အခန်း ၁၆
ဒါရိုက်တာရွှီ အစစ်
ဖုန်းယွီက နောက်ကို လှည့်ကြည့် လိုက်သည်။ ထိုအော်လိုက်သည့် သူများက ဗီဒီယိုရုံမှ ဆယ်ကျော်သက် များဖြစ်ကြသည်။
‘လီး။ ငါတို့ လိမ်တာ သူတို့ သိသွားပြီ’
“ပြေး”
ဖုန်းယွီက အော်လိုက်သည်။
သူတို့ လေးယောက်စလုံး ကျောင်းကို ပြေးတော့သည်။ ထိုဆယ်ကျော်သက် သုံးယောက်အနေဖြင့် သူတို့ ကျောင်းထဲရောက်လျှင် ထိရဲမှာ မဟုတ်တော့ပေ။
‘လီး သူတို့ကိုဖမ်း။ သူတို့က ငါတို့ကို လိမ်ခဲ့တာ”
သက်မွေးပညာကျောင်းသား သုံးယောက်က အသည်းအသန် ပြေးနေသည့် ဖုန်းယီနောက် လိုက်နေသည်။
ဖုန်းယွီ ဗီဒီယိုရုံမှ ထွက်ပြီးနောက် ဆယ်ကျော်သက် သုံးယောက်က ကျောင်းတူ သူငယ်ချင်းအချို့နှင့် တွေ့ကြပြီး သူတို့ထဲတွင် ဒါရိုက်တာရွှီ၏ ဆွေမျိုး အစစ်တစ်ယောက် ပါနေသည်။ ဆယ်ကျော်သက် သုံးယောက် တွေ့ရှိသွားသည်ကား ဒါရိုက်တာရွှီတွင် ညီအကို နှစ်ယောက်ရှိပြီး သူ့တွင် ညီမ တစ်ယောက်မှ မရှိပေ။ ဒါရိုက်တာရွှီတွင် ညီမ မရှိလျှင် တူတစ်ယောက် မည်သို့ ရှိမည်နည်း။
ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းတို့သည့် ဖမ်းလို့ မမှီလောက်အောင် အပြေးသန်ကြသည်။ သို့သော် ကျန်သည့် ငါးယောက်က အပြေးမသန် ကြပေ။ သူတို့ မီတာ တစ်ရာလောက် ပြေးပြီးနောက် သူတို့ ဖမ်းမိသွားသည်။
ထိုပြဿနာကို ဝမ်တုန့်ကျွမ်းက စခဲ့ကာ ဖုန်းယွီက သူတို့အား လိမ်လည်ခဲ့သည်။ သူတို့ နှစ်ယောက်လုံး လွတ်အောင် ပြေးနိုင်သော်လည်း သူတို့သည် လယ်တောတွင် သူတို့၏ ရွာသားများနှင့် မျက်နှာပြရဦးမည် ဖြစ်သည်။
“သူတို့ကို သွားခွင့်ပေးလိုက်။ ငါက ဒီပြဿနာကို ရှာတဲ့ တစ်ယောက်ပဲ”
ဝမ်တုန့်ကျွမ်းက ပြောလိုက်သည်။ သူသည် အတော် သစ္စာရှိသော သူငယ်ချင်း ဖြစ်သည်။
“ကောင်းပြီ။ ငါတို့ သူတို့ကို ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ သူတို့တွေ ငါရဲ့ ဆိုဒါတွေကို သောက်သွားတယ်”
“မင်းရဲ့ ဆိုဒါတွေ အတွက် ငါပိုက်ဆံ ပြန်ပေးမယ်”
ဖုန်းယွီက ပြန်ပြောလိုက်သည်.
“ကောင်းပြီ။ ဒါပေမဲ့ ငါတို့တွေက အဲ့ဆိုဒါတွေ အတွက် တက်နိုင်ပါတယ်။ မင်းက ငါတို့ကို လျော်ကြေးပေးမယ်ပြောမှတော့ ငါတို့ကို ဆိုဒါ တစ်ဘူးအတွက် ၁ယွမ်ပေး။ တကယ်လို့ မပေးရင်တော့ မင်း ငါတို့ကို အပြစ်လာမတင်နဲ့။”
ဆယ်ကျော်သက် တစ်ယောက်က ပြောလိုက်သည်။
‘ချီးပဲ။ ဆိုဒါဘူးကြီး တစ်ဘူးတောင် ၅ဖန်ပဲ ကျတာ။ သူတို့တွေက တစ်ဘူးကို ၁ယွမ်လိုချင်နေတာ။ ဒါက ငွေညစ်တာ အသိအသာကြီး’
အခြားကလေးများသည် သူတို့ကို ၁၀ယွမ် မပေးနိုင်သော်လည်း ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းတို့၏ အိပ်ကပ်ထဲတွင် ပိုက်ဆံ ရှိသည်။
“သူတို့ကို အရင်သွားခိုင်းလိုက်။ ငါမင်းတို့ကို ပိုက်ဆံပေးမယ်”
ဖုန်းယွီက အံ့ကြိတ်ရင်း ပြောလိုက်သည်။
“မင်း..မင်းက တကယ်ချမ်းသာတာပဲ။ ဟုတ်ပြီ သူတို့တွေ အခုသွားလို့ရပြီ။ ဒါပေမဲ့ ငါတို့နောက် ညကျ သောက်မှာ ပြီးတော့ ငါတို့ဆီမှာ ရှိတဲ့ ပိုက်ဆံက မလောက်တော့ဘူး”
ဆယ်ကျော်သက်က ပြောလိုက်သည်။
တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုဆယ်ကျော်သက် သုံးယောက်က ထိုကလေး နှစ်ယောက်သည် ချမ်းသာသည့် မိသားစုမှ လာမှန်း သိသည်။ ထို့ကြောင့် သူတို့က ၁၀ယွမ်ကို မျက်တော်မခက်ဘဲ မပေးချင် ပေးချင် ပေးကတည်းက ဆယ်ကျော်သက် သုံးယောက်သည် သူတို့ထံမှ ငွေများများ ထပ်ရနိုင်သေးမှာဖြစ်သည်။
“မင်းတို့တွေက ငါတို့တွေ ဆီကနေ လုယက်နေတာပဲ။ လုယက်သူတွေက ထောင်ထဲကို သွားရမှာပဲ”
ဝမ်တုန့်ကျွမ်းက အော်လိုက်သည်။
“လုယက်တဲ့သူတွေ ဘယ်သူက အဲ့လိုပြောတာလဲ။ မင်းမှာ သက်သေရှိလား။ မင်းတို့တွေက ငါတို့တွေကို အလျော်ပေးမယ်လို့ ကတိပေးထားတာ”
ဆယ်ကျော်သက်က ပြန်ပြောလိုက်သည်။
“ဟဟဟ။ ငါက ဒီပိုက်ဆံတွေကို သူတို့ရဲ့ အကြွေးအတွက် ပြန်တောင်းတာလို့ ပြောတာလေ။ အဲ့တာက ပုံမှန် အကြွေးတောင်းသလို ပုံစံပဲလေ။ မင်းတို့ကောင်တွေ မင်းတို့ အိတ်ကပ်ထဲမှာ ရှိတဲ့ ပိုက်ဆုံတွေကို အခု ချက်ချင်း ထုတ်လိုက်”
တခြား ဆယ်ကျော်သက် တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
သူတို့ ဆယ်ကျော်သက် သုံးယောက်က သူတို့ထံမှ ပိုက်ဆံ တပြားတောင် မချန် အကုန်ယူရန် ရည်ရွယ်ထားပုံရသည်။
သူတို့နဲ့ ခပ်ဝေးဝေးတွင် အချို့သော ဂျူနီယာ အထက်တန်းကျောင်းသားများက ဖုန်းယွီတို့ဆီ လမ်းလျှောက်လာကြသည်။ သို့သော် သူတို့ ဖုန်းယွီကို တွေ့ပြီး ဖုန်းယွီ၏ သူငယ်ချင်းများကို အထက်တန်းကျောင်းသားများက တားလိုက်သည်နှင့် ထိုကျောင်းသားများက ပြန်လှည့်ကာ ပြေးသွားတော့သည်။
ထိုသက်မွေးပညာကျောင်းသားများက အမြဲတမ်း ဆေးလိပ်သောက်၊ အရက်သောက်၊ ရန်ဖြစ်ကြသည်။ ဖုန်းယွီ၏ သူငယ်ချင်းများသာ သူတို့နှင့် နီးကပ်သွားပါက သူတို့သည် အရိုက်ခံရသည့် ထဲတွင် ပါသွားမည် ဖြစ်၏။
ဖုန်းယွီက ငြင်းလိုက်သည့်အခါ ထိုကျောင်းသားသုံးယောက်က သူတို့ အိတ်ကပ်ထဲမှ ခေါက်ဓားကို ထုတ်လိုက်ပြီး ဖုန်းယွီတို့အဖွဲ့ မျက်နှာရှေ့တွင် ဝေ့ယှမ်းပြလိုက်သည်။
“မြန်မြန်လုပ် ငါတို့တွေ သွားသောက်ရဦးမှာ။ မင်းတို့တွေ ဓားလှီးခံချင်တာလား”
ဆယ်ကျော်သက် မေးလိုက်သည်။
ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းတို့မှာ လွဲ၍ အခြားသော ကျောင်းသာများက သူတို့၏ အိတ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ပြီး သူတို့ကို ပေးလိုက်သည်။ အချို့သော သူများက ၁ယွမ်ကျော်နှင့် အချို့က ကျောက်အနည်းကို ပေလိုက်ကြသည်။
ဆယ်ကျောက်သက်များက သူတို့ကို လက်ဝှေ့လိုက်၏။ ဖုန်းယွီတို့ အဖွဲ့ထဲမှ ငါးယောက်က ခဏကြာတွင် တုံ့ဆိုင်းခြင်းမရှိ သူတို့မြန်နိုင်သမျှ မြန်မြန် ပြေးထွက်သွားတော့သည်။ ဖုန်းယွီလည်း သူတို့ကို အပြစ်မတင်ပေ။ ကလေးသဘာဝအတိုင်း ကြောက်တက်သည်က သာမန်ပင်။ ဖုန်းယွီက သူ၏ ပိုက်ဆံကို ဘယ်လို ထိန်းသိမ်းပြီး ထိုဆယ်ကျော်သက်များထံမှ လွတ်မြောက်နိုင်မည့် နည်းအား စဉ်းစားနေသည်။
ပြေးသွားသောကျောင်းသားသုံးယောက် အနေဖြင့် သူတို့၏ ဆရာများဆီ အကူအညီ သွားတောင်းမလားဆိုတာ မသေချာပေ။ ကျောင်းသည် မီတာရာကျော်သာ ဝေးသည်။ ဆရာများက သူတို့၏ စက်ဘီးများဖြင့် မြန်မြန် အရောက်လာပါက သူတို့ကို ကယ်တင်နိုင်မှာ ဖြစ်သည်.
“မင်းတို့နှစ်ယောက် ဘာကို စောင့်နေကြသေးတာလဲ။ မင်တို့ကို ကူညီဖို့ တစ်ယောက်ယောက်ကို မျှော်လင့်နေတာလား”
ဆယ်ကျောက်သက် တစ်ယောက်က ပြောလိုက်သည်။
“ငါမင်းတို့ကို မပေးနိုင်ဘူး”
ဝမ်တုန့်ကျွမ်းက ပြောလိုက်သည်။
ဖြန်း
ဝမ်တုန့်ကျွင်းက သူစကား ဆုံးအောင် မပြောရသေးခင် သူ့မျက်နှာတွင် လက်ဝါးတစ်ချက် ရလိုက်သည်။
ဖုန်းယွီ မျက်ခွံလှုပ်သွားခဲ့သည်။ သူ၏ မကျေမချမ်းမှုကလည်း သူ့ရင်ထဲတွင် တစ်စစ ပိုမိုနက်ရှိုင်းလာသည်။ ယခုတွင် ဖုန်းယွီသည် လွတ်မြောက်မည့် နည်းကို မစဉ်းစားတော့ဘဲ သူသည် ထိုဆယ်ကျော်သက်များကို ဘယ်လို သင်ခန်းစာ ပြန်ပေးရမလဲဆိုတာကိုသာ စဉ်းစားနေတော့သည်။
“မင်းက ငါ့ကို ရိုက်ရဲတာလား။ ငါ့ရဲ့အဖေက ဆဋ္ဌမမြောက် လယ်တောရဲ့ ခေါင်းဆောင်ပဲ။”
ဖြန်း
ဝမ်တုန့်ကျွမ်း၏ မျက်နှာတွင် လက်ဝါးတစ်ချပ် ထပ်ရလိုက်သည်။
“မင်းငါ့ကို လာလိမ်နေတာလား။ ခေါင်းဆောင်လား။ မင်းရဲ့အဖေက အရာရှိလို့ ဘာကြောင့် မပြောရတာလဲ။ ဒီကောက်စုတ်လေး နှစ်ကောင်တော့ ငါတို့ကို အခုထိ လှည့်ဖျားဖို့ ကြိုးစားနေတုန်းပဲ။ ကန်းကျစ်၊ တာကျွမ်း သူတို့ရဲ့ အိပ်ကပ်တွေကို စစ်လိုက်။”
ဆယ်ကျော်သက်က အော်လိုက်သည်။
ဖုန်းယွီသည် ဝမ်တုန့်ကျွမ်းကို တောင်းတောင်းပန်ပန်ဖြင့် ကြည့်နေလေသည်။ ထိုခေတ်က ရွာခေါင်းဆောင်ဆိုသည်ကား နိမ့်ကျသည့် ရာထူး အဆင့်အတန်း မဟုတ်ဘဲ လုပ်ပိုင်ခွင့် အဏာရှိသည်ကို သူသတိမေ့လျော့သွားခဲ့သည်။
အကယ်၍ ဝမ်တုန်ကျွမ်းသာ ဗီဒီယိုရုံတွင် သူ့အဖေအကြောင်း ပြောခဲ့ပါက သူတို့ ယခုလို လွတ်အောင် ပြေးရမည် မဟုတ်။ထိုအစား ဖုန်းယွီက သူတို့ကို လိမ်လည်လှည့်ဖျားခဲ့ကာ အလိမ် ပေါ်သွားခဲ့သည်။ ယခုအခါ ထိုဆယ်ကျော်သက်များက ဝမ်တုန့်ကျွမ်းကို မယုံကြတော့ပေ။
“တော်တော့ ငါ ငါ့ရဲ့ ပိုက်ဆံကို ကိုယ့်ဘာသာကိုယ် ထုတ်မယ်။”
ဖုန်းယွီက ချက်ချင်းပင် သူ၏ သဘောထားကို ပြောင်းလိုက်ပြီးနောက် ထိတ်လန့်တကြားဖြင့် သူ့ အိတ်ကပ်ထဲကို စတင် နှိုက်လိုက်တော့သည်။ ရလဒ်အနေနှင့် သူ၏ ပိုက်ဆံအကုန်လုံး မြေကြီးပေါ်ကို ကျသွားသည်။ စုစုပေါင်း ၁၇ယွမ်၊ ၁၈ယွမ် ဖြစ်သည်။
“မင်းအစောကတည်းက လုပ်သင့်တာ။ မင်းကော။ မြန်မြန်လုပ်”
ဆယ်ကျော်သက်တစ်ယောက်က ဝမ်တုန့်ကျွမ်းကို ကြည့်ကာ ပြောလိုက်သည်။
ဝမ်တုန့်ကျွမ်းက သူတို့ကို ကြည့်လိုက်ပြီး စိတ်တိုတိုဖြင့် သူ၏ ပိုက်ဆံများကို မပေးချင်ပဲ ပေးလိုက်သည်။ ဖုန်းယွီသည် ဝမ်တုန့်ကျွမ်းကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်တွေးလိုက်သည်။
“ဒီ အပြုအမူက အံ့ဩဖို့ ကောင်းလိုက်တာ”
ဆယ်ကျော်သက်များက ပိုက်ဆံများကို ကောက်ပြီးနောက် ဖုန်းယွီက ချက်ချင်းပင် မြေကြီးပေါ် ထိုင်ချလိုက်ပြီး ဆယ်ကျော်သက် တစ်ယောက်၏ ခြေထောက်ကို ကိုင်ထားလိုက်တော့သည်။ ထို့နောက် ဖုန်းယွီက စငိုလိုက်တော့၏။
“ဘာကြောင့် သက်မွေးပညာကျောင်းသားတွေက ကျွန်တော်တို့ ကျောင်းသားလေးတွေကို အနိုင်ကျင့်ရတာလဲ။ နောက်ဘယ်နှစ်ကြိမ် ကျွန်တော်တို့ဆီက လုယက်ဦးမှာလဲ”
“မင်းဆီကနေ ပိုက်ဆံယူတာက မင်းကို မျက်နှာသာပေးလိုက်တာပဲ။ ငါ့ကိုလွှတ်”
ဆယ်ကျော်သက် တစ်ယောက်က သူ့ခြေထောက်အား လွတ်ရန် ဖုန်းယွီကို ပြောနေခြင်း ဖြစ်၏။
ဖုန်းယွီ၏ ထိုဆယ်ကျော်သက်၏ ခြေထောက် လှုပ်ရှားမှုအတိုင်း မြေကြီးပေါ်တွင် လွန့်လူးနေသည်။ ကြည့်ရသည်မှာ အလွန် သနားစဖွယ် ဖြစ်နေလေသည်။
“ကလေးတွေဆီက ပိုက်ဆံယူတာ မျက်နှာသာ ပေးတာလား။။ မင်းတို့ကို ဘယ်သူ သင်ထားတာလဲ”
ဆယ်ကျော်သက်များ၏ နောက်မှ ပေါက်ကွဲသံကြီး တစ်သံ ပေါ်လာ၏။
“ဠီးပဲ။ ဘယ်သူက ငါတို့ကို ဝင်စွက်ဖက်ရဲတာလဲ။ရွှီ…. ဒါရိုက်တာရွှီ”
ဆယ်ကျော်သက် တစ်ယောက်က အော်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဖုန်းယွီ၏ မျက်လုံးများ တောက်ပသွားသည်ကို သူတို့ မြင်လိုက်ရသည်။ ဖုန်းယွီသည် မြေကြီးပေါ်တွင် လိမ့်နေဆဲ ငိုနေဆဲပင် ဖြစ်သည်။ သိုသော် မျက်ရည် တစ်ပေါက်တောင် မကျပေ။
“ခွေးမသား။ ဒီကောင် ငါ့ကို ထပ်လှည့်စားလိုက်ပြန်ပြီ။
သူအနေဖြင့် သူ့ပိုက်ဆံကို တွန့်ဆုတ်ခြင်း မရှိဘဲ ပေးတာကို အံ့ဩစရာ မရှိ။ ထို့ပြင် သူပြောလိုက်သည့် စကားက ဒါရိုက်တာရွှီဆီ ရောက်ရန် ဖြစ်သည်။ ချေး။ အခုတော့ ငါတို့တွေ လုပ်တာကို ဖမ်းမိသွားပြီ။ ငါတို့ ဖြီးလုံးတစ်ခု မြန်မြန်ထုတ်ရမယ်။ ဆယ်ကျော်သက်များက တွေးလိုက်ကြသည်.
“မင်းတို့ သုံးယောက်က မော်တော်ကား အတန်းကမလား။ မင်းတို့ ဒီလို လုပ်တာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။ ပြေးဖို့ လုံးဝ မကြိုးစားနဲ့”
ဒါရိုက်တာရွှီက မေးလိုက်သည်။
ဆယ်ကျော်သက်များက သူတို့၏ လွတ်မည့် အတွေးကို ချက်ချင်းဖျောက်ပစ်လိုက်သည်။ သူတို့ကို သိပြီးသွားပြီးနောက် လွတ်မြောက်ရန် နည်းလမ်း ရှိမည် မဟုတ်တော့သည့် အတွက် ဖြစ်သည်။ သူတို့က ဒါရိုက်တာရွှီကို ဒီထက် ဒေါသထွက်အောင် လုပ်ပါက သူတို့ ကျောင်းထုတ်ခံရမည့်အပြင် သူတို့ အိမ်ပြန်ရောက်လျှင်လည်း အသက်ခံရမည် ဖြစ်သည်။
“ပထမဆုံး အကြိမ်ပါ။ ဒါက ပထမဆုံး အကြိမ်ပါ”
ဆယ်ကျော်သက်များက ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာ။ မင်းတို့တွေ ငါ့ဆီက လုတာ ငါးကြိမ်ရှိပြီ။ ငါဘယ်နှစ်ကြိမ် လုယက်တာ ခံပြီးပြီ ဆိုတာကို သူ့ကို မေးကြည့်လို့ရတယ်။”
ဖုန်းယွီက အော်လိုက်သည်။
ဝမ်တုန့်ကျွမ်းသည်လည်း ယခုအခြေအနေကို ကောင်းကောင်းနားလည်သည်။ ယခုတွင် သူတို့နောက်မှ လူတစ်ယောက် ရှိပြီ ဖြစ်သည်။ သူသည် ဆယ်ကျော်သက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ကြည့်လိုက်ဦး ကျွန်တော်တို့ကို သူတို့တွေ ဆိုးဆိုးဝါးဝါး ရိုက်ထားတာ။ မနှစ်က သူတို့တွေ ကျွန်တော်ဆီက ခြောက်ကြိမ်တောင် လုတယ်။ ဒီနှစ်တော့ ကျောင်းဖွင့်ကာစ ရှိသေးတယ်။ ကျွန်တော်တို့ကို လာရှာတော့တာပဲ။ ကျွန်တော် သူတို့ကို ပိုက်ဆံပေးရင်တောင် သူတို့တွေက ကျွန်တော်တို့တွေကို ရိုက်ဦးမှာပဲ”
ဒါရိုက်တာက ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းတို့ကို သနားစဖွယ်ဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။ သူသည် သေချာပေါက် သက်မွေးပညာကျောင်းသားသုံးယောက်ကို စည်းမျဉ်းစည်းကမ်းနှင့် အတူ သေချာပေါက် အရေးယူရမည် ဖြစ်သည်။ ထိုမှ သူတို့ နောက်တစ်ကြိမ် ယခုကဲသို့ ရိုင်းပြမှုမျိုး မလုပ်ရဲတော့မည် ဖြစ်သည်။
“ဒီကိုလာခဲ့။ ငါက ရွှီလျန်ဖူး။ ပညာရေးဌာနရဲ့ ဒါရိုက်တာ ရွှီပဲ။ မကြောက်နဲ့ ဖြစ်ကြောင်းကိုစဉ် ငါ့ကို ပြောပြပေး။ မင်းတို့တွက် သူတို့ အပစ်ပေးခံရအောင်လုပ်ပေးမယ်။”