အခန်း ၁၅

အခန်း ၁၅

ဗီဒီယိုရုံ

ထိုအချိန်က ကျောင်းအိပ်ဆောင်တွင် နေရခြင်းက အလွန် ပျင်းစရာကောင်း၏။ ဖုန်းလည်းမရှိ၊ အင်တာနက် ကဖေးလည်း မရှိ၊ တီဗွီတောင် မရှိပေ။ စာသင်ခန်း မှလွဲ၍ ကျောင်းသားများက သူတို့၏ အိပ်ခန်းတွင် ပေါ်ကာကိုသာ ခိုးကစားနေကြသည်။

အခန်းဖော် တစ်ဦးက သူတို့အား ကျောင်းနားတွင် ဗီဒီယိုရုံ ရှိသည်ဟု ပြောကတည်းက ဗီဒီယိုရုံတွင် ဗီဒီယိုကြည့်ရင်း အချိန်ကုန်ဆုံးကြသည်။

“ရှေးဟောင်း တရုတ် ပြဇာတ်ရုံ”

ဖုန်းယွီ၏ ရွာတွင် ဗီဒီယိုရုံ တစ်ရုံ ရှိသည်။ သို့သော် ထိုဗီဒီယိုရုံသည် အထူး အားလပ်ရပ်နေ့များတွင်ပြသ၏။ ပြသသည့် ဇာတ်ကားများမှာလည်း နာမည် မကြီးသည့် ပြည်တွင်းမှ ဇာတ်ကားများ ဖြစ်သည်။ ထိုအစား ရုပ်ရှင်ရုံသည် မြို့နယ်ရှိ ဆွေးနွေးပွဲများ အစရှိသည့် ပွဲအခမ်းအနားများ လုပ်ရာတွင် အသုံးပြုသည်။

ဖုန်းယွီသည် ထိုရုံတွင် ဇာတ်ကားများစွာ ကြည့်ခဲ့ဖူးသည်။ သို့သော် ထိုဇာတ်လမ်းများကို ကျောင်းက ဦးစီးပြသခြင်း ဖြစ်သည်။ သူ စံပြရုပ်ရှင် ဇာတ်ကားများထဲမှ တစ်ကားကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ အမည်ကား

“Learn science, and you can travel around the world without fear!

တစ်ယောက်ယောက်က ဇာတ်ကားအစစ်ကို ကြည့်ချင်ပါက ဗီဒီယိုရုံသည် သွားသင့်သည့် နေရာ တစ်နေရာ ဖြစ်သည်။ ထိုနေရာတွင် ၁၇လက်မ ကာလာတီဗွီ တစ်လုံးနှင့် ခုံတန်း သုံးလေးတန်း ပါသည်။ သုံးနာရီစာအတွက် လက်မှတ်ဖိုး ၁ကျောက် ပေးရသည်။ ဇာတ်ကားနှစ်ကားနီးပါး ကြည့်ရနိုင်ပေသည်။

ဖုန်းယွီနှင့် သူ၏ အခန်းဖော်များသည် ဗီဒီယိုရုံကို အကြိမ်များစွာ ရောက်ပြီး ဖြစ်သည်။ လယ်တောတွင် ရိတ်သိမ်းခြင်း အမှုအတွက် အလုပ်ရှုပ်နေသည့် အချိန် သူတို့ အိမ်ကို မပြန်သည့် အခါက သူတို့က ကျောင်းပိတ်ရက်များတွင် ဗီဒီယိုရုံသာ ရောက်နေတော့သည်။

လူတိုင်းက ဝမ်တုန့်ကျွမ်း၏ အကြံပေးချင်ကို လက်ခံလိုက်သည်။ ထိုအချိန်က ကျောင်းဖွင့်ကာစ အချိန်ဖြစ်သဖြင့် သူတို့လက်ထဲတွင် မုန့်ဖိုး ကျန်နေသည့်အတွက် ဖြစ်သည်။

လူတိုင်း၏ စိတ်အားတက်ကြွသည့် မျက်နှာများကို ကြည့်ရင်း ဖုန်းယွီသည်လည်း သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်က ဟောင်ကောင် ကိုယ်ခံပညာ ဇာတ်ကားများနှင် ရာဇဝတ်မှု ဇာတ်ကားများ ၏ ခေတ် ဖြစ်သည်။ သေချာသည်မှာ The God of Gamblers ဇာတ်လမ်းတွဲမှာ စတင်ပြီး နာမည်ကြီးကာစ အချိန်လည်း ဖြစ်သည်။

များစွာသော ဟောင်ကောင် ရှေးဟောင်းဇာတ်ကားများကို အင်တာနက်ပေါ်တွင် ယခုအချိန်တွင် ရှာရန် ခက်ခဲသည်။ သို့သော် ထိုခေတ်က ဗီဒီယိုရုံများတွင် မည်သည့် ခေါင်းစဉ်ရှိသည့် ဇာတ်ကားများမဆို ရှာနိုင်ပေသည်။

ဗီဒီယိုရုံတွင် ၈၀ရာခိုင်နှုန်းခန့်က ဟောင်ကောင် ရုပ်ရှင်များ ဖြစ်သည်။ ကျန်သည့် ရုပ်ရှင်များက ဥရောပ၊ အမေရိက၊ အရှေ့တောင် အာရှနှင့် အခြားဒေသများမှ ဖြစ်သည်။ ဘယ်သူမှ မကြည့်သည့် ပြည်တွင်းထုတ် ရုပ်ရှင် ဇာတ်ကားများလည်း ရှိသည်။

ဗီဒီယိုရုံများသည် နေ့အချိန်တွင် ဇာတ်ကား သုံးကားပြပြီး ညအချိန်တွင် နှစ်ကားပြသည်။ ညတွင် ပြသည့် ဇာတ်ကားများက ကလေးများ ကြည့်ရှုရန် မသင့်သည့် ဇာတ်ကားများ ဖြစ်သည်။

ဇာတ်ကားပြသခြင်းက ဗီဒီယို ရုံများအတွက် အမြတ်များစွာရသည့် ဝင်ငွေမဟုတ်ပေ။ တကယ် အမြတ်ရသည်ကား ဗီဒီယို တိပ်ခွေများ ငှားရမ်ခြင်း ဖြစ်သည်။ လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့် အမျှ တချို့ အိမ်ထောင်စုများသည် ဗီဒီယို ကတ်ဆက်များ ပိုင်ဆိုင်ကြသည်။ လူအနည်းငယ်မျှသာ ဗီဒီယို တိမ်ခွေကို ဝယ်နိုင်ကြသည်။ ဗီဒီယိုတိပ်မှ ဇာတ်ကားကို တစ်ကြိမ်ကြည့်ပြီးနောက် ထိုဗီဒီယိုတိပ်သည် အသုံးမဝင်တော့ပေ။ ထို့ကြောင့် လူများက ဗီဒီယိုတိပ်များကို ငှားရန် ရွေးချယ်ကြခြင်း ဖြစ်သည်။

ဖုန်းယွီနှင့် သူ၏ သူငယ်ချင်းများ ဗီဒီယိုရုံသို့ ဝင်သွားသည့် အချိန်တွင် တတိယ ဇာတ်ကားက ပြသနေပြီ ဖြစ်သည်။ ထိုဇာတ်ကားက ဟောင်ကောင် ရုပ်ရှင် ဖြစ်သည့် “A Better Tomorrow” ဖြစ်သည်။

လူတိုင်းက လက်မှတ်ဖိုး ပေးပြီး ရှေ့တန်းကို ပြေးသွားကြတော့သည်။ ရှေ့တန်းက တီဗွီနှင့် ပိုနည်းပြီး ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရသည့် အတွက် ဖြစ်သည်။ ဗီဒီယို ပိုင်ရှင်က တံခါးတွင် ထိုင်နေပြီး “Dragon Tiger Gate”ရုပ်ပြစာအုပ်ကို ဖတ်နေသည်။ ပိုင်ရှင်က ဒီရုပ်ရှင်များကို အကြိမ် ဒါဇင်ပေါင်းများစွာ ကြည့်ဖူးပြီ ဖြစ်သည့်အတွက် လုံးဝ စိတ်ဝင်စားမှု မရှိတော့ပေ။

ဖုန်းယွီသည် ၅ဖန် တန်ဖိုးရှိသည့် ကွာစေကို အခြားသူများနှင့် မျှဝေစားလိုက်သည်။ ဒီရုပ်ရှင်ကို အကြိမ်ပေါင်းများစွာ ကြည့်ဖူးသော်လည်း သူသည် ထိုရုပ်ရှင်အား နှစ်သက်ဆဲ ဖြစ်သည်။

တံခါးက ပွင့်သွားကာ လေအေးက တိုက်ခတ်လာသလို ခံစားလိုက်ရသည်။ ဖုန်းယွီသည် လှည်ကည့်လိုက်ပြီး ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက် သုံးဦးဝင်လာသည်ကို တွေ့လိုက်သည်။

“လီးပဲ။ ပထမဆုံး ကျောင်းတက်ရက်မှာတောင် ငါတို့တွေ သန့်ရှင်းရေး လုပ်ခိုင်းတယ်။ ငါကတော့ လုပ်မှာ မဟုတ်ဘူး။ တခြားသူတွေ သန့်ရှင်းရေး လုပ်လိမ့်မယ်။”

“ဟားဟားဟား., ဒီနေ့ ညကျ ဝိုင်နှစ်ပုလင်း သောက်ရအောင်”

“ညမှလား။ ငါတို့ တစ်ခုခု သွားစားကြမယ်လေ။ ငါတို့တွေ ညကျ ဇာတ်ကား ဆက်ကြည့်လို့ ရတာပဲ။ ညမှ ပြတဲ့ ရုပ်ရှင်တွေက အခုပြတဲ့ ဇာတ်ကားတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။

သူတို့ သုံးယောက်က လက်မှတ်ဖိုး ပေးရင်း ပြောဆိုနေကြသည်။ ရုပ်ရှင်ရုံ ပိုင်ရှင်က ၁ကျောက်တန် ကိုယ်တိုင် ပြုလုပ်ထားသည့် လက်မှတ်ကို စုတ်လိုက်သည်။ ထိုလက်မှတ်တွင် အချိန်ကို ရေးထားပြီး ထိုလက်မှတ်ဖြင့် သူတို့ ရုံထဲ ဝင်နိုင်မှာ ဖြစ်သည်။

“မင်းတို့ကောင်တွေ နောက်တန်းမှာ သွားထိုင်”

ဆယ်ကျော်သက် သုံးယောက်ထဲမှ တစ်ယောက်က အော်လိုက်သည်။

ဝမ်တုန့်ကျွမ်းသည် ခေါင်းမော့ကာ သူတို့ကို ကြည့်ပြီး လစ်လျူရှုလိုက်၏။

“လီးပဲ ငါမင်းတို့ကို ပြောနေတာ အယုတ်တမာကောင်လေးတွေ။ အကုန်လုံး နားကန်းနေကြတာလား”

ဝမ်တုန့်ကျွမ်းက ထရပ်လိုက်ကာ

“ငါတို့ အရင်လာတယ်။ ဘာကြောင့် ငါတို့ရဲ့ ခုံတွေကို ပေးရမှာလဲ။ မင်းတို့တွေ နောက်က ထိုင်ခုံမှာ သွားထိုင်ရင် ထိုင် မဟုတ်ရင် တခြားနေရာသွား”

“ဘာ။ မင်းက ငါတို့ကို ဒီလို ပြောရဲတယ်ပေါ့။ မင်းတို့တွေ အခု ရန်ဖြစ်ချင်နေတာလား။”

ဗီဒီယိုရုံပိုင်ရှင်က ကြည့်လိုက်ပြီး

“ဒီမှာ ပြဿနာ လာမရှာနဲ့။ ငြိမ်ငြိမ်သာ ဗီဒီယိုကြည့် မဟုတ်ရင် မင်းတို့ အထုတ်ခံရမယ်”
ထိုခေတ်က ဗီဒီယိုရုံ ဖွင့်သူ အများစုက ဂိုဏ်းစတားများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ပြဿနာရှာသည့် လူများ လာပါက သူတို့အနေဖြင့် ပြေးနိုင်မှာ မဟုတ်ပေ။

“အစ်ကို ဝမ့်၊ ကျွန်တော်တို့ကို မတားနဲ့။ ဒီ အယုတ်တမာ ကောင်လေးတွေကို သင်ခန်းစာပေးမှ ရမယ်”

“တကယ်လို့ မင်းတို့တွေ ရန်ဖြစ်ချင်ရင် အပြင်ကိုသွား။ မင်းတို့ ငါဆိုင်မှာ တစ်ခုခု ပျက်စီးသွားရင် မင်းတို့ ပြန်မလျော်နိုင်ဘူး”

ဗီဒီယိုရုံပိုင်ရှင် အကိုဝမ့်က ဒီလူငယ်လေး သုံးယောက်က သူတို့ကို မနှောက်ယှက်နိုင်မှန်း မြင်နိုင်ပေသည်။

ဖုန်းယွီက ကြည့်လိုက်၏။ အကယ်၍ သူတို့ တိုက်ခိုက်လျှင် သူတို့သည် အရေးနိမ့်ပေလိမ့်မည်။ သူတို့အဖွဲ့က ခုနှစ်ယောက် ဖြစ်သည့်တိုင် ထိုဆယ်ကျော်သက် သုံးယောက်က ပိုအသက်ကြီးသည်။ ပိုကြီးသည်။ ပိုပြီး ကြံ့ခိုင်သည်။ အဆုံးသတ်က ကောင်းမှာ မဟုတ်ပေ။ သို့သော် သူတို့သည် ထိုလူငယ် သုံးယောက်အား ဦးညွှတ်လိုက်ပါက သူတို့သုံးယောက်က သူတို့ကို အနိုင်ကျင့်မည်ဆိုတာကို သိနေသည်။

ဖုန်းယွီသည် ထိုသုံးယောက်၏ အသက်ကို မှန်းလိုက်ပြီး သူတို့ လက်ရှိတွင် ဘာတွေးနေသလဲကို မှန်းဆလိုက်သည်။ သူတို့ သုံးယောက်က လက်ရှိတွင် အလုပ်မလုပ်သေးဘဲ သူတို့ထဲက အများစုက လယ်တော အသက်မွေးပညာကျောင်းမှ ဖြစ်ပုံရကြောင်း ကောက်ချက် ချနိုင်ပေသည်။

ဖုန်းယွီသည် သူတို့သုံးယောက်နှင့် ရင်ဆိုင်နိုင်မည့် နည်းလမ်းကို စဉ်းစားကြည့်လိုက်သည်။

“သက်မွေးပညာကျောင်းမှ ဒါရိုက်တာရွှီက ငါ့ရဲ့ဦးလေးပဲ။ မင်းတို့ သုံးယောက်က သက်မွေးပညာကျောင်းကမလား။”

ဖုန်းယွီက ထရပ်ပြီး အရင်ဘဝက ဝတ္ထုရှည်ကြီး “ကျွန်တောအဖေကလီဂန်း”၏ ထဲမှ ဇာတ်ကောင်၏ စိတ်ထားနှင့် အပြုအမူအတိုင်း ပြောဆိုလိုက်သည်။

“ဒါရိုက်တာရွှီ၊ ဘယ်ဒါရိုက်တာရွှီလဲ”

ဆယ်ကျော်သက် တစ်ယောက်က မေးလိုက်သည်။ သူ၏ ပုံစံက အနည်းငယ် ကြောက်နေသော်လည်း သူသည် ထိုကလေးငယ်က သူ့ကို ခြောက်လန့်နေသလားဆိုတာ မသေချာပေ။

“ရွှီလျန်ဖူး၊ ဒါရိုက်တာ ရွှီး။ သက်မွေးပညာကျောင်းမှာ ဒါရိုက်တာရွှီ ဘယ်နှစ်ယောက် ရှိလို့လဲ။”

ဖုန်းယွီက မေးလိုက်သည်။

“တောင်းပန်ပါတယ်။ အစ်ကိုတို့က မင်းကို ဒါရိုက်တာရွှီရဲ့ တူမှန်း မသိလို့ပါ။ သူတို့က မင်းရဲ့ အတန်းဖော်တွေလား။ နားလည်မှုတွေ လွဲခဲ့တယ်။ အစ်ကိုတို့က စရုံတင် စတာပဲ။ အကိုဝမ့် ကျွန်တော်ကို ဆိုဒါ ၁၀ပုလင်း ပေးဗျို့”

ဆိုဒါပုလင်းများကို ဆယ်ကျော်သက် သုံးယောက်က ဖုန်းယွီနှင့် သူ၏ အတန်းဖော်များကို တစ်ပုလင်းဆီ ပေးလိုက်သည်။ ဆယ်ကျော်သက် သုံးယောက်ကလည်း နောက်တွင် ငြိမ်ငြိမ်ဆိမ်ဆိမ်ဖြင့် ထိုင်လိုက်တော့သည်။

ဒါရိုက်တာရွှီသည် လွန်ခဲ့သည့် နှစ်နှစ်တုန်းက အထက်တန်းကျောင်းတွင် ကျောင်းအုပ် အဖြစ် ပြောင်းရွေ့ခဲ့သည်။ ထို့ကြောင့် ဖုန်းယွီက သူ့ကို သိ၏။ ထိုခေတ်အခါက သက်မွေးပညာကျောင်း၏ ကျူရှင်စရိတ်မှာ ဈေးပေါသည် မဟုတ် ပြီးနောက် ပညာရေးရုံး၏ ဒါရိုက်တာများက ကျောင်းသားများကို ထုတ်ပယ်နိုင်သည့် အာဏာ ရှိကြပေသည်။

ပညာရေးဌာန၏ ဒါရိက်တာ ရွှီ၏ တူကို သူတို့သုံးယောက် တိုက်ခိုက်ခဲ့ပါက သူတို့ ကျောင်းထုတ် မခံရရင်တောင် သူတို့ မှင်နီ တားခံရမှာ ဖြစ်သည်။ သူတို့ မှင်နီတားခံရပါက ကျောင်းပြီးပြီးနောက် လယ်တောတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အရေးတောင် ရမည် မဟုတ်ပေ။

ဖုန်းယွီ၏ အခြားသူငယ်ချင်းများက ဖုန်းယွီအကြောင်း မသိသော်လည်း ဝမ်တုန့်ကျွမ်းက ကောင်းကောင်းသိသည်။ တကယ်ကို ကလိမ်ကလည် ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ပြောဆိုခြင်းက ဆယ်ကျော်သက် သုံးယောက်ကို ကောင်းကောင်း ခြောက်လန့်ရန် လုံလောက်ပြီး သူတို့ကို ဆယ်ကျော်သက် သုံးယောက်က ဆိုဒါတစ်ဘူးဆီတောင် တိုက်သေးသည်။

ရုပ်ရှင်နှစ်ခု ကြည့်ပြီးပြီးနောက် ဖုန်းယွီတို့ အဖွဲ့က ထရပ်လိုက်ကာ သူတို့ ကျောင်းသို့ ပြန်ရန် ပြင်လိုက်၏။ ကျောင်းသားတိုင်း ကျောင်းအိပ်ဆောင်ကို ပြန်ရောက်သင့်ပြီ ဖြစ်သည်။ သူတို့သည် ကျောင်းအိပ်ဆောင်သို့ ပြန်ပြီးနောက် ပိုကာ စကားရင် ကစား သိုမဟုတ် သူတို့၏ ဆောင်းရာသီ ကျောင်းပိတ်ရက်တုန်းက ကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ် အကြောင်းများကို ပြောဆိုရင် ပြောဆိုကြ၏။

“ညီအကိုတို့ မင်းတို့သွားတော့မှာလား။ ညကျ ဘားမှ တစ်ခွက်လောက် သွားသောက်ရအောင်လေ။ ပြီးတော့ ငါတို့တွေ ဒီမှာ ဗီဒီယို ပြန်လာကြည့်ကြမယ်။ အကို ဒကာခံပါမယ်။ ညမှာ ပြတဲ့ ဗီဒီယိုတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။”

ဆယ်ကျော်သက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

“တော်ပြီ။ ကျွန်တော်တို့ ကျောင်းကို ပြန်တော့မယ်။ ညနေခင်းကျ ကျောင်းအိပ်ဆောင်တွေကို လိုက်စစ်တဲ့ ဆရာတွေ ရှိတယ်”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

ဖုန်းယွိီသည် ညတွင် ပြသည့် ရုပ်ရှင်များကို စိတ်ဝင်စားသော်ညား ယခုအသက်အရွယ်တွင် သူ့အနေဖြင့် ကြည့်ရှုမည်မဟုတ်။ ထို့အပြင် ထိုဆယ်ကျော်သက်များဖြင့် ကြည့်ရှု့ဖို့က ပိုတောင် မဖြစ်နိုင်သေးပေ။ သို့သော် ဝမ်တုန့်ကျွမ်းက ထိုကမ်းလှမ်းမှုကို သွေးဆောင်မှုကို မျက်စိကျနေဩ။ သူတို့ အသက်အရွယ် ယောကျ်ားလေးများသည် ထိုဗီဒီယိုများကို စိတ်ဝင်စားသော်လည်း သူတို့က ကြည့်ရှုရန်အတွက် အခွင့်အရေး မရပေ။

“ရှောင်ယွီ။ ငါတို့ ဒီမှာ နေပြီး ဆက်ကြည့်ရအောင်”

ဝမ်တုန့်ကျွမ်းက တောင်းဆိုလိုက်သည်။

ဖုန်းယွီသည် ချက်ချင်း ခေါင်းရမ်းလိုက်ပြီးနောက် တိုးတိုးပြောလိုက်သည်။

“အခုသွားရအောင်။ ညကျရင် သက်မွေးပညာကျောင်းက ကျောင်းသားတွေ အများကြီးက ဒီကိုလာမှာ ပြီးတော့ အဲ့ဒီအခါကျ ငါတို့လိမ်ထားတာကို သိဖို့ ပိုလွယ်သွားမယ်။ ငါတို့ကို သူတို့ သေချာပေါက် သတ်လိမ့်မယ်။

ဝမ်တုန့်ကျွမ်း ဖုန်းယွီ ထိုသို့ ပြောပြီးနောက် အင်တင်တင် ဖြစ်သွားတော့သည်။ သိုသော် ကျောင်းပြန်လမ်းတွင် ဝမ်တုန့်ကျွမ်းက ဖုန်းယွီကို တောင်းဆိုနေဆဲ ဖြစ်သည်။ သူတို့ အခြား ဗီဒီယိုကို သွားနိုင်သေးပြီး သူတို့ ထိုဆယ်ကျော်သက် အများစုနှင့် တစ်ဖန် ဆုံမိမည် မဟုတ်ပေ။

ဖုန်းယွီက သက်ပြင်းချလိုက်ကာ။ စိတ်လိုက်မာန်ပါ ရှိတဲ့ လူငယ်လို့ တွေးနေစဉ်။

“မင်းတို့ကောင်တွေ အဲ့ဒီမှာ ရပ်လိုက်”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset