အခန်း ၁၄

အခန်း ၁၄

ကျောင်း

ဖုန်းတန့်ယင်းနှင့် လီရှစ်ချင်သည် ချစ်စကားများကို ၅မိနစ်ကြာအောင် ပြောလိုက်ပြီး ဖုန်းတန့်ယင်းက ဖုန်းယီထံ ဖုန်းပြန်ပေးလိုက်သည်။ ဖုန်းယွီက ၁၀,၀၀၀ယွမ် ပြန်ရရန် ပြော၏။

သူတို့ ယောက်ဖနှစ်ယောက်သား အတော်ကြာကြာ ဖုန်းပြောသော်လည်း ၁၀,၀၀၀ယွမ်အကြောင်း မပြောခဲ့လေသလား။ ဖုန်းယွီသည် လီရှစ်ချင်အား ၁၀,၀၀၀ယွမ် ပြန်ယူမည် ဖြစ်ကြောင်း ပြောလိုက်သည်။ ထို ၁၀၀,၀၀၀ယွမ် မပါသော်သည့်အတွက် ရသည့်ငွေ အနည်းငယ် လျော့သွားမည် ဖြစ်သော်လည်း သက်ရောက်မှုက သိပ်မများပေ။

ငွေပြန်ထုတ်မည့် အကြောင်းကြားပြီးနောက် လီရှစ်ချင်သည် အမှားအယွင်း အနည်းငယ် ရှိနိုင်မည်ဟု တွေးမိသွားသည်။ ထို့အတွက် သူလည်း ၅,၀၀၀ယွမ် ပြန်ထုတ်ယူလိုက်သည်။ တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ခဲ့လျှင်တောင် သူငွေအကုန် ဆုံးရှုံးသွားမည် မဟုတ်ပေ။

အိမ်ပြန်သည့် အခါ သူတို့၏ စုငွေသည် ယွမ်ထောင်ပေါင်းများစွာ အထိ တိုးသွားပြီ ဖြစ်ပြိး ၁၀,၀၀၀ယွမ် ပြန်ထုတ်ပေးမည် ဖြစ်ကြောင်းကို ပြောလိုက်သည်။ သူတို့အနေဖြင့် နောက်သုံးရက်အတွင်း ပိုက်ဆံ ပြန်ရမည် ဖြစ်ပြီး သုံးရက်တာကာလက သူတို့ အဒေါ်အတွက် လယ်ထွန်စက်ဝင်ရန် နောက်ကျမှာ မဟုတ်ပေ။

“ကျန်တဲ့ငွေတွေကော ဘယ်မှာလဲ။”
“ကျန်တဲ့ ငွေတွေက သေချာပေါက် လီရှစ်ချင်ဆီမှာ ရှိနေမှာပေါ့။ စီးပွားရေး လုပ်တာကို လယ်စိုက်တာထက် ငွေပိုရတယ်”

ဖုန်းယွီက သူတို့၏ မိဘများကို စိုက်ပျိုးရေးမလုပ်ရန်တောင် ကြိုးစားတိုက်တွန်းခဲ့သည်။ ငွေတိုက်စာချုပ် ရောင်းဝယ်ခြင်းဖြင့်တောင် သူတို့အနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ယွမ် ၁၀၀,၀၀၀ ရှာနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းက အလွန် ပင်ပန်းပြီး ငွေ အများအပြား မရပေ။

သို့သော် သူ၏ မိဘများက ငြင်းဆိုကြသည်။ ပထမအနေဖြင့် ဖုန်းယွီသည် ရွာတွင် ကျောင်းတက်နေဆဲ ဖြစ်သည်။ ဒုတိယ အနေဖြင့် စီးပွားရေးက ပြိုလဲသွားလျှင်တောင် သူတို့ မိသားစုက အနည်းဆုံးတော့ လယ်မြေ ပိုင်ဆိုင်ဦးမည် ဖြစ်ပြီး မိသားစု ဆင်းရဲသွားမည် မဟုတ်ပေ။ တတိယအနေဖြင့် သူတို့၏ ဘဝကို ဒီလယ်တောတွင်သာ ဖြတ်သန်းလာရသည့်အတွက် အခြားနေရာသို့ မပြောင်းရွေ့ချင်ပေ။

ဖုန်းယွီကိုယ်တိုင် လှလှပပ ရေးဆွဲထားသည့် ပန်းချီကားအား သူ့မိဘများဆီ ပြလိုက်သည်။ သူတို့အနေဖြင့် ထိုကဲ့သို့သော ဘင်းမြို့တော်ရှိ ထိုကဲ့သို့သော အိမ်မျိုးကို ဝယ်နိုင်ပြီ ဖြစ်ကြောင်း သူ့မိဘများကို ဖုန်းယွီက ရှင်းပြလိုက်သည်။ မကြာခင်တွင် ကားအသစ် တစ်စင်းတောင် ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ အကယ်၍ စီးပွားပျက်သွားလျှင်တောင် သူတို့အနေဖြင့် ငွေတိုက်စာချုပ်များ သက်တမ်းပြည့်သည့်အထိ စောင့်ပြီး ငွေများ ပြန်ရနိုင်သေးသည်။

ကံကောင်းချင်တော့ ဖုန်းယွီသည် သူ၏ ဧည့်သည်များကို ရင်းနှီးမြှပ်နှံရန် တိုက်တွင်းခဲ့ဘူးသည်။ များစွာသော လူများက ပညာအနည်းငယ်တက်သည့် လယ်သမားများ ဖြစ်ပြီး သူတို့အနေဖြင့် မြောက်မြားစွာသော ငွေများကို ရယူနိင်ပါက သူတို့သည် များများ ရင်းနှီးမြှပ်နှံကြသည်။သူ၏ လုပ်ဖော်ကိုင်ဖက်များက အငြိမ်းစားများကို စွန့်စားရာကျသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ရင်းနှီးမြှပ်နှံရန် အကြံပေးတာကိုလည်း မြင်ခဲ့ရသည်။ ထိုအငြိမ်းစားများ ပိုက်ဆံဆုံးရှုံးသွားသည့် အခါတွင်လည်း သူ့လုပ်ဖော်ကိုင်ဖက်များက အငြိမ်းစားများဆီသာ တာဝန်လွှဲချသည်။ ဖုန်းယွီသည် ထိုသို့သော လူစားမျိုးကို ရွံရှာစက်ဆုပ်၏။

သူတို့ ယွမ် ၁၀,၀၀၀အား ရရှိပြီးနောက် သူ့အမေသည် ချက်ချင်းပင် သူ့ကြီးကြီးကို ထုတ်ပေးပြီး ကျန်သည့် ငွေများကို စုထားလိုက်တော့၏။

တစ်ပတ်ကြာပြီးနောက် ဖုန်းတန့်ယင်းသည် ဘင်းမြို့တော်ကို ပြန်သွားတော့သည်။ လီရှစ်ချင်သည် သူမ အလုပ်သင်ဆင်းရမည့် ဆေးရုံနှင့် ဆက်သွယ်ထားပြီး ဖြစ်၏။ လက်ထောက်ဆေးရုံအုပ်တန်းက လီရှစ်ချင် အဖေ၏ ရဲဘော်ဟောင်း ဖြစ်ပြီး သူ့အဖေအား သူ၏ ချွေးမလောင်းသည် အလုပ်သင် ဆင်းပြီးနောက် ဆေးရုံတွင် အလုပ် ဆက်လုပ်နိုင်သည့် အကြောင်း ကတိပေးလိုက်သည်။

ဖုန်းတန့်ယင်းက ဘင်းမြို့တော်ကို သွားသည့်အခါ ယွမ် ၃၀ သားယူလာခဲ့သည်။ သူမ ပိုက်ဆံလိုအပ်ပါက သူသည် လီရှစ်ချင်မှ ရနိုင်ပေသည်။ ဒါ့အပြင် လီရှစ်ချင်သည် ဖုန်းမိသားစု၏ စုငွေ အများစုကိုလည်း ကိုင်ထားတာ ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယွီက အိမ်အပြင်မထွက်ဘဲ စာလေ့လာနေခဲ့သည်။ ဖုန်းရှင်းထိုက်က သူသည် ဘင်းမြို့တော်ရှိ အထက်တန်းကျောင်းကို ဝင်ခွင့်မရပါက သူသည် သူ၏ ခြေထောက်များအား ချိုးပစ်မည်ဟု ကျိန်းမောင်းထားသည့်အတွက် ဖြစ်၏။ ဒီအတိုင်းတော့ ဖုန်းယွီသည် အိမ်တွင် နေရုံသာ ရှိပြီး သူ၏ သင်ခန်းစာများကို ကျိုးကျိုးနွံနွံ လေ့လာတော့သည်။ သူသည် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒတို့ကို မေ့လောက် နီးနီး ရှိနေပြီ ဖြစ်သည်။ သူ့အတွက် ကံကောင်းသည်မှာ သူက တခြားကျောင်းသားများထက် လေ့လာရ ပိုလွယ်ကူခြင်း ဖြစ်သည်။

ဝမ်တုန့်ကျွမ်းသည် သူနှင့် တွေ့ရန် နှစ်ကြိမ်သာ လာခဲ့သည်။ သူလာလည်သည့် အခါတိုင်း ဖုန်းယွီက သူ့ကို ရူပဗေဒ မေးခွန်းများကို ရှင်းပြရန် အတင်းအပူကပ်သောကြောင့် ဖြစ်သည်။

ဖုန်းယွီ၏ မိဘများသည် ဖုန်းယွီ၏ စိတ်ထားအတွက် အလွန်ပျော်ရွှင်နေကြသည်။ ဒီကလေးငယ်သည် ကြိုးစားပြီး နိုင်ငံခြား ဘာသာစကားများကို ကောင်းကောင်း တက်ကျွမ်းသည်။ သူသည် ဘင်းမြို့တော် အထက်တန်းကျောင်းအား သေချာပေါက် ဝင်နိုင်မှာ ဖြစ်ပြီး အနာဂတ်တွင် တက္ကသိုလ် တက်နိုင်မည် ဖြစ်သည်။

တရုတ်နှစ်သစ်ကူး ကျောင်းပိတ်ရက်ပြီးနောက် ကျောင်းက ပြန်ဖွင့်တော့သည်။

ဖုန်းယွီသည် လယ်တောတွင် နေသည်။ လယ်တောက မြို့နှင့် သိမ်မဝေးသော်လည်း မြို့ကိုရောက်ရန် နာရီဝက်ကြာ စက်ဘီးစီးရသည်။ သူ၏ မိသားစုသည် ငွေတက်နိုင်သည့်အတွက် သူသည် ကျောင်းတွင်နေရန် ရွေးချယ်လိုက်သည်။

ပထမဆုံး ကျောင်းတက်ရက်တွင် ဖုန်းရှင်းထိုက်က သူ၏ ထွန်စက်ကို နှိုး၏။ ယနေ့တွင် ရွာမှ ကျောင်းသား တစ်ဆယ့်ကိုးယောက်က မြို့ကျောင်းကို သူ၏ ထွန်စက်ပေါ်တွင် လိုက်ပါလိမ့်မည် ဖြစ်သည်။

မွေ့ရာနှင့် အိပ်ခင်းများ ထည့်ထားသည့် အိတ်များနှင့် သူတို၏ အဝတ်အစားများ ထည့်ထားသည့် သစ်သား သေတ္တာများကို လူတိုင်း သယ်ယူနေကြသည်။

ကျောင်းများသည် အခြား အစိုးရရုံးများကဲ့သို့ တစ်ပတ်တွင် တစ်ရက် ပိတ်သည်။ ကျောင်းသားများသည်လည်း ကျောင်း သို့မဟုတ် အိမ်တွေ နေထိုင်ရန် ရွေးချယ်နိုင်ကြသည်။

ထွန်စက်လှည်းက လူများဖြင့် ပြည့်သွားပြီ ဖြစ်၏။ မြို့တွင် တောက်တိုမည်ရ ကိစ္စများအတွက် လိုက်လာသည့် သူများလည်း ရှိသည်။

နှစ်တိုင်းတွင် ရွာသားများက ကျောင်းသားများကို မြို့သို့ ပို့ကြိုခြင်း ဖြစ်သည်။ ဒီနှစ်တွင်တော့ ဖုန်းရှင်းထိုက်၏ အလှည့် ဖြစ်သည်။ ဖုန်းယွီသည် အလွန်ပျော်ရွှင်နေ၏။ အကြောင်းမှာ ဖုန်းယွီက ထွန်စက်မောင်းသည့် နေရာတွင် ထိုင်ရသည့် အတွက် အခြားသူများကဲ့သို့ ချမ်းအေးခြင်းကို ခံစားရမည် မဟုတ်သောကြောင့် ဖြစ်သည်။

သေချာတာပေါ့ ရွာခေါင်းဆောင်ရဲ့ သားဖြစ်သူ ဝမ်တုန့်ကျွမ်းသည် ဖုန်းယွီ၏ သူငယ်ချင်းကောင်း ဖြစ်ပြီး သူသည်လည်း ထွန်စက်မောင်းခန်းတွင် ထိုင်ခွင့်ရသည်။ ထိုအချိန်တွင် အပူချိန်က အနှတ် ၁၀ဒီဂရီ စင်တီဂရိတ်ကို ရောက်နေတာ ဖြစ်သည်။

မိနစ်နှစ်ဆယ် မပြည့်မီ သူတို့သည် မြို့ကိုရောက်ပြီး တချို့ ခရီးသည်များက ဆင်းသွားတော့သည်။

ဖုန်းရှင်းထိုက်သည် ပထမဆုံး မူလတန်းကျောင်းကို သွားသည်။ ဖုန်းယွီနှင့် ကျန်သည့် ဂျူနီယာ အထက်တန်းကျောင်းသားများက မိဘမလိုက်လာသည့် ကျောင်းသားများ၏ သေတ္တများကို ကျောင်းအိပ်ဆောင်ထဲ ရောက်အောင် ပို့ပေးသည်။

ကလေးငယ်များ၏ အိပ်ရာနှင့် မွေ့ရာနှင့် အိပ်ရာခင်းများကို အားတက်သရော ကူပေးနေသည့် ဖုန်းယွီကို ကြည့်ရင်း ဖုန်းရှင်းထိုက်က

“ကြည့်လိုက်ဦး ငါ့သားက ငါ့လိုပဲ ကူညီတက်ပြီး သွက်လတ်နေတာပဲ”

သူသည် သူ့အတွေးတွင် အတွေးနယ်ချဲ့နေလေသည်။ သို့သော် အိမ်တွင် သူက အိပ်အလုပ် တစ်ခုတောင် မလုပ်ပေ။ အိမ်အလုပ်တိုင်းကို သူ့ဇနီးသာ လုပ်ခြင်း ဖြစ်သည်။

တစ်နာရီခွဲခန့် ကြာပြီးနောက် ဂျူနီယာ အလယ်တန်း ကျောင်းသားများကို သူတို့၏ ကျောင်းကို ပို့ဆောင်ပေးခဲ့သည်။

ထိုဂျူနီယာ အထက်တန်း ကျောင်းသားများကို သူတို့ မိဘများက လိုက်ပို့ပေးခြင်း မရှိပေ။ သူတို့သည် သူတို့ကိုယ်တိုင် ကောင်းကောင်း ဂရုစိုက်နိုင်ပြီး အသက်ကြီးလာပြီ ဖြစ်သည့်အတွက် ဖြစ်သည်။ သူတို့သည် အချင်းအချင်း၏ သေတ္တာများကို သူတို့၏ ကျောင်းအိပ်ဆောင်ကို ကူသယ်ပေးလျက် ရှိသည်။

ကျောင်းအိပ်ဆောင်က အထပ် သုံးထပ် ရှိသည့် အဆောက်အဦး ဖြစ်သည်။ တတိယ အထပ်က မိန်းကလေးများ အတွက် ဖြစ်ပြီး ဒုတိယထက်က ကျောင်းသားများ အတွက် ဖြစ်သည်။ ဆရာများအတွက်မူ ပထမထပ်တွင် ရှိသည်။

ဖုန်းရှင်းထိုက်သည် မွေ့ရာနှင့် အိပ်ရာလိပ်များကို သယ်ပေးသည့်အတွက် ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းမှာ သူတို့၏ သစ်သားသစ်သာကို သယ်ရုံသာ ရှိိသည်။

အခြားကျောင်းများ သူတို့၏ သေတ္တာများကို သယ်ဆောင်ရာတွင် အခက်တွေ့နေသည်ကို ကြည့်ပြီး ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ ကံကောင်းချင်တော့ ဒီတစ်ချိန်တွင် ကျောင်းသားတွေကို ပို့ရန်အတွက် သူ့အဖေ တာဝန်ကျခြင်း ဖြစ်သည်။ သူ့အဖေသည် ကူညီမှုကြီး တစ်ခု ဖြစ်ခဲ့၏။

ကျောင်းသားဆောင် တစ်ခန်းတွင် ကျောင်းသားရှစ်ယောက် နေရသည်။ ထိုကျောင်းသားများကို သူတို့၏ အဆင့်နှင့် အတန်းအတိုင်း ခွဲခြားထားသည်။ ထို့အတွက်ကြောင့် ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းသည် တစ်ခန်းထဲတွင် နေရပြီး ဝမ်တုန့်ကျွမ်းက ဖုန်းယွီ၏ အိပ်စင်အောက်တွင် အိပ်၏။

ထိုအခန်းထဲ ကျောင်းသားများသည် အတန်းတူသော်လည်း မတူသည့် ရွာသုံးရွာမှ ဖြစ်သည်။

ဖုန်းယွမ်တို့၏ ရွာက အရင်ရောက်နှင့်ပြီးဖြစ်ကာ ကျန်သည့် နှစ်ရွာမှ ကျောင်းသာများက သူတို့၏ သေတ္တာကိုတောင် မဖွင့်ရသေးပေ။ လူတိုင်း ရောက်ပြီးနောက် သူတို့သည် ကျောင်းဆောင်ကို စတင် သန်ရှင်းကြတော့သည်။

သူတို့၏ အိပ်ဆောင်ကို သော့ခတ်ပြီနောက် သူတို့က အခြားသူငယ်ချင်းများကို ရှာရန် အတွက် အခြား အိပ်ဆောင်ကို သွားလိုက်ကြတော့သည်။

ကျောင်းကန်တင်းတွင် အရသာရှိသည့် အစားအသောက်များ မရှိပေ။ ဖုန်းရှင်းထိုက်က တစ်ရွာထဲမှ ဂျူနီယာ အထက်တန်းကျောင်းသားများအတွက် နေလည်စာ ဝယ်ကျွေးရန် ခေါ်သွားသည်။ သူတို့ရွာမှ ဂျူနီယာ အထက်တန်းကျောင်းသား ခုနှစ်ယောက်သာ ရှိသည်။

သူတို့သည် စားသောက်ဆိုင်ငယ်လေး တစ်ခုကိုသွားပြီးနောက် ဟင်းပွဲများကို စားပွဲအပြည့် မှာလိုက်သည်။ နေလည်စာ ကုန်ကျငွေက ယွမ် ၂၀တောင် မရှိပေ။

ဖုန်းရှင်းထိုက်သည် ကုန်ကျငွေကို ရှင်းပြီးနောက် ထွက်သွားတော့သည်။ ဝမ်တု့န်ကျွင်း ခေါင်းဆောင်ငယ်လေးက သူ့ပါးစပ်ကို သုတ်ပြီး ပြောလိုက်သည်။

“နေ့လည်ကျ ဗီဒီယိုရုံသွားမယ်။ ဘယ်သူ လိုက်မလဲ”

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset