အခန်း ၁၃
လူ့စွမ်းအား အရင်းအမြစ် မြင့်တင်ခြင်း
တခဏကြာပြီးနောက် ဖုန်းယွီ၏ မိသားစု အခင်အမင်မပျက် ပြန်ထိုင်လိုက်ကြ၏။ သေချာသည်ကား ဖုန်းယွီသည် နာကျင်မှု အများအပြားကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ကြက်မွေးကြောင့် ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နေတော့သည်။
“ငါလေ ရှောင်လီကို မဆိုးဘူးလို့ ထင်ခဲ့တာက ငါအမြင်မှားနေတာပဲ ဖြစ်မယ်။ သူက အရွယ်ရောက်တဲ့ သူတစ်ယောက် ဖြစ်တာတောင် ရှောင်ယွီရဲ့ အကြံအစည်တွေနောက် လိုက်လုပ်ပေးနေတယ်။ ရှောင်ယွီက ငွေတိုက်စာချုပ်အကြောင်း ကောင်းကောင်း သိလို့လား။ ငွေတိုက်စာချုပ်ကနေ ပိုက်ဆံရှာမှာလား။ ဘယ်သူကများ ငွေတိုက်စာချုပ်ကနေ ငွေရှာတဲ့သူ ရှိလို့လဲ။ အဲ့ငွေတိုက်စာချုပ်တွေကနေ ပိုက်ဆံရှာလို့ ရတယ်ဆိုတာ ထင်ကြေးသက်သက်ပဲ”
ကျန်းမူဟွက ဆူလိုက်သည်။ ကျန်းမူဟွက ထိုစကားချည်း ထပ်တလဲလဲ ပြောဆူနေပြီး သူ၏ သားကိုဆူပြီး ထိုဒေါသက ရှစ်လီချင်ဆီကိုတောင် ရောက်သွားသည်။
“အမေ။ ရှစ်ချင်ကို ရှောင်ယွီက လမ်းညွှန်မှုတွေ ပေးခဲ့တာ ပြီးတော့ ရှောင်ယွီက သူ့ကို အဖေရဲ့ အကြံအဉာဏ်တွေလို့ ပြောခဲ့တယ်။ ရှစ်ချင်က အဲ့အရာတွေကို လုပ်ဖို့အတွက် ရွေးချပ်စရာ မရှိတော့ လမ်းညွှန်တဲ့အတိုင်းပဲ လုပ်ရတာပေါ့”
ဖုန်းတန့်ယင်းက သူ့အမေ နားလည်အောင် ပြောလိုသည်။
“သွား အခု သူတို့ကို သွားခေါ် ပြီးတော့ အဲ့ပိုက်ဆံတွေကို ပြန်ယူခဲ့”
ကျန်းမူဟွက ပြောလိုက်သည်။
“အမေ။ ကျွန်တော်ကို ယုံပါ။ ကျွန်တော်တို့တွေ ဒီငွေတိုက်စာချုပ်ကနေ အမြတ်အစွန်း ကြီးကြီးမားမား ရမှာ။ ပြီးတော့ ဆရာစွန်းကလည်း ဒါကို ပြောခဲ့တယ်။ အဲ့ဒါအပြင်ကို ငွေတိုက်စာချုပ်က ထင်ကြေးသက်သက် မဟုတ်ဘူး။ သတင်းစာအရဆို ကျွန်တော်တို့ နိုင်ငံက သွင်းကုန်ပို့ကုန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် စီမံကိန်းတွေ ဆွဲနေပြီ။ ပြီးတော့ အဲ့ဒီ စီးပွားရေးက သွင်း/ပို့ကုန် စီးပွားရေးပဲ။”
ဖုန်းယွီက ပြောလိုက်သည်။
ဖုန်းယွီသည့် သူ့အမေ နားမလည်နိုင်သည့် ရင်းနှီးမြှပ်နှံမှု စကားများကို ပြောလိုက်တော့သည်။ လီရှစ်ချင်ထံမှ ဖုန်းယွီ အနည်းဆုံး ၁၀,၀၀၀ယွမ် ချက်ချင်းယူပေးမည်ဟု ကတိပေးသည့် အခါမှ ကျန်းမူဟွ၏ ဒေါသများက ချုပ်ငြိမ်းသွားတော့သည်။
ရွာရှိ တယ်လီဖုန်းရုံးကို သွားသည့် လမ်းတစ်လျှောက်တွင် ဖုန်းတန့်ယင်းက ဖုန်းယွီအား ဆူနေသေးသည်။
“နင်ဘာလို့ လီရှစ်ချင်ကို ကိစ္စတွေ အကုန်လုံး လုပ်ဖို့ တွန်းအားပေးခဲ့တာလဲ”
“နင်က ငါ့ရဲ့ အစ်မလေ ပြီးတော့ နင်က သူ့မိန်းမမှ မဟုတ်တာ။ ဘာကြောင့် အစ်မက အပြင်လူကို ကူညီရတာလဲ။ အစ်မ မြင်တဲ့ အတိုင်းပဲ အမေနဲ့ အဖေက အစ်ကိုလီ ဒီကိစ္စမှာ ပါဝင်ပေမဲ့ သူ့ကို စိတ်မှ မဆိုးတာ။ ဒါ့အပြင် ကျွန်တော်တို့တွေ ငွေတိုက်စာချုပ်ကနေ သေချာပေါက် ငွေရှာနိုင်လိမ့်မယ်။ အဖေက အစ်မအတွက် ဘင်းမြို့တော်မှာ အိမ်ဝယ်ဖို့ ငွေပမာဏ များများလိုတယ်”
ဖုန်းယွီက ခွန်းတုံ့ပြန်လိုက်သည်။
“ပြောရရင်တော့ မင်းက အကြံအစည်သမားတစ်ယောက်ပဲ ပြီးတော့ လီရှစ်ချင်လို ရိုးသားတဲ့ လူတစ်ယောက်ကို နင်ကလိမ်ကျခဲ့တာ”
“ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်တော်က အဆိုးဆုံး။ ကျွန်တော်ကြောင့် အစ်ကိုလီနဲ့ အစ်မရဲ့ မိသားစုတွေ့ဆုံပွဲ ဖြစ်တာကိုတော့ မမေ့နဲ့။”
ဖုန်းယွီက ရေရွတ်ပြောလိုက်၏။
ရွာတယ်လီဖုန်းရုံးတွင် သူတို့နှစ်ယောက် ဖုန်းမခေါ်ခင် ဖုန်းက မြည်လာခဲ့သည်။ လီရှစ်ချင် ခေါ်ခဲ့တာ ဖြစ်၏။
“ဟယ်လို အစ်ကိုလီလား။ အစ်ကို လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ အစ်မနဲ့ တွေ့ထားတာလေ။ အခုလွမ်းနေပြန်ပြီလား။”
ဖုန်းယွီက ဟာသ လုပ်လိုက်၏။
“ရှောင်ယွီ။ တကယ်တော့ အစ်ကိုက မင်းနဲ့ ပြောချင်နေတာ။ ငွေတိုက်စာချုပ်က အစ်ကိုတို့ ထင်ထားတာထက် ပိုပြီး အကျိုးမြတ်မြတ် ရနိုင်တယ်လို့ အစ်ကို တွေ့ထားတယ်။”
လီရှစ်ချင်က စိတ်လှုပ်ရှားလျက် ပြောနေ၏။
“အ… အစ်ကို ဘာဆိုတာလဲ။ ကျွန်တော်တို့တွေ ငွေတိုက်စာချုပ်ကနေ အခု ငွေရှာလို့ ရပြီလား”
ဖုန်းယွီသည် နှစ်မပြည့်သေးသည့် ငွေတိုက်စာချုပ်များ အကြောင်းကိုသာ စဉ်းစားခဲ့ပြီး နှစ်ပြည့်ပြီး ငွေတိုက်စာချုပ်များအကြောင်း မေ့နေ၏။ ၅ယွမ်နှင့် ၁၀ယွမ် ငွေတိုက်စာချုပ်များအား ကိုင်ထားသည့် သူ အများအပြားရှိသည်။ တချို့က သက်တမ်းပြည့်ပြီ ဖြစ်သည်။ ငွေတိုက်စာချုပ် အများစုက ၅နှစ် သက်တမ်းရှိပြီး အတိုးနှုန်းက တစ်နှစ်လျှင် ၄ရာခိုင်နှုန်း ဖြစ်သည်။ ယင်းအဓိပ္ပာယ်ကား ၁၀ယွမ် ငွေတိုက်စာချုပ်အား သက်တမ်းပြည့်ပါက ထိုစာချုပ်သည် ၁၂ယွမ်တန် သွားမည် ဖြစ်သည်။
လီရှစ်ချင် အရင်က ပြောသည့်အတိုင်း ငွေတိုက်စာချုပ်ကို ထုတ်သည့်အခါကက အစိုးရက အနှောက်အယှက်များဖြင့် ကြုံတွေ့ခဲ့သည်။ ထို့အခါ အစိုးရက တရုတ်အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းများမှ အလုပ်သမားများအား ငွေတိုက်စာချုပ်ပေးရန် တွန်းအားပေးခံခဲရသည်။
များစွာသော လူများက သူတို့၏ ကိုယ်ပိုင် ငွေတိုက်စာချုပ်များအား မေ့မေ့လျော့လျော့ ဖြစ်သွားသည်။ သူတို့ လီရှစ်ချင် ငွေတိုက်စာချုပ် စုဆောင်းနေသည်ကို သူတို့ ကြားသည့်အခါ သူတို့က သူတို့၏ ငွေတိုက်စာချုပ်များကို ပြန်လည်ရှာဖွေကြသည်။ ငွေတိုက်စာချုပ်များကို ပြန်ရှာတွေ့ပြီးနောက် သူတို့၏ ငွေတိုက်စာချုပ် အချို့က သက်တမ်းပြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူများအတွက် ငွေ၂ယွမ်ဖြင့် ဘဏ်ကို သွားလဲခြင်းက အခက်အခဲ ဖြစ်စေသည်။ နှစ်များစွာ ကြာပြီးနောက် အသုံးစရိတ်များကလည်း တက်လာသည်။ ၂ယွမ်အတွက် ဘဏ်သို့သွားရန်က မတန်တော့ပေ။
လီရှစ်ချင်သည် တစ်အိမ်တက် တစ်အိမ်ဆင်း ငွေတိုက်စာချုပ်များကို ဝယ်ယူခြင်းက သိပ်အလုပ်မတွင်ပေ။ သူသည် ၁၀ယွမ် ငွေတိုက်စာချုပ်အတွက် ၉.၅ယွမ်ဖြင့် ပေးဝယ်ပြီး လူအများစုက လီရှစ်ချင်ကို သူတို့၏ ငွေတိုက်စာချုပ်များအား မရောင်းပေးကြပေ။
ရံဖန်ရံခါ လီရှစ်ချင်သည် ဘဏ်တွင် လဲလှယ်နိုင်သည့် နှစ်ပြည့် ငွေတိုက်စာချုပ် ပိုင်ရှင်များနှင့် တွေ့၏။ လီရှစ်ချင်က ထိုနှစ်ပြည့် ငွေတိုက်စာချုပ်များအတွက် မူရင်းဈေး ၁၀ယွမ်ငွေတိုက်စာချုပ်အတွက် ၁၀ယွမ် ပေးဝယ်၏။ သူသည် ထိုငွေတိုက်စာချုပ်များအား ဘဏ်တွင် လဲလှယ်ပါက ၂ယွမ် ရမည် ဖြစ်၏။
သို့သော် ထိုနည်းလမ်းကို အချို့သောသူများက တစ်ဆင့်တိုး တောင်းသင့်သည်ဟု ခံစားမိသည်။ သူတို့သည် ၁၀ယွမ် ငွေတိုက်စာချုပ်အတွက် ၁၁ယွမ်ဖြင့် ရောင်းချသည်။ လီရှစ်ချင်သည် ကိုယ့်ဘာသာ စဉ်းစာလိုက်ကာ
“တကယ်လို့ ငါ ၁၀ယွမ် စာချုပ်တွက် ၁၁ယွမ်ပေးဝယ်ရင် ဘဏ်ရောက်ရင်တောင် အဲ့စာချုပ်တွေအတွက် ၁၂ယွမ်နဲ့ လဲလှယ်လို့ ရတယ်။ တကယ်လို့ ငါ ၁၁၀,၀၀၀ယွမ် နှစ်ပြည့် ငွေစာချုပ်တွေ စုဆောင်းပြီး ဘဏ်မှာ လဲရင် ငါ ယွမ် ၁၂၀,၀၀၀ယွမ် ရမှာပဲ။”
ထို့အတွက်ကြောင့် လီရှစ်ချင်က ဖုန်းယွီကို ဒီနည်းလမ်းက အဆင်ပြေသလားလို့ မေးရန်အတွက် ဖုန်းခေါ်လိုက်ခြင်း ဖြစ်သည်။ လီရှစ်ချင် အနေဖြင့် ငွေတိုက်စာချုပ်တရားဝင် ရောင်းရချန် စောင့်ရန် မလိုအပ်သလို ခံစားမိရလေသည်။ ဖုန်းယွီက ထိတ်လန့်သွား၏။ သူသည် လီရှစ်ချင်ကို ထက်မြက်အောင် ပြောင်းလဲနိုင်သည့် လူတစ်ယောက် ဖြစ်သည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူတို့ စီးပွားရေး အတူတူ လုပ်နိုင်တော့မှာ ဖြစ်၏။
ဖုန်းယွီ၏ အရင်ဘဝတွင် လူအချို့က ထိုနည်းအား အသုံးပြုခဲ့ကြသည်ကို ကြားဖူးသည်။ သူတို့က နှစ်ပြည့် စာချုပ်အတွက် တစ်အိမ်ပြီး တစ်အိမ်သွားကာ နှစ်ပြည့်စာချုပ်များအား ဝယ်ယူကြသည်။ ၁၀ယွမ် ငွေတိုက်စာချုပ်များအတွက် သူတို့က ၁၁ယွမ်ဖြင့် ပေးသည်။ သူတို့သည် ထိုနည်းဖြင့် အကျိုးအမြတ် အနည်းငယ် ရနိုင်သည်။ သို့သော် ကုန်ကျစရိတ်က ကြီးလွန်းသည်။
လူများစွာက ဘဏ်ကို သွားပြီး သူတို့၏ နှစ်ပြည့် ငွေတိုက်စာချုပ်များ မလဲလှယ်သည့်သူများ ရှိလိမ့်မည်ဟု ဖုန်းယွီ မမျှော်လင့်ထားခဲ့ပေ။ အချို့ လူများက ငွေတိုက်စာချုပ်များ နှစ်ပြည့်နေသည်ကို သိသော်လည်း ဘဏ်ကို သွားပြီး တန်းစီခြင်းက စိတ်ရှုပ်သည့်အတွက် မသွားကြပေ။ သူတို့၏ အချိန်သည် တန်ဖိုးနည်းလွန်းသည့် ပြန်ရသည့် ၂ယွမ်ထက် ပိုတန်ဖိုး ရှိသည်။
“အစ်ကိုလီ အစ်ကိုက တကယ်ကို ပါရမီရှင်ပဲ။ ကျွန်တော်တို့တွေ သုံးလအတွင်း သက်တမ်းပြည့်မဲ့ အဲ့လို စာချုပ်မျိုးတွေအတွက် အစ်ကို ဈေးမြင့်မြင့် ပေးပြီး ဝယ်လို့ရတယ်။ သက်တမ်းပြည့်ဖို့ သုံးလကျော် လိုသေးတယ်ဆိုရင်တော့ ပုံမှန်အတိုင်းပဲ။ ကျွန်တော်တို့တွေ ဒီငွေတိုက်စာချုပ်တွေ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးတဲ့ အချိန်ကို စောင့်ရမယ်။ ပြီးတော့ ကျွန်တော်တို့တွေ အဲ့ဒီအခါက နေ့တိုင်း ယွမ်ထောင်ပေါင်းများစွာ ရှာနိုင်တော့မှာ”
“ဘာ။ နေ့တိုင်း ယွမ်ထောင်ပေါင်းများစွာလား။ တစ်လကို အနည်းဆုံး ၃၀,၀၀၀ယွမ် တစ်နှစ်ဆို ၃၀၀,၀၀၀ယွမ် ထက်တောင် ပိုရမှာလား”
လီရှစ်ချင်၏ လက်များက စတင်တုန်ယီလာတော့သည်။ ၃၀၀,၀၀၀ယွမ် ရရန်က သူ့ဘဝ တစ်လျှောက်လုံး သူ၏ လစာများကို တစ်ပြားတစ်ချပ်မှ မသုံးမှ စုဆောင်းနိုင်မည့် ငွေပမာဏ ဖြစ်သည်။
ပြောရလျှင် ၃၀၀,၀၀၀ယွမ်က လီရှစ်ချင်၏ ရှယ်ရာသာ ရှိသေးသည်။ ဖုန်းယွီသည် ယွမ်ပေါင်း မီလျံများစွာ စုဆောင်းနိုင်ပေလိမ့်မည်။ သိုသော် မြို့ကြီးအချို့တွင် စာချုပ်အရောင်းအဝယ် စရန်အချိန်တော့ လိုပေလိမ့်ဦးမည်။ ထိုငွေတိုက်စာချုပ် ရောင်းဝယ်ချင်းက မြို့တစ်မြို့ခြင်း ရောင်းချသည့် ဈေးကွက်ထဲရှိ ဈေးနှုန်းသည်လည်း တူညီလိမ့်မည် မဟုတ်ပေ။
“အစ်ကိုလီ ဒီနေ့ စာချုပ် ဘယ်လောက်များများ စုဆောင်းနိုင်ခဲ့လဲ”
ဖုန်းယွီက မေးလိုက်သည်။
“အ… ၁၀၀၀ယွမ်ဖို့လောက်ပဲ”
ဖုန်းယွီသည် ပြောစရာ စကားမဲ့သွားတော့၏။ တစ်နေ့လျင် ၁,၀၀၀ယွမ်ဖိုးသာ စုဆောင်းနိုင်သည်လား။ ၁၀၀,၀၀၀ဖိုးအတွက် အချိန်ဘယ်လောက်ကြအောင် စောင့်ရမည်နည်း။
“ဘာကြောင့် ပမာဏက အရမ်းနည်းရတာလဲ”
ဖုန်းယွီက မေးလိုက်သည်။
“ရွေးစရာ မရှိဘူး။ အဲ့တာတွေက ၅၀ယွမ်တန် စာချုပ်တွေပဲ။ အဲ့တာတွေက တန်ဖိုးကြီးတဲ့ ငွေတိုက်စာချုပ်တွေ။ ရာသီဥတုလကလည်း အေးပြီးတော့ သွားလာရေးအတွက် စက်ဘီးတစ်ခုထဲပဲ သုံးရတယ်”
လီရှစ်ချင်က ပြန်ဖြေလိုက်သည်။
လီရှစ်ချင်သည် ဂျစ်ကားကို ပြန်ပေးလိုက်ပြီး သူသည် စက်ဘီးဖြင့်သာ သွားလာလှုပ်ရှားနေ၏။
“အစ်ကိုလီ။ ဒီငွေတိုက်စာချုပ်က နိုင်ငံခြားငွေ လဲလှယ်သလို မဟုတ်ဘူး။ အစ်ကို တစ်ယောက်တည်း လုပ်လို့ မရဘူး။ တကယ်လို့ တစ်ယောက်ထဲ လုပ်မယ်ဆိုရင် ဘယ်လောက်ပဲ စုဆောင်းနိုင်မှာလဲ။ အကို့မှာ အချိန်ရှိပြီး လုပ်နိုင်ရည်ရှိတဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းတွေ ရှိလား။ သူတို့ကို ငွေတိုက်စာချုပ် စုဆောင်းဖို့ အကူအညီ တောင်းကြည့်ပါလား။ ကျွန်တော်တို့ သူတို့ကို တစ်လ ယွမ်၁၀၀ပေးမယ်လေ။”
ဖုန်းယွီက ပြောလိုက်သည်။
လီရှစ်ချင်ခံစားရသည်ကား ရစာသည် အလွန်မြင့်လွန်းသည်။
‘၁၀၀ယွမ်လား။ ငါတောင်မှာ တစ်လကို ၈၀ယွမ်ထက်နည်းနည်းပိုရတာ”
“အစ်ကိုလီ။ အစ်ကိုလီ ကျွန်တော်ကို အလုပ်လုပ်ရဦးမယ်လို့ ပြောခဲ့တယ်။ အစ်ကို ငွေတိုက် စာချုပ်အတွက် အချိန် ဘယ်မှာရှိလို့လဲ။ အစ်ကိုက နေ့တိုင်း ရုံးပျက်နိုင်မှာမှ မဟုတ်တာ။ သူတို့ကို တစ်အိမ်ထက် တစ်အိမ်ဝင် ငွေတိုက်စာချုပ် ဝယ်ဖို့အတွက် ခန့်ပြီး ကူညီခိုင်းလိုက်။ ခုနက ကျွန်တော်တို့ ပြောခဲ့သလိုပဲ။ သုံးလအတွင်းမှာ နှစ်ပြည့်တော့မဲ့ ငွေတိုက်စာချုပ်တွေအတွက် ဈေးမြင်မြင့်ပေး။ တစ်နှစ်အတွင်းမှာ ပြည့်တော့မဲ့ ငွေတိုက်စာချုပ်အတွက် မူရင်းဈေးအတိုင်းပဲပေး။ တစ်နှစ်ကျောက်တဲ့ ငွေတိုက်စာချုပ်တွေ အတွက်တော့ ငွေတိုက်စာချုပ် တန်ဖိုးရဲ့ ကိုးဆယ့်ငါး ရာခိုင်နှုန်းပဲပေး။”
ဖုန်းယွီက ပြောလိုက်သည်။
“ကောင်းပြီ။ အစ်ကိုအိမ်နောက်မှာ မော်တာစက်ရုံ အဆောင်ရှိတယ်။ အဲ့ဒီမှာ အသက် ဆယ့်ရှစ်နှစ် ဆယ့်ခုနှစ်နှစ် ဆယ်ကျော်သက်တွေ အဲ့မှာ ရှိတယ်။ သူတို့မှာ အလုပ်မရှိဘူး ပြီးတော့ သူတို့တွေ အကုန်လုံးက လျတ်လျားလျတ်လျားပဲ လုပ်နေတာ။ အစ်ကို သူတို့ကို ငွေတိုက်စာချုပ်တွေ စုခိုင်းလိုက်မယ်။ သူတို့ လစာက ယွမ် ၁၀၀ဆိုရင် သူတို့တွေ ဒီအလုပ်ကို သေချာပေါက် လက်ခံမျာပဲ”
လီရှစ်ချင်က စိတ်လှုပ်ရှားလျက် ပြောလိုက်သည်။
လီရှစ်ချင် စာတိုက်ရုံးတွင် အလုပ်လုပ်သည်မှာ တစ်နှစ်မပြည့်သေးကာ သူ၏ ရာထူးကလည်း အောက်ဆုံး အဆင့်တွင် ရှိသည်။ သူသည် အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုအား ဦးဆောင်ရမည်ဟု မျှော်မှန်းမထားခဲ့ပေ။
“ကောင်းပြီ။ အစ်ကိုလီ။ အ…အ…အ… အစ်မ ဖုန်းကို မလုနဲ့လေ။ ကျွန်တော် ပြောလို့ မပြီးသေးဘူး။”
*ထိုခေတ်အခါက အိမ်တိုင်းတွင် တယ်လီဖုန်း မရှိသေးပေ။ ရွာများတွင် ရွာရုံး၌ ဖုန်းတစ်လုံးသာ ရှိသည်။ တစ်စုံတစ်ယောက်က ဖုန်းခေါ်ပါက ရွာရဲ့ လော်ကနေတဆင့် အသိပေးရသည်။