖက အပြင်က ကားထဲမှာ ရှိနေတယ်။”

ဖုန်းယွီက ပြောလိုက်သည်။

ဧည့်ကြိုက ဖုန်းခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းကိုင်လိုက်သည့် အခါ သူမသည် သူ့ကို တစ်ခြားလူတစ်ယောက်က ရှာနေကြောင်းကို ရုရှားဘာသာစကား အနည်းငယ် ပြောင်းကာ ပြောလိုက်သည်။

ကီရီလန်ကိုသည် အောက်ထပ်ကို ဆင်းလာခဲ့ပြီး ဖုန်းယွီကို မြင်ပြီး ကီရီလန်ကိုက အပျော်လွန်သည့်အတွက် သူ့ကို ထွေးပွေ့လိုက်ကာ ဖုန်းယွီ၏ ခြေထောက်များက လေထဲ မြှောက်တက်သွားတော့၏။

ကီရီလန်ကို၏ ပွေ့ဖက်မှုက ဖုန်းယွီကို အသက်ရှူပင် ရပ်သွားစေသည်။ ဖုန်းယွီသည် ပွေ့ဖက်မှုက ရုန်းကန်ရတော့သည်။ ကီရီလန်ကို၏ ထွေးပိုက်မှုမှ တစ်ကြိမ်တည်းဖြင့် ရုန်းထွက်လိုက်ပြီးနောက် ဖုန်းယွီက သူ့ကို အပြင်ဖက်တွင် ဂျစ်ကား ရပ်ထားကြောင်း ပြီးနောက် သူသည် အာ့ကောထို(တရုတ် အရက်ဖြူ)ဆိုင်ကောင်းကောင်း တွေ့ထားကြောင်း ပြောလိုက်သည်။ သူတို့အနေဖြင့် အရက်သောက်ရင်း စကားပြောနိုင်မှာ ဖြစ်သည်။

ကီရီလန်ကိုသည် အာ့ကောထိုအတွက် ပြင်းပြသည့် ဆန္ဒများ ရှိနေသည်။ ထိုအရသာက ကောင်းမွန်ပြီး သူအလွန် နှစ်သက်သည်။ ဖုန်းယွွီ၏ စကားများကို ကြားပြီးနောက် ကီရီလန်ကိုသည် ဖုန်းယွီကို တရွတ်တိုက် ဆွဲကာ အပြင်တွင် ရပ်ထားသည့် ကားဆီ စိတ်လှုပ်ရှားမှု့ အပြည့်ဖြင့် သွားတော့သည်။

ဖုန်းယွီသည် အသက်တစ်ဆယ်ကျော်ရုံသာ ရှိသေးသည့်အတွက် သူက မသောက်ပေ။ တခြားတစ်ဖက်တွင် လီရှစ်ချင် ကားမောင်းရဦးမှာ ဖြစ်သည့်အတွက် သူ ကောင်းကောင်းမသောက်ပေ။ အဆုံးသတ်တွင် ဖုန်းယွီသည် တစ်ခွက်သာ သောက်၏။

ပုလင်းတစ်ဝက် ကုန်ပြီးနောက် ကီရီလန်ကို၏ မျက်နှာများ စတင် နီမြန်းလာတော့သည်။ ဖုန်းယွီသည် ကီရီလန်ကိုနှင့် စကားစတင်ပြောပြီး ကီရီလန်ကိုက ဖုန်းယွီကို သူ၏ မိသားစု နောက်ခံ အကြောင်း ပြောတော့သည်။

ကီရီလန်ကို၏ နောက်ခံကို နားထောင်ပြီးနောက် ဖုန်းယွီသည် ထိတ်လန့်သွား၏။ သူသည် အစ်ကိုကီက ထိုကဲ့သို့ နောက်ခံ ရှိမည်ဟု မထင်ထားခဲ့ပေ။

ကီရီလန်ကို၏ အဖေသည် ဆိုဗီယက်လေတပ်၏ ကာနယ် ဖြစ်သည်။ ဖုန်းယွီသည် သူ၏ နာမည်ကို ကြားဖူးပြီး သူသည် နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြင့် ခံရသည်။

ကီရီလန်ကိုတွင် အစ်ကို တစ်ယောက်လည်း ရှိသည်။ သူ၏ အစ်ကိုသည် စစ်တပ်က ဖြစ်ပြီး အလုပ်ကို ကောင်းကောင်လုပ်သည်။ ကီရီလန်ကိုလည်း စစ်တပ်မှ ဖြစ်သော်လည်း သူသည် စိတ်ဝင်စားမှု မရှိပေ။ သူသည် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းချင်သူ ဖြစ်သည်။

သူ့အဖေကြောင့် ကီရီလန်ကိုသည် ထောက်ပို့ဌာနတွင် နေရာတစ်နေရာ ရခဲ့တာဖြစ်သည်။ သူသည် ဝယ်ယူခြင်းကို အကြောင်းပြပြီး ခရီးထွက်ကာ ခရီးတစ်လျှောက်တွင် များပြားသည့် ပိုက်ဆံများကိုလည်း ယူဆောင်ခဲ့သည်။

အရင်တစ်ခေါက်က ဘင်းမြို့တော်ကို သူလာရသည့် အကြောင်းက ဆိုဒ်သွားရောက် စစ်ဆေးရန်ဖြစ်သည်။ သွားလည်သည်တွင် သူသည် ပစ္စည်းအချို့ကို ပြန်သယ်လာပြီး ထိုပစ္စည်များကို ဆိုဗီယက် ပြည်ထောင်စုတွင် ကောင်းကောင်း လက်ခံကြသည်။ ဆိုဗီယက် ပြည်ထောင်စုနှင့် တရုတ်တို့၏ ဆက်ဆံရေးသည် ပုံမှန်သာ ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုက သိပ်မများပေ။

ကီရီလန်ကို၏ အချို့ သူငယ်ချင်းများက ဝက်ပေါင်ခြောက်များနှင့် စည်သွပ်ဗူးများကို လိုချင်ကြသည်။ သို့သော် သူတို့တွင် ထိုပစ္စည်းများ ဝယ်ယူရန် အဆက်အသွယ် မရှိပေ။ ထို့အတွက် ကီရီလန်ကိုသည် တရုတ်မှ ထိုပစ္စည်းများကို ဝယ်ရန်အတွက် ကိုယ်စားလှယ် ဖြစ်လာတော့သည်။

နောက်ဆုံးအကြိမ် ကီရီလန်ကို ဖုန်းယွီကို တွေ့သည့် အချိန်က သူသည် ဖုန်းယွီ၏ လုပ်နိုင်စွမ်းကို မြင်ပြီးဖြစ်သည်။ ဖုန်းယွီသည် ကုန်သည်ဆီမှ ကုန်ပစ္စည်းများကို ဝယ်ပေးရုံသာမက ထိုပစ္စည်းများကို လေဆိပ် သိုလှောင်ရုံအထိ ရောက်အောင်လည်း ပို့ဆောင်ပေးခဲ့သည်။ ထပ်ပြောရလျှင် တရုတ်ပြည်တွင် ဂျစ်ကား စီးနိုင်သည့် သူများအကြောင်းသိသည်။ သူတို့သည် အစိုးရ အရာရှိများ၏ မိသားစုဝင်များနှင့် တူပေသည်။

လုပ်ပိုင်ခွင့် ရှိခြင်း အဓိပ္ပာယ်သည် လူတစ်ယောက်က အခြားလူ တစ်ယောက်အတွက် ကူညီကာ ပစ္စည်းများကို ဝယ်ပေးနိုင်သည့် လူကို ဆိုလိုခြင်း ဖြစ်သည်။ ကီရီလန်ကိုသည် ဒီတစ်ကြိမ်တွင် ပိုက်ဆံ အမြောက်အမြားကို ယူခဲ့ပြီး သူသည် ပမာဏ ကြီးကြီးမားမား ဝယ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်၏။

ဖုန်းယွီ၏ မျက်လုံးထဲတွင် ကီရီလန်ကိုသည် သားထိုးထားသည့် ရွှေဝက်ကြီးတစ်ကောင်ကြီး ဖြစ်နေတော့သည်။

ထိုခေတ်အခါက နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုမှ အမြတ်များစွာ ရနိုင်သည်။ ဖုန်းယွီ ကောင်းကောင်း မှတ်မိခဲ့လျှင် နှစ်နိုင်ငံစလုံး ကုန်သွွယ်ရေးတွင် အခွန်ကင်းလွတ်ခွင့်စာချုပ်ကို ချုပ်ဆိုတော့မည် ဖြစ်သော်လည်း သူသည် ထိုသဘောတူညီချက် စတင်လား မတင်သေးဘူးလားဆိုသည်ကို မမှတ်မိတော့ချေ။

“အစ်ကို ကီရီလန်ကို ကျွန်တော် အရင်တစ်ခေါက်တုန်းက အကြောင်းကို ပြောဖို့ အစ်ကိုကို ဒီကိုခေါ်လာခဲ့တာ။ အစ်ကို ဒီကို လိုက်လာတဲ့အတွက် ကောင်းပါတယ်။ ကျွန်တော် အစ်ကိုကို အမှန်အတိုင်းပြောတော့မယ်။”

FY
Author: FY
Private: သေမင်း၏စေညွှန်ရာ

Private: သေမင်း၏စေညွှန်ရာ

Lethal Impulse, 致命冲动
Score 6.2
Status: Ongoing Type: Author: , Artist: , Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset