အခန်း ၁၉

အခန်း ၁၉

သတင်းတွေ တက်လာပြီ

သရေစာများ ကျေးဇူးကြောင့် ဖုန်းယွီသည် လီနထံမှ နေ့လည်ခင်းနှင့် ညနေခင်းများတွင် စာသင်ယူခွင့်ရခဲ့သည်။ သူ၏ စိတ်ပါဝင်စားသည့်အတိုင်း ဖုန်းယွီသည် ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လီနသည့် ဖုန်းယွီတွင် သရေစာများ မရှိလျှင်တောင် သူတို့ စေတနာဖြင့် ကူညီပေးလာတော့သည်။ လီနတွင် သရေစာများ ရှိလျှင်လည်း သူသည် ဖုန်းယွီနှင့် အတူတူ စားတော့သည်။

ဆရာစွန်းသည် လွန်စွာ အံ့ဩနေသည်။ အရင်က ဖုန်းယွီသည် စာလေ့လာရန် ပျင်းသည့်သူ တစ်ယောက် ဖြစ်သည်။ ဘာကြောင့် သူ ချက်ချင်းပဲ စာလေ့လာတဲ့ နေရာမှာ အရူးအမူးဖြစ်သွားရတာလဲ။ ဒါမှမဟုတ် သူက ဟန်ဆောင်နေတာလား။ ထို့အပြင် ဖုန်းယွီနှင့် လီနတို့သည် နေ့လည်နှင့် ညနေခင်းများတွင် အတူတူ ရှိနေကြသည်။ ဒီကလေးနှစ်ယောက် ချိန်းတွေ့နေတာများလား။

ဒီအတိုင်းဆိုလျှင် သူ ဖုန်းယွွီနှင့် စကားပြောရပေလိမ့်မည်။ စာလေ့လာခြင်းက ကောင်းသည့် အရာ ဖြစ်သည်။ သို့သော် အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေး ထိခိုက်စေနိုင်သည်။ သို့သော် ဖုန်းယွီသည် ဆရာစွန်းကို အခိုင်အမာ ပြောသည်ကား စာကြိုးနေခြင်းက သူသည် ဘင်းမြို့တော်ရှိ အထက်တန်းကျောင်းကို ဝင်ချင်သည့် အတွက် ဖြစ်ပြီး သူ ကြိုးစားနေသည်ကားသူ၏ ရည်မှန်းချက်ကြောင့် ဖြစ်သည်။ သူသည် ကျန်းမာရေးအတွက် နေ့တိုင်းလေ့ကျင့်ရေး လုပ်ကြောင်းလည်း ရှင်းပြသည်။

ဆရာစွန်းက ဖုန်းယွီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဆရာစွန်းက ဖုန်းယွီကို သူ့ကိုယ်သူ ဂရုစိုက်ရန် သတိပေးလိုက်သည်။ သူတို့တွင် ကိုယ်ပိုင် အတွေးအခေါ်နှင့် ရည်မှန်းချက် ရှိသည် ဆိုကတည်းက ဆရာစွန်းက သူ့ကို ကြိုးစားစေချင်သည်။

ထို့အပြင် ဖုန်းယွွီနှင့် လီနသည် စာအတူတူလုပ်သည်သာ ရှိပြီး ကျန်သည့်အရာ မရှိကြောင်း သူခံစားမိသည်။

သူတို့ လပတ် စာမေးပွဲ ရလဒ် ထွက်လာသည့်အခါ ဖုန်းယွီသည် ရုရှားဘာသာစကား၊ တရုတ်စာနှင့် သင်္ချာဘာသာရပ်အတွက် အမှတ်ပြည့် ဖြစ်သည်။ သူ၏ နိုင်ငံရေးဘာသာရပ်က အမှတ်သိပ်မများပေ။ သူသည် ဇီဝဗေဒ၊ ရူပဗေဒနှင့် ဓာတုဗေဒသည် အောင်ရုံသာ အောင်သည်။

“ဖုန်းယွီ နင့်ရဲ့ အမှတ်တွေအရဆို နင် ခရိုင်နဲ့ မြို့နယ်မှာ ရှိတဲ့ အထက်တန်းကျောင်းတွေကိုတော့ ဝင်နိုင်တယ်။ ဒါပေမဲ့ နင် နင့်ရဲ့ သိပ္ပံဘာသာရပ်တွေကို ကြိုးစားဖို့ လိုသေးတယ်။ မင်းမှာ မြို့တော်မှာ ကျောင်းတက်နိုင်ဖို့ အတွက် အခွင့်အရေး ရှိပါသေးတယ်။”

လီနသည် ဖုန်းယွီ၏ အမှတ်စာရင်းကို မြင်လိုက်သည့် အခါ ဖုန်းယွီထက် ပိုပျော်နေပုံရသည်။

“ငါ့ကို နေ့တိုင်း စာသင်ပြပေးတဲ့အတွက် ကျေးဇူးအများကြီးသင်ပါတယ်။ ဒါပေမဲ့ ငါ မင်းရဲ့ အဆင့်တွေကိုတော့ မမှီသေးဘူး။”

လီနက ခေါင်းမော့လိုက်ပြီးနောက် ဂုဏ်ယူဝံကြွားစွာ ပြောလိုက်သည်။

“နင်ရက်အနည်းငယ်လောက် စာကြိုးစားရုံနဲ့ ငါ့ကို ကျော်နိုင်မယ်လို့ ထင်နေတာလား။ ဒါပေမဲ့ ဒီနေ့က စပြီး နင်ငါ့ကို ရုရှားဘာသာစကား လေ့လာတဲ့အခါ ကူညီပေးရမယ်။ ငါတို့တွေက သူငယ်ချင်းတွေ။”
ဖုန်းယွီသည် လက်နှင့် စာချုပ် ချုပ်လိုက်ပြီး

“ကိစ္စမရှိဘူး”

ပထမလ၏ အမှတ်စာရင်းများကို သူ၏ မိဘများဆီ ပို့လိုက်သည့်အခါ ဖုန်းရှင်းထိုက်က အပျော်လွန်ကာ လပေါ်ရောက်သွားတော့အလား ခံစားလိုက်ရသည်။ သူ့သားသည် မြို့တော်မှာ ရှိသည့် အထက်တန်းကျောင်းများကို ဝင်ရောက်နိုင်ကြောင်း ဆရာက ပြောလိုက်သည်။

သို့သော် ဖုန်းယွီတွင် အကျင့်ဆိုးတစ်ခု ရှိသည်။ သူသည် ပိုက်ဆံ သုံးလွန်းအားကြီးသည်။ အပတ်တိုင်း သူပြန်လာတိုင်း သူက ပိုက်ဆံကိုသာမေးသည်။ ဖုန်းယွီ တစ်ပတ်တောင်းသည့် ငွေပမာဏက သူ တစ်လသုံးစွဲသည့် နှင့် ပမာဏအတိုင်း ဖြစ်ပေ၏။

သို့သော် ဖုန်းယွီသည် သူ့အဖေကို လီရှစ်ချင်သည် ငွေတိုက်စာချုပ်မှ ၁၀,၀၀၀ယွမ် ရပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုပမာဏနှင့် နှိုင်းယှဉ်ပါက သူ့သားသုံးသည့် ငွေပမာဏက ပီကေဖိုးမျှသာဖြစ်သည်။

ညပေါင်းများစွာ ဖုန်းရှင်းထိုက်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ့သားကို ကျောင်းပို့သည်က မှန်သွားပြီ ဖြစ်သည်။ သူသည် သူ၏ နိုင်ငံခြား ဘာသာစကားများတွင် ကောင်းသည်သာမက သူသည် ပိုက်ဆံ ဘယ်လို ရှာရမည် ဆိုတာကိုလည်း သိသည်။ သူ့သားက ပါရမီရှင်လော။ ဖုန်းမိသားစုတွင် ပါရမီရှင် တစ်ယောက် ရှိသည်လော။

————-

“အစ်ကိုလီ သတင်းတွေ ထပ်ကြားသေးလား။”

ဖုန်းယွွီက မေးလိုက်သည်။

ဧပြီလ စကတည်းက ဖုန်းယွီသည် လီရှစ်ချင်ကို နေ့တိုင် ဖုန်းခေါ်သည်။ သူမှတ်တာ မှားသွားသည်လား။ ဒါ ဧပြီလ မဟုတ်ဘူးလား။

ဖုန်းယွီ အကြောက်ဆုံး အရာက ပြန်လည် မွေးဖွားပြီးနောက် လိပ်ပြာပုံစံ သက်ရောက်မှုနှင့် အကြောင်းအရာ ကိစ္စတချို့ ပြောင်းလဲသွားမည် အကြောင်း ဖြစ်သည်။ ငွေတိုက်စာချုပ်များကို ရောင်းဝယ်ကုန်သယ်ခွင့် မပေးရင် သူသည် ပိုက်ဆံကို မြန်မြန်နှင့် လုံလုံခြုံခြုံ ရှာရန် နည်းလမ်းမသိပေ။

*လိပ်ပြာပုံစံ သက်ရောက်မှုသည် အချိန်ယန္တရားပြောင်းလဲသွားခြင်းကြောင့် ကိစ္စ၊ အကြောင်းအရာ အချို့ ပြောင်းလဲသွားချင်ဟု ယေဘူယျအားဖြင့် သိနိုင်သည်။

ဖုန်းယွီသည် သူ၏ အနာဂတ် ရင်းနှီးမြှပ်နှံမှုများကိုလည်း ဘာမှ မသိတော့ပေ။ သူ၏ အရင်ဘဝက သူသည် မိုဘိုင်းဖုန်းများနှင့် ကစားရသည်ကို နှစ်သက်ခဲ့သည်။ သို့သော် မိုဘိုင်းဖုန်းနှင့် ကစားရန်အတွက် မိုဘိုင်းဖုန်း မည်သို့ ထုတ်လုပ်ရသလဲဆိုတာကို သိရန် မလိုပေ။ လိပ်ပြာပုံစံ သက်ရောက်မှု ဖြစ်ပျက်ခဲ့လျှင် သူသည် လီရှစ်ချင်း၏ လမ်းစဉ်အတိုင်းသာ ငွေတိုင်စာချုပ်များကို တစ်အိပ်ထွက်ဆင်း စုဆောင်းပြီး ထိုမှ ငွေရရန်သာ ရှိသည်။ မီလျံပေါင်းများစွာ ရရန်အတွက် အချိန်ဘယ်လောက်ကြာမည်နည်း။ သူမည်သည့် အချိန်မှ ကြွယ်ဝချမ်းသာရေး အစီအစဉ်တွေကို လုပ်ဆောင်နိုင်မည်နည်း။

“အစ်ကို ဒီနေ့ သတင်းစာ မဖတ်ရသေးဘူး။ ဒီနေ့ တစ်နေ့လုံး အလုပ်ရှုပ်နေတာ။ မင်းခဏစောင့်နေ့ အစ်ကို မင်းကိုနောက်ထပ် ဆယ်မိနစ်နေရင် ခေါ်လိုက်မယ်။”

လီရှစ်ချင်က ပြန်ပြောလိုက်သည်။

ဆရာရှောင်းသည် ဖုန်းယွီ၏ အပတ်တိုင်း ဖုန်းခေါ်နေသည်မှာ အသားကျသွားပြီ ဖြစ်သည်။ ထိုကလေးငယ်၏ မိသားစုထဲမှ တစ်ယောက်သည် မြို့တွင် အလုပ်လုပ်ပြီး မြောက်မြားသည့် ပိုက်ဆံ ပမာဏကို ရှာနေတာ ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် သုံးရက်မှ စကာ မူမမှန်မှု အနည်းငယ် ဖြစ်လာခဲ့သည်။ ဖုန်းယွီက နေ့တိုင်း ဖုန်းခေါ်နေခြင်း ဖြစ်သည်။

“ဖုန်းယွီ။ ဒီလာပြီး ရေတစ်ခွက်သောက်ဦး။ ဒီရက်ပိုင်း မင်း နေ့တိုင်း ဖုန်းခေါ်နေတယ်နော်။ အိမ်မှာ တစ်ခုခု ဖြစ်နေလို့လား”
ဆရာရှောင်းက မေးလိုက်သည်။

“ကျေးဇူးပါ ဆရာရှောင်း။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော် ယောက်ဖရဲ့ကိစ္စ ကိစ္စကြောင့်မို့ပါ”

ဖုန်းယွီသည် များများစားစား မရှင်းပြပေ။ ထိုအရာက ရှင်းရန် ခက်ခဲသည့် အရာ ဖြစ်သည်။ သို့သော် သူတို့ လုပ်နေသည်က တရားမဝင်သည့် အရာ လုပ်နေတာ မဟုတ်ပေ။

“အို အတွဲတွေမှာ အချင်းများတယ်ဆိုတာ သဘာဝပါပဲ။ မင်းရဲ့ မိဘတွေတောင် ဘာမှ မလုပ်နိုင်ဘူး။ မင်းဘာတွေ စိုးရိမ်နေတာလဲ။”

ဆရာရှောင်းက ပြောလိုက်သည်။

ဖုန်းယွီက

“……”
ဆရာရှောင်း၏ စိတ်ကူးက အရောင်အသွေး စုံလွန်းသည်။ သူ့ကို ရှင်းပြရန်က ခက်ခဲပေသည်။

“ကလင် ကလင် ကလင်”

ဖုန်းယွီသည် ဆရာရှောင်းမကိုင်ခင် ဖုန်းကို ကိုင်လိုက်သည်။

“ဖုန်းယွီလား။”

လီရှစ်ချင်က မေးလိုက်သည်။

“ဟုတ်တယ်အစ်ကိုလီ”

“သတင်း တစ်ခု ရှိတယ်။ ရှန်းမြို့တော်က ငွေတိုက်စာချုပ်တွေကို နောက်အပတ် တနင်္လာနေ့မှ စပြီး ရောင်းဝယ်ခွင့်ပေးလိမ့်မယ်။ ဘင်းမြို့တော်နဲ့ ကျန်တဲ့ ခြောက်မြို့ကလည်း နောက်ထပ် ၁၀ရက်အတွင်း စတင်လိမ့်မယ်။ ငွေတိုက်စာချုပ်တွေက တရားဝင် ရောင်းဝယ်ကုန်သွယ်ခွင့် ရပြီ။”

လီရှစ်ချင်သည် သူ၏ စိတ်လှုပ်ရှားမှုကို အစွမ်းကုန် ထိန်းထားလျက် ညှင်သာစွာ ပြောလိုက်၏။

“အစ်ကိုလီ အကို့ရဲ့ အသံကို လျော့ဦး အစ်ကိုရဲ့ အသံကို ကြားရတယ်။ တနင်္လာနေ့ကျ ခွင့်တစ်ရက်ယူပြီး ရှန်းမြို့တော်ကို ငွေတိုက်စာချုပ်ရဲ့ ဈေးကို သွားကြည့်လိုက်။ တကယ်လို့ ဈေးက မြင့်နေရင် အစ်ကို အကုန်လုံး ရောင်းခဲ့လိုက်။ တကယ်လို့ ဈေးနှုန်းက တန်ဖိုးရင်းအတိုင်း ဆိုရင် အစ်ကိုရဲ့ ပိုက်ဆံတွေကို စာချုပ်တွေ အကုန်ဝယ်ဖို့အတွက် သုံးလိုက်”
“ရှောင်ယွီ။ တကယ်လို့ ရှန်းမြို့တော်က တန်ဖိုးရင်း အတိုင်း ရှိနေရင် နောက်ကျ ဘင်းမြို့တော်မှာ စာချုပ်ဈေးတွေက မြင့်မှာလား။”

လီရှစ်ချင်က မေးလိုက်သည်။ လီရှစ်ချင်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ ယခုသူ့တွင် လူငယ်လေး ရှစ်ယောက် ကိုးယောက်က သူနှင့် အတူ ငွေတိုက်စာချုပ်များကို ကူညီ စုဆောင်းနေကြသည်။ ထို့ကြောင့် သူသည် တစ်လအတွင်း ယွမ်၁၀၀၀ကျော် ရခဲ့သည်။

“သိပ်တော့ မသေချာဘူး။ ဒါပေမဲ့ တိုင်းပြည်မှာ ရှိတဲ့ အချို့မြို့တွေမှာတော့ ဈေးတက်မှာက သေချာတယ်။ အဲလို ဖြစ်ခဲ့ရင် ကျွန်တော်တို့တွေ ဈေးအမြင့်ဆုံးပေးတဲ့ မြို့ကို သွားရောင်းမယ်။ ကျွန်တော်တို့ လုပ်ရမှာက မြို့တိုင်းရဲ့ ဈေးနှုန်းကို စုံစမ်းရုံပဲ။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“စိတ်ချပါ။ အစ်ကိုမှာ ဘဏ်မှာ လုပ်နေတဲ့ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ အစ်ကို့ရဲ့ အထက်လူကြီးဆီကနေ သွားဖို့အတွက် ခွင့်တောင်းလိုက်ဦးမယ်။ ပြီးတော့ အစ်ကိုရဲ့ စနေ၊ တနင်္ဂနွေ ဂျူတီတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိလိုက်ဦးမယ်။”

လီရှစ်ချင်က ဖုန်းယွီကို စိတ်လှုပ်ရှားလျက် ပြောလိုက်သည်။

“ကောင်းပြီ။ ကောင်းပြီ အစ်ကို လက်မှတ်ကို ကြိုပြီး ဝယ်ထားလိုက် ပြီးတော့ တနင်္ဂနွေနေ့ ညသွားလိုက်နော်။ အစ်ကို နောက်တစ်နေ့ မနက်မှာ အဲ့ကို ရောက်လိမ့်မယ်။ အစ်ကို ရောက်တာနဲ့ တက္ကစီ တစ်စီးကို ငှားလိုက်။ တက္ကစီတွေက ဈေးသိပ်မကြီးဘူး။မြန်ပြီး လုံခြုံတယ်။”

ဖုန်းယွီက သူ့ကို သတိပေးလိုက်၏

“ရှောင်ယွီ မင်းကော အစ်ကိုနဲ့ မလိုက်ချင်ဘူးလား။ အစ်ကို တခြားသူတွေကို မယုံဘူး ပြီးတော့ အစ်ကိုက ပိုက်ဆံအိတ် အကြီးကြီးကိုသယ်သွားရမှာ။ အစ်ကို အိပ်ပျော်သွားမှာ ကြောက်တယ်။ ပြီးတော့ ရထားပေါ်မှာ ခါးပိုက်နှိုက်တွေ အရမ်းများတယ်။”

လီရှစ်ချင်က မေးလိုက်သည်။

လီရှစ်ချင်သည် ကြောက်နေသည်။ သူသည် ၁၀၀,၀၀၀ယွမ်ထက် များသည့် ငွေကြေးများနှင့် ငွေတိုက် စာချုပ်များကို သယ်ဆောင်သွားရမည့် အတွက် ဖြစ်၏။ အကယ်၍ သူသာ အခိုး ခံခဲ့ရပါက သေချာပေါက် သေကြောင်းကြံမှာ ဖြစ်သည်။

ထိုခေတ်အခါက ရထားပေါ်တွင် ခါးပိုက်နှိုက် များစွာ ရှိသည်ကို ဖုန်းယွီသိသည်။ အကယ်၍ ငွေများနှင့် ငွေတိုက်စာချုပ်များ ဆုံးရှုံးသွားပါက ဖုန်းယွီ၏ အိမ်မက် ဖြစ်သည့် စီးပွားရေး အင်ပါယာ တည်ဆောက်မည့် အိမ်မက်က နှစ်များစွာကြာ ရွေ့ဆိုင်းရမည် ဖြစ်သည်။

“ကောင်းပြီ။ အဲ့တာဆို အစ်ကို ရထားလက်မှတ် နှစ်ဆောင် ဝယ်လိုက်။ ကျွန်တော် အစ်ကိုနဲ့ လိုက်ခဲ့မယ်။”

ဖုန်းယွီက ပြောလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ဖုန်းခေါ်ဆိုခကို ပေးပြီး ကွင်းပြင်ကို ပြေးထွက်သွားသည်။ ကွင်းပြင်တွင် ဖုန်းယွီသည် ပျော်ရွှင်သည့်အတွက် အသံကွဲလုမတက် အော်လိုက်သည်။

“အခွင့်အရေးက နောက်ဆုံးတော့ ငါ့ဆီ ရောက်လာခဲ့ပြီ။ ဖုန်းယွီ တစ်နေ့ကို ငွေတိုက်စာချုပ် ရောင်းဝယ်ကုန်သွယ်တာနဲ့ ထောင်ပေါင်းများစွာ ရတော့မယ်။ငါ လွယ်လွွယ်ကူကူပဲ သိန်းချီ မီလျံချီတောင် ရှာနိုင်တော့မယ်”

ထို့အပတ်တွင် ဖုန်းယွီသည် အိမ်ကို မပြန်ခဲ့ပေ။ သူသည် ဝမ်တုန့်ကျွင်းနှင့် သူ့မိဘတွေဆီ ဒီအပတ် ကျောင်းပိတ်ရက်မှာ ကျောင်းတွင် နေမည့်အကြောင်း နောက်အပတ်မှ အိမ်လာမည် ဖြစ်ကြောင်း သတင်းပါးလိုက်သည်။ သူသည် ဆရာစွန်းကို ဘင်းမြို့တော်ရှိ နာမကျန်းဖြစ်နေသည့် ဆွေမျိုးဆီ သွားတွေ့မည် ဖြစ်သဖြင့် သူအနေဖြင့် အင်္ဂါနေ့မှ ပြန်လာမည် ဖြစ်ကြောင်း ပြောခဲ့လေသည်။

ခလုချိုင့်ပေါသည့် လမ်းပေါ်တွင် နှစ်နာရီကြာ ဘက်စ်ကားစီး လာခဲ့ပြီး မိုးမလင်းခင်တွင် ဘင်းမြို့တော်ကို ရောက်သည်။ သူဆင်းသည်နှင့် ဖုန်းတန့်ယင်းက သူ့ကို လက်ပြနေသည်ကို တွေ့လိုက်ရသည်။
“အစ်မ ဒီကို ဘာလာလုပ်တာလဲ။”

ဖုန်းယွီက မေးလိုက်သည်။

“တကယ်လို့ ငါမလာရင် မင်း ဘယ်လို သွားလာမလဲ။ အစ်ကိုလီက ဒီနေ့ အလုပ်သွားရတာမို့ သူ့က နင့်ကို လာကြိိုဖို့ အစ်မကို ခိုင်းထားတာ။ နင်က တကယ် ပြဿနာကောင်ပဲ။ အခု မင်းရဲ့ အစ်ကိုလီက တစ်လကို ငွေတိုက်စာချုပ် စီးပွားရေးကနေ ၁၀၀၀ယွမ်ကျော် ရတယ်။ တကယ်ကို နင်က သူ့ကို ဒုက္ခပေးတုန်းပဲ”
ဖုန်းတန့်ယင်းက ဖုန်းယွီအိတ်ကို သယ်ပေးရင်း ပြစ်တင်လိုက်သည်။

“အစ်မ အစ်မနားမလည်ပါဘူး။ ခဏလောက် စောင့်ပြီး ကြည့်လိုက်။ ကျွန်တော်တို့တွေ မကြာတော့တဲ့ အနာဂတ်မှာ အခုထက် ပိုများအောင် လုပ်ပြမယ်”

ဖုန်းယွီက ခွန်းတုံ့ပြန်လိုက်သည်။

“ဒီထက်ပိုပြီးလား။ ဆက်ပြီး လေထွားနေလိုက်။ မကြာခင်က ဖြေတဲ့ စာမေးပွဲမှာ ငါ့မောင် အမှတ်ကောင်းတယ်လို့ အမေနဲ့ အဖေဆီက ကြားတယ်။ ဒါကြောင့် ဒီတစ်ကြိမ် အစ်မတို့ မိဘတွေ မင်း ဒီကို လာတာ မပြောထားဘူး။ ရှန်းမြို့တော်ကို ကောင်းကောင်းသွားပြီး လုပ်ခဲ့ ပြီးရင်တော့ မင်း ကျောင်းကို သွားရမယ်။ တကယ်လို့ မင်း အထက်တန်းကျောင်းဝင်ဖို့အတွက် အဆင့်ကောင်းအောင် မလုပ်ရင် အဲ့ဒီအခါကျ မင်းကို အဖေနဲ့ အမေ မင်းကို သေတဲ့အထိ ရိုက်မှာကို အစ်မ မကူနိုင်ဘူး။”

“အစ်မက လောင်းရအောင်။ နောက်လာမှာ ကျွန်တော်တို့ ၅၀,၀၀၀ယွမ်ထက် ရှာနိုင်မယ်လို့ အစ်မထင်လား။”

ဖုန်းယွီက မေးလိုက်၏။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset